THAW ZIN KHANT

THAW ZIN KHANT ジンカントを解凍します
✰公式アカウント✰
私のプロフィールへようこそ
🙏🙏幸運を🙏🙏
●Yᵒᵘ Oᶰˡʸ Lᶤᵛᵉ Oᶰᶜᵉ●

10/04/2022
𝙷𝙰𝙿𝙿𝚈 𝙱𝙸𝚁𝚃𝙷𝙳𝙰𝚈 🎂🎂🎂ကိုဇာနည်❤️❤️❤️
06/02/2022

𝙷𝙰𝙿𝙿𝚈 𝙱𝙸𝚁𝚃𝙷𝙳𝙰𝚈 🎂🎂🎂ကိုဇာနည်❤️❤️❤️

ရုံးဝန်ထမ်းတိုင်း သိထားသင့်တဲ့E-mail ရေးသားရာမှာ အသုံးပြုလေ့ရှိတဲ့ အတိုကောက်စာလုံးများ (မဖတ်အားသေးရင် Share ထားပါ။)မနက်ရ...
31/12/2021

ရုံးဝန်ထမ်းတိုင်း သိထားသင့်တဲ့E-mail ရေးသားရာမှာ အသုံးပြုလေ့ရှိတဲ့ အတိုကောက်စာလုံးများ (မဖတ်အားသေးရင် Share ထားပါ။)

မနက်ရုံးရောက်လို့ အလုပ်လုပ်ဖို့ ကွန်ပျူတာဖွင့်လိုက်တဲ့အခါ “FYI: Please confirm the date of meeting. Can you LMK it before EOD? ...” အစရှိတဲ့ အတိုကောက်စကားလုံးတွေနဲ့ရေးထားတဲ့ e-mail တွေကို ကိုယ့်ရဲ့အထက်လူကြီးဆီကနေ ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တွေကနေ ရဖူးပါလိမ့်မယ်။ အဲဒီအခါမှာ ကိုယ်နဲ့သိပ်မရင်းနှီးတဲ့အတိုကောက်စကားလုံးတွေကို နားလည်အောင်ပြန်လုပ်ရတာက တစ်ခါတလေမှာစိတ်ရှုပ်စရာကောင်းပါတယ်။

မြန်မာနိုင်ငံမှာ စီးပွားရေးတံခါးတွေဖွင့်လိုက်တဲ့အချိန်ကစပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတွေ အများအပြားဝင်ရောက်လာသလို ပြည်တွင်းနဲ့ပြည်ပအခြေစိုက်ကုမ္ပဏီအများစုမှာ နိုင်ငံတကာကကျွမ်းကျင်သူတွေကို ငှားရမ်းခန့်အပ်လာတာကိုတွေ့ရပါတယ်။ နိုင်ငံတကာကုမ္ပဏီအများစုဟာ အင်္ဂလိပ်စာကို နိုင်ငံတကာဘုံဘာသာစကားအဖြစ် အသုံးပြုတဲ့အတွက်ကြောင့် ကိုယ့်ရဲ့အလုပ်လိုအပ်ချက်အရ နိုင်ငံခြားသားတွေနဲ့ဆက်သွယ်ရတဲ့အခါမှာ အင်္ဂလိပ်စကားကိုကောင်းကောင်းအသုံးပြုတတ်ဖို့ လိုပါတယ်။ တကယ်လို့ ကိုယ့်ရဲ့အထက်လူကြီးက နိုင်ငံခြားသားဖြစ်တယ်ဆိုလျှင် သူနဲ့ပြောဆိုဆက်သွယ်နိုင်ဖို့အတွက် ပိုပြီးတော့တောင်အင်္ဂလိပ်စာကို အသုံးပြုရပါလိမ့်မယ်။ အဲဒီလိုဆက်သွယ်ရတဲ့အခါမှာ သူ့နဲ့ပြောဆိုနိုင်ဖို့လည်းအရေးကြီးသလို သူပြောသမျှနဲ့ရေးသမျှအကြောင်းအရာတွေကိုလည်း နားလည်နိုင်ဖို့လိုပါတယ်။

