===============================
ဒေသ သမိုင်းအကျဉ်း
******************
မြဝတီမြို့မှ (၅၄) မိုင်ခန့်အကွာရှိ အရှေ့ဘက်တွင် နယ်စပ်ဒေသများတွင် ခေတ်နှင့် လျှော်ညီသည့် ပုံမှန်အုပ်ချုပ်ရေး ထူထောင်နိုင်ရန်အတွက် လည်း ကောင်း၊ နယ်စပ်ဒေသများ ခေတ်မှီဖွံ့ဖြိုးတိုးတက်စေရန် အတွက် လည်း ကောင်း တစ်ဖက်နိုင်ငံရှိဒုက္ခသည် စခန်းများမှ ပြန်လည်ဝင်ရောက် လာမည့် မြန်မာဒုက္ခသည်များနှင့် ရွှေ့ပြောင်းအလုပ်သမားများကို ပြန်လည်နေရာ ချထား ပေးနိုင်ရန် အတွက်လည်းကောင်း ရည်ရွယ်၍ မြို့နယ်ခွဲများကို ၂၀၁၁ ခုနှစ်မှ စ၍ ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။ စုကလိမြို့နယ်ခွဲကို ပြည်ထဲရေးဝန်ကြီးဌာန၏ (၂၀-၁-၂၀၁၁) ရက်စွဲပါစာအမှတ်၊ ၂၀၀/၂၄/၇၆/ဦး၁ ဖြင့်ထုတ်ပြန်သည့် အမိန့်ကြေငြာစာဖြင့် ဖွဲ့စည်းခဲ့ပါသည်။ စုကလိမြို့နယ်ခွဲကို (၁၇-၁-၂၀၁၁) ရက်နေ့တွင် စတင်ဖွင့်လှစ်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည် ဖော် ဆောင်ရွက်ခဲ့ပါသည်။ ၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဉပဒေနှင့်အညီ ဖြစ် စေရန် ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ (၁၄) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ပြည် ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အပတ်စဉ် (၃၀/၂၀၁၃) ၏ သဘောတူညီချက်အရ မြို့နယ်ခွဲစကားရပ်အား ပယ်ဖျက်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက် ခဲ့ပါသည်။
တည်နေရာနှင့်အကျယ်အဝန်း
***************************
စုကလိမြို့သည် မြောက်လတ္တီတွဒ် (၁၆)ဒီဂရီ (၀၈)မိနစ် ၄၆စက္ကန့် နှင့် (၁၆)ဒီဂရီ (၀၉) မိနစ် (၃၃) စက္ကန့်အကြား အရှေ့လောင်ဂျီတွဒ် (၉၈) ဒီဂရီ (၃၅) မိနစ် (၂၇) စက္ကန့် ၊ (၉၈)ဒီဂရီ (၃၆)မိနစ် (၀၇)စက္ကန့် အကြားတွင် တည်ရှိပါသည်။ ခန့်မှန်း မြေပုံအညွှန်း(T-၃၇၀၅၆၀) ၊(T-၃၇၀၅၇၀) အတွင်းတည်ရှိပြီး မြင့်မားသော ဒေါနတောင်တန်း၏ တောင်ကြားစွယ်ဖျား၊ မုလအိတောင်၊ မုလအတောင် နှင့်
တောင်ကုန်းတောင်ကြားများ၏ လျှိုမြောင်များအကြားတွင် တည်ရှိပါသည်။
အကျယ်အဝန်း
*************
စုကလိမြို့သည် ဧရိယာစတုရန်းမိုင်ပေါင်း (၄၂၆.၈၉၅) စတုရန်းမိုင်၊ (၁၉၆၃၇၂) ဧက ကျယ်ဝန်းသည်။ မြို့ဧရိယာမှာ (၂၂၂) ဧက ကျယ်ဝန်းပါသည်။
နယ်နိမိတ်
**********
စုကလိမြို့၏ အရှေ့ဘက်တွင် ဝေါလေမြိုင်မြို့နှင့် ထိုင်းနိုင်ငံ၊ တောင်ဘက် တွင် ထိုင်းနိုင်ငံနှင့် ထိစပ်လျက်ရှိပါသည်။ အနောက်ဘက်တွင် ကျိုက်ဒုံမြို့နယ် နှင့် ထိစပ်လျက်ရှိပြီး မြောက်ဘက်တွင် မြဝတီမြို့နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပါသည်။
မြေမျက်နှာသွင်ပြင်
