#"ခရီးသွားရတာက ကျွန်တော့်ရဲ့ အိပ်မက်ပါပဲ၊ ခရီးသွားရတဲ့အရသာကိုလည်းကျွန်တော်အရမ်းကြိုက်တယ်။ အခုထိတော့ သွားခဲ့တာ နိုင်ငံပေါင်း ၁၆ နိုင်ငံတော့ကျော်သွားပြီ။ သွားခဲ့သမျှနိုင်ငံတွေထဲမှာတော့ ဘူတန်ကိုအကြိုက်ဆုံးပဲ၊ သူတို့နိုင်ငံရဲ့ ယဉ်ကျေးမှုကို သဘောကျတယ်။ အရမ်းလည်းအေးချမ်းတယ်၊ ဘာမှလောလောမလုပ်ဘူး လူတွေရော စိတ်တွေရော အရမ်းအေးချမ်းတာပဲ'' >> ကျော်ထက်ဇော်
#ကျော်ထက်ဇော်
#Sundaymedia
#KyawHtetZaw
#"ကိုယ်လည်းရေချိုးခန်းထဲက ထွက်လာရော ဟယ်...ဘယ်က မ-ည်းမ-ည်းသဲသဲ တောသူမက ငါ့အခန်းထဲကိုရာရာစစ ရောက်နေရတာလဲပေါ့။ ပြီးတော့ သူက ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီးပြောနေတော့ ဟင် သူက ဘာတွေလာပြောနေတာလဲဆိုပြီး ကြည့်နေတာလေ သူ့ကိုလုံးဝမမှတ်မိဘူး'' >> မထက်
''၃ ယောက်စတိုင်မတူအောင် သနပ်ခါးတွေလိမ်းပြီး သွားကိုနည်းနည်းခေါအောင်လုပ်ထားတာပေါ့။ မခိုင်လေးက ပုံစံမတူအောင် သူက အသေးစိတ်ကူညီပေးတယ်။ မခိုင်လေးကိုလည်းကျေးဇူးတင်ပါတယ်'' >> လင်းလင်း
#MaHtet
#LinLinn
#"အကယ်ဒမီကတော့ ရစရာအကြောင်းမရှိပါဘူး၊ ကျွန်မတို့အဲဒီလောက်အထိလည်း မပီပြင်ပါဘူး။ ကိုယ်ကတော့ အကယ်ဒမီရဖို့တွေဘာတွေအတွက် ကြိုးစားထားတာလည်းမဟုတ်ပါဘူး။ ဒီဇာတ်ကားကြီးပီပြင်ဖို့အတွက်ပဲ ကြိုးစားခဲ့တာဆိုတော့ ကိုယ်တွေက စာရင်းမရှိပါဘူး။ ဇာတ်ကားရိုက်တော့ ကိုရီးယားကသူဌေးမကြီးတွေပုံစံဖြစ်အောင် ဒီဆံပင်ပုံစံကိုညှပ်လိုက်တာပါ။ ကိုယ်က မိန်းမဆန်ဆန် ဆံပင်လေးချပြီးတော့နေရတာကြိုက်တယ်။ ဒီကားနဲ့အမှတ်တရဆိုရင် ဆံပင်တိုတိုညှပ်ရတာရယ် အဝတ်အစားဖိုးရယ် ပိုက်ဆံအိတ်ရယ် လက်ဝတ်လက်စားတွေကအစ အစစ်တွေ ဘရန်းကောင်းကောင်းတွေဝယ်ဝတ်ခဲ့ရတော့ ကျွန်မတောင်ရှုံးသေးတယ်'' >> ခင်စန်းဝင်း
#KhinSanWin
