ကဗျာလေးကကျေးရွာဝါဒတဲ့ ဆရာသန်းထွန်းရေးသားထားခဲ့ပြီးတော့ ကျွန်တော်တို့ရဲ့အမာခံကဗျာရွတ်တဲ့ အမဆူးနတ်သန်ကရွတ်ပြပေးထားတာပါ။ကဗျာလေးအကြောင်း ဆူးနတ်သန်ကစီကာပတ်ကုံးပြောပြထားတာမို့ ကျွန်တော်တို့နဲ့အတူတူနားဆင်ကြည့်ရအောင်ဗျာ။ဆူးနတ်သန်ကရောကဗျာလေးကို ဘယ်လိုခံစားမိသလဲဆိုတာ အပြည့်အစုံသိချင်ရင်တော့
https://youtube.com/channel/UCzW_iDtmfAUHq5qYGwqQYMg မှာ နားဆင်နိုင်ပါပြီ
``သူငယ်ချင်း ရဲဘော်တွေဆီ ရေးတဲ့ညအပြာ´´
အသံကုန် ဟစ်နေပေမဲ့
သီချင်းတွေ ထွက်ကျမလာတော့တဲ့အခါ
လက်ချောင်းတွေ ကျိုးတဲ့အထိ ဂစ်တာတွေ တီးခတ်နေပေမဲ့
တေးသွားတွေ အသံလွင့်မလာတော့တဲ့အခါ
ချမ်းအေးတုန်ခိုက်နေတဲ့ နှလုံးသားအကြောင်း
စကားပြောရအောင် ငါ့ကောင်ရေ.....။
အမှောင်တိုက်ကြီးထဲ ဆွဲချသွားတဲ့ ခေတ်တခုမှာ
မသေရွာကို သွားကြစို့ တိုင်ပင်ပြီး
ပခုံးဖက် ရယ်ကြဲကြဲ လုပ်ရင်း
ရင်ထဲက သံစူးကြိုးတွေ တခုချင်း ဖြတ်ချပစ်ခဲ့တော့
လွမ်းစရာမရှိတဲ့ သံယောဇဉ်တွေပါကွာ
ငါ သေရင် မေ့သွားကြဦးမှာ။
အမေ့ပုခက် လွှဲယမ်းခဲ့တုန်းက
ငါက လူမမယ်ရယ်
ခေတ်က ငါ့ကို လွှဲယမ်းလိုက်တော့
၂၅ နှစ်သားဟာ ညအပြာထဲ
ရယ်သံမပြုနိုင်ခဲ့တဲ့ တိမ်မည်းမိုးရိပ်တွေပေါ့ကွာ။
တယောက်ယောက် လှမ်းလှမ်းတို့ရင် ငိုချင်ချင်မို့
မင်းအသံတွေဆီ ငါဖုန်းခေါ်တိုင်း
ကောင်းကင်ကို မော့မကြည့်နဲ့ င