MAY MYO MEDIA

MAY MYO MEDIA သင်ချစ်သော မေမြို့အတွက် Maymyo Media

Position One Recordz is our music production division.
14/06/2022

Position One Recordz is our music production
division.

24/12/2021

Merry Xmas

05/11/2021
02/11/2021
29/01/2021

Underground မှာ ခဏ ခဏ ကန်ထုတ်ခံရဖူးတယ်ဆိုတဲ့ အဆိုတော် ဘ၀

21/01/2021

ပန်းမြတ်ဟေမာခြံတွင်းမှ အညတရ အသက်ရှူသံများ

ခွေးဟောင်သံများနှင့် ဟိုတစ်စ ဒီတစ်စ။ခွေးခြံသေးသေးလေးများစွာ။အနီးနားမှာ စတီးဇလုံကြီးငယ်တို့များစွာကို အထပ်လိုက် ဆေးကြောသန့်စင်ထားသည်ကိုလည်းတွေ့မြင်ရသည်။ ပုံစံမျိုးစုံ၊အရောင်မျိုးစုံ၊အရွယ်မျိုးစုံ၊ သမိုင်းမျိုးစုံနှင့် ခွေးကလေးများစွာကို ရပ်ကွက်ကြီး(၉)နန္ဒာဝန်ရှိ သီရိန္ဒာလမ်းထဲ၌မြင်တွေ့ရသည်။

ထိုခွေးကလေးများကို ဂရုတစိုက် ထိန်းသိမ်းမွေးမြူ ပြုစုပေးနေသူကတော့ တချိန်က အရာရှိကတော်ဖြစ်ခဲ့သော အဘွားဒေါ်ခင်သန်းဝေပဲဖြစ်ပါသည်။အဘွားက အရာရှိကတော်တစ်ယောက်ဖြစ်ခဲ့သော်လည်း ဂုဏ်ပကာသနာမဖက် ပရဟိတစိတ် အစစ်အမှန် လုပ်နေသူ။ နားမှာ နားကပ်တောင်ဝတ်ဆင်ထားခြင်းမရှိ နားပေါက်ဟောင်းလောင်းဖြင့် ရွှေတိုငွေစ နည်းနည်းမှမဝတ်ဆင် ပယင်းလည်ဆွဲကြီးကိုသာ အမြတ်တနိုး ၀တ်ဆင်ထားသည်။စကားပြော ပွင့်လင်းရိုးရှင်းသော တကယ့်အရိုးခံစစ်စစ်ကြီး။ အဘွားကို မသိကြသူတွေက မြင်လျှင်ပင် စစ်တပ်ကထွက်လာသော အရာရှိကတော်တစ်ယောက်ဆို ဘယ်လိုယုံနိုင်ကြမည်မထင်။
ဟန်ပန်ကလည်း ဖြတ်လတ် တက်ကြွလွန်းလို့ အသက်(၆၂)နှစ်ဆိုတာ ယုံဖို့ခက်သည်။
အဘွားရဲ့ဘဝမှာ ဓမ္မဓိဌာန်ကျကျ တွေးတက် ပြောတက် ဆွေးနွေးတက်သလို ရည်မွန်ဖေါ်ရွေမှု့က အရိုးခံစကားလုံးများထဲက အထင်းသားမြင်ရသည်။

အဘွားကငယ်ငယ်လေးကတည်းက ခွေးတွေကိုချစ်တတ်သူ။ငယ်စဥ်က စိတ်ကူးသည်ပင်လျှင် ကြီးလာရင် ခွေးတွေအများကြီး ခြံကြီးတခြံနဲ့မွေးမည်ဆိုတဲ့စိတ်ကူး။ထိုစိတ်ကူးကိုလက်တွေ့ အကောင်အထည် ဖေါ်နိုင်ခဲ့သူ။ယခင် တစ်ကောင်စနှစ်ကောင်စမှစ၍ လမ်းဘေးခွေးများအထိ ဘေးဒုက္ခရောက်နေသော ခွေးကလေးများအား ကူညီကယ်ဆယ်မွေးမြူစောင့်ရှောက်ထားသည်မှာ ယခုဆို ခွေးအကောင်ရေ (၄၀၀)ကျော်သွားပြီဖြစ်သည်။ခွေးအကောင်ရေ (၄၀၀) ရာကျော်ကိုထိန်းသိမ်းပေးရသည့်အလုပ် ဘယ်လောက်ပင်ပန်းလဲ အဘွားဒေါ်ခင်သန်းဝေသာသိမည် ဖြစ်ပါသည်။အဘွားက မပြောပြသော်လည်း အဘွား၏ လက်ချောင်းများနှင့်လက်ဖဝါးများက သက်သေထူနေသည်။အဘွားရဲ့ လက်များသည် နုနယ်ခြင်းမရှိ ကြမ်းတမ်းကာ ကွဲအက်နေကြသည်။ထို ကြမ်းတမ်းနေသော မေတ္တာရှင်လက်ချောင်းများက လမ်းဘေးခွေးလေခွေးလွင့်လေးများ​၏ အသက်များစွာကို ကယ်တင်နေခြင်းဖြစ်သည်။

