Ele-One Studio

Ele-One Studio Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ele-One Studio, Music production studio, Bayint Naung Road, Pyay.

ခပ်မိုက်မိုက်မီးခြစ်လေးတွေလည်း အားပေးကြပါဦးဘော်ဒါတို့🔥
07/11/2023

ခပ်မိုက်မိုက်မီးခြစ်လေးတွေလည်း အားပေးကြပါဦး
ဘော်ဒါတို့🔥

LUFS
05/12/2022

LUFS

💢LUFS အကြောင်းသိကောင်းစရာ💢

Mastering လုပ်ပြီဆို Final Output မှာ LUFS ချိန်ပေးရတယ်။ အဲဒီတော့ သီချင်းတစ်ပုဒ်ကို LUFS ဘယ်လောက်ထားရင် အဆင်ပြေလဲဆိုတဲ့ မေးခွန်းပေါ်လာတယ်။ မေးခွန်းကတော့ ရှင်းရှင်းလေးပဲ။ ဒါပေမယ့် အဖြေကအတိအကျဖြေလို့မရဘူး။ တချို့သူတွေက -14 LUFS ဝန်းကျင်ထားရင်ရပြီလို့ ပြောကြတယ်။ အဲဒီဟာကလည်း မမှန်ဘူး။ ကျွန်တော်တို့ သီချင်းတိုင်းကို -14 LUFS ဝန်းကျင်ထားလို့ အကုန်လုံးနားထောင်ကောင်းတယ်ဆို Mastering Engineer တောင်လိုမှာ မဟုတ်တော့ဘူး။

LUFS ဆိုတာဘာလဲ?

LUFS ကိုသီချင်းတစ်ပုဒ်ရဲ့ အသံကျယ်လောင်မှု (Loudness Units Relative to Full Scale) လို့ခေါ်တယ်။ သူ့ရဲ့အတိုင်းအတာက 0 LUFS နဲ့ - LUFS ကြားထဲမှာရှိတယ်။ - နောက်ကဂဏာန်းများလေ အသံတိုးလေဖြစ်ပြီး 0 နားကပ်လာလေ အသံကျယ်လာလေပဲ။ ဥပမာ -16 LUFS နဲ့ -24 LUFS မှာ -24 ကအသံပိုတိုးတယ်။

သီချင်းအမျိုးအစားတွေ အများကြီးရှိတယ်။ သီချင်းတစ်ပုဒ်နဲ့ တစ်ပုဒ်ကလည်း Style တွေကွဲပြားတယ်။ အကယ်၍ ကျွန်တော်တို့ Heavy Metal သီချင်းတစ်ပုဒ်ကို အသံကျယ်အောင်ဆိုပြီး -14 LUFS ကိုအတင်းကြီးဆွဲတင်ရင် နားထောင်ရတာနားထဲမှာ ထူထူကြီးဖြစ်နေလိမ့်မယ်။ ငြိမ့်ငြိမ့်လေးနားထောင်ရမယ့် Lofi သီချင်းတစ်ပုဒ်ကို -14 LUFS ထားရင်လည်း Dynamic မရှိဘဲ အသံပြားပြားကြီးဖြစ်နေလိမ့်မယ်။ အကောင်းဆုံးက သီချင်းတစ်ပုဒ် Mastering လုပ်ပြီဆို LUFS ကိုအရင်မကြည့်ပါနဲ့။ သေချာနားထောင်ပါ။ ကောင်းတဲ့ Level တစ်ခုရောက်ပြီဆိုမှ LUFS ကြည့်ပြီး ချိန်ဖို့လိုတာတွေချိန်ပါ။