##"အန်တီလဲ့ သီချင်းလေးဖြစ်တဲ့ အချစ်ဆုံးမို့ပြောပြချင်ပါတယ် နဲ့ပရိသတ်အားပေးမှုရခဲ့လို့ အရမ်းကျေးဇူးတင်ရပါတယ်။ အပြင်မှာလည်း အန်တီလဲ့ကို အရမ်းရင်းနှီးပါတယ်။ ကိုယ့်ကိုသမီးဆိုတာ ကြိုက်တယ်လို့အန်တီက ပြောတော့လည်းဝမ်းသာရတယ်။ ပြန်ဆိုတေးတွေကတော့ အရမ်းတာဝန်ကြီးတယ်၊ ပရိသတ်တွေက အဲဒီသီချင်း ရှေ့မှာဆိုခဲ့သူကိုစိတ်ထဲစွဲနေတာလေ၊ မှီအောင်ဆိုဖို့အရမ်းခက်တယ်။ ကိုယ်ဆိုလိုက်တော့မှ ပျက်စီးသွားတယ် ဆိုတဲ့ အသံမကြားရတော့လည်း စိတ်ချမ်းသာရပါတယ်။ ချစ်တဲ့စိတ်နဲ့ နားထောင်ပေးတာကြောင့် အဲဒီလို မပြောတော့ တော်ပါသေးတယ်" >> ဆိုတဲ့ ရေဗက္ကဝင်း
#"ဦးပလာတာတို့ အမေတို့ ရုပ်လေးတွေကို အခုအွန်လိုင်းပေါ်မှာပြန်မြင်ရမှ ပြန်ကြည့်ဖြစ်တယ်၊ အရင်ကသူတို့ကားတွေကို မကြည့်ဖူးဘူးလေ။ ပြီးတော့ တော်တော်များများက ကိုယ့်ကိုဒေါ်ဂွက်ထော်သမီးဆိုတာ မသိကြဘူး။ အမေက ဒေါ်ဂွက်ထော်ပါဆိုမှ ဟယ် ဒီလောက်သေးသေးလေးက ဒီကိုယ်လုံးကြီးကိုဘယ်လိုများမွေးသလဲဆိုပြီးပြောကြတယ်။ မွေးတုန်းကတော့ သေးသေးလေးပေါ့ ကြီးလာမှ တဖြည်းဖြည်းကြီးသွားတာလေ၊ ကိုယ်ကလည်းစားတာကိုး။ မေမေကိုတော့အားလုံးက ဝိုင်းပြီးချစ်ကြပါတယ်၊ ဆုံ-းသွားတာကတော့ ၂၄ နှစ်ရှိပါပြီ။ ကိုယ့်ကိုလည်းဒေါ်ဂွက်ထော်သမီးဆိုပြီးတော့ ဝိုင်းချစ်ကြပါတယ်'' ဆိုတဲ့ >> ကြူကြူသင်း
#ဒေါ်ဂွက်ထော်
#KyuKyuThin
##"သမီးလေးက သုံးနှစ်ကျော်မှာ စပန်းကြဲခဲ့တယ်၊ အခုလေးနှစ်ကျော်မှာ ဖက်ရှင်ရှိုးလေးလျှောက်တတ်နေပြီမို့အရမ်းပီတိဖြစ်ရပါတယ်။ မိခင်တစ်ယောက်အနေနဲ့ သမီးလေးရဲ့ တိုးတက်လာတဲ့ပုံလေးတွေကို ကြည့်ပြီးပျော်ရွှင်ရတယ်။ တီတီစု (ဒီဇိုင်နာ သွင်စုထွေး) ရဲ့ ဝတ်စုံလေးနဲ့ မီးမီးနဲ့ မေမေ အတူတူ လျှောက်ရတဲ့ပုံစံမျိုးလေးပေါ့။ တီတီခင်နန်းထိုက်နဲ့ အတူလျှောက်ရမှာပါ၊ သမီးလေးကို သူစိတ်ဝင်စားမှပဲ သူ့ဆန္ဒအတိုင်းလေး လုပ်ဖြစ်ခဲ့တာပါ သူလုပ်ချင်တယ်ဆိုတာလေးကို အကောင်းဆုံးပံ့ပိုးပေးနေပါတယ်" >> ဆိုတဲ့ သုံးသုံးလေးနဲ့မေမေ
