Something for you

Something for you ငါပေးခွင့်မရတော့တဲ့ချစ်ခြင်းမေတ္တာမျိုး
မင်းအလိုရှိတဲ့သူဆီကရပါစေ ။

#တာရာမင်းဝေ

16/01/2025

ဘဝမှာ ကိုယ်ရပ်ကျန်နေခဲ့ရင်
စောင့်ခေါ်တတ်တဲ့
ပြန်လှည့်လာတတ်တဲ့
ချစ်ခြင်းမေတ္တာတွေကိုလည်း
တွေ့ကြုံချင်ပါသေးတယ်။

#ခွန်းညိုသွေး

15/01/2025

ချစ်တော့.. ကြောက်သည်၊
ကြောက်တော့.. ပြေးရသည်၊
သာ၍ သာ၍ ဝေးရာဆီ..
ဪ...ပြေးရပါဦးမည်...။

•တက္ကသိုလ်ဘုန်းနိုင်

14/01/2025

ချစ်ရသူကိုတောင်
ချစ်တယ်လို့ မပြောရဲတဲ့ကောင်
ရာစုတစ်ထောင် နေရစ်တော့။

-တာရာမင်းဝေ

14/01/2025

ရွေးချယ်စရာတွေကြုံလာတိုင်း
ကိုယ်က ဦးစားပေးအရွေးခံရလေ့ရှိတယ်
ဥပမာ စွန့်ပစ်ဖို့ ချန်ခဲ့ဖို့ ။

#လွမ်းနှောင်အိမ်

11/01/2025

တစ်ယောက်ထဲနေပြီး
တစ်ယောက်ထဲ
သေရမှာ ငါမကြောက်ဘူး ။

နှစ်ယောက်အတူတူရှိနေပြီးမှ
တစ်ယောက်ထဲ
ဖြစ်သွားမှာ
ငါကြောက်တာ ။ ။

- မောင်ခက်လူ

ကျွန်မအနေနဲ့ စာဖတ်ခြင်းဟာ အင်မတန်မှ အရေးကြီးတယ်ဆိုတာကို ခဏခဏပြောပါတယ်။ စာဖတ်ခြင်းမှာ အရေးကြီးတဲ့ကိစ္စက ဘာလဲဆိုရင် စာဖတ်တ...
10/01/2025

ကျွန်မအနေနဲ့ စာဖတ်ခြင်းဟာ အင်မတန်မှ အရေးကြီးတယ်ဆိုတာကို ခဏခဏပြောပါတယ်။ စာဖတ်ခြင်းမှာ အရေးကြီးတဲ့ကိစ္စက ဘာလဲဆိုရင် စာဖတ်တဲ့အခါမှာ တခြားသူတွေရဲ့ စိတ်ထဲ၊ ဦးနှောက်ထဲ၊ နှလုံသားထဲကို ၀င်ကြည့်လို့ရတဲ့ အခွင့်အရေးရှိပါတယ်။ ကိုယ့်အတွေးအခေါ်၊ ကိုယ့်ခံစားချက်တွေက တခြားသူတွေရဲ့အတွေးအခေါ်၊ ခံစားချက်တွေနဲ့မတူဘူး ဆိုတာကို စာဖတ်လိုက်တဲ့ အခါမှာ သဘောပေါက်သွားတယ်။

ဒါကြောင့်မို့ ကျွန်မတစ်ခါက ပြောဖူးပါတယ်။ တက္ကသိုလ်ကျောင်းသားအချို့နဲ့ စာအုပ်စာပေဆွေးနွေးပွဲတစ်ခုမှာ ကျောင်းသားလေးတစ်ယောက်က စာအုပ်တစ်ခုမှာ သူမကြိုက်ရတဲ့အကြောင်းရင်းက အဲဒီစာအုပ်ထဲက ကိစ္စတွေက လုံး၀ သူတို့ဘ၀နဲ့ ဆက်စပ်မှု မရှိလို့ဆိုတော့ ကျွန်မကအဲဒါကို သဘောမတူဘူးလို့ ပြောဖူးပါတယ။် ဘာလို့လဲဆိုတော့ ကိုယ့်ရဲ့ဘ၀နဲ့ ဆက်စပ်မှုမရှိတဲ့အကြောင်းတွေကို သိဖို့က ကိုယ့် ဘ၀နဲ့ ဆက်စပ်မှုရှိတဲ့ အကြောင်းတွေ့ကို သိဖို့လောက်ကို တန်းတူညီတူ အရေးကြီး ပါတယ်။

