Gálong News Group -GNG

Gálong News Group -GNG Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Gálong News Group -GNG, Media/News Company, Putao.
(3)

25/12/2023

CHRISTMAS BUNGYÀNGI WE LV̀NGCHAÒ MÓNGDÀN DVJÀ

Kàru - RIMA

23/12/2023

GNGမှ အပတ်စဉ်တင်ဆက်တဲ့ ပူတာအိုသတင်းအစီအစဉ်

-လောင်စာဆီဈေးတက်လို့ မြစ်ကြီးနား-ပူတာအိုကားသမားတွေ အခက်တွေ့
-အင်ခါဂါးစစ်ကောင်စီစခန်းမှတပ်သားတွေ စခန်းစွန့်ခွာထွက်‌ပြေး
-မီးဘေးသင့်ခဲ့ရတဲ့ ရှိန်းခေါင်ရွာပြန်လည်ထူထောင်ရေးအတွက်အကူအညီ
-ပူတာအိုတွင် K-PDFနှင့် KPF မိသားစု၀င်များ စုပေါင်း ခရစ်စ္စမတ်ပွဲကျင်းပ
#ပူတာအိုသတင်းအစီစဉ်

ပူတာအိုတွင် K-PDFနှင့် KPF မိသားစု၀င်များ စုပေါင်းခရစ်စ္စမတ်ပွဲကျင်းပဒီဇင်ဘာလ ၂၂ရက်၊ ပူတာအိုသတင်း။ပူတာအိုခရိုင်တွင် အခြေ...
22/12/2023

ပူတာအိုတွင် K-PDFနှင့် KPF မိသားစု၀င်များ စုပေါင်း
ခရစ်စ္စမတ်ပွဲကျင်းပ

ဒီဇင်ဘာလ ၂၂ရက်၊ ပူတာအိုသတင်း။

ပူတာအိုခရိုင်တွင် အခြေစိုက်ပြီး စစ်အာဏာရှင်အုပ်စုကို လက်နက်ကိုင်တော်လှန်ကြ‌တဲ့ ခါကာဘိုပြည်သူ့ကာကွယ်
ရေးတပ်ဖွဲ့(KPF) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (K-PDF)တို့ပူးပေါင်းကာ ဒီဇင်ဘာလ ၂၂ရက် ယနေ့မှာ စုပေါင်းခရစ်စ္စမတ်ပွဲပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ခရစ်စ္စမတ်ပွဲနေ့ စကားလက်ဆောင်အနေနဲ့ ပူတာအိုအခြေစိုက်တဲ့ ပြည်သူ့စစ်အဖွဲ့တွေလည်း ပြည်သူနဲ့အတူပူးပေါင်းကြပါလို့ ပူတာအိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောပါတယ်။

"ပူတာအိုမှာ စစ်ကောင်စီရဲ့ထောက်တိုင်လုပ်နေတဲ့သူတွေအနေနဲ့ ပြည်သူလူထုနဲ့ပူးပေါင်းချိန်တန်ပါပြီ။ ပြည်သူ့စစ်အဖွဲ့လည်း ဆင်ခြင်ရမဲ့အချိန်‌ပါ ။ ပြည်သူလူထုတရပ်
လုံးနဲ့အတူ K-PDFနဲ့ KPFတို့က အာဏာရှင်တွေကို တော်လှန်နေကြတာဖြစ်လို့ အမြန်ဆုံးပူးပေါင်းကြပါလို့‌
တိုက်တွန်းလိုတယ်"လို့ဆိုပါတယ်။

ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KPF) ရဲ့ စစ်ဗိုလ်တစ်ဦးကလည်း "အေးချမ်းငြိမ်သက်ခြင်းရှိတဲ့ ခရစ္စမတ်ဖြစ်ပါစေ။ နိုင်ငံရဲ့အခြေအနေကြောင့် ပြည်သူတွေရင်ထဲ ပူလောင်ကြပေမယ့် ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကြောင့် ငြိမ်သက်ခြင်း သက်ရောက်ကြပါစေ၊ နိုင်ငံတော်ကြီးသာယာပြီး ပြည်သူတွေလည်း အေးချမ်းကြပါစေ"လို့ ဆုတောင်းမေတ္တာပို့ပေးထားတာဖြစ်ပါတယ်။

K-PDF နဲ့ KPF တို့စုပေါင်းခရစ်စ္စမတ်ပွဲကျင်းပနိုင်ရန်အတွက် USAမှ We Love Rvwangအဖွဲ့ကလည်း ခရစ်စ္စမတ်လက်ဆောင်အနေနဲ့ ရန်ပုံငွေ သိန်း( ၂၀)ကျပ်တိတိ
ပါ၀င်ထားတယ်လို့ သိရပါတယ်။

K-PDF နဲ့ KPFတို့ဟာ စစ်အာဏာရှင်အုပ်စုကို ပူတာအိုခရိုင်မှ အပြီးတိုင်ချေမှုန်းပြီး စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကြီး ဖြစ်ပေါ်လာစေရန် ကြိုးစားတိုက်ပွဲ၀င်တဲ့ လက်နက်‌ကိုင်တော်လှန်ရေးတပ်ဖွဲ့၀င်များဖြစ်ပါတယ်။

သတင်း-ဂီလာ

#စုပေါင်းခရစ်စ္စမတ်ပွဲကျင်းပ -PDF&KPF #ပူတာအိုသတင်း

မီးဘေးသင့်ခဲ့ရတဲ့ ရှိန်းခေါင်ရွာပြန်လည်ထူထောင်ရေးအတွက်အကူအညီများ လိုအပ်နေရက်စွဲ။ ဒီဇင်ဘာလ ၂၀ ရက်၊ ၂၀၂၃ ခုနှစ်၊ ခေါင်လန်ဖ...
20/12/2023

မီးဘေးသင့်ခဲ့ရတဲ့ ရှိန်းခေါင်ရွာပြန်လည်ထူထောင်ရေးအတွက်အကူအညီများ လိုအပ်နေ

ရက်စွဲ။ ဒီဇင်ဘာလ ၂၀ ရက်၊ ၂၀၂၃ ခုနှစ်၊ ခေါင်လန်ဖူးသတင်း

ပူတာအိုခရိုင်၊ခေါင်လန်ဖူးမြို့နယ်မှာတည်ရှိတဲ့ ရှိန်းခေါင်ရွာဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်နေ့ညမှာ မီး‌လောင်မှုဖြစ်ပွားခဲ့တဲ့အတွက် ရွာရဲ့အိမ်ခြေ ၆၃ အိမ် မီးလောင်ကျွမ်းသွားခဲ့ရာ ငွေရေးကြေးရေး အခက်အခဲကြောင့် ယခုချိန်ထိ မီးဘေးသင့် မိသားစုတွေအတွက် နေအိမ်တွေ ဆောက်လုပ်နိုင်ခြင်းမရှိသေးဘူးလို့ ‌ရှိန်းခေါင်ဒေသခံတစ်ဦးက GNGကိုပြောပါတယ်။

ကူညီရေးအဖွဲ့အစည်းတွေကနေ ဆန်၊ ဆီ၊အဝတ်အထည်တွေလာရောက်လှူဒါန်းတာတွေရှိပြီး တရုတ်နယ်စပ်ဖက်ကလည်း ကူညီမှုတချို့ရရှိပေမဲ့ရှိန်းခေါင်ဒေသခံတွေရဲ့ ရှောက်ကောတွေကို ၀ယ်ယူမဲ့သူ မရှိသေးတဲ့အတွက် ငွေကြေး အခက်အခဲနဲ့ကြုံတွေ့နေကြရတယ်လို့ ရှိန်းခေါင်‌ရွာခံတစ်ဦးကလည်းဆိုပါတယ်။

မီလောင်ရာမှာ ဆုံးရှုံးသွားတဲ့ပမာဏက မြန်မာငွေကျပ်သိန်း ၃ သောင်းကျော်ခန့်ရှိတယ်လို့သိရပြီး မီးဘေးသင့်ပြည်သူတွေဟာ မီး‌ထဲပါမသွားတဲ့ဆွေမျိုးတွေအိမ်၊ ဘုရားကျောင်းနဲ့ စာသင်ကျောင်းတွေမှာ ခိုလှုံနေကြရတယ်လို့သိရပြီး အစားအသောက်၊ဆေးဝါးနဲ့အလွန်အေးတဲ့ဒေသဖြစ်တဲ့အတွက် အနွေးထည်တွေအရေးပေါ်ဆက်လက်လိုအပ်ကာ ပြန်လည်ထူထောင်ရေးအတွက် အကူအညီတွေလည်းလိုအပ်နေတယ်လို့သိရပါတယ်။

သတင်း HSM

#မီးဘေးသင့်ခဲ့တဲ့ရှိန်းခေါင်ရွာအကူအညီလို‌အပ်နေ #ခေါင်လန်ဖူးသတင်း

အင်ခါဂါးစစ်ကောင်စီစခန်းမှတပ်သားတွေ စခန်းစွန့်ခွာထွက်‌ပြေးရက်စွဲ။ ဒီဇင်ဘာလ ၂၀ ရက်၊ ၂၀၂၃ ခုနှစ်မချမ်းဘော့မြို့နယ် အင်ခါဂါး...
20/12/2023

အင်ခါဂါးစစ်ကောင်စီစခန်းမှတပ်သားတွေ စခန်းစွန့်ခွာထွက်‌ပြေး

ရက်စွဲ။ ဒီဇင်ဘာလ ၂၀ ရက်၊ ၂၀၂၃ ခုနှစ်

မချမ်းဘော့မြို့နယ် အင်ခါဂါးစစ်ကောင်စီတပ်စခန်းမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဒီဇင်ဘာလ ၁၉ ရက်နေ့ မနက်အစောပိုင်းမှာ စခန်းစွန့်ခွာသွားကြတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်ကနေသိရပါတယ်။

‌KIAတပ်မဟာ ၁၊ တပ်ရင်း ၇ နယ်‌မြေမှာရှိတဲ့ ပူးပေါင်းတပ်ဖွဲ့တွေက အင်ခါဂါးစခန်းကို ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတုန်းမှာပဲ ထွက်ပြေးသွားကြတာဖြစ်ပြီး ရိက္ခာ၊ဆန်၊ဆီ၊ဆားတွေ အကုန်ရောင်းပြီး ထွက်ပြေးသွားကြတယ်လို့စုံစမ်းသိရှိရပါတယ်။

စစ်ကောင်စီတပ်သားတွေ ထွက်ပြေးသွားတဲ့နောက် KIAနဲ့ ပူးပေါင်းတပ်ဖွဲ့တွေက‌ အင်ခါဂါးစစ်ကောင်စီစခန်းကို မီးရှို့ဖျက်ဆီးလိုက်တယ်လို့လည်းသိရပါတယ်။

