Aain Myanmar News Agency

Aain Myanmar News Agency Aain Myanmar News Agency

08/09/2021

မတ္တရာမြို့နယ်မှ စစ်ကောင်စီသတင်းပေး ဒလန်အမျိုးသမီး (၁) ဦး သေနတ်ပစ်ခံရပြီးသေဆုံး (ရုပ်/သံ)
*************************

၈ ၊ ၉ ၊ ၂၀၂၁ ။ NBungDatKasa

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီသတင်းပေး ဒလန်အမျိုးသမီး (၁) ဦး သေနတ်ပစ်ခံရ၍ နေရာတင် ပွဲချင်းပြီးသေဆုံးသွားကြောင်း ဒေသခံတစ်ဦးမှ NBung Dat Kasa သို့ ပြောဆိုသည်။

ကျိုက်ထိုရဲစခန်းပစ်ခတ်ခံရ--------------------------------------------ယနေ့မေလ၁၁ရက်နေ့ ည၇:၂၅ချိန်ခန့်တွင် ကျိုက်ထိုမြို့ရှ...
11/05/2021

ကျိုက်ထိုရဲစခန်းပစ်ခတ်ခံရ
--------------------------------------------

ယနေ့မေလ၁၁ရက်နေ့ ည၇:၂၅ချိန်ခန့်တွင် ကျိုက်ထိုမြို့ရှိကြံ့ခိုင်ရေးရုံးနှင့် ကျိုက်ထိုမြို့မရဲစခန်းကို ဆိုင်ကယ်ဖြင့်လာရောက်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံကဆိုသည်။

​ကျိုက်ထိုမြို့ရှိ ကြံ့ခိုင်ရေးရုံးကို ဆိုင်ကယ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ရာ ကြံခိုင်ရေးရုံးရှိ ရဲသတင်းပေးဒလန်တစ်ဦး ထိခိုက်ခဲ့တယ်လို့သိရပါသည်။

​ကျိုက်ထိုမြို့ကြံ့ခိုင်ရေးရုံးကို ပစ်ခတ်ခံရပြီးနောက် ကျိုက်ထိုမြို့မရဲစခန်းကိုလဲ ထပ်မံပစ်ခတ်ခံရခဲ့ကြောင်း ရဲစခန်းရှိတပ်ဖွဲ့ဝင်များက အတွင်းမှ ခြိမ်းခြောက်ရမ်းကားပစ်ခတ်နေတယ်လို့သိရပါသည်။

ဝက်လက်မြို ကြံခိုင်ရေးဥက္ကဋ္ဌပိုင် စားသောက်ဆိုင် မီးလောင်ပျက်စီးရန်ကုန်၊ မေ ၆စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့...
06/05/2021

ဝက်လက်မြို ကြံခိုင်ရေးဥက္ကဋ္ဌပိုင် စားသောက်ဆိုင် မီးလောင်ပျက်စီး

ရန်ကုန်၊ မေ ၆

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့ ပြည်ထောင်စုကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးစိုးခိုင် ပိုင်ဆိုင်သော စားသောက်ဆိုင် မေလ၂ ရက်နေ့က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် စားသောက်ဆိုင်ဖွင့်ထားသော သုံးထပ်တိုက် လုံးဝပျက်စီးသွားခဲ့သည်ဟု သတင်းရရှိသည်။

ကချင်ပြည်နယ် မိုး​ကောင်းပြည်သူများရဲ့ စစ်အာဏာရှင် ဆန့်ကျင်​ရေး ညသပိတ်။ 6 May 2021 - Mogaung(AMNA)
06/05/2021

ကချင်ပြည်နယ် မိုး​ကောင်းပြည်သူများရဲ့ စစ်အာဏာရှင် ဆန့်ကျင်​ရေး ညသပိတ်။

6 May 2021 - Mogaung(AMNA)

06/05/2021

ယနေ့ မေလ၆ရက်နေ့မှာ ကချင်ပြည်နယ် ဗန်မော်ခရိုင် မိုးမောက်မြို့နယ်၌ အကြမ်းဖက်အဖွဲ့ရဲ့တပ်စခန်းတစ်ခုကို ပြည်သူ့တပ်မတော်(K.I.A)မှသိမ်းပိုက်နိုင် လိုက်တဲ့ ရုပ်သံ

ယနေ့မေလ၆ရက်နေ့တွင် ရေနံချောင်းမြို့မှာ စစ်ကျွန်းပညာရေးအလိုမရှိကြောင်း ဆန္ဒထုတ်ဖော်Photo -CJ
06/05/2021

