Rachel Carson's Generation

Rachel Carson's Generation အဖွဲ့အတွက် အကြံပေးလိုခြင်း စုံစမ်း?

အမျိုးသားညီညွတ်ရေး အစိုးရ၊ပညာရေးဝန်ကြီးဌာနမှ   #မုံရွာတက္ကသိုလ်ယာယီအုပ်ချုပ်ရေးကောင်စီ ကို အသိမှတ်ပြုကြောင်း ကြေညာ။
31/05/2021

အမျိုးသားညီညွတ်ရေး အစိုးရ၊ပညာရေးဝန်ကြီးဌာနမှ
#မုံရွာတက္ကသိုလ်ယာယီအုပ်ချုပ်ရေးကောင်စီ ကို အသိမှတ်ပြုကြောင်း ကြေညာ။

မုံရွာတက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးပညာဌာနမှ လောက်ကောင်များ🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩နိုင်ငံတကာဆက်ဆံရေးပညာဌာနမှ  CDM မလုပ်တဲ့ အာဏာရ...
23/03/2021

မုံရွာတက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးပညာဌာနမှ လောက်ကောင်များ
🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩

နိုင်ငံတကာဆက်ဆံရေးပညာဌာနမှ CDM မလုပ်တဲ့ အာဏာရှင်အားပေး လောက်ကောင်တစ်စုပဲဖြစ်ပါတယ်

အာဏာရှင်ကိုတော်လှန်နေတဲ့ အရေးတော်ပုံကာလကြီးမှာ သင်ကြားနေသော ဘာသာရပ်အပါအဝင် အသက်၊သွေး၊ ချွေး၊ ပေးဆပ်ပြီး သွေးမြေခခဲ့ရတဲ့ သူရဲကောင်းအာဇာနည်များကို မထောက်ထားပဲ အာဏာရှင်လောက်ကောင်အားပေးနေတဲ့ ပြည်သူ့သစ္စာဖောက်များ ဖြစ်ပါတယ်။

"ဆရာဟူသော ဂုဏ်ပုဒ်နှင့် မထိုက်တန်"

"လူ့မှု့အသိုင်းဝိုင်းကနေ ဝိုင်း၀န်းဖယ်ကျဉ်ကြပြီး
ဖက်ဆစ်အားပေး လူတစ်စုကို အပြီးပိုင် ချေမှုန်းကြ"

မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ Monywa University Students'Union MUSU

CDM တွင်ပါဝင်ကြသောပြည်သူ့ဝန်ထမ်းများစာရင်းကို CRPH ထံတိုက်ရိုက်တင်သွင်းနိုင်ပါပြီ...https://cdm.crphmyanmar.org/အပေါ်ကလင...
08/03/2021

CDM တွင်ပါဝင်ကြသောပြည်သူ့ဝန်ထမ်းများစာရင်းကို CRPH ထံတိုက်ရိုက်တင်သွင်းနိုင်ပါပြီ...

https://cdm.crphmyanmar.org/

အပေါ်ကလင့်ခ်ကနေတစ်ဆင့်ခြင်းဖြည့်သွားယုံပါပဲ...
ကိုယ့် Personal Data မလုံခြုံမှာကိုစိတ်ပူသူများအနေနဲ့ တစ်ခါတည်းတန်းပြီး စာရင်းသွင်းနိုင်ပါပြီ...

အရေးတော်ပုံအောင်ရမည်။

(ပြန်လည်မျှဝေပေးကြပါ)

28/02/2021

IRကျောင်းသား(၃)ဦးလုံး လွတ်မြောက်ပါပြီ...
🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺
ဖမ်းဆီးခံကျောင်းသား(၃၀)ဦး ပြန်လည်လွတ်မြောက်လာပါပြီ

(၃၀)ဦးခန့် ကျန်ရှိနေပါသေးတယ်

♦️5:30 PM
Crd

27/02/2021

ပြန်လည်လွတ်မြောက်လာသူ (၅၈) ဦးသာရှိသေး

ပြဿဒ်ကျောင်းရှေ့ရှိ လွတ်မြောက်လာသူများထဲတွင် ယောက်ျားလေး (၁) ယောက် ၊ မိန်းကလေး (၅၇) ယောက် ဖြစ်ပါတယ် ။

ယနေ့ညမှာပဲ ဆက်လက်ပြီး လွှတ်ပေးမယ်လို့ သိရှိရပါတယ်ခင်ဗျာ ။

9:14 မိနစ်
Crd - Kyaw Kyaw Htet
(IR ကညီကိုတွေလည်း လွှတ်တဲ့ထဲမပါသေးပါဘူး)

