Kachin House

Kachin House We're a family-owned spice shop with a big passion for home cooking and bringing, introducing healthy kachin foods to our community.

We have the freshest spices and ingredients from small independent farms from Kachin Hills and lands.

ကချင်ဟင်းလျာ”ကြက်၊ဝက်၊အမဲ၊ငါး” တွေမှာ ဘယ်ဟာလေးတွေအချက်စားအများဆုံးလည်းဆိုတာလေးပြောခဲကျပါအုံး။ အားလုံးကိုသတိရ။ ❤️  #ကချင်...
31/01/2025

ကချင်ဟင်းလျာ”ကြက်၊ဝက်၊အမဲ၊ငါး” တွေမှာ ဘယ်ဟာလေးတွေအချက်စားအများဆုံးလည်းဆိုတာလေးပြောခဲကျပါအုံး။ အားလုံးကိုသတိရ။ ❤️

#ကချင်ရိုးရာဟင်းခတ်မှုန့်
#ကချင်ရိုးရာငရုတ်သီးထောင်းမှုန့်

မြန်မာတစ်ပြည်လုံး Royal Express ဖြင့်အိမ်အရောက်ပို့ပါတယ်။
For orders viber & mobile
09401022666

ကချင်ချက်တွေချက်ရာဝယ် မဖြစ်မနေထည့်ရတဲ့ အဆာပလာတစ်ချို့ ရန်ကုန် instock ရှိပါမယ်ရှင့်။ လမ်းခရီးခက်ခက်ခဲခဲမှာ ပစ္စည်းအနည်းင...
08/12/2024

ကချင်ချက်တွေချက်ရာဝယ် မဖြစ်မနေထည့်ရတဲ့ အဆာပလာတစ်ချို့ ရန်ကုန် instock ရှိပါမယ်ရှင့်။
လမ်းခရီးခက်ခက်ခဲခဲမှာ ပစ္စည်းအနည်းငယ်ရောက်လာတာမို့ ဦးသူယူပါနော်။
- ငါးနဲ့ချက်စားဖို့ မျှစ်တိုခြောက်ရှယ်။ (၁၀၀ ဂရမ်အထုတ်အနည်းငယ်ရှိ။)
- မဂရမ်ခေါ် တောင်ပေါ်သစ်ခေါက်မွှေးအမှုန့်။ (ဆွမ်ပရာဘွမ်ကနေ ခက်ခက်ခဲခဲသယ်ထားတဲ့ ဆေးဖက်ဝင်တဲ့အတွက်ကချင်ဟင်းချက်တိုင်းသုံးပါတယ်ရှင့်။)
- မကျန်ခေါ် အထုံစေ့ (ဟွားကျောင်း)။ ပူတာအိုက ဒေသခံတစ်ချို့တိဘက်ထိသွားပြီးယူလာတဲ့ခက်ခက်ခဲခဲရောက်လာတဲ့ Sichuan pepper ပါ။
- မှည့်လိမ်သီးခြောက်။

#ကချင်ရိုးရာဟင်းခတ်မှုန့်
#ကချင်ရိုးရာငရုတ်သီးထောင်းမှုန့်

Ph # 09401022666

ငါးကချင်ချက်ကို လွယ်လွယ်လေးချက်ဖို့ ချက်နဖို့ ချက်နည်းလေး youtube link လေးမှာဝင်ကြည့်လိုက်နော်။ ❤️https://youtu.be/hpPgd...
16/10/2024

ငါးကချင်ချက်ကို လွယ်လွယ်လေးချက်ဖို့ ချက်နဖို့ ချက်နည်းလေး youtube link လေးမှာဝင်ကြည့်လိုက်နော်။ ❤️

https://youtu.be/hpPgdhnsWWM

ငါးကချင်ချက် စပ်စပ်လေး ကိုဟင်းခတ်မှုန့်လေးနဲ့ Kachin Houseမျှစ်တိုခြောက်လေးထည့်ကာ ချဉ်ငံစပ်လေးချက်စားမိ။ ခြံထဲက ထီးရိုးဝ...
14/10/2024

