ᶠᵉᵉˡⁱⁿᵍ ᴸⁱᶠᵉ

ᶠᵉᵉˡⁱⁿᵍ ᴸⁱᶠᵉ မင်္ဂလာပါ

ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထား တတ်ရမယ်။ကိုယ့်ဘဝ၊ ကိုယ့် ခံယူချက်နဲ့ကိုယ့် ယုံကြည်ချက် ရှိရှိဂုဏ်ယူစွာ ရပ်တည်နိုင်ဖို့ပါ...အ...
08/01/2025

ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထား တတ်ရမယ်။
ကိုယ့်ဘဝ၊ ကိုယ့် ခံယူချက်နဲ့
ကိုယ့် ယုံကြည်ချက် ရှိရှိ
ဂုဏ်ယူစွာ ရပ်တည်နိုင်ဖို့ပါ...

အသက်မွေးဝမ်းကြောင်း ပညာ
တစ်ခုခု တတ်ကို တတ်ထားရမယ်။
မည်သူ တစ်ဦးတစ်ယောက်ကိုမှ
ဘဝတစ်ခုလုံး ပုံအပ်ပြီး
လောက အလယ်မှာ
အားငယ်စွာ မနေထိုင်ရဖို့ပါ...

လှပစွာ ပြင်ဆင် ဝတ်စား တတ်ရမယ်။
ကိုယ်ဟာ လှပစွာ တည်ရှိနေတယ် ဆိုတဲ့စိတ်ဟာ
ကိုယ့်ကို ယုံကြည်ချက် အများကြီး ပေးနိုင်လို့ပါ...

မနက်စောစော ထရမယ်။
ကိုယ့် ရည်မှန်းချက် တွေဆီ
မြန်မြန်ရောက် နိုင်အောင်
အလုပ်တွေ ပိုမို ပြီးမြောက်အောင်
ရထားတဲ့ အချိန်ကလေး ကို
လုံလောက်စွာ အသုံးချ နိုင်ဖို့ပါ...

အလှူအတန်း ရက်ရောရမယ်။
ဘာကိုမှ မျှော်လင့်ချက် မရှိဘဲ
လွတ်လပ်စွာ လှူတန်းရခြင်းဟာ
ကြီးမားတဲ့ မွန်မြတ်ခြင်း တစ်ခု
ဖြစ်နေလို့ပါ...

ဒါတွေ အားလုံးကို
ကောင်းမွန်စွာ တတ်မြောက်ထားရပါမယ်။
ယောင်္ကျားမို့ ၊ မိန်းမမို့ မဟုတ်ဘူး...
လူတစ်ယောက် ဖြစ်နေလို့ပါ။

နေ့စဉ် လုပ်နေတဲ့ အရာတွေက
အကြောင်းအရာချင်း တူရင်တောင်
ရည်ရွယ်ချက်နဲ့ ခံယူချက် မတူရင်
ဘဝ တန်ဖိုးကလည်း တူမှာ မဟုတ်ဘူး...

တစ်ဖက် စောင်းနင်းတဲ့
အတွေးအခေါ် မျိုးက
လူ့ ပတ်ဝန်းကျင်ကို အကျိုးမပြုစေဘူး။

ကိုယ့်ကို လောင်မြိုက်နေတဲ့ အရာ တစ်ခုကို
သူများလည်း လောင်မြိုက်ပါစေ ဆိုပြီး
ဖြန့်ဝေ နေခြင်းက ကြီးစွာသော
အကုသိုလ် ဖြစ်စေ ပါတယ်...

"လူ" ဆိုတာ ...
တဏှာတစ်ခုတည်းအတွက် ရှင်သန်နေတာမဟုတ်ဘူး...

ကိုယ်ရှင်သန်နေတဲ့ ဘဝရဲ့ တန်ဖိုးနဲ့
ရပ်တည်ချက်တွေကို
ကောင်းကောင်း နားလည် စေချင်မိတယ်...

#လူထုဒေါ်အမာ

" အချစ်ဆိုတာ ဘဝမဟုတ်သလို ဘဝဆိုတာလည်း အချစ်မဟုတ်ပါ"အချစ်ကို ဗန်းပြပြီးကလေးဆန်ရမယ့် အရွယ်လဲမဟုတ်တော့ပါဘူးဘဝဆိုတာကိုလဲ ကလေး...
03/01/2025

" အချစ်ဆိုတာ ဘဝမဟုတ်သလို
ဘဝဆိုတာလည်း အချစ်မဟုတ်ပါ"

အချစ်ကို ဗန်းပြပြီး
ကလေးဆန်ရမယ့် အရွယ်လဲ
မဟုတ်တော့ပါဘူး

ဘဝဆိုတာကိုလဲ ကလေးဆန်ဆန်
အတွေးတွေနဲ့ ဖြတ်သန်းနေသ၍
တိုးတက်လာမှာ မဟုတ်ပါဘူး

အချစ်နဲ့ ဘဝ ဘာကို ရှေ့တန်းတင်မလဲပေါ့
အချစ်နဲ့ဘဝထပ်တူညီဖို့ဆိုတာကလဲ
အင်မတန်ကို ခက်ခဲလွန်းလှပါတယ်
တစ်ခုခုကို ရှေ့တန်းတင်မိရင်
တစ်ခုခုတော့ နောက်ကျကျန်နေမှာအမှန်ပါပဲ

ဒါပေမယ့်
ကိုယ့်ရဲ့ရွေးချယ်မှုက ကိုယ့်ဘဝပါပဲ
ဘဝကို အရင်လှအောင် လုပ်မလား?
အချစ်ကို အရင် ဦးညွှတ်မလား?
ဆိုတာကိုတော့ ကိုယ့်ရဲ့ ရွေးချယ်နိုင်တဲ့
အပေါ် မူတည်ပြီး ခံစား စံစားကြရမှာပါပဲ

ထမင်းရည်အပူ အတူသောက်ပြီး
တဲအိုပျက်မှာ နေရ နေရဆိုတဲ့စကားက
တစ်ကယ့်အပြင်လူ့ဘဝမှာ လွယ်ကူတာမှ
မဟုတ်ပဲ

တိုးတက်လာတဲ့ ခေတ်စနစ်နဲ့အညီ
အများသူငါလို စားချင် သောက်ချင်
ဝတ်ချင်လှချင် အရာရာကို
ထိတွေ့ကိုင်တွယ်
မက်မောချင်နေကြတာလဲ သဘာဝပါပဲ

မိုးမမြင်လေမမြင် ချစ်စခင်စ
ကြင်နာစတုန်းကတော့ သူ့မျက်နှာလေး
မြင်နေရရင်ကို ဗိုက်ပြည့်သွားသလိုလို
အရာရာပြည့်စုံသွားသလိုလိုနဲ့ပါပဲ

တစ်ကယ့် တစ်ကယ်
အဆင်မပြေမှုတွေနဲ့လဲ ကြုံရော
သူ့မျက်နှာလေးလဲ တစိမ့်စိမ့်ထိုင်ပြီး
မငေးနိုင် မကြည့်နိုင်တော့ဘူး
ထမင်းရည်ပူ အတူမသောက်နိုင်တော့
သလို တဲအိုပျက်မှာလဲ
မနေနိုင်ကြတော့ပါဘူး

အချစ်ကိုရှေ့တန်းတင်မိလို့
နစ်မွန်းသွားတဲ့ဘဝတွေရှိသလို
ဖြစ်ထွန်းသွားတာတွေလဲ ရှိပါတယ်
အဆင်မပြေမှုတွေကြားထဲ နားလည်မှုရှိရှိ
လက်တွဲသွားကြတဲ့သူတွေကတော့
တိုးတက်လာနိုင်ပါတယ်
ရှားတော့ ရှားတာပေါ့လေ

ဘဝကိုရှေ့တန်းတင်မိပြန်ရင်လဲ
အချစ်ဆိုတာကို မေ့နေတတ်ကြပါတယ်
ခေါင်းထဲမှာ ကိန်းဂဏန်းတွေပဲရှိပြီး
ခုန်နေတဲ့ နှလုံးကလဲ
သွေးလေလည်ပတ်မှု တစ်ခုထဲအတွက်ပဲ
ဖြစ်နေတတ်ပါတယ်

ဒါပေမယ့် ဘဝကိုသာ
အရင်လှအောင်လုပ်ကြည့်ပါ
အချစ်ဆိုတဲ့အရာ ဘယ်ကနေ
ဝင်မှန်းမသိကို ဝင်လာပါလိမ့်မယ်

အဲ့ဒီတော့
ဘာကို အရင်ရှေ့တန်းတင်မလဲ
ဆိုတာကိုတော့ သေချာလေး
စဉ်းစားဆုံးဖြတ်ပါ သူငယ်ချင်း

အချစ်က ဘဝမဟုတ်သလို
ဘဝဆိုတာကလဲ အချစ်မရှိလို့ မပြည့်စုံနိုင်ပါဘူး


Credit. San Hla
&succcesi

ကိုယ့်ဇနီးကို သဘောထားကြီးစွာ ပံ့ပိုးပေးပါ==========================လုပ်ငန်းခွင်မှာ အောင်မြင်နေတဲ့ အမျိုးသမီးတွေရဲ့နောက်မ...
02/01/2025

ကိုယ့်ဇနီးကို သဘောထားကြီးစွာ ပံ့ပိုးပေးပါ
==========================

လုပ်ငန်းခွင်မှာ အောင်မြင်နေတဲ့ အမျိုးသမီးတွေရဲ့နောက်မှာ စိတ်သဘောထားကြီးမြင့်တဲ့ အမျိးသားတစ်ဦးရှိတယ်လို့ကျွန်မကတော့ယုံကြည်လက်ခံပါတယ်။

“မိန်းကလေးပဲ အချိန်တန် လင်ယူသွားမှာ စာသင်ပေးစရာမလို“ ဆိုတဲ့ ဖခင်မျိုး ရှိသလို၊
“သမီး... တက်ချင်သလောက်တက်ပါ၊ အဖေ ပုခုံးနဲ့ ထမ်းတင်ပေးမယ်“ဆိုတဲ့ ဖခင်မျိုး
လည်း ရှိတာ တွေ့ခဲ့ဖူးတယ်။

ပြီးတော့“အပြင်ထွက်ပြီး ဘာလုပ်ချင်သေးတာလဲ၊ မင်းအလုပ်က ငါတို့အိမ်ထဲမှာပဲရှိတယ်၊ မင်း အလုပ်အကျွေးပြုရမှာလဲ ငါ့ကိုပဲ သိလား“ ဆိုတဲ့ ခင်ပွန်းမျိုး၊ “ မိန်းမရဲ့ ပါရဂူဘွဲ့ အတွက် ပညာဆက်သင်ချင် သင်လေ၊ အိမ်အလုပ်တွေကို ကိုယ်လည်း ကူညီပေးမှာပေါ့၊ ကလေး အတွက်လည်း စိတ်မပူနဲ့မိန်းမ“ ဆိုတဲ့ ခင်ပွန်းသည်မျိုးလည်း တွေ့ခဲ့ဖူးတယ်။