မုံရွာတက္ကသိုလ်  နိုင်ငံတကာဆက်ဆံရေးပညာဌာနမှစွမ်းထက်ဦး (တတိယနှစ် ဂုဏ်ထူးတန်း)အောင်အောင် (တတိယနှစ်)ပိုင်ဇော်ကိုကို (ပထမနှစ...
27/02/2021

မုံရွာတက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးပညာဌာနမှ
စွမ်းထက်ဦး (တတိယနှစ် ဂုဏ်ထူးတန်း)
အောင်အောင် (တတိယနှစ်)
ပိုင်ဇော်ကိုကို (ပထမနှစ် ဂုဏ်ထူးတန်း) ကျောင်းသား ၃ယောက် မသမာသူစစ်အုပ်စု၏ ဖမ်းစီးခံရပါသဖြင့်
ကျွန်ုပ်တို့ RCG အဖွဲ့မှ များစွာ စိတ်သောကရောက်ရပါသည်။တစ်ဆက်တည်း အာဏာရူးစစ်ဘီလူးများအား ပြည်ထောင်စုတစ်ခုလုံးမှ စုပေါင်း တွန်းလှန်ရင် တောင်းဆိုလိုက်သည်။

စစ်အာဏာရှင်မုချကျဆုံးပါစေ🙏

မုံရွာမြို့လူထု ညီလာခံကြီး (၂၆.၂.၂၀၂၁)🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺ယနေ့မနက် သပိတ်စစ်ကြောင်းမှာ ကြေညာခဲ့တဲ့အတိုင်းပြည်ထောင်စုလွှတ်တော်ကိ...
24/02/2021

မုံရွာမြို့လူထု ညီလာခံကြီး (၂၆.၂.၂၀၂၁)
🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺

ယနေ့မနက် သပိတ်စစ်ကြောင်းမှာ ကြေညာခဲ့တဲ့အတိုင်းပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ရဲ့ နှိုးဆော်မှု၊ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ (CRSH) ရဲ့ ပန်ကြားချက်တွေနဲ့အညီ မုံရွာမြို့မှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အဆင့်ဆင့်ကို ဖွဲ့စည်းပြင်ဆင်ကြပါတော့မယ်။

မုံရွာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းဖို့အတွက် "မုံရွာမြို့လူထုညီလာခံ" ကို သဘက်ခါ (၂၀၂၁၊ ဖေဖော်ဝါရီ၊ ၂၆) သောကြာနေ့မှာ လူထုစစ်ကြောင်းအသီးသီးစုဝေးချီတက်ပြီး ကျင်းပမှာဖြစ်ပါတယ်။

ဘယ်နေရာမှာ ကျင်းပမယ်ဆိုတာ ကြိုတင်မကြေညာပါဘူး။ စတင်စုဝေးမဲ့ စုရပ်က‌ ပုံမှန်အတိုင်း "ပြသာဒ်ကျောင်း" ဖြစ်ပါတယ်။ အဲဒီကနေမှ "မုံရွာမြို့လူထုညီလာခံကြီး" ကျင်းပမဲ့ နေရာကို ဦးတည်ချီတက်ကြမှာဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ ပြည်သူ့ဝန်ထမ်းတွေ အတူတကွ ပူးပေါင်းချိတ်ဆက်ပြီး "မုံရွာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့" ကို ဖွဲ့စည်းမှာ ဖြစ်တာကြောင့် မြို့နယ်အတွင်းက ရပ်ကွက်၊ ကျေးရွာအသီးသီးဟာ စစ်ကြောင်းများအနေနဲ့ အုံနဲ့ ကျင်းနဲ့ စုဝေးချီတက် ပါဝင်ကြဖို့ အင်မတန်အရေးကြီးပါတယ်။

ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အဆင့်ဆင့်ကို ဖွဲ့စည်းပြီး စစ်အာဏာကိုဖီဆန်ကြရင်း ကျွန်တော်တို့အားလုံးရဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုကြရအောင်ပါ။

📅 နေ့ရက် ▪️ ၂၆.၂.၂၀၂၁ (သောကြာနေ့)
⏰ အချိန် ▪️ နံနက် (၉) နာရီ
🏩 စုရပ် ▪️ ပြသာဒ်ကျောင်း၊ မုံရွာမြို့

▪️မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ

 #မုံရွာတက္ကသိုလ်၏ သင်ကြား/စီမံဝန်ထမ်းပေါင်းစုံ၏ CDM စာရင်းပါ။ အရေးတော်ပုံ အောင်ရမည်👍👍👍နိုင်ငံတကာဆက်ဆံရေးပညာဌာန - 100%🥰🙏
24/02/2021

#မုံရွာတက္ကသိုလ်၏ သင်ကြား/စီမံဝန်ထမ်းပေါင်းစုံ၏ CDM စာရင်းပါ။ အရေးတော်ပုံ အောင်ရမည်👍👍👍

