Testing 12V 1A
အမေ့ပါအလုပ်ပေးနေတာ
မနေ့က24W ကဒ်စစ်တာတစ်ကဒ်
Errorတွေ့ပါတယ်အဲ့တစ်ကဒ်စာ
အမြတ်ထဲကပါသွားပေမဲ့ဝယ်သူဆီ
ရောက်မှမဖြစ်တာပဲတော်လှပြီ
၅ထောင်ကျော်တဲ့ကဒ်တွေ
Errorမစစ်ပဲပို့ဖို့ကလဲလုံးဝစိတ်မဖြောင့်ဘူး
တစ်ယောက်တည်းလဲလုံးဝမနိုင်တော့လို့
အမေ့ကိုErrorတွေစစ်ခိုင်းပြီးကျွန်တော်က
Pageမှာစာပြန်ပါဆယ်ထုတ်လုပ်နေရတာ
အဲဒါကြောင့်စာပြန်နောက်ကျရင်
သည်းခံပေးပါဗျာ
ဝန်ထမ်းခန့်ရအောင်လဲရတဲ့အမြတ်က
ကိုယ့်ပါကိုတောင်မလောက်ဘူး 😁
တစ်ခါတစ်လေပြန်ရင်းဖို့တောင်
သိပ်မကျန်လို့ပစ္စည်းတွေတောင်
နဲနဲချင်းလေးပဲမှာရောင်းနေတာ
20V PD Trigger
Default 20V PD Trigger
Adjustable PD Trigger
Volt (5)မျိုးထုတ်သုံးလို့ရတဲ့ PD Trigger
PIR
ကျွန်တော့်ဆီမှာရှိတဲ့PIR Motion Senaor (3)မျိုးပါ
AC sensor နဲ့ 24 V ထိရတဲ့ DC Sensorတော့
သိပ်မကျန်တော့ပါဘူး
Peltier. TEC1-12705
အပူအအေးပြားလေးကိုကျွန်တော့်မှာရှိတဲ့
Heatsinkနဲ့ပန်ကာလေးသုံးပြီးစမ်းထားတာ
ပါဝါကအများဆုံး 12V 5A ထိသုံးနိုင်ပါတယ်
Videoထဲမှာတော့ 4A ဘက်ထရီအိုးနဲ့ပဲ
စမ်းထားတာပါ ပါဝါSupplyပေးပြီးသုံးတာ
ပိုကောင်းပါတယ် ကျွန်တော်စမ်းတာတော့
Heatsinkကသေးနေတာရယ်
ပန်ကာကလည်းအားမကောင်းတာကြောင့်
ထင်သလောက်ခရီးမပေါက်ပါဘူး
နိုင်ငံခြား Youtuber တစ်ယောက်
ဒီ12705 Model လေးကိုစမ်းတာတော့
အနုတ် -8.8°C ထိရောက်ပြီး
ရေခဲ့တဲ့ထိ အေးပါတယ်သူVideoမှာ
တခြားModelတွေပါလေ့လာနိုင်ပါတယ်
Youtube Video Link
👇👇👇👇👇👇👇👇👇👇👇
https://youtu.be/ACadXn5lwV0?si=-BGghIrCLjMOfYx4
15W UPS
ဒီUPSလေးကတော့ရောင်းစရာမကျန်တော့ပေမဲ့
Videoကလုပ်ပြီးသားဖြစ်နေလို့
Review အနေနဲ့ပဲတင်ပေးလိုက်ပါတယ်
Volt Ampere Watt Temperature Meter
Volt သီးသန့်တိုင်းတဲ့မီတာ သုံးကြိုးနဲ့
V/A မီတာ 5 ကြိုးအသုံးပြုနည်းလေးပါ
အထူးသဖြင့်ကြိုး5စပါတဲ့V/A မီတာက
Diagramမသိပဲအထင်နဲ့တပ်ရင် မှားနိုင်လို့ပါ
အရင်ကဝယ်သူတစ်ယောက်ကြိုးအတပ်မှားပြီး
မီးခိုးထွက်လာတယ်ဆိုပြီး ပြောလို့
ကျွန်တော်လဲအဲ့လိုမှားဖူးပါတယ်
အနီဆိုအပေါင်း/ အနက်ကိုအနှုတ်လို့ပဲ
ပုံသေ မှတ်ထားတော့V/A meter မှာပါတဲ့
အနီအနက်ကြိုးအတုတ်နှစ်ခုကိုဘက်ထရီအိုးရဲ့
အပေါင်းနဲ့အနှုတ်မှာသွားချိတ်တာ
ဖောက်ခနဲပဲ ကဒ်တော့မပျက်ပါဘူး
ခနပဲ Short Circuit ဖြစ်သွားတာမို့လို့
အကြာကြီးချိတ်ထားရင်တော့ပျက်မှာပါ
အဲဒါကြောင့်နောက်လူတွေအတပ်မမှားအောင်
Videoတင်ပေးတာပါ
12V 1A UPS Module
Error အစစ်ကောင်းတာအိမ်ပြာကျတော့မလို့🤧
Videoရိုက်နေတုန်းမှာမြန်မြန်ရစ်ထားတာကလွဲလို့
