Today Ayeaarwady New

Today Ayeaarwady New Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Today Ayeaarwady New, Media/News Company, Pathein.

28/01/2024

ဧရာဝတီတိုင်းဒေသကြီး
ပုသိမ်မြို့တွင် နှစ်စဥ်ကျင်းပ ပူဇော်လျှက်ရှိသောသမိုင်းဝငင်
နိဂြောဓာ ဗျာဒိတ်ပေးဘုရားကြီး နှင့် ရဟန္ထာ များ
အား ရှမ်းကုန်သည် များ ခြံရံလျှက် ပုသိမ်မြို့တွင်း
သို့ ​​​ေဒ သစာရီအပူဇော်ခံ မြို့တွင်း လှည်လည် ပွဲကို ယနေ့မနက်ပိုင်းတွင် ကျင်းပပုံမြင်ကွင်းပုံရိပ်တချို့28.1.2024

28/01/2024 🌧🌧🌧🌧၂၄နာရီအတွင်းဧရာဝတီတိုင်း တောင်ပိုင်းရန်ကုန်တိုင်းပင်လယ်ကမ်းနီးဒေသများ နှင့်မွန်ပြည်နယ်ကရင်ပြည်နယ် ဒေသတွေမ...
28/01/2024

28/01/2024 🌧🌧🌧🌧
၂၄နာရီအတွင်း
ဧရာဝတီတိုင်း တောင်ပိုင်း
ရန်ကုန်တိုင်းပင်လယ်ကမ်းနီးဒေသများ နှင့်
မွန်ပြည်နယ်ကရင်ပြည်နယ် ဒေသတွေမှာ မိုးအနည်းငယ်မှ အသင့်အတင့်ရွာသွန်းနိုင်ပါတယ်
issued time
28/01/2024 8:10am(MMT)
မင်း ဂွတ် သီး Su Su San

28/01/2024

ဧရာဝတီတိုင်းဒေသကြီး
ပုသိမ်မြို့တွင် နှစ်စဥ်ကျင်းပ ပူဇော်လျှက်ရှိသော
နိဂြောဓာ ဗျာဒိတ်ပေးဘုရားကြီး နှင့် ရဟန္ထာ များ
အား ရှမ်းကုန်သည် များ ခြံရံလျှက် ပုသိမ်မြို့တွင်း
သို့ ​​​ေဒ သစာရီအပူဇော်ခံ မြို့တွင်း လှည်လည် ပွဲကို ယနေ့မနက်ပိုင်းတွင် စတင်ကျင်းပလျက်ရှိပါသည် သွားရောက်ကြည့်ရှသူများအနေ ဖြင့် အဝေးရောက်ပုသိမ်သူပုသိမ်များကြည့်ရှနိုင်ပါရန် VEDIO.. Photo မှတ်တမ်းများမန့်ပေးခဲ့ဲကြပါနော်

 #  Newsပုသိမ်မီးမီးလောင်နေဟုသိရ�နေရာအတိကမသိရသေး27.1.2024 1100
27/01/2024

# Newsပုသိမ်မီးမီးလောင်နေဟုသိရ�နေရာအတိကမသိရသေး27.1.2024 1100

Rainy night 🌧🌧🌧🌧25/01/2024 7:36pm(MMT)Su Su San မင်း ဂွတ် သီး
25/01/2024

Rainy night 🌧🌧🌧🌧
25/01/2024 7:36pm(MMT)
Su Su San မင်း ဂွတ် သီး

25/01/2024

ပုသိမ်မိုး🌧🌧🌧
၂၀၂၄ ဇန်နဝါရီလ ၂၅ရက်နေ့မှ ၂၇ရက်နေ့အတွင်း
ဧရာဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်း မွန်ပြည်နယ် ကရင်ပြည်နယ် ဒေသတွေမှာ မိုးရွာနိုင်ပါတယ်လို့မိုး​ဇလပပညာရှင်SuSuSanသတင်းတင်ပေးထားတာ မဖတ်ကြတာတော့မသိဘူးနော် အခုပုသိမ်မှာ​ေတာ့မိုး​ရွာ​​ပြီissued time
23/01/2024 4:50pm(MMT)
မင်း ဂွတ် သီး Su Su San

Send a message to learn more

တောင်ငူမြို့က ဖုန်းဆိုင်တစ်ဆိုင် ဖောက်ထွင်းခံရမှုဖြစ်ပွားကာ ဖောက်ထွင်းသူရဲ့ဖုန်း ဆိုင်ထဲကျကျန်ခဲ့..........................
24/01/2024

တောင်ငူမြို့က ဖုန်းဆိုင်တစ်ဆိုင် ဖောက်ထွင်းခံရမှုဖြစ်ပွားကာ ဖောက်ထွင်းသူရဲ့ဖုန်း ဆိုင်ထဲကျကျန်ခဲ့.......................
ဇန်နဝါရီ ၂၄

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်က ဖုန်းဆိုင်တစ်ဆိုင် ဖောက်ထွင်းခိုးယူခံရမှု ဖြစ်ပွားခဲ့တယ်လို့ ဖောက်ထွင်းခံရသည့်ဖုန်းဆိုင်ရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။