နောက်ပြီး လုပ်ငန်းပိုင်းဆိုင်ရာသတင်းအချက်အလက်တွေကို အချိန်နဲ့တပြေးညီသိရှိစေဖို့ ကုမ္ပဏီအတွင်းမှာ တစ်ယောက်နဲ့တစ်ယောက်ဆက်သွယ်တဲ့အခါမှာလည်း အချိန်တိုတိုအတွင်းမှာလျင်လျင်မြန်မြန်ပေးပို့နိုင်တဲ့ အီးမေးလ်နဲ့ စာတိုပေးပို့စနစ်တွေကို ပိုပြီးအသုံးပြုလာကြပါတယ်။ တကယ်လို့မြန်း ကိုယ့်ရဲ့နိုင်ငံခြားသားအထက်လူကြီးက သူ့ရဲ့မက်ဆေ့ခ်ျတွေနဲ့ အီးမေးတွေထဲမှာ အတိုကောက်စာလုံးတွေကိုထည့်ပြီး သုံးလာခဲ့လျှင် သူပြောချင်တဲ့အကြောင်းအရာတွေကို အပြည့်အဝနားလည်ဖို့ အဲဒီစကားလုံးတွေကိုနားလည်ဖို့လိုပါတယ်။ မဟုတ်လျှင် တချို့အရေးကြီးတဲ့အချက်တွေကို ကျန်ခဲ့နိုင်ပါတယ်။ နောက်ပြီး အတိုကောက်စကားလုံးတွေကို အသုံးပြုတဲ့အခါမှာ လျင်မြန်တဲ့ဆက်သွယ်ရေးသားမှုတွေကို ဖြစ်စေပါတယ်။ အဲဒါကြောင့် လုပ်ငန်းခွင်မှာ e-mail နဲ့ပဲဖြစ်ဖြစ် Instant messaging နဲ့ပဲဖြစ်ဖြစ် ဆက်သွယ်ပေးပို့တဲ့အခါ အသုံးများလေ့ရှိတဲ့အင်္ဂလိပ်အတိုကောက်စကားလုံးတွေကို ဗဟုသုတရအောင်ဖော်ပြပေးလိုက်ပါတယ်။

1. ASAP – as soon as possible (ကိုယ့်ရဲ့အထက်လူကြီးဆီကနေ “Send me the report ASAP” ဆိုတဲ့ e-mail ကို ရတယ်ဆိုရင်တော့ သူကကိုယ့်ကို ကျန်တဲ့အလုပ်တွေအကုန်ပစ်ချထားပြီးတော့ အဲဒီအစီရင်ခံစာကို ပြီးအောင်လုပ်တော့လို့ ပြောနေတာပဲဖြစ်ပါတယ်။)

2. BTW – by the way (ဥပမာ - “I read that article BTW. Not so great.” တစ်ခါတလေမှာ back to work လို့လည်း ဆိုလိုပါတယ်။ အဲဒါကြောင့် btw ဆိုတဲ့စကားလုံးကို ဘယ်လိုအသုံးပြုထားသလဲဆိုတာကို ဂရုစိုက်ဖို့လိုပါတယ်။)

3. COB – close of business (လုပ်ငန်းတစ်ခုပြီးစီးဖို့အတွက် သတ်မှတ်ထားတဲ့နောက်ဆုံးအချိန်ကို ဆိုလိုတာဖြစ်ပါတယ်။ ဥပမာ - “This is just a reminder that the survey is still open and will remain open until COB today”)

4. COD – cash on delivery (ပစ္စည်းရောက်မှငွေချေရတဲ့ ငွေပေးချေမှုအမျိုးအစားတစ်ခုဖြစ်ပါတယ်။ ဥပမာ - We don’t have to pay the printer now. It’s COD.”)

5. EOD – end of day (ယေဘုယျအားဖြင့်တော့ အလုပ်အချိန်ရဲ့နောက်ဆုံးအချိန်ကိုပြောချင်တာပါ။ တစ်ခါတလေမှာလည်း နေ့တစ်နေ့ရဲ့နောက်ဆုံး သန်းခေါင်းယံအချိန်ကိုပြောချင်တာပါ။ ကိုယ့်အလုပ်ရှင်က ဘယ်လိုမျိုးသုံးနှုန်းထားသလဲဆိုတာကိုတော့ သိအောင်လုပ်ရပါ့မယ်။ ဥပမာ - “I’d like to submit it before EOD.”)

