MMS Flowers' Paradise

MMS Flowers' Paradise We do gardening because of passion.

❤❤❤
18/12/2023

❤❤❤

You are my only one. ❤❤❤❇❇✳✳
03/12/2023

You are my only one. ❤❤❤❇❇✳✳

24.11.2023 (Friday) ပို့မယ့်အပင်လေးတွေပါရှင့် ❤❤❤❤
23/11/2023

24.11.2023 (Friday) ပို့မယ့်အပင်လေးတွေပါရှင့်
❤❤❤❤

🍋🍋သံပုရာစိုက်ပျိုးရေး နည်းစနစ်🍋🍋သံပုရာသည် နှစ်ရှည်သီးပင်ဖြစ်၍ စိုက်ပျိုးသူ၏ ရည်ရွယ်ချက်၊ လိုအပ်ချက်မှာ စိုက်ခင်းတွင်ရာခိ...
21/11/2023

🍋🍋သံပုရာစိုက်ပျိုးရေး နည်းစနစ်🍋🍋

သံပုရာသည် နှစ်ရှည်သီးပင်ဖြစ်၍ စိုက်ပျိုးသူ၏ ရည်ရွယ်ချက်၊ လိုအပ်ချက်မှာ စိုက်ခင်းတွင်ရာခိုင်နှုန်းများများသီးရန်၊ တစ်ပင်ချင်းအလိုက် အသီးများများတင်ရန်၊ တင်သောအသီးနှံများအရောင်အဆင်း၊ အနံ့အရသာ၊ အရွယ်အစားကောင်းစေရန် အဓိကဖြစ်ပါသည်။

သို့ဖြစ်၍ သိပ္ပံနည်းကျစနစ် (၄)မျိုးဖြစ်သော
(၁)မျိုးကောင်း၊ မျိုးသန့်ရွေးချယ်စိုက်ပျိုးရန် (၂)စိုက်ပျိုးရေးစနစ်မှန်ကန်စွာ စိုက်ပျိုးရန်
(၃) မြေသြဇာစနစ်တကျ သုံးစွဲရန်နှင့်
(၄) ပိုးမွှားရောဂါစနစ်တကျကာကွယ်ရန် လိုအပ်ပါသည်။

၁။ 🍋🍋🍋မျိုးကောင်းမျိုးသန့်

မြန်မာနိုင်ငံတွင် သံပုရာမျိုးပေါင်းများစွာရှိရာ ကိုယ်ဒေသရေမြေရာသီဥတုနှင့်ကိုက်ညီသည့်မျိုးကိုရွေးချယ် စိုက်ပျိုးရန်ဖြစ်ပါသည်။

သံပုရာမျိုးများ-

က။ မြန်မာ့သံပုရာ (၃) မျိုး

ခ။ ဟော်လန်သံပုရာ (၂)မျိုး

ဂ။ မလေးရှားသံပုရာ (၂)မျိုး

ဃ။ အီတလီသံပုရာ (၁)မျိုး

င။ အမေရိကန်သံပုရာ (၁)မျိုး

စ။ အင်ဒိုနီးရှားသံပုရာ(၁)မျိုး ရှိပါသည်။

(က) မြန်မာ့သံပုရာမျိုးများသည် ရေမြေရာသီဥတုအပေါ်မူတည်ပြီး ဖြစ်ထွန်းအောင်မြင်သီးပွင့်ပါသည်။ အထူးသဖြင့် တော၊ တောင်၊ စိမ့် စမ်းရှိသော ဒေသကို နှစ်သက်သည်။

(ခ) ဟော်လန်မျိုးမှာမူ မြန်မာသံပုရာနှင့် နှိုင်းယှဉ်လျှင် မြန်မာပြည်အနှံ့ စိုက်ပျိုးနိုင်သည်။

(ဂ) အီတလီမျိုးမှာ နေရာအနှံ့ စိုက်ပျိုးဖြစ်ထွန်းသော်လည်း အထူးသဖြင့် မိုးများသောဒေသကို ကြိုက်နှစ်သက်သည်။ သီးအားနည်း၍ စီးပွားဖြစ် (ရည်ရွယ်ချက်) ကိုက်ညီမှုမရှိပါ။

(ဃ) အမေရိကန်မျိုးမှာလည်း ရာသီဥတုပေါ်မူတည်၍ ဖြစ်ထွန်းမှုဖြစ်ပြီး သီးအားလည်းနည်းပါးသည်။

(င) မလေးရှာမျိုးမှာ နေရာမရွေးစိုက်ပျိုးနိုင်သော်လည်း မိုးများသောဒေသကို နှစ်သက်ပြီးသီးအားလည်းနည်းပါးသည်။