****************
စုကလိမြို့သည်တောင်ကုန်း၊ တောင်တန်း၊ တောင်ကြား၊ လျှိုမြောင်များ ထူထပ်ပေါများသောဒေသဖြစ်ပါသည်။ ပေ (၆၉၇၀) ခန့်မြင့်သော မုလအိ တောင်တန်း ၊ ပေ(၆၀၀၀)ကျော်မြင့်သော မုလအ တောင်တန်းများ ဖြတ်သန်း ရာဒေသလည်း ဖြစ်ပါသည်။ မြေပြန့်လွင်ပြင် နည်းပါးသောဒေသဖြစ်ပါသည်။ စုကလိမြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် (၁၆၄၄နှင့်၂၃၂၁)ပေ အမြင့်တွင် တည်ရှိသည်။
ရေဆင်း
********
စုကလိမြို့၏ အနောက်ဘက်ခြမ်းတွင် မဲကုလားမြစ်သည် တောင်မှ မြောက်သို့ ရှည်လျားစွာစီးဆင်းပြီး အနောက်မှ အရှေ့သို့ စီးဆင်းလာသော တာအုပ်ချောင်းနှင့် ပေါင်းဆုံကာ သောင်းရင်းမြစ်အတွင်းသို့စီးဝင်ပါသည်။ စုကလိမြို့ အရှေ့ဘက်ခြမ်းတွင် အုန်းကရိုင်းချောင်းနှင့် ဝေါလေချောင်းတို့
သည် ဝါးမီးထရွာအနီးတွင် ပေါင်းဆုံပြီး သောင်းရင်းမြစ်ဟု စတင်ဖြစ်ထွန်းကာ တောင်မှမြောက်သို့စီးဆင်းပါသည်။ ဒေသအတွင်းရှိ မြစ်ချောင်းရေများသည် ရေချိုဖြစ်သဖြင့် စိုက်ပျိုးရေ၊ သောက်သုံးရေအဖြစ် အသုံးပြုနိုင်ပါသည်။
ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်
********
စုကလိမြို့သည် ပင်လယ်ရေမျက်နှာပြင်အထက်အမြင့် (၁၆၄၄နှင့်၂၃၂၁) ပေ အထက်တွင် တည်ရှိပါသည်။
ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်
======================
ရာသီဥတု
***********
စုကလိမြို့သည် မိုးများပြီး ပူအိုက်စွတ်စိုသော ရာသီဥတုရှိပါသည်။ အမြင့်ဆုံးအပူချိန် ( ၄၃) ဒီကရီစင်တီဂရိတ်နှင့် အနိမ့်ဆုံးအပူချိန်မှာ ( ၁၅.၀ ) ဒီကရီစင်တီဂရိတ်ဖြစ်ပါသည်။
သဘာဝပေါက်ပင်များ
*****************
စုကလိမြို့နယ်အတွင်း ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ သင်းဝင်၊ သစ်ရာ၊ သင်္ကန်း၊ အင်၊ ကညင်၊ ရေမနေ၊တောင်သရက် ၊တောသရက်၊ပိတောက်၊နှင့် ၊ သစ်အယ်၊ ဝါး စသည့်အပင်များ ပေါက်ရောက်ပါသည်။
တောရိုင်းတိရစ္ဆာန်များ
******************
စုကလိမြို့နယ်အတွင်းရှိ တောရိုင်းတိရိစ္ဆာန်များမှာ ဆင်၊ ဆတ်၊ ချေ၊ တောဆိတ်၊ ဒရယ်၊ တောဝက်၊ ကျား၊ ဝက်ဝံ၊ ကျား သစ်၊ မျောက်၊ သင်းခွေချပ်၊ ယုန်၊ ဖွတ်၊ ပဒပ်၊ ရှဉ့်၊ ရစ်၊ ဘုတ်၊ ခါ၊ ငုံး၊ ခို၊ ဇီးကွက်၊ စွန်၊ လိပ်၊ တောကြောင်၊ စပါးကြီးမြွေ၊ စပါးအုံးမြွေ၊ မြွေပွေး၊ ငန်းတော်ကြား၊ မြွေဟောက်၊ လင်းမြွေ စသည့်သတ္တဝါများ တို့ဖြစ်ပါသည်။
သဘာဝပတ်ဝန်းကျင်လက်ရှိအခြေနေ
*******************************
စုကလိမြို့သည် အရှေ့ဘက်တွင် ထိုင်းနိုင်ငံနှင့် ဆက်စပ်လှျက်ရှိပြီး သဘာဝတောတောင်များ ဝန်းရံတည်ရှိသဖြင့် သဘာဝပတ်ဝန်းကျင်းမှာ စိမ်းလန်းစိုပြေကောင်းမွန်လျက်ရှိပါသည်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ
************************************
စုကလိမြို့၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် နိုင်ငံတော်နှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များမှ ကျွန်းနှင့် အခြားအဖိုးတန် သစ်ပင်များ စိုက်ပျိုးခြင်း ဆောင်ရွက်လျက် ရှိပါသည်။
သဘာဝဘေးအန္တရာယ်ကျရောက်မှု
******************************
စုကလိမြို့တွင် ပူပြင်းခြောက်သွေ့သည့် ရာသီ၌လည်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သတိပေးနှိုးဆော်ချက်များကို သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှ အသံချဲ့စက်ဖြင့် လှည့်လည်ဆော်သြ ခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။
လူဦးရေဆိုင်ရာအချက်အလက်များ
=======================
နေထိုင်သည့်တိုင်းရင်းသားလူမျိုးစုများ
*****************************
စုကလိမြို့တွင် နေထိုင်ကြသောတိုင်းရင်းသား လူမျိုးစုများမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်-
၁။ကရင် - ၅၃၅၅ ဦး
၂။ဗမာ - ၆၇ ဦး
၃။ရှမ်း - ၈၉ ဦး
မြို့နယ်ချုပ် - ၅၅၁၁ ဦး
အိမ်ခြေ၊ အိမ်ထောင်စု၊ လူဦးရေ
*************************
စုကလိမြို့၏ ၂၀၂၀ခုနှစ်၊ မေလကုန်အထိ လူဦးရေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) အိမ်ခြေ/အိမ်ထောင်စု
************************
စုကလိမြို့တွင် မြို့ပေါ်ရှိအိမ်ခြေ ၉၈၉) အိမ်၊
အိမ်ထောင်စု (၇၉၅) စု ရှိပြီး
စုစုပေါင်း အိမ်ခြေ(၁၄၃) အိမ် နှင့် အိမ်ထောင်စု (၁၆၄၂) စု ရှိပါသည်။
(ခ) လူဦးရေ
****************
အသက်(၁၈)နှစ်အထက်
-------------------------------
မြို့ပေါ်နေ ကျား (၁၀၈) ဦး၊ မ (၉၂) ဦး၊
စုစုပေါင်း (၂၀၀) ဦး၊
ကျေးလက်နေ ကျား (၈၉၁) ဦး၊ မ (၁၉၆၅) ဦး၊
စုစုပေါင်း (၃၀၂၅) ဦး
မြို့နယ်အတွင်း ကျား (၁၈၇၆) ဦး၊ မ(၃၆၃၅) ဦး၊
စုစုပေါင်း (၅၅၁၁) ဦး
အသက် (၁၈) နှစ်အောက်
------------------------------
မြို့ပေါ်နေ ကျား (၉၁) ဦး၊ မ (၉၂) ဦး၊
စုစုပေါင်း (၁၈၃) ဦး၊
ကျေးလက်နေ ကျား (၇၈၃) ဦး၊ မ (၁၄၈၆) ဦး၊
စုစုပေါင်း (၂၂၆၉) ဦး
မြို့နယ်အတွင်း ကျား (၈၇၉) ဦး၊ မ (၁၅၈၀) ဦး၊
စုစုပေါင်း (၂၄၅၉) ဦး
မြို့နယ်ချုပ်
--------------
မြို့ပေါ်နေ ကျား (၁၉၉) ဦး၊ မ (၁၈၄) ဦး၊
စုစုပေါင်း (၃၈၃) ဦး၊
ကျေးလက်နေ ကျား (၁၆၇၄) ဦး ၊ မ (၃၄၅၁) ဦး၊
စုစုပေါင်း (၅၁၂၅) ဦး၊
မြို့အတွင်း ကျား (၁၈၇၆) ဦး၊ မ (၃၆၃၅) ဦး၊
စုစုပေါင်း (၅၅၁၁) ဦး
အုပ်ချုပ်ရေးဆိုင်ရာအချက်အလက်များ
=========================
အုပ်ချုပ်ရေးမှူးရုံးများ
******************
မြို့နယ်အုပ်ချုပ်ရေးမှူး (၁) ဦး၊
မြို့နယ်ရုံး (၁) ရုံး၊
စုကလိမြို့ရှိ ဌာနဆိုင်ရာများ
***************************
၁။ မြို့နယ်ထွေ/အုပ်ဌာန
၂။ မြန်မာနိုင်ငံရဲတပ်ဖွဲ့