ယနေ့မေလ၆ရက်နေ့တွင် ရေနံချောင်းမြို့မှာ စစ်ကျွန်းပညာရေးအလိုမရှိကြောင်း ဆန္ဒထုတ်ဖော်

Photo -CJ

လပွတ္တာတွင် ​လေပြင်းတိုက်ခတ်မှုကြောင့် စက်လှေများ နစ်မြုပ်၊ လူပျောက်ဆုံးမှုများရှိနိုင်AMNA မေ၆။ဧရာဝတီတိုင်း၊ လပွတ္တာမြိ...
06/05/2021

လပွတ္တာတွင် ​လေပြင်းတိုက်ခတ်မှုကြောင့် စက်လှေများ နစ်မြုပ်၊ လူပျောက်ဆုံးမှုများရှိနိုင်

AMNA မေ၆။

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်မှာ မေလ ၆ ရက်နေ့ ညနေပိုင်းက လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ကမ်းနားမှာ ရပ်နားထားတဲ့ စက်လှေတွေနစ်မြုပ်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ မီးသတ်တပ်ဖွဲ့နဲ့ ပြည်သူတွေပူးပေါင်းရှာဖွေ ကယ်ဆယ်ရေးတွေလုပ်နေပြီး စက်လှေနစ်မြုပ်မှုနဲ့ လူပျောက်ဆုံးမှုကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဓာတ်ပုံ - နှလုံးသားလပွတ္တာ

ခန္တီးမြို့နယ်အတွင်း ရှမ်းနီတပ်နှင့် စစ်ကောင်စီတပ်တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေခန္တီး - မေ ၆၊ ၂၀၂၁။ စစ်ကို...
06/05/2021

ခန္တီးမြို့နယ်အတွင်း ရှမ်းနီတပ်နှင့် စစ်ကောင်စီတပ်တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေ

ခန္တီး - မေ ၆၊ ၂၀၂၁။

စစ်ကိုင်းတိုင်း ခန္တီးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရှမ်းနီတိုင်းရင်းသားတပ်ဖွဲ့တို့အကြား မေလ ၅ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးခဲ့သည်ဟု သိရသည်။

ခန္တီးမြို့နယ်အတွင်းရှိ ကောင်ဟိန်ကျေးရွာအနီး ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နှစ်ဘက်ထိခိုက်မှုရှိခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

"တိုက်ပွဲက ကောင်ဟိန်နားမှာဖြစ်တာ၊ သဲသောင်ပြင်မှာလေ၊ စစ်သား ၃ ယောက်သေတယ်၊ ရှမ်းနီတပ်ဘက်က တစ်ယောက်ထိသွားတယ်၊ သေတော့ မသေဘူး" ဟု ပြောသည်။

ခန္တီးမြို့နယ်အတွင်း နှစ်ဘက်တပ်ဖွဲ့ဝင်များအကြားတိုက်ပွဲဖြစ်ပွားမှု ပထမဆုံးအကြိမ်ဖြစ်သည်ဟု သိရသည်။

ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ကို ၁၉၈၉ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့တွင် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းရှိ ရှမ်းနီလူငယ်များဖြင့် ဖွဲ့စည်းခဲ့သည်။

6.5.2021 ပြင်ဦးလွင်လူငယ်များ သပိတ်စစ်ကြောင်း
06/05/2021

6.5.2021 ပြင်ဦးလွင်
လူငယ်များ သပိတ်စစ်ကြောင်း

ယနေ့​မေလ ၆ ရက်​နေ့ မန္တလေးသံဃသမဂ္ဂသပိတ်စစ်ကြောင်း။
06/05/2021

ယနေ့​မေလ ၆ ရက်​နေ့ မန္တလေးသံဃသမဂ္ဂသပိတ်စစ်ကြောင်း။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့သည် အစိုးရ၏ ဘဏ္ဍာရေး နှင့် အရ/အသုံးစရိတ် မူဝါဒများကို ထိရောက...
06/05/2021

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့သည် အစိုးရ၏ ဘဏ္ဍာရေး နှင့် အရ/အသုံးစရိတ် မူဝါဒများကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်နိုင်ရန် နှင့် ဘဏ္ဍာငွေရှာဖွေ ခွဲဝေသုံးစွဲမှု ဆိုင်ရာကိစ္စရပ်များကို စီမံခန့်ခွဲ ဆုံးဖြတ်နိုင်ရန် ဘဏ္ဍာရေး ကော်မရှင်ဖွဲ့စည်း

မော်လမြိုင်မြို့ရှိ အထက(၉) ကျောင်းရှေ့ ဆန္ဒဖော်ထုတ်မှုမော်လမြိုင်၊ မေ ၆မော်လမြိုင်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်းအထက (...
06/05/2021