ငါးကချင်ချက် စပ်စပ်လေး ကိုဟင်းခတ်မှုန့်လေးနဲ့ Kachin Houseမျှစ်တိုခြောက်လေးထည့်ကာ ချဉ်ငံစပ်လေးချက်စားမိ။ ခြံထဲက ထီးရိုးဝါးလေးကို ကြက်သွန်ကြော်လေးဆီသပ်ပြီး ပုဇွန်ခြောက်နည်းနည်းခပ် အချိုလေးကြော်စားဖြစ်။
ခံတွင်းမြိန် အရသာရှိသောလေး ❤️

Food Safety!
02/10/2024

Food Safety!

ပိုးမွားကာကွယ်နှိမ်နင်းရေးသည် အစားအစာဘေးကင်းစေရေး၏အစိတ်အပိုင်းတစ်ခုဖြစ်သည်

Pest control is a part of food safety (1)

အစားအစာချက်ပြုတ်ရောင်းချနေသူများမှမဟုတ်ပါ အိမ်တစ်အိမ်ရဲ့ မီးဖိုချောင်မှာလည်း ဒီလိုကိစ္စတွေကရှိနေလို့ အားလုံးအတွက် အထောက်အကူဖြစ်နိုင်မယ့်နည်းလမ်းတွေဖြစ်ပါတယ်။
————————————————————————————
စားသောက်ဆိုင်တစ်ခု၊ စားသောက်ကုန်ထုတ်လုပ်ငန်းတစ်ခုမှာ အစားအစာရဲ့ အရသာ လူကြိုက်များဖို့ အရေးကြီးသလို pest control ကလည်း အရေးကြီးပါတယ် food safety အတွက်လည်း အထောက်အပံ့ဖြစ်ပါတယ်။ Pest control ဆိုတာ food safety လို့ခေါ်တဲ့ စားသုံးသူတွေစားကြမယ့် အစားအစါဟာ စားသုံးသူတွေအတွက်ဘေးကင်းလုံခြုံမှုအတွက် တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ Food Safety အပိုင်းဟာ ကျယ်ပြန့်ပေမယ့် လတ်တစ်လောဖြစ်နေတဲ့ အကြောင်းအရာ အတွက် အထောက်အကူဖြစ်ဖို့ အဖြစ်အပျက်နဲ့ ယှဉ်တွဲ သတိပြုနိုင်အောင် Peat control နဲ့ ပက်သက်သမျှ အကြောင်းအရာနည်းနည်းကိုပြောပြပေးချင်ပါတယ်

Pest ဆိုတာဘာလည်း

Pest ဆိုတာ ကြွက်၊ ခြင်၊ ယင်၊ ပိုးဟပ်၊ ခြ၊ ပရွက်ဆိတ်၊ အိမ်မြောင်၊ကြမ်းပိုး၊ သန်း ကအစပြီး ကျွန်တော်တို့ပတ်ဝန်းကျင်မှာလူမျက်စိနဲ့ မြင်နိုင်သမျှပိုးကောင် မွှားကောင် အားလုံးကိုဆိုလိုပါတယ်။
ဒါတွေအားလုံးဟာ အစားအစာတွေထဲကို စားသုံးသူတွေအတွက်ဘေးဖြစ်စေတဲ့ အဏုဇီဝပိုးတွေဝင်ရောက်လာနိုင်စေတဲ့ နည်းလမ်းများစွာထဲကမှ တစ်ခုအနေနဲ့ရှိနေတာဖြစ်ပါတယ်။

