ကဗျာများဖြင့်စီးမျောသူ စိုင်း AHT

  • Home
  • Myanmar
  • Maymyo
  • ကဗျာများဖြင့်စီးမျောသူ စိုင်း AHT

ကဗျာများဖြင့်စီးမျောသူ စိုင်း AHT Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ကဗျာများဖြင့်စီးမျောသူ စိုင်း AHT, Publisher, Maymyo.

သူရာသတ္တိ********--------********ညမှောင်မှောင်  လရောင်အောက်မှာယစ်ရွှေရည်   အရက်ပုလင်းရယ်နှင့်ဇရက်မင်း   စည်းစိမ်ခံတယ်။ စံအ...
04/09/2023

သူရာသတ္တိ
********--------********

ညမှောင်မှောင် လရောင်အောက်မှာ

ယစ်ရွှေရည် အရက်ပုလင်းရယ်နှင့်

ဇရက်မင်း စည်းစိမ်ခံတယ်။

စံအိမ်မှာ မော်ကြွားနေငဲ့

အဝေးက နတ်မိမယ်ကို

ကပ်ငြိတွယ် မခွာချင့်ရဲ့လေးးးးးး။

စိုင်း (AHT)
၎.၉.၂၀၂၂

#စိုင်းAHT

.        စကားလုံးမဲ့*******______*******အလွမ်းတစ်ချို့ကို အန်ချမိတဲ့အခါငါ.....ခေါင်းငိုက်စိုက်ကျသွားတယ်။       စိုင်း(AH...
14/08/2023

. စကားလုံးမဲ့
*******______*******

အလွမ်းတစ်ချို့ကို အန်ချမိတဲ့အခါ

ငါ.....ခေါင်းငိုက်စိုက်ကျသွားတယ်။

စိုင်း(AHT)
၁၄.၈.၂၀၂၀

ဒဏ်​ရာဗရပွနဲ့လူ^^^^^^^^^^^^^^^^^^^^^^​သေတပန်​သက်​တဆုံး လက်​တွဲရမယ့်​သူလို့ ယုံကြည်​ခဲ့ဘူးတာ​ပေါ့။အရိပ်​တကြည့်​ကြည့်​ ဆို...
27/06/2023

ဒဏ်​ရာဗရပွနဲ့လူ
^^^^^^^^^^^^^^^^^^^^^^

သေတပန်​သက်​တဆုံး လက်​တွဲရမယ့်​သူလို့

ယုံကြည်​ခဲ့ဘူးတာ​ပေါ့။

အရိပ်​တကြည့်​ကြည့်​ ဆို​ပေမယ့်​လည်း

ငါ... မရိပ်​မိခဲ့ပါဘူး​လေ​။

ငါ့အနားကထွက်​ခွာသွားမယ်​ဆိုတာ

စိတ်​ကူးမှ မယဉ်​ခဲ့ဘူးတာကိုးးးး

လွမ်းပင်​လွမ်း​သော်​ငြား နန်း​ရေ...လို့ ​ခေါ်မိတဲ့အခါ

မင်းမှ မကြားနိုင်​​တော့တာ နာန်​ဖ၀့်​အွာ။

ဒီလိုနဲ့ပဲ ရှင်​လျက်​နဲ့​သေ​နေတဲ့သူဟာ ငါပဲဖြစ်​ခဲ့ရ။

ကံကြမ္မာ​ရေ....(သူမနဲ့ပတ်​သက်​ရင်​) ငါဟာ

ဒဏ်​ရာဗရပွနဲ့လူ...............

စိုင်း (AHT)
၂၇.၆.၂၀၂၃


#၂၇၆၂၃

.                 မှိုင်းမိနေဆဲလိပ်ပြာ^^^^^^^^>>>>>
10/05/2023

. မှိုင်းမိနေဆဲလိပ်ပြာ
^^^^^^^^>>>>>

"ဒီည"ည.........ပန်းဆီရောင်တွေတောက်ပရင်းပျောက်ရှသွားတဲ့ကြယ်၁လုံးကိုဒဏ်ရာတွေအပြည့်နဲ့ ခေါင်းငုံ့ပြီးငါရှာခဲ့ဖူးတယ်။    ။ခါ...
04/05/2023

