You & I Tea House

You & I Tea House 🌹ခင်ဗျားရဲ့ ဂရုစိုက်ခြင်း ရပ်ဝန်းမှာ ကျွန်တော်ရှင်သန်နေတယ်...🌹

🎉 Just completed level 3 and I'm so excited to continue growing as a creator on Facebook!
13/01/2025

🎉 Just completed level 3 and I'm so excited to continue growing as a creator on Facebook!

Big shout out to my newest top fans! 💎Nay Htet, Lin LinDrop a comment to welcome them to our community,  fans
22/12/2024

Big shout out to my newest top fans! 💎

Nay Htet, Lin Lin

Drop a comment to welcome them to our community, fans

လက်ဖက်ရည် နှင့် ကျန်းမာရေးတစ်နေ့လျင် လက်ဖက်ရည်(၃)ခွက် သောက်သုံးပါက အသက်အရွယ်မျိုးစုံတွင် လေဖြတ်ခံရမည့် အခြေအနေကို သိသိသာ...
18/11/2024

လက်ဖက်ရည် နှင့် ကျန်းမာရေး

တစ်နေ့လျင် လက်ဖက်ရည်(၃)ခွက် သောက်သုံးပါက အသက်အရွယ်မျိုးစုံတွင် လေဖြတ်ခံရမည့် အခြေအနေကို သိသိသာသာ လျော့ပါးစေကြောင်း သိရသည်။ လက်ဖက်ရည် (၃)ခွက်စီ နေ့စဉ်သောက်လျင် ဦးနှောက်အတွင်း သွေးခဲမှုကို (၂၁)ရာခိုင်နှုန်း လျှော့ချပေးနိုင်ကြောင်း အမေရိကန် နှလုံးရောဂါ ကုသရေးဗဟိုမှ ဆရာ၀န်များက ပြောကြားခဲ့သည်။ ၎င်းတို့သည် တရုတ်၊ ဂျပန်၊ ဖင်လန်၊ ဟော်လန်၊ ဩစတြေးလျနှင့် အမေရိကန်မှ သုတေသီများ လေ့လာတွေ့ရှိခဲ့သည့် အချက်များစွာကို စီစစ်စဉ်းစားပြီး ယခုကဲ့သို့ ကြေငြာခဲ့ခြင်းဖြစ်သည်။ ထို့အပြင် လက်ဖက်ရည်အတွင်း ပါ၀င်နေသည့် Catechinsနှင့် Theaninsဓာတ်နှစ်မျိုးသည် သွေးကြောများကို ကျယ်ပြန့်သွားစေပြီး သွေးစီးဆင်းမှုကို ပိုမိုလျင်မြန်စေသောကြောင့် နှလုံးသွေးကြောများ ပိတ်ဆို့မှုနှင့် လေဖြတ်ခံရမည့် အနေအထားများကို ကာကွယ်ပေးနိုင်မည်ဟု အမေရိကန် ဆရာ၀န်များက ကောက်ချက်ချခဲ့သည်။ လက်ဖက်ရည်ဆိုင်ရာ အကြံပေးဆေးအဖွဲ့မှ တာ၀န်ရှိသူ ဒေါက်တာကက်သရင်းဟွတ်က ယခုရရှိခဲ့သည့် နောက်ဆုံးသုတေသန ရလဒ်သည် လက်ဖက်ရည် နှစ်သက်သူများအတွက် အလွန်ကျေနပ် နှစ်သိမ့်စေမည့် တွေ့ရှိချက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ နိုင်ငံအများအပြားမှ စမ်းသပ်မှုတိုင်းတွင် ကွဲလွဲချက် အနည်းငယ်စီ ရှိနေသော်လည်း လက်ဖက်ရည်၏ အာနိသင်သည် သွေးကြောများကျယ်ပြန့်မှုကို အထောက်အကူ ပြုနိုင်ကြောင်း ကောက်ချက်များမှာ ဆင်တူနေကြောင်း ကက်သရင်းကဆိုသည်။ အသက်အရွယ်မျိုးစုံတွင် ဖြစ်ပွားစေနိုင်သည့် လေဖြတ်မှုအတွက် လက်ဖက်ရည်သည် အကောင်းဆုံး သဘာ၀ ဆေးတစ်လက်ဖြစ်ကြောင်း နိုင်ငံတကာမှ ပညာရှင်အသီးသီးက ယုံကြည်ထားသည်ဟု ကက်သရင်းက ရှင်းပြသွားသည်။ လက်ဖက်ရည်(၃)ခွက် နေ့စဉ်ပုံမှန် သောက်သုံးသည့် အမျိုးသမီးများတွင် ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေ လျော့ကျလာနိုင်ပါသည်။ သို့သော်လည်း လက်ဖက်ရည်အတွင်း ကဖိန်းဓာတ်ပါ၀င်သည့် အခြေအနေများတွင် သွေးတိုးမှုကို ပိုမိုမြင့်တက်လာစေကြောင်း သတိပေးထားသည်။
crd
You & I Tea House

