မြစ်ကြီးနားသတင်းစုံစုံလင်လင်

  • Home
  • Myanmar
  • Myitkyina
  • မြစ်ကြီးနားသတင်းစုံစုံလင်လင်

မြစ်ကြီးနားသတင်းစုံစုံလင်လင် သတင်းများအားလုံးတင်ပေးနေသောနေရာလေးတခုပါ
(49)

မိဘပြည်သူများခင်ဗျာ တစ်ခုလောက်တောင်းဆိုပါရစေ�

ကျနော်ရဲ့ မြစ်ကြီးနားသတင်းစုံစုံလင်လင် pageကို Good Review လေးတွေ ရေးပေးကြပါအုံး။

အခုနောက်ပိုင်း Pageရဲ့ခိုင်မာမှု ပိုရှိစေဖို့ တော်တော်လေး လိုအပ်နေလိုပါဗျ။
တစ်ခါတစ်လေမှာ ကျနော်တို့ တင်လိုက်တဲ့
ပိုစ့်တွေက Facebook Communityနဲ့ ညှိပြီး ပယ်ဖျက်ခံရတာမျိုးတွေ သတိပေးခံရတာမျိုးတွေ ရှိပါတယ်။

11/12/2024

မြစ်ကြီးနား❗

ညနေ လေးနာရီခွဲလောက်
ပေါက်ကွဲသံကြားရ
❗ထ-4 ကျောင်း❗
ဘောလုံးကွင်းထဲ

#မြစ်ကြီးနားသတင်းစုံစုံလင်လင်

10/12/2024

ဒီဇင်ဘာလ 10 ရက်
ဗန်းမော်မြို့ အခြေအနေပါ
ပြည်သူတွေ ဘေးကင်းကြပါစေ

Video Crd
#မြစ်ကြီးနားသတင်းစုံစုံလင်လင်

10/12/2024

❗မြစ်ကြီးနားမြို့❗မှာ

ပေါက်ကွဲမှုတွေက
ဆက်တိုက်ပါပဲ။

မြစ်ကြီးနားမှာ Ooredoo, Mytel လိုင်းမရပါ။
မြို့ပေါ်မှာMPT,Atom ဖုန်းလိုင်းရပါတယ်။
မြို့နဲ့ဝေးသွားရင် ဘာလိုင်းမှမရပါဘူး။

ဓာတ်ဆီ ၁လီတာ 13000

#မြစ်ကြီးနားသတင်းစုံစုံလင်လင်

လတ်တလော မန္တလေး - မြစ်ကြီးနား လမ်းခရီးအခြေအနေလေးပါ ရွှေဘိုကျော်ပါက ဖုန်းလိုင်း / အင်တာနက်များ ပြတ်တောက်ပါသည်။ကျောင်းကုန်...
08/12/2024

လတ်တလော မန္တလေး - မြစ်ကြီးနား
လမ်းခရီးအခြေအနေလေးပါ

ရွှေဘိုကျော်ပါက ဖုန်းလိုင်း / အင်တာနက်များ ပြတ်တောက်ပါသည်။ကျောင်းကုန်း (ထီးချိုင့်လမ်းခွဲ)
တွင်ပိတ်ထားတတ် သောကြောင့် အနည်းဆုံး တစ်ရက်မှအများဆုံး တစ်ပါတ်ထိ ကြာနိုင်ပါသည်။

နရခေါင်ကွင်းလမ်းကနေ ဖြတ်သန်းခွင့်မပြု‌သောကြောင့် အိမ်စီးကားများ အင်းတော်ကွင်းလမ်းမှသွားလို့ရသည်ဟုသိရပါသည်။အင်းတော်ကွင်းလမ်းတွင်လည်း တိုက်ပွဲအခြေ အနေ ပေါ်မူတည်၍ ညအိပ်ရတတ်ပါသည်။ လမ်းခရီး အခြေအနေဆိုးပါသည်။

ကသာ-မြစ်ကြီးနား ကားလမ်းကောင်းမွန် ပါသည်။ နန့်စီးအောင်စစ်ဆေးရေးဂိတ်တွင်ကားကြပ်ပါက စစ်ဆေးချိန် ကြာနိုင်ပါသည်။

