ဘောလုံးသတင်းစုံနှင့်တိုက်ရိုက်live

  • Home
  • Myanmar
  • Mandalay
  • ဘောလုံးသတင်းစုံနှင့်တိုက်ရိုက်live

ဘောလုံးသတင်းစုံနှင့်တိုက်ရိုက်live Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ဘောလုံးသတင်းစုံနှင့်တိုက်ရိုက်live, Media/News Company, Mandalay.

11/12/2025
11/12/2025

“ဒီ‌နေ့ကျွန်တော်တို့ ရလဒ်ကောင်းခဲ့ပေမယ့် အစပိုင်းမှာ အမှားတွေအများကြီးရှိခဲ့တယ်... ဘောလုံးဆုံးရှုံးမှာ ကြောက်တဲ့စိတ်နဲ့ပဲ ဘောလုံးကန်ခဲ့တယ်။ ဒါပေမယ့် ဒါကဖြစ်တတ်ပါတယ်၊ အဲ့ဒီအရာက ကျွန်တော်တို့တိုးတက်အောင်လုပ်ရမယ့်အရာပါပဲ။”

“ကျွန်တော်တို့ (ချန်ပီယံလိဂ်ဖလားရနိုင်ဖို့) အတော်လိုပါသေးတယ်။ ကျွန်တော်တို့ အဆင်သင့်မဖြစ်သေးဘူး၊ တကယ့်ကို မဖြစ်သေးတာပါ။ ဖေဖော်ဝါရီလမှာ ကျွန်တော်တို့ ပိုကောင်းလာလိမ့်မယ်... အရင်တုန်းက ဒီလိုနေရာမှာ ဒီနေ့ထက်ပိုကောင်းအောင် ကစားနိုင်ခဲ့တဲ့အခါတွေလည်း ရှိပြီးသားပဲ၊ ဒါပေမယ့် အဲ့တုန်းက ကျွန်တော်တို့ရှုံးခဲ့တယ်။ ဘောလုံးကတော့ တခါတလေ...ဒီလိုပါပဲ”

“ဒီ‌နေ့ပွဲမှာ ကစားသမားတွေက မယုံနိုင်လောက်အောင် အားထုတ်မှုတွေလုပ်ခဲ့တယ်။ မယုံနိုင်လောက်အောင် ကောင်းတဲ့ရလဒ်ပဲ။ ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းကတော့ မယုံနိုင်စရာပါပဲ။ ဒါပေမယ့် တိုးတက်ဖို့လိုအပ်တဲ့နေရာတွေ‌လည်း ကျန်နေပါသေးတယ်။”

🎙️ ပက်ဂွာဒီယိုလာ (ရီးရဲလ် ၁-၂ မန်စီးတီး ပွဲပြီးအင်တာဗျူးမှ)

10/12/2025

“ကျွန်တော်လည်း အာဆင်ဝင်းဂါးနဲ့ရော၊ ဂွာဒီယိုလာနဲ့ပါ ပြဿနာတွေရှိခဲ့ဖူးတယ်...ဒါပေမယ့် အဲဒါတွေအကြောင်း အများရှေ့မှာ ကျွန်တော်ပြောတာ ကြားဖူးလား? ဘယ်တော့မှ ပြောမှာမဟုတ်ပါဘူး။ ကျွန်တော် ကလပ်ကို ကာကွယ်‌ပေးခဲ့ပါတယ်။”

“မင်းက ကလပ်တခုအတွက် ကစားနေတဲ့အခါ၊ ဘာပဲဖြစ်ဖြစ် ကလပ်ကို ကာကွယ်ပေးရမယ်။ အတွင်းပိုင်းမှာ ဘာတွေပဲဖြစ်နေဖြစ်နေ၊ မင်းရဲ့ အသင်းဖော်တွေ၊ မန်နေဂျာနဲ့ ဝန်ထမ်းတွေ အားလုံးကို ကာကွယ်ရမယ်။”

“မင်း စိတ်ဆိုးနိုင်တယ်၊ စိတ်ပျက်နိုင်တယ်၊ သဘောထား‌တွေ ကွဲလွဲနိုင်တယ်... ဒါပေမယ့် အထူးသဖြင့် ကလပ်က အခက်အခဲကြုံနေချိန်မှာ လူအများရှေ့မှာ ပြဿနာတွေကို ဖွင့်ဟပြောဆိုလို့ မဖြစ်ဘူး။”

“အဲဒီအစား မင်း စောင့်ဆိုင်းရမယ်၊ အတွင်းပိုင်းမှာ ကိစ္စရပ်တွေကို ဖြေရှင်းရမယ်၊ ပြီးတော့မှ တကယ်လို့ ထွက်ချင်တယ် (ဒါမှမဟုတ်) ကိုယ့်အယူအဆကို ပြောချင်တယ်ဆိုရင်လည်း သင့်တော်တဲ့အချိန်မှာ လုပ်ရမယ်။”

“မိုဆာလာရဲ့ ခံစားချက်ကို ကျွန်တော်နားလည်ပါတယ်... သူက ၃၈ ဂိုးသွင်းပြီး အရံကစားသမားအဖြစ်နဲ့ပဲ အဆုံးသ_တ်ခဲ့ရတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုထက် အသင်းရဲ့ဂုဏ်သိက္ခာက ပိုအရေးကြီးပါတယ်။”

🎙️ သီယာရီ ဟင်နရီ

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when ဘောလုံးသတင်းစုံနှင့်တိုက်ရိုက်live posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share