20/12/2024
New Hero Kalea ကို Advance Server မှာ
စမ်းဆော့လို့ရနေပါပြီ
Sakura နဲ့ Collab မယ်ဆိုတဲ့အတိုင်း
ရှယ်ထိုးပြီးရှယ်လည်း healမှာပါ
Skill အကြောင်း အနည်းငယ်ပြောပြရရင်...
Passive
======
Skill သုံးတိုင်း ပုံထဲကအတိုင်း ရေစက်ဝိုင်းလေးပေါ်လာပြီး အဲ့အပေါ်မှာ skill ထပ်သုံးရင်
အဲ့ရေတွေကို ပြန်စုပ်ယူလိုက်ပါတယ်
အဲ့အခါ Basic Attack သုံးချက် က ပိုကြမ်းသွားပြီး
ရန်သူကိုထိုးရင် ကိုယ်ရော ကိုယ့်အနားက
Teammates တွေပါ heal ပါမယ်
ပြီးတာနဲ့ နောက် BA က အမြီးနဲ့ တစ်ချက်ရိုက်ပြီး
ရေဝိုင်းတစ်ခု ပေါ်လာစေပါတယ်
Skill 1
=====
ရိုးရိုးပါဘဲ မြေကြီးကို ဖုန်းခနဲ ထိုးလိုက်တာပါ
Skill 2
=====
Dash Skill ဖြစ်ပြီး နှစ်မျိုးရှိပါတယ်
ရိုးရိုးက ရန်သူကိုထိရင် တစ်ချက်
ကိုင်ပေါက်ပါတယ်
wall နဲ့ သူ့ရဲ့ ရေဝိုင်း အစွန်းကို ထိမိရင်တော့
လေပေါ်မြောက်သွားပြီး Skill 2 ကို ထပ်နှိပ်ရင်
လေပေါ်ကနေ ဖနောက်နဲ့ ဆောင့်နင်းမှာပါ...
Ulti
===
Target Skill ဖြစ်ပြီး Atlas Ulti ကိုမှ
တစ်ယောက်တည်း ကိုင်ပေါက်လို့ရတာပါ
စမ်းဆော့ကြည့်ပြီးနောက်မှာ Kalea က
Battle တွေထဲမှာ ဆက်တိုက် ထိုးပြီး
ဆက်တိုက်သွေးတက်လို့ရပါတယ်
Skill 2 ရေထုတ်+ skill 1 ရေစုပ်+ သုံးချက်ထိုး+ passive ရေထုတ်+ skill 1 ရေစုပ် + သုံးချက်ထိုး+
passive ရေထုတ်... အစရှိသဖြင့် ဆက်တိုက်ကြီး
ချနေလို့ရပြီး ဆက်တိုက်ကြီး ကိုယ်ရော
ကိုယ့်အသင်းသားတွေပါ သွေးတွေတက်နေမှာပါ
အားနည်းချက်က attack animationက နှေးလို့
သွေးတက်ကြမ်းတဲ့ fighter တွေလောက်
သွေးတက်မမြန်ပါဘူး ပြီးတော့ Stunတွေကလည်း
Kalea အတွက်အာရုံပါ
Hyper ဆော့ဖို့ထက်စာရင် Roam တို့
Exp အမာတို့ဆော့ရင်တော့ ကောင်းမှာပါ
အသေးစိတ် မျက်မြင် သိချင်ရင်တော့
YouTube က MLBB leak channels တွေမှာ
သွားကြည့်လို့ရပါတယ်...
#ဘီလူးမ