
29/09/2025
တောင်ကိုရီးယားကုမ္ပဏီတွေဟာ မြင့်တက်လာတဲ့ ခရီးသွားဝယ်လိုအားကနေ အကျိုးအမြတ်ရဖို့ ကြိုးပမ်းနေကြတာပါ။
၂၉ ၊ စက်တင်ဘာလ။
တောင်ကိုရီးယားနိုင်ငံက တရုတ်ခရီးသွားအဖွဲ့တွေအတွက် ဗီဇာကင်းလွတ်ခွင့်ကို ဒီနေ့ စက်တင်ဘာ ၂၉ရက်နေ့စပြီး ခွင့်ပြုလိုက်ပါတယ်။
နိုင်ငံစီးပွားရေးကို မြှင့်တင်ဖို့နဲ့ အာရှအိမ်နီးချင်းဖြစ်တဲ့ တရုတ်နဲ့ ဆက်ဆံရေး တိုးတက်ကောင်းမွန်
စေဖို့ မျှော်လင့်ချက်နဲ့ အခုလို လုပ်ဆောင်တာ ဖြစ်ပါတယ်။
နောက်နှစ် ဇွန်လအထိ အကျုံးဝင်မယ့် အဆိုပါ အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ တရုတ်ပြည်မကြီးမှ ခရီးသွား ၃ ဦး ဒါမှမဟုတ် ဒီ့ထက်ပိုတဲ့ အဖွဲ့တွေဟာ ဗီဇာမလိုပဲ တောင်ကိုရီးယားမှာ ၁၅ ရက်ကြာ နေထိုင်နိုင်မှာ ဖြစ်ပါတယ်။
အောက်တိုဘာလ ၁ ရက်ကနေ ၈ ရက်အထိကျရောက်တဲ့ တရုတ် အမျိုးသားနေ့အားလပ်ရက် (Golden Week) ကာလနဲ့ တောင်ကိုရီးယား အားလပ်ရက်ကာလ မတိုင်ခင် အဆိုပါ အစီအစဉ် ထွက်ပေါ်လာတာပါ။
တောင်ကိုရီးယားကုမ္ပဏီတွေဟာ မြင့်တက်လာတဲ့ ခရီးသွားဝယ်လိုအားကနေ အကျိုးအမြတ်ရဖို့ ကြိုးပမ်းနေကြတာပါ။
Shilla Duty Free အစီအစဉ်ဟာ တရုတ်ခရီးသွားတွေအတွက် အပျော်စီးသင်္ဘောခရီးစဉ်တခု စီစဉ် ထားပြီး၊ အစားအစာပို့ဆောင်ရေးအက်ပလီကေးရှင်း Baedal Minjok ကလည်း Alipay ၊ WeChat Pay တို့နဲ့ ငွေပေးချေနိုင်မယ့်စနစ်ကို စတင်နေပါပြီ။
မတ်လကတည်းက ကြေညာခဲ့တဲ့ ဒီအစီအစဉ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ တရုတ်နိုင်ငံက တောင်ကိုရီးယားနိုင်ငံသားတွေကိုရက် ၃၀ အထိဗီဇာကင်းလွတ် ခွင့်ပေးဖို့ ဆုံးဖြတ်ခဲ့တဲ့ နောက်ပိုင်း ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။
တောင်ကိုရီးယားနိုင်ငံက တရုတ်ပြည်မကြီးက ခရီး သွားတွေကို အခုလို ဗီဇာကင်းလွတ်ခွင့်ပေးခဲ့တဲ့ နောက်ဆုံးအကြိမ်ဟာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလကနေ ၂၀၁၈ ခုနှစ် မတ်လအထိ Pyeongchang ဆောင်းရာသီ အိုလံပစ်ပွဲတော်ကာလက ဖြစ်ပါတယ်။
အောက်တိုဘာလနှောင်းပိုင်း တောင်ကိုရီးယားမှာ ကျင်းပမယ့် အာရှ-ပစိဖိတ် ထိပ်သီးအစည်းအဝေးကို တရုတ် သမ္မတ ရှီကျင့်ဖျင် တက်ရောက်လာဖွယ်ရှိပြီး တောင်ကိုရီးယားသမ္မတ လီဂျေမြောင်ရဲ့ အစိုးရသစ်ဟာ တရုတ်နဲ့ ဆက်ဆံရေး ပိုမိုတိုးတက် ကောင်းမွန်လာဖို့ မျှော်လင့်နေတာလည်း ဖြစ်ပါတယ်။
Ref - Reuters
Website တွင်လည်း ဖတ်ရှူနိုင်ပါတယ်။> https://deltanewsagency.com/57581/
#တောင်ကိုရီးယား #တရုတ်ခရီးသွားအဖွဲ့ #ဗီဇာကင်းလွတ်ခွင့်ပေး
Delta News Agency Telegram - https://shorturl.at/lxKMR
Delta News Agency YouTube - https://shorturl.at/ahBL2
Delta News Agency Website - https://shorturl.at/ozAIM
Delta News Agency Podcast - https://shorturl.at/epwzH