ပြီးတော့မိဘလက်ထဲမှာတော့ ထူးချွန်တယ်၊ တော်တယ် ထက်မြက်တယ်ဆိုတဲ့ အမျိုးသမီးအများစုက အိမ်ထောင်ကျတဲ့အခါ အိမ်ရှင်မဘ၀မှာပဲ အောင်မြင်သွားကြတာ တွေ့ရတယ်။ တကယ့် လုပ်ငန်းခွင်မှာရော၊ အ်ိမ်ထောင်ရေးမှာရော လူမှုအသိုင်းအဝိုင်းကြားမှာပါ အောင်မြင်ဖို့ဆိုတဲ့ အဆင့်ထိ ရောက်မလာခဲ့ကြပါဘူး။

ကျမတို့လို အိမ်ထောင်ရှင်မတွေဟာ ကိုယ့်လင်သား ခင်ပွန်းက စိတ်နေမြင့်ရင် မြင့်သလောက်သာ တက်နိုင်ကြတာပါ။ မိဘနဲ့ နေတုန်းကလည်း မိဘရဲ့ပံ့ပိုးမှုကြောင့် ထူးချွန်ခဲ့တယ်၊ အိမ်ထောင်ကျတော့လည်း ခင်ပွန်းသည်ရဲ့ပံ့ပိုးမှုကြောင့် ဆက်လက်ထူးချွန် အောင်မြင်နေတုန်း ပဲ ဆိုတဲ့ အောင်မြင်တဲ့ အမျိုးသမီးတွေရှိပါတယ်။ နည်းပါးလှတယ်။ ဘာကြောင့်လဲဆိုတော့ ကျမတို့ရဲ့လူမှုအသိုင်းအဝိုင်းမှာ မိန်းမတစ်ယောက်ကို ပံ့ပိုးအားပေးတတ်တဲ့ အလေ့အကျင့်နည်းပါးလှလို့လို့ပဲ ဆိုချင်ပါတော့တယ်။

ရှေးတုန်းကထက် စာရင်တော့ဒီကနေ့ ခေတ်မှာ နယ်ပါယ်သုံးမျိုး လုံး အောင်မြင်နေတဲ့အမျိုးသမီးတွေရှိနေတာကတော့ ၀မ်းသာကျေနပ်စရာပါ။

ဒါပေမဲ့ အိမ်ရှင်မဘ၀၊ မိခင်ဘ၀မှာကောင်းကောင်းအောင်မြင်နေပေမဲ့ စီးပွားရေးနဲ့လုပ်ငန်းခွင်မှာ အိမ်ရှင်မ၊မိခင်တစ်ယောက်အနေနဲ့ အောင်မြင်ဖို့ ဆိုတာ မလွယ်ကူဘူးဆိုတာကို ကျမအနေနဲ့လည်း တဖြည်းဖြည်းနဲ့ပိုပိုသိလာရလို့ပါပဲ။

တစ်နေ့က အိမ်ရှင်မအမျိုးသမီးတစ်ဦးက ဖုန်းဆက်တယ်။ သူက ဘွဲ့ရ၊ပညာတတ်၊ သတင်းတွေလည်း နားထောင်ပြီး နိုင်ငံရေး အခြေခံအသိလေးလည်းရှိတော့သူ့စိတ်ထဲမှာ တိုင်းပြည်နဲ့လူမျိုးအတွက် သူ့ကိုယ်သူ အသုံးပြုချင်တဲ့ စိတ်ကူးလေးတွေ ရှိတယ်။ ဒါတွေကို သူက အသုံးပြုလို့ရတဲ့ အလုပ်လေးတစ်ခု လုပ်ချင်တယ်။ ဒါပေမဲ့ သူ့ ခင်ပွန်းက ခွင့်မပြုဘူး။

“ငါရှာတဲ့ ပိုက်ဆံက မလုံလောက်လို့လား၊ မင်း ငတ်နေလို့လား၊ ဘာဖြစ်လို့ လတ်လျားလတ်လျားနဲ့ အလုပ်ထွက်လုပ်ချင်ရတာလဲ၊ အိမ်မှာ အေးအေးဆေးဆေး အိပ်နေလို့ရတယ်“ လို့ဆိုသတဲ့။

သူ့ခင်ပွန်းက သူ့ကို ယုံကြည်ပေမဲ့ အပြင်အလုပ်ထွက်လုပ်ဖို့ ပိုက်ဆံလည်း မလိုဘူးတဲ့။ အိမ်အလုပ်မှာ လစ်ဟာသွားမယ်လို့ ဆိုတယ်။ အိမ်အကူ ငှားမှာပေါ့ ဆိုတော့ အိမ်အကူက မင်းလောက်ကောင်းအောင် လုပ်နိုင်ပါ့မလား တဲ့။

အတ္တကြီးလိုက်တာလို့ ကျမ တွေးမိတော့ အဲဒီလို ခင်ပွန်းတွေ ကျွန်မတို့ပတ်၀န်းကျင်မှာ ဘယ်လောက်ရှိသလဲ၊ ကိုယ့်ဇနီးကိုလိင်ကျွန်သာသာပဲသတ်မှတ်ပေးထားတဲ့ ယောင်္ကျားမျိုးတွေ ဘယ်လောက်ရှိသလဲ ဆိုတာ မေးချင်လာမိတယ်။

အချို့ အမျိုးသမီးတွေက မိသားစုအတွက်အပြင် ၊သူတို့သင်ထားတဲ့ပညာနဲ့ အကျိုးပြုနိုင်တဲ့အလုပ်လေးတွေ လုပ်နိုင်အောင် စိတ်ပိုင်းဆိုင်ရာ အမြင်ကျယ်တဲ့စိတ်သဘောထား ကြီးမြင့်တဲ့ အမျိုးသားတွေရှိကြပါတယ်။

ကိုယ့်ဇနီးကို သူတို့ရဲ့ကိုယ်ပိုင်ဘဝလေး ရှိနေပါစေ ဆိုတဲ့စိတ်နဲ့ ဖြည့်ဆည်းပေးတတ်တဲ့ ခင်ပွန်းသည်ကတော့ ပိုက်ဆံဘယ်လောက်ပဲရှိပါစေ သူတို့ဇနီးကို အလုပ်လုပ်ခွင့်ပြုကြတယ်။

ဒါပေမဲ့ အချို့ကတော့သူတို့ကိုယ်တိုင်ရော သူတို့ရဲ့ ထက်မြက်တဲ့ဇနီးသည်တွေကိုရော အောင်မြင်အောင် ထိရောကါစွာ မစွမ်းဆောင်နိုင်ကြဘူး။

အဲဒါက ဘာလဲဆိုတော့ သူတို့စိတ်ထဲ ဝေခွဲမရလို့ပါ။ အောင်မြင်ရင် သူ့ကိုထားခဲ့မလား တွေးတာလည်းပါတယ်။ ကိုယ့်ကို အလေးမထားမှာကို စိုးရိမ်တာလည်းပါတယ်။ ကိုယ့်အတ္တနဲ့စဉ်းစားပြီး ပံ့ပိုးမှုကို ကန့်သတ်လိုက်တယ်။

ဒီလို ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းတဲ့ မျိုးသားတွေကြောင့်အချို့အမျိုးသမီးတွေက အောင်မြင်တဲ့ အဆင့်ထိ တက်မလာနိုင်တော့တာတွေလည်း ရှိပါတယ်။

အိမ်ရှင်မတစ်ယောက်အောင်မြင်ဖို့ ဆိုရင် ဖခင်လို၊ အကိုလို၊ မောင်လို စိတ်ထားမျိုးနဲ့ ခင်ပွန်းမျိုး ရှိဖို့လိုပါတယ်။

ဇနီးသည်ကို အမှန်တကယ်အောင်မြင်စေချင်တဲ့ခင်ပွန်းရဲ့ စိတ်စေတနာအပြင် အမှန်နဲ့အမှားကိုခွဲခြားနိုင်တဲ့ ပညာဥာဏ်ရည်နဲ့ ကိုယ်ရည်ကိုယ်သွေးအပြင် ပံ့ပိုးနိုင်တဲ့ စွမ်းရည်လည်း လိုအပ်ပါသေးတယ်။

လုပ်ငန်းခွင်အောင်မြင်ဖို့ ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ပါဘူး။ နေ့စဉ် လုပ်ဆောင်ရတဲ့အပိုင်းမှာ မြင်ရတဲ့အခက်အခဲတွေ၊ မမြင်သာတဲ့ ပြဿာနတွေက အများကြီး။မိသားစုတွင်းမှာပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင်မှာပဲ ဖြစ်ဖြစ်၊ ဘ၀အရေးမှာပဲ ဖြစ်ဖြစ် မြင်ရ၊ခန့်မှန်းလို့ရတဲ့ အခက်အခဲတွေ ပြဿနာတွေထက် မမြင်ရ၊ မထင်မှတ်ထားတဲ့ ပြဿနာတွေက ပိုပြီး များပြားတတ်သလို၊ ဗြုန်းခနဲတွေ့ရတတ်ပါတယ်။

ဒါကြောင့် မိန်းမတစ်ယောက် အောင်မြင်နေပြီ၊ ထင်ပေါ်ကျော်ကြားနေပြီ ဆိုရင် သူ့နောက်မှာ သူ့ကို နားလည်စွာနဲ့ပံ့ပိုးကူညီနေတဲ့ ယောကျာင်္းတစ်ဦး အမြဲတမ်း ရှိနေတတ်တာပါပဲ။

မိန်းမတစ်ယောက်အောင်မြင်ဖို့ အတွက် ကြိုးစားနေချိန်မှာ ခင်ပွန်းဖြစ်သူက အစစအရာရာကို နားလည်ပေးနိုင်ရပါတယ်။ အဘက်ဘက်ကနေ ဖြည့်ဆည်းပေးရတာတွေ နားလည်မှု ပေးရတာတွေအများကြီး ရှိပါတယ်။

ကြိုးစားနေတဲ့ဇနီးသည်တွေမှာ ရံဖန်ရံခါ အိမ်ရှင်မ တာ၀န် မကျေပွန်နိုင်တာတွေရှိပါတယ်။ လုပ်ငန်းခွင်နဲ့ပတ်သက်တဲ့စိတ်ဖိစီးမှုတွေကြောင့် အိမ်ထောင်ရေး သုခရရှိအောင် မစွမ်းဆောင်နိုင်တာတွေရှိလာတယ်။ ဒါတွေကိုပါ ခင်ပွန်းဖြစ်သူက နားလည်ပေးကြရတာပါ။