ရာသီဥတုအေးပြီး လမ်းတွင် အစစ အရာရာ ဈေးကြီးသောကြောင့် သေချာ ပြင်ဆင်ပြီး သွားနိုင်ကြပါစေ ခင်ဗျာ။

Photo - အင်းတော်ကွင်းလမ်းအခြေအနေ

#မြစ်ကြီးနားသတင်းစုံစုံလင်လင်

07/12/2024

ဗန်းမော်မြို့တွင်း တိုက်ပွဲများကြောင့်
ယနေ့မနက် ဘေးလွတ်ရာသို့
စစ်ရှောင်ကြသော ပြည်သူများ
ဘေးအန္တရာယ် ကင်းကြပါစေ🙏

Video Crd
#မြစ်ကြီးနားသတင်းစုံစုံလင်လင်

07/12/2024

သတင်း‌တွေပြန်တင်ပေးမယ်ဆိုလို့
လိုင်းရပြီလား မေးနေကြလို့ပါ
တစ်နာရီ 5000 နှင့် internet သုံးလို့ရတဲ့နေရာသွားပြီး သုံးတာပါ
အင်တာနက်ရော ဖုန်းလိုင်းရော
မရသေးပါဘူး
ဘယ်လောက်ကြာမယ်ဆိုတာ
မသိရသေးပါဘူး
မြစ်ကြီးနားမြို့ပေါ် MPT နှင့် Telenor
တစ်ခါတစ်လေ ဖုန်းခေါ်လို့ရပါတယ်

Ooredoo နဲ့ Mytel မရပါ
ချစ်ခင်သူတွေနှင့် အမြန်ဆုံး အဆက်အသွယ်ပြန်ရကြပါစေ

#မြစ်ကြီးနားသတင်းစုံစုံလင်လင်

မင်မင်တို့ မြို့လေးအင်တာနက်လိုင်းပြတ်တောက်သွားလို့Page ခနရပ်သွားတဲ့အတွက် တောင်းပန်ပါတယ်နော်အရင်လိုသတင်းတွေပြန်တင်ပါအုံးမ...
06/12/2024

မင်မင်တို့ မြို့လေး
အင်တာနက်လိုင်းပြတ်တောက်သွားလို့
Page ခနရပ်သွားတဲ့အတွက်
တောင်းပန်ပါတယ်နော်
အရင်လိုသတင်းတွေပြန်တင်ပါအုံးမယ်
😍
#မြစ်ကြီးနားသတင်းစုံစုံလင်လင်

06/07/2024

❗❗❗

မိုးကြီးရေလျှံသတိ 🌧🌧🌧

၂၀၂၄ ဇူလိုင်လ ၁၀ရက်နေ့ နှင့်
၁၁ရက်နေ့တွေမှာ
ကချင်ပြည်နယ်ကြီးမှာ မိုးများစွာရွာသွန်းနိုင်ပြီး
တောင်ပြိုခြင်း ရေကြီးနစ်မြုပ်မှုတွေ
ဖြစ်ပေါ်နိုင်ပြန်ပါတယ်

ယခုခန့်မှန်းချက်လွဲမှားသွားပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်
ISSUED TIME
0
06/07/2024 7:33am(MMT)
Su Su San မင်း ဂွတ် သီး
𝙈𝙚𝙩𝙚𝙤𝙧𝙤𝙡𝙤𝙜𝙞𝙘𝙖𝙡 𝘾𝙚𝙣𝙩𝙧𝙚

#မြစ်ကြီးနားသတင်းစုံစုံလင်လင်

05/07/2024

❗❗❗

ဓာတ်ဆီ၁လီတာ ၁သောင်းရောင်းတဲ့ ⚠️ဧရာဝဏ်⚠️ဆီပန့်ဆိုင်ကြီး အိပ်ပျော်ပါစေ။

ဓာတ်ဆီ၀.၅လီတာကို ၁သောင်းခွဲရောင်းတဲ့
လမ်းဘေးအိမ်ဆိုင်တွေလည်း အိပ်ပျော်ပါစေ။
ဓာတ်ဆီ၁လီတာကို ၃သောင်းရောင်းတဲ့အိမ်လည်း ပိုက်ဆံတွေရေတွက်နိုင်ကြပါစေ။