မော်လမြိုင်မြို့ရှိ အထက(၉) ကျောင်းရှေ့ ဆန္ဒဖော်ထုတ်မှု

မော်လမြိုင်၊ မေ ၆

မော်လမြိုင်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း
အထက (၉) ရှေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ကျောင်းမတက်လှုပ်ရှားမှုကို ဒီကနေ့မနက်ပိုင်းမှာ ပြုလုပ်ခဲ့ပါတယ်။

အထက်ပါကျောင်းမှနေ၍ တက္ကသိုလ်ဝင်တန်းဖြေဆိုထားသူလူငယ်များက အခုလက်ရှိကျောင်းအုပ်ဆရာမကြီး အဖြစ်တာဝန်ယူထားသော ဒေါ်မိမိခိုင်ကို မကျေနပ်ကြောင်းလည်း ဆန္ဒပြထုတ်ဖော်ခဲ့ကြပါသည်။

ဓါတ္ပုံ - CJ

ယနေ့ဧပြီလ၆ရက်နေ့မနက်ပိုင်းက စစ်ကျွန်ပညာရေးဆန့်ကျင်ရေးဆန့်ကျင်ရေးလှုပ်ရှားမှုများကို လူငယ်များက တောင်ကြားတစ်နေရာမှာ ပြုလု...
06/05/2021

ယနေ့ဧပြီလ၆ရက်နေ့မနက်ပိုင်းက စစ်ကျွန်ပညာရေးဆန့်ကျင်ရေးဆန့်ကျင်ရေးလှုပ်ရှားမှုများကို လူငယ်များက တောင်ကြားတစ်နေရာမှာ ပြုလုပ်ခဲ့ကြပါတယ်

Photo-CJ

မုဒုံမြို့NLDပြန်ကြားရေးမှူကိုကိုဦးဖမ်းဆီးခံရ===============================AMNA မေ၆5.5.202ရက်နေ့ မနေ့ည မုဒုံမြို့စစ်ကော...
06/05/2021

မုဒုံမြို့NLDပြန်ကြားရေးမှူကိုကိုဦးဖမ်းဆီးခံရ
===============================
AMNA မေ၆

5.5.202ရက်နေ့ မနေ့ည မုဒုံမြို့စစ်ကောင်စီ၏ ဖမ်း​ဆီးခံရသော ဦးဇော်မင်းဦး (ခ) ကိုပြူး နှင့် မြို့နယ်NLD ပြန်ကြားရေးမှူး ကိုကိုဦးကို လက်ရှိပုဒ်မ ၅၀၅ ( က) ဖြင့် တရားစွဲဆိုထားတယ်လို့ သိရသည်။

ကံပေါက်ဒေသ လူစည်ကားရာနေရာများတွင် အကြမ်းဖက်စစ်ကောင်စီတပ်များက ပိတ်ဆို့စစ်ဆေးနေရန်ကုန်၊ မေ ၆ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ...
06/05/2021

ကံပေါက်ဒေသ လူစည်ကားရာနေရာများတွင် အကြမ်းဖက်စစ်ကောင်စီတပ်များက ပိတ်ဆို့စစ်ဆေးနေ

ရန်ကုန်၊ မေ ၆

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသရှိ လူစည်ကားရာ ကံပေါက်ကျောက်တိုင်၊ လှည်းကုန်းစာသင်ကျောင်းအရှေ့ နေရာများတွင် မေလ ၆ ရက် မနက် ၇ နာရီဝန်းကျင်မှစ၍ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပိတ်ဆို့စစ်ဆေးနေသည်ဟု သတင်းရရှိသည်။

ဆိုင်ကယ်လိုင်စင်အပါအဝင် လက်ကိုင်ဖုန်းထဲက အချက်အလက်များကိုပါ စစ်ဆေးနေသည်ဟု ကံပေါက်ဒေသခံတစ်ဦးက ပြောသည်။

အလက(၆)ကျောင်းရှေ့ စစ်ကျွန်းပညာရေးအလိုမရှိဆေးချယ်လှုပ်ရှားမှုAMNA မေ ၆မော်လမြိုင်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)အ...
06/05/2021

အလက(၆)ကျောင်းရှေ့ စစ်ကျွန်းပညာရေးအလိုမရှိဆေးချယ်လှုပ်ရှားမှု

AMNA မေ ၆

မော်လမြိုင်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)
အလက (၆) ကျောင်း​ရှေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ကျောင်းမတက်လှုပ်ရှားမှုကို ဒီကနေ့မနက်အစောပိုင်းမှာ ပြုလုပ်ခဲ့ပါတယ်။