KIA တပ်မဟာ ၁ ဖက်မှာ တိုက်ပွဲမဖော်ဆောင်ရဘဲသိမ်းရတဲ့ စစ်ကောင်စီရဲ့နယ်မြေ ၂ခုထိ ရှိလာပြီး ပြီးခဲ့တဲ့ နို၀င်ဘာလမှာလည်း အင်ဂျန်းယာန်တစ်ဝိုက် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ တပ်စွန့်ခွာသွားတဲ့အတွက် စစ်ကောင်စီ လက်အောက်ခံ ရုံးတွေ၊ ကျောင်းတွေပါ ပိတ်သိမ်းသွားခဲ့ရတယ်လို့ သိရပါတယ်။

သတင်း HSM
မှတ်ချက်။ပုံဟောင်းအသုံးပြုထားပါတယ်။

#အင်ခါဂါးစစ်ကောင်စီစခန်းမှတပ်သားများစခန်းစွန့်ခွာ

ဖားကန့်လူထုအခြေပြု မူးယစ်တိုက်ဖျက်ရေးအဖွဲ့ မူးယစ်တိုက်ဖျက်ရေးလုပ်ငန်းတွေပြန်လည်လုပ်ဆောင်‌ရက်စွဲ။ ဒီဇင်ဘာလ ၁၉ ရက်၊ ၂၀၂၃ ခ...
19/12/2023

ဖားကန့်လူထုအခြေပြု မူးယစ်တိုက်ဖျက်ရေးအဖွဲ့ မူးယစ်တိုက်ဖျက်ရေးလုပ်ငန်းတွေပြန်လည်လုပ်ဆောင်‌

ရက်စွဲ။ ဒီဇင်ဘာလ ၁၉ ရက်၊ ၂၀၂၃ ခုနှစ်၊ ဖားကန့်သတင်း။

ဖားကန့်မြို့၊လုံးခင်းလူထုအခြေပြုမူးယစ်တိုက်ဖျက်ရေးအဖွဲ့အနေနဲ့ မူးယစ်တိုက်ဖျက်ရေးလုပ်ငန်းတွေကို အချိန်ပြည့် ပြန်လည်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ လုံးခင်းမူးယစ်တိုက်ဖျက်ကော်မတီမှာပါဝင်တဲ့အဖွဲ့ဝင်တစ်ဦးဆီက‌နေသိရပါတယ်။

ပြီးခဲ့တဲ့နှစ်တွေမှာ ကိုဗစ်အရေးနဲ့ နိုင်ငံရေးရှုပ်ထွေးမှုတွေကြောင့် မူးယစ်တိုက်ဖျက်ရေးလုပ်ငန်းတွေကို ထိရောက်စွာမလုပ်ဆောင်နိုင်ခဲ့တဲ့အတွက် မူးယစ်ဆေးရောင်း၀ယ်၊သုံးစွဲသူတွေပိုများလာတဲ့အပြင် ခိုးမှု၊လုယက်မှုနဲ့လူသတ်
မှုတွေပါ ပိုမိုများပြားလာတယ်လို့ ဖားကန့်၊လုံးခင်းဒေသခံတစ်ဦးကလည်းပြောပါတယ်။

ဖားကန့်မြို့နယ်မှာ မူးယစ်တိုက်ဖျက်ရေးလုပ်ငန်းတွေကို နည်းလမ်းအမျိုးမျိုးနဲ့လုပ်ဆောင်ခဲ့ပေမဲ့ စစ်ကောင်စီတပ်တွေ မကြာခဏ စစ်ရေးလှုပ်ရှားတာ၊ ထိုးစစ်ဆင်တာတွေ ပြုလုပ်နေခဲ့တဲ့အတွက် ပြည်သူတွေ သွားလာရေးခက်ခဲရုံသာမက ၊မူးယစ်တိုက်ဖျက်ရေးလုပ်ငန်းတွေကိုလည်း အနှောင့်အယှက်ပေးခဲ့တဲ့အတွက် မူးယစ်တိုက်ဖျက်ရေးလုပ်ငန်းတွေကို ထိရောက်စွာ လုပ်ဆောင်နိုင်ခြင်းမရှိခဲ့ဘူးလို့သိရပါတယ်။ အဖွဲ့ဝင်‌တွေရဲ့သဘောတူညီချက်အရ ယခုလိုအခက်ခဲတွေကြားက‌နေ မူးယစ်‌ဆေး
ဝါးတိုက်ဖျက်ရေးလုပ်ငန်းတွေကို ပြန်လည်တဖန်အရှိန်တိုးမြင့်လုပ်ဆောင်သွားဖို့စတင်အကောင်အထည်ဖော်နေတဲ့ အကြောင်းသိရပါတယ်။

ကချင်လူထုမူးယစ်တိုက်ဖျက်ရေး Pat Jasan ကို ၂၀၁၄ ခုနှစ် ဧပြီ ၂၅ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပြီး၂၀၁၅-၂၀၁၆
ခုနှစ်တွေမှာ ကချင်ပြည်နယ်နေရာအနှံ့ ဘိန်းခင်းဖျက်
ဆီးခြင်းစတဲ့လုပ်ငန်းတွေကို လုပ်ဆောင်နိုင်ခဲ့ပါတယ်။၂၀၁၆ ခုနှစ်နောက်ပိုင်းမှာတော့ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ပြည်သူလူထုတွေကို အသိပညာပေးအစီစဉ်တွေကိုသာ ပိုမိုအားစိုက်ပြုလုပ်လာတဲ့အဖွဲ့အစည်းတစ်ခုဖြစ်တယ်လို့သိရပါတယ်။

သတင်း HSM
#လုံးချင်းမှာမူးယစ်တိုက်ဖျက်ရေးကိုအရှိန်မြင့်လုပ်ဆောင်နေ #ဖားကန့်သတင်း

လောင်စာဆီဈေးတက်လို့ မြစ်ကြီးနား-ပူတာအိုကားသမားတွေ အခက်တွေ့ဒီဇင်ဘာလ ၁၆ ရက်၊၂၀၂၃၊ပူတာအိုသတင်း။မြန်မာနိုင်ငံရဲ့ပြည်တွင်းမတည...
16/12/2023

လောင်စာဆီဈေးတက်လို့ မြစ်ကြီးနား-ပူတာအိုကားသမားတွေ အခက်တွေ့

ဒီဇင်ဘာလ ၁၆ ရက်၊၂၀၂၃၊ပူတာအိုသတင်း။

မြန်မာနိုင်ငံရဲ့ပြည်တွင်းမတည်ငြိမ်တဲ့အခြေအနေ တွေကြောင့် စားကုန်၊သုံးကုန်အပါအဝင် လောင်စာဆီဈေးဟာ တစ်နေ့ထက်တစ်နေ့ တိုးတိုးပြီးတက်နေတဲ့အတွက် မြစ်ကြီးနား-ပူတာအိုလမ်းပြေးဆွဲနေကြတဲ့ကားသမားတွေအခက်တွေ့နေရတယ်လို့ကားသမားတစ်ဦးက GNG ကိုပြောပါတယ်။

မြစ်ကြီးနား-ပူတာအို ခရီးသည်တစ်ဦးကို အရင်က ၃၀၀၀၀ မှ ၄၀၀၀၀ကျပ်ထိသာ ကောက်ခံခဲ့ပေမဲ့ လောင်စာဆီ‌ဈေးဆက်တိုက်မြင့်တက်လာတဲ့အခါမှာတော့ နောက်ခန်းခရီးသည်‌တစ်ဦးကို ၅၀၀၀၀ ကျပ် ရှေ့ခန်းစီးတဲ့ ခရီးသည်တစ်ဦးကို ၅၅၀၀၀ ကျပ်ထိ ကားခကောက်ခံနေရပါတယ်။ ကားခကိုတိုးမြင့် ကောက်ခံခဲ့ပေမဲ့ အမြတ်အစွန်းအရင်လောက်မရတဲ့အတွက် ကားသမားမိသားစုတွေရဲ့ဝမ်းရေးဖူလှုံရေးကစိုးရိမ်နေရတယ်လို့ဆိုပါတယ်။

မြစ်ကြီးနားမြို့မှာရှိတဲ့ဆီဆိုင်တွေဟာ နို၀င်ဘာလ လဆန်းခန့်မှာ (92)စက်သုံးဆီ (1) လီတာကို (2300) ကျပ်နဲ့‌ရောင်းချ‌ခဲ့‌ပေမဲ့ လလယ်လောက်ရောက်တော့ (1)လီတာကို (3500)ကျပ်ထိ ဈေးထိုးတက်‌ရောင်းချ‌ ပေးရုံသာမကဆီကိုလည်း အကန့်အသတ်နဲ့သာ၀ယ်ယူရတဲ့အတွက် ကားသမားတွေ အခက်ကြုံရတယ်လို့ပြောပါတယ်။

အခုချိန်ထိ မြစ်ကြီးနားမြို့နယ်အတွင်းမှာ ဓာတ်ဆီကိုလိုသလောက် ၀ယ်လို့မရဘဲ ဆီဆိုင်တွေကနေ ဆိုင်ကယ်တစ်စီးကို (3000)ကျပ်ဖိုးသာ ထည့်‌‌ပေးတယ်လို့သိရပါတယ်။

မြစ်ကြီးနား - ပူတာအိုလမ်းဟာ (၁၀) နာရီလောက် မောင်းရပြီး ရံဖန်ရံခါ စစ်ရေးအခြေအနေတွေကြောင့် လမ်းမှာညအိပ်ရတာတွေလည်းရှိတာဖြစ်တဲ့အတွက် အခုလိုအခက်အခဲအမျိုးမျိုးကြားက ထင်သလောက်အမြတ်လည်းမရရှိပေမဲ့လည်း ခရီးသည်တွေအတွက်စဉ်းစားပေးကာ ကားမောင်းနေကြရတာဖြစ်တယ်လို့သိရပါတယ်။

သတင်း- HSM
#ကားသမားတွေအခက်တွေ့ #ပူတာအိုသတင်း

အင်ဂျန်းယာန်မြို့နယ်တွင် ကျောင်းဆရာ၊ ဆရာမများအားလုံးနေရပ်ပြန်လို့ ကျောင်းတွေပိတ်ထားရဒီဇင်ဘာလ ၁၆ရက်၊ အင်ဂျန်းယာန်သတင်း။ကခ...
16/12/2023

အင်ဂျန်းယာန်မြို့နယ်တွင် ကျောင်းဆရာ၊ ဆရာမများအားလုံးနေရပ်ပြန်လို့ ကျောင်းတွေပိတ်ထားရ

ဒီဇင်ဘာလ ၁၆ရက်၊ အင်ဂျန်းယာန်သတင်း။

ကချင်ပြည်နယ်ထဲက အင်ဂျန်းယာန်မြို့နယ်တွင် နို၀င်ဘာလ ၂၄ရက်ကစတင်ပြီး ကျောင်းဆရာ၊ဆရာမတွေ ပြန်သွားကြတဲ့အတွက် ကျောင်းတွေပိတ်ထားရတယ်လို့ သိရပါတယ်။

