21/12/2023
ဝန်ထမ်းတယောက် ရဲ့ တန်ဖိုးဆိုတာ
=========================
၀န်ထမ်းတစ်ယောက်ရဲ့ တကယ့်တန်ဖိုး
ဆိုတာ ရာထူးနိမ့်တာ၊ မြင့်တာနဲ့မဆိုင်ပါဘူး။
တာ၀န်ကျေပွန်ခြင်းဆိုတာဟာ
"Value of Staff" ဖြစ်တယ်။
တကယ်လုပ်ပိုင်ခွင့်ရှိပြီး
မြင့်မားတဲ့ရာထူးပဲဖြစ်ဖြစ်
ရာထူးအခေါ်အဝေါ်အရဖောင်းပွနေပြီး
မြင့်မားသယောင် ဖြစ်နေတဲ့
ရာထူးပဲဖြစ်ဖြစ်
အဲဒီရာထူးကို၀န်ထမ်းတွေက
"အနှစ်သာရ" အမှတ်နဲ့
ပိုင်ဆိုင်လိုကြပါတယ်။
Value မဟုတ်တဲ့ အရာတစ်ခုကို
ပိုင်ဆိုင်ရဖို့အတွက်မိတ်ဆွေ၊
လုပ်ဖော်ကိုင်ဖက် ၀န်ထမ်းအချင်းချင်း
Value တကယ်စစ်တဲ့အရာတွေကို
စတေးကြရတယ်။
၀န်ထမ်းအချင်းချင်း
ဆက်နွယ်မှုအကြားမှာ
တကယ့် Value စစ်စစ်တွေက
ဘာတွေလဲဆိုတော့----
#အချင်းချင်းခင်မင်မှု (Friendship)
#ယုံကြည်မှု (Trust)
#ရိုးသားမှု (Honesty)
#သစ္စာရှိမှု (Faithfulness)
#အဖွဲ့အစည်းစိတ်ဓါတ် (Team Spirit)
အစရှိတာတွေပဲဖြစ်ပါတယ်။
အနှစ်သာရစစ်စစ်ဖြစ်သော
အရာများကို
စတေးရသည်မှာ နှမြော၀မ်းနည်းဖွယ်
ကောင်းလှပါတယ်။
ရာထူးနိမ့်တာမြင့်တာ
ပြဿနာမဟုတ်ပါဘူး။
တာ၀န်ကျေတဲ့၀န်ထမ်း၊
စည်းကမ်းလိုက်နာတဲ့၀န်ထမ်း၊
အစွမ်းကုန်ကြိုးစားတဲ့၀န်ထမ်းကသာ
အဖိုးတန်၀န်ထမ်းဖြစ်ပါတယ်။
လေးစားအားကျဂုဏ်ယူစရာ
ကောင်းပါတယ်။
လေးစားဂုဏ်ယူဖွယ်ရာ
ထူချွန်ဝန်ထမ်းကောင်းများ
ဖြစ်ကြပါစေလို့. . .
Ref:The Principal Guide Book of the Managers & the Adminstration Executives
(Dr.Tun Win)