K&B Sharing And Selling

တစ်ချိန်ကဂျင်းမိခဲ့တဲ့ Mi 33W Charger လေးတစ်လတောင်မခံဘူး ပျက်သွားလို့ လွှင့်မပစ်ပဲအခွံကို လိုအပ်ရင်သုံးရအောင် သိမ်းထားတာ...
09/06/2024

တစ်ချိန်ကဂျင်းမိခဲ့တဲ့ Mi 33W Charger လေး
တစ်လတောင်မခံဘူး ပျက်သွားလို့ လွှင့်မပစ်ပဲ
အခွံကို လိုအပ်ရင်သုံးရအောင် သိမ်းထားတာ
ဦးဇင်းတစ်ပါးတွက် UPS လေး လုပ်ပေးလိုက်ပြီ
UPS သာပြောတာ အထဲမှာ Stepup Booster နဲ့
Indicator ထည့်ထားပြီးတော့ ဘက်ထရီနဲ့ချိတ်ဖို့
ကြိုးနှစ်စထုတ်ထားရုံပဲ 😁

Wifiက Lead Acid batteryနဲ့ သုံးမှာဆိုတော့
အားကုန်လို့ ဘက်ထရီဗို့ကျလာရင် Wifi မှာပါ
Input Volt ကျမသွားအောင်Stepup ခံထားတာ
တချို့Wifiစက်တွေက 12Vအောက်ရောက်ရင်
အလုပ်မလုပ်တော့လို့ အဝင်ဗို့ဘယ်လောက်
ကျကျ Output Volt မကျတဲ့ XL6019 လေး
ထည့်ထားလိုက်တာ

Indicator ကလည်း 12.6V အတွက်သုံးရမှာကို
Lead acid မှာသုံးထားတော့ လက်ကျန်ပြတာ
မမှန်မှာဆိုးလို့ Indicatorနဲ့ Batteryကြားမှာ
Diodeတစ်လုံးခံပေးလိုက်တယ် ဘက်ထရီက
အားအပြည့်ဆို 13.2V ထိရှိပေမဲ့ Diodeကြောင့်
0.6V ပြန်ကျသွားတော့ 12.6V ဖြစ်သွားတာပဲ😁

ထိုင်းထီရောမြန်မာထီရောထွက်ပါပြီလေးလုံးစလုံးတူတဲ့သူတစ်ယောက်မှမရှိပါဘူးထိုင်းထီရှေ့ဆုံး (4)လုံးက 5️⃣3️⃣0️⃣5️⃣ ဖြစ်ပြီးမြန်...
01/06/2024

ထိုင်းထီရောမြန်မာထီရောထွက်ပါပြီ
လေးလုံးစလုံးတူတဲ့သူတစ်ယောက်မှမရှိပါဘူး

ထိုင်းထီရှေ့ဆုံး (4)လုံးက 5️⃣3️⃣0️⃣5️⃣ ဖြစ်ပြီး
မြန်မာထီရှေ့ဆုံး(4)လုံးက 6️⃣8️⃣8️⃣2️⃣ ဖြစပါတယ်

ပေါက်မဲနဲ့အနီးဆုံးရှိတဲ့ဂဏန်းကိုရှာကြည့်တော့

Win Maung Htay ဆိုတဲ့အကောင့်ပိုင်ရှင်က
5312လို့မန့်ထားလို့ ထိုင်းထီနဲ့အနီးဆုံးတူတဲ့
6500Ks ကံထူးသူဖြစ်ပါတယ်

Zayar Moe Htet အကောင့်ပိုင်ရှင်ကတော့
6906 လို့မန့်ထားလို့ ရှေ့တစ်လုံးပဲတူပေမဲ့
မြန်မာထီ နဲ့အနီးဆုံးဂဏန်းဖြစ်ပါတယ်
5300Ks တန် 65WChargerလေးရပါတယ်

ကျွန်တော် စာရင်းသွင်းဖို့ကျန်သွားတဲ့
မန့်ပိုင်ရှင်တွေရှိနေခဲ့ရင် အငြင်းပွားစရာ
ဖြစ်နေမှာဆိုးလို့ကံထူးသူတွေကိုဒီPost
တင်ပြီး24နာရီပြည့်မှပစ္စည်းကိုပို့ပေးပါမယ်

တကယ်လို့ ခုကံထူးတဲ့မန့်ပိုင်ရှင်တွေထက်
ပိုနီးစပ်တဲ့ဂဏန်းမန့်ထားတဲ့သူရှိရင်
24နာရီတွင်းဒီပို့စ်မှာလာပြောနိုင်ပါတယ်
24နာရီကျော်သွားရင်တော့ပေါက်တဲ့သူဆီ
ပစ္စည်းပို့ပေးလိုက်တော့မှာပါ

https://tablenotes.net/public/-Nz3N9sXiPHmLJELi0Nu
👆👆👆👆👆👆👆👆👆👆👆👆

မန့်ထားတဲ့ နံပါတ်တွေကို
ဒီLinkမှာ အစဥ်လိုက်စီပေးထားတာမို့
ဘယ်သူက ပေါက်မဲနဲ့အနီးစပ်ဆုံးရှိနေလဲ
ကိုယ်တိုင် စစ်ကြည့်နိုင်ပါတယ်

ဂဏန်းမန့်ခိုင်းတဲ့ Postကိုလည်း
ထီမထွက်ခင်တစ်ရက်အလိုမှာ
Comment ပိတ်လိုက်တာမို့
ဘသူမှ Edit လု​ပ်လို့မရပါဘူး
ကံထူးသူတွေရဲ့မန့်က Editဟုတ်မဟုတ်
ဒီPostမှာဝင်စစ်ကြည့်နိုင်ပါတယ်
👇👇👇👇👇👇👇👇👇👇
https://www.facebook.com/100076503454095/posts/473314771895301/?app=fb

ပေါက်သွားတဲ့သူနှစ်ယောက်လုံးက
တစ်ယောက်မှကျွန်တော့်ဆီက
မဝယ်ဖူးသေးတဲ့သူတွေပါ
နောက်ကျရင်ဝယ်ဖူးတဲ့ Accတွေတွက်
သီးသန့်မဲဖောက်ပေးဖို့ ရှိပါတယ်😋

မီယမ်းမာထီကို ထားလိုက်တော့ကျွန်တော်တော့ မီယမ်းမာ ပိုက်ဆံပါကိုင်တောင် မကိုင်ချင်တော့ဘူး🙃ပစ္စည်းတွေထပ်တင်ဖို့ စဥ်းစားရဦးမ...
01/06/2024