##"ကိုယ်ကတော့ Miss တွေ ထပ်ပြီးမပြိုင်တော့ပါဘူး။ ကလေးတွေ အတွက်ပဲ နောက်ကနေ supporting ပေးပါတော့မယ်။ ကံမစပ်ဘူးလို့ ယူဆပါတယ်၊ ဇွဲမလျော့ဘဲ ကြိုးစားခဲ့ပေမဲ့ မရခဲ့ဘူးလေ။ သဲစုညိမ်းကတော့ အရမ်းအားရတယ်၊ အမြဲလည်း ဝင်ကြည့်ပြီး like လေးတွေ ဝင်ပေးခဲ့တယ်။ သူက တကယ့်ကို တော်တဲ့ ကလေးပါ။ အများကြီးကြားထဲမှာ အခုလို ထင်းထွက်နေအောင်လုပ်ဖို့မလွယ်ဘူး၊သူ့အတွက်အရမ်းဂုဏ်ယူပါတယ်" >> ထွန်းပုလဲ
##"သဲက အရမ်းကိုပါရမီပါသလို အရမ်းလည်းကြိုးစားတာမြင်ရတယ်၊ သူဆုတစ်ခုခုရပါစေလို့ ဆုတောင်းပါတယ်။ သူ့အသက်ငယ်ငယ်နဲ့အရမ်းကြိုးစားထားတဲ့အတွက် ဖြစ်နိုင်ရင် Winner ဖြစ်စေချင်တယ်။
သီတင်းကျွတ်သီချင်းကတော့အရင်ကမဆိုဖူးဘူး၊ သီတင်းကျွတ်ညလေးတစ်ညကိုတော့ အရမ်းကြိုက်တယ်။ ငယ်ငယ်က ညဆိုပွဲဈေးတွေဘုရားတွေသွားရတာ တော်တော်လေးပျော်တယ်။
အခုစိန်စမ္ပယ်ဖူးကပွဲလေးမှာပါဝင်ရတာလည်းတော်တော်လေးပျော်ပါတယ်'' ဆိုတဲ့ >> The SAI
#TheSAI
##"မြန်မာနိုင်ငံကိုယ်စားပြုသွားပြိုင်တဲ့အတွက်ရော အသက်ငယ်ငယ်လေးနဲ့အရည်အချင်းရှိတဲ့အတွက်ရော ပြီးတော့ ထက်လည်းထက်မြက်တဲ့အတွက် ချစ်မွှေးလည်းပါလို့ အကုန်လုံးက ချစ်ကြတာထင်တယ်။ သူက စကားပြောတာ လူမှုပေါင်းသင်းဆက်ဆံရေးတွေရော အကုန်လုံးကောင်းတယ်။ ကိုယ်တောင် အသက် ၂၀ ကျော်ပြီ မရင့်ကျက်သေးဘူး သူက အသက် ၁၇ နှစ်နဲ့တော်တော်လေးကို ရင့်ကျက်တည်ငြိမ်နေပြီ။ သဲသဲကို အခုလည်း အားပေးပါတယ်၊ အခုဆိုရင် လူမှုကွန်ရက်တွေမှာ သူ့ပို့စ်တွေပဲအများဆုံးတွေ့နေရတယ်လေ'' >> အနောနိမတ်
#Anonimus