ယနေ့ ဇန်နဝါရီလ ၂၄ရက် မနက် ၃နာရီ ၄၅မိနစ်အချိန်က တောင်ငူမြို့ရှိ နန်းတော်ဦးဘုရားဘေးမှာဖွင့်လှစ်ထားတဲ့ "ဖြိုးကြီး" ဖုန်း Second ရောင်းဝယ်ရေးဆိုင် ဖောက်ထွင်းခံခဲ့ရတာဖြစ်ပါတယ်။

"မနက် ၃နာရီ ၄၅မိနစ်လောက်မှာ ဆိုင်ကို သူခိုးက ဖောက်ထွင်းခိုးယူတာပါ။ သူက ဆိုင်ထဲ ဖုန်းမီးဖွင့်ပြီး ရှာနေတဲ့အချိန် ဘေးအိမ်တွေကသိလို့ အော်တဲ့အခါမှာ ထွက်ပြေးသွားတာပါ။ သူ့ဖုန်းကတော့ ဆိုင်မှာ ကျကျန်ခဲ့ပါတယ်"လို့ အဆိုပါဖုန်းဆိုင်က ဆိုထားပါတယ်။

ဖုန်းဆိုင်ကို ဖောက်ထွင်းဝင်ရောက်ခဲ့သူကို အနီးဝန်းကျင်က တွေ့ရှိပြီး အော်ဟစ်ခဲ့တာကြောင့် ထွက်ပြေးသွားစဉ် ဆိုင်အတွင်း ၎င်းပိုင်ဖုန်း ကျကျန်ခဲ့ကာ ဖုန်းအတွင်းရှိ ဓါတ်ပုံတွေကို ဆိုင်က လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

အဆိုပါဖုန်းဆိုင်ကို အမျိုးသားနှစ်ဦးက ဘေးတွဲဆိုင်ကယ်နဲ့ လာရောက်ကာ ဝင်ရောက်ဖောက်ထွင်းခဲ့တာဖြစ်ပြီး ဆိုင်အတွင်းရှိ ဖုန်းအချို့ပါသွားခဲ့တယ်လို့ အထက်ပါဖုန်းဆိုင်က ပြောဆိုထားတာြဖစ်ပါတယ်။

#တောင်ငူ #ဖုန်းဆိုင် #ဖောက်ထွင်းခံရ

Case23.1.2024ညပုိင်းအချိန်  #ဧရာဝတီတိုင်းဒေ သကြီးငပုတောမြို့နယ် #ဂျမ်းကပ်မှကလေးငယ် အိမ်အကူလုပ်ရာကနေအိမ်ရှင်ရိုက်နှက်ရင်က...
24/01/2024

Case23.1.2024ညပုိင်းအချိန် #ဧရာဝတီတိုင်းဒေ သကြီးငပုတောမြို့နယ် #ဂျမ်းကပ်မှကလေးငယ် အိမ်အကူလုပ်ရာကနေအိမ်ရှင်ရိုက်နှက်ရင်ကားအောက်ပုန်းခိုနေလို့တွေ့ရှိသူမှနေရပ်ပြန်ပို့ပေးနိုင်ရန်မိသားစုထံဆက်သွယ်ပြန်အပ်နိုင်ရန် အဆုိပါဖုန်းနံပါတ်အားဆက်သွယ်ပေးကြပါ
ငပုတောမြို့နယ်...ဂျမ်းဂတ်...သဲချောင်းရွာကလိုသိရပါတယ်...ဖခင်အမည်..ဦးဖိုးရုံ..သိရပါသည်.........သမီးလေး.နာမည်က....အိမ်သစ်(ခ)အေးသစ်သိရပါသည်....သိတဲ့...သူများဆက်သွယ်ပေး​ြကပါ....နေရပ်သိပါက...အိမ်တိုင်ရာရောက်...ပို့ဆောင်ပေးပါမည်....တာမွေမြို့နယ်....လမ်းကျယ်တွင်တွေ့ရှိပါသည်....၀၉၆၆၇၉၇၀၁၄၁ Edit မိသားစုနှင့်အဆက်သွယ်ရ ပြီဟုသိရ....

ဧရာဝတီတိုင်းဒေသကြီး/ ပုသိမ်မြို့/အမှတ်(၈)နယ်မြေတဂေါင်းဘုရားလမ်း/လေးမျက်နှာကျောင်းတိုက်တွင် သီတင်းသုံးတော်မူသော ဦးစီးပဓာန...
24/01/2024

ဧရာဝတီတိုင်းဒေသကြီး/ ပုသိမ်မြို့/အမှတ်(၈)နယ်မြေတဂေါင်းဘုရားလမ်း/လေးမျက်နှာကျောင်းတိုက်တွင် သီတင်းသုံးတော်မူသော ဦးစီးပဓာန နာယကဆရာတော်ဘုရားကြီး ဘဒ္ဒန္တဥူးကောဝိဒသည် သက်တော်(၈၁)နှစ် ဝါတော်(၆၁)ဝါသည် ယနေ့ညမှာဖြင့် ဘဝနတ်ထံပျံလွန်တော်မူသွားပါသဖြင့် ဆရာတော်တော်ဘုရားကြီး၏ တပည့်ဒကာ ဒကာမများအားလုံးသိရှိစေရန် တင်ပြပေးခြင်း ဖြစ်ပါသည်🙏🙏🙏