မီယမ်းမာထီကို ထားလိုက်တော့
ကျွန်တော်တော့ မီယမ်းမာ ပိုက်ဆံပါ
ကိုင်တောင် မကိုင်ချင်တော့ဘူး🙃
ပစ္စည်းတွေထပ်တင်ဖို့ စဥ်းစားရဦးမှာမလို့
ကြိုမှာထားတဲ့သူတွေအားတော့နာပါတယ်
မတက်ခင်ကမှာထားတာ အနည်းငယ်တော့
ရှိပါတယ်အဲဒါလေးတွေရောက်လာရင်တော့
အရင်စျေးနဲ့ပဲလိုတကယ်လိုအပ်တဲ့Userတွေပဲ
အဓိကထားပြီးမျှရောင်းပေးပါမယ်
ဘသူ့ဆီကမှ ငွေကြိုယူမထားလို့ ပြောထားတဲ့
အရေတွက်တိုင်းမရခဲ့ရင်လည်းနားလည်ပေးပါ

မီယန်မာ 🤌😹

တစ်ရက်နေ့မှာ ကံစမ်းမဲဖောက်ပေးမဲ့စာရင်းကိုဒီအောက်ကလင့်မှာပုံထဲကတိုင်းမှန်ဘီလူးလေးနှိပ်ပြီးနာမည်ကိုအလွယ်ရိုက်ရှာလို့ရပါတယ်...
31/05/2024

တစ်ရက်နေ့မှာ ကံစမ်းမဲဖောက်ပေးမဲ့စာရင်းကို
ဒီအောက်ကလင့်မှာပုံထဲကတိုင်းမှန်ဘီလူးလေး
နှိပ်ပြီးနာမည်ကိုအလွယ်ရိုက်ရှာလို့ရပါတယ်
👇👇👇👇👇👇👇👇👇👇👇👇👇
https://tablenotes.net/public/-Nz3N9sXiPHmLJELi0Nu

Link ထဲဝင်လိုက်လို့ နာမည်စာရင်းတွေ
ကျမလာရင်VPNဖြုတ်ဝင်ကြည့်ပါဗျ
ကိုယ့်ရဲ့Facebook နာမည်ကိုရှာတွေ့ရင်
​ဘေးမှာ ကိုယ်မန့်ထားတဲ့ဂဏန်းလေး
တွေ့ပါလိမ့်မယ် ဂဏန်းလွဲနေရင်မှားနေရင်
ဒီပို့စ်မှာလာပြောလို့ရပါတယ်ဗျ

ဂဏန်း၄လုံးမန့်ခိုင်းတဲ့ Postကတော့
မန့်ပိတ်လိုက်ပါပြီ သူများမန့်ပြီးသား
ထပ်မန့်ထားတဲ့ Acc တွေကိုတော့
ပြန်ပြင်မန့်လို့ရအောင်ဒီည12ထိ
မန့်ဖွင့်ပေးထားပါတယ်
စာရင်းထဲတော့မထည့်ရသေးပါဘူး

စာရင်းမှာပါပြီးသားသူတွေကတော့
မန့်ကိုဖျက်လို့ပဲရပါတယ်Editလုပ််မရပါ
မတော်တဆမန့်ဖျက်မိသွားတဲ့ခါ
စာရင်းထဲမှာပါပြီးသားဆိုရင်တောင်
မဲပေါက်တဲ့ခါအကျုံးမဝင်တော့ပါ့ဘူး
မူရင်းPostမှာမန့်ထားတဲ့သူမရှိပဲနဲ့
ပေးပါတယ်ဆိုပြီးပြောစရာဖြစ်မှာပါ

မူရင်းကံစမ်းခိုင်းတဲ့ Postမှာစုစုပေါင်း
မန့်ထားတဲ့သူအယောက်200ရှိပေမဲ့
ကျွန်တော် Replyပြန်တာတွေရော
မဆိုင်တာလာမန့်တဲ့သူတွေပါရောနေလို့
မန့်ထားတာနဲ့စာရင်းနဲ့မကိုက်ဖြစ်နေတာပါ
အဲဒါကြောင့်ဂဏန်းမန့်ထားပြီး
စာရင်းထဲမပါရင်လာပြောပေးပါဗျ

ဒီအောက်ကPostမှာမိမိမန့်ကိုပြန်သွား
ရှာလို့ရပါတယ်
👇👇👇👇👇👇👇👇👇👇👇👇
https://www.facebook.com/100076503454095/posts/473314771895301/?app=fb

လောလောဆယ်တော့ Turbo VPN ကကောင်းကောင်းချိတ်လို့ရသေးတယ်Super VPNတို့ 1111 တို့ကတစ်ချက်တစ်ချက်ချိတ်သွားတယ်ဆိုပေမဲ့ ချိတ်ရခက...
30/05/2024

လောလောဆယ်တော့ Turbo VPN က
ကောင်းကောင်းချိတ်လို့ရသေးတယ်
Super VPNတို့ 1111 တို့ကတစ်ချက်တစ်ချက်
ချိတ်သွားတယ်ဆိုပေမဲ့ ချိတ်ရခက်တယ်
VPN တွေဒေါင်းမရအောင်Playstoreကိုပါ
Banထားတယ်ထင်တာပဲ ကျွန်တော်တော့
Playstoreကဒေါင်းမရလို့Browserမှာ
သွားဒေါင်းလိုက်ရတယ်

Turbo VPN မရှိလို့ Playstore လဲမရဘူးဆို
ဒီအောက်ကLinkမှာ
"Get The Latest Version"ကိုနှိပ်ပြီး
ဒေါင်းထားလို့ရပါတယ်

👇👇👇👇👇👇👇👇👇👇👇👇👇👇👇
https://turbo-vpn.en.uptodown.com/android

ဒီPostကို Turbo VPN နဲ့ပဲတင်လိုက်တာပါ

A minimalist VPN app

Old Followers တွေတွက်ကံစမ်းမဲစီစဥ်လေးကိုယ် တတ်နိုင်သလောက်လုပ်ပေးတာမို့နည်းတယ်များတယ်တော့မအောက်မေ့ပါနဲ့နောက်လဲတတ်နိုင်သလေ...
29/05/2024

Old Followers တွေတွက်ကံစမ်းမဲစီစဥ်လေး
ကိုယ် တတ်နိုင်သလောက်လုပ်ပေးတာမို့
နည်းတယ်များတယ်တော့မအောက်မေ့ပါနဲ့
နောက်လဲတတ်နိုင်သလောက်လုပ်ပေးဦးမှာပါ

ကျွန်တော်ကLikeနဲ့ဖော်လိုးလုပ်ပေးပါ
ဘာပေးမယ်ညာပေးမယ်ဆိုပြီးတောင်းဆို
ထားတာမျိုးမရှိပဲ ဒီPageလေးကို
ကို့ဘာကိုဝါသနာပါလို့ Follow လုပ်ထားတဲ့
သူတွေကိုအဓိကထားဖောက်ပေးချင်တာပါ