အင်ဂျန်းယာန်အထက်တန်းကျောင်းဟာ စစ်ကောင်စီ
ပညာရးကျောင်းဖြစ်‌နေပြီး‌တော့ စစ်ကောင်စီလက်
အောက်ခံ ၀န်ထမ်းတွေဖွင့်လှစ်ထားတဲ့ကျောင်းဖြစ်တယ်လို့ ရွာခံတွေဆီကနေသိရပါတယ်။

ပြီးခဲ့တဲ့ နို၀င်ဘာလမှာ အင်ဂျန်းယာန်တဝိုက် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ တပ်စွန့်ခွားသွားကြရာမှာ စစ်ကောင်စီလက်အောက်ခံရုံးတွေ၊ ကျောင်းတွေပါ ပိတ်သိမ်းသွားတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒေသခံတွေအနေနဲ့ စစ်ရေးပိုမိုရှုပ်ထွေးလာမှာ ၊ကျောင်းပိတ်ထားတာကြောင့် ကျောင်းသားတွေရဲ့ပညာရေးအတွက် စိုးရိမ်ရတယ်လို့ ရွာခံတဦးကလည်း ပြောပြပါတယ်။

စစ်ရေးအခြေအနေကြောင့် ပိတ်ထားရတဲ့ကျောင်း(၃)
ကျောင်းရှိ‌နေပြီး အင်ဂျန်းယာန်အထက်တန်းကျောင်း၊
Lawt Mai yang မူလတန်းကျောင်း၊ အင်ဂရန်ကောင် မူလတန်းကျောင်းတွေဖြစ်တယ်လို့ သိရပါတယ်။

သတင်း-HSM
#ကျောင်းတွေပိတ်ထား #အင်ဂျန်းယာန်သတင်း

ပူတာအိုမြို့တွင် CDM ဆရာမတစ်ဦး အသဲကင်ဆာဖြင့်ကွယ်လွန်ဒီဇင်ဘာလ ၅ရက်၊ ပူတာအိုသတင်း။ပူတာအိုမြို့၊ အထက ဒုတ္တန်ကျောင်းမှာ စာရေ...
05/12/2023

ပူတာအိုမြို့တွင် CDM ဆရာမတစ်ဦး အသဲကင်ဆာဖြင့်ကွယ်လွန်

ဒီဇင်ဘာလ ၅ရက်၊ ပူတာအိုသတင်း။

ပူတာအိုမြို့၊ အထက ဒုတ္တန်ကျောင်းမှာ စာရေးကြီးရာထူးနဲ့တာဝန်ထမ်းဆောင်ခဲ့သူ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ဆရာမဒေါ်အဂူးနန်ဂျာဟာ ဒီဇင်ဘာလ ၄ရက် မနက်ပိုင်းမှာ အသဲကင်ဆာ‌ရောဂါ နောက်ဆုံးအဆင့်‌နဲ့
ကွယ်လွန်သွားခဲ့တယ်လို့ ဆရာမနဲ့ရင်းနှီးသူတစ်ဦးက GNG ကိုပြောပါတယ်။

"ဆရာမက အလုပ်လုပ်တဲ့နေရာမှာ တိကျပြတ်သားစွာလုပ်ကိုင်တတ်ပြီး‌တော့ ခေါင်းဆောင်ကောင်းပီသသူတစ်ဦးပါ။ စစ်တပ်ကနေ နိုင်ငံတော်အာဏာကို မတရားသိမ်းသွားတဲ့အခါမှာလည်း ကိုယ့်ရဲ့အလုပ်ကိုစွန့်လွတ်ပြီး အမှန်တရားအတွက် ရဲရဲ၀ံ့၀ံ့ရပ်တည်ခဲ့သူတစ်ဦးဖြစ်ပါတယ်" လို့ဆိုပါတယ်။

"အသဲကင်ဆာရောဂါဝေဒနာကို ပြင်းပြင်းထန်ထန်ခံစားခဲ့ရပေမဲ့ သူ့ရဲ့ခံယူချက်နဲ့လုပ်ရပ်အပေါ် နောင်တရခြင်းမရှိခဲ့ဘဲ နောက်ဆုံးထွက်သက်အထိ ကြံ့ကြံ့ခံပြီး မိသားစုအတွက်သာမက နိုင်ငံတော်အတွက်ပါ တာ၀န်ကျေပွန်စွာထမ်းဆောင်သွားခဲ့တဲ့ ဆရာမ ဒေါ်အဂူးနန်ဂျာကိုအရမ်းလးစားမိတယ်"လို့ဆရာမရဲ့မိတ်ဆွေဖြစ်သူကပြောပြပါတယ်။

ပူတာအိုမြို့နယ်တွင် CDM လှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့ ဆရာ/မအားလုံး ၂၇၀ဦးခန့်က ယနေ့ချိန်ထိ စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့အနေနဲ့ CDM ဆရာ/မတွေအနေနဲ့ရပ်တည်နေဆဲဖြစ်တယ်လို့သိရပါတယ်။

သတင်း- MNP
ာမတဦးကွယ်လွန် #ပူတာအိုသတင်း

01/12/2023

GNGမှ အပတ်စဉ်တင်ဆက်တဲ့ ပူတာအိုသတင်းအစီအစဉ်
- ပူတာအို Federal School တွင် တက်ရောက်မယ့် အထက်တန်းအဆင့်ကျောင်းသူကျောင်းသားများ ကျောင်းအပ်နှံနိုင်ပြီ
#ပူတာအိုသတင်းအစီစဉ်

ပူတာအို နှလုံးသားရေကန်တွင် အသက်၂၀အရွယ်လူငယ်တဦးသေဆုံးဒီဇင်ဘာလ ၁ ရက်နေ့၊ ပူတာအိုသတင်း။ပူတာအိုမြို့၊ ဒုတ္ထန်ရပ်ကွက်မှာရှိတဲ...
01/12/2023

ပူတာအို နှလုံးသားရေကန်တွင် အသက်၂၀အရွယ်လူငယ်တဦးသေဆုံး

ဒီဇင်ဘာလ ၁ ရက်နေ့၊ ပူတာအိုသတင်း။

ပူတာအိုမြို့၊ ဒုတ္ထန်ရပ်ကွက်မှာရှိတဲ့ နှလုံးသားရေကန်တွင် နို၀င်ဘာလ ၃၀ရက် ည ၉ နာရီ၀န်းကျင်ခန့်မှာ လူငယ်တစ်ဦး‌သေဆုံးခဲ့တယ်လို့ ဒေသခံမျက်မြင်တစ်ဦးက GNG ကိုခုလိုပြောပါတယ်။

"မနေ့ညက နှလုံးသားရေကန်မှာ ထိုင်ဖို့လုပ်ကြတယ်
ထင်တယ်။ အရမ်းချမ်းတော့ မီးလှုံဖို့ အဲဒီလူငယ်လေးက ထင်းရှာဖို့သွားလိုက်တာ။ ထင်းရှာနေတုန်း သူ့ခေါင်း ‌
ပေါ်ကို အပေါ်က‌နေသစ်ကိုင်းကြီးကျိုးကျပြီး နေရာမှာတင်ဆုံးသွားတယ် ။ သေဆုံးသွားတဲ့လူငယ်လေးက အသက်၂၀ကျော်ခန့်ပဲရှိသေးတယ်လို့ သိရပါတယ်" လို့ဆိုပါတယ်။

ပူတာအိုမြို့၊ ဒုတ္ထန်ရပ်ကွက်မှာ ၁၀လပိုင်းတုန်းကလည်း ကျောက်ခင်းလမ်းမဘေးခြံ၀င်းအလွတ်တစ်နေရာမှာ လူငယ်တစ်ဦးလဲကျသေဆုံးခဲ့တယ်လို့သိရပါတယ်။

သတင်း- MNP
#လူငယ်တစ်ဦးသေဆုံး #နှလုံးသားရေကန် #ပူတာအိုသတင်း

ပူတာအိုမြို့ အောက်ဆန်ဂေါင်ကျေးရွာမှ ဦးဒတုံးဖေရမ်ဆေးကုသရန်အကူအညီလိုအပ်နေနို၀င်ဘာလ ၂၉ရက်၊ ပူတာအိုသတင်း။ပူတာအိုမြို့နယ်ထဲက ...
29/11/2023

ပူတာအိုမြို့ အောက်ဆန်ဂေါင်ကျေးရွာမှ ဦးဒတုံးဖေရမ်ဆေးကုသရန်အကူအညီလိုအပ်နေ

နို၀င်ဘာလ ၂၉ရက်၊ ပူတာအိုသတင်း။

ပူတာအိုမြို့နယ်ထဲက အောက်‌ဆန်ဂေါင်ကျေးရွာတွင်နေထိုင်သူ ဦးဒတုံးဖေရမ်က မြစ်ကြီးနားမြို့မှာရှိတဲ့ ရင်စိန်ဆေးရုံးမှာ ဆေးကုသခံယူတာ တလကျော်ရှိလာပြီဖြစ်ကာ ‌ဆက်လက်ဆေးကုသရန်ဆေးဖိုးမတတ်နိုင်လို့ အကူအညီများစွာလိုအပ်နေတယ်လို့ သိရပါတယ်။

ဦးဒတုံးဖေရမ်က ရင်စိန်ဆေးရုံမှာ ဆေးကုသရင်း ဆေးဖိုးအကြွေး ဆယ်ချီရှိနေပြီဖြစ်ပေမဲ့ ဆက်ပြီးဆေးကုသရမှာဖြစ်လို့ အကူအညီလိုအပ်နေတယ်လို့ Yin Zi Slt ရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာဖော်ပြထားပါတယ်။

"ဦးဖေရမ်ဆေးကုဖို့ မိသားစုထဲမှာပါလာသမျှလည်းကုန်နေပြီး အကြွေးသိန်းဆယ်ချီဖြစ်သွားတယ်။ မိသားစုလည်း အဆင်မပြေလို့ လူမှုကွန်ယက်မှာအကူအညီတောင်းပေးဖို့ ပြောလာတယ်" လို့ဖော်ပြထားပါတယ်။

ရပ်နီးရပ်ဝေးမှ လူသားချင်းစာနာမှုကိုပြသပြီး အကူအညီပေးချင်သူများ‌အနေနဲ့ အောက်ဖော်ပြဖုန်းနံပါတ်ကို တိုက်ရိုက်ဆက်သွယ်ကာ လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။

ဆက်သွယ်ရန်-
လူနာရှင်အမျိုးသမီးရဲ့ ဖုန်းနံပတ်- 09765546554
Kpay - 09400021910 (Yin Zi)
👉Note မှာ peram လို့ရေးပေးရန်။

#လူနာအတွက်အကူအညီတောင်းခြင်း #ပူတာအိုသတင်း

29/11/2023

GVRAYÒ VSV̀NG NV̀NG MÓNGLVMV̀NG, (6)

20/11/2023

မလေးရှားနိုင်ငံတွင် Rvwang Refugee Committee ရုံး(၁၀)နှစ်ပြည့် အထိမ်းအမှတ်ပွဲပြုလုပ်