အဘွားနှင့်ကျွန်တော်(စာရေးသူ) အပြင်၌ နှစ်ကြိမ်ခန့်သာဆုံတွေ့ဖူးသော်လည်း သူ့သား၏ သူငယ်ချင်းဖြစ်သော ကျွန်တော့်ကို တခုတ်တရ မှတ်မိနေပါသေးသည်။မှတ်ဉာဏ်ကလည်း ကောင်းလွန်းသူ။

အဘွားနှင့်စကားပြောနေရင်း သူရဲ့ခွေးလေးများအတွက် သူထပ်ပြီးမျှော်လင့်နေသည် ကတော့ ယခုထက် ပိုမိုကောင်းမွန်သော စောင့်ရှောက်ရေးခြံအကျယ်ကြီး တည်ထောင်ရေးပင်ဖြစ်သည်။အဘွားရဲ့မျက်လုံးများက အဝေးသို့ငေးရင်း သူ့မျှော်လင့်ချက်အတွက် ထီထိုးနေသည်ကြောင်းထီပေါက်ရင် သူတို့လေးတွေကို ဒီ့ထက် စနှစ်ပိုကျအောင်ထားနိုင်လိမ့်မည်ဟု ပြောပြသည်။ သူ့ခြံနှင့်အနီးဆုံးခြံက သိန်းတစ်ထောင်ကျော်ဈေးခေါ်ရောင်းနေတာမို့ သူ့မထိုခြံလေးကိုဝယ်ယူလိုနေသည်။ထိုခြံလေးရလျှင် သူမ၏ခွေးကလေးများအတွက် အကောင်းဆုံးခွေးခြံကြီးလုပ်မည်ဟု တွေးကြံနေကြောင်း ပြောပြသည်။ထီထိုးနေသော်လည်း ထီကလည်းမပေါက်နိုင်သေးဟု ရယ်ပြုံးစွာပြောပြသည်။ယုံကြည်ချက်ပြင်းထန်သူအဖြစ် အရီးရဲ့မျက်ဝန်းတွေကဖေါ်ပြနေသည်။
ခွေးအကောင်ရေ ရာပေါင်းများစွာကိုနှစ်များစွာစောင့်ရှောက်နိုင်ရန် ယခင်စုဆောင်းထားခဲ့သောခြံမြေများအားထုခွဲးရောင်းချခြင်းမှရသည့်ငွေဖြင့် ပြုစုစောင့်ရှောက်နေ​ခြင်းဖြစ်သည်။ လစဉ်ဆန်အိတ်(၆၀)ကျော်ကုန်ကြောင်းရှင်းပြသည်။ခွေးများကိုစောင့်ရှောက်လာသည်မှာကာလကြာမြင့်လာပြီးဖြစ်တော့ ခွေးများအတွက် တော်ရုံဆေးကုသမှု့ကို အဘွားကကျွမ်းကျင်နေပြီပဲဖြစ်သည်။ညအိပ်စက်လျှင်တောင် ခွေးခြံက ညည်းသံကြားပါက ကလေးများကိုချက်ချင်းသွားကြည့်ခိုင်းပြီး လိုအပ်သောဆေးဝါးကုသမှု့ပြုလုပ်ပေးလျှက်ရှိသည်။အဘွား မွေးမြူထားသော ခွေးများက အားလုံးအကောင်းတိုင်းတွေချည်မဟုတ်ဘဲ နေရာစုံက အသက်ဘေးဒုက္ခအမျိုးမျိုးကကယ်ထုတ်ထားသည့် ခွေးလေးများလည်းပါဝင်ရာ အချို့ဆိုလျှင် ဖင်တရွတ်တိုက်သွားသည့် ခွေးလေးများ၊ လည်ပင်းတလျှောက်ဒါဏ်ရာကြီးဖြင့်ခွေးများ၊ ခြေလက်အင်္ဂါမစုံတော့သည့် ခွေးလေးများလည်း ပါဝင်ပေသည်။
အဘွားက ခွေးအကောင်ရေများစွာရှိသော်လည်း အားလုံးမှာနာမည်ကိုယ်စီရှိကြသည်။ထိပ်ပေါက်၊စစ်သမီး၊မလက်တို၊အကဲပို စသည့် နာမည်မျိုးစုံဖြင့် ပြန်လည် မှည့်ထားပေးသည်။ မူလပိုင်ရှင်များကနာမည်ပေးထားကြသော်လည်း အရီးထံလာပေးပါက အခြားနာမည်ပြန်လည် မှည့်ခေါ်ပေးထားလေ့ရှိသည်။မူလပိုင်ရှင်များက မမွေးချင်၍လာပေးပြီးနောက် ပြန်လည်တောင်းယူပါက လုံးဝပြန်ပေးလေ့မရှိတော့ပဲ လာပေးစဉ်ကတည်းက ယတိပြတ်ပြောထားကာ မွေးမြူလေသည်။အဘွားခြံထဲရောက်ပြီးမှ အခြားသူကိုပြန်လည်မွေးမြူရန်ပေးအပ်ခဲ့သော ခွေးတစ်ကောင်မျှမရှိကြောင်းလည်းသိရသည်။
ခွေးခြံထဲရှိခွေးများအားလုံးကို သတ်မှတ်ချိန်တိုင်း ကာကွယ်ဆေးထိုးပေးခြင်းအား မန္တလေးတိုင်းကျန်းမာရေးရုံးမှလာရောက်ကူညီထိုးပေးကြောင်း သိရှိရပါသည်။ခွေးများသေဆုံးသွားခဲ့လျှင်တောင် စနစ်တကျ မြေမြုပ်သဂြိုလ်ပေးကြောင်းလည်းသိရသည်။
အဘွားဒေါ်ခင်သန်းဝေသည် သူမ​၏ အမျိုးသားကျန်မာရေးမကောင်းသည်ကိုလည်းအနီးကပ်ပြုစုပေးရင်း ခွေးခြံဘက်ကိုပါ
မလစ်ဟင်းရအောင် နေ့စဉ်ကြိုးစားလုပ်ကိုင်ပေးနေရသည်။မနက်(၅)နာရီမှထကာ မိသားစုအိမ်ထောင့်တာဝန်များနှင့် ခွေးလေးများအတွက် လိုအပ်သည်များအားလုံးကို အလုပ်သမားငယ်နှစ်ယောက်နှင့်အတူ ကိုယ်တိုင်ကိုယ်ကျလုပ်ဆောင်ပေးနေသည်။ယခင်မြို့နယ်အဆင့်တာဝန်ရှိလူကြီးများက အဝေးတနေရာ၌စီစဉ်ပေးမည်ဆိုကြသော်လည်း အရီးအတွက်သူမ​၏ခွေးလေးများကို စိတ်မချနိုင်၍ သူမနှင့်အနီးဆုံးနေရာမှာထားကာ စောင့်ရှောက်ချင်သောကြောင့်လုံးဝ လက်မခံခဲ့ဘဲ ကိုယ်တိုင်ကိုယ်ကျနေ့စဉ် ကျွေးမွေးစောင့်ရှောက်ပေးနေခြင်းဖြစ်သည်။
တစ်ခါတစ်ရံသားသမီးများဖြစ်သော ကိုကျော်မင်းထိုက်တို့မိသားစုမှခွေးခြံသန့်ရှင်းရေးကိုလာရောက်ကူညီပေးကြသည်။မြေးဖြစ်သူ အိုဗားမား(အိမ်နာမည်)ကလည်းအဘွားဖြစ်သူအား လာရောက်ကူညီပေးလျှက် ရှိနေသည်။
လူအချို့ပြောကြ ဝေဖန်ကြ စိုးရိမ်ကြသည့်ခွေးများထံကရောဂါကူးစက်မှာစိုးရိမ်ကြသည့်အချက်ကိုလည်းအဘွားက ခွေးများကြောင့် ရောဂါကူးစက်မှု့တွေဖြစ်ရင် သူမငယ်စဉ်ကတည်းက ခွေးကိုချစ်၍ အမြဲပူးပူးကပ်ကပ်နေထိုင်ခဲ့ကြောင်း ခွေးများကသာရောဂါကူးစက်လျှင်သူမသာအရင်ဆုံးကူးစက်မည်ဖြစ်ကြောင်း သူမဘဝနှင့်ချိန်ထိုးပြကာ သူမ​၏အမြင်ကိုလည်း ပွင့်လင်းရဲတင်းစွာ ပြောပြလေသည်။
အဘွားဒေါ်ခင်သန်းဝေသည် ခွေးလေးများကိုပြုစုစောင့်ရှောက်ရင်း ပရဟိတသမားစစ်စစ်ဘဝကို ကျေနပ်စွာ ဖြတ်သန်းနေသည်မှာ အဓိပ္ပါယ်ရှိလွန်းလှသလို သူမ​၏စေတနာမေတ္တာတို့သည်( ပန်းမြတ်ဟေမာခြံလေးထဲ၌)ထာဝရ ထုံမွှမ်းနေပေလိမ့်မည်။