အဲဒါကြောင့်ဒီPostမတင်ခင်ထိဒီ Pageကို
Likeလုပ်ထားတဲ့သူတွေပဲမန့်လို့ရပါတယ်
ဒီPostတင်ပြီးမှLikeလုပ်ထားတဲ့သူတွေက
စာရိုက်ဖို့ Keyboardပေါ်မှာ မဟုတ်ပါဘူး

မဲဖောက်ပေးမဲ့ပုံစံကလည်းမျတမှုရှိအောင်
၂လုံး၃လုံးလိုအနီးစပ်ဆုံးတွက်ချက်လို့မရတဲ့
ဒီလကုန်ရင်ထွက်မဲ့ ထိုင်းထီအမြင့်ဆုံးဆုရဲ့
ရှေ့ဆုံးဂဏန်း4လုံးနဲ့တိုက်ပြီးဖောက်ပေးမှာပါ

ကံစမ်းမဲ့သူတွေက ဒီPostအောက်မှာပဲ
သူများနဲ့မတူတဲ့ ဂဏန်း 4လုံးမန့်ရပါမယ်
( ဥပမာ 1234/ 4567/ 0000/ 4444 )
စသဖြင့်ကြိုက်ရာ မန့်လို့ရပါတယ်

သူများမန့်ပြီးသားထပ်မမန့်ရ/
တစ်ယောက်တည်း နှစ်ခါမမန့်ရပါ
ထီမထွက်ခင် နှစ်ခါထပ်မန့်ထားတဲ့သူတွေ
သူများမန့်ပြီးသာဂဏန်း ထပ်မန့်တဲ့သူတွေ
သေချာလိုက်စစ်ရဦးမှာဆိုတော့
မန့်တွေအများကြီး​ဖြစ်နေရင်မစစ်နိုင်မှာဆိုးလို့
နက်ဖြန်ညနေ 7နာရီမှာ မန့်ပိတ်ပါမယ်
ဘသူမှထပ်မန့်လို့မရတော့သလို မန့်ပြီးသား
သူတွေလည်းEditလုပ်ပြန်ပြင်မရတော့ပါဘူး

ထီပေါက်မဲနံပါတ်နဲ့(4)လုံးစလုံးအတိကျ
တူဖို့မလိုပါဘူး အတိကျတူမှပေးမှာဆိုရင်
ပေါက်တဲ့သူလုံးဝမရှိတာမျိုးဖြစ်မှာဆိုးလို့
အတိကျတူတဲ့သူမရှိတဲ့ခါအနီးစပ်ဆုံးတူတဲ့
နံပါတ်ပိုင်ရှင်ကို ပေးပါမယ်

ဥပမာ ထီထွက်တဲ့ချိန်ရှေ့ဆုံးဂဏန်း
4လုံးက 1008 ဆိုပါတော့

1005 လို့မန့်သူနဲ့ 1006 လို့မန့်သူနှစ်ဦး
ရှိတယ်ဆိုရင် 1006 မန့်ပိုင်ရှင်က
1008နဲ့ ပိုနီးလို့ ကံထူးသူဖြစ်ပါတယ်
1009 လို့ထပ်မန့်ထားသူရှိရင် 1006က
ကံထူးရှင်မဟုတ်တော့ဘူး 1009 က
1008နဲ့ကပ်ရပ်ရှိတာမို့ 1009မန့်ပိုင်ရှင်က
အနီးစပ်ဆုံးကံထူးသူဖြစ်ပါတယ်

1007 နဲ့ 1009 ဆိုပြီးမန့်သူနှစ်ယောက်ရှိရင်
1007 ရော 1009 ရောက 1008နဲ့ ရှေ့နောက်
ကပ်ရပ်ဖြစ်နေတာမို့ငြင်းစရာဖြစ်နိုင်ပါတယ်
အဲ့လိုအခြေနေမျိုးမှာတော့သူတို့မန့်ထားတဲ့
ဂဏန်းလေးလုံးပေါင်းချင်းရလဒ်ကိုကြည့်ပြီး
"အများဆုံး" ရလဒ်နဲ့သူကိုရွေးမှာဖြစ်ပါတယ်
ရလဒ်ကြည့်တဲ့ခါ ဘယ်လောက်ပဲရရ
နောက်ဆုံးတစ်လုံးကိုပဲကြည့်ပါမယ်

ဥပမာ

1+0+0+7 = 8
1+0+0+9 = 10

1009 ကိုပေါင်းချင်းက 10 ရတယ်
1007 ထက်ပိုများတယ်ဆိုပေမဲ့
နောက်ဆုံးအလုံးကိုပဲ ကြည့်တာမလို့
1009မန့်သူရဲ့ရလဒ်က သုညဖြစ်ပါတယ်
အဲဒါကြောင့် 8ရတဲ့ 1007 မန့်ပိုင်ရှင်ကသာ
ကံထူးသူဖြစ်ပါတယ်

ဒါဆိုရင်ပေါက်မဲတွက်အငြင်းပွားစရာ
မရှိလောက်တော့ဘူးထင်ပါတယ်ဗျ
နောက်နောင်မဲဖောက်ဖြစ်တဲ့ခါတွေမှာ
ဒီနည်းကိုပဲအသုံးပြုသွားမှာပါ
ဂဏန်း4လုံးစတင်မန့်လို့ရပါပြီ

ဖောက်ပေးမဲ့ပစ္စည်း​လေးကတော့
6500ကျပ်တန် DC Jack ပါတဲ့
65W PD Charger လေးပါ

မဲပေါက်တဲ့သူကတခြားမြို့ကဆိုရင်
Deliခကို ပေါက်သူဘက်က ရှင်းရပါမယ်
တခြားမြို့ကဖြစ်နေရင်တောင် Deliခက
အများဆုံး4ထောင်လောက်ပဲကျတာမို့
6500တန် ပစ္စည်းကို4ထောင်နဲ့ရမှာပေါ့ဗျာ

ဒီ65W Chargerလေးကို မဲမပေါက်လို့
ဝယ်မယ်ဆိုရင်တော့ ပစ္စည်တန်ဖိုး
6500ကျပ်နဲ့ ပို့ခ4ထောင်ပေါင်းလိုက်ရင်
1သောင်းကျော်ကျမှာပါ

မဲပေါက်တဲ့သူကမန်းလေးကဖြစ်နေလို့
အိမ်လာယူရင်တော့ Deliခပါမကုန်ဘူးပေါ့

Thet Hlaing Pwar Aung

တတ်နိုင်သလောက်ပစ္စည်းလေးတွေမကျန်အောင်သေချာဂရုစိုက်ပို့နေပါတယ်ဗျာဒီရက်ပိုင်းပါဆယ်တွေကထုတ်မပြီးသေးဘူးDeliကအစောကြီးရောက်ရော...
21/05/2024