၃။ မီးသတ်ဦးစီးဌာန
၄။ စည်ပင်သာယာရေးအဖွဲ့
၅။ ပြန်/ဆက်
၆။ စိုက်ပျိုးရေးဦးစီးဌာန
၇။ လယ်/စီဦးစီးဌာန
၈။ ဆသရ( ကြေးနန်း+စာတိုက် )
၉။ ပတ်ဝန်းကျင်/သစ်တော
၁၀။ မြန်မာ့လျှပ်စစ်လုပ်ငန်း
၁၁။ လဝက
၁၂။ ပညာရေး
၁၃။ ကျန်းမာရေး
နိုင်ငံရေးပါတီများ
***************
၁။ ပြည်ခိုင်ဖြိုး
၂။ NLD
စီးပွားရေးဆိုင်ရာအချက်အလက်
====================
စီးပွားရေးဆိုင်ရာခြုံငုံသုံးသပ်ချက်
*******************************
စုကလိမြို့သည် နိုင်ငံတော်အစိုးရမှ တိုက်ရိုက်အုပ်ချုပ်သည့် မြို့ တစ်ခု ဖြစ်ပါသည်။ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူလူထုသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင် ဆောင်ရွက်ကြပါသည်။ ထို့အပြင် တစ်ပိုင်တစ်နိုင် အိမ်တွင်းမှု လုပ်ငန်းများကိုလည်း စီးပွားဖြစ်လုပ်ကိုင်ကြပါသည်။ စုကလိမြို့သည် အခြား သောဒေသများသို့ ကုန်းလမ်းဖြင့်သွားလာနိုင်ပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သော မြို့နယ်ဖြစ်ပါသည်။ မြို့နယ်၏အဓိက ထွက်ကုန်များမှာ ဆန်၊ စပါး၊ ပြောင်း ဖြစ်ပြီး မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံသို့ အများဆုံး တင်ပို့ ရောင်းချပါသည်။
စီးပွားရေးဆိုင်ရာ အခြေခံအဆောက်အဦများ
============================
ကုမ္ပဏီ၊ပွဲရုံများ၊ဈေးနှင့်ကုန်တိုက်များ
***********************************
စုကလိမြိ်ု့ အနေဖြင့် အိမ်ဆိုင်များသာ ဖွင့်လှစ်ထားရှိသည်။
မြေအသုံးချမှု
*************
၁။ အသားတင်စိုက်ပျိုးမြေ (၁၈၅၀) ဧက
(က)လယ်မြေ (၃၅၅) ဧက
(ခ) ယာမြေ (၈၈၅) ဧက
(ဂ)ဥယျာဉ်မြေ (၄၃) ဧက
(ဃ) တောင်ယာမြေ (၈၈၅) ဧက
၂။ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောမြေ ( ၁၁၁၈၆၂) ဧက
၃။ တောရိုင်းမြေ (၈၂၇၂၆) ဧက
၄။ မြေရိုင်း ( ၇၃) ဧက
၅။ မစိုက်ပျိုးနိုင်သောမြေ (၂၁၈၂၆) ဧက
သစ်တောများ
***********
သစ်တော်ကြိုဝိုင်းသည် (၁၁၁၈၆၂) ဧက ကျယ်ဝန်းပြီး ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ သစ်ယာ၊ အင်ကြင်း၊ ရေမနေ၊ အင်၊ ထောက်ကြံ့ စသည့် အပင်များ ပေါက်ရောက်ပါသည်။
ဓါတ်အားခွဲရုံအမည်နှင့် ဖြန့်ဖြူးသည့်ဓါတ်အား(KW)
*****************************************
ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သော မီးစက်ဖြင့် ညနေ (၆) နာရီမှ ည (၉) နာရီ အထိ ဖြန့်ဖြူးသည်။
ပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးလုပ်ငန်း
===============================
ကားဂိတ်များနှင့်ပြေးဆွဲသည့်ခရီးစဉ်များ
********************************
၁။ စုကလိ-မြဝတီ
၂။ စုကလိ-ဝေါလေ
၃။စုကလိ-စခန်းသစ် သို့ သွားလာနိုင်ရန် ဖွဲ့စည်းထားသော မော်တော် ယဉ်လိုင်းများ မရှိဘဲအလျဉ်းသင့် သလိုသွားရသော လမ်းဖြစ်သည်။
