Southerner TV News

Southerner TV News Southern of Myanmar TV News

မြိတ်မြို့ G-Z များက ယနေ့ ဧပြီလ ၇ ရက်နေ့နေ့လည်မှာ တရုတ်အလံအား မီးရှို့ဆန္ဒပြပေးပို့ CJSoutherner TV News
07/04/2021

မြိတ်မြို့ G-Z များက ယနေ့ ဧပြီလ ၇ ရက်နေ့နေ့လည်မှာ တရုတ်အလံအား မီးရှို့ဆန္ဒပြ

ပေးပို့ CJ

Southerner TV News

ကော့သောင်းမှာ စစ်ကောင်စီမှ နေအိမ်မှာ အကြမ်းဖက်ဝင်ရောက် ရှာဖွေမှုတွေ ပြုလုပ်7 April 2021ကော့သောင်းမြို့ ရွှေဇင်ယော်ရပ်ကွက...
07/04/2021

ကော့သောင်းမှာ စစ်ကောင်စီမှ နေအိမ်မှာ အကြမ်းဖက်ဝင်ရောက် ရှာဖွေမှုတွေ ပြုလုပ်

7 April 2021

ကော့သောင်းမြို့ ရွှေဇင်ယော်ရပ်ကွက်မှာ လူမရှိတဲ့ အိမ်ကို အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့ဝင်​တွေက ည ၁ နာရီဝန်းကျင်မှာ ဝင်ရောက်ရှာဖွေမှုတွေ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

ဖြစ်စဉ်မှာ ဧပြီလ ၇ ရက်နေ့ ည ၁ နာရီဝန်းကျင်မှာ ကော့သောင်းမြို့ ရွှေဇင်ယော်ရပ်ကွက်မှာရှိ တဲ့ နေအိမ်တစ်လုံးကို အိမ်ရှင်ခေါ်ပြီး တံခါးဖွင့်ခိုင်းရာ နေအိမ်အတွင်းမှ အသံတစ်စုံတစ်ရာ မကြားတာကြောင့် အိမ်တံခါးသော့များဖျက်ဆီးကာ ဝင်ရောက်ရှာဖွေခဲ့ကြောင်း ကာယံကံရှင်က အခုလို ပြောပါတယ်။

"ကျတော်တို့က အိမ်မှာ မရှိဘူး အိမ်ရှင်တံခါးဖွင့်လို့​ေအာ်ပြီး အိမ်ထဲကအသံမကြားရတော့ တံခါးတွေရိုက်ချိုး သော့တွေရိုက်ဖွင့်ပြီးဝင်ရှာသွားကြတယ်။ အိမ်တွင်းတပ်ထားတဲ့ CCTVမှတ်တမ်းတွေတော့ပါသွားတယ်။ ကျန်တာဘာတွေပါသွားမှန်း ကျတော်မသိရသေးဘူး၊ ဘာလိုဝင်ရှာတာလဲဆိုတဲ့အကြောင်းအရာလည်း ကျတော်တို့မသိဘူး၊ ကျတော်တို့ မိသားစုအားလုံးကတခြားနေရာရောက်နေကြတယ်"လို့ အခုလိုပြောပါတယ်။

အခုလိုဘဲ့ ကော့သောင်းမြို့ မှာ အိမ်တွေဝင်ရောက်စစ်ဆေးမှုတွေဆက်လက်လုပ်ဆောင်ကြသလို ဧပြီလ ၆ ရက်နေ့မှာဆိုလဲ ဖမ်းဆီးခံရသူ ၁၁ ဦးထိရှိခဲ့ကြောင်း ဒေသခံတစ်ဦးကပြောပါတယ်။

ဒီမတိုင်ခင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့က နေအိမ်တွေမှာ ရှိတဲ့ လက်နက်များ ရှိပါကလာရောက် အပ်နှံဖို့လည်းကြေငြာချက်တွေ ထုတ်ထားသလို လက်လုပ် လေသေနတ် လေးဂွ များကို ပြည်သူများဆီးက သိမ်းယူ ဖမ်းဆီးခဲ့တာတွေလည်းရှိခဲ့ပါတယ်။

