𝐓𝐡𝐚𝐰𝐢𝐧 𝐂𝐡𝐚𝐮𝐧𝐠 𝐌𝐨𝐝𝐞𝐥 𝐕𝐢𝐥𝐥𝐚𝐠𝐞

  • Home
  • Myanmar
  • Pauktaw
  • 𝐓𝐡𝐚𝐰𝐢𝐧 𝐂𝐡𝐚𝐮𝐧𝐠 𝐌𝐨𝐝𝐞𝐥 𝐕𝐢𝐥𝐥𝐚𝐠𝐞

𝐓𝐡𝐚𝐰𝐢𝐧 𝐂𝐡𝐚𝐮𝐧𝐠 𝐌𝐨𝐝𝐞𝐥 𝐕𝐢𝐥𝐥𝐚𝐠𝐞 သဝင်ချောင်းစံပြကျေးရွာ ဓါတ်ပုံ/ကင်?

08/01/2025

#ရက္ခိုင့်ရိုးရာကျင်ကိုင်ပွဲ_မကြာခင်မြင်ရဖို့ယာ_အာရက္ခပြည်ကြီးမှာ

#မိမိလူမျိုး_မိမိရိုးရာတိကို_ကမ္ဘာ့သိ့အောင်_ထိုးဖောက်နိူင်ကတ်ပါစီ🙏🙏🙏

@အမာခံပရိသတ်များ

🏞️  #အမ်းရိုးမတောင်တန်း🏞️  #ရခိုင်ပြည်က_ထင်ရှားဂုဏ်ဆောင်_အမ်းရိုးတောင်တန်း 🏞️  #ရခိုင်ပြည်အား အဓိက စိုးမိုးလွှမ်းခြုံထား...
25/12/2024

🏞️ #အမ်းရိုးမတောင်တန်း

🏞️ #ရခိုင်ပြည်က_ထင်ရှားဂုဏ်ဆောင်_အမ်းရိုးတောင်တန်း

🏞️ #ရခိုင်ပြည်အား အဓိက စိုးမိုးလွှမ်းခြုံထားသည်မှာ #ရခိုင်ရိုးမတောင်တန်းကြီးပင် ဖြစ်ပါသည်။ ရခိုင်ရိုးမတောင်တန်းကြီးသည် မြောက်ဘက်၌ ထူထပ် မြင့်မားပြီး တောင်ဘက်သို့ နိမ့်ဆင်းသွားပါသည်။ ရခိုင်ရိုးမတောင်တန်းကြီးသည်၊ အခြားသောပြည်နယ်များကို မဟာတံတိုင်းကြီးသဖွယ် လခြမ်းသဏ္ဍာန် ပိုင်းခြားပေးထားသည့် သဘာဝအရင်းအမြစ်တစ်ခု ဖြစ်ပါသည်။

ရခိုင်ပြည်၏ အမြင့်ဆုံးတောင်မှာ စွန်တောင်ဖြစ်ပြီး အမြင့်ပေ...(၆၅၂၇)ပေ ရှိပါသည်။

#ရခိုင်ရိုးမတောင်တန်းကြီး၏ အမ်းမြို့နယ်အပိုင် တောင်တောများကတော့ ပေါများသည့်အလျောက် တောင်များမှာ မြင့်မားမတ်စောက်ကြပါသည်။

21/12/2024

ဇော်ထွန်းvsမင်းမင်းထွန်း အရက္ခရိုးရာကျင်ကိုင်ပွဲ

15/10/2024

Oct-17, 2024
၁၃၈၆ ခုနှစ် ✨
အဘိဓမ္မအခါတော် သီတင်းဝါကျွတ် လပြည့်နေ့🎇
စိတ်ချမ်းသာခြင်း ကိုယ်ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ🙏🙏🙏

လက်ရှိအခြေနယ် ပေါက်တောမြို့😢😢😢
13/12/2023

လက်ရှိအခြေနယ် ပေါက်တောမြို့😢😢😢

19/11/2023

ပေါက်တောဘက်မှာ ပြည်သူအများစု ထွက်ပြီးလားပြီကေ တချို့ကလေ့ အကြောင်းအမျိုးမျိုးကြောင့် အခြေအနေ ငြိမ်လားဖို့လား ဆိုပနာ ပုန်းနီယင်း အခြေအနေကို စောင့်ကြည့်နီရေလူတိ ဟိနီပါရေ။ ယင်းလူတိအတွက် စကေ သတင်းစကား ပါးချင်စွာတိဟိပါရေ။