နောက်တစ်ချက်ကတော့ပြင်ပက အမှောင့်ပရောဂတွေလည်းပြောလို့ရနိုင်တဲ့ ကြိုးစားနေတဲ့ ဇနီးအပေါ် နားလည်မှုရှိနေတဲ့ ခင်ပွန်းနဲ့ဇနီးသည်ကြား သွေးကွဲအောင် ပြောဆိုတတ်တဲ့စကားမျိုးတွေ၊ အပြုအမှုတွေကိုလည်း သဘောထားကြီးကြီးနဲ့ ဖြတ်သန်းနိုင်ဖို့ လိုပါသေးတယ်။

အဲဒီလို အခက်အခဲတွေ အခြေအနေတွေ အဆင့်ဆင့်ကို ဖြတ်သန်းနိုင်တယ်ဆိုရင်တောင်မှ ဘ၀မှာမထင်မှတ်တတ်တဲ့အချိုးအကွေ့တွေကြောင့် သဘောင်္မှောက်နိုင်တဲ့ အနေအထားတွေရှိလာနိုင်ပါသေးတယ်။ ဒါတွေကို ခင်ပွန်းဖြစ်သူက အမေ ျှာ်အမြင်ကြီးစွာနဲ့ ကြိုတင်ကာကွယ်ပေးနိုငမယ်ဆိုရင်တော့…အဲဒီ ဇနီးဟာ အောင်မြင်ခြင်း အဆင့်ကို အရှိန်အဟုန်ကြီးစွာနဲ့ ရောက်ရှိသွားတော့တာပါပဲ။

မိန်းမတစ်ယောက် စွမ်းဆောင်နိုင်ဖို့ အရေးကြီးဆုံးက သူကိုယ်တိုင်ဖြစ်သလို၊ အဲဒီမိန်းမ ဘေးက အမျိုးသားတွေရဲ့ပံ့ပိုးကူညီမှုကလည်း အဓိက ကျလှပါတယ်ရှင်။

ကျွန်မတို့တိုင်းပြည်က မိန်းမတွေ မညံ့ကြပါဘူး၊ပတ်၀န်းကျင်ကောင်းနဲ့ပံ့့ပိုးပေးနိုင်သူရှိဖို့ပဲ လိုအပ်တာပါ။

ကျေးဇူးတင်ပါတယ်။

credit

ကိုယ်ချစ်လည်း မရှာနဲ့ ... သူချစ်လည်း မရှာနဲ့ ...လူစိတ် ရှိတဲ့ သူကိုပဲရှာ သူကပဲချစ်ချစ် ... ကိုယ်ကပဲချစ်ချစ်...အဲဒီအချစ်တ...
26/12/2024

ကိုယ်ချစ်လည်း မရှာနဲ့ ...
သူချစ်လည်း မရှာနဲ့ ...

လူစိတ် ရှိတဲ့ သူကိုပဲရှာ
သူကပဲချစ်ချစ် ...

ကိုယ်ကပဲချစ်ချစ်...
အဲဒီအချစ်တွေက
ကုန်ဆုံးသွားတတ်သေးတယ်

အဲဒီလိုကုန်ဆုံးသွားလို့လည်း
ကွဲကြ ပြဲကြဖြစ်နေတာကိုး...

လူစိတ်ရှိတဲ့ လူကတော့
သူ့ရင်ထဲမှာ ကိုယ်ချင်းစာတရား ရှိလို့...

ကိုယ့်ကို ချစ်ချစ် မချစ်ချစ်
ကိုယ် ဘာပဲဖြစ်နေ ဖြစ်နေ
ကိုယ့်ကို ဘယ်တော့မှ
စွန့်ခွာသွားမှာမဟုတ်ဘူး

ဘာလို့လဲဆိုတော့
သူ့ရဲ့အတွေးတွေ စိတ်တွေက
သနားတတ်တယ် ....
ကြင်နာတတ်တယ် ....
ကရုဏာတရားရှိတယ်....

ဘယ်အရာကိုမဆို ...
'သူ့နေရာမှာ ငါဆိုရင်' ဆိုပြီး
ကိုယ်ချင်းစာတဲ့ စိတ်နဲ့ ကြည့်တယ်

အဲဒါကြောင့် ကိုယ်ချစ်တွေ
သူချစ်တွေ ထက်
လူစိတ်ရှိတဲ့ လူကို ရွေးတာက
သင့်အတွက်မမှားနိုင်ဘူး

လူစိတ် ရှိသူများနှင့် တွေ့ကြပါစေ။

Crd-မူရင်းလေးစားစွာဖြင့်

အဖေဆိုသည်မှာ------------------✔️အဖေဆိုတာ  နှုတ်က ခပ်ကြမ်းကြမ်းပြောချင် ပြောလိမ့်မယ်ဒါပေမယ့်  သား/သမီးအပေါ် ချစ်တဲ့စိတ်ကန...
23/12/2024

အဖေဆိုသည်မှာ
------------------

✔️အဖေဆိုတာ နှုတ်က ခပ်ကြမ်းကြမ်းပြောချင် ပြောလိမ့်မယ်
ဒါပေမယ့် သား/သမီးအပေါ် ချစ်တဲ့စိတ်က
နူးညံ့သိမ်မွေ့လှပါတယ်။

✔️အဖေဆိုတာ ငွေကြေးအများကြီးရှာချင်နိုင်မှ ရှာနိုင်လိမ့်မယ်
ဒါပေမယ့် သူရှာကျွေးတဲ့ ငွေကြေးနှင့် မိသားစုကို
နေ့တိုင်း ထမင်းဝိုင်းမှန်အောင် ကျွေးမယ့်လူပါ။

✔️အဖေဆိုတာ ပညာတတ်ချင်မှ တတ်လိမ့်မယ်
ဒါပေမယ့် မွေးလာတဲ့ ကိုယ်၏ သားသမီးကိုတော့
ပညာတတ်ကြီးဖြစ်စေချင်တယ်။

✔️အဖေဆိုတာ အသောက်အစား ရှိချင်ရှိလိမ့်မယ်
ဒါပေမယ့် သားသမီးတွေကိုတော့
လိမ်မ္မာပါးနပ်စေချင်တယ်။

✔️အဖေတွေဟာ တစ်ခါတရံမှာ ရင်ထဲမှာရှိတာတွေကို
ထုတ်ဖော်ပြီး ပြောလေ့မရှိပဲ ဟန်လုပ်ကာလည်း မပြောတတ်ဘူး။
(နာကျင်စရာရှိလည်း မျိုသိပ်ပြီးတော့ နာကျင်လိုက်တယ်)

ပျော်စရာရှိရင်လည်း ရင်ထဲကပဲပျော်နေလိုက်တယ်။
သားသမီးတွေကို အမြဲ့တမ်း ဝမ်းမနည်းစေချင်ဘူး။
မပူဆွေးချင်ဘူး။
အဖေ့ရဲ့ ပခုံးနဲ့လက်သည် ဘယ်လိုပဲ ဒဏ်တွေ
ထုံကြိတ်နေပါစေ မိသားစု သားသမီးတွေအတွက် ဝမ်းစာဖြည့်
အမြဲ့ပေးဆပ်မယ့် အသင့်သူ မေတ္တာရှင်ပုဂ္ဂိုလ်တစ်ဦးသာဖြစ်သည်။

ယခုအခါများ အဖေသည် ဘယ်လိုပင် အိုမဲ့နေပါစေ
(အဖေဟာ အဖေပါပဲ)...

Noble Buddha မှပြန်လည်မျှဝေသည်။

မိန်းမတစ်ယောက်က စိတ်ကုန်သွားပြီဆိုရင်အဲ့ယောကျာ်းက ဘာကြီးဘဲ ဖြစ်နေဖြစ်နေ လှည့်မကြည့်တတ်တော့ဘူး။ရန်ဖြစ်လိုက် ပြန်တည့်လိုက်...
12/12/2024

မိန်းမတစ်ယောက်က စိတ်ကုန်သွားပြီဆိုရင်
အဲ့ယောကျာ်းက ဘာကြီးဘဲ ဖြစ်နေဖြစ်နေ လှည့်မကြည့်တတ်တော့ဘူး။

ရန်ဖြစ်လိုက် ပြန်တည့်လိုက် ပြန်တည့်လိုက် ရန်ဖြစ်လိုက်ဒီလိုဘဲ သွားနေပေမယ့်...

ညီလေး မသိလိုက်တာက
မိန်းမတွေက မှတ်ထားတတ်တယ် ဆိုတာဘဲ
မိန်းမတွေက ဘယ်နေ့ဘယ်အချိန်က ဖြစ်တဲ့
အကြောင်းရာဘဲဖြစ်ဖြစ်
အကုန်လုံးကို မှတ်ထားတတ်တယ်....။

အဲ့အချက်တွေကို စုပြီး ညီလေးကို တဖြည်းဖြည်း
စိတ်နာလာလိမ့်မယ်
သို့သော် သူမပြောသေးဘူး ....

ချစ်လွန်းလို့ အချိုးပြောင်းမလား
သည်းခံ စောင့်ကြည့်နေလိမ့်မယ်....
အချိုးတွေ မပြောင်းတဲ့အခါ
သူ စိတ်ကုန်လာလိမ့်မယ် ညီလေး....

စိတ်ကုန်သွားတဲ့ မိန်းမတစ်ယောက်ကို
ပြန်လာဖို့ ဘာနည်းလမ်းမှ မသုံးပါနဲ့...
သူပြန်လာမှာ မဟုတ်ပါဘူး။

သူ စိတ်ကုန်သွားမယ် ပြန်လှည့်မကြည့်လောက်တော့ဘူးလို့ ဘယ်လို သိနိင်မလဲ ဆိုရင်....
ညီလေး နဲ့ သူ ရန်ဖြစ်တဲ့အခါ
သူပြောတဲ့ စကားလေးတွေကို သတိထားကြည့်ပါ။

-ငါအရင်က သူမဟုတ္ဘူး နင်ပြောသမျှကို ခံစားပြီးငိုနေမဲ့သူမဟုတ်ဘူး။ အဲ့လိုမျိုးလေးပေါ့....

နောက်တစ်ခု သူသေချာ ညီလေးကို မေးပါလိမ့်မယ်
နင့်ဘက် ကပြတ်ပြီ ဆိုတာ သေချာလား...