ဓါတ်ပုံ - CJ

မိတ္ထီလာတွင် အကြမ်းဖက်စစ်​ကောင်စီတပ်များက ပြည်သူ ၁ ဦးကိုပစ်သတ်ရန်ကုန်၊ ​မေ ၆ မန္တလေးတိုင်း၊ မိတ္ထီလာမြို့၊ ဝမ်း​တော်ပြည...
06/05/2021

မိတ္ထီလာတွင် အကြမ်းဖက်စစ်​ကောင်စီတပ်များက ပြည်သူ ၁ ဦးကိုပစ်သတ်

ရန်ကုန်၊ ​မေ ၆

မန္တလေးတိုင်း၊ မိတ္ထီလာမြို့၊ ဝမ်း​တော်ပြည့်တိုးချဲ့နယ်​မြေ၊ ဘုရင့်​နောင်လမ်းတွင် ပြည်သူတစ်ဦးကို အကြမ်းဖက်စစ်​ကောင်စီတပ်များက ယမန်​နေ့ ည ၉ နာရီခွဲဝန်းကျင်တွင် ပစ်သတ်ခဲ့ပြီး ယခုနံနက်ပိုင်းတွင် အ​လောင်းပြန်လည်ရရှိ​ကြောင်း ​ဒေသခံများက ရန်ကုန်​ခေတ်သစ်သတင်းဌာနသို့​ပြောသည်။

"မ​နေ့ညက စစ်တပ်က တဒိုင်းဒိုင်းနဲ့ ပစ်တာ။ ဝမ်းတော်ပြည့်မှာ သေနတ်သံ ၇ ချက်တိတိလှမ်းပစ်တာကြားရတယ်။ ဒီမနက်အ​လောင်းရတယ်။ ​သေနတ်ဒဏ် ရာနဲ့ဆုံး​နေတာပါ"ဟု ​ဒေသခံတစ်ဦးက​​ပြောသည်။

မိတ္ထီလာမြို့၊ ဝမ်းတော်ပြည့် တိုးချဲ့ရပ်ကွက်၊ ဘုရင့်နောင်လမ်းအတွင်း မေလ ၆ ရက် နံနက်ပိုင်းတွင် သွေးအိုင်ထဲ သေဆုံးနေသော အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိရပြီး ယခုလက်ရှိတွင် လူနာတင်ကားများ လာရောက်သယ် ဆောင်သွားပြီ ဖြစ်သည်။

မေလ ၅ ရက်နေ့ ည ၉ နာရီခွဲဝန်းကျင် ရန်ကုန်-မန္တလေး အမြန်လမ်းဟောင်း၊ ဝမ်းတော်ပြည့်တိုးချဲ့ရပ်ကွက် ရှိ Relax စားသောက်ဆိုင်အနီး ပစ်ခတ်မှုများ ဖြစ်ပွားပြီး သေနတ်သံ ၇ ချက် ကြားခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

ယနေ့နံနက် လူသေဆုံးသည့်နေရာ ဘုရင့်နောင်လမ်းနှင့် Relax စား သောက်ဆိုင် တို့သည် မျက်စောင်းထိုးအနေအထားတွင် တည်ရှိသည်။

ကန်တော်ကြီး Utopia Tower နားမှာ ဗုံး ၃ လုံးဆင့်ပေါက် ******************************ဒီကနေ့ မေလ ၅ရက် ည၁၀နာရီဝန်းကျင်မှာ ရန...
05/05/2021

ကန်တော်ကြီး Utopia Tower နားမှာ ဗုံး ၃ လုံးဆင့်ပေါက်
******************************
ဒီကနေ့ မေလ ၅ရက် ည၁၀နာရီဝန်းကျင်မှာ ရန်ကုန်မြို့ ကန်တော်ကြီး Utopia Tower နားမှာ ဗုံး သုံး လုံးဆင့်ပေါက်ခဲ့ ပြီး အသံအတော်ပြင်းတယ်လို့ ပေါက်ကွဲမှု အနီးရှိသူတစ်ဦးက ပြောပါတယ်။

MMA Fighter ဖိုးသော် ဗုံးထိမှန်ထားပြီး လက်ရှိအခြေအနေစိုးရိမ်ရတယ်လို့သိရပါတယ်။


အမျိုးသားညီညွတ်​ရေးအစိုးရက ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် ယ​နေ့စတင်ထူ​ထောင်ပြီဟု တရားဝင်​ကြေညာသည်။
05/05/2021

အမျိုးသားညီညွတ်​ရေးအစိုးရက ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် ယ​နေ့စတင်ထူ​ထောင်ပြီဟု တရားဝင်​ကြေညာသည်။