ပုသိမ်မြို့တွင် နှစ်စဥ်ကျင်းပ ပူဇော်လျှက်ရှိသောနိဂြောဓာ ဗျာဒိတ်ပေးဘုရားကြီး နှင့် ရဟန္ထာ များအား ရှမ်းကုန်သည် များ ခြံရံ...
23/01/2024

ပုသိမ်မြို့တွင် နှစ်စဥ်ကျင်းပ ပူဇော်လျှက်ရှိသော
နိဂြောဓာ ဗျာဒိတ်ပေးဘုရားကြီး နှင့် ရဟန္ထာ များ
အား ရှမ်းကုန်သည် များ ခြံရံလျှက် ပုသိမ်မြို့တွင်း
သို့ ​​​ေဒ သစာရီအပူဇော်ခံ မြို့တွင်း လှည်လည် ပွဲကို ၂၈.၁.၂၀၂၄ တွင်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရှိရ ..

မိုးသတိ update 🌧🌧🌧၂၀၂၄ ဇန်နဝါရီလ ၂၅ရက်နေ့မှ ၂၇ရက်နေ့အတွင်းဧရာဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်း မွန်ပြည်နယ် ကရင်ပြည်နယ် ဒ...
23/01/2024

မိုးသတိ update 🌧🌧🌧
၂၀၂၄ ဇန်နဝါရီလ ၂၅ရက်နေ့မှ ၂၇ရက်နေ့အတွင်း
ဧရာဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်း မွန်ပြည်နယ် ကရင်ပြည်နယ် ဒေသတွေမှာ မိုးရွာနိုင်ပါတယ်
issued time
23/01/2024 4:50pm(MMT)
မင်း ဂွတ် သီး Su Su San

26/01/2024 ရက်နေ့ပဲခူးတိုင်းမိုးရွာနိုင်ပြီးဧရာဝတီတိုင်း ရန်ကုန်တိုင်းမိုးများနိုင်ပါတယ်issued time22/01/2024 12:25pm(MM...
22/01/2024

26/01/2024 ရက်နေ့
ပဲခူးတိုင်းမိုးရွာနိုင်ပြီး
ဧရာဝတီတိုင်း ရန်ကုန်တိုင်း
မိုးများနိုင်ပါတယ်
issued time
22/01/2024 12:25pm(MMT)
Su Su San မင်း ဂွတ် သီး

ပုသိမ်ရွှေမုဠောရှေ့လမ်းမကြီးမှာစည်းကမ်းမဲ့စွာရပ်ထားတာ ၁၅မိနစ်ခန့်ရှိနေပြီ အများပြည်သူသွားတဲ့လမ်းမှာ ယခုကဲ့သို့ယာဥ်များစည...
21/01/2024

ပုသိမ်ရွှေမုဠောရှေ့လမ်းမကြီးမှာစည်းကမ်းမဲ့စွာရပ်ထားတာ ၁၅မိနစ်ခန့်ရှိနေပြီ အများပြည်သူသွားတဲ့လမ်းမှာ ယခုကဲ့သို့ယာဥ်များစည်းကမ်းမဲ့စွာရပ်ထားတာမျိုးတွေကြောင့်လမ်းကြပ်ရုံသာမက ယာဥ်တိုက်မူတေဖြစ်ပွားနူန်းများပြီ အသိစိတ်ဖြင့်သာ ယာဥ်များကိုရပ်ပေးကြပါဗျာ

ပုသိမ်ပြည်သူဆေးရုံသစ် ၉ထပ်ဆောင်မှာ  အထူးကုဆရာဝန်ကြီးများ၏ အခမဲ့အထူးကုဆေးကုသရေးအစီအစဥ်များကို၂၀.၁.၂၀၂၄မှ ၂၁.၁.၂၀၂၄အထိ နှစ...
20/01/2024

ပုသိမ်ပြည်သူဆေးရုံသစ် ၉ထပ်ဆောင်မှာ အထူးကုဆရာဝန်ကြီးများ၏ အခမဲ့အထူးကုဆေးကုသရေးအစီအစဥ်များကို၂၀.၁.၂၀၂၄မှ ၂၁.၁.၂၀၂၄အထိ နှစ်ရက်တိုင်တိုင် ပုသိမ်ပြည်သူဆေးရုံးသစ်ကြီးမှာ ကုသပေးသွားမည် ဖြစ်ကြောင်းသိရှိရ......

ဇနီးဖြစ်သူ သင်္ဂြိုလ်မယ့်ရက် တစ်ရက်အလိုမှာ ယောင်္ကျားဖြစ်သူ ထမင်းစားနေစဉ် ရုတ်တရက် သတိလစ်သေဆုံးမှု အုတ်တွင်းမြို့မှာဖြစ်...
20/01/2024

ဇနီးဖြစ်သူ သင်္ဂြိုလ်မယ့်ရက် တစ်ရက်အလိုမှာ ယောင်္ကျားဖြစ်သူ ထမင်းစားနေစဉ် ရုတ်တရက် သတိလစ်သေဆုံးမှု အုတ်တွင်းမြို့မှာဖြစ်ပွား..........................
ဇန်နဝါရီ ၁၉

ပဲခူးတိုင်း အုတ်တွင်းမြို့နယ်မှာ အမျိုးသားတစ်ဦး ထမင်းစားနေရင်း ရုတ်တရက်သတိလစ်ကာ သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ရင်ခုန်သံရှင်ရေးကူညီမှုအသင်း(အုတ်တွင်းမြို့)ထံက သိရပါတယ်။

