14/10/2021
Lenin Entering City Mart
At the doorway, from the chest of the old man´s T-shirt
The clash of the hammer and the sickle
Startled the security officer.
His body covered with dirt all over,
His shoulders with pigeon droppings,
His fist ice-cold,
The old man entered.
Turning a blind eye to
The laughing dolls,
Along the escalator
With his fist stretched forward
He got carried up standing tall.
Upon seeing a baby
In the trolley
He looked blank
Wondering whether it was a product too.
Seeing the ghosts throwing
Some packs of milk powder, coffee packets
And frozen meat into the basket
He started to sweat.
While he was skimming
Through the trade marks and the country names
There was a loud noise of a juicer falling
From the shelf.
As if toy workers were coming around,
The ghosts were looking at him
And all the dirt on his whole body started to melt down.
Furiously did he pick up a nearby hammer,
From a random shelf
Pulled down a loaf of bread
And queued up at the counter.
Melting dirt were dripping
Down the floor.
Damp and moist were pigeon droppings.
When it was his turn,
He throwed his commodity-buying book
Onto the counter.
The counter doll-girl kept trying to talk to him
With her eyes wide-open and her hands fluttering,
Nothing at all did he hear, though.
Knowing it wouldn´t make any difference
He decided to take nothing but the escalator
And got carried down standing tall
As if the whole era sank deep down.
At the ground floor noodle shop
Some idealists were, while having a taste of noodle there,
Giving him a goggle-eyed stare at the melting hammer
And the sickle on his chest.
The security officer at the doorway
Like a brand new bronze statue
Was still standing tall there.
"Comrade! You are nothing but a member
Of the fu***ng foolish class calling the Bread "the Rose".
So saying strictly,
The old man with a fist
Disappeared.
Zaw Lu Seim
Khit Yanant Magazine, January, 2018
Translated by ksw
******
#အနောက်မြောက်လွင်ပြင်ကဗျာဆု(2018)
#ဆုရကဗျာ
#စီးတီးမတ်ထဲ လီနင် ဝင်ရောက်လာခြင်း
အပေါက်ဝမှာ အဘိုးကြီးရဲ့တီရှပ်ရင်ဘတ်
တူတံစဉ်ပေါ်က အသံ ထမြည်တော့
လုံခြုံရေးသမားက လန့်ဖျပ်လို့
တကိုယ်လုံး ဖုန်အလိမ်းလိမ်းနဲ့
ပခုံးပေါ်မှာ ခိုချေးတွေနဲ့
အေးခဲနေတဲ့ လက်သီးဆုပ်ကြီးနဲ့
အထဲဝင်သွားပြီ
ရယ်မောနေတဲ့ အရုပ်တွေကို
မမြင်ဟန်ဆောင်ပြီး
စက်လှေကားအတိုင်း
လက်သီးဆုပ် ရှေ့ဆန့်ထုတ်ပြီး
မတ်မတ်ကြီး တက်သွားတာ
တွန်းလှည်းခြင်းထဲမှာ လိုက်ပါလာတဲ့
ကလေးလေးကို မြင်ပြီး
ထုတ်ကုန်ပဲလားလို့ တစ်ချက်တွေသွား
နို့မှုန့်၊ ကော်ဖီထုပ်နဲ့ အသားအေးအေးတွေ
ခြင်းထဲ ပစ်ထည့်နေတဲ့
သရဲတစ္ဆေတွေကို မြင်ပြီး
ချွေးပြန်လာတယ်၊
ကုန်အမှတ်တံဆိပ်နဲ့ နိုင်ငံအမည်တွေ
ဘိုးတော် လှန်လှောကြည့်နေရင်းက
သစ်သီးဖျော်စက်တစ်လုံး
စင်ပေါ်ကပြုတ်ကျသံ ကျယ်လောင်လို့
အလုပ်သမားအရုပ်တွေ ဝိုင်းအုံလာသလို
သရဲတစ္ဆေတွေက ကြည့်နေကြတော့
ကိုယ်ပေါ်ကဖုန်တွေ အရည်ပျော်ကျလာတာပေါ့
ဒေါသတကြီးနဲ့ အနီးနားက
တူကြီးတစ်လက်ဖြုတ်ယူပြီး တွေ့ကရာ စင်က
ပေါင်မုန့်တစ်ထုပ် ဆွဲယူပြီး
ကောင်တာမှာ တန်းစီနေလိုက်မိ
အရည်ပျော်နေတဲ့ ဖုန်တွေဟာ
ကြမ်းပြင်ပေါ် တောက်တောက်အိုင်ကျလို့
ခိုချေးတွေကလည်း အစိုပြန်လို့
သူ့အလှည့်ရောက်တော့
ကောင်တာပေါ်
ကုန်ဝယ်စာအုပ်
ပစ်ချပေးလိုက်တယ်၊
ငွေတွက်နေတဲ့ အရုပ်မလေးက
မျက်လုံးကြီးပြူးပြီး လက်တခါခါနဲ့ပြောပေမယ့်
သူ ဘာမှမကြားရဘူး
မထူးတော့တဲ့အတူ ဘာမှမယူတော့ဘဲ
စက်လှေခါးအတိုင်း ချွေးရည်စက်လက်နဲ့
မတ်မတ်ကြီး ပြန်ဆင်းချသွားတာ
ခေတ်ကြီးတစ်ခုလုံး ကျွံဝင်သွားတဲ့အတိုင်းပဲ
အောက်ဘက်ဆိုင်မှာ
ခေါက်ဆွဲအရသာခံနေတဲ့ စိတ်ဝါဒီတွေလည်း
စားနေရင်းကနေ သူ့ရင်ဘတ်ပေါ်က
အရည်ပျော်ကျနေတဲ့ တူနဲ့တံစဉ်ကို
ပြူးကြည့်နေကြတုန်း
အဝက လုံခြုံရေးဝန်ထမ်းဟာလည်း
ကြေးရုပ်အသစ်တစ်ရုပ်လို ဝါဝင်းပြီး
တောင့်တောင့်ကြီးရပ်နေတုန်း
ရဲဘော်ဟာ ပေါင်မုန့်ကို နှင်းဆီနာမည်ပြောင်းခေါ်နေတဲ့
စောက်ရူးလူတန်းစားထဲကပဲလို့
တင်းတင်းစေ့ပြောပြီး
လက်သီးဆုပ်နဲ့ အဘိုးကြီးဟာ
ပြန်လစ်သွားတယ်။
#ဇော်လူစိမ်း
ခေတ်ရနံ့မဂ္ဂဇင်း။ ဇန်နဝါရီ ။၂၀၁၈