ဘာလို့လဲဆိုရင် ကိုယ့်ဘ၀ရဲ့ ကျဉ်းမြောင်းတဲ့ဘဝလေးအတိုင်းအထွာနဲ့ပဲ တစ်ကမ္ဘာလုံးကို ကြည့်မယ်ဆိုရင် အမြင်က ကျဉ်းမြောင်းသွားလိမ့်မယ်။ ဒါပေမယ့် လည်း ကိုယ့်ရဲ့ဘ၀အပြောင်းအလဲကို မသိဘဲနဲ့၊ ကိုယ့်ပတ်၀န်းကျင်အကြောင်းကို မသိဘဲနဲ့ ကျော်လွှားပြီးတော့ ကမ္ဘာကြီးကိုပဲ ကြည့်နေမယ် ဆိုရင်ကလည်း မပြီးပြည့်စုံ ဘူး။ စတာက ကိုယ့်ရဲ့ပတ်၀န်းကျင်နဲ့စရမယ်။ ကိုယ့်ရဲ့ဘ၀ကို နားလည်ရမယ်။ ဒါပေမယ့် ကိုယ့်ရဲ့ဘ၀ကို နားလည်ဖို့အတွက် တခြားသူရဲ့ဘ၀ကို လေ့လာခြင်းအားဖြင့် နားလည်နိုင်ပါတယ်။ ကိုယ်တစ်ယောက်တည်းခံစားရတာ တွေဟာ ကိုယ်တစ်ယောက် တည်း မဟုတ်ဘူး။ တခြားသူတွေလည်းဒီလိုခံစားရ တယ်။တခြားသူတွေလည်း ဒီလို၊ ဒါမှမဟုတ် ကိုယ့်ခံစားချက်နဲ့ တခြားသူတွေရဲ့ ခံစားချက်ကွာတယ်ဆိုတာ နှိုင်းယှဉ်ပြီး တော့လည်း ကြည့် လို့ရတယ်။

နောက်ပြီးတော့ နမူနာအနေနဲ့ ကြည့်ပြီးတော့ ဘာရှာရမယ်၊ ဘာဆောင်ရမယ် ဆိုတာကိုလည်း ကျွန်မတို့နှလုံးသွင်းလို့ရပါတယ်။ ဒါကြောင့် စာဖတ်ပါ၊ စာဖတ်ပါလို့ အမြဲပဲ ကျွန်မတို့ရဲ့ ပြည်သူလူထု လူကြီး၊ လူငယ်မရွေးကို အားပေးပါတယ်။ စာဖတ်တယ် ဆိုတာ အသက်နဲ့ မဆိုင်ပါဘူး။ စာဖတ်တတ်လာပြီဆိုရင် ငယ်သည်ဖြစ် စေ၊ ကြီးသည်ဖြစ်စေ စာဖတ်လို့ ရပါတယ်။ ကျွန်မတို့ရဲ့ လူငယ်တွေကို အားပေးချင် တာက တစ်နေ့ကိုတော့ နည်းနည်းတော့ စာဖတ်ဖြစ်အောင်ဖတ်ပါ။ ကိုယ့်စိတ်ထဲမှာ တော့ တစ်နေ့ကို တစ်ရွက်နှစ်ရွက်လောက်၊ တစ်မျက်နှာ၊ နှစ်မျက်နှာလောက်တော့ ရအောင်ဖတ်မယ် ဆိုပြီးတော့ သန္နိဋ္ဌာန်ချကြပါလို့ တိုက်တွန်းချင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်
၂၅-၀၉-၂၀၁၉