အဲ့ဒီ သေချာလား ကို သူ ခနခန မေးလိမ့်မယ်...
အဲ့အချိန်မှာ ညီလေးက ဥပေက္ခာ ပြုပြီး Reply မပြန်တော့ဘဲ ထားလိုက်ရင် ညီလေး မင်းကောင်မလေး မင်းနဲ့ သေချာပေါက်ပြတ်ဆဲသွားကျပြီ။

နောင်တ က နောင်မှ ရတာ ညီလေးရေ
ကိုယ့်အပေါ်ကောင်းတဲ့သူကို မဆုံးရှုံး ပါစေနဲ့....
တကယ်မချစ်တဲ့ သူတစ်ယောက်က သူ့ထမင်းသူစားပြီး ညီလေး စကားလုံးတွေအောက်မှာ မျက်ရည်ပေါက်ကြီးငယ် ကျနေမှာမဟုတ်ဘူး။

တန်ဖိုး ထားပါ ညီလေးရေ


မူရင်းရေးသားသူအားလေးစားစွာဖြင့်Creditပေးပါသည်
မေတ္တာဖြင့်ပြန်လည်မျှဝေသည်

👇🏻👇🏻👇🏻👇🏻👇🏻👇🏻👇🏻👇🏻👇🏻👇🏻👇🏻👇🏻👇🏻👇🏻

ပြတ် သား တတ် သွား တဲ့ မိန်း မ တစ် ယောက်အရင်ကဆိုလေ … အဲ့ဒီမိန်းမက သိပ်အတာ ။ ခွင့်လွှတ်ပေးလိုက်ရင် တချိန်ကျ အမှားတွေသိလာမှ...
11/12/2024

ပြတ် သား တတ် သွား တဲ့ မိန်း မ တစ် ယောက်

အရင်ကဆိုလေ … အဲ့ဒီမိန်းမက သိပ်အတာ ။ ခွင့်လွှတ်ပေးလိုက်ရင် တချိန်ကျ အမှားတွေသိလာမှာပါဆိုပြီး အဲ့ဒီ ဖြစ်မလာတော့တဲ့ နေ့တွေကို ထိုင်နေရတွက်နေတတ်တာလေ ။ နားလည်မှုမပေးရင် မပျော်ပဲနေမှာဆိုပြီး ကိုယ်အဆင်မပြေတဲ့အရာတွေကို သူအဆင်ပြေပါစေဆိုတဲ့အတွေးနဲ့ နားလည်မှုတွေပေးခဲ့တာ ။ ဘယ်သူ့ကိုမဆို သိပ်တွယ်တာတတ်ပြီး ဘယ်နေရာမှာမဆို ငါရှိနေမှ ဖြစ်မှာဆိုပြီး ကိုယ့်ကိုကိုယ်ကျမေ့ထားပြီး တစ်လောကလုံး သိပ်စိတ်ပူပေးတတ်တဲ့ မိန်းမပေါ့ ။ အဲ့ဒီမိန်းကလေးက ဘာကြောင့်ပြတ်သားတတ်သွားတာလဲလို့မေးရင် နာတတ်သွားလို့လို့ ဖြေရမှာပေါ့ ။

မျက်ရည်တွေကျနေရုံနဲ့ … ရှင့်ကို မချစ်ချင်တော့ဘူးဆိုပြီး ရေရွှတ်တတ်တဲ့ မိန်းကလေးမဟုတ်ဘူးလေ … နာကျင်စေခဲ့တဲ့ ရက်တွေမှာတောင် ရှင့်ကို ချစ်ပါတယ်ဆိုတဲ့စကားကိုပဲ ထပ်ခါထပ်ခါ ပြောနေမိတာ ။ ရှင်မှ မကြင်နာရင်ဆိုပြီး မတွေးရဲပဲ တစ်ချိန်လုံး နေခဲ့တာ ။ ဘယ်သူမှမလိုပါဘူးဆိုတဲ့အတွေးနဲ့ ကျွန်မသိပ်ချစ်တဲ့ ရှင့်တစ်ယောက်တည်းရဲ့ မျက်နှာကိုပဲ ကြည့်နေခဲ့မိတာ ။ ဒါပေမယ့် မေတ္တာတွေပေးပြီး ပြန်ရလာတဲ့ ဒဏ်ရာတွေက များလာတဲ့အခါ မနာချင်ပါပဲနဲ့ စိတ်တွေက နာတတ်သွားတယ် ထင်ပါတယ် ။

အရင်ကဆိုလေ … တစ်ခုခုဆို ကျွန်မက ရှင်အဆင်ပြေရဲ့လားဆိုတာလောက်ပဲ တွေးပူနေတတ်တာ … ကျွန်မကို အဆင်ပြေရဲ့လားဆိုပြီး မေးဖို့ မေ့နေတဲ့နေ့တွေမှာတောင် အလုပ်များနေတာဖြစ်မှာပါဆိုပြီး ကိုယ့်အတွေးနဲ့ ကိုယ် ရှင့်ကို ကာဗာပေးနေမိတာ ကျွန်မကိုယ်ကျွန်မ ညာနေမိတာလေ ။ ဖုန်းဆက်မလာရင် မျှော်ရတယ် ဒါပေမယ့် ရှင်က မျှော်မှ မမျှော်ခဲ့ဖူးပဲလေ အမြဲတစေကျွန်မက အသင့်ရှိနေခဲ့တာကိုး ညတွေ ရှင်က အိပ်မက်လှလှမက်နေတဲ့အချိန်မှာတောင် ဖုန်းတကြည့်ကြည့်နဲ့ ငုတ်တုတ်ထိုင်နေမိတာကိုး ။

ဒီနှစ်တွေမှာ ငါဘာတွေလုပ်နေမိလဲဆိုတာမတွေးမိခင်အထိတော့ ရှင့်ကို တစ်စိုက်မတ်မတ်ချစ်ခဲ့ပါတယ် ။ ဒါပေမယ့် နေ့တိုင်းရက်တိုင်း မျက်ရည်နဲ့ ဖြတ်သန်းလာရတဲ့အခါ ကျွန်မဘ၀ကို ကျွန်မမုန်းလာမိတယ် ကျွန်မကို ကျွန်မ ဘာလို့လဲဆိုပြီး စိတ်တွေကုန်လာတတ်တယ် ။ အဲ့ဒီနေ့တွေမှာ ရှင်သာရှိနေရင် ကျွန်မ တစ်ယောက်တည်းနေဖို့ ခက်ခဲနေဦးမှာ တစ်ခုခုဆို ကျွန်မ အစအဆုံးရှင့်ကို ပြောပြနေမိဦးမှာ ။ ကျွန်မ တကယ်ပဲ လမ်းတွေပျောက်နေတဲ့ရက်တွေမှာတောင် အဆင်ပြေရဲ့လားဆိုတဲ့ မေးခွန်းလေးတစ်ခုတောင် ရမလာခဲ့ဘူး ။ ကျွန်မ မေတ္တာ ဘယ်လောက်ပဲပေးပေး ပြန်ရလာတဲ့ ဥပေက္ခာတွေက သိပ်ကို အထီးကျန်စရာကောင်းလွန်းတယ် ။ ငါ ဘယ်သူ့ကို ပြောပြရမလဲဆိုပြီး ငေးကြည့်မိတော့ တစ်လောကလုံးမှာ ရှင်တစ်ယောက်တည်း ရှိသလိုမျိုး ရူးမိုက်ခဲ့ခြင်းတွေကြောင့် ကျွန်မနား ဘယ်သူမှ ရှိမနေခဲ့တော့ဘူးလေ ။ အဲ့ဒီရက်တွေမှာ ကျွန်မသာ ကိုယ့်စိတ်နဲ့ ကိုယ်သာဆိုရင် ဘာဖြစ်သွားမလဲ တကယ် မသေချာဘူး ။

မျက်ရည်တွေကျရလို့ စိတ်ပျက်တတ်သွားတာမဟုတ်ဘူးနော် ရှင်ရဲ့ … ကျနေမိတဲ့မျက်ရည်တွေ အများကြီးကို နည်းနည်းလေးမှ ဂရုစိုက်မခံရတဲ့ရက်တွေမှာ ငါငိုနေလဲ ဘာထူးမှာလဲဆိုပြီး တွေးတတ်လာတာ ။ ငါပြောပြနေလဲ နားလည်ပေးတာမှ မဟုတ်တာဆိုတဲ့ အတွေးတွေဝင်လာတဲ့အခါ စကားတွေကျဲသွားခဲ့တာ ။ ထင်မှာပေါ့ … အရင်လိုဟုတ်မနေတော့ဘူးဆိုပြီး ထင်လိမ့်မယ် အရင်လိုမဟုတ်တော့အောင် ရှင်ကိုယ်တိုင်ပဲ သင်ပေးခဲ့တာပါ ။ အရင်လိုပဲ ရပ်နေရင်း အရင်အတိုင်းပဲ နာကျင်နေရတဲ့ဘ၀မှာ နေရမှာပေါ့ မဟုတ်ဘူးလား …

ချစ်ခြင်းမေတ္တာဆိုတာ တစ်ခါတစ်လေတော့ အပြန်အလှန်ရှိဖို့ သင့်ပါရဲ့ ။ ကိုယ်ကပဲချစ် ကိုယ်ကပဲ နားလည် ကိုယ်ကပဲ ရပ်စောင့်နေရင်း ကိုယ်ပဲ ကျန်ရစ်နေရမယ့်အဖြစ်တွေကို တွေးကြည့်တိုင်း စိတ်ကုန်နေခဲ့မိတာ ။ စိတ်ကုန်နေမိတဲ့အချိန်တောင် ချစ်တဲ့စိတ်ကလေးနဲ့ ရပ်စောင့်နေခဲ့သေးတယ်နော် ဒါပေမယ့် အဲ့ဒီရက်တွေမှာ ကျွန်မတစ်ယောက်တည်း ရှင်သန်ခဲ့ရတာလေ ။ တစ်ယောက်တည်း ရှင်သန်တတ်သွားတဲ့ မိန်းမတစ်ယောက်ရဲ့ ဘ၀မှာ ဘာလို့ တခြားတစ်ယောက်ထပ်လိုတော့မှာလဲ ဘာလို့ ဒဏ်ရာတွေကို မျက်ရည်တွေန့ ရင်းပြီး ဝယ်နေတော့မှာလဲ အများကြီး ငိုပြီးသွားတဲ့အခါ မျက်ရည်တွေကြားက ပြုံးတတ်လာခဲ့ပြီဖြစ်သလို ကျွန်မလဲ ပြတ်သားတတ်လာပါပြီ ။

#ကျေးကို.
゚ #သျှင်ယွန်း

မိဘဆိုတာ ဘာမှ မလုပ်နိုင် မကိုင်နိုင် မလှုပ်ရှားနိုင်တော့ရင်တောင်မှအိမ်ဦးခန်းမှာငုတ်တုတ်လေး ရှိနေရုံနဲ့အိမ်ကို ကျက်သရေ ရှ...
10/12/2024

မိဘဆိုတာ ဘာမှ မလုပ်နိုင် မကိုင်နိုင်
မလှုပ်ရှားနိုင်တော့ရင်တောင်မှ

အိမ်ဦးခန်းမှာ
ငုတ်တုတ်လေး ရှိနေရုံနဲ့
အိမ်ကို ကျက်သရေ ရှိစေသလို..

သား/သမီးတွေကိုလဲ
စိတ်လုံခြုံမှု ပေးစွမ်းနိုင်လောက်အောင်
အစွမ်းရှိသူတွေပါ။

ဒီလို တန်ဖိုးကြီးတဲ့သူတွေကို
ကိုယ့်ဘေးမှာ ရှိနေတဲ့အချိန်
တန်ဖိုးထားရကောင်းမှန်း မသိပဲ..