You & I Tea House ကိုအစဉ်တစိုက်အားပေးခဲ့ကြသောမိတ်ဟောင်း မိတ်သစ်များအားလုံး ပျော်ရွှင်ဖွယ်သီတင်းကျွတ်အခါသမယလေးဖြစ်ပါစေကြေ...
16/10/2024

You & I Tea House ကိုအစဉ်တစိုက်အားပေးခဲ့ကြသောမိတ်ဟောင်း မိတ်သစ်များအားလုံး ပျော်ရွှင်ဖွယ်သီတင်းကျွတ်အခါသမယလေးဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်နော်...
လုပ်ကိုင်စီးပွား များလည်းတိုးတတ်အောင်မြင် ကြပါစေ..ဗျ
You & I Tea House

မမြဲခြင်းတရားကို ဟောထားပါလျက်သူ့လက်ကလေးကို ဆုပ်ကိုင်ထားချင်ခဲ့မိတယ် ။ဘုရားနဲ့ကျနော်ဟာ နားလည်မှုလွဲသွားတယ် ။ #အောင်ချိမ့်...
24/09/2024

မမြဲခြင်းတရားကို ဟောထားပါလျက်
သူ့လက်ကလေးကို ဆုပ်ကိုင်ထားချင်ခဲ့မိတယ် ။
ဘုရားနဲ့ကျနော်ဟာ နားလည်မှုလွဲသွားတယ် ။

#အောင်ချိမ့်
You & I Tea House

မင်မင့်ကိုမေ့နေကြပြီလား ကာကာတို့ရေမင်မင်ကတော့နေ့စဉ်မေတ္တာပို့ပေးလျှက်ပါနော်...အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် ကဗျာလေး...
18/09/2024

မင်မင့်ကိုမေ့နေကြပြီလား ကာကာတို့ရေ
မင်မင်ကတော့နေ့စဉ်မေတ္တာပို့ပေးလျှက်ပါနော်...
အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် ကဗျာလေးတွေတင်တာနားထားတာပါဗျ..
ခင်ဗျားလေးတို့အားလုံးကိုသတိရနေပါတယ်..
You & I Tea House

လ္ဘက်ရည်အကြီးကြီး သောက်ချင်တဲ့ တစ်နေ့အင်္ကျီ ပုဆိုးကို ၀တ်နေ့စဉ် လူ့ဘ၀ထဲ သွားပိုက်ဆံကို အိပ်ကပ်ထဲ ထည့်စိတ်ကို လမ်းပေါ်မှ...
04/09/2024

လ္ဘက်ရည်အကြီးကြီး သောက်ချင်တဲ့ တစ်နေ့

အင်္ကျီ ပုဆိုးကို ၀တ်
နေ့စဉ် လူ့ဘ၀ထဲ သွား
ပိုက်ဆံကို အိပ်ကပ်ထဲ ထည့်
စိတ်ကို လမ်းပေါ်မှာ မှတ်
လမ်းဘေးခွေးကို အော်ဆဲ
လ္ဘက်ရည်ဆိုင်ကိုရောက်တော့ ဒေါက်ထောက်
ကျောက်ချ
ပင်လယ်မှာလှိုင်းထန်နေလား ဖုန်းကို ဖွင့်
ညီလေးရေလာ
ဆေးလိပ်တစ်ပွဲ ချ
ပြီးတော့ နိုင်ငံရေးကြီးကောင်းသွားရင်
ပရဟိတတွေ ငြိမ်းသွားတော့မှာလား
မက်ဆီနဲ့ ပက်စီတွေ မလိုပါဘူးကွာ
လ္ဘက်ရည်အကြီးကြီး ချ
ညီလေးရာ
သောက်ချင်တာက လ္ဘက်ရည်ကဗျာ
လူ့ဘ၀အလုပ်တွေက ငါ့ကို အနတ္တကြီးဖြစ်စေတာနဲ့
ကြည်လင်သော စာသားတွေဆီအရောက်နှေးခဲ့တာပေါ့
သောက်ကွာ။ ။

မြတ်ဝေ
၁၈.၈.၂၀၁၅
You & I Tea House

လမ်းထိပ်မုန့်ဟင်းခါးဆိုင်ကနေ နိဗ္ဗာန်ထိ အတူတူမသွားရရင်တောင်မှYou & I Tea House ကို တော့ အတူတူလာခဲ့ပါနော်...You & I Tea H...
03/09/2024

