Okpho City

Okpho City ပဲခူးတိုင်း အုတ်​ဖိုမြို့

14/12/2023
အုတ်ဖိုသူလေး အရမ်းလှတယ်
10/12/2023

အုတ်ဖိုသူလေး အရမ်းလှတယ်

22/11/2023

⬛လူပျောက်သတင်း⬛
အုတ်ဖိုမြို့နယ်က အသက်မပြည့်သေးသည့်အမျိုးသားတစ်ဦး ပျောက်ဆုံးနေ

အုတ်ဖို နို၀င်ဘာ ၂၁ ၂၀၂၃ Tharyarwaddy 8 City

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာ၀တီခရိုင်ရှစ်မြို့နယ်ထဲက အုတ်ဖိုမြို့နယ်၊ သရက်နှစ်ဖျားလိမ်အုပ်စု၊ ပေါင်းတည်စုကျေးရွာတွင် နေထိုင်သည့် မောင်ကောင်းချစ်ဟန်သည် ဒီကနေ့ နို၀င်ဘာလ ၂၁ရက် နေ့လည် ၁နာရီအချိန်တွင် ပျောက်ဆုံးနေကြောင်း ၎င်း၏မိသားစုများထံကသိရပါတယ်။

ပျောက်ဆုံးနေသည့်အမျိုးသားသည် အသက်မပြည့်သေး‌သူဖြစ်တာကြောင့်မိဘများအနေနဲ့ အလွန်စိတ်ပူနေတာလည်းဖြစ်ပါတယ်။

၎င်းအမျိုးသားကို လက်ခံထားသူများနဲ့ တွေ့ရှိသူများအနေဖြင့် Tharyarwaddy 8 Cityသတင်းဌာန၏ Chat Boxမှတဆင့် ဆက်သွယ်ပေးပါရန် မိသားစုကိုယ်စား မေတ္တာရပ်ခံအပ်ပါသည်။

ဖုန်းဖြင့်ဆက်သွယ်အကြောင်းကြားချင်သူများအနေနဲ့အောက်ဖော်ပြပါ ၎င်းအမျိုးသား၏ မိသားစု၀င်များရဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်အကြောင်းကြားနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

ဆက်သွယ်ရန်ဖုန်းနံပါတ်
09423657673
0943151096

လေးစားမှုဖြင့်
⬛ Tharyarwaddy8 City ဝိုင်းတော်သားများ။

ဓာတ်ပုံ - ပျောက်ဆုံးနေသည့် မောင်ကောင်းချစ်ဟန်

========================
Tharyarwaddy 8 Cityမှ ရေးသားတင်ပြနေသည့် သတင်းများအား အောက်ပါတယ်လီဂရမ်ချန်နယ်တွင်လည်း ဖက်ရူနိုင်ပါသည်။
တယ်လီဂရမ်လင့်👉👇👈

https://t.me/tharyarwaddy8city

အုတ်ဖိုမြို့နယ်၊ ရှမ်းကုန်းကျေးရွာအုပ်စု၊ တမံကြီးကျေးရွာအုပ်ကြီးနှုတ်ထွက်
19/11/2023

အုတ်ဖိုမြို့နယ်၊ ရှမ်းကုန်းကျေးရွာအုပ်စု၊ တမံကြီးကျေးရွာအုပ်ကြီးနှုတ်ထွက်

အုတ်ဖိုမြို့နယ်၊ သရက်နှစ်ဖျားလိန်ကျေးရွာအုပ်စု၊ ပေါင်းတည်စုရွာ ရာအိမ်မှူးနှုတ်ထွက်
03/11/2023

အုတ်ဖိုမြို့နယ်၊ သရက်နှစ်ဖျားလိန်ကျေးရွာအုပ်စု၊ ပေါင်းတည်စုရွာ ရာအိမ်မှူးနှုတ်ထွက်

အုတ်ဖိုမြို့နယ် ချောင်းဂေါင်းကျေးရွာအုပ်စု အုပ်ကြီး နှုတ်ထွက်
03/11/2023

အုတ်ဖိုမြို့နယ် ချောင်းဂေါင်းကျေးရွာအုပ်စု အုပ်ကြီး နှုတ်ထွက်

အုတ်ဖိုမြို့နယ်၊ ကြို့ကိုးပင်ကျေးရွာအုပ်စုမှ ရာအိမ်မှူးနှင့် ဆယ်အိမ်မှူးများ နှုတ်ထွက်
24/10/2023

အုတ်ဖိုမြို့နယ်၊ ကြို့ကိုးပင်ကျေးရွာအုပ်စုမှ ရာအိမ်မှူးနှင့် ဆယ်အိမ်မှူးများ နှုတ်ထွက်

နှစ်ဖက်အမျိုးပေါကြောင်း အများသိအောင် မင်္ဂလာဖိတ်များတွင် ဖော်ပြသည့်ဓလေ့ အုတ်ဖိုတွင်ခေတ်စားလာမတ် ၆ ၂၀၂၃ Okpho Cityပဲခူးတိုင...
06/03/2023

နှစ်ဖက်အမျိုးပေါကြောင်း အများသိအောင် မင်္ဂလာဖိတ်များတွင် ဖော်ပြသည့်ဓလေ့ အုတ်ဖိုတွင်ခေတ်စားလာ

မတ် ၆ ၂၀၂၃ Okpho City

ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင် အုတ်ဖိုမြို့နယ်၌ နှစ်ဖက်အမျိုးပေါကြောင်း အများသိအောင် မင်္ဂလာဖိတ်များတွင် ဖော်ပြသည့် မင်္ဂလာဖိတ်စာရိုက်သည့် ဓလေ့တစ်ခု ယခုနောက်ပိုင်းမှာ လူကြိုက်များလာကြောင်းသိရသည်။

မြန်မာ့ဓလေ့ထုံးစံအရ နှစ်ဖက်မိဘ၊အဖိုးအဖွားနှင့် ဆွေမျိုးများကို မင်္ဂလာဆောင်ဖိတ်စာများတွင် ဖော်ပြကြပေမယ့် အုတ်ဖိုမြို့နယ်မှ မင်္ဂလာဆောင်ဖိတ်စာများမှာတော့ နှစ်ဖက်ဆွေမျိုးတင်မက ရပ်ဆွေရပ်မျိုးများနှင့်ခင်မင်သူများကိုပါ ဖိတ်စာများတွင် ထည့်သွင်းလာကြောင်း ဖိတ်စာလုပ်ငန်းလုပ်နေသည့် အုတ်ဖိုမြို့ခံတစ်ဦးမှ ပြောပြပါသည် ။

~ခုနောက်ပိုင်းမှာ ဒီဘက်မှာခေတ်စားလာတယ်လို့ပြောရမလိုဖြစ်နေတာက မင်္ဂလာဆောင်ဖိတ်စာရိုက်ရင် အရင်လို မင်္ဂလာသတို့သား သတို့သမီးရဲ့ အဖိုးအဖွား မိဘ မောင်နှမ ဦးလေးအဒေါ် အရင်းတွေတင်မဟုတ်တော့ဘူး သူတို့နဲ့ပတ်သတ်တဲ့ဆွေမျိုးမှန်သမျှနံမည်ကို A4စာရွက်အပြည့်နီးနီးထည့်ကြတာ တခါတလေဆို ဖိတ်စာစာရွက်ကသေးနေပြီး ရေးစရာကများနေတယ် အဲ့လိုဖိတ်စာ အပ်လို့လုပ်ရတာ ၁၀စောင်လောက်ရှိပြီ ရှေ့ဆက်ဒီလိုတွေများအကုန်ရိုက်ပေးရမလားမသိဘူး~ဟု ပြောပါတယ် ။

ယခုလို မင်္ဂလာဆောင်ဖိတ်စာများမှာ နှစ်ဖက်ဆွေမျိုးများကို ထည့်သွင်းခြင်းဖြင့် မင်္ဂလာလက်ဖွဲ့ကြေး ပိုမိုထည့်ကြသည်ဟု မကြာသေးခင်လပိုင်းက မင်္ဂလာဆောင်ထားသည့် စုံတွဲမှပြောပါသည်။

^ခုက ဒီဘက်မှာမင်္ဂလာဆောင်ရင် နှစ်ဖက်ဆွေမျိုးတွေက ဖိတ်စာမှာသူတို့နံမည်ပါမှ လက်ဖွဲ့ကြေးကိုများများထည့်ကြတာ အရင်ကျွန်တော့်အကို မင်္ဂလာဆောင်မှာ ဆွေမျိုးတွေ နံမည်အကုန်မပါလို့ဆိုပြီး လက်ဖွဲ့ကြေး မထည့်ကြတော့ ကျွန်တော့်မင်္ဂလာဆောင်မှာ အခုလိုထည့်လိုက်ရတာ^ဟု သတို့သားဖြစ်သူ ပြောကာ သတို့သမီးဖြစ်သူမှလည်း ^အမျိုးတွေက မင်္ဂလာဖိတ်စာမှာ သူတို့အမည်တွေပါမှ လာမည်ဆို၍^ယခုလိုရိုက်ရသည်^ဟုပြောသည်။

အုတ်ဖိုမြို့နယ်၌ နှစ်ဖက်အမျိုးပေါကြောင်း အများသိအောင် မင်္ဂလာဖိတ်များတွင် ဖော်ပြခြင်းကို ဒေသခံများကြားမှာ ဝေဖန်သူတွေရှိသလို ကြိုက်နှစ်သက်သူတွေများပြားလာ၍ ရှေ့ဆက်ပြီး ဓလေ့တစ်ခုလို ဖြစ်သွားမလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရပါမည်။

အေးမြသာယာမြို့အကြောင်း======================အေးမြသာယာမြို့သည် ပဲခူးတိုင်းဒေသကြီး (အနောက်)၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ...
03/10/2022