"ဒီည"
ည.........
ပန်းဆီရောင်တွေတောက်ပရင်း
ပျောက်ရှသွားတဲ့ကြယ်၁လုံးကို
ဒဏ်ရာတွေအပြည့်နဲ့
ခေါင်းငုံ့ပြီးငါရှာခဲ့ဖူးတယ်။ ။
ခါးသက်တဲ့လောကဓံ
အကြောခံရပါများတော့လည်း
ဝေဒနာ၁ခုကိုညည်းညူနေမယ့်အစား
ခေါင်းမော့ရင်ကော့တတ်ခဲ့ပြီလေ။ ။

စိုင်း(AHT)
၎.၅.၂၀၁၅


#ဒီည

.          မသေချာခြင်းများ>>>>>>>>>*
05/11/2022

. မသေချာခြင်းများ
>>>>>>>>>*

အကြည့်...........................................ငါ့မာနတွေခဝါချထားပါသော်လည်းပြာကျမတတ်မင်းရဲ့အကြည့်တွေအောက်မှာငါဟာ.....ကေ...
17/07/2022

အကြည့်...........................................
ငါ့မာနတွေခဝါချထားပါသော်လည်း

ပြာကျမတတ်မင်းရဲ့အကြည့်တွေအောက်မှာ

ငါဟာ.....ကျောက်ရုပ်တစ်ရုပ်ပေါ့

စိုင်း (AHT)
၁၇.၇.၂၀၁၅

.          အဆိပ်တက်ဝိဉာဏ်...........................................ဥပေက္ခာတရားတွေနဲ့ အသားကျနေတဲ့ငါ့အတွက်ခါးသက်သက်အရာအားလ...
01/12/2021

. အဆိပ်တက်ဝိဉာဏ်...........................................

ဥပေက္ခာတရားတွေနဲ့ အသားကျနေတဲ့ငါ့အတွက်

ခါးသက်သက်အရာအားလုံး ချိုမြိန်စပြုလာနေပြီ

ဒါပေမယ့်လေ ဒါပေမယ့်ပေါ့

ဓားသွားထက်ကပျားရည်စက်တစ်ချို့ကိုလည်း
ခါးသက်မှန်းသိလျက်နဲ့

တရှိုက်မက်မက် သုံးဆောင်ချင်ပါသေးရဲ့ ........

စိုင်း (AHT)
၂၉.၁၁.၂၀၁၆

.        ဝင်ခွင့်မရတဲ့ရင်ခွင်•••••×•••••×•••••×•••••×•••••×•••••(သူမရဲ့)အဲဒီတံခါးတစ်ချပ်က   ငါ့အတွက် မဟုတ်ရော့လေသလား.......
13/11/2021

. ဝင်ခွင့်မရတဲ့ရင်ခွင်
•••••×•••••×•••••×•••••×•••••×•••••

(သူမရဲ့)အဲဒီတံခါးတစ်ချပ်က ငါ့အတွက် မဟုတ်ရော့လေသလား.......။

ကျန်ရစ်ခြင်းမှာ အသားကျနေတဲ့သူတစ်ယောက်မို့

အရာရာအဆင်ပြေပါတယ်။

ဟုတ်ကဲ့... အဲဒီလိုနဲ့ပဲ

တဖြည်းဖြည်း သွေးအေးသွားကြလေမလား.,?

ကံမကုန်ခဲ့ရင်တော့ ပြန်ဆုံဖြစ်ကြတောပေါ့လို့

ပြောဖူးခဲ့ကြတာချည်းပါပဲ။

တခါတရံမှာ လွမ်းရုံသက်သက်ထက်

ပိုလွမ်းနေပါ့မယ် ချာတိတ်။

စိုင်း(AHT)
၆၁၁၂၀၂၁

27/10/2021
တစုံတယောက်က ကျွန်တော်တို့ကိုမရွေးချယ်ခြင်းအပေါ် စောဒကတက်ခွင့်မရှိဘူးဆိုတာ လက်ခံနိုင်ရမယ်။     သူချစ်တဲ့သူကို  ရွေးချယ်သွာ...
08/08/2021

တစုံတယောက်က ကျွန်တော်တို့ကို
မရွေးချယ်ခြင်းအပေါ် စောဒကတက်ခွင့်မရှိဘူးဆိုတာ လက်ခံနိုင်ရမယ်။

သူချစ်တဲ့သူကို ရွေးချယ်သွားခြင်းအတွက် မကန့်ကွက်ဖို့ စိတ်အနှောက်အယှက်မပေးမိဖို့ လိုပါတယ်။

ကျွန်တော်တို့တောင် မချစ်နှစ်သက်သူနဲ့
အိုမင်းမသွားချင်ဘူးမလား......