အရွတ်တုံး (Maymyo Media)

ညို့ချက်ပြင်းပြင်းနဲ့ အချစ်နတ်ဘုရားမလို့တင်စားလိုက်တဲ့ နန်းစန္ဒာလှထွန်းPhoto Credit
12/01/2021

ညို့ချက်ပြင်းပြင်းနဲ့ အချစ်နတ်ဘုရားမလို့တင်စားလိုက်တဲ့ နန်းစန္ဒာလှထွန်း
Photo Credit

"မမှီဝဲနဲ့ကင်းအောင်နေ''ရုပ်သံဇာတ်လမ်းတွဲလေးရဲ့အမှတ်တရပုံရိပ်တွေမျှဝေခဲ့တဲ့ မင်းသမီးချောလေးဝေလာရီPhoto Credit
12/01/2021

"မမှီဝဲနဲ့ကင်းအောင်နေ''ရုပ်သံဇာတ်လမ်းတွဲလေးရဲ့အမှတ်တရပုံရိပ်တွေမျှဝေခဲ့တဲ့ မင်းသမီးချောလေးဝေလာရီ
Photo Credit

PATTAYAR IS DEAD သြော်....ကိုဗစ်ရယ် ... ရက်စက်လိုက်တာ ... တချိန်က ညမအိပ်တဲ့မြို့ဆိုပြီး တလမ်းလုံး ကလပ်တွေ အပြည့် ဘားတွေ ...
11/01/2021

PATTAYAR IS DEAD

သြော်....
ကိုဗစ်ရယ် ... ရက်စက်လိုက်တာ ...
တချိန်က ညမအိပ်တဲ့မြို့ဆိုပြီး တလမ်းလုံး ကလပ်တွေ အပြည့် ဘားတွေ အပြည့်နဲ့ အပျော်အပါး အစုံအလင် နဲ့ စည်ကားခဲ့တဲ့ မြို့ကြီး ... အခုတော့ သရဲတောင် ခြောက်မလားစိုးရတယ် ... ဓါတ်ပုံဆရာရဲ့ ရိုက်ချက်နဲ့ idea ကို လေးစားပါတယ် ...

ဒီ Walking Street မှာ
ကိုကျော်တို့ ဖောက်သည်တွေရဲ့ ခြေရာတွေလည်းရှိခဲ့မှာ သေချာတာပေါ့ ဗျာ...

ဘယ်သူ့ခြေရာ အများဆုံးလဲ ?

Crd: BKK to YGN

သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခံရပေမယ့် ပါဂျောင် စာအုပ်ကို ထုတ်ဝေခဲ့တဲ့ မြေမှုန့်လွင်..........................မကြောက်ဘူးလို...
11/01/2021

သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခံရပေမယ့်
ပါဂျောင် စာအုပ်ကို ထုတ်ဝေခဲ့တဲ့ မြေမှုန့်လွင်..........................

