အုတ်ဖိုတွင် "PDFတွေကို မျိုးဖြုတ်ပစ်မည်"ဟု ကြွေးကြော်ထားသည့် ပျုစောထီး ပစ်ခတ်ခံရပြီး သေဆုံး
အုတ်ဖိုတွင် "PDFတွေကို မျိုးဖြုတ်ပစ်မည်"ဟု ကြွေးကြော်ထားသည့် ပျုစောထီး တင်နိုင်ထွန်း ပစ်ခတ်ခံရပြီး သေဆုံး
#okphothadin
အုတ်ဖိုတွင် စစ်သားများ၏ ဖုန်းနဲ့ငွေတွေယူပြေး
အုတ်ဖိုတွင် ပေါ်တာဆွဲ ဖမ်းဆီးထားသော လူငယ်တစ်ဦးမှ စစ်သားများ၏ ဖုန်း၁၀လုံးနှင့် ငွေကျပ်၈သိန်း ယူဆောင်ထွက်ပြေး
#okphothadin
အိုးသည်ကုန်းမြို့၊ ၃လမ်းဘေးက တမာပင်ကနေ နို့လိုအရည်တွေထွက်နေလို့ ဟိန္နူတွေလာပူဇော်နေကြ
အုတ်ဖိုမြို့နယ်၊ အိုးသည်ကုန်းမြို့၊ ၃လမ်းဘေးက တမာပင်ကနေ နို့လိုအရည်တွေထွက်နေလို့ ဟိန္နူတွေလာပူဇော်နေကြတယ်။
#okphothadin
အုတ်ဖို တိုက်ခိုက်မှုအတွင်း စစ်တပ်ကို ထောက်ပံ့နေသူများ၏ အမည်စာရင်းများ သိမ်းဆည်းရရှိထား
အုတ်ဖို တိုက်ခိုက်မှုအတွင်း သေဆုံးသွားသော စစ်သား ၂ ဦးထံမှ တပ်တွင်း လျှို့ဝှက် အချက်အလက်များနှင့် စစ်တပ်ကို ထောက်ပံ့နေသူများ၏ အမည်စာရင်းများ သိမ်းဆည်းရရှိထား
ခမရ(၆)တိမ်မြုပ်တပ်မှ ထွက်လာတဲ့ စစ်သားများ တိုက်ခိုက်ခံရပြီး စစ်သား၂ဦး သေဆုံး
ခမရ(၆)တိမ်မြုပ်တပ်မှ ထွက်လာတဲ့ စစ်သားများ တိုက်ခိုက်ခံရပြီး စစ်သား၂ဦး သေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ
အုတ်ဖိုတိုက်ပွဲမှ စစ်ကောင်စီတပ်သားရုပ်အလောင်းများ လာမကောက်နိုင်သေး (ရုပ်သံ)
အုတ်ဖိုတိုက်ပွဲမှ စစ်ကောင်စီတပ်သားရုပ်အလောင်းများ လာမကောက်နိုင်သေး၊ စစ်ရေးဆက်လက်တင်းမာ(ရုပ်သံ)
ရွှေနွယ်
ပဲခူးတိုင်း ၊ သာယာဝတီခရိုင် ၊ အုတ်ဖိုမြို့နယ်တွင် ဖြစ်ပွားခဲ့သည့်တိုက်ပွဲမှ သေဆုံး စစ်ကောင်စီတပ်သားရုပ်အလောင်းများကို ၂၄ နာရီကျော်ကြာမြင့်သည်အထိ လာရောက်ကောက်ယူနိုင်ခြင်းမရှိသေးဘဲ ဒေသတွင်း စစ်ရေးဆက်လက်တင်းမာနေကြောင်း တော်လှန်ရေးတပ်ဖွဲ့အသိုင်းအဝိုင်းထံက သိရသည်။
ယမန်နေ့ (စက်တင်ဘာ ၃ ရက်) နံနက် ၉ နာရီခန့်က အင်အား ၄၀ ကျော်ပါသည့် စစ်ကောင်စီတပ် စစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား အုတ်ဖိုမြို့ ပဲခူးရိုးမအတွင်းရှိ ဂမုန်းရေလှောင်တမံအနီး တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်သား ၁၂ ဦးသေဆုံးခဲ့ခြင်းဖြစ်သည်။