ကော့သောင်းမြို့မှာ စစ်အာဏာရှင်ကိုဆန့်ကျင်ဆန္ဒပြမှုတွေကြောင့် စစ်ကောင်စီတပ်တွေရဲ့အကြမ်းဖက်ပစ်ခတ်မှုကြောင့် သေဆုံးသူ ၉ ဦးထိ ရှိနေပြီး ဖမ်းဆီးခံရတာလည်းများစွာရှိနေခဲ့ကြောင်းသိရပါတယ်။

Southerner TV News

မြိတ်မြို့ ဧပြီလ ၇ ရက်နေ့ အရုပ်သပိတ်7April 2021Southerner TV News
07/04/2021

မြိတ်မြို့ ဧပြီလ ၇ ရက်နေ့ အရုပ်သပိတ်

7April 2021
Southerner TV News

စစ်ကောင်စီလက်အောက်တွင် သင်္ကြန်ပွဲတော်မကျင်းပဖို့ မြိတ်လူငယ်များတိုက်တွန်း6 April 2021မြိတ်မြို့ရှိ အများပြည်သူများအား မ...
06/04/2021

စစ်ကောင်စီလက်အောက်တွင် သင်္ကြန်ပွဲတော်မကျင်းပဖို့ မြိတ်လူငယ်များတိုက်တွန်း

6 April 2021

မြိတ်မြို့ရှိ အများပြည်သူများအား မြန်မာ့နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကို အာဏာသိမ်းစစ်ကောင်စီလက်အောက်တွင် ကျင်းပပြုလုပ်
ခြင်းမလုပ်ကြဖို့အတွက် မြိတ်လူငယ်များက မေတ္တာ ရပ်ခံတောင်းဆိုတိုက်တွန်းခဲ့ပါတယ်။

Southerner TV News

စစ်ကောင်စီလက်အောက်တွင် သင်္ကြန်ပွဲတော် မကျင်းပဖို့အတွက် ကော့သောင်းမြို့ရှိလူငယ်များတိုက်တွန်း 6 April 2021ကော့သောင်းမြို...
06/04/2021

စစ်ကောင်စီလက်အောက်တွင် သင်္ကြန်ပွဲတော် မကျင်းပဖို့အတွက် ကော့သောင်းမြို့ရှိလူငယ်များတိုက်တွန်း

6 April 2021

ကော့သောင်းမြို့ရှိ ပြည်သူလူထုများကို စစ်ကောင်စီ အာဏာသိမ်း လက်အောက်တွင် သင်္ကြန်ပွဲတော်ကို ပျော်ပွဲရွင်ပွဲများအသံချဲ့စက်များ၊​ဆောင်းဘောက်များဖွင့်ကာ ရပ်ကွက်အလိုက် လမ်းအလိုက် ရေကစားမဏ္ဍန်များထိုးကာ တီးမှုတ်ကခုန်တာတွေမပြုလုပ်မကျင်းပဖို့အတွက် ကော့သောင်းမြို့ လူငယ်များကမေတ္တာရပ်ခံ တိုက်တွန်းလိုက်ပါတယ်။

Southerner TV News

ကော့သောင်းတွင် ဧပြီလ ၅ ရက်နေ့ ညပိုင်းတွင် GEN-Z ,လူငယ်တွေ နေအိမ် အတွင်း ဖယောင်တိုင် မီးထွန်းကာ ညသပိတ်ပြုလုပ်ခဲ့ပါတယ်။   ...
05/04/2021

ကော့သောင်းတွင် ဧပြီလ ၅ ရက်နေ့ ညပိုင်းတွင် GEN-Z ,လူငယ်တွေ နေအိမ် အတွင်း ဖယောင်တိုင် မီးထွန်းကာ ညသပိတ်ပြုလုပ်ခဲ့ပါတယ်။