နိုင်ငံတကာဆက်ဆံရေးပညာဌာန - 100%🥰🙏

မုံရွာက စကော တော်လှန်ရေး🔺🔺🔺🔺🔺🔺🔺🔺🔺🔺မနက်ဖန် စမယ်ကျုပ်တို့ မြန်မာတွေ အိမ်တိုင်းနီးပါးမှာ စကောတွေ ရှိကြတယ်အဲ့စကောတွေပေါ် စစ်...
18/02/2021

မုံရွာက စကော တော်လှန်ရေး
🔺🔺🔺🔺🔺🔺🔺🔺🔺🔺

မနက်ဖန် စမယ်

ကျုပ်တို့ မြန်မာတွေ အိမ်တိုင်းနီးပါးမှာ စကောတွေ ရှိကြတယ်

အဲ့စကောတွေပေါ် စစ်အာဏာရှင်တွေကို လက်မခံကြောင်းစာတွေရေး ဆိုင်းပုဒ်အဖြစ် သုံးလို့ရသလို...

တကယ်လို့ ရေပိုက်နဲ့ ထိုးခဲ့သော်၊ လေးခွနဲ့ပစ်ခဲ့သော် ဒိုင်းကာအဖြစ်သုံးလို့ရတယ်...

မြန်မာ့ပြည်တွင်းဖြစ် စကောတွေ သုံးပြီး အရေးတော်ပုံ ဆင်နွဲဲကြပါစို့...

စစ်အာဏာရှင် ကျဆုံးရမည်

အရေးတော်ပုံ အောင်မြင်ရမည်

မုံရွာလူထုသပိတ်တိုက်ပွဲ အဋ္ဌမနေ့ (၁၄.၂.၂၀၂၁)🔷 ဗိုလ်ချုပ်ကြေးရုပ်ရှေ့ ယာယီထိုင်သပိတ် 🔷CDM အရှိန်မြှင့်တင်ကြရန်နှင့် CDM ဝ...
14/02/2021

မုံရွာလူထုသပိတ်တိုက်ပွဲ အဋ္ဌမနေ့ (၁၄.၂.၂၀၂၁)
🔷 ဗိုလ်ချုပ်ကြေးရုပ်ရှေ့ ယာယီထိုင်သပိတ် 🔷

CDM အရှိန်မြှင့်တင်ကြရန်နှင့် CDM ဝန်ထမ်းများ လူထုနှင့်အတူ လမ်း‌ပေါ်တိုက်ပွဲတွင် အားတိုက်အင်တိုက် ပါဝင်ကြရန် နှိုးဆော်တိုက်တွန်း။

(၉) ရက်မြောက်နေ့ မနက်ဖြန် (၁၅.၂.၂၀၂၁) မှာလဲ
ပြသာဒ်ကျောင်းရှေ့မှာပဲ မနက် ကိုးနာရီမှာ စတင်
စုဝေးကြပါမယ်။

⚠️⚠️⚠️
လူတစ်ဦးကို နှင်းဆီပန်း အဖြူ (သို့) အနီ တစ်ပွင့်စီ
ယူဆောင်လာခဲ့ကြရန် နှိုးဆော်ပါတယ်။

မုံရွာမြို့လူထုသပိတ်တိုက်ပွဲ စတုတ္ထနေ့ (၁၀.၂.၂၀၂၁)အစိုးရရုံးဌာန (၇) ခုအား မြို့နေလူထုသဘောထားအရ ချိတ်ပိတ်ခြင်း♦️♦️♦️♦️♦️♦...
10/02/2021

မုံရွာမြို့လူထုသပိတ်တိုက်ပွဲ စတုတ္ထနေ့ (၁၀.၂.၂၀၂၁)
အစိုးရရုံးဌာန (၇) ခုအား မြို့နေလူထုသဘောထားအရ
ချိတ်ပိတ်ခြင်း
♦️♦️♦️♦️♦️♦️

-မြန်မာ့စီးပွားရေးဘဏ် (မုံရွာ)
- စစ်ကိုင်းတိုင်း ပညာရေးမှူးရုံး
- စစ်ကိုင်းတိုင်း လဝက ဦးစီးမှူးရုံး
- စစ်ကိုင်းတိုင်း စီမံကိန်းဦးစီးရုံး
- စစ်ကိုင်းတိုင်း စာရင်းစစ်ချုပ်ရုံး
- မြို့နယ် စုပေါင်းရုံး (မုံရွာ)
- မုံရွာတက္ကသိုလ်

အစရှိသည့် ရုံးဌာန (၇) ခုအား ပြည်သူ့သဘောဆန္ဒအရ ချိတ်ပိတ်လိုက်ပြီး ဆက်လက်ရုံးတက်မည့် ဝန်ထမ်းများအား လူထု သစ္စာဖောက်များအဖြစ် ကြေညာ။