ဇန်နဝါရီလ ၁၈ရက်နေ့က ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ် ဈေးရပ်ကွက်မှာ အမျိုးသားတစ်ဦး ထမင်းစားရင်း ရုတ်တရက် သတိလစ်သွားခဲ့တာဖြစ်ပါတယ်။

"သူက ထမင်းစားရင်း ရုတ်တရက်သတိလစ်သွားတာ။ ဆေးရုံကို အရေးပေါ်ပို့ဆောင်ကူညီခဲ့ပေမယ့် အသက်မဲ့ခန္ဓာသာဖြစ်သွားခဲ့ပါတယ်"လို့ အသင်းက ဆိုထားပါတယ်။

သေဆုံးသူအမျိုးသားသည် ရှေ့နေ ဦးမြသိန်းဖြစ်ပြီး ကွယ်လွန်သွားပြီတဲ့ ဇနီးဖြစ်သူ ဒေါ်နုနုယဉ်ကို မသင်္ဂြိုလ်မီ တစ်ရက်အလိုမှာ ယခုလို သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

"ရှေ့နေ ဦးမြသိန်းရဲ့ ဇနီး ဒေါ်နုနုယဉ်ကို ဇန်နဝါရီ ၁၉ရက်နေ့မှာ သင်္ဂြိုလ်မှာပေါ့။ အဲ့ဒီလိုသင်္ဂြိုလ်မယ့်ရက် တစ်ရက်အလိုမှာ သူက ဆုံးသွားတာ"လို့ မြို့နေသူတစ်ဦးက ဆိုထားပါတယ်။

သေဆုံးသွားသူ ရှေ့နေ ဦးမြသိန်းရဲ့ ရုပ်အလောင်းကို နေအိမ်သို့ ပြန်လည်သယ်ဆောင်လာခဲ့ပြီး အအေးခန်းအခေါင်းပါ အတူယှဉ်တွဲလျက်သား အသင်းက သွားရောက်တပ်ဆင်ပေးခဲ့တယ်လို့ ထုတ်ပြန်ထားတာလည်းဖြစ်ပါ တယ်

မိုးသတိပြု 🌧🌧🌧🌧🌧၂၀၂၄ ဇန်နဝါရီလ ၂၅ရက်နေ့မှ ၂၇ရက်နေ့အတွင်းချောင်းဝ လပွတ္တာ ငပုတောပုသိမ် မြောင်းမြ အိမ်မဲကျောင်းကုန်း ပန်းတ...
20/01/2024

မိုးသတိပြု 🌧🌧🌧🌧🌧
၂၀၂၄ ဇန်နဝါရီလ ၂၅ရက်နေ့မှ ၂၇ရက်နေ့အတွင်း
ချောင်းဝ လပွတ္တာ ငပုတော
ပုသိမ် မြောင်းမြ အိမ်မဲကျောင်းကုန်း ပန်းတနော် ဝါးခယ်မ မော်ကျွန်း ဘိုကလေး စက်ဆန်း ဖျာပုံ ဒေးဒရဲ
ကျိုတ်လတ် မအူပင် ညောင်တုန်း ဆားမလောက် တွံတေး ကော့မှူး ကွမ်းခြံကုန်း ဝါးဘလောက်သောက် ဆိပ်ကြီး ခနောင်တို ဒလ ရန်ကုန် သံလျှင် သီလဝါ တံတား သုံးခွ ခရမ်း ပိန်းကန် ကဝ သက္ကလ အုန်းနှဲ ဒေသတွေမှာမိုးရွာနိုင်ပါတယ်
issued time
20/01/2024 12:30pm(MMT)
Su Su San မင်း ဂွတ် သီး

မန္တလေး၌ ယာဉ်ငှားစီးသူ လူတစ်စုက ယာဉ်မောင်းအားသတ်၍ ယာဉ်လုယက်ရန်ကုန်၊ ဇန်နဝါရီ ၁၉မန္တလေးမြို့၌ ယာဉ်ငှားစီးသူ လူတစ်စုက ယာဉ်...
19/01/2024

မန္တလေး၌ ယာဉ်ငှားစီးသူ လူတစ်စုက ယာဉ်မောင်းအားသတ်၍ ယာဉ်လုယက်

ရန်ကုန်၊ ဇန်နဝါရီ ၁၉

မန္တလေးမြို့၌ ယာဉ်ငှားစီးသူ လူတစ်စုက ယာဉ်မောင်းအား သတ်၍ မော်တော်ယာဉ်အား လုယက်မှုဖြစ်ပွားကြောင်း ယာဉ်ပိုင်ရှင်မိသားစုနှင့် နီးစပ်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ယမန်နေ့ ဇန်နဝါရီ ၁၈ ရက်၊ နေ့လည် ၁ နာရီခန့်တွင် မန္တလေးမြို့၌ နေထိုင်ကာ ယာဉ်ဌားရမ်းသည့် လုပ်ငန်းလုပ်ကိုင်သူ ယာဉ်ပိုင်ရှင် အမျိုးသားတစ်ဦးထံ အမည်မသိ လူငယ်တစ်ဦးက ဖုန်းဆက်ကာ မန္တလေးမြို့အနီးရှိ ၇ မိုင်ကမ်းခြေသို့ သွားရောက်ရန် ငှားရမ်း၍ သွားရောက်ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ထို့နောက် ည ၈ နာရီကျော်အထိ ယာဉ်မောင်းမှာ နေအိမ်သို့ ပြန်မရောက်သေး၍ မိသားစုနှင့် မိတ်ဆွေများက ဝိုင်းဝန်းရှာဖွေကြရာ ယနေ့နံနက်တွင် ၇ မိုင် ရှိ မြောင်းတစ်ခုအတွင်း သေဆုံးလျက်တွေ့ရသည်ဟု ယာဉ်ပိုင်ရှင်၏ မိတ်ဆွေတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