အေးမြသာယာမြို့အကြောင်း
======================
အေးမြသာယာမြို့သည် ပဲခူးတိုင်းဒေသကြီး (အနောက်)၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၌ တည်ရှိသည်။

၁၉၈၉ခုနှစ် ဖေဖော်ဝါရီလ ၉ရက်နေ့တွင် အေးမြသာယာကျေးရွာအား စံပြမြို့သစ်အဖြစ် စတင်တည်ခဲ့ပြီး အေးမြသာယာမြို့သစ်တည်စတွင် ရပ်ကွက် (၂၀) ဖြင့် တည်ဆောက်ခဲ့ပါသည်။ထိုမှ ယခုအခါ ရပ်ကွက် (၁၀) ရပ်ကွက်ဖြင့် ပြန်လည်တည်ဆောက်ခဲ့ပါသည်။

တည်နေရာ
အေးမြသာယာမြို့သည် မြောက်လတ္တီတွဒ် (၁၈) ဒီဂရီ (၀၄) မိနစ်နှင့် (၄၇) စက္ကန့်နှင့် အရှေ့လောင်ဂျီတွဒ် (၉၅) ဒီဂရီ (၄၄)မိနစ် (၀၂) စက္ကန့် အကြားတွင် တည်ရှိပါသည်။

လူဦးရေ /ရပ်ကွက်
အေးမြသာယာမြို့တွင်၂၀၁၄ သန်းခေါင်စာရင်းအရ အမျိုးသား (၄၀၃၁) ဦး၊ အမျိုးသမီး (၄၃၄၆) ဦး၊ လူဦးရေ စုစုပေါင်း (၈၃၇၇) ဦးရှိကာ ရပ်ကွက် (၁၀)ရပ်ကွက်ရှိပြီး ရပ်ကွက်များမှာ

၁။ အမှတ်(၁)ရပ်ကွက်
၂။ အမှတ်(၂)ရပ်ကွက်
၃။ အမှတ်(၃)ရပ်ကွက်
၄။ အမှတ်(၄)ရပ်ကွက်
၅။ အမှတ်(၅)ရပ်ကွက်
၆။ အမှတ်(၆)ရပ်ကွက်
၇။ အမှတ်(၇)ရပ်ကွက်
၈။ အမှတ်(၈)ရပ်ကွက်
၉။ အမှတ်(၉)ရပ်ကွက်
၁၀။ အမှတ်(၁၀)ရပ်ကွက်တို့ ဖြစ်ပါသည်။

(အေးမြသာယာမြို့နှင့် ပတ်သတ်သည့် ယခုဖော်ပြသည့် အချက်အလက်များမှာ လက်လှမ်းမီသ၍ ရေးသားခြင်းသာဖြစ်ပြီး လိုအပ်ချက် ရေးသားဖော်ပြရန် ကျန်ရှိသည်များရှိပါက ယခုပိုစ့်တွင်မှတ်ချက်ပြုရေးသားပေးကြရန် အသိပေးအပ်ပါသည်။)

အိုးသည်ကုန်းမြို့အကြောင်း=======================အိုးသည်ကုန်းမြို့သည် ပဲခူးတိုင်းဒေသကြီး (အနောက်)၊ သာယာဝတီခရိုင်၊ အုတ်ဖို...
03/10/2022

အိုးသည်ကုန်းမြို့အကြောင်း
=======================
အိုးသည်ကုန်းမြို့သည် ပဲခူးတိုင်းဒေသကြီး (အနောက်)၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၌ တည်ရှိသည်။ အိုးသည်ကုန်းမြို့တွင် အမျိုးသား (၂၄၇၁) ဦး၊ အမျိုးသမီး (၂၆၉၅) ဦး၊ လူဦးရေ စုစုပေါင်း (၅၁၆၆) ဦးနေထိုင်သည်။အိုးသည်ကုန်းမြို့တွင် ရပ်ကွက် (၄) ရပ်ကွက်ရှိပြီး ရပ်ကွက်များမှာ

၁။ မြို့မရပ်ကွက်
၂။ ရွာသစ်ရပ်ကွက်
၃။ လမ်းမတော်ရပ်ကွက်
၄။ ပြည်တော်သာရပ်ကွက် တို့ဖြစ်ပါသည်။

တည်နေရာ/အကျယ်အဝန်း
အိုးသည်ကုန်းမြို့သည် မြောက်လတ္တီတွဒ် (၁၈) ဒီဂရီ (၀၂) မိနစ်နှင့် (၃၀) စက္ကန့်နှင့် အရှေ့လောင်ဂျီတွဒ် (၉၅) ဒီဂရီ (၄၁)မိနစ် (၃၆) စက္ကန့် အကြားတွင် တည်ရှိပါသည်။အိုးသည်ကုန်းမြို့သည် ဧရိယာစတုရန်းမိုင် (၁.၁၈)မိုင် ကျယ်ဝန်းပါသည်။

သမိုင်းအကျဉ်း
အိုးသည်ကုန်းမြို့သမိုင်းမှာ ပုဂံမင်း ၅၂ ဆက်မြောက် နရသီဟပတေ့မင်းလက်ထက်တွင် တရုတ်သံအဖွဲ့ကိုသတ်မိ၍ တရုတ်တို့လာရောက်တိုက်ခိုက်ရာ နရသီဟပတေ့မင်းလည်း အောက်သို့စုန်ပြေးလေ၏။ နရသီဟပတေ့မင်း နေပြည် တော်ကိုစွန့်ပြေးပြီဟု ပြည်သူပြည်သားတို့ကြားသိလျှင် ကြောက်လန့်တကြားပြေးလွှားပုန်းရှောင်ကြရာ နရသီဟပတေ့မင်း၏တူတော်သူ သတိုး နော်ရထာ (မောင်မောင်ကြီး) ၊ ညီတော်သူ သတိုးမင်းလတ်(မောင်မောင် လတ်) ၊ သတိုးမင်းငယ်(မောင်မောင်ငယ်) ၊ အမေတော်မယ်စောလှ မယ်စောမှန် မယ်စောမြတို့နှင့်အတူအိမ်တော်သူအိမ်တော်သားလက်ပါး စေ၊လက်ဆွဲတော်၊ရွှေဒါးဆွဲ၊ငရွှေမိတ်၊ ငဒေါနတို့နှင့်ပုဏ္ဏားတော်ဇောတိပါလအမတ် အစရှိသည့် နောက်လိုက်နောက်ပါများနှင့် မကျန်းမမာဖြစ်နေ သောမယ်တော်ကိုသယ်ပိုး၍ ပုဂံနေပြည်တော်မှ တောင်ဘက်စူးစူး ပြည် မြို့ရှိရာသို့မှန်းဆတိမ်းရှောင်ခဲ့ကြသည်။ပြည်မြို့မှ အောက်သို့ စုန်ဆင်းရာမှ ယခုအိုးသည်ကုန်းမြို့နေရာ အရောက်တွင် သတိုးနော်ရထာက ညီတော်တို့အား မြို့ရွာသစ်တည်ဆောက်စေကာ အိုးလုပ်ရောင်းချရန်တည်ပေးသောနေရာ (အိုးများလုပ်ရန်တည်သည့်ကုန်း) အိုးတည်ကုန်းဟု ခေါ်ရာမှ ကာလရွေ့လျားပြီး အိုးတည်ကုန်းမှ အိုးသည်ကုန်းဖြစ်လာသည်။

အုတ်ဖိုမြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ=================အုတ်ဖိုမြို့သည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် အတွင်း၌ တည်ရှ...
09/09/2022

အုတ်ဖိုမြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ
=================
အုတ်ဖိုမြို့သည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် အတွင်း၌ တည်ရှိကာ ထိုခရိုင်အတွင်း နောက်ဆုံး ဖွဲ့စည်းလိုက်သော အုတ်ဖိုမြို့နယ်၏ ရုံးစိုက်မြို့ဖြစ်လေသည်။ ရန်ကုန်-ပြည် မီးရထားလမ်းမြို့ တစ်မြို့ဖြစ်သည့်ပြင် ရန်ကုန်-ပြည် မော်တော်ကားလမ်းလည်း အုတ်ဖိုမြို့ကို ဖြတ်သန်းသွားရာ ယင်းသည် ရန်ကုန်မြို့မှ မီးရထားလမ်းအားဖြင့် ၁ဝ၂ မိုင်၊ မော်တော်ကားလမ်းအားဖြင့် ၁ဝ၃ မိုင် ဝေးကွာလေသည်။ သာယာဝတီမြို့နှင့် အကွာအဝေးမှာမူ မီးရထားလမ်းဖြင့် ၃၄ မိုင်၊ မော်တော်ကားလမ်းဖြင့် ၃၅ မိုင်ဖြစ်လေသည်။

အုတ်ဖိုမြို့၏ အကျယ်အဝန်းသည် ၁,၃၉၅ ဧကရှိ၍၊ ၁၉၆၂ ခုနှစ်တွင်ကောက်ယူသော စာရင်းများအရ အိမ်ခြေ ၁၄ဝဝ ခန့်နှင့် လူဦးရေ ၇,၄၁၄ ယောက်ရှိလေသည်။ မြို့ပေါ် တွင်အများစုသည် ဗုဒ္ဓအယူဝါဒီ မြန်မာလူမျိုးများဖြစ်ကြ၍ နိုင်ငံခြားသားတရုတ်နှင့် အိန္ဒိယလူမျိုးများသည် ရာခိုင်နှုန်း အနည်းငယ်ခန့်မျှသာ ရှိလေသည်။
၂၀၁၄သန်းခေါင်စာရင်းတွင် အုတ်ဖိုမြို့နယ်၌လူဦးရေစုစုပေါင်း ၁၂၆၆၆၂ဦးရှိကြောင်းသိရသည်
မြို့ပေါ်ရှိ အစိုးရအဆောက်အအုံများမှာ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှူးရုံး၊ မြို့နယ် ပြည်တွင်းအခွန် ဦးစီးဌာနရုံး၊ ပြည်သူ့ရဲတပ်ဖွဲ့စခန်း၊ အထက်တန်းကျောင်း စသည်တို့ဖြစ်သည်။ မြို့၏ စည်ပင်သာယာရေးကို ဒီမိုကရေစီ ဒေသန္တရအုပ်ချုပ်ရေး အဖွဲ့က ဆောင်ရွက်ခဲ့၍ အုတ်ဖိုမြို့မကောင်စီ ကို ၁၉၅၅−ခုနှစ်တွင် တည်ထောင်ခဲ့သည်။