တတ်နိုင်သလောက်ပစ္စည်းလေးတွေ
မကျန်အောင်သေချာဂရုစိုက်ပို့နေပါတယ်ဗျာ
ဒီရက်ပိုင်းပါဆယ်တွေကထုတ်မပြီးသေးဘူး
Deliကအစောကြီးရောက်ရောက်လာတော့
တချို့ပို့စရာတွေကျန်ကျန်​နေခဲ့တာ

အဓိက အဝယ်များနေတဲ့
Mist Maker ရေငွေ့ထုတ်စက်
USb Tester
65W PD Cable ကြိုး
mAh Tester ကုန်သွားပါပြီဗျာ

လာ​မေးပြီးမရလိုက်တဲ့သူတွေလည်း
ခုမရတောင်နောက်တစ်သုတ်ကျရမှာပါ
ဘယ်ပစ္စည်းမဆိုစျေးတက်တောင်
ခုမှာထားတဲ့စျေးနဲ့ပေးပါမယ်
ဒုတိယပုံမှာမြင်တဲ့တိုင်းမရလိုက်တဲ့သူတွေကို
Bookedလို့သေချာမှတ်ထားပါတယ်
ပစ္စည်းထပ်ရောက်တဲ့ခါပို့စ်တန်းမတင်ပဲနဲ့
အဲ့ဒီBooked လို့မှတ်ထားတဲ့သူတွေကို
ပစ္စည်းရောက်ကြောင်းလိုက်ပြောပါတယ်
ယူမဲ့သူတွေကိုပို့ပြီး(3)ရက်လောက်မှ
ပို့စ်တင်တာပါအဲဒါကြောင့်ပို့စ်မတင်ခင်
ကတည်းကပစ္စည်း​လေးတွေက
ကုန်သလောက်ဖြစ်နေတာပါဗျ

မယူဖြစ်တာတွေ တော့Postတင်ပြီးတာနဲ့
Bookedမှတ်ထားတာအကုန်ဖြုတ်လိုက်ပါတယ်
Booked ဖြုတ်ပြီးမှလာဝယ်ရင်တော့
တက်စျေးအတိုင်းပါပဲ

20/05/2024

အမေ့ပါအလုပ်ပေးနေတာ

မနေ့က24W ကဒ်စစ်တာတစ်ကဒ်
Errorတွေ့ပါတယ်အဲ့တစ်ကဒ်စာ
အမြတ်ထဲကပါသွားပေမဲ့ဝယ်သူဆီ
ရောက်မှမဖြစ်တာပဲတော်လှပြီ
၅ထောင်ကျော်တဲ့ကဒ်တွေ
Errorမစစ်ပဲပို့ဖို့ကလဲလုံးဝစိတ်မဖြောင့်ဘူး

တစ်ယောက်တည်းလဲလုံးဝမနိုင်တော့လို့
အမေ့ကိုErrorတွေစစ်ခိုင်းပြီးကျွန်တော်က
Pageမှာစာပြန်ပါဆယ်ထုတ်လုပ်နေရတာ
အဲဒါကြောင့်စာပြန်နောက်ကျရင်
သည်းခံပေးပါဗျာ
ဝန်ထမ်းခန့်ရအောင်လဲရတဲ့အမြတ်က
ကိုယ့်ပါကိုတောင်မလောက်ဘူး 😁
တစ်ခါတစ်လေပြန်ရင်းဖို့တောင်
သိပ်မကျန်လို့ပစ္စည်းတွေတောင်
နဲနဲချင်းလေးပဲမှာရောင်းနေတာ

Instock ရှိတဲ့ပစ္စည်းလေးတွေပါတစ်နိုင်ငံလုံးနီးပါးအိမ်အရောက်ငွေချေရပေမဲ့လက်ကျန်အများကြီးမရှိတဲ့ပစ္စည်းတွေကိုတော့ငွေကြိုလွ...
18/05/2024

Instock ရှိတဲ့ပစ္စည်းလေးတွေပါ
တစ်နိုင်ငံလုံးနီးပါးအိမ်အရောက်ငွေချေရပေမဲ့
လက်ကျန်အများကြီးမရှိတဲ့ပစ္စည်းတွေကိုတော့
ငွေကြိုလွှဲထားသူကို ဦးစားပေးပို့ပေးမှာပါ

တချို့ကအိမ်ရောက်ငွေချေပို့ပေးတာကို
ပစ္စည်းက သူနေတဲ့မြို့ရောက်မှအကြောင်း
အမျိုးမျိုးကြောင့်မယူဖြစ်တာမျိုးရှိဖူးလို့ပါ
အဲ့လိုမျိုးမယူဖြစ်ရင် ကျွန်တော်အပ်နေကျ
Deliက Free ပြန်လာပို့ပေးပေမဲ့ သူက
ရန်ကုန်/မန်းလေး/နေပြည်တော်သုံးမြို့ပဲ
ဝန်ဆောင်မှုရသေးလို့ပါ

ကျန်တဲ့မြို့တွေကတော့ Bee Expressနဲ့
အိမ်ရောက်ငွေချေပို့ရပေမဲ့ Bee Deliက
Promtion မရှိတဲ့လကျ ဝယ်သူမယူဖြစ်တဲ့
ပါဆယ်တွေကို ရောင်းသူဆီ Free ပြန်မပို့ပါ
ပစ္စည်းပို့တာမအောင်မြင်လဲ ပို့ခပေးရပါတယ်
အဲဒါကြောင့်မို့ပစ္စည်းတန်ဖိုးကြိုမလွှဲတောင်
ပို့ခ (3500/4000)လောက်ကြိုလွှဲရပါမယ်
မှာပြီးမယူဖြစ်ရင် လွှဲထားတဲ့ပို့ခဆုံးမှာပါ
အဲ့ပို့ခကကျွန်တော်ရတာမဟုတ်ပါ
Deli ဘက်ကိုပေးရတာပါ

ဒီ 5လပိုင်းကုန်ထိ Bee ကPromtionရှိလို့
ဝယ်သူဘက်ကမယူဖြစ်ရင်ပို့ခမပေးရပါ
ကျွန်တော့်ဆီFreeပြန်ပို့ပေးပါတယ်
(အဲဲဒါကြောင့်5လပိုင်းမကုန်ခင်မှာမယ်ဆိုရင်
ပို့ခလဲ ကြိုလွှဲစရာမလိုသေးပါဘူး)

5လပိုင်းကုန်လို့ Promotion မရှိတဲ့ချိန်
မှာမယ်ဆို (ရန်ကုန်/မန္တလေး/နေပြည်တော်)
ကလွဲရင်ကျန်တဲ့မြို့တွေကပစ္စည်းတန်ဖိုး
မလွှဲတောင်ပို့ခလေးတော့ ကြိုလွှဲပေးရပါမယ်

