01/10/2024
အင်းလေးကအခုထိရေလည်းမကျသေးသလို ခုချိန်ထိလည်းအကူအညီလိုအပ်နေသူအိမ်ထောင်စုများအများကြီးလိုအပ်နေပါသေးတယ်ရှင် ဆရာလေးသွားလှူတဲ့ဘက်ဆီက အိမ်ထောင်စုတွေဆို ခုထိကိုစဖြစ်ချိန်မှစပြီးဆန်နို့ဆီဘူးနှစ်ဘူးနဲ့ရေသန့်တစ်ကဒ်ခေါက်ဆွဲထုပ်ငါးထုပ်သာအလှူရှင်ရှိဘူးတာပါရှင် ရေမြုပ်သွားတဲ့ခြေတံရှည်အိမ်များနှစ်ထပ်အိမ်ဆိုရင်လဲအပေါ်ပြတင်းပေါက်ထိရေရောက်လို့ဘာမှကိုမရကြအတော်ခက်ခဲကြပါတယ်ရှင် ဓာတ်ပုံတွေခုလက်ရှိရေ၂ပေ ကျချိန်မှာရိုက်ခဲ့တဲ့ပုံတွေမှာတောင်အတော်ကိုအပြင်မှာတွေ့ရပေမယ့်သွားလှူခဲ့တဲ့ရွာပေါင်းကဆယ်ရွာဆိုတော့ ပုံတွေကိုရိုက်ခဲ့ပေမယ့်ခွဲခြားတော့မပြတတ်ပါကွယ် ဆရာလေးတို့သွားလှူရာမှာ စက်လှေအကြီး၈စင်းနဲ့ရွာခံလှေများအပါအဝင် အင်းလေးမှကူညီပေးတဲ့သမီးစန္ဒာတို့မိသားစုမှလှေငှားရန်မလိုအောင်လှူတာကိုပဲထိထိရောက်ရောက်လှူနိုင်အောင်ကူညီပေးခဲ့လို့ အောင်ပမ်းမှအမတော်ကလည်းအစစအရာရာအကုန်ကျခံကူညီပေးခဲ့လို့တကယ်လိုအပ်တဲ့နေရာတွေမှာလိုက်လှူပေးခဲ့နိုင်ပါတယ်ရှင် ဘာသာမတူပေမယ့် ကားခဆီဖိုးအတွက်မပူမပင်ရအောင် ရေဘေးအလှူနှစ်ကြိမ်သွားခဲ့ရာမှာ အခမဲ့အားလုံးစီစဥ်ပေးကားအကူညီလှူပေးတဲ့ကိုစိုးလေးတိုမြိသားစု အိမ်ထောင်စု၆၀၀အတွက်ဆန်တစ်ပြည်စီနှင့်စားနပ်ရိက္ခာများပါထည့်လှူပေးခဲ့နိုင်လို့ အိမခြှပေေါငြး၇၅၀ကွောြ ကို ထိထိရောက်ရောက်လှူပေးခဲ့ပါတယ် ပထမရည်ရွယ်ပြီးစာရေးရာမှာအခက်အခဲဖြစ်နေတဲ့ခုထိအကူညီများအရမ်းလိုအပ်နေတဲ့ရွာများအတွက်ဦးတည်ရေးပေမယ့်ကျေးဇူးတင်ထိုက်သူရပ်နီးရပ်ဝေးပြည်တွင်းပြည်ပမှ အလှူ့ရှင်များ သွားလှူနိုင်ဖို့ ငွေအားလူအား အကူညီအားများပေးပြီးအားသွန်ခွန်စိုက်ကူညီစောင့်ရှောက်ပေးကြသောကျေးဇူးရှင်များကိုပါထည့်သွင်းပြောကြားအပ်ပါတယ်ကွယ် သွားလှူခဲ့တဲ့နေရာများမှာ အင်းလေးကန်အလယ်မှ ဟိုးအစွန်အဖျားထိသွားရောက်လှူပေးခဲ့ပါတယ် ခုသွားလှူခဲ့ရတဲ့နေရာများမှာလည်းအလှူ့ရှင်များရဲ့မေတ္တာ စတေနာမြားသဒ်ဓါအားမြားနဲ့ထပျမံလှူဒါနျးဖွညျ့စညျးပေးဖို့လညျးလိုအပျနသေေးသလို ဒီလိုနောက်ထပ် လိုအပ်နေသေးတဲ့အလှူရှင်မရောက်မပေါက်အရမ်းကိုအကူညီမဲ့ပြီးလိုအပ်နေသေးတဲ့ ရွာများလည်း မြောက်များစွာရှိနေပါသေးတယ်ရှင် နောက်ပြီး အဲဒီရွာတွေမှာ ဆေးဝါးနဲ့ကျန်းမာရေးစောင့်ရှောက်မှုတေ်သိပ်လိုအပ်နေကြပါတယ်ကွယ် ဝမ်းပျက်ဝမ်းလျောရောဂါများနဲ့အဖျားဝေဒနါများကလေးအတော်များများမှာဖြစ်နေကြပါတယ်ရှင် ဆေးလုံးဝလဲမရှိဆရာဝန်/ဆရာမ များလည်းမရှိကြလို့ ပိုက်ဆံလဲမရှိကြ ရှိလျှင်တောင်ဆေးဝယ်မရ ဆေးမြီးတိုလည်းမရှိနဲ့ ဆေးဝါးနဲ့ဆေးကုသမှုများလည်းကူညီနိုင်မည့်သူများရှိရင် တကယ့်ကိုလိုအပ်နေပါတယ်ရှင်။ ဆရာလေးတို့သွားလှူရာမှာ ရာသီဥတုကခဏခဏဖောက်ပြန်မယ့်ပုံမျိုးတွေပြနေတာမို့ခါတိုင်းလိုတယောက်ချင်းစီ လက်ထိလက်ရောက်ရွာစေ့ မလှူခဲ့နိုင်ပဲ တကယ့်ကိုသမာသမတ်ရှိသူတွေလက်ထဲအိမ်ထောင်စုဦးရေစာရင်းအတိုင်း ရွာတာဝန်ရှိသူများကိုအထပ်ထပ်မှာကြားပြီးလှူခဲ့နိုင်လို့(တကယ်လို့သာတအိမ်ထောင်စုစီလှူရမယ်ဆိုရွာဆယ်ရွာဆိုသုံးရက်ထိကြာနိုင်ပါတယ်) ကားကူညီပေးသူတွေမှာအလုပ်ရှိကြတာမို့ သေချာစွာအပ်နှံပြီးလှူပြန်ခဲ့ရပေမယ့် စိတ်ထားများဖြူစင်ရိုးသားကြတာမို့ယုံကြည်စွာလှူပေးခဲ့ပါတယ်ရှင် ရွာသူရွာသားတွေလည်းအဲအနားမှာလှေငယ်တွေနဲ့စောင့်နေကြလို့ သူတို့တရက်ထဲလှူဖွယ်တွေအတိအကျရကြမှာပါရှင် နောက်အခေါက်မှာအချိန်ကိုရအောင်ပေးပြီးတအိမ်ထောင်စီထိရောက်အောင်လှူပေးပါ့မယ်ကွယ် ကားအကူညီကေးသူများကားမအားလျှင်ပြန်လွှတ်ပေးပြီး ဆရာလေးတို့ပြီးမှကြုံသလိုပြန်ခဲ့ပါ့မယ် ၊ ခုနောက်ထပ်ဆရာလေးမှာ လှူဖွယ်ရာက အိမ်ထောင်စု ၂၅၀အတွက်
စောင်အကောင်းစားအနွေးစောင် အထည်၂၅၀
ဆိုလာပါ မီးသီး အကောင်းစား အလုံး ၁၀၀
( ဓာတ်တိုင်များအားလုံး တိုင်တစ်ဝက်ကျော်မျှ ရေထဲမှာရှိနေလို့လုံးဝမီးမရပါဘူးရှင်) (ဒါကြောင့်ဆိုလာပါ ဓာတ်မီးများ အရမ်းလိုအပ်ပါတယ်ကွယ်)
ရိက္ခာအဖြစ် ကိတ်ခြောက်ထုပ် အထုပ် ၆၀
ကာဘော်လိတ် ဆပ်ပြာခဲ နှစ်ခဲတစ်တွဲ အခဲ ၅၀
ချက်ပြုတ်စားရန် အိုး. ခွက်. ပန်းကန် အစုံ ၂၀၀
ဆန် အနည်းငယ် ရှိနေပါတယ်ကွယ် တအိမ်ထောင်စုကိုဆန်နှစ်ပြည် သုံးပြည်လောက်စီတော့အနည်းဆုံးလှူပေးကြစေလိုပါတယ်
ကျန်တာတော့ဆရာလေးမှာလှူဖွယ်ကုန်နေပါပြီရှင် ရှိတာထပ်သွားလှူဆိုရင်လည်း အိမ်ခြေ ၂၅၀စါစီအပြည့်သွားလှူပေးချင်ပါတယ်ကွယ် ဝမ်းပျက်ဝမ်းလျောပျောက်သည့်ဆေးများ.အဖျားပျောက်ဆေး.အနာငန်းမမ်းပျောက်ဆေးများ.ဓာတ်ဆားထုတ်များ(တအိမ်ဆယ်ထုပ်စီမျှ)လှူပေးခွင့်တွေရချင်ပါတယ်ကွယ် အခြားလိုအပ်တာများ များနေကြပေမယ့်စွမ်းနိုင်သူများကတော့ ဝိုင်းဝန်းပေးကြပါနော်အခြားအဖွဲ့အစည်းများမှလည်းသွားလှူကြမယ်ဆိုလျှင် ဤသို့တကယ်မရောက်ရှိသောအလှူရှင်များတကယ်မရောက်ကြသောနေရာများကိုသာထိထိရောက်ရောက်သွားလှူကေးကြကာလို့တိုက်တွန်းအပ်ပါတယ်ကွယ် အကောင့်မှာလည်းဖြစ်ခဲ့တဲ့ကြုံခဲ့တဲ့အခက်အခဲများနဲ့တိုက်တွန်းစာများကိုလည်းထပ်မံရေးပါအုန်းမယ်ရှင်ခုတော့စာရှည်သွားလို့ခွင့်လွတ်ကြပါရှင် ဒေါ်နိမလစာရီ 09444001025 #အညတရပရဟိတသမား
#ရေဘေးဒုက္ခဖေးကူမဖို့ #မေတ္တာဖေးကူရေဘေးအလှူရှင်များ #သောကဖေးမပဝါကမ်းကြသူများ