ဘေးအန္တရာယ်များ
နည်းလမ်းမျိုးစုံနဲ့ အစားစားထဲမှာရှိနေတဲ့ အဏုဇီပိုးတွေဟာ အစားအစာကို စားသုံးမိသူတွေအတွက်တော့ ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးတွေများစွာပေးနိုင်ပါတယ်။
အနိမ့်ဆုံးအဆင့် အော့အန်၊ မူးဝေတာကနေ ဝမ်းသွား ဖျားနာ တာတွေအပြင် ပြင်းထန်ရင် ပြင်းထန်သလောက် အသက်ပါ ပါသွားလောက်တဲ့အထိကိုဖြစ်နိုင်ပါတယ်။ အဖြစ်အများဆုံးကတော့ ဝမ်းပျက် ဝမ်းလျှောဖြစ်ကြရတာပါပဲ။

ကာကွယ်နိုင်ဖို့နည်းလမ်းရှာခြင်း

ခြင်္သေ့နဲ့ ခွေး ကွာခြားပုံအကြောင်း ပုံပြင်လေးတစ်ခုလူတိုင်း ကြားဖူးကြပါလိမ့်မယ် ခွေးကိုခဲလုံးနဲ့ပစ်လိုက်ရင် ခွေးက ခဲလုံးကိုပဲအာရုံစိုက်နေပြီး ခြင်္သေကတော့ ခဲလုံးဘယ်ကလာတယ်ဆိုတာကို အာရုံစိုက်တယ်ဆိုတာပါ။

Pest control မှာလည်းထိုနည်းအတိုင်းပါပဲ ကြွက်တွေ့ရင် ကြွက်ထောင်ခြောက်ထား၊ ကြွက်ပြေးဆေးချ၊ ကြွကပ်ကော်
နဲ့ထောင်၊ ပရွက်ဆိတ် ပိုးဟပ် ဆို ဆေးဖြန်း ဆိုတာတွေဟာတကယ့်ဖြေရှင်းနည်းမဟုတ်ပါ။

ဘာကြောင့် ဒီကောင်တွေရှိနေရတာလည်း ဘာကြောင့်သူတို့ လာရတာလည်း ဆိုတဲ့ အရင်းအမြစ်ကို သေသေချာချာရှာဖွေဖို့လိုပါတယ်…

ကြွက်၊ ယင်၊ ပိုးဟပ်၊ ပရွက်ဆိတ် စတဲ့အကောင်တွေဟာ သူတို့အတွက် အစာရှိနေလို့ ရောက်လာတာပါ။
အစားအစာချက်ပြုတ်ရောင်းချနေသူများမှမဟုတ်ပါ အိမ်တစ်အိမ်ရဲ့ မီးဖိုချောင်မှာလည်း ဒီလိုကိစ္စတွေကရှိနေလို့ အားလုံးအတွက် အထောက်အကူဖြစ်နိုင်မယ့်နည်းလမ်းတွေဖြစ်ပါတယ်။

၁၊ မီးဖိုချောင်က အမှိုက်သရိုက်တွေကို စနစ်တကျစွန်ပစ်ဖို့လိုပါတယ်။

၂၊ တစ်နေ့တာ ချက်ပြုတ်ခြင်းလုပ်ငန်းအားလုံးပြီးသွားတိုင်းမှာ အစားအစာ အကြွင်းအကျန်များလုံးဝမကျန်အောင် စနစ်ကျတဲ့သန့်ရှင်းရေးလုပ်ဖို့လိုပါတယ်။

၃၊ မီးဖိုချောင်နဲ့ အစားအစာကုန်ကြမ်းများထားသိုရာ နေရာများဟာ သန့်ရှင်းရေးလုပ်ဖို့ လွယ်ကူတဲ့ ပုံစံရှိရပါမယ်။

၄၊ စနစ်ကျတဲ့ အစီအစဉ်နဲ့ ကြွက်ထောင်ခြောက်၊ ယင်ထောင်ခြောက်များထားရှိနိုင်ပါတယ်။

၅၊ ပိုးမွှားနှိမ်နင်းရေးအတွက် အချိန်ဇယားပုံမှန်ရေးဆွဲပြီး ပိုးသတ်ဆေးဖြန်းခြင်း၊ ပိုးသတ်ခြင်းတွေကို စနစ်တကျလုပ်နိုင်ပါတယ်။