ဧပြီလ ၅ ရက်နေ့ မြိတ်မြို့ စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှု ဆန္ဒပြ မြင်ကွင်း။5 April 2021Southerner TV News
05/04/2021

ဧပြီလ ၅ ရက်နေ့ မြိတ်မြို့ စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှု ဆန္ဒပြ မြင်ကွင်း။

5 April 2021
Southerner TV News

တပ်ပေါင်စု ကော်မတီ ထား၀ယ် သပိတ်စစ်ကြောင်း ပိတောက်ပန်း ကိုင်ဆောင်ပြီး ဧပြီလ ၅ ရက်နေ့တွင် ဆက်လက် ချီတက် ဆန္ဒပြနေပါတယ်။    ...
05/04/2021

တပ်ပေါင်စု ကော်မတီ ထား၀ယ် သပိတ်စစ်ကြောင်း ပိတောက်ပန်း ကိုင်ဆောင်ပြီး ဧပြီလ ၅ ရက်နေ့တွင် ဆက်လက် ချီတက် ဆန္ဒပြနေပါတယ်။


ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးထုတ်ပြန်ကြေညာချက်။4 April 2021
04/04/2021

ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးထုတ်ပြန်ကြေညာချက်။

4 April 2021

ကော့သောင်းမြို့က Easter Egg Campaign4 April 2021Southerner TV News
04/04/2021

ကော့သောင်းမြို့က Easter Egg Campaign

4 April 2021
Southerner TV News

Southerners newsApril. 3. 2021အာဏာလု့ စစ်ကောင်စီက စစ်သားနဲ့ ရဲတပ်ဖွဲ့၀င်‌တွေက လိုက်လံ နှောက်ယှက် ဖမ်းဆီးမှုတွေ ရှိနေသော်...
03/04/2021

Southerners news

April. 3. 2021

အာဏာလု့ စစ်ကောင်စီက စစ်သားနဲ့ ရဲတပ်ဖွဲ့၀င်‌တွေက လိုက်လံ နှောက်ယှက် ဖမ်းဆီးမှုတွေ ရှိနေသော်လည်း မြိတ်မြို့က တက္ကသိုလ် ကျောင်းသားတွေနဲ့ ပြည်သူတွေက အခြား မြို့များ နည်းတူ ဧပြီလ ၃ က်နေ့ နံနက်ပိုင်းမှာ ပျောက်ကျား စနစ်နဲ့ ဆန္ဒပြ လှုပ်ရှားခဲ့ပါတယ်။


မြိတ်တွင် တက္ကသိုလ်ကျောင်းများနဲ့ ပြည်သူများ ဧပြီလ ၂ ရက်နေ့မှာ ပျောက်ကျား စနစ်နဲ့ ဆန္ဒပြ လှုပ်ရှားခြဲပါတယ်။
02/04/2021

မြိတ်တွင် တက္ကသိုလ်ကျောင်းများနဲ့ ပြည်သူများ ဧပြီလ ၂ ရက်နေ့မှာ ပျောက်ကျား စနစ်နဲ့ ဆန္ဒပြ လှုပ်ရှားခြဲပါတယ်။

02/04/2021

ကော့သောင်းမြို့မှာ စစ်ကောင်စီတပ်ဖွဲ့မှ ဖမ်းဆီးမှုတွေဆက်လက်လုပ်ဆောင်နေ

2 April 2021

ကော့သောင်းမြို့ မှာ မတ်လ ၃၁ ရက်နေ့ထိ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့က အကြမ်းဖမ်းဖြိုခွင်းမှုတွေလုပ်ဆောင်ခဲ့ရာ အသက် သေဆုံးသူများလည်းရှိခဲ့သလိုဖမ်းဆီးခံခဲ့ရသူများလည်းရှိခဲ့ပါတယ်။