ပျောက်ကွယ်သွားတော့မှ
အစားထိုးလို့ မရမှန်း
သား သမီးတွေ အနေနဲ့
နားလည်သွားကြပါတယ်။

ဒါကြောင့်
မိတ်ဆွေလဲ
တန်ဖိုးကြီးတဲ့ မိဘတွေ
ကိုယ့်ရဲ့ဘေးမှာ ရှိနေတုန်း
တန်ဖိုးထားဂရုစိုက်နိုင်ပါစေ..

#အဖေ #ပြန်လည်မျှဝေသည် #အမေ #မိဘ #ကောင်းမှုတစ်ခုနေ့စဉ်ပြုပါ #ဘဝစာပေ #တရားတော်

09/12/2024

မိခင်တစ်ယောက်ရဲ့ ကံကြမ္မာဆိုတာ သားသမီးတွေကို အမြဲစောင့်မျှော်နေရတာမျိုးပါ။

ကိုယ်ဝန်ရှိတဲ့အခါ သူတို့ အပြင်ရောက်လာဘို့စောင့်မျှော်ရတယ်။

ကျောင်းနေအရွယ်ရောက်လာတော့ အချိန်လေးရောက်လာတာနဲ့ သူတို့အိမ်ပြန်ချိန်ကို စောင့်ရတယ်။

ညဘက် အပေါင်းအသင်းတွေနဲ့ အပြင်ထွက်လည်ရင်လည်း သူတို့အိမ်ပြန်အလာကို စောင့်ရတယ်။

အရွယ် ရောက်လို့ သူတို့ အသက်မွေးဝမ်းကြောင်းလုပ်ငန်း စတင်တဲ့အခါလည်း သူတို့ကို စောင့်ရတယ်။

အလုပ်က အိမ်ပြန်ချိန်ရောက်တဲ့အခါ လည်း အိမ်ပြန်အလာကို မျှော်ရတယ်။ သူတို့ ညစာစားဖို့ စောင့်ရတယ်။

သူတို့ကို ချစ်တဲ့စိတ်နဲ့ စောင့်နေရတယ်၊ တခါတရံမှာ သူတို့ရုတ်တရက်ပျောက်သွားရင် ဒေါသတွေနဲ့ စောင့်ရတယ်။ သူတို့ကို ပြန်တွေ့တဲ့အခါ မျက်ရည်တွေနဲ့ ထွေးပွေ့ရတယ်။

ကဲတော်လောက်ပါပြီ...

သင့်အမေအိုကြီးကို ဒီထက်ပိုပြီး မစောင့်ခိုင်းပါနဲ့တော့။

သူမဆီကို သွားလည်ပါ၊ သူမကို ချစ်ပါ၊သူမကို နွေးနွေးထွေးထွေးဆက်ဆံပါ။

ဘယ်သူမှမချစ်နိူင်တဲ့အချစ်မျိုးနဲ့သင့်ကို ချစ်ခဲ့တာပါ။

သင်လာမှာကို သူမျှော်နေတယ်။

သင့်အမေအိုကြီးကို ထပ်ပြီး မစောင့်ခိုင်းပါနဲ့တော့။

အရွယ်က အိုလာပေမယ့် သင့်မိခင်ရဲ့ အချစ်တွေဟာ ဘယ်တော့မှ မအိုပါဘူး။

သူ့ကို တတ်နိုင်သလောက် ပြန်ချစ်ပါ။

ဒီကမ္ဘာမှာ ဒီအမျိုးသမီးကြီးလို မင်းကိုချစ်မယ့်လူတယောက်မှ မရှိပါဘူး။

မူရင်းရေးသားပူဇော်သူကိုလည်းဂါရဝပြုပါသည်🙏🌿💜

''အိမ်ထောင်ရေးဆိုတာ အိမ်ဆောက်တာနဲ့တူတယ်''◼ ခိုင်ခံ့သော အိမ်ထောင်ရေးတည်ဆောက်ခြင်းသည် ခိုင်ခံ့သောအိမ်တစ်လုံးဆောက်ခြင်းနှင့...
05/12/2024

''အိမ်ထောင်ရေးဆိုတာ အိမ်ဆောက်တာနဲ့တူတယ်''

◼ ခိုင်ခံ့သော အိမ်ထောင်ရေးတည်ဆောက်ခြင်းသည် ခိုင်ခံ့သောအိမ်တစ်လုံးဆောက်ခြင်းနှင့်တူသည်။ ဖောင်ဒေးရှင်း အားနည်းတဲ့ အိမ်တစ်လုံးသည် ဖိအားအောက်တွင် ပြိုကျနိုင်တယ်။ အလားတူ တန်ဖိုးထားမှုများနှင့် အပြန်အလှန်လေးစားမှုမရှိသော အိမ်ထောင်ရေးတွင် ရုန်းကန်မှုများစွာကို ရင်ဆိုင်ရပြီး အိမ်ထောင်ရေးပြိုကွဲနိုင်ပါတယ်။

◼ အရည်အသွေး နိမ့်သောပစ္စည်းများကို အသုံးပြုတဲ့ အိမ်တစ်လုံးဟာ ရေရှည်အတွက် အာမခံချက်မရှိဘူး။ ထိုနည်းအတူပင်၊ လိုက်ဖက်ညီမှုမရှိဘဲ အပေါ်ယံဆွဲဆောင်မှုဖြင့် တည်ဆောက်ထားသော အိမ်ထောင်ရေးသည် ကြာရှည်ခံမှာ မဟုတ်ဘူး။

◼ အိမ်တစ်အိမ်မှာ ပျက်စီးတဲ့ အရာတွေ့လျှင်
အိမ်ကို မစွန့်ပစ်ဘဲ ပျက်စီးသွားတဲ့အရာတွေကိုပဲ အရင် ဖြေရှင်းကြတယ်။ အိမ်ထောင်ရေးမှာလည်း အထူးသဖြင့် ခက်ခဲသောကာလများတွင် အမြဲတစေ ကြိုးစားအားထုတ်မှု၊ ကတိကဝတ်များနှင့် စိတ်ရှည်မှုတို့ လိုအပ်ပါတယ်။
သင့်ဘဝသည် သင့်အိမ်တွင် ထင်ဟပ်နေသကဲ့သို့ သင့်အိမ်ထောင်ရေးသည် သင်မည်သူဖြစ်သည်ကို ထင်ဟပ်စေပါတယ်ဆိုတာ မမေ့ပါနဲ့။

◼ အိမ်ဆောက်နေစဉ်အတွင်း အုတ်မြစ် သို့မဟုတ် ပစ္စည်းများ ချို့ယွင်းချက်ရှိတာ သတိပြုမိရင် ၎င်းတို့ကို လျစ်လျူရှုမည့်အစား ချက်ချင်း ကိုင်သွယ်
ဖြေရှင်းသင့်ပါတယ်။ ချို့ယွင်းချက်တွေနဲ့ ရှေ့ကို အပြေးအလွှားသွားခြင်းက နောက်ပိုင်းမှာ ပိုကြီးတဲ့ ပြဿနာတွေကို ဖြစ်ပေါ်စေပါလိမ့်မယ်။

◼ အိမ်ထောင်ရေး မတည်ဆောက်ခင် အရေးကြီးတဲ့ အချက်က....

1.◼ ခိုင်မာသော ဖောင်ဒေးရှင်းဖြင့် စတင်ပါ။

◼ အိမ်အပြင်ဘက်ကနေ ဘယ်လိုကြည့်ရမလဲဆိုတာကိုပဲ အာရုံစိုက်မနေပါနဲ့။ အခြေခံအုတ်မြစ်မခိုင်မာရင် လှပတဲ့ဒီဇိုင်းက အရေးမကြီးပါဘူး။
ဒါကြောင့် ရုပ်ရည်လှပပြီး ဆွဲဆောင်မှုရှိသော၊ ချမ်းသာသော၊ သို့မဟုတ် စမတ်ကျသောကြောင့်သာ လက်တွဲဖော်ကို မရွေးချယ်ပါနဲ့။ မင်းရဲ့တန်ဖိုးတွေ၊ ပန်းတိုင်တွေ၊ ယုံကြည်ချက်တွေကို မျှဝေပေးမယ့်သူ၊ မင်းရဲ့ဘဝနဲ့ကိုက်ညီတဲ့သူတစ်ယောက်ကို ရွှေးချယ်ပါ။

2.◼ လိုက်ဖက်ညီမှု ရှိမရှိ စစ်ဆေးပါ။

လူတစ်ဦးစီသည် ထူးခြားသောပတ်ဝန်းကျင်တွင် ရှင်သန်ကြသည်။ ကမ်းခြေအိမ်က တောင်တွေပေါ်မှာ​ဆောက်ထားတဲ့ အိမ်နဲ့ မသက်ဆိုင်ဘူး။
ဒါကြောင့် မှန်ကန်သော လက်တွဲဖော်ကို မည်သည့်နေရာတွင် တွေ့ဆုံရမည်ကို နားလည်ရန် လိုအပ်ပါတယ်။ ဥပမာ၊ နိုက်ကလပ်တစ်ခုတွင် လက်တွဲဖော် တွေ့ဆုံရန် မျှော်လင့်ခြင်းသည် သင့်ပန်းတိုင်များနှင့် မကိုက်ညီပါ။

3.◼ သင့်တန်ဖိုးများကို သိပါ။

သင့်ကိုယ်ပိုင်တန်ဖိုးများနှင့်ပတ်သက်၍ မရှင်းလင်းပါက သင့်ဘဝအတွက် မှန်ကန်သောဒီဇိုင်းကို ရွေးချယ်ရန် ခက်ခဲပါလိမ့်မည်။ သင့်အတွက် အရေးကြီးဆုံးအရာကို ရှာဖွေရန် အချိန်ယူပါ၊ ထို့နောက် ထိုတန်ဖိုးများကို ဖြည့်ဆည်းပေးမည့် လက်တွဲဖော်ကို ရှာပါ။

4.◼ လမ်းညွှန်မှုရယူပါ။

ခိုင်ခံ့သောအိမ်တစ်လုံးကို ဒီဇိုင်းဆွဲရန် ဗိသုကာပညာရှင်တစ်ဦးနှင့် တိုင်ပင်သကဲ့သို့၊ အိမ်ထောင်ရေးစတင်တော့မယ်ဆိုရင် အတွေ့အကြုံရှိ စုံတွဲများ၊ ပေါင်းသင်းဆက်ဆံရေး နည်းပြများ သို့မဟုတ် လမ်းညွှန်ပေးသူများထံမှ အကြံဉာဏ်ရယူပါ။ အရေးအကြီးဆုံးကတော့ ဘုရားသခင်ထံမှ လမ်းညွှန်မှုကို ရယူပြီး အချိန်၏စမ်းသပ်မှုကို ခံနိုင်ရည်ရှိသော အိမ်ထောင်တစ်ခုကို တည်ဆောက်ပါ။

5.◼ အခမ်းအနားသာမကဘဲ အဆောက်အဦးကိုအာရုံစိုက်ပါ။

လူများစွာသည် မင်္ဂလာပွဲ (တစ်ရက်တာပွဲ) အတွက် ပြင်ဆင်ကြသော်လည်း အိမ်ထောင်ရေး (တစ်သက်တာခရီး) အတွက် ပြင်ဆင်ရန် မေ့လျော့နေကြသည်။ အိမ်တွင်းရေးကိစ္စက အစပဲရှိသေးတယ်။ စစ်မှန်သောစိန်ခေါ်မှုမှာ နှစ်အတော်ကြာအောင် ပျော်ရွှင်စွာနေထိုင်နိုင်မည့် အိမ်တစ်လုံးကို ဖန်တီးခြင်းဖြစ်သည်။

◼ အိမ်ဆောက်ဖို့ အလျင်စလိုမလုပ်ပါနဲ့။ ဤမေးခွန်းများကို မေးပါ-

◼ သူတို့ရဲ့ မိသားစုနောက်ခံက ဘယ်လိုလဲ။
◼ သူတို့ရဲ့တန်ဖိုးတွေက ဘာတွေလဲ။
◼ သူတို့ရဲ့ ယုံကြည်မူတွေက ဘာတွေလဲ။
◼ သူတို့ရဲ့ စရိုက်က ဘယ်လိုလဲ။
◼ ဝိညာဉ်ရေး/ဘာသာရေးအရ သဟဇာတဖြစ်ပါသလား။
◼ သူတို့က မင်းကိုချစ်ပြီး မင်းလိုပဲ လက်ခံသလား။

◼ အိမ်ထောင်ရေး အဆင်မပြေသူများအတွက် သိထားရမှာက...