18/05/2024

Default 20V PD Trigger

18/05/2024

Volt (5)မျိုးထုတ်သုံးလို့ရတဲ့ PD Trigger

18/05/2024

ကျွန်တော့်ဆီမှာရှိတဲ့PIR Motion Senaor (3)မျိုးပါ
AC sensor နဲ့ 24 V ထိရတဲ့ DC Sensorတော့
သိပ်မကျန်တော့ပါဘူး

18/05/2024

အပူအအေးပြားလေးကိုကျွန်တော့်မှာရှိတဲ့
Heatsinkနဲ့ပန်ကာလေးသုံးပြီးစမ်းထားတာ

ပါဝါကအများဆုံး 12V 5A ထိသုံးနိုင်ပါတယ်
Videoထဲမှာတော့ 4A ဘက်ထရီအိုးနဲ့ပဲ
စမ်းထားတာပါ ပါဝါSupplyပေးပြီးသုံးတာ
ပိုကောင်းပါတယ် ကျွန်တော်စမ်းတာတော့
Heatsinkကသေးနေတာရယ်
ပန်ကာကလည်းအားမကောင်းတာကြောင့်
ထင်သလောက်ခရီးမပေါက်ပါဘူး

နိုင်ငံခြား Youtuber တစ်ယောက်
ဒီ12705 Model လေးကိုစမ်းတာတော့
အနုတ် -8.8°C ထိရောက်ပြီး
ရေခဲ့တဲ့ထိ အေးပါတယ်သူVideoမှာ
တခြားModelတွေပါလေ့လာနိုင်ပါတယ်
Youtube Video Link
👇👇👇👇👇👇👇👇👇👇👇
https://youtu.be/ACadXn5lwV0?si=-BGghIrCLjMOfYx4

ဒီ Pageလေးကို 4လပိုင်း16ရက်နေ့ကစပြီးနိုင်ငံခြားအကောင့်တုတစ်ခုက စီမံပိုင်ခွင့်အပြည့်ရသွားလို့ပစ္စည်းတွေရောက်တာတောင်ရောင်း...
18/05/2024

ဒီ Pageလေးကို 4လပိုင်း16ရက်နေ့ကစပြီး
နိုင်ငံခြားအကောင့်တုတစ်ခုက စီမံပိုင်ခွင့်
အပြည့်ရသွားလို့ပစ္စည်းတွေရောက်တာတောင်
ရောင်းဖို့တင်သင့်/မတင်သင့်စဥ်းစားနေတာ
Page ရသွားတဲ့သူက မြန်မာဖြစ်နေရင်
သူ့Accထဲ ငွေတွေလွှဲခိုင်းပြီးယူသွားမှာဆိုးလို့
"🚫ဘယ်မြို့ကဖြစ်ဖြစ်ငွေကြိုလွှဲစရာမလို🚫"
ဆိုပြီး Post တင်လိုက်သေးတယ်
သူခန့်ထားတဲ့Admin နာမည်တွေအရ
မြန်မာမဟုတ်တာတော့ သေချာတယ်

ခုကျွန်တော့်ရဲ့ Pageကိုစီမံခွင့်အပြည့်
ပြန်ရပြီမလို့ သူခန့်ထားတဲ့ သူ့လူ
Admin တွေကိုလဲ ပြန်ဖြုတ်လိုက်ပါပြီ
စိတ်အေးလက်အေးပြန်ရောင်းတော့မှာမို့
မကြာခင်မှာ Instockရှိတဲ့ပစ္စည်းတွေ
တင်ပေးသွားပါမယ်ဗျ

(ဘာLikeမှမရှိတဲ့ Pageလေးကို
အချောင်လိုချင်နေကြတယ် 🙁)

DIY သမားမို့ နာရီမဝယ်ချင်သောခါ 😅Photo - Credit
14/05/2024

DIY သမားမို့ နာရီမဝယ်ချင်သောခါ 😅
Photo - Credit

26/04/2024

ဒီUPSလေးကတော့ရောင်းစရာမကျန်​တော့ပေမဲ့
Videoကလုပ်ပြီးသားဖြစ်နေလို့
Review အနေနဲ့ပဲတင်ပေးလိုက်ပါတယ်

(ကုန်ပါပြီ Soldoutပါဗျ)Video တောင်မတင်လိုက်ရဘူး😁15W 12V UPSကျွန်တော့်ဆီမှာဒီ12V UPSလေးအောင်းနေတာ၂လလောက်ရှိပြီ Instockကလည...
21/04/2024

(ကုန်ပါပြီ Soldoutပါဗျ)
Video တောင်မတင်လိုက်ရဘူး😁

15W 12V UPS

ကျွန်တော့်ဆီမှာဒီ12V UPSလေးအောင်းနေတာ
၂လလောက်ရှိပြီ Instockကလည်း ၄ခုပဲ
စမ်းဝယ်ထားတာမလို့ ကိုယ်တိုင်လည်း
စမ်းသုံးကြည့်ဖို့မအားတာနဲ့တင်မရောင်းတာ

စမ်းကြည့်ရသလောက်တော့
အားသွင်းနေရင်မီးနီလေးနဲ့ပြတယ်
ဘက်ထရီအားပြည့်ရင်မီးပြာလေးလင်းပြီး
ဖျက်ပေးတယ် UPSဆိုတော့ မီးပျက်တဲ့ခါ
Wifiတွေမှာဆိုရင်ပါဝါကျမသွားဘူး

ဘက်ထရီက 3.7V Li-ionနှစ်လုံးသုံးလို့ရတယ်
ဘက်ထရီမပါပဲType Cနဲ့တိုက်ရိုက်ပါဝါပေး
Outputတိုင်းရင်လည်း 12V ထွက်တယ်

ဘက်ထရီတပ်ပြီး Type Cခေါင်းမတပ်ပဲ
Output တိုင်းလည်း 12Vထွက်တယ်

2500mAhဝန်းကျင်ရှိတဲ့ဘက်ထရီနှစ်လုံး
တပ်သုံးတဲ့ခါမှာတော့မီးပျက်တဲ့ခါမှာ
3နာရီလောက်Wifi ဆက်သုံးလို့ရတယ်
မီးပြန်လာတဲ့ခါ Wifiကိုပါဝါပေးတာရော
ဘက်ထရီကိုလည်းအားပြန်ဖြည့်တာရော
နှစ်ခုလုံးလုပ်ရမှာဆိုတော့ ဘက်ထရီက
မီးပြန်မပျက်ခင်အားပြည့်ပါ့မလားဆိုတာကို
သေချာမစမ်းရသေးလို့မရောင်းသေးတာ
ဝယ်ထားတာဒေါ်လာစျေးမတက်ခင်ကမို့
အဲ့တုန်းကစျေးနဲ့ပဲရောင်းပေးပါမယ်
ခုလက်ရှိစျေးအရဆို၉ထောင်ကျော်ပါတယ်
ကျွန်တော်က8ထောင်နဲ့ရောင်းပေးမှာပါ

