Anonymous News

Anonymous News True news from inside the terrorist army.

လက်နက်ကိုင်များကြောင့် ပျက်စီး ဆုံးရှုံးခဲ့ရသော စစ်လေယာဉ်များကို ကာချုပ်ကြီး မင်းအောင်လှိုင် တပ်မတော်အတွင်း ပြန်လည်ဖြည့်...
01/02/2024

လက်နက်ကိုင်များကြောင့် ပျက်စီး ဆုံးရှုံးခဲ့ရသော စစ်လေယာဉ်များကို ကာချုပ်ကြီး မင်းအောင်လှိုင် တပ်မတော်အတွင်း ပြန်လည်ဖြည့်တင်းရန် လိုအပ်သည့်အတွက် ကမ္ဘာအမွေအနှစ် စာရင်းဝင် ရွေဆံတော်ဘုရားဌာပနာကို ဖောက်ထွင်းမှုလုပ်ငန်း စတင်

နေပြည်တော်/ Feb -1

မန္တလေးတိုင်း ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရွှေဆံတော်ဘုရားတွင် PVC ပိုက်မြှုပ်ရန်အတွက် ကြမ်းခင်းကို နစက ဌာနဆိုင်ရာက တူးနေသည်ဟု ကောလဟာလ ဖြစ်အောင် ဆိုရှယ်မီဒီယာများနှင့် ပဒက်သတင်း ဌာနများကို ကာချုပ်ကြီးမင်းအောင်လှိုင်၏(ကကကွန်) မှ ပျံ့နှံ့အောင် ဖြန့်ဝေထား နိုင်ခဲ့ပြီး (ကကကွန်) မှ ဖြန့်ဝေထားခဲ့သော ၎င်းကောလဟာလ ကို ပဒက် မီဒီယာများနှင့် နီပိန်း အများစုမှ ယုံကြည်ပြီဖြစ်ကြောင်းလည်း သိရသည်။

နစက မှ ကမ္ဘာအမွေအနှစ် စာရင်းဝင် ရွေဆံတော်ဘုရား ဌာပနာကို ဖောက်ထွင်းမှုလုပ်ငန်း စတင်ရခြင်း ရည်မှန်းချက်မှာ စစ်‌လေယာဉ်များ ပြည်လည်ဖြည့်တင်းကာ ကာချုပ် တပ်မတော်သားများရဲ့ အသက်ကို များစွာ လုံခြုံမှု ပိုမိုရှိစေရန်၊ ကယ်တင်နိုင်ရန်အတွက်ဖြစ်ကြောင်း ဗိုလ်မှူး သူရိန် မှ ပြောဆိုထားသည်။

"စစ်လေယာဉ်ပြန်ဝယ်ဖို့ ငွေကြေးအခက်အခဲရှိနေတာကြောင့် အရင်လိုပဲ ခဏ ယူသုံးထားတဲ့သဘောမျိုး ထင်တယ်။ စစ်အသုံစရိတ်တွေလည်း လိုတယ်လေ အဲ့ဒါကြောင့် ဌာပနာ ဖောက်ထွင်းတာလို့ ထင်တာပဲ"ဟု ၎င်းကိစ္စနဲ့ပတ်သက်ပြီး ဗိုလ်ကြီး တစ်ဦးမှပြောဆို ထားသည်။

#တပ်တွင်းသတင်းမှန်ပြန်ကြားရေး

Address

Naypyidaw

Alerts

Be the first to know and let us send you an email when Anonymous News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share