၆၊ အစားအစာ ချက်ပြုတ်ပြင်ဆင်ကြတဲ့ အိမ်ရှင်မတိုင်း၊ဝန်ထမ်းတိုင်းဟာ ပိုးမွား ကာကွယ် နှိမ်နင်းရေးအတွက် မှန်ကန်တဲ့ အသိ ဗဟုသုတရှိနေဖို့ အရေးကြီးပါတယ်။

(ဒါမှမဟုတ်လုပ်ငန်းကြီးဆိုရင်တော့ အသိမှတ်ပြုလက်မှတ်ရထားတဲ့ pest control ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ ချိတ်ဆက်ပြီး အကြံဉာဏ်ဝန်ဆောင်မှုများကိုရယူနိုင်ပါတယ်။)

၁။ မီးဖိုချောင် အမှိုက်များစနစ်တကျစွန့်ပစ်ခြင်း

အစားစားထုတ်လုပ်တဲ့ စက်ရုံ နဲ့ စားသောက်ဆိုင်တွေသာမက အိမ်တွေမှာလည်း အထူးလိုက်နာနိုင်ရင် အကျိုးကျေးဇူးများပါတယ်။

အမှိုက်များရှိတဲ့နေရာဟာ ပိုးမွားတွေ အကောင်တွေ ရောက်လာဖို့ စွဲဆောင်တဲ့နေရာဖြစ်လို့ အမှိုက်တွေကို ဖြစ်သလိုစုပုံထားတာမျိုးမလုပ်သင့်ပါ

အမှိုက်တွေကို အမှိုက်ပုံး၊ ပိတ်လို့ရတဲ့ အမှိုက်ခြင်း စတဲ့နည်းလမ်းတွေသုံးပြီးထားလို့ရပါတယ် အမှိုက်တွေဟာနေ့ချင်းပြီး စွန့်ပစ်နိုင်ဖို့ အရေးကြီးသလိုနေ့ချင်းပြီး စွန့်ပစ်ဖို့ အဆင်မပြေရင်တော့
အမှိုက်စို၊ အမှိုက်ခြောက်ခွဲခြားနိုင်ပါတယ်။

ကျွန်တော် လက်ရှိသုံးတဲ့နည်းကတော့ အိုးမှာကပ်နေတဲ့ထမင်းလုံး၊ အရိုး၊ ဟင်းအနှစ် စတဲ့အစားအစာအကျန်တွေကို အိတ်တစ်ခုနဲ့ထည့်ပြီး အမှိုက်ပစ်ရမယ့်ရက်မရောက်ခင်အထိ freezer ထဲမှာထည့်ပြီးခဲထားလိုက်တာပါ ဒီနည်းက အမှိုက်ခြောက်တွေကိုခွဲပြီးသားဖြစ်သလို အနံအသက်လည်းသက်သာစေပါတယ် ကျွန်တော်နေတဲ့ နေရာက တစ်ပတ်မှတစ်ခါပဲ အမှိုက်ကားလာတာကြောင့် အမှိုက်ကားလာမယ်ရက်မှာ အမှိုက်ခြောက်တွေနဲ့ တစ်ပေါင်းတည်းပစ်လိုက်ပါတယ်။

အသီးအရွက် လှီးစ၊ ဖြတ်စ အမှိုက်တွေ၊ ငှက်ပျောသီးခွံလို ကြက်ဥအခွံလို အမှိုက်တွေကိုတော့ compost လုပ်ဖို့အတွက် အဖုံးပါတဲ့ ပုံးသေးသေးတစ်လုံးမှာထည့်ပြီး တစ်ပုံးပြည့်တိုင်း အပင်စိုက်ဖို့ထားတဲ့ မြေကြီးမှာတူးပြီးမြှုပ်ထားလိုက်တာနဲ့ အပင်စိုက်တဲ့အခါ မြေဩဇာအဖြစ်အသုံးတည့်ပါတယ်။ အမှိုက်ပုံးရဲ့ အနံအသက်ဆိုးတာလည်းမရှိတော့ပါဘူး။