အိမ်ထောင်ရေး အဆင်မပြေရင် လက်မလျှော့ပါနဲ့။ အိမ်တစ်လုံးကဲ့သို့ ပြုပြင်ပါ။ လမ်းညွှန်မှုကိုရှာပါ၊ အတူတကွလုပ်ဆောင်ပါ၊ သင်၏ဆက်ဆံရေးကို ပြန်လည်တည်ဆောက်ရန် နားလည်မူကို တည်ဆောက်ပါ။


◼ ခိုင်ခံ့သောအိမ်ထောင်ရေးသည် ပြီးပြည့်စုံမှုကိုရှာဖွေရန်မဟုတ်ပါ။ အချိန်ကြာလာတာနဲ့အမျှ ခွန်အား၊ ယုံကြည်မှုနဲ့ ချစ်ခြင်းမေတ္တာကို တည်ဆောက်ခြင်းအကြောင်းပါ။
အိမ်ထောင်ရေးဆိုတာ အိမ်တစ်လုံးကဲ့သို့ပဲ ဂရုတစိုက် စီစဉ်မှု၊ အားထုတ်မှုနှင့် ဆက်လက်ထိန်းသိမ်းမှု လိုအပ်ပါတယ်။ မင်းရဲ့အခြေခံအုတ်မြစ်ကို ခိုင်မာအောင် တည်ဆောက်လိုက်ပါ။ မင်းရဲ့အိမ်ထောင်ရေးဟာ ဘဝမုန်တိုင်းတွေကြားမှာ ခိုင်ခံ့နေလိမ့်မယ်။





မိဘနဲ့ အဆင်မပြေသူ၊ ခဏခဏ စကားများနေရသူများ ရှိပါလိမ့်မယ်။ မိဘလို့ ဆိုတဲ့ နေရာမှာ အဖေကော၊ အမေ ကော ပါပါလိမ့်မယ်။ အဲ့ဒီလို ဖ...
03/12/2024

မိဘနဲ့ အဆင်မပြေသူ၊ ခဏခဏ စကားများနေရသူများ ရှိပါလိမ့်မယ်။ မိဘလို့ ဆိုတဲ့ နေရာမှာ အဖေကော၊ အမေ ကော ပါပါလိမ့်မယ်။ အဲ့ဒီလို ဖြစ်လာခဲ့ရင် –

၁။ မိဘတွေကို မိမိကိုယ် ငယ်စဉ်ကတည်းက ကျွေးမွေး လာတဲ့ မေတ္တာကို သတိရပေးပါ။

၂။ မိဘတွေဟာ သူတို့ခေတ်ကာလနှင့်နှိုင်းယှဉ်ပြီး ဒီနေ့ ခေတ်ကာလ ရေစီးကြောင်းမှာ ကြီးပြင်းလာတဲ့ သားသမီးများကို ဆုံးမတဲ့အခါ အလွဲအချော် ရှိ ရင်တောင် သူတို့ရဲ့ သားသမီးအပေါ် ချစ်တဲ့ မေတ္တာက ဘယ်တော့မှ မပြောင်းပါဘူး။ ဒီတော့ လွဲနေရင် ကိုယ်က စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြပေးရပါမယ်။

၃။ မိဘရဲ့ ဆုံးမမှုမှာ ဒေါသသံ ပါနေရင်တောင် မိမိဟာ ဒေါသနဲ့ ပြန်မတုန့်ပြန်ပါနဲ့။ ပြဿနာတိုင်းမှာ အဖြေရှိပါ တယ်။ အဖြေက မှန်နေရင်တောင် အသံမာမာနဲ့ ဖြေတဲ့ အဖြေက မိဘကို လေးစားမှုမရှိဘူး၊ မချစ်ဘူး အစရှိ သဖြင့် အဓိပ္ပါယ်များ သက်ရောက်သွားနိုင် ပါတယ်။

၄။ မိဘကိုချည်း သင်ပူဆာ မနေပါနဲ့။ သူတို့ ဘာလိုချင် လဲ ဆိုတာကို ရှာဖွေ ပေးဆပ်ပါ။

၅။ မိဘတိုင်းဟာ သားသမီး ပေးတဲ့ ငွေ၊ ပိုက်ဆံ၊ ရွှေငွေ၊ ဂုဏ်တွေကို မျော်ကိုးနေခြင်း မဟုတ်ပါဘူး။ သား ကောင်း၊ သမီးကောင်း တွေ ဖြစ်လာတာကို အလိုချင်ဆုံး ပါ။ ဒါကို သိဖို့ လိုအပ် ပါတယ်။

၆။ သင့် ငွေပိုက်ဆံနဲ့ ပေါက်ပေးပြီး တာဝန်ကျေပြီလို့ ထင်နေခြင်းထပ်၊ သင်သောက်ရန် ကျန်တဲ့ ရေတစ်ခွက် ကနေ သင့်အဖေအမေသောက်ဖို့ ဦးစားပေးခြင်းကမှ မေတ္တာ အစစ်အမှန် ဖြစ်ပါတယ်။

၇။ အကြောင်းအမျိုးမျိုးကြောင့် မိဘနဲ့ စကားများတဲ့ အခါ ကျွေးမွေးလာ တဲ့ မေတ္တာများ၊ သူတို့ပေးအပ်တဲ့ အကောင်းဆုံး ပျော်ရွှင်မှုများကို မှတ်မိပေးပါ။ ဒါ့အပြင် နောက်တစ်ချက် သူတို့ဟာ ငါတို့ထပ် လောကမှာ စောစော အသက်ရှင်ပေမယ့် စောစော ထွက်ခွာရမယ့်သူ တွေ၊ ငါတို့က နောက်မှ ထွက်ရမယ့်သူတွေ ဆိုတဲ့ အသိနဲ့ စိတ်ချမ်းသာအောင် ထားပါ။ မဟုတ်လျှင် သင်တစ်နေ့ ဝဋ်လည်ရမည်။

၈။ သင် ယခု သူစိမ်းတစ်ယောက်ကို သွားရောက် ဆဲဆို

လျှင် သင့်ကို ရန်ပြုလွတ်လိမ့်မယ်။ သင်သာ ရုတ်တရက်

မိဘကို သွားရောက် ဆဲဆိုမိလျှင် ‘ငါသား ဘာဖြစ်နေလဲ'

ဟု အံ့ဩသော လေသံဖြင့် ပြန်မေးလိမ့်မယ်။ သင်သိပါ

သလား။ လောကတွင် မိဘလောက် ကိုယ့်အပေါ်

နားလည်ပေးမည့်သူ မရှိ။ ခွင့်လွတ်ပေးမည့်သူ မရှိ။ ဒါကို

သေချာ ခံစားပါက သင်သိလိမ့်မယ်။ မိဘကို ပြောလို့

ဘာမှ နားလည်မှာ မဟုတ်ဘူးကွာလို့ မထင်ပါနှင့်။ သင်

အပြောအဆို အနည်းငယ် ပြောင်းလဲလျှင်တောင် ဘာ

ဖြစ်လာတယ်ဆိုတာက အစ သင့်မိဘ သိသည်။

နားလည်သည်။

၉။ မိဘက သင့်ကို ဆဲဆို၊ ဆူပူနေခြင်းက သင်သည် လောကတွင် တစ်ကိုယ်တည်း အသက်ရှင်နေထိုင် ရုန်းကန်ရန် အရည်အချင်း မပြည့်ဝသေးသည်ကို မြင်၍ ဒေါသ ကရုဏာသက်ကာ ပြောဆိုခြင်း ဖြစ်သည်။ သင့် ကို မုန်း၍ ပြောဆိုခြင်း မဟုတ်။ မိဘက ငါကို နားမလည် ပေးပါလား လို့ ရေရွတ်နေမည့်အစား ငါမိဘကို နားမ လည်သေးပါလားဟုသာ သင်ပြန်တွေးရန် လိုအပ်သည်။

၁၀။ ယခု ရေးထားတဲ့ အချက်များကို သင့်မိဘ သင်နဲ့ အဆင်မပြေ ဖြစ်သည့် အခါတိုင်း ပြန်ဖတ်ပါ။ မိဘ ကျေးဇူးများကို ပြန်လည် အောက်မေ့ သတိရပေးပါ။

#အမေ #လူငယ်များအတွက်ဗဟုသုတစာပေများ #ခွန်အားဖြစ်စေသောစာများ #တရားမှတ်စု ゚viralfbreelsfypシ゚viral ゚viralシfypシ゚viralシalシ #မိဘ #ကောင်းမှုတစ်ခုနေ့စဉ်ပြုပါ

ဂီတလောကထဲမှာ နာမည်ကြီးတဲ့ ရဲငွေစိုးအကြောင်း ဃဃနန မလေ့လာထားဘဲ အင်တာဗျူးခဲ့လို့ ပွဲဖြစ်နေတဲ့ အစီအစဉ်တင်ဆက်သူ ကောင်းဇော်မိသ...
03/12/2024

ဂီတလောကထဲမှာ နာမည်ကြီးတဲ့ ရဲငွေစိုးအကြောင်း ဃဃနန မလေ့လာထားဘဲ အင်တာဗျူးခဲ့လို့ ပွဲဖြစ်နေတဲ့ အစီအစဉ်တင်ဆက်သူ ကောင်းဇော်