မြို့ပေါ်ရှိ ထင်ရှားသောဘုရားများမှာ လောကမာရဇိန် စေတီတော်(သုံးထပ်ကျောင်း)၊ မတ်တပ်ထောင်ရုပ်ပွားတော်နှင့် အတုမရှိ ဆုတောင်းပြည့် ရုပ်ပွားတော်(လယ်ပြင်ကျောင်း)တို့ ဖြစ်ကြသည်။

အုတ်ဖိုမြို့သည် ရှေးမြန်မာဘုရင်များ လက်ထက်က မြို့သိမ်မြို့ငယ်ကလေးမျှသာဖြစ်သည်။ ထိုခေတ်က ဧရာဝတီမြစ် ပေါ်ရှိ မိုးညိုနှင့် မင်းကြီးမြို့များတွင် မြို့ဝန်နှင့်စစ်ကဲများထား၍ ထိုအရာရှိတို့က တစ်ဖန် တိုက်သူကြီးများ ခန့်ထားအုပ်ချုပ်စေရာ အုတ်ဖိုမြို့သည် တိုက်သူကြီးတစ်ဦး၏ အအုပ်အချုပ်ခံ ဖြစ်သည်။ ဒုတိယအင်္ဂလိပ်-မြန်မာစစ်ပွဲပြီး၍ ဗြိတိသျှတို့က မြန်မာနိုင်ငံအောက်ပိုင်းကို သိမ်းပိုက်ပြီးနောက်တွင် ၁၈၇၇ ခုနှစ် မေလ၌ ရှေးအခေါ်အားဖြင့် ဧရာဝတီမြစ်ဝှမ်း မီးရထားလမ်း ဟု အမည်ရှိသော ရန်ကုန်-ပြည်မီးရထားလမ်းကို ဖွင့်လှစ်လိုက်သောအခါ အုတ်ဖိုမြို့သည် မီးရထားလမ်းမြို့ တစ်မြို့ဖြစ်လာ၍ မြို့အခြေအနေ တိုးတက်လာလေသည်။ သာယာဝတီခရိုင်အတွင်း၌ အုတ်ဖိုမြို့နှင့်အတူ ပထမဦးဆုံး မီးရထားဘူတာရုံ ဖွင့်ခဲ့သောမြို့များမှာ သုံးဆယ်၊ လက်ပံတန်း၊ မင်းလှနှင့်ဇီးကုန်း တို့ဖြစ်ကြလေသည်။

ဗြိတိသျှအစိုးရလက်အောက်တွင် အုတ်ဖိုမြို့ကို မင်းလှ အနောက်ပိုင်း မြို့ပိုင်နယ်အတွင်း၌ထား၍ အုပ်ချုပ်ခဲ့သည်။ မြန်မာ့လွတ်လပ်ရေးခေတ်သို့ရောက်သောအခါ နယ်အခြေအနေ တိုးတက်ဖွံ့ဖြိုးလာသဖြင့် ၁၉၄၉-၅ဝ ပြည့်နှစ်တွင် မြို့နယ် အဆင့်အတန်းသို့တိုးမြှင့်ခံရ၍ မြို့ပိုင်ရုံးစိုက်မြို့ ဖြစ်လာခဲ့လေသည်။

အုတ်ဖိုမြို့နယ်၏ အကျယ်အဝန်းသည် ၁၂၈၃၇၁ ဧက ခန့်ရှိ၍ မြို့နယ်လူဦးရေသည် ၉ဝ၉၇၈ (၁၉၇၃)ယောက်ဖြစ်သည်။ သာယာဝတီခရိုင်အတွင်း မြေဩကောင်းမွန်သော မြေနိမ့်ဒေသပိုင်း၌ ကျရောက်သည့်မြို့နယ်ဖြစ်သဖြင့် အဓိက လုပ်ငန်းသည် ဆန်စပါးစိုက်ပျိုးရေးဖြစ်သည်။ သစ်လုပ်ငန်းလည်း အသင့်အတင့်လုပ်ကိုင်ကြသည်။ ထို့ကြောင့် မြို့နယ်အတွင်း၌ ဆန်စက်ကြီးငယ် ၁၃ ခုအပြင် သစ်စက်သုံးခုရှိသည်။ ထိုလုပ်ငန်းများအပြင် ဟင်းသီးဟင်းရွက် စိုက်ပျိုးရေးကိုလည်း လုပ်ကိုင်ကြသည်။

မြို့နယ်အတွင်းနှင့်အပသို့ ကူးသန်းသွားလာရေးနှင့် သယ်ယူပို့ဆောင်ရေးအတွက် မီးရထားလမ်းနှင့် မော်တော်ကား လမ်းကို အသုံးပြုနိုင်သဖြင့် အဆင်ပြေပေသည်။ အုတ်ဖိုမြို့နယ်၏ ထွက်ကုန်များဖြစ်သော ဆန်စပါးနှင့် သစ်အမျိုးမျိုးတို့ကို ရန်ကုန်မြို့သို့ မီးရထားဖြင့်လည်းကောင်း၊ မော်တော်ကားဖြင့် လည်းကောင်း တင်ပို့ကြလေသည်။

အမျိုးသားရေးတွင် အုတ်ဖိုမြို့မှ ထင်ရှားသောပုဂ္ဂိုလ် သုံးဦးပေါ်ထွက်ခဲ့ရာ ယင်းတို့မှာ နိုင်ငံရေးခေါင်းဆောင် ဂဠုန်ဦးစော၊ စာရေးဆရာ ဂျာနယ်ကျော်ဦးချစ်မောင်နှင့် ဂီတပညာကျော် စောင်းဦးဘသန်း တို့ဖြစ်ကြလေသည်။

၁။ ဒေသသမိုင်းအကျဉ်း
====================
လွန်ခဲ့သောနှစ်ပေါင်း(၁၆၀)ခန့်က၊ ယခုအုတ်ဖိုရွာမသည် ရွာသိမ်ရွာငယ်မျှသာ ဖြစ်ပါသည်။ ပထမတွင် ယင်းရွာငယ်ကို တဲတောဟု ခေါ်ဆိုကြသည်။ တဲတောရွာကလေးသည် တဖြည်းဖြည်းနှင့် အိမ်ခြေ၊ လူဦးရေတိုးပွားလာပြီး ၎င်းရွာတွင်နေထိုင်ခဲ့သော ဦးဖိုးညိုရောင်၊ ဒေါ်ထုံ၊ ဦးရွှေ၊ ဦးဟန်၊ ဒေါ်တူးတို့က ဘုရား၊ ပုထိုး၊ (ယခုဝါဆိုကျောင်းအနီးတွင်) အုတ်ဖုတ်သော နေရာဟောင်းနှင့် အုတ်ဖိုဟောင်းများကို တွေ့၍ ၎င်းကို အကြောင်းပြုပြီး တဲတောမှ အုတ်ဖိုရွာမဟူ၍ အမည်ပြောင်းခဲ့ပါသည်။
အုတ်ဖိုမြို့အား ပြည်ထဲရေးဝန်ကြီးဌာန၏ (၃၀.၈.၁၉၇၂)ရက်စွဲပါ စာအမှတ် ၁၀၃ / ၅၈ / စိတ်(၁)ဖြင့် လည်းကောင်း၊ ကျေးရွာအုပ်စုများအား(၃၁.၁.၁၉၇၃)ရက်စွဲပါစာအမှတ် ၃ / ၁၅၈ / အထ (၂)ဖြင့် လည်းကောင်း ထုတ်ပြန်ကြော်ငြာခဲ့ပါသည်။
၂။ တည်နေရာအကျယ်အဝန်း
=======================
အုတ်ဖိုမြို့နယ်သည် မြန်မာနိုင်ငံ၏အလယ်ပိုင်းတွင်ရှိ၍ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီ ခရိုင်အတွင်းတည်ရှိပါသည်။ အုတ်ဖိုမြို့နယ်သည် မြောက်လတ္တီတွဒ် ၂၇ ဒီဂရီ ၆၅မိနစ်နှင့် ၂၈ဒီဂရီ ၁၅မိနစ်ကြား အရှေ့လောင်ဂျီတွဒ် ၉၇ဒီဂရီ ၀၀ မိနစ်နှင့် ၉၈ဒီဂရီ ၁၉ မိနစ် အကြားတွင်တည်ရှိပြီး အကျယ်အဝန်းမှာ (၄၀၅.၄၈)စတုရန်းမိုင် ကျယ်ဝန်းပါသည်။ အရှေ့မှ အနောက်သို့ (၂၈.၄၉)မိုင်ရှိပြီး၊ တောင်မှမြောက်သို့ (၁၆.၈)မိုင် ရှည်လျှားပါသည်။