" မနေ့က တစ်နာရီလောက်က ဖုန်းဆက်လာပြီး ၇ မိုင်ကမ်းခြေသွားချင်လို့ဆိုပြီး ကားငှားသွားတာ။ ည ၈ နာရီကျော်တဲ့အထိ အိမ်ပြန်မရောက်သေးလို့ မိသားစုနဲ့အတူ လိုက်ရှာကြတာ။ CCTV ကြည့်, ကြည့်တော့ အုန်းချောဂိတ်က အသွားမှာတော့ ယာဉ်မောင်းကို တွေ့ရတယ်။ ညနေ လေးနာရီလောက် မြို့ထဲကိုပြန်ဝင်တော့ ကားထဲမှာ ယာဉ်မောင်းကို မတွေ့ရဘူး။ ကားငှားသွားတဲ့ လူငယ်လေးဦးလို့ ယူဆရတဲ့ သူတွေကိုပဲ တွေ့ရတယ်။ ဒီမနက်မှာပဲ အလောင်းတွေ့တယ်လို့ သတင်းရတာ။ ကျွန်တော်တို့ကတော့ မတွေ့ရသေးဘူး။ မိသားစုက ဆက်လက်ဆောင်ရွက်နေပါတယ်" ဟု ၄င်းက ပြောသည်။

သေဆုံးသူ ယာဉ်ပိုင်ရှင်မှာ အသက် ၄၀ ကျော်အရွယ်ရှိ ကိုဆန်းမျိုးမြင့် ဆိုသူဖြစ်ပြီး ၄င်း၏အလောင်းအား တွေ့ရှိရသော်လည်း ယနေ့နေ့လည်အထိ ပျောက်ဆုံးလျက်ရှိသော Suzuki Ertiga အမျိုးအစား MDY 9P- 4526 မော်တော်ယာဉ်အား ပြန်မတွေ့သေးကြောင်း သိရသည်။

လက်ရှိ၌ မိသားစုက သက်ဆိုင်ရာသို့ သတင်းပို့တိုင်ကြားထားပြီး ယာဉ်အား တွေ့ရှိပါက ကူညီ၍ သတင်းပေးကြပါရန်လည်း မိသားစုက အကူအညီတောင်းခံထားသည်။

မန္တလေးမြို့၌ ယခုလပိုင်းများအတွင်း မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် လုယက်မှုများ ခပ်စိပ်စိပ် ဖြစ်နေကာ အချို့ဖြစ်စဉ်များတွင် အသက်သေဆုံးသည်အထိ လုယက်မှုများ ဖြစ်နေကြောင်း မန္တလေးမြို့ခံများက ပြောကြားသည်။

#မောင်ဇော်
ဓာတ်ပုံ - စီဂျေ
#ယနေ့ခေတ်

မန္တလေးမြို့ မန်းမြို့ဈေးအနီးရှိ ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး ရွှေသုံးပိဿာခန့်နှင့် ကျပ်သိန်းနှစ်ရာခန့် ယူဆောင်သွ...
19/01/2024

မန္တလေးမြို့ မန်းမြို့ဈေးအနီးရှိ ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး ရွှေသုံးပိဿာခန့်နှင့် ကျပ်သိန်းနှစ်ရာခန့် ယူဆောင်သွား

မန္တလေးမြို့ မန်းမြို့ဈေးအနီးရှိ ဆယ်သန်းရွှေဆိုင် ဓားပြတိုက်ခံရမှု ဇန်နဝါရီ ၁၉ ရက် နံနက် ၈ နာရီခန့်က ဖြစ်ပွားခဲ့ပြီး ရွှေသုံးပိဿာခန့်နှင့် ကျပ်သိန်းနှစ်ရာခန့် ယူဆောင်သွားကြောင်း သတင်းရရှိသည်။

မဟာအောင်မြေမြို့နယ်၊ စံဝင်းရပ်၊ ၈၄ လမ်းနှင့် ၈၅ လမ်းကြား၊ ၃၉ လမ်းတွင် ဖွင့်လှစ်ထားသော ဆယ်သန်းရွှေဆိုင်သို့ အမည်မသိလူငယ်သုံးဦးမှ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး သေနတ်ပြကာ ဓားပြတိုက်မှု ကျူးလွန်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် ရွှေဆိုင်အတွင်း ကောင်တာတွင်းမှ ရွှေထည်များ ထည့်ထားသည့် ဗန်းနှစ်ဗန်းအတွင်းရှိ ခန့်မှန်းရွှေချိန် သုံးပိဿာခန့်နှင့် ကျပ်သိန်းနှစ်ရာခန့် ယူဆောင်သွားခဲ့သည်ဟု စုံစမ်းသိရှိရသည်။