(စ) အင်ဒိုနီးရှားမျိုးမှာ နောက်ဆုံးရွေးချယ်ရရှိသည့်မျိုးဖြစ်ပြီး အထက်ပါသံပုရာမျိုးထက် သီးအားကောင်းခြင်း၊ ရေမြေရာသီဥ တုရွေးစိုက်ပျိုးနိုင်ခြင်း၊ အသီးအထားခံခြင်း၊ အစေ့မရှိခြင်း၊ အရည်များခြင်း၊ မြန်မာပြည်အနှံ့အပြား စိုက်ပျိုးဖြစ်ထွန်းအောင်မြင်သည်ကို သိရှိရ၍ အခြားမျိုးထက် မျိုးကောင်း၊ မျိုးစေ့ဖြစ်ပါသည်။

၂။ 🎄🎄🎄 စနစ်တကျစိုက်ပျိုးရေး ။

သံပုရာ တစ်ပင်နှင့် တစ်ပင် တစ်တန်းနှင့် တစ်တန်း (၁၂)ပေပတ်လည်သော်လည်းကောင်း၊ (၁၅)ပေတန်းနှင့် တစ်ပင်နှင့်တစ်ပင် (၁၀)ပေခြားသော်လည်းကောင်း ပန္နရိုက်စိုက်ပျိုးနိုင်သည်။ စိုက်ကျင်းကို (၂x၂x၂) ၂ပေပတ်လည် တူးပြီး၊ အပေါ်ယံမြေ (၁/၃)ပုံ၊ မြေမ​ပြည့်သေးပါက ၄င်းကျင်းပတ်လည်မှ အပေါ်ယံမြေ(Top Soil) ကိုလွှာယူပြီး ပြည့်သည်အထိ ထည့်မွှေပါ။ (မြေဆွေးများမထည့်မီ စိုက်ကျင်းကို မီးသင်းပေးပါက ပိုးမွှားရောဂါသက်သာပြီးအပင်ပိုမိုဖြစ်ထွန်းစေပါသည်။ )
သမပြီးသောစိုက်ကျင်းတွင် မစိုက်မီရေလောင်းပြီး တတစ်ပတ်ခန့် မြေနပ်ထားရန်လိုပါသည်။ (ကျင်းတွင်လည်း ဓာတ်မြေသြဇာ N.P.K အချိုးတူရောစပ်ပြီး တစ်ကျင်းလျှင် နို့ဆီ (သို့မဟုတ်) ပေါင် (၁/၁)ထည့်ပေးပါက အပင်အထမြန်နိုင်သည်။ )

အပင်ကိုစိုက်ကျင်းတွင်စိုက်ပျိုးသောအခါ မိုးဒဏ်၊ လေဒဏ်၊ တိရစ္ဆာန်ဒဏ် မှ ကာကွယ်ရန် တိုက်ငုတ်တစ်ခုစိုက်၍ အပင်မလှုပ်ရန် ချည်နှောင်ထားရန်လိုပါသည်။ စိုက်ပျိုးထားသော သံပုရာပင်များကိုလည်း (၂)လခန့် အနည်းဆုံး ပေါင်းရှင်းခြင်း ကိုရှောင်ပါ။
စိုက်ပင်များရွက်နုထွက်လာသောအခါ ပိုးမွှားရောဂါကျတတ်၍ ကြိုတင်ပြီး တစ်လတစ်ကြိမ် (သို့) နှစ်ကြိမ်ဆေးဖျန်းပေးရန်လိုပါ သည်။
စိုက်ပျိုးပြီး (၆)လခန့်ကြာသောအခါ ဒုတိယအကြိမ်အစာကျွေးခြင်း၊ မြေဆွပေးခြင်းများ ပြုလုပ်ရပါသည်။ (မြန်မာနိုင်ငံအနေဖြင့် သင့်တော်သော စိုက်ချိန်မှာ ဇွန်လနှင့် ဇူလိုင်လဖြစ်သော်လည်း ရေပေးနိုင်ပါက တစ်နှစ်ပတ်လည်စိုက်နိုင်ပါသည်။ )
တစ်ဧကလျှင် အပင် (၃၀၀)စိုက်ပျိုးနိုင်သည့်အတွက် လိုအပ်သောပျိုးပင်များ၊ လိုအပျသောမွေသွဇာမြားကို မစိုက်ပျိုးမည် ကြိုတင် စုဆောင်းရန် လိုအပ်ပါသည်။