အသံမတိတ်အလံမလိပ်မုံရွာသပိတ်-------------------AMNA မေ၅။မုံရွာမြို့မှာ ပြည်သူများစုစည်းပြီ စစ်အာဏာရှင်အမြစ်ပြတ်တော်လှန်သေ...
05/05/2021

အသံမတိတ်အလံမလိပ်မုံရွာသပိတ်
-------------------
AMNA မေ၅။

မုံရွာမြို့မှာ ပြည်သူများစုစည်းပြီ စစ်အာဏာရှင်အမြစ်ပြတ်တော်လှန်သော အသံမတိတ်အလံမလိပ်မုံရွာသပိတ်စစ်ကြောင်းကို ယနေ့ပိုင်းမှာ ပြုလုပ်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

Photo-CJ

သထုံမြို့ရှိ စာသင်ကျောင်းတွေမှာ ယနေ့မေလ၅ရက်နေ့ မနက်ပိုင်းက စစ်ကျွန်းပညာရေးအလိုမရှိကြောင်းကို ရေးဆွဲဆန္ဒထုတ်ဖော်Photo-CJ
05/05/2021

သထုံမြို့ရှိ စာသင်ကျောင်းတွေမှာ ယနေ့မေလ၅ရက်နေ့ မနက်ပိုင်းက စစ်ကျွန်းပညာရေးအလိုမရှိကြောင်းကို ရေးဆွဲဆန္ဒထုတ်ဖော်

Photo-CJ

ယနေ့ မေလ၅ရက်နေ့  စစ်အာဏာရှင်ဆန့်ကျင်သော မိုးကုတ် မိုးသီးသပိတ်Photo-CJ
05/05/2021

ယနေ့ မေလ၅ရက်နေ့ စစ်အာဏာရှင်ဆန့်ကျင်သော မိုးကုတ် မိုးသီးသပိတ်

Photo-CJ

မန္တလေးက Digital သပိတ်မန္တလေး မဟာအောင်မြေမြို့နယ်မှာ မေလ ၄ ရက်၊ ညပိုင်းက Digital သပိတ်ပြုလုပ်ပြီး မီဒီယာနဲ့ပြည်သူတစ်သားထ...
04/05/2021

မန္တလေးက Digital သပိတ်

မန္တလေး မဟာအောင်မြေမြို့နယ်မှာ မေလ ၄ ရက်၊ ညပိုင်းက Digital သပိတ်ပြုလုပ်ပြီး မီဒီယာနဲ့ပြည်သူတစ်သားထဲရှိကြောင်းဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

Photo-MZM

မုဒုံရဲစခန်းတွင်ပစ်ခတ်နေယနေ့မေလ၄ရက် ည ၉ နာရီ ၄၅ မိနစ်ခန့်က ပစ်ခတ်သံများကြာရပြီ မုဒုံရဲစခန်းတွင် BGF ရေးဟုဆိုကာနေရာယူထားသ...
04/05/2021

မုဒုံရဲစခန်းတွင်ပစ်ခတ်နေ

ယနေ့မေလ၄ရက် ည ၉ နာရီ ၄၅ မိနစ်ခန့်က ပစ်ခတ်သံများကြာရပြီ မုဒုံရဲစခန်းတွင် BGF ရေးဟုဆိုကာနေရာယူထားသည်ဟုဒေသခံများကသတင်းပေးပို့သည်။

Photo-CJ

04/05/2021

ကွတ်ခိုင်မြို့မှာ လက်နက်သံတွေ ဆက်တိုက်ကြားနေရ!

မေလ၄ (AMNA)

ဒီနေ့ည ၇နာရီမှာ မြို့မစစ်ကောင်စီတပ်စခန်းအနီး တဝိုက်,OHC တိုးဂိတ်နဲ့ မော်ဟစ်ကျေးရွာအနောက်ဘက်တွေမှာ ဆက်တိုက်လက်နက်အသံတွေ ကြားနေရပါတယ်

OHCတိုးဂိတ်အနီးက "ပြည်လုံးချမ်းသာကျောင်းတိုက်"မှာလဲ လက်နက်စတွေ ကျရောက်ခဲ့တယ်လို့ ဒေသခံတစ်ယောက်က ပြောလာပါတယ်

လက်ရှိ ၇:၄၀မိနစ်အချိန်ထိ လက်နက်ကြီးလက်နက်ငယ်သံတွေ ကြားနေရပါသေးတယ်

ဒီကနေ့ နေ့လည်၃နာရီခွဲခန့်မှာ စစ်ကောင်စီတပ်နဲ့ တအာင်း(TNLA), ကချင်(KIA), ကိုးကန့်(MNDAA)ပူးပေါင်းတပ်ဖွဲ့တို့ မန်ဘန်ကျေးရွာအနီး တိုက်ပွဲပြင်းထန်နေခဲ့ပါတယ်