အုတ်ဖို
*******
မြို့ဧရိယာ − ၁.၁၂
ကျေးရွာအုပ်စုဧရိယာ − ၄၀၃.၁၈ မိုင်
မြို့နယ်ဧရိယာစတုရန်းမိုင် − ၄၀၅.၄၈ မိုင်
အိုးသည်ကုန်း
**************
မြို့ဧရိယာ − ၁.၁၈
ကျေးရွာအုပ်စုဧရိယာ − −
မြို့နယ်ဧရိယာစတုရန်းမိုင် − −
မြို့နယ်ချုပ်
**************
မြို့ဧရိယာ − ၂.၃
ကျေးရွာအုပ်စုဧရိယာ − ၄၀၃.၁၈ မိုင်
မြို့နယ်ဧရိယာစတုရန်းမိုင် − ၄၀၅.၄၈ မိုင်
နယ်နမိတ်
**********
အုတ်ဖိုမြို့နယ်၏ အရှေ့ဘက်တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်တို့နှင့် ထိစပ်လျှက်ရှိပြီး တောင်ဘက်တွင် ပဲခူးတိုင်းဒေသကြီးမင်းလှမြို့နယ်တို့နှင့်ထိစပ်လျှက်ရှိပါသည်။ အနောက်ဘက်တွင် ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်တို့နှင့်ထိစပ်လျှက်ရှိပြီး မြောက်ဘက်တွင် ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ်တို့နှင့်နယ်နမိတ်ထိစပ်လျှက်ရှိပါသည်။
မြေပြင်အခြေအနေ
******************
အုတ်ဖိုမြို့နယ်သည် အရှေ့ဘက်တောင်တန်း ထူထပ်သောအပိုင်း အလယ်ပိုင်း မြေညီလွင်ပြင်၊ အနောက်ဘက် အင်း၊ အိုင်၊ ချောင်း မြောင်းထူထပ်သောအပိုင်းဟူ၍ ရှိပါသည်။
ရေဆင်း
အုတ်ဖိုမြို့နယ်သည် မြစ်ချောင်းများပေါများသည့် ဒေသတစ်ခုဖြစ်ပြီး မြစ်ချောင်းများသည် အရှေ့မှအနောက်သို့ စီးဆင်းလျက်ရှိပါသည်။ ထင်ရှားသောချောင်းမှာ ဂမုန်းချောင်းနှင့် မြောင်ချောင်း တို့ဖြစ်ပြီး မြစ်မခမြစ်သို့စီးဝင်ပါသည်။ ဒေသတွင်းရှိရေအရင်းအမြစ်များမှာ ရေချိုဖြစ်၍ စိုက်ပျိုးရေ၊ သောက်သုံးရေ အသုံးပြုနိုင်ပါသည်။ ဂမုန်းချောင်းအား ဂမုန်းဆည်မှ ဆည်ရေလွှတ်ပေးရာတွင် အသုံးပြုပါသည်။

ပင်လယ်ရေမျက်နှာပြင်အမြင့်
****************************
အုတ်ဖိုမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် ပျှမ်းမျှအမြင့်(၇၇)ပေအထက်တွင် တည်ရှိပြီး မြို့နယ်၏အမြင့်ဆုံးအရပ်ဒေသမှာအရှေ့ဘက် ပဲခူးရိုးမတောင်ဖြစ်ပြီး အနိမ့်ဆုံး အရပ်ဒေသမှာ အနောက်ဘက် မှက္ကဒန်ကျေးရွာအုပ်စုဖြစ်ပါသည်။

ရာသီဥတု
အုတ်ဖိုမြို့နယ်သည်ပူအိုက်စွတ်စိုသောရာသီဥတုရှိပြီး၊ အမြင့်ဆုံးအပူချိန် (၁၀၁°F)နှင့် အနိမ့်ဆုံးအပူချိန်မှာ (၄၀) ဖြစ်ပါသည်။နှစ်စဉ်တစ်နှစ်ပတ်လုံးမိုးရေချိန်(၆၄)လက်မမှအနည်းဆုံးမိုးရေချိန်(၄၆)လက်မရရှိသည်။

သဘာဝပေါက်ပင်များ
အုတ်ဖိုမြို့နယ်အတွင်း ပေါက်ရောက်သည့် သဘာဝပေါက်ပင်များမှာ ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ အင်၊ ကညင်၊ ထောက်ကြံ့၊ သတီ၊နှော၊ ယမနေ၊ မျောက်ချော၊ မျောက်ငို၊ ဘင်္ဂ၊ မအူ၊ ဖန်ခါး၊ ဒီးဒူး၊ လက်ပံ၊တောင်သရက်၊ သစ်၊ စိမ့်၊ ရုံး၊ သင်းဝင်၊ သစ်ပုဂံ၊ ဝါးဘိုးဝါး၊ မျှင်ဝါး၊ကျသောင်းဝါး စသည်တို့ ဖြစ်ပါသည်။

တောရိုင်းတိရစ္ဆာန်များ
အုတ်ဖိုမြို့နယ်တွင် တွေ့ရှိရသော တောရိုင်းတိရစ္ဆာန်များမှာ ဆင်၊ကျား၊ ကျားသစ်၊ တောဝက်၊ ဝက်ဝံ၊ ကြံ့၊ ပြောင်၊ တောကျွဲ၊ ဆတ်၊သမင်၊တောင်ဆိပ်၊ တောဆိပ်၊ ဂျီ၊ တောခွေး၊ ခွေးတူဝက်တူ၊ တောကြောင်၊သင်ခွေချပ်၊ ကြောင်မင်း နှင့် မျောက်အမျိုးမျိုး စသည်တို့ ဖြစ်ပါသည်။

သဘာဝပတ်ဝန်းကျင်လက်ရှိအခြေအနေ
အုတ်ဖိုမြို့နယ်အတွင်း သစ်တောကြိုးဝိုင်း(၇)ခုရှိပြီး၊ ယခုအချိန်တွင် အစိုးရ၊ ပုဂ္ဂလိကသစ်ထုတ်လုပ်မှုလုပ်ငန်းများ ရပ်ဆိုင်းထားရှိပြီးပျိုးထောင်ပြန်လည် စိုက်ပျိုးခြင်းလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိပါသည်။

စီးပွားရေးဆိုင်ရခြုံငုံသုံးသပ်ချက်
၂၁။ အုတ်ဖိုမြို့နယ်သည် ပဲခူးတိုင်းဒေသကြီးအတွင်း တည်ရှိပြီးစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှေးကွေးသော မြို့နယ်တစ်ခုဖြစ်ပါ သည်။မြို့နယ်အတွင်းရှိ ဒေသခံပြည်သူလူထုသည် စိုက်ပျိုး ရေးလုပ်ငန်းအဓိကလုပ်ကိုင်ဆောင်ရွက်ကြပါသည်။ အုတ်ဖိုမြို့နယ်သည်ရန်ကုန်-ပြည်ကားလမ်းနှင့် (၂.၅)မိုင်အကွာအဝေးတွင် ရှိပြီး ရန်ကုန်-ပြည် မီးရထားလမ်း ပေါ်တွင်တည်ရှိ၍ လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်သော မြို့နယ် ဖြစ်ပါသည်။ မြို့နယ်၏ အဓိကထွက်ကုန်မှာ စပါး၊ မတ်ပဲ၊ ဂေါ်ဖီ၊ ငရုပ်တို့ ဖြစ်ပြီး အများဆုံးတင်ပို့ရောင်းချပါသည်။

၃။ ဒေသရှိထူးခြားထင်ရှားသည့်အကြောင်းအရာများ
=========================================
ဗုဒ္ဓမြတ်စွယ်တော် မြို့မ(၁)လမ်း

၄။ ရပ်ကွက်ကျေးရွာအုပ်စုအရေအတွက်
==================================
မြို့နယ်- အုတ်ဖိုမြို့နယ်
မြို့-(၂)မြို့ အိုးသည်ကုန်းမြို့ အေးမြသာယာမြို့
အုပ်စု - (၅၄) အုပ်စု
ရက်ကွက်-(၁၀)ရပ်ကွက်
ကျေးရွာစုစုပေါင်း-(၂၅၄)ရွာ

ရပ်ကွက်များ
၁။မြို့မ
၂။အောင်မင်္ဂလာ
၃။ကျောင်းကြီးတန်း
၄။မိုးညိုတန်း
၅။ကွေးချောင်း
၆။ရှာမ
၇။မြို့မ
၈။ရွာသစ်
၉။လမ်းမတော်
၁၀။ရွှေတောင်တန်း

ကျေးရွာအုပ်စုများ
၁။နနွင်းကုန်း
၂။ငါးရှဉ့်ရိုး
၃။သရက်ကုန်း
၄။မတောင့်တ
၅။တောင်ကုန်း
၆။ကျပ်ချောင်း
၇။ထူးကုန်း
၈။ဘသား
၉။တက်ဆွဲ
၁၀။မုက္ကထန်
၁၁။အုတ်တွင်းကုန်း
၁၂။အိုးသည်ကုန်း
၁၃။အုတ်ရှစ်ကုန်း
၁၄။အေးမြသာယာ
၁၅။မကျီးပင်
၁၆။တယ်ပင်ကျော
၁၇။တယ်ပင်ရိုး
၁၈။ထောက်ကြန့်ကွင်း
၁၉။တင်းကုတ်ကြီး
၂၀။လေးတဲ့
၂၁။ရှမ်းရွာ
၂၂။ဂုံညင်းတန်း
၂၃။ကမွန်းခြုံ
၂၄။သရက်ပင်ဆိပ်
၂၅။ကျွန်းကောက်ပင်
၂၆။ရှားတောကွင်း
၂၇။။ဆင်ဂေါင်း
၂၈။ကျွန်းကုန်း
၂၉။သင်ပန်းကုန်း
၃၀။လွှဇင်
၃၁။ဘုတလက်တန်း
၃၂။တင်ဆိပ်
၃၃။ဒေါင်းစပါး
၃၄။လက်ပတော
၃၅။ဝိုင်း
၃၆။ဖလန်ပင်
၃၇။အောက်တိုင်း
၃၈။ကြို့ကိုးပင်
၃၉။ကိုင်းကြီး
၄၀။သဖန်းပင်ဆိပ်
၄၁။မြောင်
၄၂။နှောကုန်း
၄၃။တိမ်မြုပ်
၄၄။အလယ်ကုန်း
၄၅။ထန်းပင်ကုန်း
၄၆။ဝင်းသရက်
၄၇။ကန်သာယာ
၄၈။သရက်နှစ်ဖျားလိန်
၄၉။ရှမ်းကုန်း
၅၀။သဲကော
၅၁။ပန်းတင်
၅၂။ချောင်းဂေါင်း
၅၃။လိပ်ဥကုန်း
၅၄။ချောင်းဂွ(ဂျီ)