Spotify ကသူ့ Website မှာတင်ဖို့ Final Master ကို -14 LUFS ဝန်းကျင်နားမှာ ရှိရင်ရတယ်လို့ပြောထားတယ်။ ဒါပေမယ့် -14 ထက်နည်းတဲ့သီချင်းတွေလည်း အများကြီးရှိတယ်။ ကျွန်တော်တို့သီချင်းနားထောင်တာ လူသားတွေလေဗျာ။ စက်ရုပ်တွေမှ မဟုတ်တာ။ သူများသီချင်းထက် အသံတိုးနေလည်း ခံစားလို့ကောင်းရင် နားထောင်ကြ၊ ကြိုက်ကြတာပဲ။

ဒီနေရာမှာ LUFS ကို Limiter နဲ့ထိန်းပေးရတာဆိုတော့ အသုံးဝင်တာတွေ ကျွန်တော်နည်းနည်းပြောပြမယ်။ Music Producer တွေ, Audio Engineer တွေတော်တော်များများ Fabfilter က Limiter သုံးတော့ အဲဒီက Control တွေကိုအခြေခံပြီး ရှင်းပြမယ်။ Fabfilter Limiter ကိုကြည့်မယ်ဆိုရင် Mastering လုပ်တဲ့အချိန်မှာ True Peak Limiting ကို On ထားပါ။ True Peak Feature က 0dB ထက်ကျော်တဲ့ အသံတွေကိုဖြတ်ချလိုက်တာ။ တခါတလေ ကျွန်တော်တို့ Master မှာ Volume Clipping လုပ်ထားလို့ 1dB လောက်ကျော်နေတဲ့အချိန် True Peak ကို Off ထားရင် အဲဒီကျော်နေတဲ့ 1dB ကနေ အသံအက်တာဖြစ်လာနိုင်တယ်။ နောက်ပြီးတော့ Attack Time နဲ့ Release Time ရှိတယ်။ သူတို့၂ခု Time အရမ်းမြန်ရင်လည်း တခါတလေ အသံအက်တယ်။ Attack နဲ့ Release ကို Mastering လုပ်တဲ့အချိန် ကစားကြည့်ဖို့ ကျွန်တော်အကြံပေးချင်တယ်။ နောက်ဆုံး အသုံးဝင်တဲ့တစ်ချက်က Mastering လုပ်နေရင်း သင့်တော်တဲ့အသံ Level တစ်ခု ခန့်မှန်းရခက်လာရင် Computer Screen ကို မကြည့်ဘဲ မျက်လုံးပိတ်ပြီး နားနဲ့သေချာနားထောင်လိုက်ပါ။ တခါတလေ Plugin တွေမှာပါတဲ့ Graphics တွေကြောင့် အသံနားထောင်ရတာအခက်အခဲဖြစ်တတ်တယ်။

Post ကို အဆုံးထိဖတ်ပေးတဲ့အတွက် ကျေးဇူးတင်တယ်ဗျာ။ နောက်တစ်ခေါက်မှာလည်း ဘယ်လိုစိတ်ဝင်စားဖို့ကောင်းတဲ့ Knowledge တွေ Sharing လုပ်ပေးသွားမယ်ဆိုတာ စောင့်ကြည့်အားပေးပါဦး။

-----------------------------------

နေရာဒေသမရွေး အချိန်မရွေး သင်ယူနိုင်တဲ့ Music Production, Vocal နဲ့ Visual ONLINE COURSE များ
AES Myanmar မှာ အပြင်မှာသင်ယူနေရသလိုအကျိုးရှိစေမယ့် Online Certificate Course များဖြစ်တဲ့

Arts Of Music Production
Computer Music Production
Mixing And Mastering (Advance)
Video Editing
Basic Vocal
Social Media Graphic Design

အတန်းတို့ဟာ Online ကနေသင်ယူရတဲ့အတန်းဖြစ်လို့ လုပ်ငန်းခွင်တစ်ဖက်နဲ့ သင်တန်းတက်လိုသူများ၊ Internet line အသုံးပြုနိုင်တဲ့နယ်ဝေးမှ သင်တန်းသားများ၊ ပြည်ပမှတက်လိုသူများ အနေနဲ့ အလွန်အဆင်ပြေစွာ တက်ရောက်နိုင်တဲ့ အတန်းများဖြစ်ပါတယ်။