6. EOM – end of message (အချိန်တိုတိုအတွင်းမှာ မလိုအပ်ဘဲနဲ့ e-mail ဖွင့်ဖတ်ရတဲ့အခက်အခဲတွေကို မဖြစ်စေဖို့ ဒီစကားလုံးကို e-mail ရဲ့အကြောင်းအရာမှာသုံးလေ့ရှိပါတယ်။ ဥပမာ - e-mail မှာဘာမှမရေးဘဲနဲ့ Subject မှာပဲ “Budget meeting 10/11/2019 at 11am (EOM)” ဆိုပြီးသုံးလို့ရပါတယ်။)

7. F2F – face to face (မျက်နှာချင်းဆိုင်တွေ့ဆုံပြီး ပြောချင်တဲ့အခါမှာ သုံးပါတယ်။ ဥပမာ - "Let's meet and work it out F2F.")

8. FAQ – frequently asked question(s) (အကြောင်းအရာတစ်ခုနဲ့ပတ်သက်ပြီး အမေးများတဲ့မေးခွန်းတွေကို ဆိုလိုပါတယ်။ ဥပမာ - “What are the FAQs for our new product?”)

9. FYI – for your information (ဒီစကားလုံးကိုတော့ ရင်းနှီးပြီးသားဖြစ်ပါလိမ့်မယ်။ ကိုယ်မျှဝေပေးပို့လိုက်တဲ့ သတင်းအကြောင်းအရာကို သတိထားမိစေချင်ရင် အဲဒီစကားလုံးကို သုံးနှုန်းပါတယ်။ ဥပမာ - “FYI, this is the update I got from the team.”)

10. F/U – follow up (ကိုယ့်ရဲ့ Client ဆီကို e-mail ပို့ပြီးပြောဆိုဆွေးနွေးထားတဲ့အကြောင်းအရာကို ဖုန်းနဲ့ပဲဖြစ်ဖြစ် လူကိုယ်တိုင်ပဲဖြစ်ဖြစ် ဆက်လက်ဆောင်ရွက်တာကိုပြောတာ ဖြစ်ပါတယ်။ နမူနာစာကြောင်းဆိုရင် “You should f/u your e-mail over phone-call or in person.”)

11. FWD – forward (ကိုယ့်ရဲ့ အထက်လူကြီး ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်က သူ့ရဲ့e-mail ကို နောက်တစ်ယောက်ဆီ ပေးပို့ပေးစေချင်တဲ့အခါမှာ “Can you FWD my e-mail to ### as I forgot to loop him/her in the convo?” အဲဒီမှာ Convo ဆိုတာ Conversation ကိုပြောတာပါ။)

12. IOW – in other words (အကြောင်းအရာတစ်ခုကို အရှေ့မှာပြောထားတာထက် ပိုပြီးရှင်းလင်းအောင်ပြောချင်ရင် ဒီစာလုံးနဲ့စပြီးပြောပါတယ်။ ဥပမာ - “The mobile library services have been reorganized – IOW, they visit fewer places.”)

13. LMK – let me know (ကိုယ်ပေးပို့လိုက်တဲ့ e-mail နဲ့ပတ်သက်ပြီး နောက်ဆက်တွဲမေးခွန်းတွေမေးလို့ရအောင် ဖွင့်ပေးတဲ့သဘောနဲ့ အသုံးပါတယ်။ ဥပမာ - “LMK, if you have any questions about this event.”)

14. N/A – not applicable (မေးထားတဲ့မေးခွန်းနဲ့ပတ်သက်ပြီး ကိုက်ညီသင့်တော်တဲ့အဖြေမရှိတဲ့အခါမှာ ဒီစကားလုံးကိုသုံးပါတယ်။ ဥပမာ - “If a question does not apply to you, please put N/A in the box.”)

15. N/B, NB, n/b – nota bene (လက်တင်ဘာသာစကားကနေ ဆင်းသက်လာတာဖြစ်ပြီး အင်္ဂလိပ်လို “Note Well” ကို ဆိုလိုတာဖြစ်ပါတယ်။ ကိုယ်ပေးပို့လိုက်တဲ့အရေးကြီးအချက်အလက်တွေကို စာဖတ်သူသတိထားမိစေဖို့ အဲဒီအချက်အလက်ရဲ့အရှေ့မှာရေးလေ့ရှိပါတယ်။ E.g. “NB Applications received after the closing date will not be accepted.”)