၃။🎋🎋🎋 မြေသြဇာစနစ်တကျကျွေးခြင်း

သံပုရာစိုက်ပျိုးရာတွင် မြေသြဇာကို စနစ်တကျ ထည့်ကျွေးရန်အရေးကြီးပါသည်။ သံပုရာစိုက်ရာတွင် (၂x၂x၂)ပေကျင်းတစ်ကျင်းတွင် နွားချေး (သို့မဟုတ်) ကြက်ချေး(၁)တင်း နှင့် အပေါ်ယံမြေရောပီးသမအောင်မွှေပြီးစိုက်ရန်နှင့် နောက်(၆)လခန့် ကြာသောအခါ ဒုတိယအကြိမ် နွားချေး(၁)တင်းမှ (၂)တင်း ထည့်ပါ။ နောက် မြေသြဇာ N.P.K (1:2:1)အချိုး (၁/၂)နို့ဆီ(ပေါင်) ရောထည့်ကျွေးပြီး ရေကို စနစ်တကျလောင်းပေးရန်လိုပါသည်။

မြေသြဇာကို အပင်၏ ကြီးထွားမှုအပေါ်မူတည်၍ အနည်းအများကျွေးရန်လိုအပ်ပါသည်။ (တန်လျှင်ဆေး၊ လွန်လျှင် ဘေးကြောင့် ဓာတ်မြေသြဇာကို စနစ်တကျထည့်ရန်လိုပါသည်။ )

၄။🐞🐞🐞 ပိုးမွှားရောဂါစနစ်တကျကာကွယ်ရေး

သံပုရာစိုက်ပျိုးရေးတွင် မစိုက်ပျိုးမီ စိုက်ကျင်းများကို မီးရှီု့ပေးခြင်း၊ စိုက်ကျင်းတွင် မြေအောင်းပိုးမွှားများမရှိအောင်အော်ဒရင်းဆေးမုန့် ထည့်ပေးခြင်းပြုလုပ်ရန်လိုအပ်ပါသည်။

သံပုရာပင်များကိုရွက်ဆေးပိုး၊ ပင်စည်ထိုးပိုးများ ကျတတ်၍ ကာကွယ်ရန်ပိုးသတ်ဆေးများဆောင်ထားရန်လိုအပ်ပါသည်။

သာမန်ရွက်စားပိုးများကိုမူ Malathion: Sumrthion Sumicidim, Decis ပိုးသတ်ဆေးနှင့် ကာကွယ်နိုင်ပါသည်။

ရောဂါအနေဖြင့် ထူးထူးခြားခြားမတွေ့ရပါ။ အချို့နေရာများတွင် Scab:Sooty mold စသည့်ရောဂါများ တွေ့ရှိရသည်။ ၎င်းမှိုရောဂါများကို Bordauk Mixture Perenox : Topsein စသည့်ဆေးများဖြင့် ကာကွယ်နိုင်ပါသည်။

မူရင်းရေးသားသူအားလေးစားစွာဖြင့်
ကူးယူဖော်ပြပါသည်( Garden)

ဇီးပန်းသီးကိုင်းကူး (အဖူးပွင့်အသီးကင်းပါ)တစ်ပင် ၅၀၀၀ကျပ် (အများစျေးရှိ)
19/11/2023

ဇီးပန်းသီးကိုင်းကူး (အဖူးပွင့်အသီးကင်းပါ)
တစ်ပင် ၅၀၀၀ကျပ် (အများစျေးရှိ)

သော်ကတံတိုင်း(ခ)သော်ကနွယ် 🧡🧡🧡သော်ကနွယ်Botanical name: Pyrostegia venustaCommon name(s): Golden showerCategories: Climber...
19/11/2023

သော်ကတံတိုင်း(ခ)သော်ကနွယ် 🧡🧡🧡

သော်ကနွယ်

Botanical name: Pyrostegia venusta
Common name(s): Golden shower
Categories: Climbers and Creepers

#တစ်ပင် ၃၅၀၀ကျပ် (အများစျေးရှိ)
ဆောင်းမင်းသမီးလေးလို့ တင်စားခေါ်ဝေါ်လို့ရတဲ့အထိ မကြာခင် ဖူးပွင့်ဝေဆာလှပနေမယ့် သော်ကအပင်လေးကို မြန်မြန်လေးဝယ်စိုက်ထားကြပါရှင့်🤩

ဇီဇဝါပန်း(Gardenia)ဟာသန့်ရှင်းစင်ကြယ်ခြင်းနဲ့ ရနံ့မွှေးထုံခြင်းတို့ရဲ့အမှတ်အသားတစ်ခုပါပြီးတော့(Secret Love) တိတ်တခိုးအချ...
18/11/2023