ယနေ့မေလ၄ရက်နေ့မှာ မော်လမြိုင်တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ၏ စစ်အာဏာရှင်တော်လှန်ရေး campaign လှုပ်ရှားမှုပြုလုပ်ခဲ့...
04/05/2021

ယနေ့မေလ၄ရက်နေ့မှာ မော်လမြိုင်တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ၏ စစ်အာဏာရှင်တော်လှန်ရေး campaign လှုပ်ရှားမှုပြုလုပ်ခဲ့ကြပါတယ်

Photo-CJ

၅၀၅(က)နဲ့ ဝရမ်းထုတ်ခံထားရသော မော်လမြိုင်လူငယ်တစ်ဦး ယနေ့မေလ၄ရက်နေ့မှာတစ်ကိုယ်တော်ဆန္ဒထုတ်ဖော်
04/05/2021

၅၀၅(က)နဲ့ ဝရမ်းထုတ်ခံထားရသော မော်လမြိုင်လူငယ်တစ်ဦး ယနေ့မေလ၄ရက်နေ့မှာတစ်ကိုယ်တော်ဆန္ဒထုတ်ဖော်

သထုံမြို့မစျေးအတွင်း ယနေ့မေလ၄ရက်နေ့  ညနေ၅:၄၅ချိန်ခန့် ပေါက်ကွဲပြီး လူထိခိုက်မှုမရှိပါကြောင်း သိရပါတယ်။
04/05/2021

သထုံမြို့မစျေးအတွင်း ယနေ့မေလ၄ရက်နေ့ ညနေ၅:၄၅ချိန်ခန့် ပေါက်ကွဲပြီး လူထိခိုက်မှုမရှိပါကြောင်း သိရပါတယ်။

ပြည်သူ​ထောင်ချီပါဝင်သည့် ​မေလ ၄ ရက်​နေ့ ဖားကန့်မြို့နယ် ​မှော်​ပေါင်းစုံ စစ်အာဏာရှင်ဆန့်ကျင်​ရေး သပိတ်စစ်​ကြောင်း။Photo-...
04/05/2021

ပြည်သူ​ထောင်ချီပါဝင်သည့် ​မေလ ၄ ရက်​နေ့ ဖားကန့်မြို့နယ် ​မှော်​ပေါင်းစုံ စစ်အာဏာရှင်ဆန့်ကျင်​ရေး သပိတ်စစ်​ကြောင်း။

Photo-CJ

ယနေ့မေလ၅ရက်နေ့ မနက်ပိုင်းက မော်လမြိုင်လူငယ်များ၏ တံတားအောက်စစ်အာဏာာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုဆန္ဒထုတ်ဖော်Photo-CJ
04/05/2021

ယနေ့မေလ၅ရက်နေ့ မနက်ပိုင်းက မော်လမြိုင်လူငယ်များ၏ တံတားအောက်စစ်အာဏာာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုဆန္ဒထုတ်ဖော်

Photo-CJ

၁၀မိနစ်ကျော် ပြေးလွှား ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ရန်ကုန်သပိတ်**********************ရန်ကုန်မြို့ ကြည့်မြင်တိုင်၊ စမ်းချောင်း ၊...
04/05/2021

၁၀မိနစ်ကျော် ပြေးလွှား ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့
ရန်ကုန်သပိတ်
**********************

ရန်ကုန်မြို့ ကြည့်မြင်တိုင်၊ စမ်းချောင်း ၊ လှိုင် မြို့နယ်က
လူငယ်တွေဟာ ဒီနေ့ မေလ ၄ရက်နေ့ မနက်ပိုင်းမှာ
ဗဟိုလမ်းမပေါ်မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြအဖွဲ့ဟာ လူအင်အား ၁၀၀ခန့်လောက်နဲ့ ဗဟိုလမ်း
ရွာမကွ့ကနေ လှည်းတန်းဘူတာနားအထိ ၁၀မိနစ်ကျော် ပြေးလွှား ဆန္ဒထုတ်ဖော် ခဲ့ကြပြီး အောင်မြင်စွာ လူစု ခွဲခဲ့နိုင်တယ်လို့ စမ်းချမ်းမြို့နယ်မှ ဆန္ဒပြ လူငယ်တစ်ဦးက ပြောပါတယ်။

