Burma VJ

Burma VJ BurmaVJ Media is a multimedia network of citizen journalists and professional journalists working to

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma.[2] The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country,[4] physically or over the Internet.

02/02/2025

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)နှင့် Force for Federal Democracy(FFD)တို့ပါဝင်တဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့ဟာ KNU တပ်မဟာ(၁)နယ်မြေရှိ စစ်ကောင်စီအခြေစိုက် မဲပလီဗျူဟာစခန်းကို ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့ နေ့လယ်(၁၁)နာရီအချိန်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဗီဒီယိုခရက်ဒစ် - BPLA

မြဝတီကျားဖြန့်လုပ်ငန်းကနေ သယ်ယူလာတဲ့ ဖုန်း ၁၂၀၀ ကျော်နဲ့ ကွန်ပျူတာတွေကို ထိုင်းနိုင်ငံတွင်း သိမ်းဆည်းရမိBVJ/Moore _ ဖေဖေ...
02/02/2025

မြဝတီကျားဖြန့်လုပ်ငန်းကနေ သယ်ယူလာတဲ့ ဖုန်း ၁၂၀၀ ကျော်နဲ့ ကွန်ပျူတာတွေကို ထိုင်းနိုင်ငံတွင်း သိမ်းဆည်းရမိ

BVJ/Moore _ ဖေဖော်ဝါရီ ၂ ၊ ၂၀၂၅

အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းမှာ အသုံးပြုတဲ့ ကွန်ပျူတာ၊ ထောင်နဲ့ချီတဲ့ဖုန်းတွေနဲ့ ရာနဲ့ချီတဲ့ ဆင်းကတ်တွေ သယ်ဆောင်လာတဲ့ အမျိုးသားတစ်ဦးကို ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မယ့်ရမတ်မြို့နယ်အတွင်းမှာ ထိုင်းလုံခြုံရေးအာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့တယ်လို့ ဘန်ကောက်ပို့စ် သတင်းဌာနက ဖော်ပြထားပါတယ်။

ထိုင်း-မြန်မာနယ်စပ်အနီး မယ့်ရမတ်စစ်ဆေးရေးဂိတ်မှာ ဒေသဆိုင်ရာအာဏာပိုင်များ၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့များနဲ့ ထိုင်းနယ်ခြားစောင့်လုံခြုံရေးတပ် ပူးပေါင်းအဖွဲ့တွေက မနေ့ ဖေဖော်ဝါရီ ၁ ရက်မှာ ပူးပေါင်းစစ်ဆေးမှုတွေ လုပ်ဆောင်နေချိန် ကျားဖြန့်လုပ်ငန်းမှာ အသုံးပြုတဲ့ ကွန်ပျူတာ၊ ဖုန်း၊ ဆင်းကတ် အရေအတွက်အများအပြားကို သိမ်းဆည်းရရှိခဲ့တာလည်း ဖြစ်ပါတယ်။

မယ့်ရမတ်စစ်ဆေးရေးဂိတ်မှာ မနေ့ စနေနေ့က ကုန်တင်ယာဉ်ငယ်တစ်စီးကို စစ်ဆေးချိန် ဖုန်း ၁၂၅၁ လုံး၊ ဆင်းကတ် ၂၇၄ ခုနဲ့ ကွန်ပျူတာ ၁၉ လုံးတို့ကို ထိုင်းအာဏာပိုင်တွေက ရှာဖွေတွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။ ကျားဖြန့်လုပ်ငန်းမှာ အသုံးပြုတဲ့ အီလက်ထရောနစ်ပစ္စည်းတွေကို သယ်ဆောင်လာတဲ့ အသက် ၄၅ နှစ်အရွယ် ထိုင်းယာဉ်မောင်းဖြစ်သူကို အာဏာပိုင်တွေက မေးမြန်းချိန် မယ့်ရမတ်မြို့နယ် Bann Nam Dib Bon Warn ရွာအနီး သောင်ရင်းမြစ်ကမ်းနားကနေ သယ်ဆောင်လာတာဖြစ်တယ်လို့ ဆိုပါတယ်။

ဖုန်းနဲ့ ကွန်ပျူတာပစ္စည်းတွေကို သယ်ဆောင်ဖို့အတွက် ထိုင်းယာဉ်မောင်းရဲ့ သူဌေးဆီကနေ ဘတ် ၅၀၀၀ လက်ခံရရှိခဲ့ပြီး ကမ္ဘောဒီးယား-ထိုင်းနယ်စပ် ဝက်ဟာနာနာခွန်ခရိုင် Sa Kaeo မြို့ကို ပို့ဆောင်ပေးရမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။ သိမ်းဆည်းရမိတဲ့ အီလက်ထရောနစ်ပစ္စည်းတွေဟာ မြန်မာနိုင်ငံ မြဝတီမြို့နယ် အွန်လိုင်းငွေကြေးလိမ်လည်ဂိုဏ်းတွေက ပစ္စည်းတွေဖြစ်တယ်လို့လည်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

“သူတို့ (ကျားဖြန့်ဂိုဏ်း) တွေက သူတို့လုပ်ငန်းတွေကို ကမ္ဘောဒီးယားဘက်ကို ရွှေ့ဖို့ လုပ်ဆောင်နေကြတာ” လို့ ထိုင်းနယ်စပ်လုံခြုံရေးတပ်ဖွဲ့ ရဲ့ အုပ်ချုပ်ရေးအရာရှိ ဗိုလ်မှူးကြီး Natthakorn Ruantip ကလည်း ထိုင်းသတင်းဌာနတွေကို ပြောပါတယ်။

သိမ်းဆည်းရမိတဲ့ ထောင်နဲ့ချီတဲ့ ကျားဖြန့်လုပ်ငန်းသုံး အီလက်ထရောနစ်ပစ္စည်းတွေနဲ့ပတ်သက်ပြီး ဆက်စပ်ပတ်သက်သူတွေကို ဆက်လက်စုံစမ်းစစ်ဆေးဖို့အတွက် ထိုင်းယာဉ်မောင်းကို မယ့်ရမတ်ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားပြီး ဥပဒေအရ အရေးယူမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။

Ref: Bangkok Post

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်တွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှု ၈၀ ကျော် ဖြစ်ပွားခဲ့BVJ/ထက်အောင် _ ဖေဖော်...
02/02/2025

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်တွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှု ၈၀ ကျော် ဖြစ်ပွားခဲ့

BVJ/ထက်အောင် _ ဖေဖော်ဝါရီ ၂ ၊ ၂၀၂၅

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုဖြစ်စဉ် ၈၄ ခုထက်မနည်းရှိခဲ့ပြီး ဖြစ်စဉ်ရဲ့ထက်ဝက်ခန့်ဟာ ၂၀၂၄ ခုနှစ် ပထမခြောက်လပတ်အတွင်း ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ကချင်အမျိုးသမီးများ သုတေသနအဖွဲ့ (KWRG) နဲ့ ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (KHRW) တို့က အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။

ကချင်ပြည်နယ်အတွင်းက မြစ်ကြီးနားမြို့နယ်၊ ဖားကန့်မြို့နယ်၊ ပူတာအိုမြို့နယ်၊ မိုးညှင်းမြို့နယ်၊ မိုးမောက်မြို့နယ်၊ မံစီမြို့နယ်၊ ဗန်းမော်မြို့နယ်နဲ့ ဝိုင်းမော်မြို့နယ်တို့က ဒေသခံပြည်သူတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှု အချက်အလက်တွေကို KWRG နဲ့ KHRW တို့က လက်လှမ်းမီးသမျှ ကောက်ယူခဲ့တာဖြစ်ပြီး မြေပြင်မှာ ဒီထက်ပိုမိုများပြားနိုင်တယ်လို့လည်း ဆိုပါတယ်။

ကောက်ယူခဲ့တဲ့အချက်အလက်တွေအရ စစ်ကောင်စီစစ်တပ်၊ လက်အောက်ခံ ပြည်သူ့စစ်နဲ့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေရဲ့ ကျူးလွန်မှုတွေကို တွေ့ရှိခဲ့ရပြီး ပြည်သူတွေကို မတရားဖမ်းဆီးတာ၊ အရပ်သားပြည်သူ နေထိုင်ရာနေရာတွေကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာ၊ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ အပြစ်မဲ့ပြည်သူတွေကို သေနတ်နဲ့ ပစ်သတ်တာ၊ မြေမြှုပ်မိုင်းပေါက်ကွဲမှု၊ ပြည်သူတွေကို ဖမ်းဆီးညှင်းပန်း နှိပ်စက်တာ၊ ဒေသခံပြည်သူတွေရဲ့ ပိုင်ဆိုင်မှုတွေ အဓမ္မသိမ်းယူ ဖျက်ဆီးတာ၊ မုဒိမ်းပြုကျင့်မှုနဲ့ ခြိမ်းခြောက်မှုတွေကို လုပ်ဆောင်ခဲ့တာ အများဆုံးတွေ့ရတယ်လို့ ဆိုပါတယ်။