အဲဒီအတွက် အရာရာဟာ တရားတယ်။

#စိုင်းAHT

20/05/2021

ပေးဆပ်လိုခြင်း............. ......... ...........
ဘဝလားးးး?
ခါးတယ်လေ........
ဆာလောင်မွတ်သိပ်နေတဲ့ နှုတ်ခမ်းပေါင်းများစွာ
စွတ်စိုအေးမြစေဖို့အရေး
ငါတို့တွဲလက် မြဲဆက်စွာနဲ့ ခရီးဆက်နေဆဲ
" ကောင်းကင်ပြာ " ဆိုတာ နာမ်စားတခုသာမို့
မျော်လင့်နေတဲ့ မျက်ဝန်းအစုံတိုင်းရဲ့ထံပါး
ရွှေလက်တွဲလို့ ချီတက်ကြပါစို့.........

စိုင်း (AHT)
၂၀ ၅ ၂၀၁၆

08/03/2021

. ကြင်ယာပျောက်အလွမ်းတေး
>>>>>>>>>>>>>>

05/08/2020

ထိန်းရမည့်ကလေးမှာ ပိုစ့်တင်သူကိုယ်တိုင်ဖြစ်ပြီး မိန်းကလေးစစ်စစ်ဆိုရင် အရမ်းချစ်တတ်ပါသည်။ စိတ်မကြည်သည့်အချိန်များတွင် ၅မိနစ်တခါနမ်းပေးနိုင်ရပါမည်။ စိတ်ရှည်သည်းခံနိုင်ပြီး နွေးထွေးသောဆက်ဆံရေးမျိုးပေးနိုင်သူဖြစ်ရမည်။ အသက်(၁၈)နှစ်မှ (၃၀)ကြား အိမ်ထောင်မရှိ/မကျဖူးသူ အပျို ဖြစ်ရပါမည်။ ရုပ်ရည်မှာ ခင်ဝင့်ဝါထက်ရုပ်မဆိုးလျှင် အဆင်ပြေပါသည်။ ပညာအရည်အချင်းကန့်သတ်ချက်မရှိသော်လည်း သွက်လက်ချက်ချာပြီး ဥာဏ်ကောင်းသူဖြစ်ရပါမည်။ ကျန်းမာရေးစစ်ဆေးချက်အပြည့်အစုံနှင့်တကွ လာရောက်လျှောက်ထားပါရန်။ အရည်အချင်းအပေါ်မူတည်၍ လစာတိုးမြှင့်ခံစားခွင့်ပေးပါမည်။

.       တမ်းခြင်းသက်သက်ပါ နာန်ဖဝ့်အွာ>>>>>>>>>>>*****
27/07/2020

. တမ်းခြင်းသက်သက်ပါ နာန်ဖဝ့်အွာ
>>>>>>>>>>>*****

.            အတုအယောင်များ************ # # # # #*********ခပ်နက်နက်ချောက်ကမ်းပါးထဲ ပြုတ်ကျမိသူတစ်ယောက်အတွက် အောင့်သက်သက်န...
23/05/2020

. အတုအယောင်များ
************ # # # # #*********
ခပ်နက်နက်ချောက်ကမ်းပါးထဲ ပြုတ်ကျမိသူတစ်ယောက်အတွက်

အောင့်သက်သက်နဲ့ခံရခက်တဲ့ကာလ ငါချပြလိုက်ချင်တယ်

ကယ်ပါယူပါ တစာစာအော်နေဆဲကြားက
အားပေးသံတွေညံမဆဲ ရှိခဲ့ပေမယ့်

လက်တွေ့ကျကျ ကမ်းလင့်လက်အစုံဟာ
်ကိုယ်ချင်းစာတရားကို လှောင်ပြောင်ပြလိုက်သလို
ထူးဆန်းစွာ ပျောက်ဆုံးလို့နေတယ်လေ