မိသားစုပြိုင်ပွဲနဲ့ ပရိသတ်တွေ မှတ်မိနေခဲ့ကြတဲ့ အစီအစဉ်တင်ဆက်သူ ကိုကောင်းကြီးကတော့ ပြီးခဲ့တဲ့ရက်အတွင်းမှာ ဖြိုးငွေစိုး ၊ရဲငွေစိုးနဲ့ သီရိစိုးတို့ မောင်နှမသုံးယောက်ကို အင်တာဗျူးခဲ့တာပါ။

ဒါပေမဲ့လည်း ကိုကောင်းကြီးဟာ ဂီတလောကမှာ အောင်မြင်မှုရရှိထားပြီး မီဒီယာရှေ့ သိပ်မထွက်တဲ့ ရဲငွေစိုးအကြောင်းကို အင်တာဗျူးမလုပ်ခင်မှာ ဃဃနန မလေ့လာထားခဲ့လို့ အင်တာဗျူးနေရင်းတန်းလန်း ထိထိမိမိ အပြောခံလိုက်ရပြီ အ .ရှ.-က် ရသွားခဲ့တာလည်း ဖြစ်ပါတယ်။

ဒီအချိန်မှာတော့ ရဲငွေစိုးရဲ့ပရိသတ်တွေနဲ့ ကိုကောင်းကြီးရဲ့ ပရိသတ်တွေကြားမှာ ပွဲဖြစ်လာခဲ့ပြီး အနောနီးမက်လောက်ပဲ နားထောင်ဖူးတဲ့လူတွေက ရဲငွေစိုးကို ဘယ်သိမလဲလို့ ပြောနေခဲ့ကြတာမျိုးတွေလည်း ရှိနေခဲပါတယ်။

တချို့သောသူတွေကတော့ အစီအစဉ်တင်ဆက်သူတယောက်အနေနဲ့ ကိုယ်တာဝန်ယူပြီး အင်တာဗျူးရမယ့် artist တွေအကြောင်းကို အကြမ်းဖျင်းလောက်တော့ လေ့လာထားသင့်တယ်လို့ ပြောနေခဲ့ကြတာမျိုးတွေလည်း ရှိနေခဲ့ပါတယ်။

▪အဖေဟာစက်ရုပ် မဟုတ်ပါဘူး ဒါပေမဲ့မိသားစုအတွက်ဆို မနားမနေအလုပ်လုပ်တယ်။ ▪အဖေဟာကျောက်ရုပ် မဟုတ်ပါဘူး။ ဒါပေမဲ့မိသားစုအတွက်ဆို...
01/12/2024

▪အဖေဟာ
စက်ရုပ် မဟုတ်ပါဘူး ဒါပေမဲ့
မိသားစုအတွက်ဆို မနားမနေ
အလုပ်လုပ်တယ်။

▪အဖေဟာ
ကျောက်ရုပ် မဟုတ်ပါဘူး။ ဒါပေမဲ့
မိသားစုအတွက်ဆို
ခံနိုင်ရည်ရှိတယ်။

▪အဖေဟာ
တန်ခိုးရှင် မဟုတ်ပါဘူး။ ဒါပေမဲ့
မိသားစုအတွက်ဆို
အရာရာ
ဖန်ဆင်းပေးနိုင်တယ်။

▪အဖေဟာ
စွမ်းအားရှင် မဟုတ်ပါဘူး။ ဒါပေမဲ့
မိသားစုအတွက်ဆို
ဘာမဆို
ရင်ဆိုင်ရဲတယ်။

▪အဖေဟာ
အသက်အပို မပါပါဘူး။ ဒါပေမဲ့
မိသားစုအတွက်ဆို
အသက်ကိုပင်
စတေးရဲတယ်။

▪အဖေ့ပခုံးဟာ
နွားသားရေလို မထူပါဘူး။ဒါပေမဲ့
မိသားစုအတွက်ဆို
နွားနဲ့ ရင်ပေါင်တန်းပြီး
ဝန်ကို ထမ်းနိုင်တယ်။

▪အဖေဟာ
"ချစ်တယ်"လို့
ခဏခဏ မပြောဘူး။ ဒါပေမဲ့
ချစ်တယ်ဆိုတာထက်
ပိုတယ်။

▪အဖေဟာ
"လွမ်းတယ်"လို့
သိပ် မရေရွတ်ဘူး။ ဒါပေမဲ့
လွမ်းတယ်ဆိုတာထက်
ပိုတယ်။

▪အဖေဟာ
မိသားစုအတွက်ဆို
မဟာတံတိုင်းကြီးပါ။ ဘေးရန်မရောက်အောင်
ကာကွယ်ပေးထားတယ်။

▪အဖေဟာ
သစ်ပင်တစ်ပင်မှာဆို
ရေသောက်မြစ်လိုပါပဲ။

မိသားစုဆိုတဲ့ ပင်စည်လေး
ဖွံ့ဖြိုးလို့
အကိုင်းအခက်တွေ
ဝေဆာဖို့
အသီးအပွင့်တွေ
ဖူးပွင့်ဖို့

မိမိဘဝကို
မိသားစုအတွက်
ဇာတ်မြှုပ်ကာ
ထောက်ပံ့ပေးနေသူပါ..

#မေတ္တာဖြင့်
#မေတ္တာဖြင့်ပြန်လည်မျှဝေပပါသည်

မိဘကို စိတ်ချမ်းသာအောင် ထားပါဖတ်ကြည့်နော်...မိဘအိမ်မှာ နေပြီးမိဘလုပ်စာ စားခဲ့တုန်းကအဖေကလဲ အမေကလဲ ဆိုတဲ့စကားကိုသား သမီးတွ...
01/12/2024

မိဘကို စိတ်ချမ်းသာအောင် ထားပါ
ဖတ်ကြည့်နော်...

မိဘအိမ်မှာ နေပြီး
မိဘလုပ်စာ စားခဲ့တုန်းက

အဖေကလဲ အမေကလဲ ဆိုတဲ့
စကားကို

သား သမီးတွေဟာ
ရဲရဲတင်းတင်း ပြောဆိုနိုင်ခဲ့ကြတယ်။

သား သမီးတွေရဲ့ လစာကို
မိဘတွေ
မျှော်ရတဲ့ အချိန်ကျတော့...

ဒီသား ဒီသမီးတွေ
ငြိုငြင်သွားမလား ဆိုတဲ့
စိုးရိမ်စိတ်တွေ

ကြည်ဖြူရဲ့လား ဆိုတဲ့
စိုးရိမ်စိတ်တွေ

အဆင်ရော ပြေရဲ့လား ဆိုတဲ့
ကရုဏာစိတ်တွေကြောင့်

မိဘတွေဟာ
စကားလုံး တော်တော်များများကို
မျိုသိပ်ပစ်ခဲ့ကြတယ်။

သူတို့ အဆင်မပြေလည်း
အဆင်ပြေပါတယ် ဆိုတဲ့ စကားကိုပဲ
ရွေးပြီး ပြောတတ်ကြတယ်။

တရွေ့ရွေ့နဲ့
အသက်ကြီး အိုမင်းလာတဲ့ မိဘတွေမှာ
ယိုင်နဲ့လာတဲ့ ခန္ဓာကိုယ်နဲ့ အတူ

အားငယ်စိတ် ဆိုတာ...
အလိုလို ရောက်လာကြတာပါပဲ။

သား သမီးကို
ကျွေးမွေး စောင့်ရှောက်ခဲ့ကြတဲ့
ဘဝကနေ

သား သမီးကို
ပြန်လည် မှီခိုရတဲ့ဘဝကို
ရောက်သွားခဲ့ကြပြီ ဆိုတော့

ဒီလို အခြေအနေ
ဒီလို အချိန်မျိုးမှာ
သား သမီးတွေရဲ့ ဘဝင်မကျစွာ
ပြောလိုက်တဲ့
မာကြမ်းကြမ်း စကားသံတွေ

စိတ်မရှည်သလို
မကျေနပ်သလို ဖြစ်နေတဲ့
အပြုအမူတွေဟာ

မိအို ဖအိုတွေရဲ့ ရင်ဘတ်ထဲမှာတော့
တကယ့်ကို ဆူးတွေပါပဲ။

စိတ်မချမ်းသာရင်လည်း
ကြိတ်ပြီး ဝမ်းနည်းရုံက လွဲပြီး

မိဘအများစုကတော့
ထုတ်မပြောကြတော့ပါဘူး။

အစားတစ်လုတ် တုတ်တစ်ချက် ပုံစံမျိုး
ပေးကမ်းလာတဲ့
သား သမီးတွေရဲ့ ချွေးနှဲစာကို
ဘယ်မိဘက စားဝင်ပါ့မလဲ-?

ပိုပြီး စားမဝင်နိုင်တဲ့ သူက
အဖေအိုကြီးပေါ့။

အ ဖေ ဆိုတာ...
မာနရှိကြတယ်။

အ ဖေ ဆိုတာ...
သူ့ရဲ့ အသိုက်အမြုံ
သူ့ရဲ့ မိသားစုကို
သူကိုယ်တိုင်ပဲ
ရှာဖွေ ကျွေးမွေးချင်တဲ့ သူပါ။

အသက်ကြီးပြီး အိုမင်းသွားခဲ့လို့သာ
ဒီသား ဒီသမီးတွေရဲ့ ချွေးနှဲစာကို
မှီခိုနေခဲ့ရပေမဲ့

ဒီသား ဒီသမီးက မကြည်ဖြူရင်
အဖေတစ်ယောက်ရဲ့ ရင်ဘတ်ထဲမှာတော့
ဒဏ်ရာ "ရ"သွားခဲ့တာပါပဲ။

သား သမီးက မကြည်ဖြူရင်
ဘယ်မိဘကမှ စိတ်မချမ်းသာပါဘူး။

သား သမီးတွေ ကြည်ဖြူမှ
မိဘဆိုတာ စိတ်ချမ်းသာ "ရ"တာပါ။

ဒါကြောင့်...
မိဘကို လုပ်ကျွေးနေတဲ့
သား သမီးတွေ အနေနဲ့

အချိန်တန်ရင်
လစာလေး ထုတ်
မိဘဆီကို
ငွေပို့ပေးရုံတင် မလုံလောက်ဘဲ

မိဘ စိတ်ချမ်းသာအောင်
အားငယ်စိတ်တွေ မဖြစ်အောင်

နွေးထွေး ကြင်နာမှုရှိတဲ့ စကားလေးတွေ
ပြောဖို့ လိုအပ်တယ်။

ခွန်အားပေးတဲ့ စကားလေးတွေကိုလည်း
ပြောပေးဖို့ လိုအပ်တယ် ဆိုတာ

ညီ အစ်ကို မောင်နှမတွေကို
စကားလက်ဆောင် ပေးချင်ပါတယ်။

မုဒိတာ-မှော်ဘီ

အမြဲစောင့်နေသူ-----------------အမေဆိုတာ အမြဲစောင့်နေရတဲ့သူတွေပါ။သားတို့ကို မမွေးခင်က ဝမ်းထဲမှာလွယ် မွေးလာမယ့်ရက်တွေကို စ...
30/11/2024