ဒေသခံပြည်သူတွေ လူ့အခွင့်အရေးချိုးဖောက်ခံရမှုဖြစ်စဉ်တွေထဲမှာ နှစ်ဖက်တိုက်ပွဲကြား စစ်ကောင်စီတပ်ရဲ့ လူသားဒိုင်းအဖြစ် အသုံးချခံရတာ၊ အရပ်သားပြည်သူတွေရှိရာနေရာမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားတာ၊ လေကြောင်းကနေ လေယာဉ်၊ ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ ဒေသခံပြည်သူတွေနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေကိုလည်း စစ်ကောင်စီတပ်က အများဆုံးလုပ်ဆောင်ခဲ့တယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

လူ့အခွင့်အရေးချိုးဖောက်ခံရမှုဖြစ်စဉ်တွေအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသလို တိုက်ပွဲနဲ့မသက်ဆိုင်တဲ့နေရာတွေမှာ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေက ကျူးလွန်မှုတွေရှိခဲ့ပြီး ၂၀၂၄ မတ်လ ၃၁ ရက်က မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာက အပြစ်မဲ့ပြည်သူ ၆၀ ခန့်ကို ဖမ်းဆီးနှိပ်စက်တာတွေလည်း ရှိခဲ့ပါတယ်။ ဆားမှော်ကျေးရွာက ဒေသခံပြည်သူတွေ ဘုရားကျောင်းအတွင်း ဝတ်ပြုဆုတောင်းချိန် စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက ဝင်ရောက်ဖမ်းဆီး နှီပ်စက်ခဲ့တာလည်း ဖြစ်ပါတယ်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါ၊ လိုင်ဇာမြို့နယ် မုန်လိုင်ခက်ဖြစ်စဉ်တွေအပါအဝင် ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၁၇၀ ထက်မနည်း သေဆုံးခဲ့ပြီး စစ်ကောင်စီက အရပ်သားပြည်သူတွေနဲ့ စစ်ဘေးရှောင်စခန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သလို လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ စစ်ရာဇဝတ်မှုတွေကိုလည်း ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။

ပုံစာ - ၂၀၂၃ အောက်တိုဘာ ၉ ရက်က လိုင်ဇာမြို့ မုန်လိုင်ခက်ရွာ စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူတွေ သင်္ဂြိုလ်မှု ပြုလုပ်နေစဉ် (Photo: DEX)

KNDF ပူးပေါင်းတပ်တွေနဲ့ ဖြစ်ပွားခဲ့တဲ့ ဇန်နဝါရီလ ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံးခဲ့BVJ/အိုင်းရ...
02/02/2025

KNDF ပူးပေါင်းတပ်တွေနဲ့ ဖြစ်ပွားခဲ့တဲ့ ဇန်နဝါရီလ ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံးခဲ့

BVJ/အိုင်းရစ် _ ဖေဖော်ဝါရီ ၂ ၊ ၂၀၂၅

ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်နယ် တောင်ပိုင်းတို့မှာ ဒေသတော်လှန်ရေး ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား ဇန်နဝါရီလထဲမှာ ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ၃၀ ကျော် သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဒီနေ့ ဖေဖော်ဝါရီ ၂ ရက် မှာ ထုတ်ပြန်လာပါတယ်။

ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ်၊ ဘော်လခဲမြို့နယ်၊ ဖားဆောင်းမြို့နယ်နဲ့ ရှမ်းတောင်နယ်စပ် ဆီဆိုင်မြို့နယ်၊ မိုးဗြဲမြို့နယ်တို့မှာ ဇန်နဝါရီလအတွင် ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။ ဘော်လခဲမြို့နယ် မိုင်းထမ်းကျေးရွာနဲ့ ဝမ်မလန်းကျေးရွာကြားကို စစ်ကြောင်းထိုးထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့‌တွေကို KNDF အပါအဝင် ကရင်နီ တော်လှန်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀)ဦးဝန်းကျင် သေဆုံးကာ လက်နက် (၄) လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အခုလ ဇန်နဝါရီ ၉ ရက်ကလည်း ရှမ်းတောင်နယ်စပ် ဆီဆိုင်မြို့နယ်၊ ရွှေတဂူကျေးရွာအနီး စေတီကုန်း‌မှာ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ် (PNO) တပ်ဖွဲံတို့ ပူးပေါင်းတပ်စွဲထားတဲ့ စခန်းကုန်းကို KNDF နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက် ဖျက်ဆီးနိုင်ခဲ့သလို စစ်ကောင်စီဘက်က ၃၀ ကျော် သေဆုံးကာ လက်နက်ကြီးငယ် (၂၈) လက်ကို သိမ်းဆည်းရရှိခဲ့ပါသေးတယ်။

မိုးဗြဲမြို့အခြေစိုက် စစ်ကောင်စီ အမှတ် (၄၂၂) ခြေမြန်တပ်ရင်းက စစ်ကောင်စီ စစ်ကြောင်းအချို့ မိုးဗြဲမြို့တွင်း ဝင်ရောက်နိုင်ရေး ကြိုးပမ်းနေချိန် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နေ့စဉ် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုတွေ ရှိနေခဲ့သလို စစ်ကောင်စီဘက်က ဒရုန်း၊ လက်နက်ကြီး‌တွေကို အသုံးပြုပြီး တိုက်ခိုက်မှုတွေ နေ့စဉ်နီးပါး လုပ်ဆောင်ခဲ့ပါတယ်။ ဇန်နဝါရီလ (၁၉) ရက်ကလည်း မိုးဗြဲမြို့ကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ KNDF ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ပြီး တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ဇန်နဝါရီလတစ်လတာ တိုက်ပွဲတွေအတွင်း KNDF ပူးပေါင်းတပ်တွေဘက်က ရဲဘော် ၆ ဦး ကျဆုံးခဲ့သလို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ကလေးအပါအဝင် အပြစ်မဲ့ပြည်သူ ၇ ဦး သေဆုံးခဲ့ကာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးနဲ့ ကလေးအပါအဝင် ဒေသခံပြည်သူ ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်း ၄ နှစ်တာကာလအတွင်း စစ်ကောင်စီတပ်ကနေ ဘက်ပြောင်းခိုလှုံလာသူ ၁၀၀ ကျော်ရှိနေတယ်လို့ KNDF ဒုစစ်ဦးစီးချုပ် ကိုမာဝီကလည်း ဖက်ဒရယ် FM သတင်းဌာနကို ဖြေကြားထားသလို အခု ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း အလင်းဝင်လာတဲ့ စစ်ကောင်စီ ဒုအရာခံဗိုလ် (၁)ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး လက်နက် (၇) လက်နဲ့အတူ KNDF တရင်းတွေဆီ အလင်းဝင်ရောက်လာပါသေးတယ်။

စစ် အာဏာသိမ်း လေးနှစ်ပြည့် ယူကေရောက် မြန်မာပြည်ဖွားများ ဆန္ဒပြ  စစ် အာဏာသိမ်း လေးနှစ်ပြည့်နေ့တွင် နိုင်ငံရေးအကျဉ်းသားမျာ...
01/02/2025

စစ် အာဏာသိမ်း လေးနှစ်ပြည့် ယူကေရောက် မြန်မာပြည်ဖွားများ ဆန္ဒပြ

စစ် အာဏာသိမ်း လေးနှစ်ပြည့်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ အားလုံးလွှတ်ပေးရေး၊ အရပ်သားပြည်သူများအား မတရားသတ်ဖြတ်မှု၊ ဘာသာရေး အဆောက်အုံများ၊
စာသင်ကျောင်းများ ဗုံးကြဲနေမှု ရပ်တန့်ရေး ယူကေရောက်မြန်မာပြည်ဖွား ၆၀၀ ရာကျော် ယနေ့ ပါလီမန် မြက်ခင်းပြင်၌ တောင်းဆိုဆန္ဒပြခဲ့သည်။