၁။ ဆရာဝန်တိအပါအဝင် လူပေါင်း တစ်ရာကျော်လောက်ကို တစာခံအဖြစ် စကစ က ဖမ်းဆီးထားစွာကို အမျိုးရို့ သိကတ်ပါဖို့။ မြို့မှာ လူနည်းလာလီ ကျန်လိုက်တေ လူတိအတွက် အန္တရာယ် များလာလီ ဆိုစွာကို သတိရပါ။

၂။ တိုက်ပွဲပြန်ဖြစ်ဖို့လား၊ ဇာခါဖြစ်ဖို့လဲ၊ ဇာလောက် အားနန့် ဖြစ်ဖို့လဲ ဆိုစွာ တစ်ယောက်လေ့ မသိပါ။ ယေဒါလေ့ စိုင်းစားရဖို့ အချက်တိက-
(က) တပ်တော်က လက်တုန့်ပြန်ဖို့ ဆိုပနာ တရားဝင် ပြောထားပါရေ။
(ခ) ရှောင်တိမ်းလားခရေ ပြည်သူတိကို တပ်တော်က ကူညီနီစွာတိ ဟိပြီးကေ တစ်ယောက်ကိုလေ့ အိမ်ပြန် မခိုင်းပါသိမ့်။ (ဇာကြောင့် မပြန်ခိုင်းစွာလေ ဆိုစွာကို စိုင်းစားကြည့်ပါ)

၃။ အခုအချိန် ရှောင်ကေ လမ်းမှာ စကေ ဒုက္ခရောက်ဖို့။ မရှောင်ဘဲနန့် ကျန်လိုက်လို့ စစ်ဆက်မဖြစ်ကေ သက်တောင်သက်သာ စကေနီရဖို့။ ယေဒါလေ့ စစ်မဖြစ်ကေတောင် စကစ ကနီ ပုန်းနီရေ နီရာကိုတွီလားလို့ ပိုက်သတ်ခံရစွာ ဖြစ်စိုင်တိ၊ အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံရစွာ ဖြစ်စိုင်တိ ကိုယ့်ဘားမှာ ဖြစ်ဖူးရေဆိုစွာကို သတိရပါ။

၄။ စကိုင်းဘက်တိက ဖြစ်စိုင်တိမှာ ရွာတစ်ရွာကို စကစဘက်က စီးမိလားခဗျလ်ဆိုစွာနန့် ရက်စက်မှုအပေါင်း သရဖူ ဆောင်းရလောက်အောင်ထိ ကျူးလွန်ကတ်စွာကို ကြားသိကတ်ပါဖို့။ အသက်ကြီးကေ သနားလိမ့်မယ်လို့ မထင်လိုက်ပါကေ့။ ခိုင်းလို့ရကေ ခိုင်းဖို့။ ခိုင်းလို့မရကေ သတ်ဖို့။ မလားဆိုပနာ တင်းခံနီခရေ သက်ကြီးပိုင်း အဖိုး၊ အဘောင်တိ အလောင်းတိကို လိုင်းထက်တိမှာ ဖြစ်ဖြစ် မြင်ဖူးကတ်ဖို့။ တချို့နီရာတိမှာဆိုကေ ဂိတ်ဖြတ်ချင်ကေ နို့လှန်ပြ ဆိုစွာ ကိစ္စမျိုးတိ စကိုင်းမှာ ကြားနီရပါရေ။ ဖမ်းစီးခံရချိန်မှာ အမျိုးသမီးတောင်မက အမျိုးသားတိပါ အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံရရေ လူတိဟိပါရေ။ ခြိမ်းခြောက်နီစွာ မဟုတ်ပါ။ နားစကေ စွင့်ကြည့်ကေ သိပါလိမ့်မေ။

၅။ လလုံခခြုံနန့် အတိုင်းအတာတစ်ခုအထိ ပုန်းအောင်နိုင်ဖို့ အခြီအနီ ရှိရေဆိုကေတောင် ဇာနှစ်ရက်ပုန်းနိုင်ဖို့လဲ၊ အစားအသောက်၊ ရီ၊ ဆီးဝါ ဇာနှစ်ရက်စာလောက် သိုလှောင်ထားနိုင်ဖို့လဲ၊ တစ်ခုခုဆိုကေ အသူ့ကို အကူအညီတောင်းနိုင်ဖို့လဲ စိုင်းစားကြည့်ပါ။