စိုက်ပျိုးရေးလုပ်ငန်း
===============
စိုက်ပျိုးထုတ်လုပ်သည့် အဓိကသီးနှံ(၁၀) မျိုးမှာ စပါး၊ မြေပဲ၊ နှမ်း ၊ ငရုတ် အစေ့ထုတ်ပြောင်းတို့ဖြစ်သည်။
နှစ်ရှည်သီးနှံစိုက်ပျိုးမှုဧက
**********************
စျေးကွက်ဝင်သီးနှံများစိုက်ပျိုးထုတ်လုပ်မှု
*********************************
၁။ ကော်ပြောင်း (၆၃၉)ဧက
၂။ ငရုတ် (၂၀)ဧက
၄။ ဟင်းသီးဟင်းရွက်(၃၅)ဧက
စက်မှုလက်မှုလုပ်ငန်း
==============
မြို့နယ်ရှိအလုပ်ရုံများ
=============
စုကလိမြို့နယ်တွင် အလုပ်ရုံများလုပ်ကိုင်ဆောင်ရွက်ခြင်း မရှိပါ။
အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ(အရေအတွက်)
******************************************
၁။ ဂျက်ခုတ် ရက်လုပ်ငန်း
ဓါတ်ဆီ/ဒီဇယ်အရောင်းဆိုင်
*************************
စုကလိမြို့တွင် စက်သုံးဆီအရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချခြင်းမရှိပါ။
တံတားများ
==========
ပေ(၁၈၀)အထက်တံတားများ
***************************
၁။ မင်္ဂလာတံတား (၃၀၀ပေ၊ သံကူ ကွန်ကရစ်)
၂။ ကွေတာအုပ်တံတား (၂၀၀ပေ၊ သစ်သား)
ဟိုတယ် နှင့် တည်းခိုခန်း
===============
စုကလိမြို့တွင် ဟိုတယ်နှင့် တည်းခိုခန်းများမရှိပါ။
ပညာရေးကဏ္ဍ
=========
အခြေခံပညာ
************
အထကကျောင်းများ
*******************
၁။ အထက(၁) ( စုကလိ)
၂။ အထက ဆုံဆည်းမြိုင်
အလကကျောင်းခွဲများ
**********************
၁။ အလက(ခွဲ)ဉက္ကရစ်ထ
မူလတန်းလွန်ကျောင်းများ
================
၁။ မူလွန် (စခန်းသစ်ကျေးရွာ)
(၁) ကျောင်းရှိပါသည်။
မူလတန်းကြိုကျောင်း
********************
၁။ ဆုံဆည်းမြိုင် မူလတန်းကြိုကြောင်း
ကျန်းမာရေးကဏ္ဍ
===============
ဆေးရုံများ
***********
၁။ ကုတင်(၅၀)ခန့် ပြည်သူ့ဆေးရုံ
ဒေသတွင်းအများဆုံးဖြစ်တတ်သောရောဂါများ
*************************************
ဝမ်းလျှော၊ တီဘီ ၊ဝမ်းကိုက် ၊ အသည်းရောင်
ဘာသာရေးဆိုင်ရာအချက်အလက်များ
========================
ဗုဒ္ဓဘာသာဆိုင်ရာ သာသနိကအဆောက်အဦများ
မြို့ဦးစေတီနှင့် ဘုန်းကြီးကျောင်း တစ်ကျောင်း
****************************************
သမိုင်း၀င်ထင်ရှားသော အဆောက်အဦနှင့်နေရာများ
=================================
၁။ သမိုင်းဝင် မုလအိ ဆံတော်ရှင်(တာနောထ ကျေးရွာ)
၂။ သမိုင်းဝင် မုလအ ဆံတော်ရှင် (ဘောဘောထ ကျေးရွာ)
အခြားဘာသာရေးအဆောက်အဦများ
*******************************
ခရစ်ယာန်ဘာသာ(ဘုရားကျောင်း)
-----------------------------------------
မြို့ပေါ် (၁)ကျောင်း
ကျေးလက် (၁)ကျောင်း
မှတ်ချက်။ လက်လှမ်းမှီသမျှသာတင်ပြခြင်း ဖြစ်ပါသည်