မကြောက်ဘူးလို့များထင်နေလား

ကျွန်တော်က ငကြောက်ပါ။
ငယ်ငယ်ကတည်းက ပေါင်းလာတဲ့သူတွေဆိုရင်
ပိုသိပါတယ်။
ကျောင်းမှာဆိုရင် ကိုယ့်ဘာသာကိုယ်
အေးအေးဆေးဆေးနေလေ့ရှိပြီး
ရန်ပွဲတွေ ဘာတွေရှောင်ပါတယ်။
ကိုယ်ခံရမှာကြောက်တဲ့အတွက် ပါလေ့မရှိပါဘူး။
မလွှဲသာ မရှောင်သာတော့မှသာ နည်းနည်းပါးပါး ဝင်ပါရတာမျိုး
ရှိပါတယ်။ တတ်နိုင်သမျှတော့ ရှောင်တာပါပဲ။
ကျွန်တော့်အကိုနဲ့ ညီတို့လောက်လည်း သတ္တိမရှိပါဘူး။
သူတို့ဆိုရင် ဆယ်တန်းအောင်ပြီးတဲ့အခါ
ကမ္ဘာ့တစ်ဖက်ခြမ်းထိကိုသွားပြီး
ပညာဆက်သင်ကြပါတယ်။
ကျွန်တော်ကတော့ အဲ့ဒီလို ရေခြား မြေခြား
ကိုယ်မကျွမ်းကျင်တဲ့နေရာကို
သွားရမှာ ကြောက်တဲ့အတွက်
နိုင်ငံခြားမှာ ကျောင်းမတက်ခဲ့ပါဘူး။
အဲ ပြည်တွင်းမှာလည်း မတက်ခဲ့ပါဘူး။
ဒီလိုနဲ့ စာအုပ်ထုတ်ဝေသူ၊
စာရေးဆရာဖြစ်လာတော့လည်း
ကြောက်နေတုန်းပါပဲ။
စစ်အာဏာရှင်ထွက်ကုန်
စာပေစိစစ်ရေးက ချမှတ်ထားတဲ့
စည်းကမ်းတွေ အကုန်အတိအကျလိုက်နာပါတယ်။
ကိုယ့်စာအုပ်လေးတွေ
လိုတာထက်ပိုကြာနေမှာ ကြောက်တဲ့အတွက်
စိစစ်ရေးက တာဝန်ရှိသူတွေကို
ပေးသင့်တာပေး။
ပေါင်းသင့်တာပေါင်းပြီး
ကိုယ်တစ်ယောက် အဆင်ပြေဖို့အတွက်
ထွက်ပေါက်ရှာခဲ့ပါတယ်။
စာအုပ်ထုတ်ခွင့် မရမှာ ကြောက်တာကိုး။
ဒါပေမယ့် နောက်ပိုင်း ကံကောင်းချင်တော့
ဆရာမင်းလူနဲ့ အတော်လေး ထဲထဲဝင်ဝင် ခင်မင်ခွင့်ရခဲ့ပါတယ်။
ကိုရွှေဘုန်း ( တာရာမင်းဝေ) နဲ့ဆိုရင် ညီလို အစ်ကိုလိုပါပဲ။
နောက်ပိုင်း ဆရာမျိုးမြင့်ညိမ်းတို့ ဆရာမ မသီတာ(စမ်းချောင်း)တို့နဲ့ပါ
အလွန်ရင်းနှီးသွားပါတော့တယ်။
ပိုကံကောင်းချင်တော့
ဘဘဟံသာဝတီဦးဝင်းတင်တို့လို လူကြီးတွေနဲ့ပါ
သိခွင့် စကားပြောခွင့်ရခဲ့ပါတယ်။
ဘကြီးမိုးကတော့ နဂိုကတည်းကဆွေလိုမျိုးလိုဆိုတော့
ပြောင်လိုက်နောက်လိုက် အတူတူသောက်လိုက်ပေါ့။
တဖြည်းဖြည်း ဆက်စပ်ရင်း ကိုဂျင်မီတို့ ကိုပေါ် (ကိုမင်းကိုနိုင်)တို့
အပါအဝင် တခြားသော ကဗျာဆရာတွေ စာရေးဆရာတွေ
အများကြီးနဲ့ စာပေအသိုင်းအဝိုင်း နိုင်ငံရေး
အသိုင်းအဝိုင်းဟာ ကျယ်ပြန့်ခဲ့လာပါတော့တယ်။
စကားတွေပြောကြဆိုကြရတာများတဲ့အခါ
ဒီလူကြီးတွေ ထောင်ထဲမှာ နှစ်ရှည်လများ ဘာကြောင့်
ဒုက်ခခံခဲ့ကွတာလဲ။
ဘဘဦးဝင်းတင်ဆိုရင် ထောင်ဘူးဝထိ ထုတ်ပေးခဲ့တယ်။
ပြီးတော့မှ ခံဝန်မထိုးလို့ဆိုပြီး
ထောင်ထဲ ပြန်ထည့်ခဲ့တယ်။
ဆရာမျိုးမြင့်ညိမ်းဆိုရင်လည်း
ထောင်ထဲကနေ လွတ်ငြိမ်းချမ်းသာခွင့်
လျှောက်ခွင့်ရခဲ့တယ်။
ဒါပေမယ့် အာဏာရှင်တွေဆီ
မလျှောက်နိုင်ဘူးဆိုပြီး
အကျဉ်းထောင်ကိုပဲ ရွေးခဲ့တယ်။
အဲ့ဒီမှာ ကျွန်တော့်ကြောက်စိတ်က ပုံစံပြောင်းသွားပါတော့တယ်။
စာပေစိစစ်ရေးမှာ