စိုင်း (AHT)
၂၂.၅.၂၀၁၇

ဆန္ဒတစုံတရာ...................................ခါးသီးလွန်းတဲ့ဘဝ ပြန်မရချင်တော့ဘူးဒါဟာ မုန်တိုင်းရဲ့အစမဖြစ်ပါရစေနဲ့လို့သာ ဆ...
21/05/2020

ဆန္ဒတစုံတရာ...................................
ခါးသီးလွန်းတဲ့ဘဝ ပြန်မရချင်တော့ဘူး

ဒါဟာ မုန်တိုင်းရဲ့အစ
မဖြစ်ပါရစေနဲ့လို့သာ

ဆုတောင်းရင်းစဉ်းစား
ကံကြမ္မာကိုလည်းကြိုတွေးမထားချင်တော့ဘူး

နှိမ့်ချဝပ်တွား မင်းထံပါးမှာ
ခစားခွင့်တော့ပြုပါ သခင်မ။

စိုင်း (AHT)
၂၀.၅.၂၀၁၆

သူသည်သာ~~~~~~~~~~~~အသဲကွဲဝေဒနာ  သေရာပါပြီထင်ခိုက်အမှတ်မထင်    မြင်လိုက်ရတဲ့သူ့မျက်နှာငါ့ကိုဖမ်းစား  အလွမ်းများကွာကျစေခဲ့...
20/05/2020