12V ပန်ကာတွေတွက်ပါဝါဘန့်အနေနဲ့
သုံးရင်မဆိုးပါဘူး
အိမ်ကပန်ကာတော့လည်တာမှမွှတ်နေတာပဲ
ပန်ကာတွက်သုံးမယ်ဆိုရင်အားသွင်းတာနဲ့
သုံးတာကိုသပ်သပ်လုပ်ဖို့ပဲအကြံပေးချင်တယ်
ပန်ကာတွေကAmpereရှယ်ဆွဲတော့
ဘက်ထရီရောဆားကစ်ပြားရောတအားပူတာ
Wifiကအဲ့လောက်Aမဆွဲတော့အဆင်ပြေတယ်

ပန်ကာတွက်ဆို မီးပျက်မှပဲထုတ်သုံးပြီးတော့
မီးလာရင်သပ်သပ်အားသွင်းထားပေါ့

Output Ampereတိုင်းပြတာကြည့်ချင်ရင်
မကြာခင် Videoလေးတင်ပေးသွားပါမယ်

လောလောVideoလေးကEditလုပ်မပြီးသေးလို့
Videoထဲက ပုံလေးပဲတင်လိုက်တာ

ဒီကောင်လေးဆက်တင်ရောင်းဖို့
စိတ်ကူးမရှိပါဘူးရောင်းရတာမကိုက်လို့
Instockရှိတဲ့ ၄ခုပဲရပါမယ်

လောလောဆယ်ကျွန်တော်မန်းလေးမြို့ကမှာထားတာတွေတစ်မြို့လုံးပတ်ပို့နေရလို့စာမပြန်နိုင်သေးတာ တောင်းပန်ပါတယ်ဗျနေပြည်တော်နဲ့ရန်ကု...
01/04/2024

လောလောဆယ်ကျွန်တော်မန်းလေးမြို့က
မှာထားတာတွေတစ်မြို့လုံးပတ်ပို့နေရလို့
စာမပြန်နိုင်သေးတာ တောင်းပန်ပါတယ်ဗျ
နေပြည်တော်နဲ့ရန်ကုန်ကမှာထားတာတွေလည်း
အိမ်ပြန်ရောက်မှပါဆယ်စထုတ်ရမှာမလို့
နက်ဖြန်မှDeliအပ်ပေးလို့ရမှာပါ

သင်္ကြန်မှာဘယ်မှမသွားပဲအိမ််တွင်းအောင်းပြီးကလိမဲ့ DIY ဝါသနာအိုးတွေတွက်လိုအပ်တာလေးတွေကြိုမှာထားရအောင်လို့ အိမ်မှာပဲ ဘောက်...
31/03/2024

သင်္ကြန်မှာဘယ်မှမသွားပဲအိမ််တွင်းအောင်းပြီး
ကလိမဲ့ DIY ဝါသနာအိုးတွေတွက်လိုအပ်တာ
လေးတွေကြိုမှာထားရအောင်လို့
အိမ်မှာပဲ ဘောက်လေးနဲ့ငြိမ့်ဖို့ 20W ထိရတဲ့
Bluetooth Speaker ကဒ်တွေလဲရောက်တယ်

ရန်ကုန်/မန္တလေး/နေပြည်တော် ၃မြို့တွက်
အိမ်အရောက်ငွေချေရပါပြီ
ကျန်တဲ့မြို့တွေကတော ငွေကြိုလွှဲရပါမယ်ဗျ
မန်းလေးကဆိုရင်အိမ်လာဝယ်လို့ရပါတယ်
မန်းလေးမြို့တွင်းအိမ်အရောက်ပို့ခ 1500Ks ပါ
ရန်ကုန် -3500Ks Ks
နေပြည်တော် - 3500 Ks

တခြားမြို့တွေကိုလည်းအိမ်ရောက်ငွေချေ
ပို့ပေးချင်ပေမဲ့ လောလောဆယ် လက်ရှိ
သုံးနေတဲ့ Deliက (3)မြို့ပဲရသေးလို့ပါ
တစ်နိုင်ငံလုံးပို့ပေးတဲ့ တချို့Delivery တွေ
စုံစမ်းကြည့်တော့လည်းစာချုပ်နဲ့ဘာတွေနဲ့
တစ်လဘနှထုတ်အပ်ရမယ်ဆိုတာတွေကြောင့်
အများကြီးအပ်ဖို့ အဆင်မပြေသေးလို့ပါ

ကိုယ်တတ်နိုင်တဲ့အရင်းနီးနည်းနည်းနဲ့
လုပ်နေတာမလို့ပစ္စည်းတွေအများကြီး
မတင်နိုင်သေးပါဘူး ပစ္စည်းတစ်မျိုးတည်းကို​ပဲ
အများကြီးဝယ်ရင်လည်း လူတိုင်းက
အဲ့တစ်မျိုးတည်းပဲလိုအပ်ကြတာမဟုတ်တော့
ပစ္စည်းလည်းစုံအောင်နယ်ကလူတွေတွက်လည်း
ပို့ခနဲ့ ကာမိအောင် ပစ္စည်းမျိုစုံကိုနည်းနည်းစီ
ဝယ်ရောင်းနေတာပါ အဲဒါကြောင့်
ပစ္စည်းတစ်မျိုးကို 10ခု/15ခုစီလောက်ပဲရှိပါတယ်

မှာမယ်ဆိုရင်မက်ဆင်ဂျာကနေ

အမည် / ဖုန်းနံပါတ် / လိပ်စာအပြည့်စုံ
ယူမဲ့ပစ္စည်းပုံကို အရေတွက်နဲ့တကွ
ပို့ထားပေးပါ Deli မရောက်တဲ့မြို့တွေဆို
ဂိတ်တင်ခ 1500Ks ယူပါတယ်
တန်ဆာခက သပ်သပ်ပါ

မန်းလေးက လာဝယ်ချင်တဲ့သူတွေတွက်
လိပ်စာက 1A လမ်းနဲ့ 65A/65B ကြားမှာပါ
အိမ်သိပ်မကပ်လို့ 0994010101 ကို
ကြိုဆက်ပေးပြီးမှလာခဲ့ပေးပါ

စာပြန်တာနောက်ကျရင်လည်းသည်းခံပေးပါဗျ
စာပြန်တာ/ပါဆယ်ထုတ်တာ
MDYမြို့တွင်း အိမ်အရောက် ပို့တာကအစ
ကျွန်တော် တစ်ယောက်တည်း Run နေတာမလို့ပါ