ကျွန်တော့်စာအုပ်တွေ ခွင့်ပြုချက် မရမှာ
ကြောက်တဲ့ စိတ်ထက်
ကျွန်တော်ရဲ့ မွေးရာပါ
လွတ်လပ်စွာရေးသေားပြောဆိုပိုင်ခွင့်ကို
ဆုံးရှုံးမှာ ပိုကြောက်လာပါတယ်။
ကျွန်တော်ရေးတဲ့စာတွေကို
ကျွန်တော်နဲ့ဘာမှမဆိုင်တဲ့သူတွေ
စာပေအနုပညာနဲ့ ဝေးတဲ့သူတွေကနေ
ဝင်ရောက်စစ်ဆေးပိတ်ပင်ခံရတဲ့ စနစ်မှာ
ပါဝင်ရမှာကို ကြောက်လာပါတယ်။
မတရားတဲ့ စနစ်တစ်ခုကို
သိသိကြီးနဲ့ ခေါင်းငုံခံနေမိတဲ့အတွက်
ရှက်ကြောက်မိလာပါတော့တယ်။
ဒါပေမယ့်လည်းဗျာ
ကိုကျားသီချင်းလို သူတို့မှာက ဗြောက်တွေနဲ့ဆိုတော့
ရှက်ကြောက်ကြောက်နဲ့ပဲ
ခပ်ခွာခွာနေရင်း စနစ်ဆိုးကို
အောင့်ကာနမ်းရတာပေါ့။
ထားပေါတော့ဗျာ
လိုရင်းပြောရရင် ကျွန်တော်က
ကြောက်တတ်ပါတယ်။
ကြောက်ပုံကြောက်နည်းကလည်း
အရွယ်ပေါ်မှာ မူတည်ပြီး
ပြောင်းပါတယ်။
အခုတော့ လူငယ်တွေ စာဖတ်နည်းလာရင်
တိုင်းပြည်က ဘယ်တော့မှ နလံထူမှာ
မဟုတ်ဘူး။
ဒီတော့ လူငယ်တွေ စာမဖတ်မှာ
ကြောက်ပါတယ်။
စာဖတ်နည်းရင်
အရိုးစည်ရိုးထိုးကာမယ်ဆိုလည်း ယုံနေကြတာပဲ။
တိုင်းပြည်ချောက်ထဲကျဖို့ လက်နှစ်လုံးအလိုမှာ
ကယ်လိုက်တာဆိုလည်း ယုံနေကြတာပဲ။
ရှစ်လေးလုံးအရေးခင်းကြီးဆိုတာ လူသတ်ပွဲကြီးတို့
ဆူပူအုံကြွမှုကြီးတို့ဆိုလည်း ယုံကြတာပါပဲဗျာ။
ဒီမိုကရေစီတောင် လက်နက်ကိုင်တွေက ပေးလို့ရတာလို့တောင်
ယုံနေကြသေး...
ဒီတော့ လူငယ်တွေစာဖတ်များဖို့အတွက်
ကာတွန်း ရုပ်ပြလေးတွေ ပြန်အသက်သွင်းပါတယ်။
စာဖတ်တဲ့ ဓလေ့ကို အကောင်းဆုံး
အထောက်အပံပေးတာ ကာတွန်းတွေ ရုပ်ပြတွေပါ။
နောက်ပြီး ဆယ်ကျော်သက်တွေအတွက်
Graphic Novel လေးတွေ စီစဉ်ပါတယ်။
ကိုဝလုံးရဲ့ တစ္ဆေမြို့တော် တို့
အခုပူပူနွေးနွေးထွက်ထားတဲ့
ကို Wooh ရဲ့ ပါဂျောင်လိုမျိုးတွေရောပေါ့။
ပါဂျောင်စာအုပ်ထုတ်တဲ့အခါ
ကျွန်တော့်မှာ နိုင်ငံရေးမျှော်လင့်ချက်တို့ ဘာတို့
မရှိသလို အဲ့ဒီအဖြစ်အပျက်ကြီးဖြစ်တဲ့အချိန်မှာ
ကျွန်တော့်အသက်က ၁၀ နှစ်တောင် မပြည့်သေးပါဘူးဗျာ။
အဲ့တော့ ပါဂျောင်အဖြစ်အပျက်မှာ ပါဝင်ခဲ့တဲ့သူတွေအပေါ်
မုန်းခြင်း ချစ်ခြင်း ကျွန်တော့်မှာ မရှိပါဘူး။
ဒါပေမယ့် မြန်မာပြည်မှာ ဒီအဖြစ်အပျက်ဆိုးကြီး
ဖြစ်ခဲ့တယ်။
ကျောင်းသားလက်နက်ကိုင်တွေ အခြင်းခြင်း
လက်ထဲကို သေနတ်တွေ အာဏာတွေရောက်သွားတဲ့အခါ
ဒီလို ရက်စက်ခဲ့ကြတယ်ဆိုတာ
နောက်လူတွေ သိဖို့လိုပါတယ်။
ဒါမှသာ နောက်မျိုးဆက်တွေအနေနဲ့
ဆင်ခြင်နိုင်မှာပါ။
သမိုင်းအမှန်သိမှာ
နောက်တစ်ကြိမ် ထပ်မမှားမှာပါ။
မြန်မာ့သမိုင်းမှာ ဖြစ်ရပ်ဆိုးတွေဟာ
ပုံစံမတိမ်းမယိမ်းနဲ့ အကြိမ်ကြိမ်ပြန်ဖြစ်ပါတယ်။
ဘာလို့လည်းဆိုတော့
သမိုင်းအမှန်ကို သိခွင့်မရခဲ့လို့ ဖြစ်ပါတယ်။