အခမ်းအနားကို ဗြိတိန် ကွန်ဆာဗေးတစ်ပါတီမှ ဝန်ကြီးဟောင်း Mr.Paul Scully၊ Burma campaign UK မှ အမှုဆောင်အရာရှိချုပ် Ms. Anna Roberts နှင့် ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ မွန် စသည့် တိုင်းရင်းသားကိုယ်စားလှယ်များ၊ Burmese Muslim association၊ Myanmar Unity Movement၊ Myanmar Hindu Union၊ Stars of Myanmar Friendship မှ ကိုယ်စားလှယ် များ တက်ရောက် မိန့်ခွန်း ပြောကြားခဲ့ကြပြီး၊ စစ်ကောင်စီ၏ လုပ်ရပ်များကို ဆန္ဒပြခြင်းသာမက နွေဦးတော်လှန်ရေးတွင် ကျဆုံးသွားသည့် အာဇာနည်များအား အလေးပြုခဲ့ကြသည်။

Photo Credit: Myanmar Diaspora Diary

“အိမ်လွမ်းသူတွေရဲ့ ရန်ကုန် မြို့တပတ် လမ်းလျှောက်ထွက်ခြင်း” (PHOTO EASSAY)စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၄ နှစ်တာကာလအတွင်...
01/02/2025

“အိမ်လွမ်းသူတွေရဲ့ ရန်ကုန် မြို့တပတ် လမ်းလျှောက်ထွက်ခြင်း” (PHOTO EASSAY)

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၄ နှစ်တာကာလအတွင်း ရန်ကုန်မြို့ရဲ့ ပြောင်းလဲသွားတဲ့ အခိုက်အတန့်တွေ၊ အခက်အခဲတွေကြားကနေ ကြံ့ကြံ့ခိုင် တည်ရှိနေတဲ့ ရန်ကုန်နေ ပြည်သူတွေရဲ့ ဘဝတွေနဲ့ ယုံကြည်ရာကို ဆုပ်ကိုင်ရင်း ဆက်လက်တိုက်ပွဲဝင်နေကြတဲ့သူတွေအကြောင်းကို မှတ်တမ်းဓာတ်ပုံ ရိုက်ကူးသူ ကိုကင်းက ဒီနေ့ ဖေဖော်ဝါရီ ၁ ရက်မှာ “ရန်ကုန်မြို့တပတ် လမ်းလျှောက်ထွက်ခြင်း” ခေါင်းစဉ်နဲ့ ဓာတ်ပုံပြပွဲလေးတစ်ခု ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံပြပွဲကို မဲဆောက်မြို့တနေရာမှာ ကျင်းပခဲ့တာဖြစ်ပြီး နိုင်ငံခြားသား ဧည့်သည်တွေနဲ့ စိတ်ဝင်စားသူအများအပြား တက်ရောက်ခဲ့ကြပါတယ်။ စစ်ကောင်စီရဲ့ အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်မှုတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် မိသားစုတွေရဲ့အိမ် ရန်ကုန်မြို့ကနေ စွန့်ခွာကာ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးတိမ်းရှောင်လာကြရတဲ့ အိမ်လွမ်းသူတွေအတွက် “ရန်ကုန် မြို့တပတ် လမ်းလျှောက်ထွက်ခြင်း” ဟာ ကိုယ့်ရဲ့နေရပ်ဟောင်းကို ပြန်ပြောင်းသတိရမိစေမှာလည်း ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းထိ မှတ်တမ်းတင်နိုင်ခဲ့တဲ့ ဓာတ်ပုံတွေဟာ လေးနှစ်တာကာလအတွင်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ ပြည်သူတွေ၊ တော်လှန်ရေးတိုက်ပွဲဝင်နေသူတွေ နည်းလမ်းမျိုးစုံနဲ့ ဆန္ဒထုတ်ဖော်ပြသခဲ့တာတွေကို မှတ်တမ်းတင်နိုင်ခဲ့တာဖြစ်သလို တော်လှန်ရေးကာလ ရန်ကုန်မြို့နေ ပြည်သူတွေရဲ့ နေ့စဉ်ဘဝ သွားလာလှုပ်ရှားမှု ပုံရိပ်တွေကိုလည်း မှတ်တမ်းဓာတ်ပုံ ရိုက်ကူးသူ ကိုကင်းက မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

Photo: Burma VJ

စစ်တပ်အာဏာသိမ်း ၄ နှစ်မြောက်နေ့မှာ ထောင်တွင်း ဖိနှိပ်မှုတွေနဲ့ ကြုံတွေ့နေရတဲ့  နိုင်ငံရေးအကျဉ်းသားအတွက် ဆန္ဒထုတ်ဖော်BVJ/...
01/02/2025

စစ်တပ်အာဏာသိမ်း ၄ နှစ်မြောက်နေ့မှာ ထောင်တွင်း ဖိနှိပ်မှုတွေနဲ့ ကြုံတွေ့နေရတဲ့ နိုင်ငံရေးအကျဉ်းသားအတွက် ဆန္ဒထုတ်ဖော်

BVJ/ထက်အောင် _ ဖေဖော်ဝါရီ ၁ ၊ ၂၀၂၅

မြန်မာနိုင်ငံတစ်ဝန်းက အကျဉ်းထောင်အသီးသီးမှာ လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုနဲ့ ဖိနှိပ်ညှင်းပန်းခံနေရမှုတွေ ကြုံတွေ့နေရတဲ့ နိုင်ငံရေးအကျဉ်းသား၊ နိုင်ငံရေးအကျဉ်းသူတွေကို ဖိနှိပ်မှု ရပ်တန့်ဖို့နဲ့ ခြွင်းချက်မရှိ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့အတွက် ဒီနေ့ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်း ၄ နှစ်ပြည့်မှာ နိုင်ငံရေးအကျဉ်းသား/သူဟောင်းတွေနဲ့ တော်လှန်ရေးရဲဘော်တွေက ဓါတ်ပုံကမ်းပိန်း ပြုလုပ်ခဲ့ကြပါတယ်။

စစ်ကောင်စီ မတရားဖမ်းဆီးခဲ့ပြီး အကျဉ်းကျခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူတွေ ပြန်လည်လွတ်မြောက်လာချိန် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) က နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးလည်း ပြောပါတယ်။

“ဒီနေ့ဟာ စစ်တပ်ရဲ့ အာဏာသိမ်းမှု ၄ နှစ်ပြည့်တဲ့နေ့ဖြစ်ပြီး စစ်ကောင်စီကတော့ စစ်အုပ်ချုပ်ရေးကို ၆ လ ထပ်မံသက်တမ်းတိုးခဲ့ပါတယ်။ ကျွန်တော်တို့ကတော့ အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာပေမဲ့ စစ်တပ်ရဲ့ အုပ်ချုပ်မှုအောက်ကနေ မလွတ်မြောက်နိုင်သေးတာကြောင့် အဆုံးစွန်ထိ တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်းလည်း ပြောပြချင်ပါတယ်။ ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူတွေ အများကြီး ရှိနေပါသေးတယ်။ သူတို့က နေ့တိုင်း လူ့အခွင့်အရေး ချိုးဖောက်တာတွေ ခံနေရတယ်” လို့ CTUM က နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၄ နှစ်တာကာလအတွင်း တော်လှန်ရေးမှာပါဝင်နေတဲ့ အလုပ်သမား၊ နိုင်ငံတစ်ဝန်းက ပြည်သူတွေနဲ့ ရဲဘော်တွေကို စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့တွေက ဖမ်းဆီးနှိပ်စက်ပြီး မတရားအကျဉ်းချခဲ့သလို ဖမ်းဆီးခံရချိန်နဲ့ စစ်ကြောရေးကာလတွေမှာ ဖိနှိပ်ညှင်းပန်းမှုတွေကြောင့် အသက်သေဆုံးမှုတွေ ရှိခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ဖမ်းဆီးသတ်ဖြတ်မှုနဲ့ အကြမ်းဖက်နှိပ်စက်မှုတွေကြောင့် အာဏာသိမ်း ၄ နှစ်တာကာလအတွင်း နိုင်ငံတစ်ဝန်း ပြည်သူ ၆၂၀၀ ကျော် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇန်နဝါရီ ၃၀ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကောင်စီ အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်နိုင်ခဲ့တဲ့ ဗိုလ်ကြီး စောဒါဘောကို KNU က သူရတံဆိပ် ချီးမြှင့်BVJ/ထက်အောင် _ ဖ...
01/02/2025