သူသည်သာ

~~~~~~~~~~~~

အသဲကွဲဝေဒနာ သေရာပါပြီထင်ခိုက်
အမှတ်မထင် မြင်လိုက်ရတဲ့သူ့မျက်နှာ
ငါ့ကိုဖမ်းစား အလွမ်းများကွာကျစေခဲ့တယ်
ရှေးဘဝရေစက်ကြောင့်များလား?

စိတ်ထဲစွဲထင် အသဲဘဝင်ဆူပွက်
သူနဲ့ကျမှ ငါကျရှုံးတော့မယ်ထင်ပါရဲ့.....

စိုင်း(AHT)

(၂၀၁၅ ၁လပိုင်းတုန်းက ရေးပြီးတင်ခဲ့ဖူးတဲ့ကဗျာလေး)

:D :) :D :) :D

သေနေတဲ့နှလုံးသား    အပြုံးပန်းများပွင့်လာနိုင်ပေမယ့်တခါထပ်ပြီးအရှုံးသမားအဖြစ်   အမုန်းမပွါးချင်တော့ဘူးငါ့ရဲ့ရင်ခွင်ထဲ   ...
24/04/2020

သေနေတဲ့နှလုံးသား အပြုံးပန်းများပွင့်လာနိုင်ပေမယ့်

တခါထပ်ပြီးအရှုံးသမားအဖြစ် အမုန်းမပွါးချင်တော့ဘူး

ငါ့ရဲ့ရင်ခွင်ထဲ မ၀ံ့မရဲနဲ့ဝင်လာပြီးတော့မှ

မာယာတွေခြယ်မှုန်းလို့ ငါအတုံးအရုံးကျရှုံးခဲ့ရပြီးပြီ

ကျေနပ်သင့်ပြီလေ...မကျေနပ်ခဲ့ရင်လဲ ကြိတ်မှိတ်သာနေပါတော့..........

ဒဏ်ရာတွေအထပ်ထပ်နဲ့ သွေးပွက်ပွက်အန်ခဲ့တဲ့

ရင်ဘတ်ကြီးလဲ ပင်ပန်းလှပြီ

တကယ်ဆို ငါ့နှလုံးသားကသေနေပါပြီဟာ......

(ရှင်သန်လွတ်မြောက်လိုသူ)

စိုင်း(AHT)
၂၂.၅.၂၀၁၃

သင်္ကန္တသံဝေဂကထာ>>>>>>>>> +
13/04/2020

သင်္ကန္တသံဝေဂကထာ

>>>>>>>>> +

သင်္ကန္တဗျာပါဒ=-=-=-=-=-*****-=-=-=-=-=ဥသြရယ်ငို  တွန်သံချို လွန်းတယ်ဟိုအပင်က တကူးကူး ချိုးတော်တော်မြူး ။နေမင်းရယ်ပူ   မညှ...
08/04/2020

သင်္ကန္တဗျာပါဒ
=-=-=-=-=-*****-=-=-=-=-=

ဥသြရယ်ငို တွန်သံချို လွန်းတယ်

ဟိုအပင်က တကူးကူး ချိုးတော်တော်မြူး ။

နေမင်းရယ်ပူ မညှာရက်နိုင်ဘူး

ကိုကြီးရင် ဗလောင်ဆူလို့

ကလေးအတွက်နဲ့ရူးးးးးးး ။

စိုင်း(AHT)
၈.၄.၂၀၂၀

21/03/2020

ချစ်သော ဟက်ကာဖြူ
*************************************

တိုင်းရေးပြည်ရာ ခက်ကြုံလာက

ဖြူစင်စိတ်ထား ဟက်ကာများလည်း

တို့နိုင်ငံမှာ ရှိသေးသည်။

ပြည်ပစွက်ဖက် နှောက်ယှက်စော်ကား

လူယုတ်များအား ဆုံးမပေးရန်

စိတ်ရည်သန်လျက် ပညာပြည့်ဝ နှလုံးလှသော

တိုင်းချစ်ပြည်ချစ် ဟက်ကာများလည်း

တို့နိုင်ငံမှာ ရှိသေးသည်။

စိုင်း (AHT)
၂၁.၃.၂၀၁၉

.           နေ့စွဲ _______________________    အတွေးတစ်စကိုရေးချ    တခြားဘာမှတွေးမရသေးခင်မှာအာ....... ဘေးကခွေးမကလည်းတစ်မေ...
09/01/2020

. နေ့စွဲ
_______________________

အတွေးတစ်စကိုရေးချ

တခြားဘာမှတွေးမရသေးခင်မှာ

အာ....... ဘေးကခွေးမကလည်းတစ်မှောင့် ။

တောက်.... ခပ်ပြင်းပြင်းခတ်လိုက်ရုံနဲ့

ကာရန်တွေလွင့်ပျောက်

ဒီနေ့လည်းးးးးးး မနေ့ကလိုပါပဲလား...... ။

စိုင်း (AHT)
၉.၁.၂၀၁၇

""" သူယုတ်ဗာလာ   ဆုံးမစာ """>>>>>>>>>>>>
08/10/2018

""" သူယုတ်ဗာလာ ဆုံးမစာ """
>>>>>>>>>>>>

အပ္ပမာဒေနသမ္ပာဒေထ>>>>>>>
13/09/2018

အပ္ပမာဒေနသမ္ပာဒေထ
>>>>>>>

အပ္ပမာဒတရား   လက်ကိုင်ထားကာ   လူပီသစွာနေထိုင်ပါမှရင်ဆိုင်မယွင်း   ရှင်သေမင်းကိုရဲဝံ့တွန်းလှန်  နိဗ္ဗာန်တိုင်မယ်။ အိုဘယ့်. ...
04/09/2018

အပ္ပမာဒတရား လက်ကိုင်ထားကာ

လူပီသစွာနေထိုင်ပါမှ

ရင်ဆိုင်မယွင်း ရှင်သေမင်းကို

ရဲဝံ့တွန်းလှန် နိဗ္ဗာန်တိုင်မယ်။

အိုဘယ့်. . . .လူသား

သင်သေသွားသော် သင်အားပြုရာ

စည်းစိမ်ဥစ္စာ ပညာမာန

နုပျိုရုပ်ဆင်း ဆွေသင်းပင်းနှင့်

အားလုံးအရာ မပါ " သင့် " နောက်

လမ်းမပျောက်နဲ့။

ဒါနသီလ ထိုနှစ်ဝပေါင်း

ဘာဝနာလောင်း၍ ထပ်ဆောင်းအားဖြည့်

မမေ့မေတ္တာ ပွားများပါမှ

မဂ္ဂင်ဖောင်စီး ပြီးနိုင်မယ်။

စိုင်း(AHT)
၎.၉.၂၀၁၈

02/08/2018
02/08/2018

Address

Maymyo

Telephone

09777084111

Website

Alerts

Be the first to know and let us send you an email when ကဗျာများဖြင့်စီးမျောသူ စိုင်း AHT posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category