"မုံရွာကို ဒီလိုစမ်းလို့ ရရိုးလား"♦️♦️♦️♦️♦️♦️♦️♦️♦️♦️ဒီနေ့ မုံရွာမှာ လူပင်လယ်ကြီးက တိုင်းစည်ပင်ရုံးရှေ့လမ်းအပြည့် သိမ်း...
08/02/2021

"မုံရွာကို ဒီလိုစမ်းလို့ ရရိုးလား"
♦️♦️♦️♦️♦️♦️♦️♦️♦️♦️

ဒီနေ့ မုံရွာမှာ လူပင်လယ်ကြီးက တိုင်းစည်ပင်ရုံးရှေ့လမ်းအပြည့် သိမ်းလိုက်တယ်။
အဲဒီနောက် မြို့နယ်စည်ပင်၊ လျှပ်စစ်၊ ဆည်မြောင်း၊ ထောင်၊ တရားရုံး၊ စာတိုက်၊ ခရိုင် ထွေအုပ် ရုံးတွေရှိတဲ့ လမ်းကို ထပ်သိမ်းပိုက်တယ်။
လူထုတိုက်ပွဲ ကြွေးကြော်သံတွေ ဟစ်ကြွေးကြတယ်။ အင်အားစုအသီးသီးက တရားဟောကြတယ်။
လူထုက တစ်ညီတည်းလိုက်တယ်။

နေ့တောင်မကူးသေးဘူး။
မုံရွာကို ပုဒ်မ ၁၄၄ ကြေညာလိုက်တယ်။ ညမထွက်ရအပြင် နေ့ဘက်မှာပါ စုဝေးစီတန်းလှည့်လည်တာ မလုပ်ဖို့ တားမြစ်တယ်။ ဒီစာတစ်စောင်လောက်နဲ့ မုံရွာလူထုကို အိမ်ထဲက အိမ်ပြင် မထွက်နိုင်အောင် ထိန်းထားနိုင်မယ်ထင်ရင် မှားသွားမှာပေါ့။

မနက်ဖြန်မှာ ကြိုတင်ကြေညာထားတဲ့အတိုင်း ဒီတိုက်ပွဲကို ကျနော်တို့ ဆက်လက်ချီတက်ပါမယ်။
ကျောင်းသားသမဂ္ဂတပ်ဉီးအလံတော်ရဲ့ နောက်ကနေ
ယုံယုံကြည်ကြည်နဲ့ တညီတည်းလျှောက်လှမ်းကြဖို့ အားလုံးကို နှိုးဆော်ပါတယ်။ တစ်ရက်ထက် တစ်ရက် ပိုမိုစနစ်ကျနတဲ့ သပိတ်တိုက်ပွဲဖြစ်အောင် အင်အားစုတွေ စုပေါင်းလို့ ဆွေးနွေးတိုင်ပင်နေကြပါပြီ။

မုံရွာသူ မုံရွာသားတွေရဲ့ ဇကို
မနက်ဖြန် (၉.၂.၂၀၂၁) မနက် ၉ နာရီမှာ
ပြကြရအောင်ပါ။

အင်အားစုတွေ အသီးသီး (ဗကသ၊ တကသ၊
NLD၊ နိုင်ကျဉ်း၊ အရပ်ဖက်အဖွဲ့အစည်းများ) ဟာ
ညောင်တပင်လမ်းထိပ် (ဈေးသစ်ရှေ့) ကနေ
စတင်စုဝေးကြပါမယ်။

ကျနော်တို့ခေတ်မှာ ကျနော်တို့ သမိုင်း
ရာဇဝင်မရိုင်းရအောင် အားလုံးတွဲလက်ချိတ်ဆက်
လမ်းပေါ်ထွက်ကြဖို့ နှိုးဆော်ပါတယ်။

မုံရွာတက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးပညာဌာနမှ ကျွန်ုပ်တို့ ချစ်ခင်လေးစားရသော ပါမောက္ခဌာနမှူးနှင့် တကွ ဆရာ/ဆရာမများ / စီးပွာ...
05/02/2021

မုံရွာတက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးပညာဌာနမှ ကျွန်ုပ်တို့ ချစ်ခင်လေးစားရသော ပါမောက္ခဌာနမှူးနှင့် တကွ ဆရာ/ဆရာမများ / စီးပွားရေးပညာဌာနမှ ဆရာ ဆရာမများဖြစ်ပါတယ်

-မုံရွာ နိုင်ငံတကာဆက်ဆံရေးပညာမှ ကျောင်းသား/သူများသည်လည်း ဆရာ ဆရာမတို့နှင့်အတူ ထောက်ခံရပ်တည်ပါကြောင်းနှင့် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း လေးစားစွာဖြင့် ဦးညွှတ်ကန်တော့လိုက်ပါတယ်ခင်ဗျာ🙏🙏❤️💕