ဘယ်အတန်းကို ရွေးချယ်ရမလဲ?
music beat တွေကို ကိုယ်တိုင်ဖန်တီးချင်တာဆိုရင် "Computer Music Production" အတန်းကိုရွေးချယ်ပါ။

သီချင်းတွေကို recording လုပ်တဲ့အဆင့်ကနေ mixing ,နောက်ဆုံးအချောသတ် mastering အထိကိုယ်တိုင်ထုတ်လုပ်ချင်တာဆိုရင် "Arts of Music Production" အတန်းကို တက်ပါ။

သီချင်းအစအဆုံးကိုယ်တိုင်ဖန်တီးထုတ်လုပ်ချင်တာဆိုရင် CMP ရော AMP ရော ၂ တန်းလုံးတက်ပါ။

ဒီထက်ပိုပြီး Mixing ပိုင်းကို အသေးစိတ်လေ့လာချင်တယ် ပိုပြီး techniques တွေကို ကျွမ်းကျင်ချင်တာဆိုရင် "Mixing & Mastering (Advance)" အတန်းကို ဆက်တက်ပါ။

သမီး/သားက သီချင်းဆိုတာပဲဝါသနာပါတာ အဲ့ဒါပဲလေ့လာချင်တာဆိုရင် "Basic Vocal" အတန်းကိုရွေးချယ်ပါ။

သီချင်းဖန်တီးထုတ်လုပ်ရုံတင်မဟုတ်ဘူး music video ပါကိုယ်တိုင်လုပ်ချင်တာ Vlog တွေရိုက်ချင်တယ် content ဖန်တီးချင်တယ်ဆိုရင် Video Editing အတန်းကိုတက်ပါ။

content အတွက် Photoshop, Adobe illustrator နဲ့ design ဖန်တီးရေးဆွဲခြင်းတွေကို လေ့လာရမယ့် Social Media Graphic Design ကိုလည်း တက်ရောက်နိုင်ပါတယ်။

-------------------
Online ကနေ ဘယ်လိုလေ့လာရမလဲ?

သင်ကြားမယ့်ပုံစံက အပတ်စဉ် video lessons တွေကို Google classroom ကနေ လေ့လာသင်ယူရမှာဖြစ်ပြီးမရှင်းလင်းတာတွေရှိရင် သက်ဆိုင်ရာ lesson ရဲ့ comment box မှာမေးမြန်းနိုင်သလို ဆရာနဲ့တစ်လတစ်ကြိမ် Virtual class နဲ့ Face to Face သင်ကြားရမယ့်အချိန်ကျရင်လည်း သိလိုတာတွေဆွေးနွေးမေးမြန်းနိုင်ပါတယ်။

တတ်မြောက်မှုကိုစစ်ဆေးပေးမယ့် Testနဲ့ Project Assignment ပြုလုပ်ရမှာဖြစ်ပါတယ်။ Project ပြီးမြောက်ရင်တော့ AES Myanmar Certificate ရရှိမှာပါ။

DAW (Software) နဲ့ အသုံးပြုရမယ့် Plug-ins တွေကို Classroom ထဲမှာထည့်ပေးထားပြီး software installation အခက်အခဲတွေကို ကူညီပေးဖို့အတွက် Student Service team လည်းရှိနေပါတယ်။

ကျောင်းသားနဲ့ Team Viewer ကနေတဆင့် Face to Face တွေ့ပြီး အခက်အခဲတွေကို ဖြေရှင်းပေးတယဖြစ်တဲ့အတွက် မလုပ်တတ်မှာ မလိုက်နိုင်မှာ စိတ်ပူစရာမလိုပါဘူး။

သင့်အနေနဲ့ ပိုမိုကောင်းမွန်တဲ့ Online သင်ကြားရေးစနစ်ကို ရရှိလိုပါက AES Myanmar ကိုအခုပဲဆက်သွယ်လိုက်ပါနော်။

Music production, Audio Engineering ပညာရပ်များကို AES Myanmar မှာ Certificate ကနေ Diploma level အထိတက်ရောက်သင်ယူနိုင်ပါတယ်။

သင်တန်းအသေးစိတ်ကို messenger မှာလည်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။
-------------------------
သင်တန်းဘယ်လိုအပ်ရမလဲ?