စစ်ကောင်စီ အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်နိုင်ခဲ့တဲ့ ဗိုလ်ကြီး စောဒါဘောကို KNU က သူရတံဆိပ် ချီးမြှင့်

BVJ/ထက်အောင် _ ဖေဖော်ဝါရီ ၁ ၊ ၂၀၂၅

စစ်ကောင်စီ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်းကို ဖြတ်တောက်တိုက်ခိုက်နိုင်ခဲ့တဲ့ ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ကြီး စောဒါဘောကို မနေ့ ဇန်နဝါရီ ၃၁ ရက်မှာ သူရဘွဲ့တံဆိပ် ပေးအပ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ဖေဖော်ဝါရီ ၁ ရက်မှာ ထုတ်ပြန်လာပါတယ်။

KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်‌မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၂၇ တပ်ရင်းမှူး ကော်ဘရာစစ်ကြောင်းမှူး ‌ဗိုလ်ကြီး စောဒါဘောအနေနဲ့ ကရင်ပြည်နယ် ရှေ့တန်းစစ်မြေပြင်တွေမှာ ရဲရဲရင့်ရင့် တိုက်ခိုက်နိုင်ခဲ့သလို အင်အား ၅၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးနေတဲ့ အောင်ဇေယျစစ်ကြောင်းကို ချိုးဖျက်တိုက်ခိုက်နိုင်ခဲ့တာကြောင့်လည်း အခုလို ဂုဏ်ပြုဆု ပေးအပ်ခဲ့တာလို့ ဖော်ပြထားပါတယ်။

သူရဘွဲ့တံဆိပ်ကို KNLA- (ဗဟို) စစ်ဌာနချုပ်က စစ်ဦးစီး ပထမတန်း (G1) ဗိုလ်မှူးချုပ် စောတာမလာသောက KNLA ၂၇ တပ်ရင်း တပ်ရင်းမှူး ဗိုလ်ကြီး စောဒါဘောကို သွားရောက်ဂုဏ်ပြုချီးမြင့်ခဲ့တယ်လို့လည်း သိရပါတယ်။

ယင်းအခမ်းအနားကို သဘာပတိ ဗိုလ်မှူးကြီး စောနယ်ဒါထူးက အဖွင့်မိန့်ခွန်းစကားပြောကြားခဲ့ပြီး တပ်ဖက်ခေါင်းဆောင်တွေဖြစ်တဲ့ ကရင်လွတ် မြောက်ရေးတပ်မတော် (ဗဟို) စစ်ဦးစီးပထမတန်း (G1) ဗိုလ်မှူးချုပ် စောတာမလာသော၊ တပ်မဟာ(၆) ဗျူဟာမူး ဗိုလ်မှူးကြီး စောနယ်ဒါးထူး၊ တပ်းရင်း(၂၇) တပ်ရင်းမှူး ၊ ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်မှူး စောဒါဘော၊ တပ်ဗိုလ်၊ တပ်မှူး‌တွေနဲ့ စစ်သားတွေ တက်ရောက်ခဲ့တယ်လို့လည်း သိရပါတယ်။

၇၆ နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ အခမ်းအနားကို KNU ဌာနချုပ်‌ မာနယ်ပလောနယ်မြေမှာ မနေ့ ဇန်နဝါရီ ၃၁ ရက်က ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်း ရဲ့ အိတ်ဖွင့်ပေးစာဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ဥက္ကဌ၊ စစ်...
01/02/2025

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်း ရဲ့ အိတ်ဖွင့်ပေးစာ

ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်
ဥက္ကဌ၊ စစ်ကောင်စီ ၊ မြန်မာနိုင်ငံ။
မှတဆင့် မြန်မာသံရုံး ။ 19 a Charles Street, London, W1J 5DX, UK

၁/၂/၂၀၂၅

အကြောင်းအရာ ။ ဒေါ်အောင်ဆန်းစုကြည် ။

ဗိုလ်ချုပ်မှုးကြီး သို့

ဒေါ်အောင်ဆန်းစုကြည်အား ၁/၂/၂၀၂၁ နေ့ မှစ၍ ၄ နှစ်တိုင်ပြီ ဖြစ်သော ယနေ့အထိ သင်တို့ ဖမ်းဆီးချုပ်နှောင် ကာ ဆေးကုသ ခွင့်ပင် မပေးခဲ့ပါ ။
ဤ ၄ နှစ်လုံးလုံး နိုင်ငံတကာ ကြက်ခြေနီ အသင်း ကိုသော် ၎င်း ၊ သူမ ၏ မိသားစု ကို ၎င်း လုံးဝ ပေးမတွေ့ခဲ့ပါ ။

ဤသို့သော ပြုမူ ဆက်ဆံ ခြင်းသည် သူမ ၏ မြန်မာ ပြည်သူတဦး အနေ နှင့်သာမက လူသားတဦး ၏ ရသင့် သော အခွင့် အရေး ကိုပင် ငြင်းပယ် ကာ တားဆီး ပိတ်ပင် ထားခြင်း ဖြစ်သည်။ မြန်မာ ပြည်သူလူထု ၏ နို ဝင် ဘာ ၂၀၂၀ တွင် သူမ အား တရားဝင် ဆန္ဒ မဲပေးရွေးခြယ် ကာ အစိုးရ အဖြစ် တာဝန်ပေးခဲ့ သည် ကိုလည်း စော်ကား အလေးမထားရာ ကြပေသည်။
ကျွန်တော် သည် နိုင်ငံရေး သမား မဟုတ်ပါ ၊ ဒေါ်အောင်ဆန်းစုကြည်၏ သားအရင်းတဦး အနေ နှင့် သူမ ၏ ကျန်းမာရေး ကို အလွန် ပင် စိုးရိမ် ပူပန် ၍ ယခု လို တောင်းဆိုနေခြင်းဖြစ်သည် ။ ဤနှစ်ထဲတွင် အသက် ၈၀ ပြည့်တော့မည့် အမေ အား ကျွန်တော် အလွန် စိုးရိမ် နေသည် ။
ထို့ကြောင့် ကျွန်တော် အနေနှင့် လွတ်လပ်သော ကမ္ဘာ ကြီး ၊ အထူးသဖြင့် မြန်မာ ပြည်သူ လူထု ကိုယ်စား တောင်းဆိုလိုသည်မှာ လူသားခြင်း စာနာ သော ဂရုဏာ စိတ်ထား ဖြင့် သူမ အား ချက်ခြင်း လွှတ်ပေးပါရန် တောင်းဆို အပ်သည် ။
ထို့ အပြင် သူမ ၏ သား အရင်း ဖြစ်သော ကျွန်တော့် အား မိခင် ကို လူကိုယ်တိုင်တွေ့ဆုံ ခွင့် ပေးခြင်းဟူသော အခြေခံလူသား အခွင့်အရေး ပေးပါရန် တောင်းဆိုအပ်သည်။ ထိုအတွက် ယူကေ မှ မြန်မာပြည် သို့ ကျွန်တော် ကိုယ်တိုင် လာရောက် တွေ့ဆုံ ပါမည်။

ပုံ
Kim Aris

ဆက်သွယ်ရန် လိပ်စာ
Mr Kim Aris
C/O The Suu Foundation
730 7th Street
Suite 203
Eureka CA 95501
USA
E mail : [email protected]

#ထိန်လင်း
#အောင်ဆန်းစုကြည်

ဘာသာပြန် - ဒေါက်တာ မွန်မွန်ကလေး
ဓတ်ပုံ - ဗညား၊ BVJ

စစ်တပ်အာဏာသိမ်း ၄ နှစ်ပြည့်ချိန် အမေရိကန်၊ ဥရောပသမဂ္ဂတို့ ပူးတွဲကြေညာချက်ထုတ်BVJ/အိုင်းရစ် _ ဖေဖော်ဝါရီ ၁ ၊ ၂၀၂၅စစ်တပ်အာ...
01/02/2025