"စစ်အာဏာရှင်စနစ် ကျဆုံးပါစေ"





မုံရွာတက္ကသိုလ်အတွင်းမှ အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များ၊ Family များနှင့် ကျောင်းသား/သူ အင်အားစုများ၏ ဆရာ/ဆရာမများနှင့် ဝ...
04/02/2021

မုံရွာတက္ကသိုလ်အတွင်းမှ အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များ၊ Family များနှင့် ကျောင်းသား/သူ အင်အားစုများ၏

ဆရာ/ဆရာမများနှင့် ဝန်ထမ်းများသို့ ပန်ကြားထုတ်ပြန်ချက်

ပြည်သူ့ကိုယ်စားလှယ်များ လွှတ်တော်ခေါ်ပါပြီနိုးနိုးကြားကြား ရှိကြပါအသင့်အနေအထားမှာ ရှိနေပါစေ💪
04/02/2021

ပြည်သူ့ကိုယ်စားလှယ်များ လွှတ်တော်ခေါ်ပါပြီ
နိုးနိုးကြားကြား ရှိကြပါ
အသင့်အနေအထားမှာ ရှိနေပါစေ💪

မုံရွာတက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးပညာ ကျောင်းသားကျောင်းသူများ၏ သဘောထားထုတ်ပြန်ကြေညာချက်ရက်စွဲ ။ ဖေဖော်ဝါရီ ၃၊ ၂၀၂၁ ခုနှစ...
03/02/2021

မုံရွာတက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးပညာ ကျောင်းသားကျောင်းသူများ၏ သဘောထားထုတ်ပြန်ကြေညာချက်

ရက်စွဲ ။ ဖေဖော်ဝါရီ ၃၊ ၂၀၂၁ ခုနှစ်

Source - YU Open Political Society၇၂ နာရီဆိုတဲ့ ဂျင်း၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ တပ်မတော်က နိုင်ငံတော်အတိုင်ပင်ခ...
02/02/2021

Source - YU Open Political Society

၇၂ နာရီဆိုတဲ့ ဂျင်း

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ တပ်မတော်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်အပါအဝင် လက်ရှိ အစိုးရအဖွဲ့မှာ တာဝန်ထမ်းဆောင်နေခဲ့တဲ့ တာဝန်ရှိသူအချို့ကို ဖမ်းဆီးထိန်းသိမ်းထားခဲ့ရာကနေ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုတစ်ရပ် ထပ်မံ ပေါ်ပေါက်လာခဲ့ပါတယ်။ ဒီလိုအခြေအနေတွေ စတင်လာတာနဲ့ တစ်ပြိုင်နက် ပြည်သူတွေကြားမှာ ထိတ်လန့်မှု၊ ကြောက်ရွံမှု၊ စိုးရိမ်မှုတွေ ပျံ့နှံ့သွားခဲ့ပါတယ်။ အာဏာသိမ်းမှုနဲ့ ဆက်စပ်တဲ့ အကြောင်းအရာများကို ပို့စ်အဖြစ်ရေးသားမှုတွေလည်း ဖေ့စ်ဘုတ်တစ်ခွင်မှာ ပျံ့နှံ့ခဲ့ပါတယ်။ ဒီအထဲမှာ "၇၂ နာရီစောင့်ကြည့်ကြမယ်"၊ "၇၂ နာရီပြီးရင် ဘာဖြစ်လာနိုင်တယ်" ဆိုတဲ့ ၇၂ နာရီနဲ့ ပတ်သက်တဲ့ ယူဆချက်အလွဲအမှား​တွေကိုလည်း တွေ့လာရပါတယ်။