   #ပုသိမ်လူပျောက် အောက်ကဓာတ်ပုံပိုင်ရှင်ရွှေနှင်းဆီ(၂)လမ်း/အိမ်နံပါတ်(၁၇)နေသူ ဦးအေးမြင့် အသက်(  ၆၅ ) နှစ်သည်၁၅/၁/၂၄ နေ့...
17/01/2024

#ပုသိမ်လူပျောက် အောက်ကဓာတ်ပုံပိုင်ရှင်
ရွှေနှင်းဆီ(၂)လမ်း/အိမ်နံပါတ်(၁၇)နေသူ
ဦးအေးမြင့် အသက်( ၆၅ ) နှစ်သည်
၁၅/၁/၂၄ နေ့မနက်ပိုင်းမှစတင်၍ နေအိမ်မှပျောက်ဆုံးသွားပါသဖြင့် တွေ့ရှိပါက

09790162389
09794528966
09252969515
09422489978 သို့

ဆက်သွယ်အကြောင်းကြားပေးပါရန် အကူညီတောင်းခံအပ်ပါသည်.

ဖုန်းအားသွင်းရင်း ဖုန်းသုံးနေရာကနေ အပူလွန်ကဲကာ ပေါက်ကွဲမှုဖြစ် ၃ ဦး ဒဏ်ရာရJan 16,2024/Kachin News Groupမြစ်ကြီးနားမြို့၊...
16/01/2024

ဖုန်းအားသွင်းရင်း ဖုန်းသုံးနေရာကနေ အပူလွန်ကဲကာ ပေါက်ကွဲမှုဖြစ် ၃ ဦး ဒဏ်ရာရ
Jan 16,2024/Kachin News Group

မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်နေ အမျိုးသားတစ်ဦး ဖုန်းအားသွင်းရင်း အသုံးပြုရာကနေ ဖုန်းပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းက ပြောပါတယ်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၁၅ ရက်နေ့ မနေ့ည ၈ နာရီဝန်းကျင်လောက်မှာ ဖုန်းအားသွင်းရင်း ဖုန်းသုံးနေရာကနေ အပူလွန်ကဲမှုကြောင့် ပေါက်ကွဲတာဖြစ်ပြီး ၃ ဦး မျက်နှာနဲ့ ခန္ဓာကိုယ်တစ်ခုလုံး အရေပြားတွေလှန်သွားတယ်လို့ မျိုးဆက်သစ်လူမူကယ်ဆယ်ရေးအသင်း တာဝန်ရှိသူက ဆိုပါတယ်။

“ကျွန်တော်တို့ရောက်တော့ လူနာက အောက်ရောက်နေပြီ၊ ပြောတာက ဖုန်းအားသွင်းရင်း ဖုန်းပေါက်ကွဲတယ်လို့ပြောတယ်”လို့ လူမှုကယ်ဆယ်ရေးအသင်းက ပြောပါတယ်။

ဖုန်းပေါက်ကွဲမှုကြောင့် ဖုန်းသုံးနေတဲ့အမျိုးသားက ဒဏ်ရာပြင်းထန်စွာရရှိထားပြီး သမီးနှစ်ယောက်ကတော့ မျက်နှာနဲ့ လက်တွေထိသွားပေမဲ့အခြေအနေတော့ မစိုးရိမ်ရဘူးလို့ ဆက်ပြောပါတယ်။

လက်ရှိ ဒဏ်ရာပြင်းထန်တဲ့ အမျိုးသားကတော့ ဆေးရုံကြီးမှာ ကုသမှုခံယူနေပြီး အခြေအနေကတော့ တစ်ကိုယ်လုံးထိခိုက်ထားတာကြောင့် စိုးရိမ်ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် လျှပ်စစ်အသုံးပြုရာကနေ အခုလိုဖြစ်စဉ်တွေ၊ နေအိမ်မီးလောင်တာတို့အဖြစ်များလာတဲ့အတွက် ပြည်သူတွေအနေနဲ့ လျှပ်စစ်တွေကို အထူးဂရုစိုက် အသုံးပြုသင့်တယ်လို့ ဘူးဂါးလျှပ်စစ်က မန်နေဂျာ ဦးလအောင်က အခုလိုပြောပါတယ်။

“လျှပ်စစ်မီးတွေက အကျိုးပြုသလို ဆိုးကျိုးလည်းပြုတာဖြစ်တဲ့အတွက် အသုံးပြုမယ်ဆိုရင် အမြဲသတိနဲ့ကြည့်ကြပါ၊ အပြင်ထွက်မယ်ဆိုရင် မီးခလုတ်တွေလည်း ပိတ်ထားပါ၊ ပြီးတော့ လျှပ်စစ်ပစ္စည်းတွေသုံးမယ်ဆိုရင်လည်း အရေအသွေးပြည့်မီတဲ့ဟာ၊ တရားဝင်ဖြစ်တဲ့ဟာတွေကိုသုံးသင့်ပါတယ်၊ အခုဒီဖုန်းပေါက်ကွဲတာက ဖုန်းနဲ့လည်းဆိုင်တယ်” လို့ပြောပါတယ်။