အဲ့ဒီလို သမိုင်းမှန်တွေကို
ဖုံးကွယ်ဖို့ ပညာရေးစနစ်ဆိုးနဲ့
စနစ်တကျ ဖျက်စီးပါတယ်။
နောက်ပြီး စာပေဆင်ဆာစနစ်နဲ့
ဖျောက်ဖြတ်ပါတယ်။
အခုပါဂျောင်ဟာလည်း ဖြစ်ရပ်မှန်တစ်ခုကို
လူငယ်တွေကြားရောက်ဖို့ဆိုတာထက်
ကျွန်တော့်မှာ ဘာမျှော်လင့်ချက်မှမရှိပါဘူး။
စီးပွားအရေးအရ ငွေကြေး
အကျိုးအမြတ်မျှော်လင့်ချက်တောင်
မရှိပါဘူး။
နောက်ပြီး နိုင်ငံတကာကို ပြသလို့ရတဲ့
အင်တာနေရှင်နယ် အဆင့်မီ Graphic Novel တစ်ခုကို
ဖန်တီးချင်တာလည်း ပါပါတယ်။
ဒီထက် မပိုပါဘူး။
ဒါပေမယ့် ထူးထူးဆန်းဆန်းအနေနဲ့
ပါဂျောင်စာအုပ်ထွက်ခါနီးအချိန်မှာ
ကျွန်တော့်ကို ကြားခံလူတစ်ယောက်ကနေပြီး
ခြိမ်းခြောက်ခဲ့ပါတယ်။
ပါဂျောင်စာအုပ်ကို မထုတ်ဖို့
ထုတ်ခဲ့ရင် ဗုံးခွဲပစ်မယ်တို့ သတ်ပစ်မယ်တို့ထိ
ခြိမ်းခြောက်ခံခဲ့ရပါတယ်။
ဒါပေမယ့် ကျွန်တော်ကကြောက်တဲ့အတွက်
ဘယ်သူ့ကိုမှ မပြောပါဘူး။
ကြောက်တယ်ဆိုတာ အသတ်ခံရမှာတို့
ဗုံးခွဲခံရမှာတို့ကို ကြောက်တာ မဟုတ်ပါဘူး။
ကျွန်တော် ထုတ်ချင်တဲ့ စာအုပ်လေး
ထုတ်ခွင့် မရမှာကို ကြောက်တာပါ။
ဒါကြောင့် ပုံဆွဲပေးတဲ့ ကို Wooh ကိုလည်း
မပြောခဲ့သလို မူရင်းစာရေးဆရာ ကိုထိန်လင်းကိုလည်း
မပြောပါဘူး။
ဒါပေမယ့် စာအုပ်ထွက်ခါနီးမှာ ကိုထိန်နဲ့
ဖုန်းပြောရင်း အဲ့ဒီအကြောင်းရောက်သွားတဲ့အခါ
ကိုထိန်ဆီကိုလည်း အဲ့ဒီလို ဆက်သွယ်ပါတယ်တဲ့။
ပါဂျောင်ကို ရုပ်ပြရေးတာနဲ့ပတ်သက်ပြီး
လက်နက်ကိုင်အဖွဲ့တစ်ခုရဲ့ နာမည်ကိုသုံးပြီး
သူတို့က မကျေနပ်ဘူးဆိုပြီး
ခြိမ်းခြောက်ပါတယ်တဲ့။
စာအုပ်မထုတ်ဖို့တဲ့
စာအုပ်နာမည်ကို ပြောင်းဖို့တော့ ဘာညာကွိကွပေါ့။
အဲ့ဒီတော့မှ ကျွန်တော်လည်း နည်းနည်းအံသြသွားရတာပါ။
ကျွန်တော့်တင် မကဘူး
ကိုထိန်ကိုပါ အဲ့ဒီလို ပြောလိမ့်မယ် မထင်လို့ပါ။
ဒါပေမယ့် ကိုထိန်ရော ကျွန်တော်ရော
စာအုပ်ထုတ်ဝေရေးကို မပြောင်းလဲခဲ့သလို
Artist Wooh ရဲ့ လက်ရာတွေကို
ပြင်ဆင်ဖို့ စာသားတွေကို ပြောင်းလဲဖို့
ဘာမှ မလုပ်ခဲ့ပါဘူး။
Artist ကို ရာနှုန်းပြည့် လွတ်လပ်ခွင့်ပေးခဲ့ပြီး
သူလည်း စိတ်ကြိုက်ဖန်တီးထားတာဖြစ်ပါတယ်။
အခုမိတ်ဆွေတို့လက်ထဲကို ရောက်နေတဲ့
ပါဂျောင်စာအုပ်ဟာ Artist Wooh ရဲ့
ဖန်တီးမှု အပြည့်အဝဖြစ်ပြီး
တခြားပယောဂဘာမှမပါခဲ့ပါဘူး။
စာအုပ်မထွက်ခင်မှာလည်း
အဲ့ဒီအကြောင်းအရာကို လုံးဝမပြောခဲ့ပါဘူး။
တကယ်တော့ ကျွန်တော်အနေနဲ့ အသတ်ခံရဖို့မဆိုထားနဲ့
အပ်ကလေးနဲ့
ဆေးထိုးခံရမှာတောင် ကြောက်တဲ့ကောင်ပါတယ်။
အရမ်းကြောက်တတ်ပါတယ်။
ဒါပေမယ့် ကျွန်တော် ထုတ်ချင်တဲ့စာအုပ်ထုတ်ခွင့်မရမှာ
ရေးခွင့်မရမှာတော့ သေမှာထက် ပိုကြောက်ပါတယ်။