ဇီဇဝါပန်း(Gardenia)ဟာ

သန့်ရှင်းစင်ကြယ်ခြင်းနဲ့ ရနံ့မွှေးထုံခြင်းတို့ရဲ့
အမှတ်အသားတစ်ခုပါ

ပြီးတော့(Secret Love) တိတ်တခိုးအချစ်လို့လဲ
အဓိပ္ပာယ်ရတာကြောင့်

ကိုယ်တိတ်တခိုးချစ်နေတဲ့လူကို ဇီဇဝါပန်းလေးပေးပြီး
"ကိုယ်မင်းလေးကို တိတ်တခိုးလေး ချစ်နေမိပါပြီ"လို့
ဖွင့်ဟ၀န်ခံလိုက်ပါတဲ့🤍..................

(Send a bouquet of sweet Gardenia
blooms anonymously to the one you
adore♥️)

Crd - Original Writer

စောင်းလျားချို ကိုင်းကူး 🧡🧡🧡တစ်ပင် ၆၀၀၀ကျပ် (အမြင့် ၄ပေနီးပါး)
18/11/2023

စောင်းလျားချို ကိုင်းကူး 🧡🧡🧡

တစ်ပင် ၆၀၀၀ကျပ် (အမြင့် ၄ပေနီးပါး)

ဂျပန်မီးပုံး တစ်ပင် ၂၅၀၀ကျပ် အပွင့်တွဲလောင်းလေးတွေနဲ့ မကြာခင် အရွက်မရှိ အောင်ကို တစ်ပင်လုံး ဝေဆာနေအောင် ဖူးပွင့်မယ့်အပင်...
18/11/2023

ဂျပန်မီးပုံး

တစ်ပင် ၂၅၀၀ကျပ်

အပွင့်တွဲလောင်းလေးတွေနဲ့ မကြာခင် အရွက်မရှိ အောင်ကို တစ်ပင်လုံး ဝေဆာနေအောင် ဖူးပွင့်မယ့်အပင်လေးပါရှင့်😍

18/11/2023

🌾🌿🌻💐
💐🌻🌿🌾
🎵🎼

How to beautify your balcony with flowers. 💞💞💞💕
18/11/2023

How to beautify your balcony with flowers. 💞💞💞💕

ရောင်စုံပန်းပွင့်လေးတွေ 🌾🌿🌻💐        လေလာတိုင်းမှာယိမ်းမယ် 💐🌻🌿🌾တစ်ပင် - 2500 ကျပ် #အတမ်းတဆုံး 🎵🎼
17/11/2023

ရောင်စုံပန်းပွင့်လေးတွေ 🌾🌿🌻💐
လေလာတိုင်းမှာယိမ်းမယ် 💐🌻🌿🌾

တစ်ပင် - 2500 ကျပ်

#အတမ်းတဆုံး 🎵🎼

💛စံကားဝါပန်းလေးရဲ့အဓိပ္ပါယ်ဟာ"မြင့်မြတ်ခြင်း၊ဇွဲလုံလနှင့် သဘာဝကိုချစ်မြတ်နိုးခြင်း"ဟူ၍ဖြစ်တယ်။ စံကားဝါပန်းလေးဟာ ကဆုန်လရဲ...
17/11/2023

💛စံကားဝါပန်းလေးရဲ့အဓိပ္ပါယ်ဟာ
"မြင့်မြတ်ခြင်း၊ဇွဲလုံလနှင့် သဘာဝကိုချစ်မြတ်နိုးခြင်း"
ဟူ၍ဖြစ်တယ်။
စံကားဝါပန်းလေးဟာ ကဆုန်လရဲ့ ရာသီပန်းကလေးလည်းဖြစ်ပါတယ်။

မွှေးလည်းမွှေး လှလည်းလှတဲ့ စံကားဝါပန်းပင်(အစေ့ပေါက်) လေးလည်းရှိပါတယ်ရှင့်

တစ်ပင် - 3000 ks (၄ ပေ ဝန်းကျင်)

နှစ်ပါးကြည် @ ပတ္တမြားထိပ်တင် @ စိန်တစ်ရစ်မြတစ်ရစ်   Heart Vineတိုက်ကပ်ပန်း နွယ်အမျိုးစားပါနွယ်စင်လို လဲစိုက်လို့ရသလို၊ ...
17/11/2023

နှစ်ပါးကြည် @ ပတ္တမြားထိပ်တင် @ စိန်တစ်ရစ်မြတစ်ရစ်

Heart Vine

တိုက်ကပ်ပန်း နွယ်အမျိုးစားပါ

နွယ်စင်လို လဲစိုက်လို့ရသလို၊
နွယ်မကြိုက်ဘူးဆိုရင်လဲ သူ့ကို ပုံသွင်းညှပ်ပြီး စိုက်လို့ရပါတယ်