နို၀င်ဘာလ ၂၀ရက်၊ မလေးရှားသတင်း။

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် Rvwang Refugee Committee (RRC)ရုံး ၁၀နှစ်ပြည့် အထိမ်း
အမှတ်ပွဲကို နို၀င်ဘာလ ၂၀ရက် ယနေ့မှာကျင်းပခဲ့တယ်လို့ သိရပါတယ်။

မလေးရှားရောက် ရ၀မ်လူမျိုးစုတွေကို UNHCR Malaysia ရုံးကနေ၂၀၁၃ခုနှစ်ကစတင်ကာ အသိအမှတ်
ပြုပေးခဲ့တာဖြစ်တယ်လို့ RRC တာ၀န်ရှိသူတစ်ဦးက ခုလိုပြောပါတယ်။

"မလေးရှားရောက် ရ၀မ်ဒုက္ခသည်ရုံးအနေနဲ့ ရပ်တည်လာတာ ခုဆို(၁၀)နှစ်တိုင်ရှိခဲ့ပြီ။ ၂၀၁၃ခုနှစ်ကစပြီး UNဘက်က သူတို့ရဲ့အစည်းအဝေးတွေကိုတက်ရောက်ဖို့ဖိတ်ခေါ်ခြင်းခံခဲ့ရတယ်။ RRCအနေနဲ့ရပ်တည်ရေးအတွက် ၂၀၁၂ခုနှစ်ကနေ စတင်ခဲ့တာဖြစ်တယ်" လို့ဆိုပါတယ်။

Rvwang Refugee Committee ရုံးအနေနဲ့ မလေးရှားရောက် ရ၀မ်လူမျိုးတွေကို UNကိုစာရင်းသွင်းပေးခြင်းနဲ့ လူမှုရေးကိစ္စရပ်တွေကို အဓိကအကူအညီပေးဖို့ ရပ်တည်တာဖြစ်တယ်လို့ သိရပါတယ်။

မလေးရှားနိုင်ငံမှာ RRCရုံး(၁၀)နှစ်ပြည့် အထိမ်းအမှတ်ပွဲကို လူဦးရေ ၅၀၀ဦး၀န်းကျင်ခန့်တက်ရောက်ခဲ့ပြီး စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်းမှာ မလေးရှားနိုင်ငံကို ရ၀မ်လူမျိုးတွေ တရက်တခြားထွက်ပြေးခိုလုံလာတာဖြစ်တယ်လို့ သိရပါတယ်။

မလေးရှားနိုင်ငံမှာ ရ၀မ်လူမျိုးများ လူဦးရေ၂၀၀၀နီးပါး
ခန့် နေထိုင်ပြီး RRCရုံး(၁၀) နှစ်ပြည့်အထိမ်းအမှတ်ပွဲမှာဆုတောင်းခြင်းအစီအစဥ်၊Missပြိုင်ပွဲနဲ့ ဖူဆယ်ပြိုင်ပွဲတို့ကျင်းပခဲ့တယ်လို့သိရပါတယ်။

သတင်း- ဂီလာ
#မလေးရှားသတင်း

အယ်လ်နီညို ဆောင်းပါး-ဆန်းသုခအယ်လ်နီညိုဆိုတာ ပုံမှန်ထက်ပိုမိုအပူချိန်မြင့်တက်လာတဲ့လက္ခဏာတစ်ရပ်ဖြစ်ပြီး ကမ္ဘာတဝှမ်းရာသီဥတု...
17/11/2023

အယ်လ်နီညို

ဆောင်းပါး-ဆန်းသုခ

အယ်လ်နီညိုဆိုတာ ပုံမှန်ထက်ပိုမိုအပူချိန်မြင့်တက်လာတဲ့လက္ခဏာတစ်ရပ်ဖြစ်ပြီး ကမ္ဘာတဝှမ်းရာသီဥတုတွေကို ပြောင်းလဲစေနိုင်ပြီးကမ္ဘာ့အပူချိန်ကိုမြင့်မားစေနိုင်ပါတယ်။ ရာသီဥတုဗေဒပညာရှင်တွေနဲ့ သိပ္ပံပညာရှင်အများ ပိုင်း ကအယ်လ်နီညိုကို El Niño-Southern Oscillation (ENSO) လို့လည်းခေါ်ဆိုကြပါတယ်။ ပစိဖိတ်သမုဒ္ဒရာရဲ့ ရာသီစက်ဝန်းကနေဖြစ်ပေါ်လာတဲ့ အယ်နီညိုက ကမ္ဘာတစ်ဝှမ်းကိုလည်းသက်ရောက်လာခဲ့ခြင်းဖြစ်ပါတယ်။

သမိုင်းမှတ်တမ်းတွေအရ ၁၆၀၀ ဝန်းကျင်တွေမှာ ပေါ်ပေါ်လာခဲ့ကြောင်းဖော်ပြထားကြပြီး ခရစ္စမတ်ကာလမှာ စတင်တွေ့ရှိခဲ့ကြတဲ့ အယ်လ်နီညိုကိုခရစ်တော်ကလေးငယ်လို့ စပိန်လိုနာမည်ပေးခဲ့ကြတာဖြစ်ပါတယ်။ အယ်လ်နီ ညိုဆိုတာ ကမ္ဘာ့အပူချိန်မြင့်တက်လာတဲ့ဖြစ်စဉ်ကိုခေါ်ပြီး လာနီညာကတော့ကမ္ဘာကိုအေးခဲမှုမြင့်တက်စေတာ ဖြစ်ပါတယ်။ အယ်နီညိုဖြစ်စဉ်ကြောင့် ကမ္ဘာတစ်ဝှမ်း လူသန်း 60 ကျော်ကိုဆိုးရွားစွာ ထိခိုက်စေခဲ့ပြီး နိုင်ငံပေါင်း ၂၃ နိုင်ငံကပြင်းထန်စွာခံစားခဲ့ကြရပါတယ်။ အယ်လ်နီညိုက ၃ နှစ်ကနေ ၇ နှစ် ကြားဖြစ်ပေါ်လာနိုင်သလို အယ်လ် နီညိုတစ်ခါဖြစ်ပွားတိုင်း ၉ လ ကနေ ၁၂ လအထိကြာတက်ကြောင်းသိရပါတယ်။ ဒီအပူလှိုင်းက နိုင်ငံတိုင်းနဲ့ ဒေသ တိုင်းဖြစ်ပွားတာမျိုးမဟုတ်ပေမယ့် သက်ရောက်ခံစားရမယ့်နေရာတွေမှာက အပြင်းအထန်ကြုံရလေ့ရှိပါတယ်။ ကမ္ဘာစံချိန်တင် အယ်လ်နီညိုဖြစ်ရပ်တွေက ၁၉၈၂ - ၁၉၈၃ ကြားမှာ တစ်ကြိမ်နဲ့ ၁၉၉၇ - ၁၉၉၈ ခုနှစ်မှာ တစ်ကြိမ် ဖြစ်ပွားခဲ့ပြီး ၂၀၁၅ - ၂၀၁၆ မှာဖြစ်ခဲ့တဲ့အယ်လ်နီညိုစံချိန်ကလည်း ယခင်ကအဆင့် နီးပါးဖြစ်ကြောင်းသိရပါတယ်။

လွန်ခဲ့သော အယ်လ်နီညိုဖြစ်ပွားခဲ့တဲ့နှစ်တွေမှာ နိုင်ငံများစွာက အယ်လ်နီညိုဖြစ်ပွားမှုကြောင့် သဘာဝဘေးဒုက္ခ အမျိုးမျိုးကိုရင်ဆိုင်ခဲ့ကြရတာတွေ့ရပါတယ်။ အထူးသဖြင့် ရာသီဥတုတွေကမောက်ကမဖြစ်ပြီး ကမ္ဘာ့လေထု လည်ပတ်မှုတွေနဲ့ ကမ္ဘာ့အပူချိန်ကိုပါတိုးလာစေနိုင်ပါတယ်။ ဒီလိုပြင်းထန်လှတဲ့ အယ်လ်နီညိုကို သြစတြေးလျ၊ တဟီတီ၊ ချီလီအလယ်ပိုင်း၊ မြောက်အမေရိကဘက်ကမ်းရိုးတန်းအချို့နဲ့ အမေရိကန်ပြည်ထောင်စုကပြည်နယ် အချို့၊ အင်ဒို နီးရှား၊ မလေးရှား၊ ပီရူးနိုင်ငံ၊ အီကွေဒေါ၊ ကနေဒါနဲ့ အာရှနဲ့ ဖိလစ်ပိုင်အစရှိတဲ့နိုင်ငံတွေက နည်းမျိုးစုံနဲ့ အလူးအလဲခံစားကြရတာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ဒေသအချို့မှာတော့ ဆောင်းရာသီကာလပါ ပျောက်ဆုံးသွားတဲ့အထိသက်ရောက်မှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ တစ်ချို့သောနိုင်ငံတွေရဲ့ဒေသတွေမှာတော့ အခြေခံ အဆောက်အဦးတွေကိုပါပျက်စီးစေခဲ့ပါတယ်။ အယ်လ်နီညိုကြောင့်အများဆုံးကြုံရတဲ့အကျပ်အတည်းနဲ့ ကပ်ဘေး တွေမှာအဖြစ်များတာတွေက မုန်တိုင်းကြီးတွေဖြစ်ပေါ်ခြင်း၊ ရေကြီးခြင်း၊ မိုးများခြင်း၊ ရေနေသတ္တဝါများရွှေ့ ပြောင်းခြင်း၊ ပုံမှန်ထက် ခြောက်သွေ့တဲ့အခြေအနေတွေ၊ ပျမ်းမျှထက်အပူချိန်လွန်ကဲခြင်းနဲ့ မိုးခေါင်ရေရှားမှုတွေ ဖြစ်ပွားခဲ့တာတွေ့ရပါတယ်။ ပြီးတော့ အယ်လ်နီညိုအားကောင်းတဲ့နှစ်တွေမှာ နောက်ဆက်တွဲတွေအနေနဲ့ ဖြစ် လေ့ဖြစ်ထ ရှိသလိုကြုံလာရဦးမယ့် အယ်လ်နီညိုဘေးတွေမှာ ရေကြီးခြင်း သို့မဟုတ် မိုးခေါင်ခြင်း၊ သဘာဝဘေး ဒဏ်ကြောင့်ဖြစ်လာနိုင်တဲ့ ကာလဝမ်းရောဂါ၊ သွေးလွန်တုပ်ကွေး၊ ငှက်ဖျားရောဂါနဲ့ အအေးမိခြင်းအစရှိတဲ့ အ သက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။ သိပ္ပံပညာရှင်တွေပြောကြားချက်အရအယ်လ် နီညိုဖြစ်စဉ်တွေက ယခင်ကထက်ပိုဆိုးရွားလာတာကိုတွေ့ရတယ်ဆိုပါတယ်။ ဒါကြောင့် အယ်နီညိုကိုရင်ဆိုင်ဖို့ လူတိုင်းသိထားရမယ့်အချက်တွေရှိပါတယ်။ လက်ရှိမိုးလေဝသသတင်းတွေအရမကြာခင်နှစ်တွေမှာလည်းအယ်လ် နီညိုဖြစ်ပွားမှုစံချိန်တင်ဖြစ်လာနိုင်ပြီး အမြင့်ဆုံးအပူချိန်ကိုကြုံရနိုင်ဖွယ်ရှိကြောင်းကို ကမ္ဘာ့မိုးလေဝသအဖွဲ့က ကြိုတင်သတိပေးထားပါတယ်။