16. NLT – no later than (အကြောင်းအရာတစ်ခုနဲ့ပတ်သက်ပြီး ကိုယ်လိုချင်တဲ့အဖြေ ဒါမှမဟုတ် အစီရင်ခံစာ ဒါမှမဟုတ် အတည်ပြုချက်တွေကို သတ်မှတ်ထားတဲ့အချိန်ထက် နောက်မကျစေဘဲလိုချင်တယ်ဆိုရင် “Please provide feedback NLT EOD Wednesday.”)

17. NRN – no reply necessary (တစ်ခါတလေမှာ မလိုအပ်ဘဲ reply လုပ်တဲ့ e-mail လုပ်တွေကြောင့် ကိုယ့်ရဲ့ Inbox ထဲမှာ e-mail တွေအများကြီးနဲ့မျက်စီရှုပ်နေတတ်ပါတယ်။ တကယ်လို့မြန်း ကိုယ်ပို့လိုက်တဲ့ e-mail ကို reply မလုပ်လည်းရတယ်ဆိုရင် ဒီစကားလုံးကိုသုံးနိုင်ပါတယ်။)

18. RSVP - Répondez s’il vous plait (ပြင်သစ်စကားလုံးတစ်ခု ဖြစ်ပြီး ယေဘုယျပြောရမယ်ဆိုရင် please respond နဲ့အတူတူပဲဖြစ်ပါတယ်။ ဥပမာ - “RSVP to me by April 20th.”)

19. TBD – to be determined (အကြောင်းအရာတစ်ခုဟာ ဆုံးဖြတ်ဖို့လိုသေးရင် ဒီစကားလုံးကိုသုံးကြပါတယ်။ ဥပမာ - “No. of participant: TBD”)

20. OOO – out of office (အကြောင်းကိစ္စတစ်ခုခုကြောင့် အချိန်ပိုင်းပဲဖြစ်စေ ရက်တော်တော်ကြာဖြစ်စေ ရုံးမှာမရှိတဲ့အကြောင်းကို ကိုယ့်ရဲ့မက်ဆေ့ခ်ျတွေမှာဖော်ပြချင်ရင် “I will be OOO until Tuesday.”)

21. WFH – work from home (တချို့တချို့သောလူတွေဟာ သူတို့ရဲ့အလုပ်တွေကို ရုံးမှာမဟုတ်ဘဲ အိမ်မှာနေပြီးပြီးအောင်လုပ်နေတယ်ဆိုတာကို သူတို့ရဲ့အထက်လူကြီးနဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုပြောပြတဲ့အခါမှာ သုံးလေ့ရှိပြီး အဲဒါဟာ ရုံးမှာဘယ်သူကတော့ရှိတယ် ဘယ်သူကတော့မရှိဘူးဆိုတာကို သိစေဖို့အတွက် အထောက်အကူဖြစ်ပါတယ်။)

22. YTD – year to date (ပြက္ခဒိန်နှစ်ပဲဖြစ်ဖြစ် ဘဏ္ဍာရေးနှစ်ပဲဖြစ်ဖြစ် နှစ်တစ်နှစ်ရဲ့ ကိုယ်ရောက်နေတဲ့လက်ရှိအချိန်ကို ရည်ညွှန်းဖော်ချင်လျှင် သုံးပါတယ်။ ဥပမာ - ကိုယ့်ရဲ့အစီရင်ခံစာမှာ အသားတင်အမြတ်ငွေပမာဏကို ဖော်ပြချင်တဲ့အခါမှာ “We’ve made $800,000 in sales YTD.”)