မနေ့ ဇန်နဝါရီ ၁၅ ရက်နေ့ကလည်း မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်မှာ ဝါယာရှော့ကြောင့် နေအိမ်တစ်လုံးမီးလောင်ပေါက်ကွဲမှုဖြစ်စဉ်လည်း ဖြစ်ခဲ့ပါတယ်။

၂၄နာရီအတွင်းလပွတ္တာ ငပုတော ပုသိမ် မြောင်းမြ အိမ်မဲ ကျောင်းကုန်း ဒါးက ရေကြည် အသုတ် အထောင် ကျုံပျော်မိုးရွာနိုင်ပါတယ်issue...
16/01/2024

၂၄နာရီအတွင်း
လပွတ္တာ ငပုတော ပုသိမ် မြောင်းမြ အိမ်မဲ ကျောင်းကုန်း ဒါးက ရေကြည် အသုတ် အထောင် ကျုံပျော်
မိုးရွာနိုင်ပါတယ်
issued time
16/01/2024 10:40am(MMT)
Su Su San မင်း ဂွတ် သီး

15/01/2024

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့သူလေးကိုအားပေးကြပါအုံးနော် https://fb.watch/pAW_U7_84z/?mibextid=Nif5oz

  ၁၅.၁.၂၀၂၄ ရက်နေ့၊ ၀၈ ၁၉ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းတွင် ယာဉ်(၁)စီး တိမ်းမှ...
15/01/2024

၁၅.၁.၂၀၂၄ ရက်နေ့၊ ၀၈ ၁၉ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းတွင် ယာဉ်(၁)စီး တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သူနာတင်ယာဉ်(၁)စီး၊ မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့ပါသည်။
အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ကျား(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ပါသည်။
MFSD

13.1.2024 ​ဧရာဝတီတိုင်း​ဒေသ ကြ​ီးလပွတ္တာမြို့မနေ့က ညနေပိုင်းအချိန်လပွတ္တာ ~ မြောင်မြကားလမ်း၉မိုင် ၃ဖာလုံ နားတွင်လိုင်းကာ...
14/01/2024

13.1.2024 ​ဧရာဝတီတိုင်း​ဒေသ ကြ​ီးလပွတ္တာမြို့
မနေ့က ညနေပိုင်းအချိန်
လပွတ္တာ ~ မြောင်မြကားလမ်း
၉မိုင် ၃ဖာလုံ နားတွင်
လိုင်းကား နှင့် ဆိုင်ကယ်တိုက်မှုဖြစ်ပွား
ဆိုင်ကယ်မောင်းသူသေဆုံး

သေဆုံးသူမှာ - ဦးမြင့်ရှိန်
၃မိုင်မြို့သစ် ၊ ပန်းပဲတောင်နားတွင်နေသူဟု
သိရပါတယ်။

Heart Laputta

  ဒွါဒသမတန်း ရူပဗေဒဘာသာရပ် အောင်ချက်မြင့်မားရေး ဆွေးနွေးပွဲ ကောက်နုတ်ချက်____________________ ပြဌာန်းစာအုပ်တွင်အပိုင်းကြ...
11/01/2024

ဒွါဒသမတန်း ရူပဗေဒဘာသာရပ် အောင်ချက်မြင့်မားရေး ဆွေးနွေးပွဲ ကောက်နုတ်ချက်
____________________

ပြဌာန်းစာအုပ်တွင်အပိုင်းကြီး၄ပိုင်းပါရှိပါသည်။

1. Mechanics - 20 marks
(Ch-1,2,3)
2. Energy - 37 marks
(Ch-4,5,6,7,8)
3. Electricity &- 39 marks
Magnetism
(Ch-9,10,11)
4. Modern - 34 marks
physics
(Ch-12,13)
-စုစုပေါင်း အမှတ်(၁၃ဝ)ဖိုးပေးထားပြီး (၁ဝဝ)ဖိုးဖြေဆိုရပါမည်။
- Section A. (40) marks
- Section B. (90) marks
မေးခွန်းရှည် ၆ပုဒ်တွင်၄ပုဒ်ဖြေဆိုရန်ဖြစ်ပါသည်။

1. Mechanics - (20) marks
- Section A. (6) marks
- Section B. (14) marks

2. Energy - (37) marks
- Section A. (13) marks
- Section B. (24) marks

3. Electricity &- (39)marks
Magnetism
- Section A. (13) marks
- Section B. (26) marks

4. Modern - (34) marks
physics
- Section A. (8) marks
- Section B. (26) marks

- Text bookမှ theroy, problems,diagramsများကိုအချိုးကျထည့်သွင်းမေးပါမည်။
- ပုံမှန်အတိုင်း Definitionတွေထည့်မေးပါမည်။ Conceptမှန်လျှင်အမှတ်ပေးပါမည်။ အရင်လို "State......."ဟူ၍မမေးတော့ဘဲ အမေးစကားလုံး အသစ်များဖြင့် စစ်ဆေးမှာဖြစ်ပါတယ်။
-ရှည်လွန်းတဲ့ Definition, Derivationတွေကိုရှောင်ပါမည်။

မူရင်းတင်ပေးသောဆရာအားcrdပေးပါတယ်။

EDU COUNSELOR

ကောင်းရာသုဂတိလားရောက်ပါစေ~~~~~~~~~~~~~~~~~~~~~~~~ဂန္တဝင်အဆိုတော်ကြီး ဒေါ်မာမာအေး ဇန်နဝါရီ ၈ ရက် အမေရိကန် အရှေ့ဘက်ကမ်းရို...
09/01/2024