ဆုံးဖြတ်ရဖို့လူက အမျိုးရို့ ကိုယ်တိုင်ဖြစ်ပါရေ။ အချိန်မှီ မှန်မှန် ကန်ကန် ဆုံးဖြတ်နိုင်ကတ်ပါစီ။

17/11/2023

အစစအရာရာဂရုစိုက်ဗျာလ်
စိတ်ကိုတတည်ငငြိမ်ထားပါ
ကြောက်ကြီးသန်ဖက်မဝင်ကတ်ပါကေ့
အခုအခက်ခဲ့စွာ အာရက္ခပြည်သူပြည်သားတိရင်ဆိုင်နီကတ်ရစွာပါ။
အားလုံးအတူကျော်ဖြတ်ကတ်ပါဖို့။🤝🤝🤝

😭😭😭ပေါက်တောမြို့နယ်သဝင်ချောင်းစံပြကျေးရွာမြင်ကွင်း😭😭😭
19/05/2023

😭😭😭ပေါက်တောမြို့နယ်သဝင်ချောင်းစံပြကျေးရွာမြင်ကွင်း😭😭😭

ပေါက်တောမြို့နယ် သဝင်ချောင်းစံပြကျေးရွာ ဘုန်းတော်ကြီးကျောင်းမြင်ကွင်း😭😭😭
16/05/2023

ပေါက်တောမြို့နယ် သဝင်ချောင်းစံပြကျေးရွာ ဘုန်းတော်ကြီးကျောင်းမြင်ကွင်း😭😭😭

12/05/2023

ဆရာ Mthan Shwe အကောင့်မှ Copy ယူပါရေ

Windy

၁၄ ၊၅ ၊ ၂၀၂၃ တနင်္ဂနွေနေ့ ညေန ၅ နာရီ အချိန်သည် မုန်တိုင်းအပြင်းထန်ဆုံးအချိန်ဖြစ်သည်။

လေတိုက်နှုန်း
-----------------
ထိုအချိန်တွင် မုန်တိုင်း ဗဟိုအနီး၌ တစ္နာရီ ၁၀၃ မိုင်နှုန်း။

စစ်တွေ၌ ၁ နာရီ မိုင် ၆၁ နှုန်း။

ပေါက်တော၌ ၁ နာရီ မိုင် ၅၀ မိုင်နှုန်း။

မြေပုံမြို့ပေါ်၌ ၁ နာရီ ၃၄ မိုင်နှုန်း။

ငမန်းရဲကျွန်း၌ ၁ နာရီ ၄၀ မိုင်နှုန်း။

ကျောက်ဖြူမြို့၌ ၁ နာရီ ၄၀ မိုင်နှုန်း။

စသည်ဖြင့် ဖော်ပြထားပါသည်။

လှိုင်းအမြင့်
--------------
စစ်တွေတွင် ဒီရေအမြင့် ၄.၉ မီတာ( ၁၆) ပေ။

ဖရုံကာကျွန်းများ ပျမ်းမျှဒီရေအမြင့် ၄.၇ မီတာ (၁၅)ပေ။

ငမန်းရဲကျွန်း ( မြေပုံမြို့နယ်) ပျမ်းမျှဒီရေအမြင့် ၃ မီတာ (၁၀) ပေ။

မြေပုံမြို့ပေါ် ဒီရေအမြင့် ၂.၂ မီတာ (၇) ပေ။

ကျွန်းသာယာကျွန်း( မြေပုံမြို့နယ်) ဒီရေအမြင့် ၂.၇ မီတာ (၉) ပေခွဲ။

ကျောက်ဖြူမြို့ ဒီရေအမြင့် ၃.၁ မီတာ(၁၀) ပေခန့်။

အထက်ဖော်ပြပါ အချက်များမှာ windy software မွ အကြမ်းခန့်မှန်းချက်သာဖြစ်ပါသည်။

အထက်ပါ အချက်များကို အနိမ့်ဆုံးတွေ့ကြုံနိုင်သော အန္တရာယ်အဖြစ်သာ မှတ်ယူ၍ ဖော်ပြပါ အချက်များထက် မိုပို အန္တရာယ်ရှိလာနိုင်သည်ဟု သတိမှတ်လျှက် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ပါသည်။
------------------------------------------
အန္တရာယ်လွတ်ကင်းသောနေရာတွင်ရှိကြသော ရခိုင်ပြည်သူများ( အထူးသဖြင့် မြေပုံဒေသခံ) မ်ားကို မေတ္တာရပ်ခံလိုပါသည်။