လမ်းထိပ်မုန့်ဟင်းခါးဆိုင်ကနေ နိဗ္ဗာန်ထိ အတူတူမသွားရရင်တောင်မှ
You & I Tea House ကို တော့ အတူတူလာခဲ့ပါနော်...
You & I Tea House

``စားပွဲတင်သန္တိသုခ´´သဘာဝတရားနဲ့ ပက်ပင်းကြီး တွေ့ရတိုင်း သူ့အလှကို ကူးရေးချဖို့ ငါအမြဲကြံစည်တယ်အဲဒီ အားထုတ်မှုကနေ အစွန်း...
31/08/2024

``စားပွဲတင်သန္တိသုခ´´

သဘာဝတရားနဲ့
ပက်ပင်းကြီး တွေ့ရတိုင်း
သူ့အလှကို ကူးရေးချဖို့
ငါအမြဲကြံစည်တယ်

အဲဒီ အားထုတ်မှုကနေ
အစွန်းအဖျားပဲရရ
အငွေ့အသက်ပဲမိမိ
ငါ့နှလုံးသား ထည်ဝါစေခဲ့၊

စွဲလန်းမှုဟာ
ချစ်သင့်တဲ့အရာမဟုတ်ပေမယ့်
ရေက မီးကို
ဘယ်လိုနည်းနဲ့ကိုယ်ချင်းစာမှာလဲ

ကဗျာရေ …
မင်းကို ငါချစ်တယ် ။ ။

#မောင်သိန်းဇော်
( ၂၀၂၄ )
You & I Tea House

ချစ်ခြင်းမေတ္တာဆိုတာ စေတနာပဲသူကြိုက်တတ်တာလေး တွေ့ရင်သူ့ကို ချက်ချင်း သတိရသွားတာမျိုး။ 🌻🤍You & I Tea House
30/08/2024

ချစ်ခြင်းမေတ္တာဆိုတာ စေတနာပဲ
သူကြိုက်တတ်တာလေး တွေ့ရင်
သူ့ကို ချက်ချင်း သတိရသွားတာမျိုး။

🌻🤍
You & I Tea House

30/08/2024

ကိုယ်က တိုးတက်ချင်စိတ်ပြင်းပြတဲ့
လုပ်ငန်းရှင်၊
စွန့်ဦးတီထွင် သို့ Professional တစ်ယောက်ဆိုရင်
စာဖတ်လောဘကြီးတာမျိုး
ဖြစ်တတ်တယ်။

ဟိုစာအုပ်တွေ့လည်း ဖတ်ချင်၊
ဒီစာအုပ်တွေ့လည်း ဖတ်ချင်၊
တကယ်တမ်းကျ အချိန်မပေးနိုင်၊

ဖတ်ဖြစ်တဲ့ စာအုပ်တွေကျလည်း
ဥပမာ၊ သာဓကတွေနဲ့
ကိုယ်သိချင်တဲ့ လိုရင်းမရောက်နိုင်နဲ့
စိတ်ရှုပ်ရတတ်တယ်။

ကိုယ့်အနေနဲ့ အလုပ်ကပြီးတဲ့အချိန်
စာအုပ်ဖတ်တယ်ဆိုတာ
ဇိမ်ခံချင်လို့၊ အချိန်ရှိလွန်းလို့
မဟုတ်ပါဘူး။
အပြောင်းအလဲဖြစ်ချင်လွန်းအားကြီးလို့ဆိုတာ
ကျွန်တော်တို့ နားလည်ပါတယ်။

ဒါကြောင့် အချိန်တိုအတွင်းမှာ
စာတစ်အုပ်လုံးထဲက
တကယ့်အနှစ်တွေကို လေ့လာမယ်။
စဥ်းစားမယ်။ အသုံးချမယ်ဆိုတဲ့
ရည်မှန်းချက်ကြီးတဲ့
လုပ်ငန်းရှင််၊ စွန့်ဦးတီထွင်နဲ့ Professional တွေအတွက်
Dream Lab ရှိပါတယ်။

Dream lab မှာဆိုရင်

- ကမ္ဘာကျော်စာအုပ်တွေကို မြန်မာလို ဘာသာပြန်ပြီး အဆီအနှစ်ထုတ်ထားတဲ့ 'Book Summary' တွေ

- Personal, Professional, Business Development စာအုပ်တွေကို မြန်မာလို ရှင်းပြပေးထားတဲ့ 'Video Book Summary' တွေ

- စာဖတ်ဖို့ အချိန်မပေးနိုင်တဲ့သူတွေအတွက် ဘယ်နေရာရောက်ရောက် ဖွင့်ထားပြီး နားထောင်နိုင်မယ့် 'Podcast' တွေ ကို စီစဉ်ပေးထားပါတယ်။