ဘာကြောင့် ၇၂ နာရီလဲ၊ ၇၂ နာရီနှင့်ပတ်သက်တဲ့ ဘာယူဆချက်တွေရှိသလဲ။

၇၂ နာရီ ယူဆချက်ကို လူပျောက်မှုကဲ့သို့သော မှုခင်းစစ်ဆေးရာများမှာ အဓိကသုံးလေ့ရှိပါတယ်။ "မှုခင်းဖြစ်တဲ့အကြောင်းအရာနဲ့ ပတ်သက်လို့ လူတွေရဲ့ မှတ်ဉာဏ်တွေမှေးမှိန်မသွားခင် ၄၈ နာရီအတွင်း စုံစမ်းခြင်းကအကောင်းဆုံးဖြစ်တယ်" လို့ University of South Florida မှ Criminology Professor နှင့် FBI Agent ဟောင်း တစ်ဦးဖြစ်သူ Dr. Bryanna Fox ကပြောပါတယ်။ ဒီအချိန်တိုကာလအတွင်းစုံစမ်းခြင်းက ကိစ္စတစ်ခုဖြစ်ပွားတဲ့ အကြောင်းရင်းကို ပိုပြီး ခရေစေ့တွင်းကျသိရစေနိုင်တာကြောင့် ၇၂ နာရီဆိုတဲ့ အချိန်ကာလက အရေးပါနေရခြင်းဖြစ်ပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အာဏာသိမ်းမှုနဲ့ ဆက်စပ်လို့လည်း ဘယ်သူက အစပျိုးလိုက်မှန်းမသိပေမယ့် ၇၂ နာရီနဲ့ပတ်သက်တဲ့ ယူဆချက်များစွာ ထွက်ပေါ်လာပါတယ်။ ဒီဟာကို မှားယွင်းတဲ့ မျှော်လင့်ချက်တစ်ခု (False Hope) အနေနဲ့ အချို့လူများမျှော်လင့်နေ​ကြတာကို တွေ့ရပါတယ်။ အထူးသဖြင့် "ကုလသမဂ္ဂက ၇၂ နာရီအတွင်း ဘာလုပ်နိုင်တယ်" ဆိုတဲ့ မျှော်လင့်အချက်အမှားများကို တွေ့ရပါတယ်။ ကုလသမဂ္ဂအနေနဲ့ ၇၂ နာရီနဲ့ပတ်သက်တဲ့ လုပ်ဆောင်ချက်အချို့ရှိတယ်ဆိုတာ အမှန်ပါပဲ။ ဥပမာအနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၀ နိုဝင်ဘာလအတွင်း အီသီယိုပီးယားနိုင်ငံမှ Tigray များကို ၇၂ နာရီအတွင်း လက်နက်ချအရှုံးပေးရန်ရာဇသံပေးခြင်း၊ Yemen နိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော Yemen Civil War အား ၂၀၁၆ ခုနှစ်က ၇၂ နာရီကြာ အပစ်အခတ်ရပ်စဲရေးသက်တမ်းတိုးရန် တွန်းအားပေးခြင်း များရှိခဲ့ပါတယ်။ (အခြားသော ၇၂ နာရီကြာ အပတ်အခတ်ရပ်စဲရေးပြုလုပ်ရန်တွန်းအားပေးခြင်း၊ ၇၂ နာရီ အတွင်း လက်နက်ချရန် ရာဇသံပေးခြင်းစတဲ့ သာဓကများလည်း ရှိပါသေးတယ်။) ဒါပေမယ့် နိုင်ငံများရဲ့ ပြည်တွင်းရေးကိစ္စများအပေါ် ကုလသမဂ္ဂအဖွဲ့ချုပ်က ဘယ်လိုပါဝင်ရမလဲဆိုတာကို ဆုံးဖြတ်ရာမှာ အရေးပါတဲ့ လုံခြုံရေးကောင်စီရဲ့ မူဝါဒများမှာတော့ ၇၂ နာရီနဲ့ပတ်သက်တဲ့ အချက် တစ်ချက်မှ မတွေ့ရပါဘူး။ ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း ၇၂ နာရီဆိုတဲ့ စကားလုံး တစ်လုံးတစ်ပါဒမျှ ပါဝင်ခြင်းမရှိပါဘူး။ ဒါကြောင့် လက်ရှိ လူအများပြောဆိုနေကြတဲ့ ၇၂ နာရီနဲ့ပတ်သက်တဲ့ အကြောင်းအရာများဟာ မှားယွင်းသောမျှော်လင့်ချက် (False Hope) များသာဖြစ်ပါတယ်။

၇၂ နာရီကျော်လို့ ဘာကြောင့်အာဏာသိမ်းတယ်ဆိုတဲ့ အကြောင်းမပြနိုင်ရင် တပ်က အာဏာပြန်အပ်ရမယ်ဆိုတာလည်း မဟုတ်ပါဘူး။ အခုတောင် ရွေးကောက်ပွဲမဲစာရင်းတွေကို အကြောင်းပြပြီး ကာကွယ်​ရေးဦးစီးချုပ်က တရားဝင်အာဏာသိမ်းထားပြီးသားပါ။ ဒါကအမှန်တရားပါ။ အကြောင်းပြချက်ထပ်ပေးပြီး အာဏာထပ်သိမ်းစရာကိုမလိုတော့ပါဘူး။

နိုင်ငံတကာနဲ့ ကုလသမဂ္ဂ က ၇၂ နာရီကိုကြည့်ပြီး ဆုံးဖြတ်မယ်ဆိုတာလည်း မဟုတ်ပါဘူး။ အမေရိကန်၊ ဗြိတိန်တို့လိုနိုင်ငံတွေက စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်ကြောင်း မနေ့ကတည်းက ထုတ်ပြန်ထားတာပါ။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း မြန်မာအရေးကို ဒီနေ့ဆွေးနွေးမှာပါ။ ၇၂နာရီမပြည့်ခင်ကတည်းက ဒါတွေကိုလုပ်နေကြတာပါ။ ဆိုတော့ ဒါကိုမျှော်ပြီး ၇၂ နာရီစောင့်ပါဆိုတာဟာ အဓိပ္ပါယ်မရှိတဲ့ မျှော်လင့်ချက်အမှားပါပဲ။