အုတ်ဖိုမြို့နယ်မှကျေးရွာများ(အက္ခရာစဉ်)

က
ကန့်နီရွာ၊ အုတ်ဖိုမြို့နယ်
ကန်ကြီးတန်းရွာ၊ အုတ်ဖိုမြို့နယ်
ကန်သာယာရွာ၊ အုတ်ဖိုမြို့နယ်
ကမ်းနီရွာ၊ အုတ်ဖိုမြို့နယ်
ကမွန်းခြုံရွာ၊ အုတ်ဖိုမြို့နယ်
ကရင်ကွင်းရွာ၊ အုတ်ဖိုမြို့နယ်
ကရင်ဒေါင်းစပါးရွာ၊ အုတ်ဖိုမြို့နယ်
ကဝေစုရွာ၊ ကျွန်းကုန်း
ကဝေစုရွာ၊ အုတ်ဖိုမြို့နယ်
ကိုင်းကလေးရွာ၊ အုတ်ဖိုမြို့နယ်
ကိုင်းကြီးရွာ၊ အုတ်ဖိုမြို့နယ်
ကိုင်းတောစုရွာ၊ အုတ်ဖိုမြို့နယ်
ကုက္ကိုကုန်းရွာ၊ အုတ်ဖိုမြို့နယ်
ကုန်းတန်းရွာ၊ အုတ်ဖိုမြို့နယ်
ကုလားကိုင်းရွာ၊ သင်ပန်းကုန်း
ကုလားကိုင်းရွာ၊ အုတ်ဖိုမြို့နယ်
ကျက်ဆူတောရွာ၊ အုတ်ဖိုမြို့နယ်
ကျီးပင်ဆိပ်ရွာ၊ အုတ်ဖိုမြို့နယ်
ကျောက်တန်းရွာ၊ အုတ်ဖိုမြို့နယ်
ကျောက်ဖြူတောင်ရွာ၊ အုတ်ဖိုမြို့နယ်
ကျောင်းစုရွာ၊ ပန်းတင်
ကျောင်းစုရွာ၊ အုတ်ဖိုမြို့နယ်
ကျောင်းတန်းရွာ၊ အုတ်ဖိုမြို့နယ်
ကျေးတောရွာ၊ အုတ်ဖိုမြို့နယ်
ကျွန်းကုန်းရွာ၊ ဂုံညင်းတန်း
ကျွန်းကုန်းရွာ၊ အုတ်ဖိုမြို့နယ်
ကျွန်းကုန်းရွာ၊ အုတ်ရှစ်ကုန်း
ကျွန်းကောက်ပင်ရွာ၊ အုတ်ဖိုမြို့နယ်
ကျွန်းခံရွာ၊ အုတ်ဖိုမြို့နယ်
ကျွန်းလှကုန်းရွာ၊ အုတ်ဖိုမြို့နယ်
ကျွဲဇင်းရွာ၊ အုတ်ဖိုမြို့နယ်
ကျွဲတဲကုန်းရွာ၊ အုတ်ဖိုမြို့နယ်
ကျွဲဖြူမမြောက်ရွာ၊ အုတ်ဖိုမြို့နယ်
ကြက်တိုက်ရွာ၊ အုတ်ဖိုမြို့နယ်
ကြပ်ကွင်းရွာ၊ အုတ်ဖိုမြို့နယ်
ကြပ်ချောင်းရွာ၊ အုတ်ဖိုမြို့နယ်
ကြို့ကိုးပင်ရွာ၊ အုတ်ဖိုမြို့နယ်
ကြို့ကုန်းရွာ၊ အုတ်ဖိုမြို့နယ်
ကြို့ပင်ဝိုင်းရွာ၊ အုတ်ဖိုမြို့နယ်
ကြိုးကုန်းရွာ၊ အုတ်ဖိုမြို့နယ်
ကြိုးကြာကွင်းရွာ၊ အုတ်ဖိုမြို့နယ်
ကြီးပင်ဆိပ်ရွာ၊ အုတ်ဖိုမြို့နယ်
ကြီးပျက်ရွာ၊ အုတ်ဖိုမြို့နယ်
ကြီးဖြူရွာ၊ အုတ်ဖိုမြို့နယ်
ကွင်းကျယ်ရွာ၊ အုတ်ဖိုမြို့နယ်
ကွေချောင်းပေါက်ရွာ၊ အုတ်ဖိုမြို့နယ်

ခတ်ချိုကွင်းရွာ၊ အုတ်ဖိုမြို့နယ်
ချင်းကုန်းရွာ၊ အုတ်ဖိုမြို့နယ်
ချင်းစုရွာ၊ အုတ်ဖိုမြို့နယ်
ချောင်တင်းကွင်းရွာ၊ အုတ်ဖိုမြို့နယ်
ချောင်းခွ (ကေ)ရွာ၊ အုတ်ဖိုမြို့နယ်
ချောင်းဂွ (ဂျီ)ရွာ၊ အုတ်ဖိုမြို့နယ်
ချောင်းစောက်ရွာ၊ အုတ်ဖိုမြို့နယ်
ချောင်းနား (အရှေ့စု)ရွာ၊ အုတ်ဖိုမြို့နယ်
ချောင်းနားစုရွာ၊ အုတ်ဖိုမြို့နယ်
ချောင်းနားရွာ၊ အုတ်ဖိုမြို့နယ်

ဂဠုံရွာ၊ အုတ်ဖိုမြို့နယ်
ဂုံညင်းတန်းရွာ၊ ငါးရှဉ့်ရိုး
ဂုံညင်းတန်းရွာ၊ သရက်ကုန်း
ဂုံညင်းတန်းရွာ၊ အုတ်ဖိုမြို့နယ်
ဂုံညင်းတန်းရွာ၊ အေးမြသာယာ
ဂုံမင်းမြောင်ရွာ၊ အုတ်ဖိုမြို့နယ်
ဂုံမင်းရှိုရွာ၊ အုတ်ဖိုမြို့နယ်
ဂွေးချိုကွင်းရွာ၊ အုတ်ဖိုမြို့နယ်
ဂွေးချောင်းရွာ၊ အုတ်ဖိုမြို့နယ်
ဂွေးတောက်စန်းရွာ၊ အုတ်ဖိုမြို့နယ်

ငါးရှဉ့်ရိုးရွာ၊ အုတ်ဖိုမြို့နယ်
ငှက်ပျောတောရွာ၊ သရက်ပင်ဆိပ်
ငှက်ပျောတောရွာ၊ အုတ်ဖိုမြို့နယ်

စင်မြင့်ရွာ၊ အုတ်ဖိုမြို့နယ်
စစ်တောရွာ၊ အုတ်ဖိုမြို့နယ်
စမ်းကလေးရွာ၊ အုတ်ဖိုမြို့နယ်
စမ်းသုခရွာ၊ အုတ်ဖိုမြို့နယ်
စိန်ချောင်းရွာ၊ အုတ်ဖိုမြို့နယ်
စိန်ပတ်လည်ရွာ၊ အုတ်ဖိုမြို့နယ်
စီပင်သာရွာ၊ အုတ်ဖိုမြို့နယ်
စွန်ကုပ်ရွာ၊ အုတ်ဖိုမြို့နယ်

ဆင်ကူးရွာ၊ အုတ်ဖိုမြို့နယ်
ဆင်ဂေါင်းတောင်စုရွာ၊ အုတ်ဖိုမြို့နယ်
ဆင်ဂေါင်းရွာ၊ အုတ်ဖိုမြို့နယ်
ဆည်ဘောင်ရွာ၊ အုတ်ဖိုမြို့နယ်
ဆပ်ပုတ်ရွာ၊ အုတ်ဖိုမြို့နယ်
ဆယ်ရွာ၊ အုတ်ဖိုမြို့နယ်
ဆိပ်ကြီးရွာမရွာ၊ အုတ်ဖိုမြို့နယ်
ဆိပ်ကြီးရွာသစ်ရွာ၊ အုတ်ဖိုမြို့နယ်
ဆိပ်ကြီးရွာ၊ အုတ်ဖိုမြို့နယ်
ဆီဆုံကုန်းရွာ၊ အုတ်ဖိုမြို့နယ်
ဆီမီးတောက်ကုန်း (ချောင်းနား)ရွာ၊ အုတ်ဖိုမြို့နယ်
ဆီမီးတောက်ကုန်းရွာ၊ ပန်းတင်
ဆီမီးတောက်ကုန်းရွာ၊ အုတ်ဖိုမြို့နယ်

ဇီးကုန်းလေးရွာ၊ ဝင်းသရက်
ဇီးကုန်းလေးရွာ၊ အုတ်ဖိုမြို့နယ်
ဇီးပင်ကွင်းရွာ၊ အုတ်ဖိုမြို့နယ်

ညောင်ကုန်းရွာ၊ အုတ်ဖိုမြို့နယ်
ညောင်နီးကုန်းရွာ၊ အုတ်ဖိုမြို့နယ်
ညောင်ပင်ကြီးစုရွာ၊ အုတ်ဖိုမြို့နယ်
ညောင်ပင်ကွင်းရွာ၊ အုတ်ဖိုမြို့နယ်
ညောင်ပင်အိုင်ရွာ၊ အုတ်ဖိုမြို့နယ်