သင်တန်းတက်ရောက်မယ်ဆိုရင်
အောက်ပါ website link ကနေ register ပြုလုပ်ရပါမယ်။ (သို့) messenger ကနေ သိလိုသမျှကို Admin နဲ့တိုကိရိုက်မေးမြနိးနိုင်ပါတယ်
https://www.aesmyanmarcmi.org/admissions/online/
Register ပြုလုပ်ပြီးရင် Mobile banking ကနေ သင်တန်းကြေးပေးသွင်းပါ။
သင်တန်းကြေးပေးသွင်းထားတဲ့ receipt screenshot ကို messenger ကပို့ပေးပါ။
သင်တန်းတက်ရောက်ဖို့ Email ကို ၃ ရက်အတွင်းပို့ပေးပါမယ်။ Email က Classroom link ကိုဝင်ပြီး သင်တန်းစတက်နိုင်ပါပြီ။

To Register
https://www.aesmyanmarcmi.org/admissions/online/

More info:
Website: www.aesmyanmarcmi.org
FB Messenger
Call 09973079408

သင့်ရဲ့ဖန်တီးနိုင်စွမ်းတွေကို AES Myanmar ကမြှင့်တင်ပေးပါရစေ။

Enhance your Creativity with AES Myanmar

18/11/2022

သူများတွေကောင်မလေးအတွက်
အချစ်သီချင်းလုပ်နေကြပြီ Brother တို့ ရော🙄

Ele-One Studio

13/11/2022

Final Recording နဲ့ Mixingပြီးရင်
သီချင်းထွက်ပါမယ်
Coming soon ♡

18/10/2022

Recording and mixing by Ele-One Studio
Coming soon.

13/10/2022

သီချင်းအစအဆုံးကို
Ele-One Music Studio မှ .....

02/10/2022

Creation

Video - Crd

Hello everyone ✌🏼ကျွန်တော့်ရဲ့Ele-One Studio ဖွင့်ပွဲPromotion ကာလ ဒီနေ့နောက်ဆုံးရက်အနေနဲ့ပြီးဆုံးခဲ့ပါပြီ။သီချင်းတွေစိတ...
01/10/2022

Hello everyone ✌🏼
ကျွန်တော့်ရဲ့Ele-One Studio ဖွင့်ပွဲ
Promotion ကာလ ဒီနေ့နောက်ဆုံးရက်အနေနဲ့
ပြီးဆုံးခဲ့ပါပြီ။
သီချင်းတွေစိတ်တိုင်းကျဖန်တီးလိုက်ကြတဲ့
မိတ်ဆွေများအားလုံးကိုလည်းကျေးဇူးတင်ပါတယ်။

မနက်ဖြန်မှ စပြီး

Recording 1hour > 8000

Mix down > 5000 ပါ

Mixing and Mastering နဲ့
Music Production ကိုတော့
Page မှာ အသေးစိတ်ဆက်သွယ်စုံစမ်းနိုင်ပါတယ်

ဂီတဝါသနာရှင်များအတွက်Ele-One Studioမှ
အကောင်းဆုံးဝန်ဆောင်မှုပေးနေပါပြီနော်။

29/09/2022

Recording & Mixing 🎙
Acoustic version 🎶

Ele-One Studio

Address

Bayint Naung Road
Pyay

Telephone

+959976611354

Website

Alerts

Be the first to know and let us send you an email when Ele-One Studio posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share