လက်ရှိအခြေအနေမှာတော့ အယ်လ်နီညိုဖြစ်ပွားမှုကိုတုန့်ပြန်နိုင်မယ့်နည်းစနစ်တွေနဲ့ ကာကွယ်နိုင်မယ့် မဟာဗျူ ဟာတွေ တိုးတက်ဖွံ့ဖြိုးလာတာတွေ့ရပြီး လူတစ်ဦးတစ်ယောက်အနေနဲ့သော်လည်းကောင်း တစ်စုတစ်ဖွဲ့သာမက အစိုးရအဆင့်ကပါ လုပ်ဆောင်နိုင်မယ့် စီမံချက်တွေလည်းအစီအရီပေါ်ထွက်လာတာတွေ့ရပါတယ်။ ဒါကြောင့် ယခင်ဖြစ်ပွားခဲ့တဲ့ အယ်လ်နီညိုဖြစ်ရပ်တွေကိုသင်ခန်းစာယူပြီး ကြိုတင်ကာကွယ်ဖို့အတွက်နည်းလမ်းတွေကို တက် နိုင်သမျှလုပ်ဆောင်ဖို့က လူသားတွေမှာတာဝန်ရှိပါတယ်။ အယ်နီညိုရဲ့အားသားချက်ကလည်း ခေတ်ပေါ် နည်းပညာအခြေအနေအရ ဘေးအန္တရာယ်မကျရောက်ခင် ကြိုတင်ပြင်ဆင်နိုင်တဲ့အချက်တွေပဲဖြစ်ပါတယ်။

တစ်ဦးတစ်ယောက် သို့ တစ်စုတစ်ဖွဲ့အနေနဲ့ အယ်လ်နီညိုကာလမှာ မိမိရဲ့ပတ်ဝန်းကျင်ရှိအမှိုက်တွေကို ရှင်းလင်း ခြင်း၊ ရေနှုတ်မြောင်းတွေကိုစနစ်တကျပြုပြင်ခြင်း၊ ခိုင်လုံတဲ့မိုးလေဝသသတင်းတွေကိုနားစွင့်ခြင်း၊ အတူတကွ စုပေါင်းအင်အားနဲ့လုပ်ဆောင်နိုင်တဲ့ အပူဒဏ်အံတုနိုင်မယ့်နည်းလမ်းတွေရှာဖွေအသုံးပြုခြင်း၊ ကလေးများအ တွက်အပူဒဏ်လုံခြုံရေးကိုဂရုစိုက်ခြင်း၊ တိရစ္ဆာန်များ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ဘေးကင်းသော နေရာများကို သတ်မှတ်ခြင်း၊ သောက်သုံးရေကြိုတင်စုဆောင်းခြင်း၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ခြင်း၊ တောမီးလောင်မှု တွေကိုကာကွယ်ခြင်း၊ သဲအိတ်များအသင့်ထားရှိခြင်း၊ မြေဆီလွှာတိုက်စားမှုကိုကာကွယ်ခြင်း၊ ရေရှည်တည်တံ့မယ့် အပင်တွေနဲ့ ချုံများကိုစိုက်ပျိုးခြင်း၊ မိုးခေါင်ရေရှားမှုဒဏ်ကိုခံနိုင်တဲ့အပင်တွေကိုစိုက်ပျိုးခြင်း၊ အရေးကြီးစာရွက် စာတမ်းများကို Digital Device and Drive တွေမှာ လုံခြုံစွာသိမ်းဆည်းခြင်းနဲ့ သဘာဝပတ်ဝန်းကျင်ကိုဂရုစိုက်ခြင်း အစရှိတဲ့တစ်နိုင်တစ်ပိုင်ကြိုတင်ကာကွယ်နိုင်မယ့် နည်းလမ်းတွေကိုတက်ကြွစွာလုပ်ဆောင်ဖို့လိုပါတယ်။ ဒီနေရာ မှာတစ်ခုသတိပြုရမှာက ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့ကြိုတင်ပြင်ဆင်မှုတွေမတူညီတဲ့ အချက်တွေရှိ နိုင်ပါတယ်။ ဥပမာ - ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ကားနဲ့ အိမ်ခြံမြေတွေလိုပိုင်ဆိုင်မှုတွေကို အာမခံကြိုတင်လျှောက်ထား မှုတွေလုပ်ကြပေမယ့် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာက ဒီလိုအချက်တွေမရှိပါဘူး။

၂၀၁၅ - ၂၀၁၆ ခေတ်သစ်စံချိန်တင် အယ်လ်နီညိုအတွေ့အကြုံနောက်ပိုင်းမှာ အနာဂါတ်အယ်လ်နီညိုအတွက် စီမံချက်တွေ၊ နည်းလမ်းတွေနဲ့ လမ်းညွှန်မှုတွေလည်းများစွာထွက်ပေါ်လာပါတယ်။ ဥပမာ - အယ်လ်နီညိုကြောင့် ဖြစ်ပေါ်လာမယ့်အန္တရာယ်တွေကိုလျော့ပါးသက်သာစေဖို့နဲ့ ထိခိုက်လွယ်သူတွေအတွက်ကြံ့ကြံ့ခံနိုင်မယ့် လုပ် ဆောင်မှုတွေကို အထောက်အကူဖြစ်စေဖို့အတွက် နိုင်ငံတကာအဆင့်၊ ဒေသအဆင့်နဲ့ နိုင်ငံတစ်နိုင်ငံအဆင့်အနေနဲ့ အသုံးပြုနိုင်မယ့် စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ပညာရေး၊ ကာကွယ်ရေးနဲ့ စားဝတ်နေရေးအစရှိတဲ့အချက်တွေ ထည့်သွင်းထားတဲ့လမ်းညွှန်မှုတွေကိုဆိုလိုပါတယ်။ ၂၀၁၆ UN ရဲ့ အယ်လ်နီညို ကာကွယ်ရေးလုပ်ဆောင်ချက် (The Blueprint) အစည်းအဝေးမှာ လည်း 1992 Rio de Janeiro Earth အစည်းအဝေးကြီးမှာ ဆွေးနွေးခဲ့ကြတဲ့ ရေရှည်တည်တံ့ခိုင်မြဲဖို့ သဘာဝပတ်ဝန်းကျင်နဲ့ ရာသီဥတုဆိုင်ရာအချက်တွေကိုပေါင်းစပ်အသုံးပြုဖို့ထပ်မံလှုံ့ ဆော်ခဲ့ပါတယ်။ အယ်လ်နီညိုဘေးအန္တရာယ်ကာကွယ်ဖို့လုပ်ဆောင်ချက် (The Blueprint) ရဲ့ရည်ရွယ်ချက်က ENSO သာမက တခြားရာသီဥတုအရေးအရာတွေမှာ နိုင်ငံတွေရဲ့ကြိုတင်ပြင်ဆင်ရေးအစီအစဉ်တွေကိုကိရိယာ တစ်ခုအနေနဲ့ပံ့ပိုးပေးဖို့ဖြစ်ပါတယ်။

ကမ္ဘာ့ရာသီဥတု အစီရင်ခံစာတွေအရ ၂၀၁၅ - ၂၀၁၆ တုန်းကလည်းပြင်းထန်တဲ့ အယ်လ်နီညိုဖြစ်ရပ်တွေကြုံခဲ့ကြ ရပြီး ကမ္ဘာ့နိုင်ငံတစ်ချို့မှာ စံချိန်တင်အပူဆုံးနှစ်ဖြစ်ကာလူပေါင်းများစွာဘေးအန္တရာယ်ရင်ဆိုင်ခဲ့ရပါတယ်။ လာ မယ့် ၂၀၂၄ မှာလည်း အယ်လ်နီညိုကြောင့် ကမ္ဘာလုံးဆိုင်ရာအပူချိန်အပေါ်အပြင်းထန်ဆုံးဖြစ်လာနိုင်တဲ့အတွက် ကြိုတင်ပြင်ဆင်ထားဖို့နိုင်ငံတကာမိုးလေဝသဌာနတွေနဲ့ သတင်းဌာနတွေကလည်း နိုးဆော်အသိပေးနေ တာတွေ့ ရပါတယ်။ ဒါကြောင့် နောင်မှာလည်း ဒီလိုအပူလှိုင်းတွေရဲ့ဆိုးကြိုးကောင်းကြိုးတွေကိုကြိုတင်လေ့လာ ထားခြင်း ဖြင့် မိမိနဲ့လူမှုပတ်ဝန်းကျင်မှာ အပူလှိုင်းတွေကိုကာကွယ်ဖို့နည်းလမ်းတွေကိုမျှဝေဖို့ ရည်ရွယ်ချက်နဲ့ ရေးသား လိုက်ရပါတယ်။

မှတ်ချက်။ ။ မြန်မာနိုင်ငံအနေနဲ့လည်း နာဂစ်မုန်တိုင်းနဲ့ ရေကြီးရေလျှံမှု ဖြစ်စဉ်တွေကိုသင်ခန်းစာယူပြီး အယ်လ်နီညိုဘေးအန္တရာယ်ကျရောက်မှုလျှော့ပါးသက်သာစေဖို့ ကြိုတင်ပြင်ဆင်သင့်ပါတယ်။

ကိုးကား

[https://www.preventionweb.net/news/prepare-el-nino](https://www.preventionweb.net/news/prepare-el-nino)

[https://www.ecmwf.int/en/newsletter/151/meteorology/2015-2016-el-nino-and-beyond](https://www.ecmwf.int/en/newsletter/151/meteorology/2015-2016-el-nino-and-beyond)

[https://education.nationalgeographic.org/resource/el-nino/](https://education.nationalgeographic.org/resource/el-nino/)

Preventing El Niño Southern Oscillation Episodes from Becoming Disasters: A ‘Blueprint for Action’, December 2016

[[1]](https://www.facebook.com/groups/1339203110001824 ) La Niña ဆိုတာက စပိန်လို မိန်းကလေးငယ်လို့ အဓိပ္ပါယ်ရပြီး အယ်လ်နီညိုနဲ့ ဆန့်ကျင်ဘက် အဖြစ်အေးခဲတဲ့ဖြစ်ရပ် ကိုရည်ညွှန်းပါတယ်။
#ဆောင်းပါး #အယ်လ်နီညို

10/11/2023

GVRAYÒ VSV̀NG NV̀NG MÓNGLVMV̀NG, (5)