တကယ်အပြောင်းအလဲဖြစ်ချင်ရင်
စာဘယ်နှအုပ်ပြီးလဲဆိုတာထက်
စာအုပ်ထဲက အိုင်ဒီယာဘယ်နှခု
ပြန်အသုံးချနိုင်လဲက
ပိုအရေးကြီးပါတယ်။

ဒါကြောင့် အိုင်ဒီယာအဆီအနှစ်တွေကို
အချိန်တိုအတွင်း‌ လေ့လာပြီး
ချက်ချင်းပြန်အသုံးချဖို့ အသင့်ဖြစ်ပြီဆိုရင်
Dream Lab ကို
အောက်ပါ Link မှာ
https://dreamlab.news/
၁ နှစ်စာ 180,000 Ks နဲ့
Subscribe လုပ်နိုင်ပြီ ဖြစ်ပါတယ်။

www.dreamlab.news
နေ့စဉ် စာတအုပ်ဖတ်ပါ။


အသက်ရှင်ပါမနက်မင်္ဂလာလို့ နှုတ်ဆက်ဖို့........အမှောင်ကျလည်းဦးနှောက်ထဲမှာ လင်းနေပါစေ..အဆက်အသွယ်မရလည်းနှလုံးသားထဲမှာနွေးနေ...
29/08/2024

အသက်ရှင်ပါ
မနက်မင်္ဂလာလို့ နှုတ်ဆက်ဖို့........
အမှောင်ကျလည်း
ဦးနှောက်ထဲမှာ လင်းနေပါစေ..

အဆက်အသွယ်မရလည်း
နှလုံးသားထဲမှာနွေးနေပါစေ..

ပြန်ဆုံမည့်ရက်
အရုဏ်တက်ကို
အသက်ဆွဲဆန့်ကြိုနိုင်ကြပါစေ..

မောင်စိန်ဝင်း(ပုတီးကုန်း)
You & I Tea House

မင်မင် ခရီးသွားနေပေမယ့်နေ့စဉ်ရက်တိုင်းသတိရနေလျှက်ပါချစ်တဲ့ကာကာလေးတွေရေ....💛💛အဆင်မပြေမှုလေးတွေရှိရင်လည်းနားလည်ပေးကြပါလို့...
28/08/2024

မင်မင် ခရီးသွားနေပေမယ့်
နေ့စဉ်ရက်တိုင်းသတိရနေလျှက်ပါ
ချစ်တဲ့ကာကာလေးတွေရေ....💛💛

အဆင်မပြေမှုလေးတွေရှိရင်လည်း
နားလည်ပေးကြပါလို့ နော်...🩵
လိုအပ်ချက်လေးများလည်းအကြံညာဏ်လေးပေးပါဗျ..🤍🤍🤍
You & I Tea House

တစ်ယောက်ယောက်ကမင်းကို ကူညီတဲ့အချိန်မှာ သူတို့လည်း---" ရုန်းကန်နေရပါတယ် အဲဒါ အကူအညီမဟုတ်ဘူး အဲဒါ ချစ်ခြင်းမေတ္တာ---"😔🥀- မ...
27/08/2024

တစ်ယောက်ယောက်က
မင်းကို ကူညီတဲ့အချိန်မှာ သူတို့လည်း---"

ရုန်းကန်နေရပါတယ် အဲဒါ
အကူအညီမဟုတ်ဘူး အဲဒါ ချစ်ခြင်းမေတ္တာ---"😔🥀

- မိုဃ်းဇော်
You & I Tea House

ပျော်ရွှင်မှုကို ငွေနဲ့ ဝယ်လို့မရဘူးလို့ဆိုကြပေမယ့်..You & I က လ္ဘက်ရည်လေးသောက်လိုက်ရင်တော့ အနဲဆုံးတော့တတ်ကြွလန်းဆန်းနို...
26/08/2024

ပျော်ရွှင်မှုကို ငွေနဲ့ ဝယ်လို့မရဘူးလို့ဆိုကြပေမယ့်..
You & I က လ္ဘက်ရည်လေးသောက်လိုက်ရင်တော့ အနဲဆုံးတော့တတ်ကြွလန်းဆန်းနိုင်ကောင်းပါရဲ့ ဗျ..
မေတ္တာစေတနာများစွာဖြင့်...
You & I Tea House

ဒီကောင်ချစ်တာရင်ထဲက သိရဲ့လားကျွန်တော်ဟာ မ ကိုမျှော်လင့်ရမှာလား....You & I Tea House
25/08/2024

ဒီကောင်ချစ်တာ
ရင်ထဲက သိရဲ့လား
ကျွန်တော်ဟာ မ ကို
မျှော်လင့်ရမှာလား....

You & I Tea House

Address

Oksh*tpin

Telephone

05342056

Website

Alerts

Be the first to know and let us send you an email when You & I Tea House posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share