![#လူတွေနဲ့ ဆက်ဆံတဲ့အခါ မျက်နှာဖုံးစွပ်ပါ...သေလောက်အောင်မုန်းနေလည်းအရမ်းချစ်ပါတယ်ဆိုတဲ့ မျက်နှာဖုံးကိုစွပ်ပါ...တစက်ကလေးမှ...](https://img4.medioq.com/256/354/1156071982563542.jpg)
31/01/2025
#လူတွေနဲ့ ဆက်ဆံတဲ့အခါ မျက်နှာဖုံးစွပ်ပါ...
သေလောက်အောင်မုန်းနေလည်း
အရမ်းချစ်ပါတယ်ဆိုတဲ့ မျက်နှာဖုံးကိုစွပ်ပါ...
တစက်ကလေးမှ အဆင်မပြေလည်း
အားလုံးအိုကေပါတယ်ဆိုတဲ့ မျက်နှာဖုံးကိုစွပ်ပါ...
တွေ့တဲ့နေရာ ဖြတ်ကန်ပစ်ချင်လည်း
မြင်တာနဲ့ ဖက်နမ်းချင်ပါတယ်ဆိုတဲ့
မျက်နှာဖုံးကိုစွပ်ပါ...
ချုံးပွဲချပြီး ငိုချပစ်ချင်လည်း
ထီပေါက်ထားပါတယ်ဆိုတဲ့ မျက်နှာဖုံးကိုစွပ်ပါ...
ဒရယ်ပေါက်လို ချိုနဲ့နေလည်း
ကေသရာဇာလို မျက်နှာဖုံးကိုစွပ်ပါ...
ဘာတစ်ခုမှ လက်မခံချင်လည်း
အရာရာမင်းသဘောပါဆိုတဲ့ မျက်နှာဖုံးကိုစွပ်ပါ...
ဘာသိဘာသာ နေလိုက်ချင်လည်း
ဟေးလားဝါးလားဆိုတဲ့ မျက်နှာဖုံးကိုစွပ်ပါ...
စိတ်ထဲရှိသမျှ ပြောချလိုက်ချင်လည်း
ရေငုံနှုတ်ပိတ်ဆိုတဲ့ မျက်နှာဖုံးကိုစွပ်ပါ...
ရင့်ကျက်လာလေ မျက်နှာဖုံးစွပ်လေ
လူပါးဝလာလေ မျက်နှာဖုံးများလေ
အရေထူလာလေ မျက်နှာဖုံးစုံလေ...
ရှင်းလား...
မျက်နှာဖုံးတွေရဲ့တန်ဖိုးဟာ
Constant ဖြစ်နေကြောင်းကို သိလာတဲ့တစ်နေ့
မျက်နှာဖုံးစွပ်ထားရတဲ့ အရသာအပေါ်
ခံတွင်းတွေ့လာပါလိမ့်မယ်...
ကဲပါ...မထူးပါဘူး...
တဖက်က မျက်နှာဖုံး မစွပ်ချင်ဘူးဆိုရင်တောင်
အခြားတဖက်မှာတော့ မျက်နှာဖုံးစွပ်ထားတဲ့
သူတွေနဲ့ပဲ တွေ့နေရမယ့်အတူတူ...
အားလုံးမျက်နှာဖုံးတွေအောက်မှာသာ ပျော်ပျော်ကြီး
အသက်ရှင်ကြတာပေါ့...
အသက်ရှူကြပ်တယ်ဆိုပေမယ့်လည်းလေ...
ဒါပေမဲ့...မျက်နှာဖုံးစွတ်ပါ
#မောင်သာချို