စစ်တပ်အာဏာသိမ်း ၄ နှစ်ပြည့်ချိန် အမေရိကန်၊ ဥရောပသမဂ္ဂတို့ ပူးတွဲကြေညာချက်ထုတ်

BVJ/အိုင်းရစ် _ ဖေဖော်ဝါရီ ၁ ၊ ၂၀၂၅

စစ်တပ်အာဏာသိမ်းမှုနဲ့အတူ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု၊ လေကြောင်းတိုက်ခိုက်မှုနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ပြည်သူသန်းနဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရမှု စတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်တွေကို ပြစ်တင်ရှုတ်ချကြောင်း အမေရိကန်၊ သြစတြေးလျ၊ ကနေဒါ၊ ဥရောပသမဂ္ဂ၊ ကိုရီးယားသမ္မတနိုင်ငံ၊ နယူးဇီလန်၊ နော်ဝေး၊ ဆွစ်ဇာလန်၊ ယူကေနိုင်ငံတို့က ဒီနေ့ ဖေဖော်ဝါရီ ၁ ရက်မှာ ပူးတွဲကြေညာချက် ထုတ်ပြန်လာပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်က ရွေးကောက်ခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရထံကနေ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်ကာ အဓမ္မ အာဏာသိမ်းယူခဲ့တာလည်း ဖြစ်ပါတယ်။ အာဏာသိမ်း ၄ နှစ်တာကာလအတွင်း စစ်ကောင်စီက လူ့အခွင့်အရေးချိုးဖောက်မှု၊ လိင်ပိုင်းဆိုင်ရာနဲ့ ကျား/မ အခြေပြု အကြမ်းဖက်မှုများ၊ ဘာသာရေးနဲ့ တိုင်းရင်းသားလူနည်းစုတွေအပေါ် စနစ်တကျ နှိပ်ကွပ်မှုနဲ့ ခွဲခြားဆက်ဆံမှုတွေ ပြစ်တင်ရှုတ်ချကြောင်း အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ အခြားနိုင်ငံတွေက ပူးတွဲထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ အရှိန်မြှင့် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူအများအပြား ထိခိုက်သေဆုံးခဲ့ရသလို စာသင်ကျောင်း၊ ဆေးရုံဆေးခန်း၊ ဘာသာရေးအဆောက်အအုံနဲ့ လူနေရပ်ကွက်၊ အများပြည်သူ သွားလာရာ ဈေးနေရာတွေကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုတွေလည်း များခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာအကျပ်အတည်းနဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့အစည်းက ဖော်ဆောင်နေတဲ့ ဘုံသဘောတူညီချက် ၅ ရပ်အပေါ် ထောက်ခံကြောင်းနဲ့ အာဆီယံနဲ့ ကုလသမဂ္ဂအထူးကိုယ်စားလှယ်တွေအကြား ပူးပေါင်းဆောင်ရွက်မှုတွေကို ကြိုဆိုကြောင်းကိုလည်း အမေရိကန်နဲ့ အခြားနိုင်ငံတွေရဲ့ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံတွင်းဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကို ချက်ချင်းလျှော့ချဖို့နဲ့ နိုင်ငံတစ်ဝန်းက အရပ်သားပြည်သူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို အတားအဆီးမရှိ အပြည့်အဝ ဘေးကင်းလုံခြုံစွာ ပေးအပ်နိုင်ဖို့ကိုလည်း စစ်ကောင်စီကို တောင်းဆိုကြောင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်တပ်အာဏာသိမ်းကာလအတွင်း မူးယစ်ဆေးဝါး ထုတ်လုပ်မှု၊ တရားမဝင် ကုန်သွယ်မှု၊ ငွေကြေးလိမ်လည်မှုနဲ့ လူကုန်ကူးမှုတွေ ပိုမိုဆိုးရွားလာပြီး နိုင်ငံဖြတ်ကျော်မှုခင်းတွေကြောင့် ဒေသတွင်း အိမ်နီးချင်းနိုင်ငံတွေအပေါ်လည်း သက်ရောက်မှုရှိကာ ဒေသတွင်း မတည်ငြိမ်မှုတွေကိုလည်း ဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။

Photo: Reuters.

01/02/2025

စစ်ခေါင်းဆောင်ကို လိပ်မှုထားတဲ့ ကိုထိန်လင်းရဲ့ အိတ်ဖွင့်ပေးစာ

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်းက အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လိပ်မူထားတဲ့ အိတ်ဖွင့်ပေးစာတစ်စောင်ကို လန်ဒန်က မြန်မာသံရုံးကို မနေ့က သွားပေးခဲ့ပါတယ်။

သူ့အမေလွတ်မြောက်ရေးအတွက် တောင်းဆိုထားတဲ့ စာကို သံရုံးကလက်ခံယူလိုက်လား။ အရင်တစ်ခေါက်တုန်းကလိုပဲ တုံ့ပြန်လိုက်လားဆိုတာ BVJ အဖွဲ့သား ကိုအောင်ကြီးက စုစည်းတင်ပြထားပါတယ်။

BVJ ရဲ့ ယူကျူ့ချန်နယ်မှာလဲ ဗီဒီယိုတွေကြည့်ရှုအားပေးပြီး Subscribe လုပ်ပေးကြပါလို့ တိုက်တွန်းပါရစေ။
https://www.youtube.com/watch?v=itrtTGoSLX8

#ထိန်လင်း
#အောင်ဆန်းစုကြည်

ရိုက်ကူး - ဗညား၊ BVJ

၇၆ နှစ်မြောက် ကရင့်တော်လှန်ရေးနေ့အခမ်းအနားကို AA ၊ KPLA နဲ့ BPLA တာဝန်ရှိသူတွေ တက်ရောက်ခဲ့BVJ/အိုင်းရစ် _ ဇန်နဝါရီ ၃၁ ၊ ...
31/01/2025

၇၆ နှစ်မြောက် ကရင့်တော်လှန်ရေးနေ့အခမ်းအနားကို AA ၊ KPLA နဲ့ BPLA တာဝန်ရှိသူတွေ တက်ရောက်ခဲ့

BVJ/အိုင်းရစ် _ ဇန်နဝါရီ ၃၁ ၊ ၂၀၂၅

ကရင်ပြည်နယ် ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုဌာနချုပ် နေရာတစ်ခုမှာ ကျင်းပတဲ့ ၇၆ နှစ်မြောက် ကရင့်တော်လှန်ရေးနေ့အခမ်းအနားကို KNU ဌာနချုပ်ဟောင်း မာနယ်ပလောနယ်မြေမှာ ဒီနေ့ ဇန်နဝါရီ ၃၁ ရက် မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။ ဒီနေ့အခမ်းအနားကို KNU ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့အတူ မဟာမိတ်တပ်ဖွဲ့က တာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

နှစ်ပေါင်း ၃၀ ကျော်ကြာ လက်လွှတ်ခဲ့ရပြီးနောက် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၆ ရက်က ပြန်လည်သိမ်းယူနိုင်ခဲ့တဲ့ မာနယ်ပလောနယ်မြေမှာ ၇၆ နှစ်ပြည့် ကရင့်တော်လှန်ရေးနေ့အခမ်းအနားကို ပထမဆုံးအကြိမ် ပြန်လည်ကျင်းပခဲ့နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

အခမ်းအနားကို ကရင်အမျိုးသားအစည်းအရုံး (ဗဟို) က ဥက္ကဌ ပဒိုစောကွယ်ထူးဝင်း၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) စစ်ဦးစီးချုပ် စောဂျော်နီအပါအဝင် ထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြသလို မဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ အာရက္ခတပ်တော် (AA) ၊ ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (KPLA) နဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) တို့က တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

"ကျနော်တို့ရဲ့ ကွပ်ကဲရေးမှူး ကိုဆောင်းခနဲ့ တာဝန်ရှိသူတချို့ တက်ရောက်ခဲ့ပါတယ်။ ကျနော်တို့ရဲ့ အမှတ်(၁၀၇)စစ်ဒေမှာ ဖော်ဆောင်ခဲ့တဲ့ အရင်ကတိုက်ပွဲတွေရော အခုလက်ရှိတိုက်နေတဲ့ ဖာပွန်တိုက်ပွဲအားလုံးက မဟာမိတ် KNLA နဲ့အတူ ပူးတွဲဖော်ဆောင်ခဲ့တာဖြစ်ပါတယ်" လို့ ၇၆ နှစ်မြောက် ကရင့်တော်လှန်ရေးနေ့အခမ်းအနားကို BPLA ခေါင်းဆောင် မောင်ဆောင်းခ တက်ရောက်ခဲ့မှုနဲ့ပတ်သက်ပြီး ပြန်ကြားရေးတာဝန်ခံ ကိုလင်းလင်းကလည်း Burma VJ ကို အတည်ပြုပြောပါတယ်။