ဓာတ်ပုံ-CJ

စစ်ဌာနချုပ်ရှိတဲ့ နမ့်စန်မြို့မှာ ဗုံးလန့်မှုများဖြစ်၊ လေတပ် လက်အောက်ခံတပ်ရင်းများ အချင်းချင်း အခြေအတင်ဖြစ်နေဟုဆို••••••...
04/05/2021

စစ်ဌာနချုပ်ရှိတဲ့ နမ့်စန်မြို့မှာ ဗုံးလန့်မှုများဖြစ်၊ လေတပ် လက်အောက်ခံတပ်ရင်းများ အချင်းချင်း အခြေအတင်ဖြစ်နေဟုဆို
•••••••••••••••••••••••••••••
မေ ၄၊ ၂၀၂၁

ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် နမ့်စန်မြို့နယ်
မြို့နယ်စာရင်းစစ်ရုံးနှင့် လဝက ရုံးရှေ့တွင် ဗုံးလန့်မှုဖြစ်ပွားခဲ့ပါတယ်။ ဒီနေ့ မေလ ၄ ရက်နေ့ နေ့လည်ပိုင်းအထိ နမ့်စန် - မိုးနဲ လမ်းမကြီးကို ပိတ်ထားပြီး စစ်တပ်မှ ဗုံးတွေ့တဲ့ နေရာတွေကို ရှာဖွေမှုတွေ ပြုလုပ်နေကြောင်း မြို့ခံတစ်ဦးရဲ့ ပြောပြချက်အရ သိရှိရပါတယ်။

နမ့်စန်မြို့နယ်ဟာ စစ်တပ်ဌာနချုပ်များတည်ရှိရာမြို့ဖြစ်ပြီး ယမန်နေ့က နမ့်စန် လေတပ်ဌာနချုပ်မှာ ပြောက်ဆုံးနေတဲ့ စစ်သည်တွေ ရှိနေတယ်လို့ သတင်းထွက်ပေါ်ခဲ့သည့်မြို့လည်း ဖြစ်ပါတယ်။
အဆိုပါ သတင်းကို လေတပ်စခန်းဌာနချုပ် နဲ့ နီးစပ်သူက ၄င်းသတင်းမှန်ကန်ကြောင်းနဲ့ လေတပ်ဌာနချုပ်နဲ့ လက်အောက်ခံ တပ်ရင်းတပ်တွေကြား အခြေအတင်ဖြစ်နေတာ မှန်ကန်တယ်လို့ အတည်ပြု ပြောကြားပါတယ်။

 #မော်လမြိုင်ပညာရေးဒီဂရီကောလိပ်ရှေ့ပေါက်ကွဲမှုဖြစ်မော်လမြိုင်-မေ၄။ယနေ့မနက် ၄  နာရီခွဲဝန်းကျင်ကမော်လမြိုင် ပညာရေးဒီဂရီကော...
04/05/2021

#မော်လမြိုင်ပညာရေးဒီဂရီကောလိပ်ရှေ့ပေါက်ကွဲမှုဖြစ်

မော်လမြိုင်-မေ၄။

ယနေ့မနက် ၄ နာရီခွဲဝန်းကျင်က
မော်လမြိုင် ပညာရေးဒီဂရီကောလိပ်ရှေ့
ဆိုင်းဘုတ်အနီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ
ညကင်းတာဝန်ကျတဲ့ ဂိတ်စောင့်အမျိုးသား၏
ပေါင်နှင့် လက်မှာ ဒဏ်ရာရရှိသွားပြီး
ဆေးရုံပို့ဆောင်ထားသည်ဟု သတင်းရရှိပါတယ်

ပါဆယ်ဗုံးပေါက်ကွဲမှုကြောင့် လွှတ်တော်ကိုယ်စားလှယ် တစ်ဦး၊ CDM ပါဝင်နေသော ရဲ ၃ ဦးနှင့် အရပ်သား တစ်ဦးသေဆုံး*********ပဲခူးတိ...
03/05/2021