ကောင်းရာသုဂတိလားရောက်ပါစေ
~~~~~~~~~~~~~~~~~~~~~~~~
ဂန္တဝင်အဆိုတော်ကြီး ဒေါ်မာမာအေး ဇန်နဝါရီ ၈ ရက်
အမေရိကန် အရှေ့ဘက်ကမ်းရိုးတန်း စံတော်ချိန် ညနေ ၆:၂၈ ၊ မြန်မာစံတော်ချိန် ဇန်နဝါရီ ၉ ရက် မနက် ၅:၅၈ မှာ ကွယ်လွန်။

Burmese

    #ပုသိမ်မြို့အမှတ်၂ကြိုးတံတား ပုသိမ်အမှတ်၂တံတား‌ေပါ်တွင်အမျိုးသားတစ်ဦးပြုတ်ကျ ‌ေသဆုံးခဲ့ပြီး‌ေနာက်ယနေ့ပုသိမ်တံတား ထိ...
27/07/2023

#ပုသိမ်မြို့အမှတ်၂ကြိုးတံတား ပုသိမ်အမှတ်၂တံတား‌ေပါ်တွင်အမျိုးသားတစ်ဦးပြုတ်ကျ ‌ေသဆုံးခဲ့ပြီး‌ေနာက်ယနေ့ပုသိမ်တံတား ထိပ်သံဘောင်ပေါ်လာတစ်ယောက်တတ် စိတ်မနှံသူဖြစ်နေကြောင်းသိရှိရ 🚨🚷💻 27.7 .2023 2.30 pm

26-7-2023-ရက်နေ့အမျိုးသ္မီးငယ်(၁)ဦးအားကူညီရှာဖွေပေးပါရန်အကူအညီတောင်းခံခြင်း။                            24-7-2023-ရက်နေ...
26/07/2023

26-7-2023-ရက်နေ့အမျိုးသ္မီးငယ်(၁)ဦးအားကူညီရှာဖွေပေးပါရန်အကူအညီတောင်းခံခြင်း။

24-7-2023-ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ငပြောချောင်းကျွန်းကြားကျေးရွာနေ ဦးကျော်အေး+ဒေါ်အေးခိုင်တို့၏သ္မီးဖြစ်သူ မဇွန်မြက်ခိုင်အသက်(20)နှစ်အား အမည်မသိအမျိုးသ္မီး(3)ဦးမှတစ်လသိန်း(30)ရရှိမည်ဟုပြောဆိုပြီးခေါ်ယူသွားခဲ့ကြောင်း

25-7-2023-ရက်နေ့ညတွင် မော်လမြိုင်မြို့ရှိတည်းခိုခန်းတခုတွင်တည်းခိုသွားကြောင်းသတင်းအစအနရရှိခဲ့ပြီး မည်သည့်နေရာ မည်သည့်မြို့များသို့ခေါ်ယူသွားကြောင်းမသိရပါသဖြင့် မြန်မာနိုင်ငံအတွင်းမှမိတ်ဆွေများ နိုင်ငံခြားတိုင်းပြည်များတွင်ရောက်ရှိနေသောမိတ်ဆွေများကူညီရှာဖွေပေးကြပါရန်လေးစားစွာအကူအညီတောင်းခံအပ်ပါသည်။

အောက်ပုံတွင်ပါရှိသောမိန်းခလေးအားတွေ့ရှိပါက အောက်ပါဖုန်းနံပါတ်သို့ဆက်သွယ်အကြောင်းကြားပေးပါရန်အထူးမေတ္တာရပ်ခံအကူအညီတောင်းခံအပ်ပါသည်။

ပြန်လယ်မျှဝေ ရှယ်ပေးခြင်းဖြင့်ကူညီပေးကြပါရန် အထူးအကူအညီတောင်းခံအပ်ပါသည်။

09 777186229 ဦးသန်းစိုး

ဦးဇော်ဝင်း တမူးဇွဲမာန်

နေပြည်တော် မှုခင်းနှင့်သတင်းစုံ အွန်လိုင်းသတင်းအေဂျင်စီ

 #ပုသိမ်မြို့အမှတ်၂ကြိုးတံတား ပေါ်မှပြုတ်ကျသွားသောအမျိုးသား၏ရုပ်အလောင်းအားပုသိမ်မြုိ့မှလူမူအသင်းများဖြကြသည့်ဘက်စုံ၊မေတ္တ...
24/07/2023

#ပုသိမ်မြို့အမှတ်၂ကြိုးတံတား ပေါ်မှပြုတ်ကျသွားသောအမျိုးသား၏ရုပ်အလောင်းအားပုသိမ်မြုိ့မှလူမူအသင်းများဖြကြသည့်ဘက်စုံ၊မေတ္တာစမ့းရေ၊မေတ္တာရေကြည်၊မြတ်မြတ်ဂရုဏာ၊ ပရဟိတအသင်များမှကူညီဆယ်ယူနေသည့်မြင်ကွင်း
Crd zaw zaw
24.7.2023. monday. zaw Naing lin 💻

Address

Pathein

Website

Alerts

Be the first to know and let us send you an email when Today Ayeaarwady New posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share


Other Media/News Companies in Pathein

Show All