မြေပုံမြို့၊ အထက တွင် မုန်တိုင်းခိုလှုံနိုင်ရန် စီစဉ်ထားပါသည်။ လာရောက်ခိုလှုံနိုင်ပါသည်။ အစားအစာ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အားလုံးစီစဉ်ထားပါသည်။

သို့သော် တချို့မှာ မိမိအိမ်၊ မိမိအလုပ်အကိုင်ကို ထားခဲ့ရမည်ကို စိုးရိမ်၍ သတ်မှတ်ထားရာ ဘေးလွတ်ရာသို့ မရွေ့လိုကြပါ။

ဖြစ်နိုင်လျှင် မိမိအမျိုးများအား နှိုးဆော်ပေးစေလိုပါသည်။

ပျက်စီးမှုအန္တရာယ်ကိုလျော့ချနိုင်ရန် ကြိုတင်ပြင်ဆင်ကြပါ။

ကျေက်တော်တောင် ဗုဒ္ဓပူဇနိယ ဘုရားပွဲရခိုင်ရိုးရာ ကျင်ကိုင်ပွဲ အောင်မြင်စွာပြီးဆုံး      ရွှေမောင်းပထမ မင်းမင်းထွန်း(ပေါက်...
04/05/2023

ကျေက်တော်တောင် ဗုဒ္ဓပူဇနိယ ဘုရားပွဲ
ရခိုင်ရိုးရာ ကျင်ကိုင်ပွဲ အောင်မြင်စွာပြီးဆုံး
ရွှေမောင်းပထမ မင်းမင်းထွန်း(ပေါက်တော)
ဒုတိယ. ဘတ်ဖိုးချေ(ပိုးရီပြင်)

Mocha cyclone alert ၂၀၂၃ မေလ ၁၀ရက်နေ့မှ၁၂ရက်နေ့အတွင်းအဖျက်စွမ်းအားပြင်း မိုချာမုန်တိုင်းသည် ဧရာဝတီးကမ်းရိုးတန်းနှင့် ရခိ...
03/05/2023

Mocha cyclone alert
၂၀၂၃ မေလ ၁၀ရက်နေ့မှ၁၂ရက်နေ့အတွင်း
အဖျက်စွမ်းအားပြင်း မိုချာမုန်တိုင်းသည် ဧရာဝတီးကမ်းရိုးတန်းနှင့် ရခိုင်ကမ်းရိုးတန်းအနီးကိုရောက်ရှိလာနိုင်ပါတယ်
ရေလှိုင်းအမြင့်မှာ ၃၂ပေ မှပေ၄၀အထိမြင့်တက်နိုင်ပါတယ်တစ်နာရီလေတိုက်ခတ်နှုန်း ၉၀မိုင်မှ ၁၂၀မိုင်အထိတိုက်ခတ်နိုင်ပါတယ်
ကမ်းခြေဒေသနေကြသူများအထူးသတိထားကြပါ
ပင်လယ်အတွင်း မည်သည့်အကြောင်းနှင့်မှသွားရောက်ခြင်းမပြုလုပ်ကြပါနဲ့
အလွန်အန္တရာယ်ကြီးပါတယ်
၎င်းကောင်းရိုးတန်းနှင့် မိုင်၅၀ပတ်လယ်ဒေသတွေမှာ မိုးကြီးခြင်း လေပြင်းတိုက်ခတ်ခြင်းအန္တရာယ်များကြုံတွေ့ရနိုင်ပါတယ်
ဘေးကင်းလုံခြုံတဲ့နေရာတွေမှာနေထိုင်ကြဖို့အကြံပြုလိုက်ပါတယ်
အားလုံးအန္တရာယ်ကင်းကြပါစေ
issued time
03/05/2023 10:27am

ရခိုင်ပြည် ပေါက်တောမြို့နယ် သဝင်ချောင်း   စံပြကျေးရွာတွင် လွန် ခဲ့    သော ၁၂၅ နှစ်ခန့်မှသဝင်ချောင်းကျေးရွာနေ တကာ တကာမတို...
21/08/2022