တက်ဆွဲရွာ၊ အုတ်ဖိုမြို့နယ်
တင်းကုတ်ကြီးရွာ၊ အုတ်ဖိုမြို့နယ်
တင်းကုတ်စုရွာ၊ အုတ်ဖိုမြို့နယ်
တမန်ကြီးရွာ၊ အုတ်ဖိုမြို့နယ်
တယ်ပင်ကျောရွာ၊ အုတ်ဖိုမြို့နယ်
တယ်ပင်ရိုးရွာ၊ အုတ်ဖိုမြို့နယ်
တာဝါတိုင်ရွာ၊ အုတ်ဖိုမြို့နယ်
တိမ်မြုပ်ရွာမရွာ၊ အုတ်ဖိုမြို့နယ်
တိမ်မြုပ်အရှေ့စုရွာ၊ အုတ်ဖိုမြို့နယ်
တောင်ကုန်းရွာ၊ အုတ်ဖိုမြို့နယ်
တော်တနီကုန်းရွာ၊ အုတ်ဖိုမြို့နယ်
တဲတောရွာ၊ အုတ်ဖိုမြို့နယ်
တံငါကုန်းရွာ၊ အုတ်ဖိုမြို့နယ်

ထန်းပင်ကုန်းရွာ၊ အုတ်ဖိုမြို့နယ်
ထူးကုန်းရွာသစ်ရွာ၊ အုတ်ဖိုမြို့နယ်
ထူးကုန်းရွာ၊ မတောင့်တ
ထူးကုန်းရွာ၊ အုတ်ဖိုမြို့နယ်
ထူးချောင်းရွာ၊ အုတ်ဖိုမြို့နယ်
ထောက်ကြန့်ကွင်းရွာ၊ တောင်ကုန်း
ထောက်ကြန့်ကွင်းရွာ၊ အုတ်ဖိုမြို့နယ်
ထွန်းလှကွင်းရွာ၊ အုတ်ဖိုမြို့နယ်

ဒီးဒူးပင် (အရှေ့စု)ရွာ၊ အုတ်ဖိုမြို့နယ်
ဒီးဒူးပင်ရွာ၊ အုတ်ဖိုမြို့နယ်

နနွင်းကုန်းရွာ၊ အုတ်ဖိုမြို့နယ်
နှောကုန်းရွာ၊ အုတ်ဖိုမြို့နယ်

ပန်းတင်ရွာ၊ အုတ်ဖိုမြို့နယ်
ပန်းဘဲကုန်းရွာ၊ အုတ်ဖိုမြို့နယ်
ပိန်းကွေ့ရွာ၊ အုတ်ဖိုမြို့နယ်
ပေါင်းတည်စုရွာ၊ အုတ်ဖိုမြို့နယ်
ပြည်တော်သာရွာ၊ အုတ်ဖိုမြို့နယ်

ဖလန်ပင်ရွာ၊ အုတ်ဖိုမြို့နယ်

ဗြန့်ကြီးရွာ၊ အုတ်ဖိုမြို့နယ်

ဘန့်ဘွေးကုန်းရွာ၊ တိမ်မြုပ်
ဘန့်ဘွေးကုန်းရွာ၊ အုတ်ဖိုမြို့နယ်
ဘလားရွာ၊ အုတ်ဖိုမြို့နယ်
ဘိုကုန်းရွာ၊ အုတ်ဖိုမြို့နယ်
ဘိုရုံစုရွာ၊ အုတ်ဖိုမြို့နယ်
ဘုတလက်တန်းရွာ၊ တင်ဆိပ်
ဘုတလက်တန်းရွာ၊ အုတ်ဖိုမြို့နယ်
ဘုတ်သိုးရွာ၊ အုတ်ဖိုမြို့နယ်
ဘုန်းဆိုးကြီးရွာ၊ အုတ်ဖိုမြို့နယ်
ဘုရားကြီးကုန်းရွာ၊ အုတ်ဖိုမြို့နယ်
ဘုရားပျိုရွာ၊ အုတ်ဖိုမြို့နယ်

မကြီးပင်စုရွာ၊ အုတ်ဖိုမြို့နယ်
မကြီးပင်ရွာ၊ အုတ်ဖိုမြို့နယ်
မင်းလှကြီးရွာ၊ အုတ်ဖိုမြို့နယ်
မတောင့်တရွာ၊ အုတ်ဖိုမြို့နယ်
မအူကုန်းရွာ၊ အုတ်ဖိုမြို့နယ်
မအူတန်းရွာ၊ အုတ်ဖိုမြို့နယ်
မီးချောင်းတင်ရွာ၊ အုတ်ဖိုမြို့နယ်
မောင်နီစုရွာ၊ အုတ်ဖိုမြို့နယ်
မဲဇလီတန်းရွာ၊ အုတ်ဖိုမြို့နယ်
မျက်နီကွင်းရွာ၊ အုတ်ဖိုမြို့နယ်
မြန်မာဒေါင်းစပါးရွာ၊ အုတ်ဖိုမြို့နယ်
မြောက်ချောကုန်းရွာ၊ အုတ်ဖိုမြို့နယ်
မြောက်ညိုကုန်းရွာ၊ အုတ်ဖိုမြို့နယ်
မြောင်ချော်ပင်ရွာ၊ အုတ်ဖိုမြို့နယ်
မြောင်ရွာ၊ နှောကုန်း
မြောင်ရွာ၊ အုတ်ဖိုမြို့နယ်
မြောင်ရှမ်းစုရွာ၊ အုတ်ဖိုမြို့နယ်
မှက္ကတန်ရွာ၊ အုတ်ဖိုမြို့နယ်

ယဉ်သွားတန်းရွာ၊ အုတ်ဖိုမြို့နယ်

ရေငန်ရွာ၊ အုတ်ဖိုမြို့နယ်
ရေတာချောင်းနားရွာ၊ အုတ်ဖိုမြို့နယ်
ရေတာရွာသစ်ရွာ၊ အုတ်ဖိုမြို့နယ်
ရေတာရွာ၊ ဝိုင်း
ရေတာရွာ၊ အုတ်ဖိုမြို့နယ်
ရေလယ်ကျွန်းရွာ၊ အုတ်ဖိုမြို့နယ်
ရွာသစ်စုရွာ၊ အုတ်ဖိုမြို့နယ်
ရွာသစ်ရွာ၊ ကန်သာယာ
ရွာသစ်ရွာ၊ ကျွန်းကုန်း
ရွာသစ်ရွာ၊ ဆင်ဂေါင်း
ရွာသစ်ရွာ၊ ဖလန်ပင်
ရွာသစ်ရွာ၊ ရှမ်းကုန်း
ရွာသစ်ရွာ၊ အုတ်ဖိုမြို့နယ်
ရွာသာကုန်းရွာ၊ အုတ်ဖိုမြို့နယ်
ရွှေတောင်ကုန်းရွာ၊ အုတ်ဖိုမြို့နယ်
ရွှေဘိုတန်းရွာ၊ အုတ်ဖိုမြို့နယ်
ရှမ်းကုန်းရွာ၊ အုတ်ဖိုမြို့နယ်
ရှမ်းစုရွာ၊ မတောင့်တ
ရှမ်းစုရွာ၊ အုတ်ဖိုမြို့နယ်
ရှမ်းတောကြီးရွာ၊ အုတ်ဖိုမြို့နယ်
ရှမ်းတောလေးရွာ၊ အုတ်ဖိုမြို့နယ်
ရှမ်းရွာ၊ အုတ်ဖိုမြို့နယ်
ရှားစီးဖိုရွာ၊ အုတ်ဖိုမြို့နယ်
ရှားစီးဘိုရွာ၊ အုတ်ဖိုမြို့နယ်
ရှားတောကွင်းရွာ၊ ဆင်ဂေါင်း
ရှားတောကွင်းရွာ၊ တင်ဆိပ်
ရှားတောကွင်းရွာ၊ အုတ်ဖိုမြို့နယ်

လက်ခုပ်ကုန်းရွာ၊ အုတ်ဖိုမြို့နယ်
လက်ဆက်ရွာ၊ အုတ်ဖိုမြို့နယ်
လက်ပတော (အလယ်စု)ရွာ၊ အုတ်ဖိုမြို့နယ်
လက်ပတောရွာမရွာ၊ အုတ်ဖိုမြို့နယ်
လင်းနေစန်းရွာ၊ အုတ်ဖိုမြို့နယ်
လင်းလွန်းပင်ရွာ၊ အုတ်ဖိုမြို့နယ်
လယ်ဦးစု (အနောက်စု)ရွာ၊ အုတ်ဖိုမြို့နယ်
လယ်ဦးစု (အရှေ့စု)ရွာ၊ အုတ်ဖိုမြို့နယ်
လယ်ဦးစုရွာမရွာ၊ အုတ်ဖိုမြို့နယ်
လယ်ဦးစုရွာ၊ အုတ်ဖိုမြို့နယ်
လသာကုန်းရွာ၊ အုတ်ဖိုမြို့နယ်
လိပ်ဥကုန်းရွာ၊ အုတ်ဖိုမြို့နယ်
လူအိုစုရွာ၊ အုတ်ဖိုမြို့နယ်

လေးတဲရွာ၊ အုတ်ဖိုမြို့နယ်
လွှဇင်ရွာ၊ အုတ်ဖိုမြို့နယ်

ဝက်လာရွာ၊ အုတ်ဖိုမြို့နယ်
ဝင်းသရက်ရွာ၊ အုတ်ဖိုမြို့နယ်
ဝိုင်းရွာ၊ အုတ်ဖိုမြို့နယ်