ဘူးခွံ ပုလင်းခွံတွေကိုတော့ recycling ♻️ သုံးလို့ရတဲ့ဟာချက်ချင်းအသုံးတည့်မယ်ဆိုရင်သုံးပြီး မသုံးတာကိုတော့ တစ်ခြားအမှိုက်တွေနဲ့မရောပဲ သပ်သပ်ခွဲပြီး ပစ်ပါတယ်။

အမှိုက်တွေစွန့်ပစ်ပြီးသွားပြီဆိုရင်တော့ အမှိုက်ပုံးတွေကို သန့်စင်အောင်ဆေးကြောပြီး နောက်တစ်ခေါက်မသုံးခင်အထိ အခြောက်ခံထားပါတယ်။

ဆက်လက်ဖေါ်ပြပေးပါမယ်

သစ်ထူး

2-10-2024

ဆောင်းတွင်းပူတာအိုရောက်တုန်းကချက်စားခဲ့တဲ့ ရေခဲတောင်ငါး ကချင်ချက် နဲ့ အာလူးကြော်၊ ဆေးမြင်းခွါရွက်။ ဪလွမ်းပါတယ်လေ။ ❤️
15/08/2024

ဆောင်းတွင်းပူတာအိုရောက်တုန်းကချက်စားခဲ့တဲ့ ရေခဲတောင်ငါး ကချင်ချက် နဲ့ အာလူးကြော်၊ ဆေးမြင်းခွါရွက်။
ဪလွမ်းပါတယ်လေ။ ❤️

မိုးအေးအေးနဲ့လိုက်တဲ့ ရာသီစာ ကချင်ဟင်းချက်တဲ့ recipe အစုံအလင်။ ❤️
03/08/2024

မိုးအေးအေးနဲ့လိုက်တဲ့ ရာသီစာ ကချင်ဟင်းချက်တဲ့ recipe အစုံအလင်။ ❤️

ကချင်ချက်တွေချက်ရင် မရှိမဖြစ်ဇတ်လိုက်လေး ကျွန်မတို့ကိုမေ့နေမှာစိုးလို့ပါ။ 😁အားလုံးပဲကျန်းမာရေးကိုဂရုစိုက်နော် ❤️
03/08/2024

ကချင်ချက်တွေချက်ရင် မရှိမဖြစ်ဇတ်လိုက်လေး ကျွန်မတို့ကိုမေ့နေမှာစိုးလို့ပါ။ 😁
အားလုံးပဲကျန်းမာရေးကိုဂရုစိုက်နော် ❤️

03/08/2024
03/08/2024
မြစ်ကြီးနားအတွက်ဆုတောင်းကူညီပေးကျပါအုံးနော်။ အားလုံးပဲဒီဘေးအန္တရာယ်မှ အမြန်ဆုံးလွတ်မြောက်နိုင်ပါစေ။ 🙏🥲
01/07/2024

မြစ်ကြီးနားအတွက်ဆုတောင်းကူညီပေးကျပါအုံးနော်။ အားလုံးပဲဒီဘေးအန္တရာယ်မှ အမြန်ဆုံးလွတ်မြောက်နိုင်ပါစေ။ 🙏🥲

ရေလိုအေးပြီးပန်းလိုမွှေးကျပါစေ။ မင်္ဂလာအပေါင်းစုဝေးကာ ကျန်းမာပျော်ရွှင်တဲ့မြန်မာ့နှစ်သစ်မင်္ဂလာဖြစ်ပါစေရှင့်။ 🙏
17/04/2024

ရေလိုအေးပြီးပန်းလိုမွှေးကျပါစေ။
မင်္ဂလာအပေါင်းစုဝေးကာ ကျန်းမာပျော်ရွှင်တဲ့မြန်မာ့နှစ်သစ်မင်္ဂလာဖြစ်ပါစေရှင့်။ 🙏