၇၂ နာရီကိုစောင့်နေရင် ဘာဖြစ်လာမလဲ

၇၂ နာရီကို အေးအေးဆေးဆေးစောင့်နေရမယ်ဆိုပြီးပြောနေတာတွေအတိုင်းလုပ်မယ်ဆိုရင် ဘာဖြစ်မလဲ။ ဘယ်သူတွေအကျိုးရှိမလဲ။ ဆိုရင် ဒီကနေ အမြတ်ထွက်သွားမှာက​တော့ အာဏာသိမ်းတဲ့ စစ်တပ်ပါပဲ။ ၇၂ နာရီကျော်ရင် လူတွေရဲ့ မှတ်ဥာဏ်တွေက မှေးမှိန်လာတတ်ပါတယ်။ ကြာရင်မေ့လာတတ်တဲ့သဘောပါပဲ။ သွေးအေးလာကြပါလိမ့်မယ်။ စစ်တပ်ကအာဏာသိမ်းတဲ့ လက်ရှိအခြေအနေကို နေသားကျလာကြပါလိမ့်မယ်။ အာဏာသိမ်းတယ်ဆိုတာ ထင်သလောက်မဆိုးပါဘူးဆိုတာတွေ ဖြစ်လာပါလိမ့်မယ်။ အဲလိုအခြေအနေမှာ စစ်တပ်ကို ဆန့်ကျင်တုံ့ပြန်ဖို့လိုအပ်တဲ့အင်အားတွေ အများအပြား ဆုံးရှူံးသွားပါလိမ့်မယ်။

၇၂ နာရီပြည့်တဲ့အထိ ပြည်သူတွေအနေနဲ့ ဘာမှမလုပ်ဘဲ အေးအေးဆေးဆေးနေကြတာဟာ ဆန့်ကျင်တုံ့ပြန်မှုတစ်ခုစဖို့ အခြေအနေကိုစောင့်ကြည့်နေခြင်းလား၊ ဒီလိုမဟုတ်ဘဲ အကြောက်တရားတွေနဲ့ အာဏာသိမ်းထားတဲ့ အနေအထားအပေါ်နေသားတကျ ဖြစ်သွားနိုင်ဖို့ အစပြုနေတာလား ဆိုတာစဥ်းစားစရာပါ။

ပထမ ၇၂ နာရီကိုငြိမ်နေတာဟာ အခြေအနေကိုစောင့်ကြည့်နေတာလို့လည်း တွေးလို့ရပေမယ့် တစ်ဖက်မှာလည်း စစ်တပ်ရဲ့ နောက်ထပ်ခြေလှမ်း​တွေကိုဆက်လှမ်းစေဖို့ လူထုကိုယ်တိုင်က စစ်တပ်ကို ပြင်ဆင်ချိန်ပေးတာမျိူးလည်း ဖြစ်သွားနိုင်ပါတယ်။ ဒီအချိန်အတွင်းမှာ စစ်တပ်အနေနဲ့ အစိုးရယန္တရားလည်ပတ်အောင် လူအစားထိုးမှုတွေ၊ အလုပ်သမားများ ဌာနဆိုင်ရာဝန်ထမ်းများအပေါ် လက်နက်ပြအင်အားသုံးပြီး အကြမ်းနည်းနဲ့ အဓမ္မခိုင်းစေ အလုပ်ဆင်းစေတာမျိုးတွေလည်း ဖြစ်လာနိုင်ပါတယ်။ TV channel တွေမှာလည်း ပုံမှန်အတိုင်းထုတ်လွှင့်မှုတွေရှိနေပြီး ဘာမှမပြောင်းလဲသွားသလို တစိမ့်စိမ့်နဲ့ ခြေကုတ်ယူနေတာမျိုးဖြစ်နိုင်ပါတယ်။