၁၉၄၉ ခုနှစ် ဇန်နဝါရီ ၃၁ ရက်မှာ စတင်ခဲ့တဲ့ ကရင့်တော်လှန်ရေးဟာ ကရင်တမျိုးသားလုံးနဲ့သက်ဆိုင်ပြီး လိုလားချက်တွေ ပြည့်ဝဖို့အတွက် ကရင်တမျိုးသားလုံးရဲ့ တာဝန်ဖြစ်သလို စည်းစည်းလုံးလုံး၊ ရဲရဲရင့်ရင့်နဲ့ ကျရာကဏ္ဍမှာ ပါဝင်ဆောင်ရွက်သွားဖို့ လိုအပ်တယ်လို့ KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းကလည်း ကရင့်တော်လှန်ရေးနေ့ သဝဏ်လွှာမှာ ရေးသားဖော်ပြထားပါတယ်။

ဒါ့အပြင် ဖက်ဒရယ်ပြည်ထောင်စုစစ်စစ်ကို တည်ဆောက်ဖို့ KNU ရဲ့ နိုင်ငံရေး ရည်မှန်းချက်ဟာလည်း ပြည်သူအားလုံးရဲ့ အကျိုးစီးပွားအတွက်ပဲ ဖြစ်တာမို့ တိုင်းရင်းသားလူမျိုးများ၊ နိုင်ငံရေးအဖွဲ့တွေနဲ့လည်း လက်တွဲဆာင်ရွက်သွားဖို့ လိုအပ်တယ်လို့လည်း ဖော်ပြထားပါတယ်။

Photo: KNU, Wild Bird

စဉ့်ကူမြို့နယ် ပြည်သူ့ဆေးရုံကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်BVJ/ထက်အောင် _ ဇန်နဝါရီ ၃၁ ၊ ၂၀၂၅မန္တလေးတိုင်း စဉ့်ကူမြို့...
31/01/2025

စဉ့်ကူမြို့နယ် ပြည်သူ့ဆေးရုံကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

BVJ/ထက်အောင် _ ဇန်နဝါရီ ၃၁ ၊ ၂၀၂၅

မန္တလေးတိုင်း စဉ့်ကူမြို့နယ် ပြည်သူ့ဆေးရုံကို စစ်ကောင်စီက ဒီနေ့မနက်အစောပိုင်းမှာ လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာကြောင့် ဆေးရုံအဆောင်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY PDF) က ထုတ်ပြန်ထားပါတယ်။

ဒီနေ့ ဇန်နဝါရီ ၃၁ ရက် မနက် ၁၂ နာရီ ၁၅ မိနစ်ဝန်းကျင်မှာ မြို့နယ်ပြည်သူ့ဆေးရုံကို အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ စဉ့်ကူမြို့နယ် အနီးဝန်းကျင်မှာလည်း တိုက်ပွဲဖြစ်ပွားတာမျိုး မရှိသလို တိုက်ပွဲနဲ့မသက်ဆိုင်တဲ့ ဆေးရုံတွေကို စစ်ကောင်စီက ပစ်မှတ်ထား တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

စဉ့်ကူမြို့ ပြည်သူ့ဆေးရုံကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ချိန် ဆေးရုံအတွင်း မိခင်နဲ့ ကလေးဆေးရုံ အဆောက်အအုံ ၃ လုံး ထိခိုက်ပျက်စီးခဲ့ပြီး ကနဦးသတင်းများအရ ပြည်သူ ထိခိုက်မှုမရှိဘူးလို့ သိရသလို MDY PDF ပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်ကို Burma VJ က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။

အခုလ ဇန်နဝါရီ ၂၅ ရက်ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ပြည်သူ့ဆေးရုံကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ၂ ကြိမ် လုပ်ဆောင်ခဲ့တာကြောင့် CDM ဆရာမ ၂ ဦး၊ လူနာ ၁ ဦး သေဆုံးခဲ့ပြီး အပြစ်မဲ့ပြည်သူ ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဆေးရုံအဆောက်အအုံလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။

အရပ်သားပြည်သူတွေကို ပစ်မှတ်ထားကာ ရည်ရွယ်ချက်ရှိရှိ ဆေးရုံတွေ၊ ကျောင်း၊ ဘာသာရေးအဆောက်အအုံနဲ့ လူနေရပ်ကွက်တွေကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှု ကျူးလွန်နေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့လည်း လေကြောင်းအန္တရာယ် အထူးဂရုပြုဖို့ကိုလည်း တော်လှန်ရေးအဖွဲ့တွေက တိုက်တွန်းထားပါတယ်။

စစ်ကောင်စီကို အာဆီယံနိုင်ငံတွေကကူညီထောက်ပံ့နေဟု JFM ထုတ်ပြန်BVJ/အိုင်းရစ် _ ဇန်နဝါရီ ၃၁ ၊ ၂၀၂၅စစ်ကောင်စီကို အကျိုးအမြတ်ရ...
31/01/2025

စစ်ကောင်စီကို အာဆီယံနိုင်ငံတွေကကူညီထောက်ပံ့နေဟု JFM ထုတ်ပြန်

BVJ/အိုင်းရစ် _ ဇန်နဝါရီ ၃၁ ၊ ၂၀၂၅

စစ်ကောင်စီကို အကျိုးအမြတ်ရစေမယ့် စီးပွားရေးလုပ်ငန်းတွေကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ ဗီယက်နမ်နဲ့ စင်္ကာပူနိုင်ငံတို့က ဆက်လက်ထောက်ပံ့မှုတွေ လုပ်ဆောင်ပေးနေပြီး ကျန်အာဆီယံနိုင်ငံတွေကလည်း စစ်ကောင်စီကို နိုင်ငံရေးအရတရားဝင်မှုပေးဖို့ အကြိမ်ကြိမ် ကြိုးစားလုပ်ဆောင်နေတာတွေ ရှိနေတယ်လို့ Justice For Myanmar က ဒီနေ့ ဇန်နဝါရီ ၃၁ ရက်မှာ ထုတ်ပြန်လာပါတယ်။

အိမ်နီးချင်း ထိုင်းနိုင်ငံပိုင် ရေနံစီးပွားရေးလုပ်ငန်းစုကြီးဖြစ်တဲ့ PTT Exploration and Production Public Company Limited (PTTEP) ဟာ မြန်မာနိုင်ငံတွင်းက ရတနာနဲ့ ဇောတိက ကမ်းလွန်သဘာဝဓာတ်ငွေ့ စီမံကိန်းလုပ်ငန်းတွေကို စစ်ကောင်စီနဲ့ ဆက်လက်လုပ်ကိုင်နေသလို စီမံကိန်းတွေကနေ ရရှိတဲ့အကျိုးအမြတ်တွေကိုလည်း စစ်ကောင်စီထံ ဘဏ္ဍာငွေစီးဝင်နေမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ဗီယက်နမ် ကာကွယ်ရေးဝန်ကြီးဌာနပိုင် Viettel ကလည်း စစ်ကောင်စီရဲ့ စီးပွားရေးလုပ်ငန်းကြီးဖြစ်တဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ရဲ့ မိတ်ဖက် Mytel ရဲ့ နောက်ခံကုမ္ပဏီ Telecom International Myanmar မှာ ရင်းနှီးမြှုပ်နှံမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီ ရှယ်ယာအများစု ပိုင်ဆိုင်ထားတဲ့ Mytel ဟာ လာမယ့်နှစ်တွေအတွင်း အမေရိကန်ဒေါ်လာ သန်း ၇၀၀ အထိ ဝင်ငွေရရှိနိုင်တယ်လို့ JFM က ၂၀၂၂ ခုနှစ်မှာ အစီရင်ခံစာ ထုတ်ပြန်ထားပါသေးတယ်။

ပြည်သူတွေအပေါ် လေကြောင်းကနေတဆင့် အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့ စစ်ကောင်စီတပ်ကို စစ်လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေ တတိယအကြီးဆုံး ထောက်ပံ့ပေးနေတဲ့ စင်ကာပူ အခြေစိုက်ကုမ္ပဏီတွေထဲက Interra Resource ကုမ္ပဏီဟာ စစ်ကောင်စီကို ရေနံအတွက် အမေရိကန်ဒေါ်လာ သန်း ၁၅၀ ဖိုး ထောက်ပံ့ပေးနေပြီး စစ်အုပ်စု ကျူးလွန်နေမှုတွေကို ရေနံနဲ့ အားဖြည့်ပေးနေတယ်လို့ JFM က အခုလ ဇန်နဝါရီ ၂၉ ရက်မှာ ထုတ်ပြန်ထားပါသေးတယ်။