အကုန်လုံးဒုက္ခရောက်နေတဲ့အချိန် အမြတ်ကြီးစားနေကြတဲ့ ဆိုင်တွေ မှတ်ထားပြီ။

နောက်ရက်ချပြပေးပါမယ်။

ထင်းခွေမကြုံလည်း ရေခပ်ကြုံမှာပဲ

❗ဓာတ်ဆီမထည့်ကြပါနဲ့
ပြည်သူတွေထည့်လေ လမ်းဘေးအိမ်ဆိုငိတွေက ပိုပြီး အမြတ်ကြီးစားလေပါပဲ။

#မြစ်ကြီးနားသတင်းစုံစုံလင်လင်

04/07/2024

#မြစ်ကြီးနား

❗❗Ooredoo
Mytel
ရနေပါပြီ။

⚠️Atom
MPT ဆက်သွယ်မရတာပါ။

တချို့ကအဆက်သွယ်မရဘူးပြောနေကြလို့

ဖုန်းအားမရှိကြလို့ စက်ပိတ်ကြတာပါ။

ဖုန်းအားသွင်းရမယ့် နေရာလေးရှိရင်လည်း
ပြောပေးကြပါ။

ရေကြီးထားတဲ့ရပ်ကွက်အများစု
မီးကလာမှာမဟုတ်သေးပါဘူး။

#မြစ်ကြီးနားသတင်းစုံစုံလင်လင်

04/07/2024

#ရေပြန်တက်နေပြီဆိုတဲ့
သတင်း အမှားပါ။

ရေလုံးဝပြန်ကျသွားပါပြီ

ရေပြန်တတ်ရင်ဘယ်လိုကြိုတင်ပြင်ဆင်ရမလဲဆိုတာတော်တော်သိသွားပါပြီ။

တချို့လူတွေက ကယ်ဆယ်ရေးသမားယောင်ဆောင်ပြီး ရေနစ်နေတဲ့အိမ်တွေထဲက ပစ္စည်းတွေခိုးထုတ်ကြတယ်။

ကိုယ်တွေမှာ ကယ်ဆယ်ရေးသမားမှတ်ပြီးလက်ယမ်းပြတာကို မသိချင်ယောင်ဆောင်သွားကြတယ်။

#ထမင်းထုတ်ဝေတုန်းကလည်း
ထမင်းထုတ်ရမလားမေးတော့ လမ်းထိပ်ထိသွားလိုက်တဲ့။
သူတို့မှာ ကယ်ဆယ်ရေးဝတ်စုံကြီးနဲ့ ထမင်းထိုင်စားနေတာ။

ပြောချင်တာက ရေဘေးသင့်တဲ့သူတွေက ဘုန်းကြီးကျောင်းမှာပဲ နေကြတာမဟုတ်ဘူး။
ကိုယ့်အိမ်သူ့အိမ် အဲ့လိုနေကြတာ

ထမင်းထုတ်ရချင်ရင် မီးသတ်ကိုစာရင်းပေးရတယ်တဲ့😅😅😅

ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံလေးဝေမျှကြပါအုန်း😊

#မြစ်ကြီးနားသတင်းစုံစုံလင်လင်

03/07/2024

❗❗❗

မြစ်ကြီးနားမြို့တွင်

ရေကြီးရေလျှံမှုဖြစ်ခဲ့သောကြောင့်

လျှပ်စစ်မီးပုံမှန်အတိုင်းရရှိနိုင်ရန်

ဆယ်ရက်ခန့်ကြာမြင့်နိုင်သေးကြောင်း သိရသည်။

#မြစ်ကြီးနားသတင်းစုံစုံလင်လင်

03/07/2024

#ရေကျသွားပေမဲ့

ရေနဲ့အတူအိမ်တွေ၊ဆိုင်ကယ်တွေ မြုပ်သွားကြပြီ
ဒီအချိန်မှာ ဆိုင်ကယ်ပြင်ခတွေကို ပုံမှန်ဈေးပဲ ယူပေးကြပါ။

ဆီပန့်ဆိုင်ကြီးတွေပိတ်ထားပြီး
လမ်းဘေးဆိုင်တွေက ဆီတွေကိုဈေးမတရားတင်ရောင်းနေကြတာတွေ။