##"သဲသဲ ကိုစပြီးတော့လေ့ကျင့်ပေးတဲ့ အချိန်မှာ သူတော်တော်လေးကြိုးစားတယ်၊ စလေ့ကျင့်တုန်းက သူယိုင်လဲကျပြီး ဒူးတွေတောင်ညွှတ်ကျတဲ့အထိပဲ။ သူ့ကစပြီး Train တော့ တော်တော်များများက ကာယဗလမောင်ဆီသွားပြီးသင်မှတော့ ကာယဗလရုပ်ကြီးထွက်မှာပေါ့ဆိုပြီး ဝေဖန်ကြတာတွေရှိတယ်။ သူ့ကို အစားအသောက်ကိုလည်း သေချာလေးထိန်းညှိပြီးစားသောက်ခိုင်းတယ်။ သူအရမ်းကြိုးစားလို့လည်း အခုလို ပြောင်းလဲပြီး အောင်မြင်လာတာပါ။ သူက ပြိုင်ပွဲကိုလာကြည့်ဖို့လည်း ဖိတ်ပေမဲ့ မသွားနိုင်ခဲ့ဘူး၊ အကောင်းဆုံးရလဒ်ပိုင်ဆိုင်နိုင်ပါစေလို့လည်း ဆုတောင်းပေးပါတယ်'' >> ကိုမင်းခန့် (Body building Coach)
#MinKhant
#ThelSuNyein
#MissGrandMyanmar
#MissGrandInternational
##"ဒီဝတ်စုံကြီးကို သဲသဲ ကိုယ်တိုင်အရမ်းလိုလိုချင်ချင်ဝတ်ချင်နေတော့ အရမ်းကို သူနဲ့ကိုက်ညီနေတယ်။ ဆယ်ကျော်သက်မိန်းကလေး လို့တောင် ဘယ်လိုမှ မထင်ရဘူး၊ Look ကလည်း အရမ်းချိန်းသွားတယ်။ သူ့အပေါ် စိုးရိမ်စိတ်လုံးဝမရှိဘူး၊ အဲဒီဝတ်စုံကို တစ်ပိုင်းပြီးရင် တစ်ပိုင်း တစ်ချိန်လုံးလာဝတ်နေကျပါ။ သဲသဲ စင်ပေါ်မှာလုပ်ပြနိုင်မယ်လို့လည်း လုံးဝယုံကြည်ပြီးသားပဲ၊ အမိုးကြီးကို ခွဲထွက်လာမယ့် ပုံဆိုရင်လည်း ကိုTK ထပ်လုပ်ပေး၊ သဲသဲတက်နိုင်သေးတယ်ဆိုပြီး သူကိုယ်တိုင်အရမ်းကိုလုံးဝယုံကြည်ချက်ရှိရှိမြှားကြီးကိုင်ထားပြီး လုပ်ကြည့်ခဲ့တာပါ" >> ဆိုတဲ့ National Costume ဝတ်စုံကို ဗိဿနိုးဘုရင်မ အသွင် ထူးထူးခြားခြားဖန်တီးပေးခဲ့တဲ့ ဒီဇိုင်နာ TK
#ThaeSuNyein #Sundaymedia #tk #designer #NationalCostume
##"ဘုန်းဘုန်းတစ်ပါးက သူ့ကျောင်းဆောင်မှာအစ်မတော် မြနန်းနွယ်စံကျောင်းထားတယ်၊ အစ်မတော်က ကိုသာဂိကို မိတ်ကပ်လိမ်းခိုင်းတာမို့ လာခေါ်တယ်၊ ကိုယ့်မှာ တစ်ခါမှ ရုပ်တုကို မိတ်ဆက်မလိမ်းဖူးဘူးလေ၊ ကျွန်တော့်မှာ Crown အကြီးကြီးပါလာတော့ သဲသဲကို Crown ရပါစေဆိုပြီး အဓိဌာန်ခဲ့တယ်။ သဲသဲကို မြင်စေချင်တာလေ၊ မြန်မာပြည်သားတစ်ယောက်အနေနဲ့ ငါ့ကို ဝန်းရံပေးနေပါလားဆိုတဲ့ အင်အားတစ်ခု ရစေချင်လို့ပါ" >> ဆိုတဲ့ ကိုသာဂိ