တစ်ဘူး ၆၅၀၀ ကျပ်ပါရှင့်။ 🙏
16/04/2024

တစ်ဘူး ၆၅၀၀ ကျပ်ပါရှင့်။ 🙏

 #ကချင်ရိုးရာဟင်းခတ်မှုန့် #ကချင်ရိုးရာငရုတ်သီးထောင်းမှုန့်  KBZ PAY Market ထဲမှာဝယ်ယူနိုင်ပါပြီနော်။ မှာလို့ရတဲ့manual ...
27/03/2024

#ကချင်ရိုးရာဟင်းခတ်မှုန့်
#ကချင်ရိုးရာငရုတ်သီးထောင်းမှုန့်



KBZ PAY Market ထဲမှာဝယ်ယူနိုင်ပါပြီနော်။ မှာလို့ရတဲ့manual လေးပါရှင့်။ 🙏

ခက်ခဲတဲ့ဒီကားလမ်းကြောင်း၊ ကုန်ကြမ်းရရှိနိုင်မှု supply chain အခက်အခဲ၊ အတက်ပဲရှိတဲ့ပြည်မြန်မာရဲ့ကုန်စျေးနှုန်းနဲ့ဘာတွေလုပ...
07/03/2024

ခက်ခဲတဲ့ဒီကားလမ်းကြောင်း၊ ကုန်ကြမ်းရရှိနိုင်မှု supply chain အခက်အခဲ၊ အတက်ပဲရှိတဲ့ပြည်မြန်မာရဲ့ကုန်စျေးနှုန်းနဲ့ဘာတွေလုပ်ရမလည်းလေ။
အစဉ်အားပေးကျတဲ့ မိဘမိတ် ဆွေထမင်းရှင်တွေကိုအစဉ်လေးစားချစ်ခင် ကျေးဇူးတင်လျှက်။ 🙏

ကချင်အစားအသောက်လေးတွေကိုကြိုက်တဲ့သူတွေ အလွယ်တစ်ကူဖန်တီးချက်ပြုတ်နိုင်အောင်၊ ရေမြေခြားမှာရှိနေတဲ့ အမိကချင်မြေကိုလွမ်းတဲ့ ...
03/03/2024

ကချင်အစားအသောက်လေးတွေကိုကြိုက်တဲ့သူတွေ အလွယ်တစ်ကူဖန်တီးချက်ပြုတ်နိုင်အောင်၊ ရေမြေခြားမှာရှိနေတဲ့ အမိကချင်မြေကိုလွမ်းတဲ့ အမျိုးတွေ ကချင်ပြည်နယ်ရောက်သွားအောင်ဆိုတဲ့ ခံစားချက်မျိုးပေးနိုင်ဆိုပြီး စခဲ့တဲ့ ရဲ့ဟင်းခတ်အမွှေးအကြိုင်များ။
အစဉ်အမြဲအားပေးကျတဲ့ မိဘပြည်သူတိုင်းကို အမြဲလေးစားကျေးဇူးတင်လျှက်။
❤️🙏
#ကချင်ပြည်နယ်ဒေသထွက်ဟင်းခတ်အမွှေးအကြိုင်များ
#ကချင်ရိုးရာဟင်းခတ်မှုန့်
#ကချင်ရိုးရာငရုတ်သီးထောင်းမှုန့်

ကချင်ဟင်းချဉ်ချဉ်စပ်စပ်လေးကြိုက်တတ်တဲ့ အစ်ကိုတွေအစ်မတွေအတွက်။ ❤️
22/02/2024

ကချင်ဟင်းချဉ်ချဉ်စပ်စပ်လေးကြိုက်တတ်တဲ့ အစ်ကိုတွေအစ်မတွေအတွက်။ ❤️

Address

No. 172, Dukahtawng Quarter, Myitkyina City, Kachin State
Myitkyina
11111

Alerts

Be the first to know and let us send you an email when Kachin House posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kachin House:

Videos

Share