07/11/2023

ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ရွာလုံးကျွတ်နီးပါး မီးလောင်ကျွမ်းမှုဖြစ်ပွား

နိုဝင်ဘာလ ၇ ရက်၊ ၂၀၂၃ ခုနှစ် ၊ခေါင်လန်ဖူးသတင်း။

ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ရွာမှာ နိုဝင်ဘာလ ၆ ရက်နေ့ည ၁၂ နာရီဝန်းကျင်ခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့တဲ့အတွက် ရွာရှိအိမ်‌ခြေအားလုံးနီးပါးခန့် မီးလောင်ကျွမ်းမှုထဲပါသွားတယ်လို့ ဒေသခံတစ်ဦးက GNG ကိုပြောပါတယ်။

"ညသန်းခေါင် ၁၂ နာရီကျော်လောက်မှာထင်တယ်၊ ရွာအလယ်မှာရှိတဲ့ အိမ်တစ်အိမ်ကနေစလောင်တာ၊ အလယ်ပိုင်းကနေစလောင်တာဖြစ်လို့ အထက်ပိုင်းနဲ့အောက်ပိုင်းမှာရှိတဲ့အိမ်တွေကိုလည်း မီးကူးသွားတာ၊ ရွာအထက်ပိုင်းက အိမ်တစ်ချို့ပဲမီးလွှတ်သွားတယ်"လို့ပြောပြပါတယ်။

ရှိန်းခေါင်ရွာဟာ တရုတ်ပြည်နဲ့ထိစပ်နေတဲ့ နယ်စပ်ရွာလေးဖြစ်ပြီး စားနပ်ရိက္ခာကို တရုတ်ပြည်ဖက်က‌နေ အဓိကဝယ်ယူစားသုံးကြတာဖြစ်ပါတယ်။နယ်စပ်ဂိတ်ဖွင့်တာ ၁လကျော်ခန့်ရှိပြီဖြစ်ပေမဲ့ စားသောက်ကုန်တချို့ကိုသာမြန်မာပြည်ဘက်ခြမ်းကို တင်သွင်းခွင့်ပြုထားတယ်လို့သိရပါတယ်။

နယ်စပ်ဂိတ်ဖွင့်ပေးထားတဲ့အတွက် စားသောက်ကုန်ဝယ်
ယူစုဆောင်းသူတွေ၊ရှောက်ကောခြောက်စုဆောင်းထားသူတွေနဲ့စည်ကားနေတဲ့လမှာ ယခုလိုမီး‌လောင်ကျွမ်းမှုဖြစ်ပျက်သွားရလို့ စုဆောင်းထားတဲ့အရာတွေအကုန်မီးထဲပါသွားတယ်လို့သိရပြီး မီးလောင်ကျွမ်းမှုဖြစ်ပေါ်သွားရခြင်းရဲ့အကြောင်းရင်းကိုတော့ စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့သိရပါတယ်။

သတင်း KR
#ရှိန်းခေါင်ရွာလုံးကျွတ်မီးလောင်မှုဖြစ် #ခေါင်လန်ဖူးသတင်း

မြစ်ကြီးနားမြို့ အင်ဂျန်ဒုံရပ်ကွက်မှာ နေအိမ်ဖောက်ထွင်းခံရပြီး ကျောက်စိမ်းအထည်‌တွေနဲ့ငွေသားခိုးယူမှုဖြစ်ပွား နိုဝင်ဘာလ ၆ ...
06/11/2023

မြစ်ကြီးနားမြို့ အင်ဂျန်ဒုံရပ်ကွက်မှာ နေအိမ်ဖောက်ထွင်းခံရပြီး ကျောက်စိမ်းအထည်‌တွေနဲ့ငွေသားခိုးယူမှုဖြစ်ပွား

နိုဝင်ဘာလ ၆ ရက်၊ ၂၀၂၃ ခုနှစ်၊ မြစ်ကြီးနားသတင်း။

မြစ်ကြီးနားမြို့ အင်ဂျန်ဒုံ‌တောင်ရပ်ကွက် အိမ်အမှတ်
(၃၂၄)တွင် နိုဝင်ဘာလ ၅ ရက် နေ့လည် ၁၀နာရီနဲ့၁၂ နာရီ ကြားခန့်မှာ အိမ်ဖောက်ထွင်းခံရပြီး ကျောက်စိမ်းအထည်နဲ့ငွေသားများ ခိုးယူခံရမှုဖြစ်ပွားခဲ့တယ်လို့ အိမ်ရှင်နဲ့နီးစပ်သူက GNG ကိုပြောပါတယ်။

"ပစ္စည်းတွေအကုန်ပါသွားတယ်။ကျောက်စိမ်းလက်
ကောက် ၅၀ ကွင်းကျော်၊လက်စွပ်စေ့ နားကပ်စေ့ပေါင်း ၂၀၊ဆွဲတီး ၁၁ ကုံး၊ပုတီးလုံးလက်ကောက် ၁၈ လုံးနဲ့ငွေ
သား ၆၄၀၀၀၀ ခိုးသွားတယ်"လို့ဆိုပါတယ်။

အိမ်သားတွေဘုရားကျောင်းတက်နေတဲ့အချိန်‌ လူသူမရှိတဲ့အချိန်ရွေးပြီး ဖောက်ထွင်းမှုဖြစ်ခဲ့တာလို့သိရှိရပြီး မြစ်ကြီးနားမြို့မှာ လုယက်မှုတွေအပြင် ဖောက်ထွင်းမှုတွေပါ တစ်နေ့တခြားပိုများလာတဲ့အတွက် အိမ်အစောင့်မထားဘဲ အပြင်မသွားကြဖို့ ပြည်သူတွေအချင်းချင်းနှိုးဆော်နေကြရတယ်လို့လည်း ထပ်မံသိရှိရပါတယ်။

သတင်း KR
#အိမ်ဖောက်ထွင်းခံရ #မြစ်ကြီးနားသတင်း

ပူတာအိုမှာ ဆိုလာနဲ့အားသွင်းရာမှဘက်ထရီအိုးပေါက်ကွဲပြီး နေအိမ်တစ်လုံးမီးလောင်မှု ဖြစ်ပွားနိုဝင်ဘာလ ၄ ရက်၊ ၂၀၂၃ ခုနှစ်၊ ပူဝ...
04/11/2023

ပူတာအိုမှာ ဆိုလာနဲ့အားသွင်းရာမှဘက်ထရီအိုးပေါက်ကွဲပြီး နေအိမ်တစ်လုံးမီးလောင်မှု ဖြစ်ပွား

နိုဝင်ဘာလ ၄ ရက်၊ ၂၀၂၃ ခုနှစ်၊ ပူဝာာအိုသတင်း။

ပူတာအိုမြို့နယ် ပူတောင်းအုပ်စု မုတုံ(၂)ကျေးရွာမှာ နိုဝင်ဘာလ ၃ ရက်နေ့ ညနေ၂နာရီခန့်အချိန်ခန့်တွင် ဆိုလာနဲ့အားသွင်းထားတဲ့ ဘက်ထရီအိုးပေါက်ကွဲမှုဖြစ်ပြီး ပျဉ်ထောင်အိမ်တစ်လုံး မီးလောင်တဲ့အထဲပါသွားကြောင်းကို ရွာခံသူတစ်ဦးက GNG ကိုပြောပါတယ်။

"ဆိုလာနဲ့အားသွင်းထားတဲ့ ဘက်ထရီအိုးပေါက်ကွဲလို့ တစ်အိမ်လုံးမီးလောင် ပြာကျသွားတယ်။ ပျဉ်ထောင်အိမ် ဟုတ်တယ်။ မီးသတ်ကားရောက်လာတဲ့ အချိန်မှာတော့ အိမ်ကလောင်ကုန်ပြီ”လို့သူကဆိုပါတယ်။

ပူတာအိုမြို့နဲ့အနီးတဝိုက်ရှိရွာတွေကိုEPC မှမီးပေးထား‌ သော်လည်း မီးပုံမှန်မ‌ပေးနိုင်သေးတဲ့အတွက် အိမ်တိုင်းလိုလို ဆိုလာနဲ့ဘက်ထရီအိုးဆောင်ထားရတယ်လို့သိရပါတယ်။

သတင်း - DK
#အိမ်မီးလောင်မှု #ပူတာအိုသတင်း

04/11/2023

GNGမှ အပတ်စဉ်တင်ဆက်တဲ့ ပူတာအိုသတင်းအစီအစဉ်

-ရေခဲ‌တောင်ခြေရွာနားတွင် ကျောက်ဂျပိုးရှာဖွေသူများအနေဖြင့်စည်းကမ်းရှိကြဖို့ ရွာခံတွေတောင်းဆိုနေ
-ပူတာအို-မချမ်းဘော့လမ်း လီဆူရိုးရာဝင်းအနားမှာ ဆိုင်ကယ်အချင်းချင်းတိုက်မိရာမှ တစ်ဦးသေဆုံး
-ပူတာအိုခရိုင်အာကာမှူးဦးခိုင်သန်းတိုးအား မူးယစ်ဆေးနှင့်ပတ်သက်၍ ပြည်နယ်အဆင့်ကနေတိုက်ရိုက်စစ်ဆေး
#ပူတာအိုသတင်းအစီစဉ်

ပျောက်ဆုံးနေခဲ့တဲ့ အသက်(၁၃)နှစ်အရွယ် မိန်းကလေးကို ပြန်လည်တွေ့ရှိနို၀င်ဘာလ ၃ ရက်၊ မြစ်ကြီးနားသတင်း။မြစ်ကြီးနားမြို့၊ ရ၀မ်...
03/11/2023

ပျောက်ဆုံးနေခဲ့တဲ့ အသက်(၁၃)နှစ်အရွယ် မိန်းကလေးကို ပြန်လည်တွေ့ရှိ

နို၀င်ဘာလ ၃ ရက်၊ မြစ်ကြီးနားသတင်း။

မြစ်ကြီးနားမြို့၊ ရ၀မ်ဒမ်းရာဒါကောင်း(B)တွင်‌နေထိုင်သူ အသက်(၁၃)နှစ်အရွယ် မထဖူးဘိုင်းဇီ(ခ)ထဖူးနန်ဟာ
အောက်တိုဘာလ ၂၅ ရက်ညက ပျောက်နေခဲ့ရာ အောက်တိုဘာလ ၂၇ ရက်နေ့ နေ့လယ် ၁ နာရီခန့်တွင် ပြန်လည်တွေ့ရှိခဲ့တယ်လို့မိသားစုနဲ့နီးစပ်သူတစ်ဦးက GNG ကိုပြောပါတယ်။

ပျောက်ဆုံးနေခဲ့သူ မထဖူးဘိုင်းဇီဟာ တစ်လမ်းကျော်မှာ‌ နေထိုင်သူ၊ သူနဲ့‌ဆော့နေကျဖြစ်တဲ့ သူငယ်ချင်းအိမ်မှာ ပုန်းအောင်းနေခဲ့တာဖြစ်တယ်လို့သိရပါတယ်။