ရေးဘေးကြောင့် အခြေခံလူတန်းစားတွေရဲ့ဘဝကတော့ အစကနေ ပြန်စရမယ့်အချိန်မှာ
ကုန်ဈေးနှုန်းတွေ မတက်ကြပါနဲ့😓

#မြစ်ကြီးနားသတင်းစုံစုံလင်လင်

03/07/2024

#ရေကြီးလို့ဆိုပြီးအကြောင်းပြချက်နဲ့
အကုန်ဈေးတက်နေကြတာ

ရေကြီးလို့ အိမ်တွေပျက်စီး
အကုန်ပျက်စီးခဲ့တဲ့ ရပ်ကွက်တွေ၊အိမ်၊ဆိုင်တွေကတော့ ပျက်စီးမှုတွေနဲ့ကြုံနေရပြီး

ရေလုံးဝမဝပ်တဲ့ရပ်ကွက်တွေက ဈေးတွေကို အဆမတန် ဈေးတင်ရောင်းနေကြတာ
လောဘသမားတွေ

ပြည်သူအချင်းချင်းမကူညီကြဘူး။

❗❗ဈေးတင်မရောင်းကြဖို့ မေတ္တာရပ်ခံပါတယ်။
#မြစ်ကြီးနားသတင်းစုံစုံလင်လင်

01/07/2024

❗❗

ဘယ်ကယ်ဆယ်ရေး
ဖုန်းကိုမှ
ဆက်သွယ်လို့မရပါဘူး

Comment မှာပေးတဲ့ ဖုန်းနံပါတ်တွေဆက်သွယ်မရပါဘူး
😓

#မြစ်ကြီးနားသတင်းစုံစုံလင်လင်

01/07/2024

❗❗❗
မြစ်ကြီးနာမြို့ ဧရာဝတီမြစ်ရေ
1317cm အထိ

စိုးရိမ်ရေမှတ်ရဲ့ အထက် 3.84ပေကျော်လွန်နေပြီဖြစ်ပြီး

မေခ မလိခ မြစ်တွေမှာ မိုးကြီးနေသဖြင့် ထပ်မံရေတိုးနိုင်ပါသေးတယ်

ဘေးကင်းလုံခြုံတဲ့ကုန်းမြင့်နေရာဒေသတွေကို အမြန်ပြောင်းရွှေ့နေထိုင်ကြပါရန်

01/07/2024

❗❗

အမြန်ဆုံးပြောင်းရွေ့ကြပါရန်

ဧရာဝတီမြစ် တာရိုးကိုကျော်လွန်ပြီး
ရေတက်မြန်ပါသဖြင့်

အမှန်တကယ် ဆက်သွယ်လို့ရမယ့်
ကယ်ဆယ်ရေးဖုန်းနံပါတ်လေးတွေ
ကူညီပေးကြပါ။

ဖုန်းအားလည်းကုန်တော့မှာမို့
အချိန်နဲ့တပြေးညီ သတင်းတင်တာ
နောက်ကျပါမယ်
#မြစ်ကြီးနားသတင်းစုံစုံလင်လင်

❗❗❗ကယ်ဆယ်ရေးဖုန်းတွေကိုလည်းဆက်သွယ်မရဘူး။မီးသတ်ကိုလည်း ဆက်သွယ်မရဘူး။⚠️မာမကကျောင်းလမ်း၊ war li bar နားဘက်မှာ ပိတ်မိနေတဲ့သူ...
01/07/2024

❗❗❗
ကယ်ဆယ်ရေးဖုန်းတွေကိုလည်းဆက်သွယ်မရဘူး။

မီးသတ်ကိုလည်း ဆက်သွယ်မရဘူး။

⚠️မာမကကျောင်းလမ်း၊ war li bar နားဘက်မှာ ပိတ်မိနေတဲ့သူတွေရှိပါတယ်။
ကယ်ဆယ်ရေးတွေ ကူညီပေးကြပါ။
စက်လှေဆရာတွေ ကူညီလို့ရရင်ကူညီပေးကြပါ။

❗ရေဘေးသင့်ပြည်သူတစ်ဦးပို့လာတဲ့ပုံပါ
#မြစ်ကြီးနားသတင်းစုံစုံလင်လင်

Address

Myitkyina

Website

Alerts

Be the first to know and let us send you an email when မြစ်ကြီးနားသတင်းစုံစုံလင်လင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Category