ပါဆယ်ဗုံးပေါက်ကွဲမှုကြောင့် လွှတ်တော်ကိုယ်စားလှယ် တစ်ဦး၊ CDM ပါဝင်နေသော ရဲ ၃ ဦးနှင့် အရပ်သား တစ်ဦးသေဆုံး
*********
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်၊ ဇီးအုပ်ကျေးရွာအုပ်စုအနီး၊ ကမ္ဘီလာရွာတွင် ယနေ့ ညနေ ၅ နာရီအချိန်တွင် ပါဆယ်ဗူးဖေါက်ရာမှ ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်ဝင်းလှိုင်အပါအဝင် ၅ ဦး သေဆုံံးခဲ့ကြောင်း ပြည်မြို့နယ် NLD ပါတီမှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ကမ္ဘီလာကျေးရွာတွင် ခေတ္တပုန်းရှောင်နေထိုင်သည့် ပြည်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အပါအဝင် CDM ပြုလုပ်နေသည့် ရဲတပ်ဖွဲ့ဝင် ၂ ဦးနှင့် ခြံပိုင်ရှင် ၁ ဦးတို့မှာ ပါဆယ်ဗုံးပေါက်ကွဲမှုကြောင့် နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ပြီး၊ ဒဏ်ရာရရှိသူ CDM ပြုလုပ်နေသည့် နောက်ထပ် ရဲတပ်ဖွဲ့ဝင် ၂ ဦးမှာ အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး၊ ပြည်ခရိုင် ပြည်သူ့ဆေးရုံအရောက်တွင် တစ်ဦးထပ်မံသေဆုံးခဲ့ခြင်းဖြစ်သည်။

ယခုအခါဆေးရုံတွင် ဒဏ်ရာရရှိသူ ရဲတပ်ဖွဲ့ဝင်တစ်ဦးမှာ လက်နှစ်ဖက်ပြတ်ထားပြီး စိုးရိမ်ရအခြေအနေဖြင့် ဆေးကုသမှုခံယူနေရကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်များထံမှသိရသည်။

အဆိုပါသေဆုံးသူ လွှတ်တော်ကိုယ်စားလှယ် ဦးသက်ဝင်းလှိုင်အပါအဝင် ရဲတပ်ဖွဲ့ဝင် ၃ ဦးနှင့် ခြံပိုင်ရှင် အမျိုးသားတို့၏ ရုပ်အလောင်းများကို ပြည်ခရိုင် ကုတင် ၅၀၀ ဆေးရုံကြီး၏ ရင်ခွဲရုံတွင် ထားရှိကြောင်း သိရသည်။

မံစီမြို့နယ်ရဲစခန်းကို ကေအိုင်အေဝင်တိုက်မံစီ - မေ ၃၊ ၂၀၂၁။ကချင်ပြည်နယ် မံစီမြို့ရဲစခန်းကို ကေအိုင်အေက ယနေ့ညနေ ၈ နာရီခန့်...
03/05/2021

မံစီမြို့နယ်ရဲစခန်းကို ကေအိုင်အေဝင်တိုက်

မံစီ - မေ ၃၊ ၂၀၂၁။

ကချင်ပြည်နယ် မံစီမြို့ရဲစခန်းကို ကေအိုင်အေက ယနေ့ညနေ ၈ နာရီခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

ည ၈ နာရီခန့်မှ စတင်ကာ ရဲစခန်းအနီးနှစ်ဖက်ပစ်ခတ်သံများကြားရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိအချိန်တွင် မံစီအခြေစိုက် ခမရ ၃၁၉ အနီး နှစ်ဖက်ပစ်ခတ်သံများထွက်ပေါ်နေသည်ဟု သိရသည်။

ဆက်လက်ဖော်ပြပါမည်။

ကာတွန်း-ဝေယံ(တောင်ကြီး)
03/05/2021

ကာတွန်း-ဝေယံ(တောင်ကြီး)

မေလ ၃ ရက်က ကြာအင်းဆိပ်ကြီးမြို့နယ် တောင်ဒီးကျေးရွာ  (ကေအန်ယူ ၊ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်)မှာစစ်အာဏာရှင်ဆန့်ကျင်တော်...
03/05/2021

မေလ ၃ ရက်က ကြာအင်းဆိပ်ကြီးမြို့နယ် တောင်ဒီးကျေးရွာ
(ကေအန်ယူ ၊ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်)မှာစစ်အာဏာရှင်ဆန့်ကျင်တော်လှန်တဲ့ ဝင်းရော်သပိတ်စစ်ကြောင်းဟာငြိမ်းချမ်းစွာဆန္ဒပြခဲ့ပါတယ်။
Photo-CJ

(၇၃)ကြိမ်မြောက်မီးသတ်တပ်ဖွဲ့ကိုဂုဏ်ပြုသောအနေဖြင့် ခေတ်အဆက်ဆက်မှ မီးသတ်ယာဉ်များမှတ်တမ်း
03/05/2021

(၇၃)ကြိမ်မြောက်မီးသတ်တပ်ဖွဲ့ကိုဂုဏ်ပြုသောအနေဖြင့် ခေတ်အဆက်ဆက်မှ မီးသတ်ယာဉ်များမှတ်တမ်း

Address

Mingaladon

Alerts

Be the first to know and let us send you an email when Aain Myanmar News Agency posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share


Other Mingaladon media companies

Show All