အိမ်သူအိမ်သားတွေကနေ ပျောက်ဆုံးနေခဲ့တဲ့ မိန်းက
လေးကို ရှာဖွေရန် ရဲစခန်းတွင်အမှုဖွင့်ခဲ့ကြောင်းကိုလည်း ထပ်မံသိရှိရပါတယ်။

သတင်း- MNP
#ပျောက်ဆုံးနေခဲ့သူမိန်းကလေးကိုပြန်တွေ့ရှိ #မြစ်ကြီးနားသတင်း

02/11/2023

ပူတာအိုခရိုင်အာကာမှူးဦးခိုင်သန်းတိုးအား မူးယစ်ဆေးနှင့်ပတ်သက်၍ ပြည်နယ်အဆင့်ကနေတိုက်ရိုက်စစ်ဆေး

နို၀င်ဘာလ ၂ရက်၊ ပူတာအိုသတင်း။

ပူတာအိုင်ခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးခိုင်သန်းတိုးဆိုသူဟာ ပူတာအိုခရိုင်ပြည်သူ့အားကစားကွင်းအတွင်းမှာ မူးယစ်ဆေးပြဿနာ၊ အရက်ဘီယာစားသောက်ဆိုင်ဖွင့်ထားတာနဲ့ပတ်သက်ပြီး ပြည်နယ်အဆင့်ကနေ နို၀င်ဘာလ ၁ရက်မှာ စစ်ဆေးလိုက်တယ်လို့ သိရပါတယ်။

ပူတာအိုခရိုင်အာကာမှူးဆိုသူက ပြည်သူ့အားကစားကွင်းအတွင်းမှာ မူးယစ်ဆေးတွေရောင်း၀ယ် သုံးစွဲတဲ့အပြင် လောင်းကစားသမားတွေနဲ့ပူးပေါင်းပြီး လောင်းကြေးများဖွင့်ကာ လောင်းကစားအလုပ်ကိုလည်း လုပ်ကိုင်သူဖြစ်တယ်လို့ အားကာမှူးနဲနီးစပ်သူက GNGကိုခုလိုပြောပါတယ်။

“သူ့ကိုဖမ်းတာတော့မဟုတ်သေးဘူး၊ ပြည်နယ်အဆင့်ကနေလာပြီး စစ်ဆေးနေတာပါ။ ပြည်သူ့အားကစားကွင်းမှာ မူးယစ်ဆေးတွေကင်းစင်ရမဲ့အစား သူကိုယ်တိုင်အားကစားကွင်းထဲမှာ ဘီယာတွေလိုက်ရောင်းတယ်၊ ပြီးတော့ လောင်းကစားလုပ်တယ်၊ ဒါကြောင့် အစစ်ဆေးခံရတာပါ” လို့ ဆိုပါတယ်။

ဦးခိုင်သန်းတိုးသက်တမ်းမှာ ပူတာအိုခရိုင်ပြည်သူ့အားကစားကွင်းအတွင်း လောင်းကစားလုပ်တာတွေပိုများပြားလာတယ်လို့ ပူတာအိုဒေသခံလူငယ်တစ်ဦးကခုလိုပြောပါတယ်။

“သူ့သက်တမ်းမှာက ကောင်းတာတခုမှမရှိဘူး။ ဦးခိုင်သန်းတိုးက ဘောလုံးပွဲလုပ်ရင်လည်း လာဘ်ယူတာ၊ ဒိုင်တွေကို လာဘ်ထိုးတာတွေလုပ်တယ်။ သူက ဘောလုံးပွဲကို ကြေးဖွင့်ထားတဲ့သူဆို‌တော့လေ။ အဆိုးဆုံးက လူမြင်ကွင်းမှာ လောင်းကစားပေါ်တင်လုပ်တာပဲ”

ပူတာအိုခရိုင်ပြည်သူ့အားကစားကွင်းဟာ ပူတာအိုလူငယ်တွေကို အားကစားပညာနဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက်အဓိကကျတဲ့နေရာဖြစ်လို့ ဦးခိုင်သန်းတိုးကို အလိုမရှိဘူးလို့ ပူတာအိုဒေသခံလူကြီးတစ်ဦးကပြောပါတယ်။

“အားကစားလုပ်တဲ့သူက ဆေးလိပ်၊အရက်သေစာတို့ရှောင်ရတယ်လေ။ မူးယစ်ဆေးတွေနဲ့ကင်းရှင်းရတာပါ။ ခုဒီလူကြီးက သူကိုယ်တိုင်လည်း မူးယစ်ဆေးသုံးတယ်၊ လောင်းကစားလုပ်တယ်။ ပူတာအိုဒေသခံ လူငယ်တွေက နဂိုကတည်းက အဘက်ဘက်မှာ မပြည့်စုံတဲ့ လူငယ်တွေလေ။ ခုလိုသတင်းတွေကြားရတော့ ၀မ်းနည်းရတယ်။ အဲ့လူကြီးကို ပူတာအိုဒေသခံတွေက မနေစေ‌ချင်တော့ဘူး၊ အလိုမရှိတော့ဘူး။ ဒါကြောင့် တာ၀န်ရှိတဲ့သူတွေအ‌နေနဲ့ အရေးယူတာမလုပ်ပေးနိုင်ရင်တောင် ပူတာအိုကနေသူ့ကိုပြောင်းပေးစေချင်တယ်”လို့ပြောပါတယ်။

ပူတာအိုခရိုင်အားကာမှူး ဦးခိုင်သန်းတိုးက ၂၀၂၃ခုနှစ် သြဂုတ်လမှာကျင်းပတဲ့ မူးယစ်ဆေး၀ါးတိုက်ဖျက်‌ရေး ဘောလုံးပြိုင်ပွဲမှာလည်း ပြိုင်ပွဲ၀င်အသင်းတွေ အချင်း
ချင်းကြားမှာ ပြသနာတွေတက်စေခဲ့ပြီး လောင်းကစားအတွက်သာ ပြိုင်ပွဲကျင်းပခဲ့တယ်လို့ သိရပါတယ်။

သတင်း-ဂီလာ
#အာကာမှူးစစ်ဆေးခံရ #အားကစားသတင်း #ပူတာအိုသတင်း

ပူတာအို-မချမ်းဘော့လမ်း လီဆူရိုးရာဝင်းအနားမှာ ဆိုင်ကယ်အချင်းချင်းတိုက်မိရာမှ တစ်ဦးသေဆုံးနိုဝင်ဘာလ၂ ရက်၊ ပူတာအိုသတင်း။ပူတာ...
02/11/2023

ပူတာအို-မချမ်းဘော့လမ်း လီဆူရိုးရာဝင်းအနားမှာ ဆိုင်ကယ်အချင်းချင်းတိုက်မိရာမှ တစ်ဦးသေဆုံး

နိုဝင်ဘာလ၂ ရက်၊ ပူတာအိုသတင်း။

ပူတာအို-မချမ်းဘော့လမ်း လီဆူရိုးရာဝင်းရှေ့တွင် ယနေ့ နိုဝင်ဘာလ ၂ ရက်နေ့ မနက် ၁၁နာရီခန့်မှာ ဆိုင်ကယ်အချင်းချင်းတိုက်မိရာမှ အမျိုးသားတစ်ဦး သေဆုံးသွားတယ်လို့ မျက်မြင်တွေ့ခံသူတစ်ဦးက GNG ကိုပြောပါတယ်။

"ဆိုင်ကယ်အချင်းချင်းကို တိုက်မိကြတာ၊ ဆိုင်ကယ် တစ်စီးစီမှာ လူနှစ်ဦးပါတယ်၊ တိုက်မိသွားလို့ ဆေးရုံကိုချက်ချင်း ခေါ်သွားကြ‌ပေမဲ့ တစ်ယောက်က ဆေးရုံရောက်ပြီး ဆုံးသွားတယ်၊ကျန်တဲ့ သုံးယောက်လည်း ဒဏ်ရာ ပြင်းထန်ကြတယ်လို့သိရပါတယ်”လို့ မျက်မြင်သူ‌တွေ့ခဲ့သူတစ်ဦးကလည်းဆိုပါတယ်။

သေဆုံးသွားသူမှာ ဆာရ်ခွမ်ဒမ်းအုပ်စု ဂျူဗလီကျေးရွာနေ အသက် ၄၅နှစ်အရွယ်ခန့်ရှိသူ ဦးငွါးလီဆာ ဖြစ်တယ်လို့သိရပါတယ်။

ပူတာအိုဒေသမှာ ယာဉ်တိုက်မှုတွေ မကြာခဏဖြစ်ပွားလျက်ရှိတဲ့အတွက် ယာဉ်တိုက်မှုကြောင့်အသက်သေဆုံးတဲ့သူတွေများသထက်များလာ‌ကြောင်းကို ပရဟိတအသင်းတစ်ခုမှ တာဝန်ရှိသူ တစ်ဦးရဲ့ပြောကြားချက်အရသိရှိရပါတယ်။

သတင်း- DK
#ဆိုင်ကယ်တိုက်မှုကြောင့်တစ်ဦးသေဆုံး #ပူတာအိုသတင်း

01/11/2023

GVRAYÒ VSV̀NG NV̀NG MÓNGLVMV̀NG, (4)

01/11/2023

ရေခဲ‌တောင်ခြေရွာနားတွင် ကျောက်ဂျပိုးရှာဖွေသူများအနေဖြင့်စည်းကမ်းရှိကြဖို့ ရွာခံတွေတောင်းဆိုနေ

နို၀င်ဘာလ ၁ရက်၊ပူတာအိုသတင်း။

ပူတာအိုရေခဲတောင်ခြေရွာနားတွင် ကျောက်ဂျပိုးရှာဖွေသူများက စည်းကမ်းမဲ့လို့ ရွာခံတွေအသက်မွေး၀မ်းကျောင်းပြုတဲ့ လယ်တောတွေပျက်စီးနေပြီလို့သိရပါတယ်။

၂၀၂၃ခုနှစ်မှာ မုံလန်၀မ်ဒုံဘက်မှာ ကျောက်ဂျပိုးရှာဖွေသူများပိုများလာပြီး စည်းကမ်းမဲ့တဲ့လုပ်ရပ်ကြောင့် ရွာခံတွေဒုက္ခရောက်နေပြီလို့ လုံးနဒမ်းရွာခံတစ်ဦးက GNGကိုခုလိုပြောပါတယ်။

" ဒီဒေသခံတွေက လယ်ယာစိုက်ပျိုးချိန်မှာ ကျွဲ၊နွားတွေကိုအသုံးပြုတယ်။ လယ်ယာစိုက်ပျိုးပြီးရင် ကျွဲ၊နွားတွေကို ချောင်းမှာလွတ်ကြတယ်လေ။ ကျောက်ဂျပိုးရှာဖွေသူများက နွားတွေကိုရွာဘက်မောင်းထုတ်လိုက်တော့ ဒေသခံတွေရဲ့ လယ်ယာတွေအကုန်လုံးကို ကျွဲနဲ့နွားတွေက နင်းတယ် ၊စားပေးကြပြီ"လို့ဆိုပါတယ်။