သေဆုံးစစ်ကောင်စီတပ်သားရုပ်အလောင်းများသည် ယနေ့ (စက်တင်ဘာ ၄ ရက်) မွန်းတည့်ချိန်အ
အုတ်ဖိုတွင် အေးမြသာယာနယ်မြေရဲစခန်းမှူးနှင့် ရဲသတင်းပေးဆိုသူ ပစ်သတ်ခံရ
ရွှေနွယ်
မဇ္ဈိမ။ ။ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် အေးမြသာယာမြို့သစ် နယ်မြေရဲစခန်းမှ စခန်းမှူး နှင့် ရဲသတင်းပေးဆိုသူတို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားကြောင်း PDF ပြန်ကြားရေးတာဝန်ခံမှ မဇ္ဈိမကိုပြောသည်။
ယမန်နေ့(စက်တင်ဘာ ၁၆ ရက်) ညနေ ၃ နာရီ ၃၀ မိနစ်ခန့်က စခန်းမှူး ရဲအုပ်ဇော်ဝင်းနှင့် ရဲသတင်းပေး ဆိုသူ ကိုသက်တို့ကို စခန်းနှင့် ပေ ၃၀၀ ခန့်အကွာ အေးမြသာယာစာသင်ကျောင်းရှေ့တွင် သာယာဝတီ ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၃၈၀၂ တပ်ခွဲ(၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့ဝင်များမှ ပစ်ခတ်ခဲ့ ရာ နေရာတွင်ပင်သေဆုံးခဲ့ကြောင်း သိရသည်။
“အဓိက ကိုသက်ကိုပစ်မှတ်ထားတာ၊ သူက ရဲထွက်လည်းဟုတ်တယ် ရဲသတင်းပေးပေါ့ အခုက။ စခန်းမှူး က အတူတူပါလာ
ရိုးမပေါ်ကသူရဲကောင်း (သို့မဟုတ်) အုတ်ဖိုမြို့နယ်ကကြယ်တစ်ပွင့်
စစ်တပ်က မုဒိန်းကျင့်၍ ဖမ်းဆီးသတ်ဖြတ်လိုက်တဲ့ သူနာပြုဆရာမ မမေဇွန်မိုးအကြောင်း ( ရုပ်သံ)
~~~~~
■ ပဲခူးတိုင်းအနောက်ခြမ်း အုတ်ဖိုမြို့နယ်က အသက် ၂၈ နှစ်အရွယ် မမေဇွန်မိုးဟာ ပြည်တက္ကသိုလ်ကနေ မြန်မာစာအဓိကနဲ့ ဘွဲ့ရပြီးနောက် သူနာပြုအလုပ်ကို ဝါသနာပါတာကြောင့် ၂၀၁၄ ခုနှစ်မှာ ရန်ကုန် သူနာပြု သင်တန်းကျောင်းကနေ အောင်လက်မှတ်ရရှိခဲ့သူပါ။
အဲဒီအချိန်ကစလို့ အသတ်မခံရခင်အချိန်ထိ နာမကျန်းသူတွေကို ကူညီစောင့်ရှောက်တဲ့ သူနာပြုအလုပ်ကိုပဲ သူ လုပ်ကိုင်ခဲ့ပါတယ်။
အသားဖြူဖြူ၊ ရုပ်ရည်သန့်သန့်ပြန့်ပြန့်၊ အမြဲတမ်းပြုံးရွှင်နေတဲ့ မျက်နှာနဲ့ မမေဇွန်မိုးဟာ စိတ်ထားနူးညံ့တဲ့ နှလုံးလှ သူနာပြုတစ်ယောက် ဖြစ်ပေမယ့် အာဏာသိမ်းစစ်တပ်ရဲ့ မတရားဖိနှိပ်မှုတွေနဲ့ ပတ်သက်ရင်တော့ ရပ်တည်ချ
ပဲခူးတိုင်း သာယာဝတီခရိုင်ထဲမှာPDFတွေ လက်နက်ချ အလင်းဝင်လာနေကြောင်း စစ်ကောင်စီမှ သတင်းထုတ်ပြန်
#okphothadin