အခုဖော်ပြထားတဲ့အတိုကောက်စာလုံးတွေက စီးပွားရေးလုပ်ငန်းသုံးအင်္ဂလိပ်စာရေးသားနည်းမှာ အသုံးများလေ့ရှိတာတွေပဲဖြစ်ပါတယ်။ အခြားအသုံးများတဲ့စကားလုံးတွေလည်း ကျန်ပါသေးတယ်။ လုပ်ငန်းအတွေ့အကြုံနဲ့ ကိုယ်တိုင်လေ့လာဆည်းပူးမှုတွေကနေ ဆက်လက်သိရှိအောင်လုပ်ရမှာပဲဖြစ်ပါတယ်။ ဒီလိုစကားလုံးတွေဟာ ကိုယ့်ရဲ့ e-mail ကို ကျစ်လစ်သွားအောင် ကူညီပေးနိုင်သလို အချိန်တိုတိုအတွင်းမှာ အလုပ်တွင်ကျယ်အောင်လည်း အထောက်အကူဖြစ်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့လည်း သူတို့ကိုအသုံးပြုတဲ့အခါမှာ အက္ခရာနဲ့ ပုဒ်ဖြတ်ပုဒ်ရပ်သင်္ကေတတွေကို သတိထားရပြီးတော့ သုံးသင့်တဲ့နေရာလား မသုံးသင့်တဲ့နေရာလားဆိုတာကိုလည်း ချိန်ဆရပါလိမ့်မယ်။

မူရင်းရေးသားသူကို လေးစားစွာဖြင့် Credit ပေးပါတယ်ခင်ဗျာ။

Wait
28/12/2021

Wait

MiUi 13 ကို December 28 မာ Update တင်လို့ ရမယ်လို့ သိရပါတယ်ကျနော် အောက်မှာ MiUi 13 တင်လို့ရမဲ့ Device တွေကို ပြထားပါတယ်F...
27/12/2021

MiUi 13 ကို December 28 မာ Update တင်လို့ ရမယ်လို့ သိရပါတယ်

ကျနော် အောက်မှာ MiUi 13 တင်လို့ရမဲ့ Device တွေကို ပြထားပါတယ်

Features တွေကတော့ ပါလာပါ့မယ် သို့ပေမဲ့ ဖြုတ်ချခံရတာတွေလဲ ရှိပါတယ်

ပထမဆုံး ဖြုတ်ချခံရမဲ့ Features တွေကို အရင်ပြောပါ့မယ်

1. Super Wallpaper
2. Screen Time

ဒါတွေက MiUi 13 မှာ ပါမလာတော့ပါဘူး

နောက်တစ်ခုကMiUi 13 မှာ ပါဝင်လာမဲ့ Features အသစ်တွေပါ

1. Google drive လိုမျိုး Mi Drive ပါလာမယ်

2. System Update မြှင့်တဲ့အခါ အရင်က Battery 30% မှ ရပေမဲ့ အခုခါ 15% နဲ့ ရမယ်လို့ သိရပါတယ်

( သို့ပေမဲ့ ကျနော် အနေနက် သတိပေးစရာရှိတာက System Update တင်တဲ့ အခါ Battery 15% လို့ပြောထားပေမဲ့ ကျနော် တို့အနေနက်က Battery 75 လောက် ရှိမှသာ System Update တင်သင့်ပါတယ် ဘာကြောင့်လဲဆိုတော့ မိမိ ဖုန်းက Battery မခံတာမျိူး ဒါမှ မဟုတ် System Update တင်နေတုန်း ဖုန်းအားကုန်သွားတာမျိုးဆိုရင် Firmware ကျသွားနိုင်ပါတယ် ဒါကြောင့် ကျနော်တို့က System Update မြှင့်တော့မယ်ဆို ဖုန်း အား 50 % လောက်ရှိမှ လုပ်တာကောင်းပါတယ် )

3. Infinity Scroll

4. Widgets

Update တင်လို့ရမဲ့ Device များ
---------------------------------------------

Xiaomi MIUI 13 device list:

Redmi MIUI 13 device list:

Redmi K30 Ultra
Redmi 9 Prime
Redmi 9i
Redmi 9
Redmi 9A
Redmi 9C
Redmi 10X Pro 5G
Redmi 10X 5G
Redmi 10X 4G
Redmi K30i 5G
Redmi K30 5G Racing
Redmi Note 9 Pro
Redmi Note 9
Redmi K30 Pro Zoom
Redmi K30 Pro
Redmi Note 9S
Redmi Note 9 Pro Max
Redmi 9
Redmi K20 Pro Premium
Redmi K30
Redmi K30 5G
Redmi K20 Pro