တခြားဖြတ်ညှပ်ကက်Editလုပ်ထားတာမရှိပါဘူး
9ကဒ်လုံးတောက်လျောက်စစ်တာ တစ်ကဒ်မှ
Errorမတွေ့ပါဘူး ကိုယ့်ဘက်ကတာဝန်ကင်းအောင်
အကုန်စစ်ပြီးမှရောင်းမှာပါ
XY-15W
XY- P15W အရည်သွေးကောင်းတဲ့
Bluetooth Speaker ကဒ်လေးပါ
အဝင်8V မှ 24V ထိရပြီး
အထွက်က 10W/15W/20W ထိ
Speaker နှစ်လုံး တပ်သုံးလို့ရပါတယ်
သင်္ကြန်လဲရောက်တော့မှာဆိုတော့
ကိုယ့်အိမ်မှာရှိတဲ့ Speakerတွေ
အသုံးချဖို့အချိန်တန်ပြီလေ
Videoရိုက်တုန်းကဘေးမှာပန်ကာဖွင့်ထားတာ
မပိတ်မိလို့လေသံတွေပါနေတာပါ
Speakerကမြည်နေတာမဟုတ်ပါဘူး
Speakerတစ်လုံးထဲနဲ့ စမ်းတာတောင်
အသံကဂိတ်ဆုံးထားရင်ကျယ်လွန်းတော့
ပတ်ဝန်းကျင်က ခဲနဲ့ထုခံရမှာဆိုးလို့
အသံလျော့လိုက် တိုးလိုက်လုပ်နေရတယ်
6500တန်ကစျေးများတယ်ထင်ရင်
5W Bluetooh Speakerလေးလဲရပါတယ်
သူကတော့ 3500 Ks ပါဗျ
5W Speaker အသံစမ်းထားတဲ့Videoလေး
👇👇👇👇👇👇👇👇👇👇👇👇👇👇
https://www.facebook.com/story.php/?id=100076503454095&story_fbid=412561551303957
2S/3S (15W) Charger Vs 3S 4A Charger
2S/3S နှစ်မျိုးရတဲ့ 15W Chargerလေးနဲ့
3S 4A Charger နှစ်မျိုးကို အားသွင်းပြီး
Ampere အပြည့်ရမရစမ်းပြထားတာလေးပါ
3S 4A Versionအတွက် 3မိနစ် 30စက္ကန့်ကို
ကျော်ကြည့်ပါ
USB Tester Volt & Ampere Test
KWS-V20 USB Tester လေးကို
သူပြောထားတဲ့အများဆုံးAmpereနဲ့
Voltage ထိပြမပြ စမ်းပြထားတာလေးပါ
သူသတ်မှတ်ချက်တွေထက်ကျော်ပြီး
ပြပေးတယ်ဆိုရင်တောင် Daily Useအတွက်ဆိုရင်
သတ်မှတ်ထားတဲ့ဘောင်အတွင်းပဲသုံးတာက
ပိုကောင်းပါတယ်
ZBL3 mAh Tester
ZB2L3 mAh Testerလေးပါ
ဘက်ထရီအကျတွေ၀ယ်ပြီး
DIYလုပ်နေသူဆိုရင်
ဆောင်ထားသင့်တဲ့ကောင်လေး
ခုမှစသုံးမဲ့သူတွေတွက်
Error ၄မျိုးကို
ရှင်းပြထားပါတယ်
စျေးကတော့ 5000Ks ပါ
Bluetooth Speaker Module
Bluetooth Speaker ကဒ်လေးပါ
5W Speaker နှစ်လုံးတပ်လို့ရပါတယ်
5Vနဲ့ပဲပါဝါပေးပြီးတိုက်ရိုက်သုံးလို့ရသလို
3.7V ဘက်ထရီတပ်သုံးလဲရပါတယ်
ဘက်ထရီတပ်သုံးမယ်ဆိုရင်တော့
1S BMS (သို့မဟုတ်) Li-ion charger ကဒ်
တစ်ခုခုခံပြီး အားသွင်းရပါမယ်
BMS ခံသုံးမယ်ဆိုရင်သူ့မှာပါတဲ့ 5Vကနေပဲ
ဘက်ထရီပါအားသွင်းလို့ရတာမလို့
Chargerကဒ်ထပ်ဝယ်စရာမလိုပါ
ဘက်ထရီနဲ့ကဒ်ကြားမှာတော့ခလုတ်လေး
ထပ်တပ်ရပါမယ်
စျေးလေးကတော့3500Ks ပါ
Instock 5ခုထဲရှိတာမလို့အတတ်နိုင်ဆုံး
လျော့ရောင်းပေးထားပါတယ်
တစ်ယောက်တစ်ကဒ်နှုန်းသာ
65W PD QC Charger Vs 24W USB QC Charger
65W PD Charger ကဒ်လေးထပ်ရပါမယ်
အရင်ကတင်ထားတဲ့Videoထဲမှာ
ဖုန်းအားသွင်းတာ မပြလိုက်မိလို့