31/03/2024

Volt သီးသန့်တိုင်းတဲ့မီတာ သုံးကြိုးနဲ့
V/A မီတာ 5 ကြိုးအသုံးပြုနည်းလေးပါ
အထူးသဖြင့်ကြိုး5စပါတဲ့V/A မီတာက
Diagramမသိပဲအထင်နဲ့တပ်ရင် မှားနိုင်လို့ပါ
အရင်ကဝယ်သူတစ်ယောက်ကြိုးအတပ်မှားပြီး
မီးခိုးထွက်လာတယ်ဆိုပြီး ပြောလို့
ကျွန်တော်လဲအဲ့လိုမှားဖူးပါတယ်
အနီဆိုအပေါင်း/ အနက်ကိုအနှုတ်လို့ပဲ
ပုံသေ မှတ်ထားတော့V/A meter မှာပါတဲ့
အနီအနက်ကြိုးအတုတ်နှစ်ခုကိုဘက်ထရီအိုးရဲ့
အပေါင်းနဲ့အနှုတ်မှာသွားချိတ်တာ
ဖောက်ခနဲပဲ ကဒ်တော့မပျက်ပါဘူး
ခနပဲ Short Circuit ဖြစ်သွားတာမို့လို့
အကြာကြီးချိတ်ထားရင်တော့ပျက်မှာပါ
အဲဒါကြောင့်နောက်လူတွေအတပ်မမှားအောင်
Videoတင်ပေးတာပါ

31/03/2024

Error အစစ်ကောင်းတာအိမ်ပြာကျတော့မလို့🤧

Videoရိုက်နေတုန်းမှာမြန်မြန်ရစ်ထားတာကလွဲလို့
တခြားဖြတ်ညှပ်ကက်Editလုပ်ထားတာမရှိပါဘူး
9ကဒ်လုံးတောက်လျောက်စစ်တာ တစ်ကဒ်မှ
Errorမတွေ့ပါဘူး ကိုယ့်ဘက်ကတာဝန်ကင်းအောင်
အကုန်စစ်ပြီးမှရောင်းမှာပါ

31/03/2024

XY- P15W အရည်သွေးကောင်းတဲ့
Bluetooth Speaker ကဒ်လေးပါ
အဝင်8V မှ 24V ထိရပြီး
အထွက်က 10W/15W/20W ထိ
Speaker နှစ်လုံး တပ်သုံးလို့ရပါတယ်
သင်္ကြန်လဲရောက်တော့မှာဆိုတော့
ကိုယ့်အိမ်မှာရှိတဲ့ Speakerတွေ
အသုံးချဖို့အချိန်တန်ပြီလေ

Videoရိုက်တုန်းကဘေးမှာပန်ကာဖွင့်ထားတာ
မပိတ်မိလို့လေသံတွေပါနေတာပါ
Speakerကမြည်နေတာမဟုတ်ပါဘူး
Speakerတစ်လုံးထဲနဲ့ စမ်းတာတောင်
အသံကဂိတ်ဆုံးထားရင်ကျယ်လွန်းတော့
ပတ်ဝန်းကျင်က ခဲနဲ့ထုခံရမှာဆိုးလို့
အသံလျော့လိုက် တိုးလိုက်လုပ်နေရတယ်

6500တန်ကစျေးများတယ်ထင်ရင်
5W Bluetooh Speakerလေးလဲရပါတယ်
သူကတော့ 3500 Ks ပါဗျ
5W Speaker အသံစမ်းထားတဲ့Videoလေး
👇👇👇👇👇👇👇👇👇👇👇👇👇👇
https://www.facebook.com/story.php/?id=100076503454095&story_fbid=412561551303957

31/03/2024

2S/3S နှစ်မျိုးရတဲ့ 15W Chargerလေးနဲ့
3S 4A Charger နှစ်မျိုးကို အားသွင်းပြီး
Ampere အပြည့်ရမရစမ်းပြထားတာလေးပါ
3S 4A Versionအတွက် 3မိနစ် 30စက္ကန့်ကို
ကျော်ကြည့်ပါ

31/03/2024

KWS-V20 USB Tester လေးကို
သူပြောထားတဲ့အများဆုံးAmpereနဲ့
Voltage ထိပြမပြ စမ်းပြထားတာလေးပါ
သူသတ်မှတ်ချက်တွေထက်ကျော်ပြီး
ပြပေးတယ်ဆိုရင်တောင် Daily Useအတွက်ဆိုရင်
သတ်မှတ်ထားတဲ့ဘောင်အတွင်းပဲသုံးတာက
ပိုကောင်းပါတယ်

ဒီတစ်ခါကျွန်တော့်ဆီအားပေးတဲ့ ဝယ်သူတွေကMDYကထက် တခြားမြို့ကပိုများတယ်ဗျသူတို့​တွေသာ ငွေကြိုလွှဲရမယ်ဆိုတာနဲ့မဝယ်တော့ဘူးဆိုပ...
06/03/2024

ဒီတစ်ခါကျွန်တော့်ဆီအားပေးတဲ့ ဝယ်သူတွေက
MDYကထက် တခြားမြို့ကပိုများတယ်ဗျ
သူတို့​တွေသာ ငွေကြိုလွှဲရမယ်ဆိုတာနဲ့
မဝယ်တော့ဘူးဆိုပြီး လှည့်ပြန်သွားရင်
သိပ်ရောင်းရမှာမဟုတ်ဘူး ဒီချိန်
ပစ္စည်းတစ်ဝက်ကျော်လောက်ကျန်နေမှာ
ခုဆိုPostတင်ပြီး တစ်ပတ်တွင်း
ပစ္စည်းအကုန်နီးပါး ရောင်းကုန်သွားပါပြီ

ငွေကြိုလွှဲပေးပြီးအားပေးတဲ့ တခြားမြို့က
Customerတွေရော အိမ်အရောက်ငွေချေနဲ့
အားပေးတဲ့ MDYက Customerတွေရော
တစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်ဗျ

ကျွန်တော်တင်ထားတဲ့ ပစ္စည်းတိုင်း
တစ်ယောက်မှ မရလိုက်ဖူးဆိုတာမရှိပါဘူး
Instockမရှိတဲ့ ပစ္စည်းလုံးဝတင်မထားသလို
လျော့ရောင်းတဲ့ပစ္စည်းတွေကိုလည်း
လက်ကျန်ရေးထားပါတယ်
(ဥပမာ 22.5W QC Powerbank ကဒ်နဲ့
Double 18W QC ကာဗာပါတာလေးတွေက
နယ်ကလူတွေပဲငွေကြိုလွှဲအားပေးသွားတာပါ)