သက္ကယ်ချင်းကုန်းရွာ၊ အုတ်ဖိုမြို့နယ်
သင်တောကျောင်းစုရွာ၊ အုတ်ဖိုမြို့နယ်
သင်တောရွာ၊ အုတ်ဖိုမြို့နယ်
သင်ပန်းကုန်းရွာ၊ အုတ်ဖိုမြို့နယ်
သစ်စိမ်ကုန်း (တောင်)ရွာ၊ အုတ်ဖိုမြို့နယ်
သစ်စိမ်ကုန်း (မြောက်)ရွာ၊ အုတ်ဖိုမြို့နယ်
သပြေကုန်းရွာ၊ အုတ်ဖိုမြို့နယ်
သပြေစန်းရွာ၊ အုတ်ဖိုမြို့နယ်
သဖန်းပင်ဆိပ်ရွာ၊ အုတ်ဖိုမြို့နယ်
သရက်ကုန်းရွာ၊ ကမွန်းခြုံ
သရက်ကုန်းရွာ၊ မကျီးပင်
သရက်ကုန်းရွာ၊ အုတ်ဖိုမြို့နယ်
သရက်တောရွာ၊ အုတ်ဖိုမြို့နယ်
သရက်နှစ်ဖျားလိန်ရွာ၊ အုတ်ဖိုမြို့နယ်
သရက်ပင်ကန်ရွာ၊ ရှမ်းရွာ
သရက်ပင်ကန်ရွာ၊ အုတ်ဖိုမြို့နယ်
သရက်ပင်ဆိပ် (အရှေ့)ရွာ၊ အုတ်ဖိုမြို့နယ်
သရက်ပင်ဆိပ် (အလယ်)ရွာ၊ အုတ်ဖိုမြို့နယ်
သရက်ပင်ဆိပ်ရွာမရွာ၊ အုတ်ဖိုမြို့နယ်
သာလိကာရွာ၊ အုတ်ဖိုမြို့နယ်
သာသနရက္ခိတရွာ၊ အုတ်ဖိုမြို့နယ်
သိုက်ဝါးချောင်းရွာ၊ အုတ်ဖိုမြို့နယ်
သိုက်ဝါးချောင်းရွာ၊ အေးမြသာယာ
သဲကုန်းရွာ၊ အုတ်ဖိုမြို့နယ်
သဲကောရွာ၊ အုတ်ဖိုမြို့နယ်
သဲကောအုန်းပင်စုရွာ၊ အုတ်ဖိုမြို့နယ်
သဲတောရွာ၊ အုတ်ဖိုမြို့နယ်
သဲနုံးရွာ၊ အုတ်ဖိုမြို့နယ်

အင်ပင်လှရွာ၊ အုတ်ဖိုမြို့နယ်
အညာတန်းရွာ၊ တင်ဆိပ်
အညာတန်းရွာ၊ အုတ်ဖိုမြို့နယ်
အထွက်တိုးရွာ၊ အုတ်ဖိုမြို့နယ်
အဘိုးအင်းရွာ၊ အုတ်ဖိုမြို့နယ်
အလယ်ကုန်း (တောင်)ရွာ၊ အုတ်ဖိုမြို့နယ်
အလယ်ကုန်းရွာ၊ အုတ်ဖိုမြို့နယ်
အာလံစုရွာ၊ အုတ်ဖိုမြို့နယ်
အိမ်တိုင်ပုံရွာ၊ အုတ်ဖိုမြို့နယ်
အိုင်ကြီးဒေါင့်ရွာ၊ သဖန်းပင်ဆိပ်
အိုင်ကြီးဒေါင့်ရွာ၊ အုတ်ဖိုမြို့နယ်
အိုင်ညိုရွာ၊ အုတ်ဖိုမြို့နယ်
အိုးသည်ကုန်းရွာ၊ အုတ်ဖိုမြို့နယ်
အုတ်တွင်းကုန်းရွာ၊ အုတ်ဖိုမြို့နယ်
အုတ်ရှစ်ကုန်းရွာ၊ အုတ်ဖိုမြို့နယ်
အုန်းနှဲရွာ၊ အုတ်ဖိုမြို့နယ်
အောင်ချမ်းသာရွာ၊ အုတ်ဖိုမြို့နယ်
အောင်သပြေစမ်းရွာ၊ အုတ်ဖိုမြို့နယ်
အောင်သုခရွာ၊ အုတ်ဖိုမြို့နယ်
အေးမြသာယာရွာ၊ အုတ်ဖိုမြို့နယ်

ဥက္ကံရွာ၊ အုတ်ဖိုမြို့နယ်

ဦးတိုရွာ၊ အုတ်ဖိုမြို့နယ်

၅။ လူဦးရေ ကျား/မ စာရင်း
========================
ကျား - ၆၄၁၀၄ ဦး
မ - ၆၉၁၂၃ ဦး
စုစုပေါင်း - ၁၃၃၂၃၇ ဦး
၆။ တိုင်းရင်းသားလူမျိုးစုအလိုက်လူဦးရေ
==================================
ကရင် ၆၄၅၂ ဦး
ချင်း ၂၁၃၈ ဦး
မွန် ၄၁ ဦး
ဗမာ ၁၂၂၁၈၃ ဦး
ရခိုင် ၂၆ ဦး
ရှမ်း ၇၇၅ ဦး
ကချင် ၄၆၉ ဦး
စုစုပေါင်း ၁၃၂၀၈၄ ဦး
၇။ ဘာသာရေးကိုးကွယ်မှုနှင့်ဓလေ့ထုံးစံများ
===================================
အုတ်ဖိုမြို့နယ်တွင်
******************
ဗုဒ္ဓဘာသာ ၁၂၃၉၉၈ ဦး
ခရစ်စယာန် ၃၄၇၃ ဦး
ဟိန္ဒူဘာသာ ၁၇ ဦး
အစ္စလာန်ဘာသာ - ၃၇၆ ဦး
စုစုပေါင်း - ၁၂၇၈၆၄ ဦး
အိုးသည်ကုန်းမြို့တွင်-
*********************
ဗုဒ္ဓဘာသာ- ၄၉၄၀ ဦး
ခရစ်စယာန် - ၃ ဦး
အစ္စလာန်ဘာသာ -၂၂၃ ဦး
စုစုပေါင်း - ၅၁၆၆ ဦး
၈။ အုပ်ချုပ်မှုဆိုင်ရာအဖွဲ့အစည်းများနှင့်အကြီးအကဲများ
===============================================
အုပ်ချုပ်ရေးမှူးရုံးများ
********************
မြို့နယ်အုပ်ချုပ်ရေးမှူး - ၁ ဦး
မြို့အုပ်ချုပ်ရေးမှူး - ၁ ဦး
မြို့နယ်ရုံး - ၁ ရုံး
မြို့ရုံး - ၁ ရုံး
ရပ်ကွက်ရုံး - ၁၀ ရုံး
ကျေးရွာအုပ်စု ရုံး - ၅၃ ရုံး
အုတ်ဖိုမြို့နယ်ရှိဌာနဆိုင်ရာများ
********************************
(၁) မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
(၂) မြို့နယ်တရားရုံး
(၃) မြို့နယ်ဥပဒေရုံး
(၄) မြို့နယ်ကော်မရှင်ရုံး
(၅) မြို့နယ်စာရင်းရုံး
(၆) မြန်မာနိုင်ငံရဲတပ်ဖွဲ့
(၇) မီးသတ်ဦးစီးဌာန
(၈) စည်ပင်သာယာရေးအဖွဲ့
(၉) ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
(၁၀) သမဝါယမဦးစီးဌာန
(၁၁) စိုက်ပျိုးရေးဦးစီးဌာန
(၁၂) လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန
(၁၃) မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန
(၁၄) ဆက်သွယ်ရေး
(၁၅) မြန်မာ့မီးရထား
(၁၆) သစ်တောဦးစီးဌာန
(၁၇) မြန်မာ့လျှပ်စစ်လုပ်ငန်း
(၁၈) လဝက
(၁၉) စားသုံးသူရေးရာ
(၂၀) အား/ကာ
(၂၁) ပညာရေး
(၂၂) ကျန်းမာရေး
(၂၃) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
(၂၄) ကျေးလက်လမ်းဖွဲ့ဖြိုးရေးဦးစီးဌာန
(၂၅) မြန်မာ့စီးပွားရေးဘဏ်
(၂၆) ပြည်တွင်းအခွန်များဦးစီးဌာန
(၂၇) စီမံကိန်း
(၂၈) လမ်းဦးစီးဌာန
(၂၉) ငါးလုပ်ငန်း
(၃၀) မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်
(၃၁) စာတိုက်
(၃၂) စက်မှုလယ်ယာ
(၃၃) တိုင်းရင်းဆေး