ဒါ့အပြင် မလေးရှား၊ အင်ဒိုနီးရှား၊ ဘရူးနိုင်း စတဲ့ အာဆီယံနိုင်ငံတွေကလည်း စစ်အုပ်စုနဲ့ အကျိုးတူ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ ဆက်လက်လုပ်ဆောင်နေပြီး စစ်ကောင်စီအပါအဝင် ခရိုနီ စီးပွားရေးလုပ်ငန်းရှင်တွေကနေတဆင့် လုပ်ငန်းတိုးချဲ့ မှုတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

အာဆီယံအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံမှု‌တွေ ရပ်တန့်ဖို့ လိုအပ်ပြီး စစ်ရေး၊ နည်းပညာ၊ ဘဏ္ဍာရေးနဲ့ ထောက်လှမ်းရေးဆိုင်ရာ အကူအညီပေးမှု၊ လေယာဉ်ဆီ တဆင့်ခံ ရောင်းချမှုတွေကိုလည်း ရပ်တန့်ဖို့ လိုအပ်တယ်လို့ JFM က တောင်းဆိုထားပါတယ်။

ဒါ့အပြင် မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံရဲ့ မူဝါဒဖြစ်တဲ့ “ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းမြှင့်တင်ရန်နှင့် ဒေသတွင်းငြိမ်းချမ်းရေးကို ဦးတည်သည့် တန်ဖိုးများပိုမိုခိုင်မာစေရေး” ဆိုတဲ့ ကတိကဝတ်တွေကို လုပ်ဆောင်ဖို့ ပျက်ကွက်နေပြီး လူသားမျိုးနွယ်ပေါ် စစ်ရာဇဝတ်မှု ကျူးလွန်နေတဲ့ စစ်ကောင်စီနဲ့ပတ်သက်မှုကို အဆုံးသတ်ဖို့ လိုအပ်တယ်လို့ JFM ကဖော်ပြပါတယ်။

စစ်ကောင်စီ နောက်ထပ်ခြောက်လသက်တမ်းတိုး------BVJ/ယူဂရင်း_ ဇန်နဝါရီ ၃၁၊ ၂၀၂၅အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေ...
31/01/2025

စစ်ကောင်စီ နောက်ထပ်ခြောက်လသက်တမ်းတိုး
------
BVJ/ယူဂရင်း_ ဇန်နဝါရီ ၃၁၊ ၂၀၂၅

အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးကို နေပြည်တော်မှာ ဒီနေ့မနက်ကပြုလုပ်ပြီး အရေးပေါ်ကာလသက်တမ်းကို နောက်ခြောက်လ ထပ်တိုးလိုက်ပါတယ်။

မနက်ဖြန်မှာ အာဏာသိမ်းသက်တမ်းလေးနှစ်ပြည့်မယ့် စစ်ကောင်စီဟာ အာဏာစတင်သိမ်းယူကတည်းက တစ်နှစ်သက်တမ်းတစ်ကြိမ်အပါအဝင် နောက်ထပ်ခြောက်လစီသက်တမ်းတိုးယူလာတာ အခုတစ်ကြိမ်နဲ့ဆို ရှစ်ကြိမ်မြောက်ရှိလာတာဖြစ်ပါတယ်။

အခုတစ်ကြိမ်မှာလည်း လက်ရှိနိုင်ငံတော်ရဲ့အခြေအနေတွေဟာ ရွေးကောက်ပွဲကျင်းပဖို့ကျင်းပရန် တည်ငြိမ်ဖို့လိုနေသေးတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ စစ်အုပ်ချုပ်ရေးကို နောက်ထပ် ခြောက်လ သက်တမ်းတိုးမြှင့်တယ်လို့ ကာလုံအစည်းအဝေးမှာ ကြေညာတာပါ။

စစ်ကောင်စီဟာ အခုတစ်ကြိမ်သက်တမ်းတိုးယူမှုဟာနောက်ဆုံးဖြစ်နိုင်ပြီး မကြာခင်ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်မှုတွေရှိနေတယ်ဆိုတဲ့ သုံးသပ်မှုတွေလည်းရှိနေပါတယ်။

ကန့်ဘလူ ပလဖအချုပ်ခန်း လိင်အကြမ်းဖက်မှုအပေါ် NUGတာဝန်ခံဖြေရှင်းဖို့ အမျိုးသမီးအဖွဲ့များ‌ တောင်းဆို-------BVJ/မိုနာ_ ဇန်နဝ...
31/01/2025

ကန့်ဘလူ ပလဖအချုပ်ခန်း လိင်အကြမ်းဖက်မှုအပေါ် NUGတာဝန်ခံဖြေရှင်းဖို့ အမျိုးသမီးအဖွဲ့များ‌ တောင်းဆို
-------
BVJ/မိုနာ_ ဇန်နဝါရီ ၃၁၊ ၂၀၂၅

အမျိုးသားညီညွတ်ရေးအစိုး-NUG ရဲ့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနအောက်က ပြည်သူ့အုပ်ချုပ်ရေး (ပအဖ) နဲ့ ပြည်သူ့လုံခြုံရေး(ပလဖ)အဖွဲ့ဝင်တွေက ဖမ်းဆီးထားတဲ့အချုပ်သူတွေကို လိင်အကြမ်းဖက်မှုကျူးလွန်ခဲ့တာ ၂နှစ်နီးပါးကြာတဲ့အထိ အရေးယူမှုမရှိသေးတဲ့အပေါ် NUG အနေနဲ့ တာဝန်ခံဖြေရှင်းပေးဖို့ အမျိုးသမီးအဖွဲ့အစည်းတွေက ဒီနေ့ ဇန်နဝါရီ ၃၁ရက်မှာ တောင်းဆိုလိုက်ပါတယ်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူ-ပလဖအချုပ်စခန်း-၂(C2) မှာ ဖမ်းဆီးထားတဲ့အချုပ်သူတွေကို ပအဖ၊ ပလဖအဖွဲ့ဝင်တွေက လိင်အကြမ်းဖက်မှုပြုလုပ်ခဲ့တာကြောင့် ကာယကံရှင်တွေက အမှုဖွင့်တိုင်ကြားသလို အဆင့်ဆင့်တိုင်ကြားမှုတွေပြုလုပ်ခဲ့ပေမယ့်လည်း ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက နှစ်ကြိမ်သာ စစ်ဆေးဖြေရှင်းမှုပြုလုပ်တယ်လို့ သိရပါတယ်။

အဲ့ဒီစစ်ဆေးမှုမှာလည်း သံသယရှိသူတွေကို ပုံမှန်ရာထူးတွေအောက်မှာပဲ စစ်ဆေးမှုပြုလုပ်ခဲ့သလို ရလဒ်နဲ့ ပတ်သက်ပြီးလည်း တိုင်ကြားတင်ပြသူတွေပင် မသိရဘဲ မည်သည့်အရေးယူဆောင်ရွက်မှုတွေ တစုံတရာထွက်လာခဲ့တာမရှိဘူးလို့ အမျိုးသမီးအဖွဲ့အစည်းတွေက ထုတ်ပြန်ပါတယ်။

ကန့်ဘလူအချုပ်ခန်းအတွင်း လိင်အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး အချို့အမှုတွေမှာ ကာယကံရှင်ကိုယ်တိုင် ကြေအေးသွားတယ်ဆိုပြီး အစီရင်ခံစာတက်လာတယ်လို့ ပြည်ထဲရေးဝန်ကြီးဦးလွင်ကိုလတ်က ၂၀၂၄၊ စက်တင်ဘာ ၁၁ရက်မှာပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာပြောခဲ့ပြီး ကာယကံရှင်အမျိုးသမီး(၂)ဦးဟာ ၂၀၂၅၊ ဇန်နဝါရီ ၁ရက်မှာ အမှုဖွင့်တိုင်ကြားခဲ့ပေမယ့် ဒီနေ့အချိန်အထိ သံသယရှိသူတွေဖြစ်တဲ့ NUGဝန်ထမ်းတွေကို ဖမ်းဆီးစစ်ဆေးတာမျိုးလုပ်ဖို့ ပြည်ထဲရေးဝန်ကြီးရဲ့ ခွင့်ပြုချက်ကိုအချိန်ကြာမြင့်စွာစောင့်နေရတယ်လို့ သိရပါတယ်။