Photo Credit Tyga
Credit : မြေမှုန်လွင်

အပြုံးချိုချိုလေးနဲ့ညှို့ယူဖမ်းစားလိုက်တဲ့နော်ဖောအယ်ထားPhoto Credit
10/01/2021

အပြုံးချိုချိုလေးနဲ့ညှို့ယူဖမ်းစားလိုက်တဲ့
နော်ဖောအယ်ထား
Photo Credit

နှစ်သစ်ကူးညမှာ အထှာကျလွန်ခဲ့တဲ့ကွီးရွှေထူး ........Source- Shwe Htoo
04/01/2021

နှစ်သစ်ကူးညမှာ အထှာကျလွန်ခဲ့တဲ့

ကွီးရွှေထူး ........

Source- Shwe Htoo

၇၃ နှစ်မြောက် လွတ်လပ်ရေးနေ့မှာရိုးရိုးလေး ၀တ်ဆင်ရင်း ရိုးရာကစားနည်းနဲ့ ပျော်နေတဲ့ ဟန်သီ...........(၇၃)နှစ်မြောက် လွတ်လပ်...
04/01/2021

၇၃ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ
ရိုးရိုးလေး ၀တ်ဆင်ရင်း ရိုးရာကစားနည်းနဲ့
ပျော်နေတဲ့ ဟန်သီ...........

(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်ရှင်...

ဘာကစားနည်းကစားကြလဲ သိလား?