ဒီကနေ့ ဧပြီလ ၂ ရက်နေ့မှာလည်းကော့သောင်းမြို့ ၊​ရွှေပြည်စိုး ကျေးရွာနေ နန်းခုံး ခရုကမာလုပ်ငန်းပိုင်ရှင် ဒေါ်ခင်ဖုန်းအိမ်ကို နေ့လည် (၁၁)နာရီ ဝန်းကျင်ခန့်က အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ အကြမ်းဖက်ဝင်ရောက်စီးနင်းခဲ့တယ်လို့သိရပါတယ်။

အခုလိုဝင်ရောက်ချိန်မှာ ကာယံကံရှင်ကိုမတွေ့တာကြောင့် အလုပ်သမားတစ်ဦးကို ရိုက်နှက်ထားခဲ့တယ်လိုသိရပါတယ်။

ဒေါ်ခင်ဖုန်းဟာ ယခင်က မြို့နယ်စည်ပင်ကော်မတီဝင်တစ်ဦးဖြစ်ခဲ့သူဖြစ်ပါတယ်။ အခုလိုဝင်ရောက်ဖမ်းဆီးတာမည်သည့်အတွက်ကြောင့်ဝင်ရောက်ဖမ်းဆီးကြောင်းမသိဟုဒေသခံတစ်ဦးကဆိုပါတယ်။

ဒါအပြင် ဧပြီလ ၁ရက်နေ့က ရွှေပြည်သာရပ်ကွက် နဲ့ ရွှေဇင်ယော်ရပ်ကွက် တွေမှာလည်း ဓာတ်ပုံနဲ့ တကွ တအိမ်ဝင်တစ်ထွက်လိုက်လံဖမ်းဆီးမှုတွေလုပ်ခဲ့ရာ ဖမ်းဆီးခံခဲ့ရသူ ၅ ဦးထက်မနည်းရှိခဲ့တယ်လို့လည်းဒေသခံတစ်ဦးကဆိုပါတယ်။

Southerner TV News

ထား၀ယ်တွင် ဧပြီလ ၂ ရက်နေ့ နံနက်ပိုင်းမှာ အကြမ်းဖက်အဖွဲ့ စစ်တပ်နဲ့ ရဲတွေ ဖမ်းဆီးမှုတွေ ရှိနေသော်လည်း အရှိန်အဟုတ် မပျက် ပြ...
02/04/2021

ထား၀ယ်တွင် ဧပြီလ ၂ ရက်နေ့ နံနက်ပိုင်းမှာ အကြမ်းဖက်အဖွဲ့ စစ်တပ်နဲ့ ရဲတွေ ဖမ်းဆီးမှုတွေ ရှိနေသော်လည်း အရှိန်အဟုတ် မပျက် ပြည်သူတွေက တော်လှန်ရေး အာရုံဦး သပိတ်ပြုလုပ်ခဲ့ပါတယ်။

ထား၀ယ် တက္ကသိုလ်၊ ကွန်ပြူတာ၊ LGBTနဲ့ မြို့ခံပြည်သူတွေ ဧပြီလ ၁ ရက်နေ့ နံနက်ပိုင်းမှာ စစ်ကောင်စီ တော်လှန်ရေး သပိတ်စစ်ကြောင...
01/04/2021

ထား၀ယ် တက္ကသိုလ်၊ ကွန်ပြူတာ၊ LGBTနဲ့ မြို့ခံပြည်သူတွေ ဧပြီလ ၁ ရက်နေ့ နံနက်ပိုင်းမှာ စစ်ကောင်စီ တော်လှန်ရေး သပိတ်စစ်ကြောင်း ပူးပေါင်းကာ ဆန္ဒပြခဲ့ပါတယ်။

မြိတ်မြို့ မြိတ်တောင်နယ်မြေ ဘုရားကိုင်တောင်‌ခြေတွင် ယနေ့ည မတ်လ ၃၁ ရက်နေ့ည ၈ နာရီခွဲ အချိန်တွင် စစ်တပ်က ဖြတ်သန်း သွားလာနေ...
31/03/2021