10/01/2025

လိုအပ်တဲ့အခါ
တစ်ရက် နှစ်ရက်မျှ
အသက်ခဏ ပိုပါရစေ ။

#အောင်ချိမ့်

09/01/2025

ဒီဘဝမှာ ချစ်တယ်ဆိုတဲ့စကားတစ်ခွန်း
သူ့ဆီကကြားရဖို့ မဖြစ်နိုင်တော့ဘူးလား ။

သူ့ခြေဖမိုးလေးကိုပဲ နမ်းရနမ်းရပါ
လုံးဝ မဖြစ်နိုင်တော့ဘူးလား ။

#အောင်ချိမ့်

08/01/2025

တစ်ခုခုဖြစ်သွားတာကို
ဘာမှမဖြစ်သလို နေလိုက်ရတာလည်း ရှော့ခ်ပါပဲ

ဒီဖြစ်စဉ်များဟာ ကြေကွဲခြင်းတွေ မဟုတ်ပဲ
ကျကွဲခြင်းတွေပဲ ဖြစ်လိမ့်မယ် ။

-အေးချမ်း-

07/01/2025

မင်းငါ့ကိုလှည့်မကြည့်တော့တာလဲကောင်းပါတယ်
မဟုတ်ရင် နှစ်ယောက်လုံးချစ်လျက်နဲ့
ဝေးကြတယ်လို့ ငါထင်နေဦးမယ် ။

- လင်းလက်ကဘို

07/01/2025

အားလုံးထက် နွေးထွေးလုံခြုံတဲ့ နေရာဟာ
အမေ့အိမ်ပဲလို့ သိလိုက်ရတဲ့အချိန်ကျတော့
ကျွန်တော်က ဟိုး...အဝေးကြီးမှာ
ရောက်ရှိနေခဲ့ပြီလေ။

#ထူးအိမ်သင်

06/01/2025

ကိုယ်ထင်တယ်
ကျမ်းစာထဲမှာ မပါတာတွေရှိကောင်းရှိနိုင်ရဲ့
အာဒမ်က ဧဝကို ပေးခဲ့တာ
နံရိုးတစ်ချောင်းထဲမဟုတ်လောက်ဘူးး
#အလကားလူတစ်‌ယာက်ရဲ့စကား
#တာရာမင်းဝေ

06/01/2025

တစ်ဘဝမှာ လူတစ်ယောက်ထဲဟာ
တခြားသူတစ်ယောက်ရဲ့
ဘဝတွေဆီကလွှင့်ပစ်တာကို
ဘယ်နှခါလောက်ခံရပြီးမှ
စိတ်နာတတ်သွားမှာလဲ ကျွန်တော်သိချင် ။

-အလ်နီ-

တစ်ခါပျော်ဖူးရင်ဒီဂီတကိုတစ်သက်မမေ့တော့ပါ ။ #အောင်ချိမ့်  lynn
05/01/2025

တစ်ခါပျော်ဖူးရင်
ဒီဂီတကို
တစ်သက်မမေ့တော့ပါ ။

#အောင်ချိမ့်
lynn

04/01/2025

ငါတို့က
အမှတ်တရတွေများတယ်နော်
မင်း မေ့နိုင်ပါစေ။

#စစ်ငြိမ်း

04/01/2025

မမရေ ကြွေကျကုန်တဲ့
တရုတ်စံကားပန်းတွေအတွက်
ငိုနေဦးမှာလား •••

ပျဥ်းမပွင့်လေးတွေ သိပ်လှနေတာ
မမ မမြင်လိုက်မှာ စိုးပါတယ် •••

#မြကျေး

03/01/2025

မေတ္တာတရားဟာ ကိုယ့်ဆီကလာပြီး
မင်းဆီမှာဆုံးမယ်
အိပ်မက်တွေကအစ ကျန်းမာပါစေကွယ် ။

#ခွန်းညိုသွေး

03/01/2025

ပျော်လို့ ရပ်လိုက်လည်း ကမ္ဘာက လည်နေမှာပဲ
မပျော်လို့ ရပ်လိုက်လည်း ကမ္ဘာက လည်နေမှာပဲ
ငါတို့တွေက အမှုန်အမွှားပါပဲ
ဒဏ်ရာတွေကို ပုံကြီးမချဲ့မိစေနဲ့ ။

#မြကျေး

Address

Myaungmya

Alerts

Be the first to know and let us send you an email when Something for you posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share