Xiaomi Mi MIUI 13 device list:
Xiaomi Mi Note 10 Lite
Xiaomi Mi 10 Youth 5G
Xiaomi Mi 10 Lite 5G
Xiaomi Mi 10 Pro 5G
Xiaomi Mi 10 5G
Xiaomi Mi 10 Ultra
Xiaomi Mi Note 10
Xiaomi Mi Note 10 Pro
Xiaomi Mi CC9 Pro
Xiaomi Mi Mix Alpha
Xiaomi Mi 9 Pro 5G
Xiaomi Mi 9 Pro
Xiaomi Mi 9 Explorer

Poco MIUI 13 device list:

Poco X3 NFC
Poco M2 Pro
Poco M2
Poco F2 Pro
Poco X2

Black Shark MIUI 13 device list:

Black Shark 3 Pro
Black Shark 3
Black Shark 2 Pro
Black Shark 2
Black Shark 3S

These Xiaomi smartphones may (or may not) get the MIUI 13:

Xiaomi Redmi Note 8T
Xiaomi Mi 9 Lite
Xiaomi Redmi Note 8 Pro
Xiaomi Redmi 8
Xiaomi Mi 9T Pro
Xiaomi Mi 9T
Xiaomi Redmi K20
Xiaomi Mi Mix 3 5G
Xiaomi Mi 9 SE
Xiaomi Mi 9
Xiaomi Mi A3

ဆိုတော့ ဒီလောက်ပါပဲ

!D3-C4rD

19/12/2021

လွမ်းတယ် idolကြီးရေ❤️

မိမိအကောင့်မှာရှိတဲ့ Friends တွေကို တစ်ခြားသူမတွေ့အောင်ပိတ်နည်းကိုယ်နဲ့ Friends ဖြစ်ထားတဲ့သူတွေကို တစ်ခြားသူတွေမတွေ့အောင...
18/12/2021

မိမိအကောင့်မှာရှိတဲ့ Friends တွေကို တစ်ခြားသူမတွေ့အောင်ပိတ်နည်း

ကိုယ်နဲ့ Friends ဖြစ်ထားတဲ့သူတွေကို တစ်ခြားသူတွေမတွေ့အောင် ပိတ်ထားနည်းဖြစ်ပါတယ်။

ကိုယ့်အကောင့် Profile ထဲကို တစ်ယောက်ယောက်ကလာဝင်မွှေရင် ကိုယ်နဲ့ သူငယ်ချင်းဖြစ်ထားတဲ့သူတွေကို မတွေ့အောင်ဒီနည်းလမ်းလေးအတိုင်း ပိတ်ထားနိုင်ပါတယ်။
အသေးစိတ်ကို ပုံလေးတွေကိုကြည့်ပြီးလေ့လာနိုင်ပါတယ်။

အားလုံးအဆင်ပြေပါစေ
#ဆော့ဝဲလမ်းညွှန်

❤️
18/12/2021

❤️

MPT B2B ကဒ် လျှောက်နည်းလေးပါ။Official Web link လေးမို့ပိုပြီးအဆင်ပြေကြမှာပါ။ပုံ‌လေးတွေနဲ့အသေးစိတ်ရှင်းပြပေးထားပါတယ်။MPT ...
18/12/2021

MPT B2B ကဒ် လျှောက်နည်းလေးပါ။

Official Web link လေးမို့ပိုပြီးအဆင်ပြေကြမှာပါ။

ပုံ‌လေးတွေနဲ့အသေးစိတ်ရှင်းပြပေးထားပါတယ်။

MPT ဆော့ဝဲလ်လိုအပ်ရင်ဒေါင်းပါ - Game လေးတွေကစားပြီး GB တွေယူလို့ရပါတယ်။

MPT4U App + B2B ကဒ်လျှောက်ရန် လင့် 👉 http://bit.ly/MPTB2BAPPLY

Telegram Channel ကို Join ပေးပါနော် 👉 https://t.me/minsithuorg


# Crd

Facebook account deletionလုပ်နည်း။ #မိမိfacebookအကောင့်အပြီးဖျက်နည်း🛑🛑🛑🛑🛑🛑🛑🛑🛑🛑🛑🛑🛑🛑
18/12/2021

Facebook account deletionလုပ်နည်း။
#မိမိfacebookအကောင့်အပြီးဖျက်နည်း
🛑🛑🛑🛑🛑🛑🛑🛑🛑🛑🛑🛑🛑🛑

17/12/2021

❤️❤️❤️

Address

Pakokku

Alerts

Be the first to know and let us send you an email when THAW ZIN KHANT posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share