နေ့စဥ်ဘဝမှာ ဆိုးဆိုးရွားရွားတိုက်ရိုက်ထိခိုက်လာတာ မရှိသေးတာကြောင့်လည်း ဖိနှိပ်ခံရမှုအတွေ့အကြုံရှိခဲ့တဲ့လူကြီးမိဘတွေအနေနဲ့ ကျောင်းသားလူငယ်တွေအပေါ်ဆန့်ကျင်ကြောင်းရေးသားခြင်းတွေ၊ လှုပ်ရှားခြင်းတွေမပြုလုပ်ဖို့ တိုက်တွန်းနေတာတွေ တွေ့ရပါတယ်။ အဲအခါမှာလည်း နားယောင်ပြီး သွေးမအေးသွားဖို့၊ ဒီအခြေအနေနဲ့ အသားကျဖို့ကြိးစားနေတာမျိုး မဖြစ်ဖို့ အရေးကြီးပါတယ်။ အခြေအနေကို စောင့်ကြည့်ရင်း သွေးအေးသွားတာမျိုးမဖြစ်စေချင်သလို အကြောက်တရားနဲ့ယှဥ်ပြီး အာဏာသိမ်းမှုကိုအသားကျအောင် လေ့ကျင့်ယူနေတာမျိုး မဖြစ်စေချင်ပါဘူး။

၇၂ နာရီဆိုတာကတော့ ပြည်သူတွေသွေးအေးသွားဖို့၊ စစ်တပ်အနေနဲ့ အချိန်ပိုရဖို့ အကွက်ချစီစဥ်ထားတဲ့ ဝါဒဖြန့်မှုတစ်ခုပါပဲ။ ဒီလို စစ်တပ်အတွက်အကျိုးဖြစ်မယ့် ၇၂ နာရီဆိုတဲ့ဂျင်းကို ပြည်သူတွေမစားမိကြဖို့ အရေးကြီးပါတယ်။ သွေးအေးမသွားကြပါနဲ့။ နေသားကျမသွားကြပါနဲ့။

အာဏာသိမ်းတယ်ဆိုတာ အချိန်နာရီမရွေး ဆန့်ကျင်တုံ့ပြန်ရမယ့်လုပ်ရပ်ပါ။ ၇၂ နာရီမပြည့်လို့ အာဏာသိမ်းတာကို မဆန့်ကျင်သေးရာကနေ တစ်သက်လုံး အာဏာရှင်စနစ်အောက် နေသွားရပါလိမ့်မယ်။

၇၂ နာရီဂျင်းများ ကျရှုံးပါစေ။ ပြည်သူများနိုးကြားပါစေ။ စစ်အာဏာရှင် ကျရှုံးပါစေ။

သံပုံးတီးကမ်ပိန်း၂ ရက် ၂ လ ၂၀၂၁ ည (၈) နာရီ  ♦️၂၀၂၁ ၊ ဖေဖော်ဝါရီ (၂) ရက် ၊ ည(၈) နာရီအချိန်မှာ မိမိတို့ နေအိမ်အသီးသီးကနေ စ...
02/02/2021

သံပုံးတီးကမ်ပိန်း
၂ ရက် ၂ လ ၂၀၂၁
ည (၈) နာရီ




♦️၂၀၂၁ ၊ ဖေဖော်ဝါရီ (၂) ရက် ၊ ည(၈) နာရီအချိန်မှာ မိမိတို့ နေအိမ်အသီးသီးကနေ စစ်အာဏာသိမ်းအစိုးရကို သံပုံးတီးပြီး ဆန္ဒထုတ်ဖော်ကာ ကန့်ကွက်ကြောင်းပြသကြပါစ်ို့။

♦️သံပုံးမရှိသူများက ဒန်အိုး၊ ဒန်ခွက်၊ စတီးအိုး အစရှိတာတွေကို အသုံးပြုပြီး တစ်မိနစ်တိတိ သံပုံးတီးပြီး "အာဏာသိမ်းစစ်အစိုးရ" ကို ဆန့်ကျင်ကန့်ကွက်ကြပါမယ်။

♦️သံပုံးတီးနေရင်းနဲ့ အောက်ဖော်ပြပါ ကြွေးကြော်သံသုံးချက်ကို နေအိမ်အတွင်းကနေ ဟစ်ကြွေးကြပါမယ်။

♦️ကြွေးကြော်သံ များ -
၁။ အမေစု - ကျန်းမာပါစေ ။
၂။ မြန်မာပြည် - လွတ်မြောက်ပါစေ။
၃။ စစ်အာဏာရှင် - ချုပ်ငြိမ်းပါစေ ။

♦️မိမိတို့ နေအိမ်ကနေပဲ အေးချမ်းစွာ ဆန္ဒထုတ်ဖော်ပါ။
လူစုလူဝေး မပြုလုပ်ပါနှင့်။

♦️သတင်းစကားကို တယောက်တဆင့် လက်ဆင့်ကမ်းပေးစေလိုပါတယ်။
အမိနိုင်ငံအတွက် မိမိတို့ နိုင်သမျှအားနဲ့ ဝန်းရံကြရအောင်ပါ။

အမှုဆောင်အဖွဲ့ (RCG)

Address

Kyaut Kar Street
Monywa

Telephone

+959403459997

Website

Alerts

Be the first to know and let us send you an email when Rachel Carson's Generation posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share