ရခိုင်ပြည် ပေါက်တောမြို့နယ် သဝင်ချောင်း စံပြကျေးရွာတွင် လွန် ခဲ့ သော ၁၂၅ နှစ်ခန့်မှသဝင်ချောင်းကျေးရွာနေ တကာ တကာမတို့ စေတနာပေါက်ဖြင့်ဆောက်လုပ်လှူဒါန်းခဲ့သော မူလကျောင်းဆောင်ကြီးကို ၁၃၈၂ ခုနှစ်မှ စ၍ အများတကာ တကာမတို့၏ စေတနာသဒ္ဓါတရားတို့ကိုအဓိက ထားကာ ပြုပြင်မွမ်းမံ လာရာ အစီစဉ် အရ မျက်နှာကြက် ဘုံပိတ်ကို ဝါမကျွတ်မီ ပြီးစီးနိုင်ရန် တပ်ဆင် ပြုပြင် နေကြသည် ပုံရိပ်

ဆရာတော် အကောင့်ကကူးယူဖော်ပြသည်

တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်စွာအောင်မြင်သူများကို ဂုဏ်ပြုချီးမြှင့်ပေါက်တော               ဩဂုတ် ၁၁၂ဝ၂၁-၂ဝ၂၂ ပညာသင်နှစ်၊...
11/08/2022

တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်စွာအောင်မြင်သူများကို ဂုဏ်ပြုချီးမြှင့်
ပေါက်တော ဩဂုတ် ၁၁
၂ဝ၂၁-၂ဝ၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း ထူးချွန်စွာအောင်မြင်ခဲ့သည့် အ.ထ.ကသဝင်ချောင်းကျောင်းမှ ကျောင်းသားကျောင်းသူများအား သဝင်ချောင်းကျေးရွာဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဥတ္တမမှ (၁၂)ကြိမ်မြောက် ဂုဏ်ပြုချီးမြှင့်ပွဲကိုယနေ့ မွန်းလွဲ ၂ နာရီ က သဝင်ချောင်းကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျင်းပရာ သဝင်ချောင်းကျေးရွာဘုန်းတော်ကြီးကျောင်း ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဥတ္တမ ၊ဆရာဆရာမများ၊ဆုရကျောင်းသား ကျောင်းသူများ မိဘများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တက်ရောက်လာကြသူများက နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးကြပြီး သဝင်ချောင်းကျေးရွာဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဥတ္တမ မှ ဂုဏ်ပြုချီးမြှင့်ပေးရခြင်း အကြောင်းနှင့်ပတ်သက်၍ ဩဝါဒမိန့်ကြားသည်။ထို့နောက် ထူးချွန်စွာအောင်မြင်သူများကိုယ်စား ကျောင်းသူတစ်ဦးက ဂုဏ်ပြုချီးမြှင့်ပေးရခြင်းနှင့်ပတ်သက်ပြီး ဝမ်းမြှောက်စကားပြောကြားသည်။
ဆက်လက်ပြီး ဂုဏ်ပြုလက်မှတ်နှင့်ဆုချီးမြှင့်ပွဲကျင်းပရာ ဆရာတော် နှင့် တာဝန်ရှိသူများကချီးမြှင့်ပေးရာ ထူးချွန်ကျောင်းသား ကျောင်းသူများက လက်ခံရယူကြပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး၍ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်းသိရသည်။
၂ဝ၂၁-၂ဝ၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းကို အ.ထ.ကသဝင်ချောင်းကျောင်းမှ ကျောင်းသား ကျောင်းသူ ၁၁၈ ဦးဝင်ရောက်ဖြေခဲ့ရာ ၅၉ ဦးအောင်မြင်ပြီး (၃)ဘာသာဂုဏ်ထူးရရှိသူ (၁)ဦး၊(၂)ဘာသာ ဂုဏ်ထူးရရှိသူ(၁)ဦး၊(၁)ဘာသာ ဂုဏ်ထူးရရှိသူ(၂၂)ဦးရရှိခဲ့ကြောင်းသိရသည်။

05/08/2022

Address

Pauktaw

Website

Alerts

Be the first to know and let us send you an email when 𝐓𝐡𝐚𝐰𝐢𝐧 𝐂𝐡𝐚𝐮𝐧𝐠 𝐌𝐨𝐝𝐞𝐥 𝐕𝐢𝐥𝐥𝐚𝐠𝐞 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 𝐓𝐡𝐚𝐰𝐢𝐧 𝐂𝐡𝐚𝐮𝐧𝐠 𝐌𝐨𝐝𝐞𝐥 𝐕𝐢𝐥𝐥𝐚𝐠𝐞:

Videos

Share