နေကြိုက်ရေကြိုက်အကြမ်းခံလို့ အဆင်ပြေသလိုစိုက်လို့ရတဲ့ ပန်းပင်လေးပါ

ပန်းပွင့်လေးတွေဝေဆာနေတာလေးလည်း လိုချင်တယ် သိပ်လည်းဂရုမစိုက်အားဘူးဆိုရင် သူလေးက အဆင်ပြေပါတယ်

အဖြူ 1ပင် - 2000
အနီ 1 ပင် - 2500

"ကံကောင်းခြင်းနှင့်အကောင်းမြင်ဝါဒကို ကိုယ်စားပြုတဲ့ပန်းပွင့်လေး"ယုဇနပန်းယုဇနပု (အိတ်လတ် size) - 1800 ksယုဇန (အပွင့်ကြီး ...
17/11/2023

"ကံကောင်းခြင်းနှင့်အကောင်းမြင်ဝါဒကို ကိုယ်စားပြုတဲ့ပန်းပွင့်လေး"

ယုဇနပန်း

ယုဇနပု (အိတ်လတ် size) - 1800 ks
ယုဇန (အပွင့်ကြီး အရွက်ကြီး) - 1800 ks

မန္တလေးမှ ကားဂိတ်ကနေတစ်ဆင့်နယ်စုံပို့ပေးပါတယ်ရှင့်

ညောင်ရွှေက ဦးဦး ဒေါ်ဒေါ် ကိုကိုမမတို့ရှင့်
ညောင်ရွှေမှာဝယ်ရင်တော့
တစ်ပင် ကားခ ၇၀၀ ပေါင်းပါတယ်ရှင့်❤❤❤

Morning ❤❤❤
17/11/2023

Morning ❤❤❤

Orange Jessamine -ယုဇနပန်းယုဇနပန်းတွေဟာ "ကံကောင်းခြင်းနဲ့ အကောင်းမြင်ဝါဒကို ကိုယ်စားပြုတဲ့ပန်းပွင့်တွေပါတဲ့" 🤍အခက်အခဲတွေ...
16/11/2023

Orange Jessamine -ယုဇနပန်း

ယုဇနပန်းတွေဟာ
"ကံကောင်းခြင်းနဲ့ အကောင်းမြင်ဝါဒကို ကိုယ်စားပြုတဲ့ပန်းပွင့်တွေပါတဲ့" 🤍

အခက်အခဲတွေရှိလာတိုင်း
အဆင်မပြေခြင်းတွေထဲက ရုန်းထွက်ပြီး
ဒဏ်ရာတွေအပေါ်ကနေ သင်ခန်းစာယူတတ်ပါစေ။
သိပ်ပင်ပန်းလာတဲ့အခါ
ဒီနေရာမယ် ငါရှိနေတာမို့
ပုခုံးတစ်ဖက်ဖြစ်ဖြစ် မင်းအတွက် ​ရှိနေပေးပါမယ်
မင်းအတွက် ငါရှိပါတယ်... ။

ယုဇနပန်းတွေဟာ ကံကောင်းခြင်းနဲ့ အကောင်းမြင်ဝါဒကို ကိုယ်စားပြုတဲ့ပန်းပွင့်တွေပါတဲ့။နောက်ပြီး ယုဇနပန်းတွေကို ဘဝမှာ ပံ့ပိုးကူညီမှု(support) နဲ့ စိတ်အားထက်သန်မှု(motivation)လိုအပ်နေသူတွေအတွက် လက်ဆောင်တစ်ခုအနေနဲ့လည်း သုံးလို့ရပါတယ်တဲ့။

ချစ်ရတဲ့သူတစ်ယောက်ကို အားပေးစကားပြောချင်တဲ့အခါ ပျော်ရွှင်စေချင်တဲ့အခါ ယုဇနပန်းတွေလက်ဆောင်ပေးလို့ရပါတယ်တဲ့။

20/10/2023

အလှစိုက်ပန်းပင်အမျိုးမျိုး
အရိပ်ရပင်
သီးပင်စားပင်များ ဝယ်ယူအားပေးလို့ရပါပြီရှင့် ❤❤❤

Address

Nyaungshwe

Telephone

+959265458547

Website

Alerts

Be the first to know and let us send you an email when MMS Flowers' Paradise posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MMS Flowers' Paradise:

Videos

Share


Other Digital creator in Nyaungshwe

Show All