အမြဲစောင့်နေသူ
-----------------
အမေဆိုတာ အမြဲစောင့်နေရတဲ့သူတွေပါ။

သားတို့ကို မမွေးခင်က ဝမ်းထဲမှာလွယ် မွေးလာမယ့်ရက်တွေကို စောင့်ခဲ့ရတယ်။

သားတို့ ကျောင်းသွားတဲ့ အရွယ်တွေ ရောက်လာပြန်တော့ ကျောင်းကပြန်လာမယ့် ကျောင်းလွှတ်ချိန်လေး တွေကို အမေအမြဲစောင့်ခဲ့ရတယ်။

သားတို့အရွယ်ရောက်လာပြန်တော့ ညအချိန် အိမ်ကို ပြန်မလာမချင်း မအိပ်ဘဲ အမေစောင့်ခဲ့ရတယ်။

သားတို့ အလုပ်တွေရ အိမ်ကထွက်သွားတော့လည်း အဆင်မှပြေပါ့မလားလို့ စိုးရိမ်စိတ်တွေပို သားပြန်အလာကို အမေစောင့်ခဲ့ရတယ်။

အလုပ်ပြန်နောက်ကျ သောကတွေရောက်၊ ငါ့သားလေး ဘာများဖြစ်နေပြီလဲလို့ အေးနေတဲ့ ထမင်းကိုနွေးရင်း အမေစောင့်ခဲ့ရတယ်။

အချိန်တန်လာ အိမ်ထောင်ပြုမယ်ဆိုတော့လည်း အမေကမတားပါဘူး။ သားလေးက အိမ်ကထွက်ခွာ သူ့ချစ်သူနဲ့ နေချိန်မှာ အဆင်ပြေပါ့မလားလို့စိတ်ပူ၊ သားဆီက ဖုန်းကို အမေစောင့်ခဲ့တယ်။

ဖုန်းကမလာတာကြာ နေမှကောင်းရဲ့လား၊ လုပ်ငန်းတွေ အဆင်ပြေရဲ့လား သားဆီက သတင်းစကားတွေ အမေစောင့်ခဲ့ရတယ်။

“အမေ ... အမေ့မြေးလေးရတော့မယ်”

သားဆီက သတင်းစကားလာ။ ဆေးရုံကို အမေပြေးလာပြီး ချွေးမလေးဘေးမှာ အမေတစ်ညလုံး စောင့်ခဲ့ရ တယ်။

မြေးကလေးရလာ အမေပျော်လိုက်တာ။ သူ့ကို ဘယ်လိုပြုစုပေးလိုက်ရမလဲလို့တွေးပူမိတယ်၊ ဒါပေမဲ့ အမေ့ ရင်ခွင်ထဲကို မြေးလေးရောက်လာမယ့်အချိန် အမေစောင့်ခဲ့ရတယ်။

သားနဲ့လည်းတွေ့ချင် မြေးကိုလည်းတွေ့ချင် သူတို့မလာတာကြာ၊ အိမ်ဝမှာ လမ်းကိုငေးရင်း အမေစောင့်ခဲ့ရ တယ်။

ခုတော့ အမေ့မှာ မလှုပ်နိုင်၊ မသွားနိုင်၊ အိပ်ရာထဲမှာ တစ်ယောက်တည်း နေရချိန်ပေါ့။

အမေစောင့်နေပါတယ်။

ဒီအချိန်မှာ

အမေ သေမင်းကို စောင့်နေတယ်။

(Mother is waiting)

တင်ညွန့်

၂၈.၁၁.၂၀၂၄

"အကောင်းမြင်စိတ်နဲ့ ရှင်သန်ပါ" ---------------------ဘဝဆိုတာ စာနာခြင်းတရားတွေနဲ့စီးဆင်းရတယ်။ လိုအပ်သူတွေက ပြုံးတဲ့အခါ ......
29/11/2024

"အကောင်းမြင်စိတ်နဲ့ ရှင်သန်ပါ"
---------------------
ဘဝဆိုတာ စာနာခြင်းတရားတွေနဲ့
စီးဆင်းရတယ်။
လိုအပ်သူတွေက ပြုံးတဲ့အခါ ...
မလိုအပ်သူတွေက မုန်းကြမယ်။
ထိုအခါ
ကိုယ်ဟာ ... အပြုံး မပျက်စေနဲ့။
မုန်းတဲ့သူကလည်း သူ့အကြောင်းနဲ့ သူ ...
ပြုံးတဲ့ သူကလည်း သူ့အကြောင်းနဲ့ သူမို့
သူတို့ရဲ့အကြောင်းတွေထက်
ကိုယ့်ရဲ့အကြောင်းလေး ကောင်းဖို့သာ
ပြင်ဆင်လိုက်ပါ။
အကြောင်းကောင်းမှ
အကျိုးဆက်ဟာ အဖိုးထက် မှာမို့
မတိုးတတ်စေမယ့် အတွေးဆိုးတွေနဲ့
ဘဝကို ဘေးမထိုးမိပါစေနဲ့။
အပြောတွေ ချိုသာပါ၊ ယဉ်ကျေးပါ။
စကားတွေမှာ စိတ်ရင်းတွေ ပါတတ်သည်မို့
စကားကြမ်းကြမ်းတွေနဲ့ မဆက်ဆံမိပါစေနဲ့။
စကားကိုလည်း အလွယ် မယုံမိပါစေနဲ့။
အလွယ်လည်း မပြောမိပါစေနဲ့။
သူတစ်ပါးရဲ့စကားကြောင့်
ကိုယ့်ဘဝ ဒုက္ခရောက်နိုင်သလို
ကိုယ့်ရဲ့ ဖြစ်စလွယ် စကားကြောင့်လည်း
တစ်ပါးသူတွေ ဒုက္ခရောက်နိုင်ပါတယ်။
မှန်ကန်သော အပြောဖြင့်
သတိထား ဆုံးဖြတ်နိုင်ပါစေ။
မှားသောသူ တွေ့တိုင်းလည်း
မပုတ်ခတ်မိပါစေနဲ့။
မှန်သောသူ တွေ့တိုင်းလည်း
ချီးမွမ်းဖို့ ဝန်မလေးပါစေနဲ့။
ကိုယ်မှားရင် တောင်းပန်ပါ။
ကိုယ်မှန်ရင်လည်း အနေမှန်ပါ။
ဘဝတွေကို
ဘဝင်မြင့်သော စိတ်တွေနဲ့
မပေါင်းထည့်လိုက်ပါနဲ့။
မုန်းနေပါစေ...
ကိုယ့်မှာရှိသော စိတ်ရင်း၊ စေတနာအရင်းတို့ဖြင့်သာ လူတွေကို ဆက်ဆံပါ၊ ပေါင်းသင်းပါ။
ကိုယ့်ကို လာမုန်းသူကို ပြန်မုန်းနေရင်
ကိုယ်ဟာ အရှုံးသမားဖြစ်သွားမှာ။
သစ္စာတရားဖြင့် စကားပြော၍
မေတ္တာတရားဖြင့် လူတိုင်းကို အပြုံးပေးပါ။
ဘဝဟာ မေတ္တာတရားတွေနဲ့
အထာကျသွားရင်
နေလို့လည်း ကောင်းမယ်။
အေးလည်း အေးချမ်းမယ်။
လူတိုင်းကိုလည် အကောင်းမြင်လာမယ်။
ကိုယ့်ဘက်ကသာ
အကောင်းမြင်တဲ့စိတ်နဲ့ ကြည့်နေမယ်ဆိုရင်
လူတိုင်းဟာ ချစ်စရာ အကောင်းဆုံးတွေ
ဖြစ်လာမှာပါ

ဘဝမှာ -[ No.1 ] ပိုက်ဆံစုပါ ။[ No.2 ] တတ်နိုင်သမျှ ပေးကမ်းပါ ။[ No.3 ] စိတ်ဓာတ်ကို အဆင့်အတန်းမြင့်မြင့်ထားပါ ။         [...
28/11/2024

ဘဝမှာ -
[ No.1 ] ပိုက်ဆံစုပါ ။
[ No.2 ] တတ်နိုင်သမျှ ပေးကမ်းပါ ။
[ No.3 ] စိတ်ဓာတ်ကို အဆင့်အတန်းမြင့်မြင့်ထားပါ ။

[ No.4 ] အပေါင်းအသင်းကောင်း များများပေါင်းပါ ။

[ No.5 ] အကောင်းမြင်စိတ် မွေးနိုင်အောင်လုပ်ပါ ။

[ No.6 ] လူတွေရဲ့ ကဲ့ရဲ့မှုကို သိပ်အလေးမထားပါနဲ့ ။

[ No.7 ] အရာအားလုံးဟာ ကိုယ်နဲ့ဆိုင်နေတာ မဟုတ်ပါဘူး
မဖြစ်သေးတာကိုတွေးပြီး မစိုးရိမ်ပါနဲ့ ။
လက်ရှိကာလကို အကောင်းဆုံးနေပါ ။

[ No.8 ] စည်းကမ်းရှိပါ ၊ သပ်သပ်ရပ်ရပ် ဝတ်ဆင်ပါ ။

[ No.9 ] စာများများဖတ်ပါ ။
{ ပိုက်ဆံမရပေမယ့် နှိုင်းလို့မရတဲ့ပညာတွေရပါတယ် }

[ No.10 ] ကိုယ်ထူးချွန်တဲ့အလုပ်ကနေ အောင်မြင်အောင်လုပ်ပါ ။

[ No.11 ] အလုပ်တစ်ခုကို တစိုက်မတ်မတ်လုပ်ပါ ။
အောင်မြင်မှုက အနှေးနဲ့အမြန် ရောက်ပါလိမ့်မယ် ။

[No.12 ] ကျေးဇူးရှိဖူးရင် ကျေးဇူးတရားမမေ့ပါနဲ့ ။

[ No.13 ] ကိုယ်ယုံကြည်ရာ ကိုးကွယ်ပါ ။
ယုံယုံကြည်ကြည် ကိုးကွယ်ပါ ။
{ အကျိုးကျေးဇူးကို တစ်နေ့ခံစားရပါလိမ့်မယ် }

[ No.14 ] ကံကိုမယုံပါနဲ့ ။
{ ကံဆိုတာအလုပ်ပါ ။ အလုပ်ကောင်းရင်ကံကောင်းမယ် }

[ No.15 ] ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိပါ ။
ကိုယ့်ကိုယ်ကိုသာ အားကိုးပါ ။ ။

{ အကောင်းကိုလက်ခံနိုင်သလို
အဆိုးကိုလည်းခံနိုင်အောင် ကြိုးစားပါ } 🚩

Crd #

Address

Monywa

Website

Alerts

Be the first to know and let us send you an email when ᶠᵉᵉˡⁱⁿᵍ ᴸⁱᶠᵉ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ᶠᵉᵉˡⁱⁿᵍ ᴸⁱᶠᵉ:

Videos

Share