-Han Thi❤️❤️❤️

Source -Han Thi

04/01/2021
(၇၃) နှစ်မြောက် မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့အားဂုဏ်ပြု ကြိုဆိုပါသည်။ 🇲🇲🇲🇲 လွတ်လပ်ရေးနေ့ 🇲🇲🇲🇲---------------------မြန်မာ့လ...
04/01/2021

(၇၃) နှစ်မြောက် မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့အား
ဂုဏ်ပြု ကြိုဆိုပါသည်။

🇲🇲🇲🇲 လွတ်လပ်ရေးနေ့ 🇲🇲🇲🇲
---------------------

မြန်မာ့လွတ်လပ်ရေးနေ့သည် နှစ်စဉ် ဇန်နဝါရီလ (၄)ရက်နေ့ ဖြစ်သည်။ မြန်မာနိုင်ငံသည် ၁၉၄၈-ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် စစ်မှန်သော လွတ်လပ်ရေးကို ရရှိသည်။ တိုင်းတစ်ပါးတို့၏ စိုးမိုးအုပ်ချုပ်မှုအောက်မှ လွတ်မြောက်လာခဲ့သော တိုင်းပြည်နိုင်ငံများတွင် အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံအဖြစ်သို့ ရောက်သည့်နေ့ကို လွတ်လပ်ရေးနေ့ဟူ၍ အထွတ်အမြတ် သတ်မှတ်ထားလေသည်။

ခရစ်နှစ် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်၊ မြန်မာသက္ကရာဇ် ၁၃ဝ၉ ခုနှစ် ပြာသိုလဆုတ် ၉ ရက်၊ တနင်္ဂနွေနေ့ကား မြန်မာနိုင်ငံသည် လုံးဝလွတ်လပ်သော အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံတော်အဖြစ်သို့ ကောင်းစွာရောက်ရှိသောနေ့ ဖြစ်လေသည်။ ထိုနေ့သည် ပြည်ထောင်စု မြန်မာနိုင်ငံသားများအဖို့ ထူးမြတ်သော နေ့တစ်နေ့ဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံအနှံ့အပြားရှိ မြို့ရွာများတွင် ထိုနေ့ကို မှတ်တမ်းတင်သော မော်ကွန်းကျောက်စာတိုင်များ စိုက်ထူကြပြီးလျှင် အောက်ပါအတိုင်း ကမ္ဗည်း ထိုးထားကြသည်။

“ဂြီသက္ကရာဇ် တစ်ထောင့်သုံးရာကိုးခုနှစ်၊ ပြာသိုလဆုတ် (၉)ရက်၊ တနင်္ဂနွေနေ့အား ဤငါတို့မြန်မာပြည် လုံးဝလွတ်လပ်သော အချုပ် အခြာအာဏာပိုင် ပြည်ထောင်စုသမ္မတနိုင်ငံတော်ကြီးအဖြစ် ကောင်းစွာရောက်သတည်း။”

မြန်မာနိုင်ငံ အောက်ပိုင်း၌ နှစ်ပေါင်း ၁ဝဝ မျှ၊ မြန်မာနိုင်ငံ အထက်ပိုင်း၌ နှစ်ပေါင်း ၆ဝကျော်မျှ နိုင်ငံခြားသားတို့၏ အချုပ်အချယ်ကို ခံခဲ့ကြရပြီးနောက် မြန်မာခေါင်းဆောင်ကြီးများ၏ အမျိုးမျိုးသော ကြိုးပမ်းမှု တို့ကြောင့်ရရှိခဲ့သော ဤလွတ်လပ်ရေးကို တည်တံ့ခိုင်မြဲစေရန်နှင့် ပြည်ထောင်စုကြီး တိုးတက်ဖွံ့ဖြိုးစေရန်မှာ ပြည်ထောင်စုသားအားလုံး၏ တာဝန်ဖြစ်သည်နှင့်အညီ မမေ့မလျော့ကြစေရန် သတိပေးနှိုးဆော်သည့်အနေဖြင့် နှစ်စဉ်ထိုနေ့တွင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပွဲများ ဆင်ယင်ကျင်းပကြ၏။

🇲🇲🇲🇲 လွတ်လပ်ရေးနေ့ ကြေညာစာတမ်း 🇲🇲🇲🇲
--------------------------------

ထိုအထိမ်းအမှတ်ပွဲများတွင် များသောအားဖြင့် လွတ်လပ်ရေး ကျောက်တိုင်၌ စုဝေးကြ၍ ပြည်ထောင်စုတည်မြဲရေး တိုးတက်ရေးကို မမေ့ မလျော့ဆောင်ရွက်ရန် အဓိဋ္ဌာန်များပြုလေ့ရှိကြသည်။ ပျော်ပွဲရွှင်ပွဲနှင့် ပြပွဲ ပြိုင်ပွဲအမျိုးမျိုးကိုလည်း တစ်ခမ်းတစ်နားဆင်ယင်ကျင်းပကြ၍ အစိုးရက လည်း နိုင်ငံ၏တာဝန်ကို ထူးချွန်စွာထမ်းဆောင်သူတို့အား ဘွဲ့ထူး ဂုဏ်ထူး နှင့် ဆုလာဘ်များ ပေးအပ်ချီးမြှင့်လေသည်

Ref: Wiki

03/01/2021

နှစ်သစ်ကို PPE ၀တ်စုံနှင့် Covid ကိုအံတုရင်း
ကြိုဆိုခဲ့သည့် INYA CENTER မှ Volunteer များ

Source : BEE

01/01/2021

Address

Hta-55 Yadanar Street And Padauk Street, Myothit
Maymyo
05081

Alerts

Be the first to know and let us send you an email when MAY MYO MEDIA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MAY MYO MEDIA:

Videos

Share