မြိတ်မြို့ မြိတ်တောင်နယ်မြေ ဘုရားကိုင်တောင်‌ခြေတွင် ယနေ့ည မတ်လ ၃၁ ရက်နေ့ည ၈ နာရီခွဲ အချိန်တွင် စစ်တပ်က ဖြတ်သန်း သွားလာနေသူတွေကို ပစ်ခတ်မှုတွေရှိနေပါတယ်။
ထိုကြောင့် ယနေ့ညပိုင်း၌ ယင်းနေရာသို့ အများပြည်သူများ ဖြတ်သန်း သွားလာခြင်း မပြုရန် အသိပေးအပ်ပါတယ်။

မြိတ်မြို့  မတ်လ ၃၁ ရက်နေ့ ညနေ ဆိုင်ကယ် သပိတ် Southerner TV News
31/03/2021

မြိတ်မြို့ မတ်လ ၃၁ ရက်နေ့ ညနေ ဆိုင်ကယ် သပိတ်

Southerner TV News

ကော့သောင်းတွင် ယမန်နေ့က ကျဆုံးသွားတဲ ၃ ဦးရဲ့ နာရေး အခမ်းအနားကို မတ်လ ၃၁ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။
31/03/2021

ကော့သောင်းတွင် ယမန်နေ့က ကျဆုံးသွားတဲ ၃ ဦးရဲ့ နာရေး အခမ်းအနားကို မတ်လ ၃၁ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။

Address

Baw Tadar Street
Myeik
14051

Alerts

Be the first to know and let us send you an email when Southerner TV News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Southerner TV News:

Videos

Share

Our Aims

- တောင်ပိုင်းသား သတင်းအေဂျင်စီ (Southerner TV News) ကို၂၀၁၉ ခုနှစ် မေလ ၃ ရက်နေ့ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ (World Press Freedom Day) တွင် တရားဝင်စတင် မိတ်ဆက်လိုက်ပါတယ်။

- မိမိတို့ဟာ မြန်မာပြည်တောင်ပိုင်း ကမ်းရိုးတန်းဒေသမှာ အခြေပြုနေထိုင် လုပ်ကိုင်လျှက်ရှိတဲ့ စာနယ်ဇင်းသမားတွေစုစည်းပြီး တည်ထောင်ထားခြင်းဖြစ်ကာ ပြန်ကြားရေးဝန်ကြီးဌာနဆီမှာ သတင်းအေဂျင်စီ မှတ်ပုံတင်အမှတ် ၀၀၂၆၅ နဲ့ တရားဝင် မှတ်ပုံတင်ကာ သတင်းထုတ်လုပ်မှုတွေကို ဆောင်ရွက်နေတာလည်းဖြစ်ပါတယ်။

- ရည်ရွယ်ချက်မှာ မြန်မာပြည်တောင်ပိုင်း ကမ်းရိုးတန်းဒေကိုအခြေပြုပြီး ဒေသတွင်းနဲ့ တစ်နိုင်ငံလုံးက ထူးခြားတဲ့ သတင်းအကြောင်းရာတွေ၊ ပြည်သူတွေ သိသင့်သိထိုက်တဲ့သတင်းအချက်လက်တွေကို အချိန်နဲ့တပြေးညီတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

- လတ်တလောအခြေနေမှာတော့ တောင်ပိုင်းကမ်းရိုးတန်းဒေသက လူနေမှုဘဝအထွေထွေ ၊ ထူးခြားတဲ့အကြောင်းရာတွေနဲ့ ပြည်သူတွေရဲ့လိုအပ်ချက်ဆန္ဒတွေကို စုံစမ်းလေ့လာပြီး အများသိအောင် ပြန်လည်ဖော်ပြပေးသွားမှာဖြစ်ကာ နောက်ပိုင်းမှာတော့ ဒီထက် ကျယ်ပြန့်အောင် ကြိုးစားသွားမှာဖြစ်ပါတယ်။