Video ထပ်လုပ်လိုက်တာပါ
တစ်လက်စတည်း 24W USB QC လေးပါ
တစ်ခါတည်းစမ်းပြလိုက်ပါတယ် 24W အတွက်
1 မိနစ် 30 စက္ကန့်ကို ကျော်ကြည့်ပါ
65W တွက်ကတော့အစကနေ
1မိနစ်30စက္ကန့်ထိကြည့်ရင်ရပါပြီ
1မိနစ်ခွဲလောက်နဲ့မလုံလောက်ရင်
အရင်က 65W တွက်သီးသန့်ပြောထားတဲ့
Video လေးသွားကြည့်လို့ရပါတယ်ဗျ
65W အသေးစိတ်Video Link👇👇👇👇👇👇
https://www.facebook.com/100076503454095/posts/384421620784617/?app=fbl
AC Tester
ကလိတာဝါသနာပါတဲ့သူတိုင်း
ဆောင်ထားသင့်တဲ့AC Tester လေးပါ
ရိုးရိုးTesterတွေလိုမျိုး ကြေးနန်းကို
ထိအောင်ထောက်မှACရှိမရှိသိရတာမျိုးမဟုတ်ပဲ
Wireကြိုးနဲ့ လက်တစ်လုံးအကွာကနေတောင်
Ac ရှိမရှိစမ်းလို့ရပါတယ်
8W 5V USB Soldering
မီးပျက်တဲ့ခါ Powerbankနဲ့အရေးပေါ်သုံးလို့ရပါတယ်
8Wပဲ ရှိတာမလို့ AC 60W ခဲဂေါက်တွေလောက်တော့
အားကောင်းမှာမဟုတ်ပါဘူး Videoထဲမှာ
ခဲဆော်ပြထားပါတယ်
ပစ္စည်းလေးကတော့ "Soldout" ပါ
Stepup booster 40V
12Vဘက်ထရီကို Step Up booter နဲ့
20Vထိမြှင့်ပြီး Laptop ဘက်ထရီဖြုတ်
သုံးပြထားတာလေးပါ
ဘက်ထရီကဝယ်ခါစ အကောင်းဆိုရင်
Normal Useတွက် 1နာရီလောက်အသုံးခံတယ်
ကိုယ်သုံးတဲ့Laptopရဲ့Wattပေါ်မူတည်ပြီး
အသုံးပြုလို့ရတဲ့ကြာချိန်ကွာနိုင်ပါတယ်
တစ်နာရီဆိုတာLaptopဘက်ထရီဖြုတ်ထားပြီး
သုံးတဲ့ကြာချိန်ကိုပြောတာပါ
Laptopထဲမှာ ဘက်ထရီလည်းတပ်ထားတယ်
အားကနည်းနေတယ်ဆိုရင် အားသွင်းတာရော
Laptopသုံးတာရော နှစ်မျိုးလုပ်တာမလို့
အကြာကြီး အသုံးခံမှာမဟုတ်ပါ
ခုVideoထဲမှာသုံးပြထားတဲ့ဘက်ထရီဆိုရင်
ဆိုင်ကယ်Startမရတော့လို့
ဖြုတ်ထားတဲ့အိုးအဟောင်းလေးပါ
ဝယ်ထားတာတစ်နှစ်ခွဲရှိပြီဆိုပေမဲ့
Laptopနဲ့15မိနစ်လောက်သုံးရသေးတယ်
65W PD Charger Review & Test
65W DC Stepdown PD Charger
လက်ရှိကိုယ်တိုင်သုံးနေတာလေးပါ
ဆိုဒ်ကလက်နှစ်လုံးစာပဲရှိပြီးသယ်ရလွယ်ပါတယ်
ဆိုင်ကယ်ဘောက်ထဲအမြဲတစ်ခုထည့်ထားတော့
အပြင်ရောက်နေတဲ့ချိန် ဖုန်းအားကုန်ရင်
ဆိုင်ကယ်ဘက်ထရီနဲ့ချိတ်သွင်းလို့ရပါတယ်
(ဘက်ထရီအလွယ်ချိတ်လို့မရတဲ့ကလစ်တွေ
စကူဘီးတွေကတော့ချွင်းချက်ပေါ့ဗျာ)
ဆိုင်ကယ်ဘက်ထရီနဲ့သုံးရင်တော့
36Wပဲအများဆုံးထွက်ပါမယ်
ဒါဆို65Wလို့ပြောပြီးဘာလို့36Wပဲရတာတုန်းလို့
Complainတက်လာနိုင်လို့
ဒီVideoလေး လုပ်ဖြစ်သွားတာပါ
အဲဒါကြောင့်ပစ္စည်းတစ်ခုမဝယ်ခင်
ကိုယ်ဝယ်မဲ့ပစ္စည်းကဘလိုအလုပ်လုပ်လဲဆိုတာ
ကြိုသိထားဖို့ Videoလေးနဲ့ပြောထားပါတယ်
Making Water Sensor Alarm
#DIY Water Sensor
ရိုးရှင်းပြီး Safe ဖြစ်တဲ့
Water Sensorလုပ်နည်းလေးပါ