ပူတာအိုဒေသထွက် ကျောက်ဂျပိုးဈေးကွက်ဟာ ယခုနှစ်မှာ ပိုမိုဈေးကြီးလာလို့ ချောင်းနေရာအနှံ့မှာ ကျောက်ဂျပိုးရှာဖွေသူတွေပြည့်နေတယ်လို့ လုံးနဒမ်းရွာခံက ဆက်ပြောပါတယ်။

"ဒေသခံတွေ ပင်ပင်ပန်းပန်းကြိုးစားထားတဲ့ တစ်နှစ်စာဖူလုံဖို့လုပ်ကြတဲ့ လယ်ယာသိမ်းချိန်မှာ ကျောက်ဂျပိုးရှာတဲ့သူတွေကြောင့် မျက်ရည်နဲ့ စပါးတွေ မရိတ်သိမ်းနိုင်တော့ဘူး။ တချို့မိသားစုရဲ့လယ်တောတွေက ရစရာမရှိတော့ဘူး။ သူတို့က ပိုက်ဆံရချိန်မှာ ‌ရွာခံတွေက မျက်ရည်ကျနေရပြီ၊ ဒါကြောင့် စည်းကမ်းရှိကြဖို့တိုက်တွန်းလိုတယ်"

ပူတာအိုရေခဲတောင်ခြေမှာ ကျေးရွာပေါင်း၁၀ရွာထိရှိနေပြီး လမ်းပန်းဆက်သွယ်ရေး၊ ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းများ ယနေ့ချိန်ထိ အခက်အခဲရှိ‌နေဆဲတဲ့ဒေသဖြစ်ပါတယ်။

သတင်း-ဂီလာ
#ရေခဲတောင်ခြေရွာများ #လယ်ယာပျက်စီးခံရ #ကျောက်ဂျပိုးရှာဖွေသူများ #ပူတာအိုသတင်း

28/10/2023

GNGမှ အပတ်စဉ်တင်ဆက်တဲ့ ပူတာအိုသတင်းအစီအစဉ်
-ဇီယာဒမ်းကျေးရွာတွင် ပြင်ပစီးပွားရေးလုပ်ငန်းရှင်
များနေရာယူမှုများပြားလာ
-ပူတာအိုမြို့တွင် ဒုတိယအကြိမ်မြောက်ကချင်နှစ်ခြင်းလူငယ်မိတ်သဟာရ အစီအစဉ်ကျင်းပ
-ပူတာအိုမြို့အနီးတဝိုက်ရှိ‌ရွာတွေမှာ အုပ်စုလိုက်ပစ္စည်းလိမ်ညာရောင်းချမှုများပိုမိုများပြားလာ

#ပူတာအိုသတင်းအစီစဉ်

ပူတာအိုမြို့အနီးတဝိုက်ရှိ‌ရွာတွေမှာ အုပ်စုလိုက်ပစ္စည်းလိမ်ညာရောင်းချမှုများပိုမိုများပြားလာအောက်တိုဘာလ ၂၇ ရက်၊ ပူတာအိုသတ...
27/10/2023

ပူတာအိုမြို့အနီးတဝိုက်ရှိ‌ရွာတွေမှာ အုပ်စုလိုက်ပစ္စည်းလိမ်ညာရောင်းချမှုများပိုမိုများပြားလာ

အောက်တိုဘာလ ၂၇ ရက်၊ ပူတာအိုသတင်း။

ပူတာအိုမြို့မှာ လျှပ်စစ်ပစ္စည်းတွေနဲ့တခြားလူသုံးကုန်
ပစ္စည်း‌တွေကို ကျသင့်တဲ့တန်ဖိုးထက်အဆမတန်ကျော်လွန်အောင်လိမ်လည်ရောင်းချသူတွေများပြားလာတဲ့အတွက် ပူတာအိုဒေသခံပြည်သူ‌တွေကိုသတိထားကြဖို့ ပူတာအိုဒေသခံတစ်ဦးက GNG ကိုပြောပါတယ်။

"အခုတလောပူတာအိုမြို့ရဲ့ ရပ်ကွက်တွေ၊ ရွာတွေမှာ လျှပ်စစ်ထမင်းပေါင်းအိုး၊အကြော်အိုး၊ဂက်စ်မီးဖို၊အနှိပ်စက်တွေယူလာပြီး တစ်အိမ်၀င်တစ်အိမ်ထွက်လိုက်ရောင်းတဲ့အဖွဲ့တွေရှိတယ်။သူတို့ရောင်းတဲ့ပစ္စည်းတွေအဆင်မပြေတာရှိရင် CB bank ရှေ့မှာသူတို့ရဲ့အရောင်းဆိုင်ဖွင့်ထားတယ်၊လာပြလို့ရတယ်။ ဂတ်စ်တစ်ဗူး တစ်ထောင်ကျပ်နဲ့လာဖြည့်လို့လည်းရတယ်လို့လိမ်ရောင်းထားကြလို့ ဒီရက်ပိုင်းမှာ သူတို့ဝယ်ထားတဲ့ပစ္စည်းတွေ အဆင်မ‌ပြေလို့လာမေးကြတဲ့သူတွေ ခဏခဏကျွန်‌‌တော်တို့ဆိုင်ကိုရောက်လာတယ်။ ကျွန်တော်တို့ဆိုင်က‌နေရောင်းချပေးထားတာလည်းမဟုတ်ပါဘူး။တကယ်လို့ အဲဒီအဖွဲ့တွေ ကိုယ့်အိမ်ရောက်လာလို့ သူတို့အရောင်းဆိုင်ဖွင့်ထားကြောင်းပြောလာခဲ့ရင် ပြန်ဆက်သွယ်လို့ရအောင်လိပ်စာ၊ဖုန်းနံပါတ်တွေသေချာ‌မေးပြီးတောင်းထားကြပါလို့ " CB bank နားမှာ လျှပ်စစ်ပစ္စည်းရောင်းချသူတစ်ဦးကဆိုပါတယ်။

လွန်ခဲ့တဲ့ ဇွန်လမှာလည်း အခုလိုပစ္စည်းလိမ်လည်ရောင်းသူများရဲ့အလိမ်ခံခဲ့ရကြောင်းကို အလိမ်ခံရသူဒေသခံတစ်ဦးကလည်း သူ့ရဲ့အတွေ့အကြုံကိုပြောပြလာပါတယ်။

"ဇွန်လ ၂၁ ရက်နေ့မှာ ကံစမ်းမဲလက်မှတ်‌ရောင်း‌ပေးပါတယ်၊ကံစမ်းကြည့်ပါဆိုပြီး အိမ်ကိုအတင်းဝင်ဖို့ခွင့်တောင်းလာတယ်။ အဲဒါနဲ့ဝင်ခိုင်းလိုက်တော့ ဆိုင်ကယ်၊လျှပ်စစ်အိုး၊အလှပြင်ပစ္စည်းမျိုးစုံပါတယ်။ ချက်ချင်းထိုးချက်ချင်းပေါက်တဲ့ ဗလာမပါကံစမ်းမဲလက်မှတ်လည်းရောင်းတယ်။ပူတာအို ဒုတ္တန်ရပ်ကွက်မှာ ဆိုင်ခန်းအသစ်ဖွင့်မှာမို့ မိတ်ဆက်တဲ့အ‌နေနဲ့ပရိုမိုးရှင်းကာလ‌လုပ်ပေးတာပါဆိုပြီး လာရောင်းတာ။ တခြားရွာတွေမှာ ကံစမ်းမဲပေါက်တဲ့ ဓာတ်ပုံတွေလည်းပြတော့ ကျွန်တော်တို့လည်း အဟုတ်ထင်ပြီး မဲတစ်စောင်ကို ၁၅၀,၀၀၀ကျပ်
နဲ့၀ယ်ပြီးထိုးလိုက်တယ်။ ပေါက်တာက ၁၇,၀၀၀ ကျပ်တန်ပစ္စည်းရလိုက်တယ်။မဲပေါက်ထားတဲ့ ပစ္စည်းမကြိုက်
လို့မယူချင်ရင် မဲပေါက်ထားတဲ့ပစ္စည်းဆိုင်ကိုပြန်သွင်းလို့ရတယ်။ ငွေသားပြန်ယူမယ်ဆိုရင်လည်းရတယ်။ အပိုငွေ ၄၀,၀၀၀ ကျပ်တောင်ထပ်ရမှာဆိုပြီး ပြန်သွားတာ နောက်ပတ်ဆို အဆက်အသွယ် လုံးလုံးမရတော့ဘူး" လို့‌ပြောပါတယ်။

ပစ္စည်းလိမ်လည်ရောင်းချသူတွေ ပူတာအို‌ဒေသရှိရွာတိုင်းကို အုပ်စုလိုက်၀င်ထွက်သွားလာနေတာကိုမြင်တွေ့ရတာက အလွန်စိတ်မ‌ချမ်းမြေ့စရာကိစ္စလိုဖြစ်နေတယ်လို့ ဒေသခံတစ်ဦးကလည်း အခုလိုပြောပါတယ်။

" ကျွန်တော်က နေရာတိုင်းကိုလှည့်လည်သွားနေတဲ့သူဆိုတော့ အဲ့လိုပစ္စည်းရောင်းတဲ့အဖွဲ့တွေကို အမြဲမြင်တွေ့နေရတယ်။ ဆန်ဂေါင်၊ မာမူးလဲ့၊ ကောင်းမှုလုံ မချမ်းဘော၊ မူလာဒီဖက် အဲဒီဖက်ရွာတွေမှာဆို အုပ်စုလိုက်သွားနေကြတာတွေ့တယ်။ ဒေသခံတွေက ဘာမှနားမလည် မသိကြတော့ ဒါကိုအခွင့်ကောင်းယူပြီး အိမ်ပေါ်ထိတက်ရောင်းကြတာ။ ရွာတွေကလူတွေ လူလည်ကျမခံရအောင် တစ်နည်းနည်းနဲ့ပြောပြပေးနိုင်ရင်ကောင်းမှာပဲ"လို့ဆိုပါတယ်။

ပူတာအိုမြို့တွင် လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာလည်း ထွက်ပြီးသားထီလက်မှတ်များကို ထီလက်မှတ်အသစ်‌တွေဟုဆိုကာလိမ်လည်ရောင်းချခဲ့မှုများရှိခဲ့ကြောင်း သိရပါတယ်။

သတင်း - MNP

#ပူတာအိုမှာအုပ်စုလိုက်ပစ္စည်းလိမ်လည်ရောင်းချမှုပိုမိုများပြားလာ #ပူတာအိုသတင်း

Address

Putao

Website

Alerts

Be the first to know and let us send you an email when Gálong News Group -GNG posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Gálong News Group -GNG:

Videos

Share

Nearby media companies