၉။ နိုင်ငံရေးပါတီများအမည်စာရင်း၊ ပါတီခေါင်းဆောင်နှင့်လွှတ်တော်ကိုယ်စားလှယ်များ
=========================
နိုင်ငံရေးပါတီနှင့်ခေါင်းဆောင်များ
*****************************
(၁) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဦးတင်ဦး)
(၂) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(ဦးတင်ထွေး)
(၃) တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(ဦးသိန်းဝင်း)
(၄) မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဦးကျော်ဆွေ)
(၅) အမျိုးသာဒီမိုကရေစီအင်အားစုပါတီ(ဒေါ်နန်းကြူသန်းဝင်း)
(၆) ညီညွတ်သောဒီမိုကရက်တစ်ပါတီ(ဦးမျိုးမင်းထက်)
(၇) ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(ဦးတင်အေး)
(ခ ) လွှတ်တော်ကိုယ်စားလှယ်များ
********************************
ပြည်သူ့လွှတ်တော်
ဦးဇော်မင်း ( NLD ပါတီ )
အမျိုးသားလွှတ်တော်
ဒေါက်တာဝင်းမြင့်( NLD ပါတီ )
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အမှတ်(၁)
ဒေါ်ညွန့်ညွန့်ဌေး( NLD ပါတီ )
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အမှတ်(၂)
ဦးစောသူရအောင်( NLD ပါတီ )
တိုင်းရင်းသားလွှတ်တော်
ဒေါ်နော်ပွယ်ဆေး( NLD ပါတီ )
၁၀။ စိုက်ပျိုးရေးနှင့်ဆည်တမံများ
=============================
(က) စိုက်ပျိုးရေး
အဓိကသီးနှံ(၁၀)မျိုးစိုက်ပျိုးထုတ်လုပ်မှု
(၁)စပါးပေါင်း -နွေ (၈၅၆၆)ဧက၊ မို (၁၀၀၃၇၂)ဧက
(၂) မတ်ပဲ-(၇၀၅၃၆)ဧက
(၃) မြေပဲ-မိုး(၈၄၁)ဆောင်း(၁၀၅၂)ဧက
(၄) နှမ်း−မိုး(၅၆၁)ဆောင်း(၁၁၁၉)ဧက
(၅) နေကြာ−(၃၅)ဧက
(၆) ပဲတီစိမ်း−ဆောင်း(၄၀၅)ဧက
(၇) ဝါ−(၃၀၃)ဧက
(၈) ကြံ−(၁၀၅)ဧက
(၉) အစေ့ထုတ်ပြောင်း(−)ဧက
(၁၀) ပဲစင်းငုံ(−)ဧက
နှစ်ရှည်သီးနှံစိုက်ပျိုးမှုအခြေအနေ
********************************
(၁)ရာဘာ−(၁၁)ဧက
(၂) သရက်−(၁၁၀၅)ဧက
(၃) ရှောက်/သံပရာ(၇၁)ဧက
(၄) ကျွဲကော(၃၆)ဧက
(၅) သီဟိုသရက်(၁၇၀)ဧက
(၆) မကျီး (၇၂၈)ဧက
အခြားဈေးကွက်ဝင်သီးနှံစိုက်ပျိုးမှုအခြေအနေ
*******************************************
(၁၀) ကြက်သွန်နီ(၂၀)ဧက
(၂) ငရုပ်(၂၆၅)ဧက
(၃) ကုလားပဲ(၂၈၉၁)ဧက
(၄) ငရုပ်ကောင်း(၄)ဧက
(၅) ဟင်းသီးဟင်းရွက်(၁၃၀၆)ဧက

(ခ) ဆည်တာတမံများ
**********************
(၁) ဂမုန်းဆည်(မြေသား)
အကျိုးပြုဧက(၁၂၀၀၀)ဧက
(၂) မင်းလှဆည်(မြေသား)
အကျိုးပြုဧက(၂၅၀၀)ဧက
(၃) စဉ်ကူးချောင်းဂေါင်းဆည်(မြေသား)
အကျိုးပြုဧက(၈၁၀)ဧက

၁၁။ မွေးမြူရေးလုပ်ငန်း
====================
(၁) ကျွဲ(၂၅၆၇)ကောင်
(၂) နွား(၅၃၅၀၀)ကောင်
(၃) ဝက်(၄၆၉၁၆)ကောင်
(၄) သိုး/ဆိတ်(၁၆၅၃)ကောင်
(၅) ကြက်(၂၁၅၂၃၃၉)ကောင်
(၆) ဘဲ(၁၅၁၇၄၈)ကောင်
မြို့နယ်အသားထုတ်လုပ်မှု(ပိဿာ)
*******************************
(၁) နွား(၉၄၅၉၈၆) ပိဿာ
(၂) ဝက်(၂၁၃၅၀၀၈)ပိဿာ
(၃) သိုး/ဆိတ်(၁၃၆၁၁)ပိဿာ
(၄) ကြက်(၅၆၁၂၄၁၂)ပိဿာ
(၅) ဘဲ(၁၃၀၇၀၁၂)ပိဿာ
မြို့နယ် ကြက်/ဘဲဥထုတ်လုပ်မှု(လုံး)
*********************************
(၁) ကြက်ဥ(၆၆၇၄၄၈၀၅)လုံး
(၂) ဘဲဥ(၁၁၇၉၀၄၅၉)လုံး
၁၂။ အဓိကစီးပွားရေးလုပ်ငန်းကြီးများ
=============================
မြို့နယ်ရှိစက်ရုံး
မြို့နယ် ကြက်/ဘဲဥထုတ်လုပ်မှု(လုံး)
*********************************
(၁) ကြက်ဥ(၆၆၇၄၄၈၀၅)လုံး
(၂) ဘဲဥ(၁၁၇၉၀၄၅၉)လုံး
၁၂။ အဓိကစီးပွားရေးလုပ်ငန်းကြီးများ
=============================
မြို့နယ်ရှိစက်ရုံးများ
*******************
(၁) ဦးဇော်ဝင်းထွဋ်(ဆန်စက်)လုပ်သားအင်အား(၂၀)ဦး၊
(၂) ဦးဝင်းနိုင်(ဆန်စက်)၊ လုပ်သားအင်အား(၄၀)ဦး
(၃) က္ကုစ္ဆိတံ(ဆန်စက်)၊ လုပ်သားအင်အား(၂၀)ဦး
(၄) ဦးတေဇာဝင်း(သစ်စက်)လုပ်သားအင်အား(၁၂)ဦး

၁၃။ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ စာရင်း အထက်တန်းကျောင်းများ၊ အလယ်တန်းကျောင်းများ၊
================
မူလတန်းကျောင်းများ၊ ဘုန်းတော်ကြီးသင်ကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ မူကြိုကျောင်းများ
================
(၁) တက္ကသိုယ်၊ ကောလိပ်၊ သိပ္ပံကျောင်းများ (မရှိပါ)
(၂) အထက်တန်းကျောင်း( ၅) ကျောင်း
(၃) အထက(ခွဲ)ကျောင်း (၇)ကျောင်း
(၄) အလယ်တန်းကျောင်း(၁၁)ကျောင်း
(၅) အလက(ခွဲ)ကျောင်း(၁၃)ကျောင်း
(၆) အမကကျောင်း(၁၂၀)ကျောင်း
(၇) အမက(လွန်)(၁၉)ကျောင်း
(၈) မူကြို(၉)ကျောင်း
(၉) ဘုန်းတော်ကြီးသင်(၈)ကျောင်း
(၁၀) ကိုယ်ပိုင်ကျောင်း(၂)ကျောင်း

၁၄။ ဆေးရုံ၊ တိုက်နယ်၊ ကျန်းမာရေးဌာန(ခွဲ)၊ ပုဂ္ဂလိကပိုင်ဆေးခန်းများ
==================
(၁) မြို့နယ်ဆေးရုံ(၁)ရုံ
(၂) တိုက်နယ်ဆေးရုံ(၃)ရုံ
(၃) ကျန်းမာရေးဌာန(ခွဲ)(၃၃)ခူ
(၄) ပုဂ္ဂလိကပိုင်ဆေးခန်းများ(၈)ခု

၁၅။ ဘာသာရေး၊ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများ၊ ဗလီများ ၊ ဟိန္ဒူဘုရားကျောင်းများ၊ တရုတ်ဘုရားကျောင်းများ၊ ခရစ်ယာန်ဘုရားကျောင်းများ၊
==========================
(၁) ဘုန်းကြီးကျောင်းများ(၂၁၈)ကျောင်း
(၂)သီလရှင်ကျောင်းများ(၁၅)ကျောင်း
(၃) ခရစ်ယာန်ကျောင်း(၁၄)ကျောင်း
(၄) ဗလီများ(၂)
(၅) တရုတ်ဘုရားကျောင်း(၂)

ရှေ့ကလူကြီးတွေပြောပြတဲ့အုတ်ဖိုသမိုင်း

၁။ဝိုင်းရွာ
သူကြီးဦးရွှေဝိုင်း အပိုင်စားရတဲ့နေရာ
၂။ လက်ပံတောရွာ
သူကြီးဦးရွှေဝိုင်းနေတဲ့ရွာ
မူလက သိပ်ပလိဂါမ
၃။ ပတ်တမွားရှာ
သာယာဝတီမြို့နန်းတည်တဲ့နှစ် ပတ္တမြားပေါ်ထွက်ရာနေရာကို ရာဇမတ်ကာ ကျောက်တူးသမားများကို စုပေါင်းနေစေတဲ့ရွာ
၄။ အိုးသည်ကုန်း
သတိုးနော်ရထာက ညီတော်တို့အား မြို့ရွာသစ်တည်ဆောက်စေရာ အိုးလုပ်ရောင်းချရန်တည်ပေးသောရွာ
၅။ ပန်းပဲကုန်း
ဓား လှံ လက်နက်လုပ်သူတို့အား ချထားပေးသော နေရာ
၆ ဂမုန်းချောင်း
ဓားလှံလက်နက်များ သိဒ္ဓိပြီးစေရန် စီရင်ဖို့ ဂမုန်းရှစ်ဆယ်စုသောရွာဘေးက ချောင်း
၇ မတောင့်တ
သတိုးမင်းလတ်က သာယာဝတီနယ် မတောင့်တရတော့ဘူး မြွက်ကြားတဲ့နေရာ
၈။ ဆည်ရွာ
မအောင်ဖြူရဲ့ခင်ပွန်း အမတ်အမိတ္တောဒနကို ဗျဂ္ဃသနတောသို့ပြည်နှင်ရာ ၊ မုဆိုးတို့ ချောင်းကိုဆည်ထားသည့်နေရာက သစ်ပင်ကို ဆည်ရာဟု ကမ္ဗည်းထို့ခဲ့တဲ့ နေရာ

၁၀။တိမ်မြုပ်

အမိတ္တောဒနအမတ်ကို ရှာမတွေ့သဖြင့် နောင်တော် ဂါမဏိအမတ်က အမိတ္တောဒန ကြီးစွာသော တိမ်မြုပ်ခြင်းဖြင့် တိမ်မြုပ်ရှာပြီ ညည်းတွားသော နေရာ

Address

Othegon

Website

Alerts

Be the first to know and let us send you an email when Okpho City posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share


Other Othegon media companies

Show All