အထက(၂)ညောင်ရွှေ အင်းသားရိုးရာလံစည်အက
(၂၀၂၄)ခုနှစ်ဆိုကရေးတီးြပိုင်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုငါလျက်ရှိသော အထက(၂)ညောင်ရွှေအင်းသားရိုးရာလံစည်အကအဖွဲ့ကပြယှဉ်ပြိုင်မှု
၂၀၂၄ ခုနှစ် ဇူလိုင်လ ပထမပတ်အတွင်းတွင်
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)၏ အင်းသားစာပေ ယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေးအသင်းသို့ ဖိတ်ကြားချက်အရ အင်းသားလူမျိုးတို့၏ ရိုးရာ ဖြစ်သော လံစည်နှင့် အိုးစည်ကူးတို့၏ အဆို အက အတီးတို့ကို သွားရောက် မျှဝေ သင်ကြား မှတ်တမ်းပြုခဲ့ပါသည်။
လံစည်အတွက် ရိုးရာမပျက် နှဲတူရိယာတခုတည်း ဖြင့် သံစဉ်တေးသွား တီးခတ်သည့်ပုံစံဖြင့် မျှဝေခဲ့ပါသည်။
အတီး အဆို စာတမ်းတင်သွင်း နည်းပြအဖြစ်
မယ်ဆွေ -လယ်ခြေ B.A (music) NUAC ygn ကလည်းကောင်း၊
လံစည် အကနည်းပြအဖြစ်
မယ်ဆုမွန်သော် -ညောင်ရွှေ B.A (English)ကလည်းကောင်း၊
အိုးစည်ကူး အက နည်းပြအဖြစ်
မယ်သန္တာထွန်း နန်းပန် B .A (Dramatic Arts) NUAC Mdy
ကလည်းကောင်း
တာဝန်အသီးသီး ယူပေးခဲ့ကြပါသည်။
လံစည်သိချင်း၏ ဆိုလိုရင်း
သူ၏ မယ်တော် မွေးမေမေက ရွှေမှုန်ကိုသာ စား၍ မွေးထားခဲ့လေသလားဟု တင်စား အထင်တော်ထားလောက်အောင် ယဉ်လွန်း လှလွန်း ထည်ဝါ လွန်းသူကို အင်ကြင်းတော ရဂုံမြိုင် ရွှေပြည်တော်၌ ဖွါးမြင်ခဲ့လေ၏။
အများဝေနေယျ၏ အကျိုးငှာ မကြားစဖူး ထူးလှစွာသော အသံတော်ဖြင့် နတ်စည်ယွန်းသည်ကဲ့သို့ တရားရေအေးများ တိုက်ကြွေးခဲ့သည်မှာ မိုးလုံးယံခြိမ်း၍ လောကတခွင် သဲသဲလျင်လျင် ဖြိုးလေ၏။
မွေးသမိခင် အဖေတို့ အမေတို့ရေ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းစေဖို့ စိန္တေအရှင် ဖေါင်တော်ဦးဘုရားကို
သွားရောက် ဖူးမျှော်ကြပါစို့လေး။
အင်းသားရိုးရာ အိုးစည်ကူး
နန်းပန်မြို့ (ကုန့်ကယ်)
အင်းသားရိုးရာ အိုးစည်ကူးအက (ဟဲယာရွာမ)
နွေရာသီ အခြေခံ ဂီတသင်တန်း
သလဲဦးကျေးရွာမှ သင်တန်းသူ မယုမွန်အောင် နှင့်အဖွဲ့ လက်စွမ်းပြမှုပါ
နွေရာသီ အခြေခံ ဂီတသင်တန်း
သလဲဦးကျေးရွာမှ သင်တန်းသူ မယုမွန်အောင် လက်စွမ်းပြမှုပါ
နွေရာသီ အခြေခံ ဂီတသင်တန်း
သလဲဦးကျေးရွာမှ သင်တန်းသူ မယုမွန်အောင် နှင့်အဖွဲ့ လက်စွမ်းပြမှုပါ
နွေရာသီ အခြေခံ ဂီတသင်တန်း
သလဲဦးကျေးရွာမှ သင်တန်းသားများ လက်စွမ်းပြမှုပါ