အဲ့ဒီအခြေအနေဟာ အမျိုးသမီးများအကြမ်းဖက်မှုကို အဆုံးသတ်မယ်လို့ ကြွေးကြော်နေတဲ့ NUGအစိုးရအတွက် အကျည်းတန်နေတဲ့အခြေအနေဖြစ်ပြီး ကျူးလွန်သူတွေကို ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ပေးနေတဲ့လုပ်ရပ်ကိုလည်း ပြင်းထန်စွာရှုတ်ချတယ်လို့ အမျိုးသမီးအဖွဲ့တွေက ပြောထားပါတယ်။

ဒါကြောင့် လက်ရှိအမှုဖွင့်တိုင်ကြားချက်တွေကို အမြန်ဆုံးစစ်ဆေးအရေးယူဆောင်ရွက်ဖို့နဲ့ အရင်ပြည်ထဲရေးဝန်ကြီးဌာနက တာဝန်ယူခဲ့တဲ့ စစ်ဆေးရေးလုပ်ငန်းတွေကို NUGက ပွင့်လင်းမြင်သာစွာ ပြန်လည်တာဝန်ခံဖြေရှင်းဖို့ တောင်းဆိုလာတာပါ။

NUG အနေနဲ့ ပြစ်ဒဏ်ပေးခြင်းကနေ ကင်းလွတ်ခွင့်ပေးနေတဲ့အလေ့အထ (system of impunity) ကို ကျင့်သုံးနေတာဟာ မိမိတို့ဖော်ဆောင်လိုတဲ့အနာဂတ်အတွက် ခြိမ်းခြောက်အကန့်အသတ်ဖြစ်စေတဲ့အပြင် အရပ်သားအကာကွယ်ပေးရေးကို မျက်ကွယ်ပြုရာမြောက်တာကြောင့် system of impunity ချက်ချင်းရပ်တန့်ဖို့ကိုလည်း ပြောထားပါတယ်။

ကန့်ဘလူစခန်းမှာဖြစ်ပွားတဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအပြင် အလားတူအမှုကိစ္စတွေကို ကျူးလွန်တဲ့ကျူးလွန်သူတွေကို ထိရောက်စွာအပြစ်ပေးအရေးယူဖို့နဲ့ နစ်နာသူအမျိုးသမီး၊ မိန်းကလေးငယ်တွေအတွက် အမှန်တရား၊တရားမျှတမှု အမြန်ဖော်ဆောင်ပေးဖို့ကိုလည်း အမျိုးသမီးအဖွဲ့အစည်းတွေက တိုက်တွန်းထားပါတယ်။

ဒါ့အပြင် အမျိုးသမီးငြိမ်းချမ်းရေးနဲ့လုံခြုံ‌ရေးဆိုင်ရာ မဟာဗျူဟာမူ‌ဘောင်ကို အမြန်ဆုံးလက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ဖို့ကိုလည်း ထုတ်ပြန်ချက်ကြေညာချက်ထုတ်တဲ့ အမျိုးသမီးအဖွဲ့အစည်းတွေဖြစ်တဲ့ ပြည်သူ့စစ်သားဇနီးများ၊ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)၊ Gender Equality Network-GEN၊ Politic for Women Myanmar ၊ Sisters to Sisters၊ Women Alliance Burma-WAB၊ Women Peace Network-WPN၊ Women Advocacy Coalition-Myanmar-WAC တို့က တောင်းဆိုထားပါတယ်။

ကန့်ဘလူမြို့နယ်မှာ C2 မှာဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ Non-CDM ကျောင်းသူတစ်ဦးကို ကန့်ဘလူခရိုင် ပြည်သူ့အုပ်ချုပ်ရေး(ပအဖ) အဖွဲ့ခေါင်း‌ဆောင် မဲခေါင်(ခ) မြင့်ဇော်ဦးက အလိုမတူဘဲအသက် ခြိမ်းခြောက်အဓမ္မပြုကျင့်ခဲ့တာကြောင့် တိုင်ကြားခဲ့သလို အဲ့ဒီအချုပ်ခန်းမှာပဲ နောက်ထပ်အချုပ်သူတစ်ဦးကိုလည်း စခန်းမှူးအဖြစ် တာဝန်ယူထားသူ ရဲရင့်(ခ)လင်းယုန်ဆိုသူက လိင်အကြမ်းဖက်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အဲဒီအမှုတွေဟာ တနှစ်ကျော် ၂နှစ်နီးပါးကြာတဲ့အထိ အရေးယူဆောင်ရွက်ခြင်းမရှိသေးတာကြောင့် တိုင်ကြားသူ ကာယကံရှင်တွေရဲ့ လုံခြုံရေးကိုစိုးရိမ်မှုတွေလည်း ရှိနေကြပါတယ်။

ဖမ်းဆီးခံထားရသည့်အချုပ်သူများ လိင်အမြတ်ထုတ်ခံနေရပုံကို ပုံဖော်ရေးဆွဲထားပုံ(ဓါတ်ပုံ-Honest Information)

နွားထိုးကြီးတိုက်ပွဲမှာ စစ်ကောင်စီဘက်က ကျဆုံးမှုများ၊ လက်နက် ၃၉လက် ရရှိခဲ့BVJ/အိုင်းရစ် _ ဇန်နဝါရီ ၃၁ ၊ ၂၀၂၅မန္တလေးတိုင်...
31/01/2025

နွားထိုးကြီးတိုက်ပွဲမှာ စစ်ကောင်စီဘက်က ကျဆုံးမှုများ၊ လက်နက် ၃၉လက် ရရှိခဲ့

BVJ/အိုင်းရစ် _ ဇန်နဝါရီ ၃၁ ၊ ၂၀၂၅

မန္တလေးတိုင်း မြင်းခြံမြို့နယ် မြတောင်ရွာနဲ့ စိန်ပန်းကန်ရွာကြားမှာ စစ်ကောင်စီ တပ်မ ၉၉ လက်အောက်ခံတပ်ရင်းနဲ့ မြင်းခြံခရိုင်တပ်ရင်းတို့ မနေ့ ဇန်နဝါရီ ၃၀ ရက် မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၁)ဦး သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသက ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။

စစ်ကောင်စီ တပ်မ ၉၉ လက်အောက်ခံ အမှတ် ၁၄၊ ၁၅ ခြေမြန်တပ်ရင်းနဲ့ ရဲတပ်ရင်း ပူးပေါင်းအင်အား ၅၀ ဝန်းကျင်တို့ ပြင်စည်ရွာကနေ ထွက်လာချိန် မြင်းခြံခရိုင် တပ်ရင်း ၄ ၊ တပ်ရင်း ၁၀ နဲ့ ပူးပေါင်းမဟာမိတ်တပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

မြတောင်ရွာနဲ့ စိန်ပန်းကန်ရွာကြာ ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီက Mi35 ရဟတ်ယာဉ်နဲ့ ပစ်ကူပေး တိုက်ခိုက်ခဲ့ပေမဲ့ တိုက်ပွဲမတွင်း ဗိုလ်ကြီးတစ်ဦး၊ ဗိုလ်မှူးတစ်ဦးအအပါအဝင် (၂၁)ဦး သေဆုံးခဲ့ပြီး (၈)ဦး ဖမ်းဆိးရမိခဲ့သလို လက်နက် (၃၉)လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသက ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီထံက MA-1 (၃) လက်၊ MA-2 (၄) လက်၊ MA-3 (၆) လက်၊ MA-4 (၂) လက်၊ MA-5 (၁) လက်၊ MA-11 (၆) လက်၊ G-3 (၁၂) လက်၊ G-4 (၂) လက်၊ BA-94 (၁) လက်၊ ၆၀ မမ ပြောင်းတို (၁) လက်၊ ပြောင်းရှည် (၁) လက်နှင့် ၆၀ မမ ဗုံးသီး (၂၉) လုံး၊ အီနာဂါ (၅) လုံး၊နာနတ်သီးဗုံး (၉) လုံး၊ ၉ မမ ကျည် (၃၀၅) တောင့်၊ ဦးထုပ် (၁၀) လုံး တို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အခုလ ဇန်နဝါရီ ၁၂ ရက်ကလည်း မြင်းခြံမြို့နဲ့ တောင်သာမြို့အကြားမှာ ခမရ ၁၅ ၊ ရဲတပ်ရင်း ပူးပေါင်းအင်အား တစ်ရာပါဝင်တဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ မြင်းခြံခရိုင်တပ်ရင်းတို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ (၂၀)ခန့် သေဆုံးကာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ပါသေးတယ်။

Address

Pazundaung

Alerts

Be the first to know and let us send you an email when Burma VJ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Burma VJ:

Videos

Share

Category