ဒါတွေပြောပြရတာကလည်း တချို့က
ပစ္စည်းတကယ်ကုန်သွားလို့ ကုန်ပြီပြောတာကို
အစကတည်းရောင်းစရာ Instockမရှိပဲ
မဖြစ်နိုင်တဲ့စျေးနဲ့လူစိတ်ဝင်စားအောင်တင်ပြီး
လာမေးတော့မှကုန်ပြီပြောတာလို့ထင်နေကြလို့

ဦးသူယူပဲမလို့ ငွေကြိုလွှဲထားပြီးသားလူကိုပဲ
ဦးစားပေးရောင်းပါတယ် ချန်မထားပေးပါဘူး
အရင်က ချန်ထားပေးပါလာယူမှာပါဆိုလို့
ငွေကြိုလွှဲမထားတာတောင်တစ်ပတ်လောက်
စောင့်ပေးခဲ့ဖူးတယ် ကြားထဲမှာတခြားသူ
လာဝယ်ရင်တောင် ကုန်ပြီပြောလိုက်တာ
နောက်ကျသူလဲမယူဖြစ်တော့ တကယ်ယူမဲ့သူက
နစ်နာတာပေါ့ဗျာ

ငွေကြိုလွှဲပေးပြီးအားပေးကြတဲ့
Screenshots လေးတွေ 👇
https://m.facebook.com/story.php/?id=100064070618090&story_fbid=797379279074419

21/02/2024

ZB2L3 mAh Tester​လေးပါ
ဘက်ထရီအကျ​တွေ၀ယ်ပြီး
DIYလုပ်​နေသူဆိုရင်​
ဆောင်ထားသင့်တဲ့​ကောင်​လေး

ခုမှစသုံးမဲ့သူ​တွေတွက်
Error ၄မျိုးကို
ရှင်းပြထားပါတယ်
​စျေး​က​တော့ 5000Ks ပါ

15/02/2024

Bluetooth Speaker ကဒ်လေးပါ
5W Speaker နှစ်လုံးတပ်လို့ရပါတယ်
5Vနဲ့ပဲပါဝါပေးပြီးတိုက်ရိုက်သုံးလို့ရသလို
3.7V ဘက်ထရီတပ်သုံးလဲရပါတယ်
ဘက်ထရီတပ်သုံးမယ်ဆိုရင်တော့
1S BMS (သို့မဟုတ်) Li-ion charger ကဒ်
တစ်ခုခုခံပြီး အားသွင်းရပါမယ်
BMS ခံသုံးမယ်ဆိုရင်သူ့မှာပါတဲ့ 5Vကနေပဲ
ဘက်ထရီပါအားသွင်းလို့ရတာမလို့
Chargerကဒ်ထပ်ဝယ်စရာမလိုပါ
ဘက်ထရီနဲ့ကဒ်ကြားမှာတော့ခလုတ်လေး
ထပ်တပ်ရပါမယ်
စျေးလေးကတော့3500Ks ပါ
Instock 5ခုထဲရှိတာမလို့အတတ်နိုင်ဆုံး
လျော့ရောင်းပေးထားပါတယ်
တစ်ယောက်တစ်ကဒ်နှုန်းသာ

လက်တလောInstockရတဲ့ ပစ္စည်းလေးတွေပါခုတင်ထားတာတွေကရှိသမျအကုန်ပါပဲဗျကိုယ်လိုချင်တဲ့ပစ္စည်းတင်ထားတာမတွေ့ရင်ကျွန်တော့ဆီမှာမရှ...
22/01/2024

လက်တလောInstockရတဲ့ ပစ္စည်းလေးတွေပါ
ခုတင်ထားတာတွေကရှိသမျအကုန်ပါပဲဗျ
ကိုယ်လိုချင်တဲ့ပစ္စည်းတင်ထားတာမတွေ့ရင်
ကျွန်တော့ဆီမှာမရှိလို့ပါပဲ
ပစ္စည်းကြောင်းအသေးစိတ်ကို
ပုံတစ်ပုံချင်းစီအောက်ရေးပေးထားပါတယ်

မန်းလေးမြို့တွင်းအိမ်ရောက်ငွေချေရ
ပို့ခလေးတွေကတော့
အောင်မြေသာစံ1လမ်းမှ
ချမ်းအေးသာစံ35လမ်းထိ 1500Ks

မဟာအောင်မြေ 35လမ်းကနေ
စက်မှု140 လမ်း ထိ ပို့ခ 2000Ks ပါ

ကိုယ်တိုင်လာဝယ်ချင်တဲ့သူတွက်
2A လမ်း 65A/65B ကြား
ရွှေကျင်ကွေ့ Denkoဆီဆိုင်နားလာယူလဲရ
09-940910101 ကို
ပစ္စည်းရှိမရှိ ဖုန်းကြိုဆက်ပြီးမှလာခဲ့ပေးပါဗျ

တခြားမြို့ကဆို ငွေကြိုလွှဲပြီးမှ
Deli အပ်ပေးပါတယ်

22/01/2024

65W PD Charger ကဒ်လေးထပ်ရပါမယ်
အရင်ကတင်ထားတဲ့Videoထဲမှာ
ဖုန်းအားသွင်းတာ မပြလိုက်မိလို့
Video ထပ်လုပ်လိုက်တာပါ
တစ်လက်စတည်း 24W USB QC လေးပါ
တစ်ခါတည်းစမ်းပြလိုက်ပါတယ် 24W အတွက်
1 မိနစ် 30 စက္ကန့်ကို ကျော်ကြည့်ပါ

65W တွက်ကတော့အစကနေ
1မိနစ်30စက္ကန့်ထိကြည့်ရင်ရပါပြီ
1မိနစ်ခွဲလောက်နဲ့မလုံလောက်ရင်
အရင်က 65W တွက်သီးသန့်ပြောထားတဲ့
Video လေးသွားကြည့်လို့ရပါတယ်ဗျ

65W အသေးစိတ်Video Link👇👇👇👇👇👇

https://www.facebook.com/100076503454095/posts/384421620784617/?app=fbl

21/01/2024

ကလိတာဝါသနာပါတဲ့သူတိုင်း
ဆောင်ထားသင့်တဲ့AC Tester လေးပါ
ရိုးရိုးTesterတွေလိုမျိုး ကြေးနန်းကို
ထိအောင်ထောက်မှACရှိမရှိသိရတာမျိုးမဟုတ်ပဲ
Wireကြိုးနဲ့ လက်တစ်လုံးအကွာကနေတောင်
Ac ရှိမရှိစမ်းလို့ရပါတယ်

Address

2A Street Bet 65A & 65 B St
Mandalay
05014

Telephone

+959980900014

Website

Alerts

Be the first to know and let us send you an email when K&B posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to K&B:

Videos

Share