Iaura May

Iaura May 🌈 Iaura Brand 🌈
💜 #မန္တ​လေးကိုယ်စားလှယ်
☎ 09-781064201 (or) Cb

☘ ဒီpost မြင်ပြီး အသဲပေးတဲ့လူတွေ ငွေတွေအထပ်လိုက်  ဝင်ပါစေ ❤❤❤
27/09/2023

☘ ဒီpost မြင်ပြီး အသဲပေးတဲ့လူတွေ ငွေတွေအထပ်လိုက် ဝင်ပါစေ ❤❤❤

စကားသည်_လူ့တန်ဖိုး?ပိုက်ဆံပေးဝယ်တာပဲ ဆိုပေမယ့်ခြေခြေငံငံပြောပါ...ကိုယ်ကြိုက်မှရောင်းမယ်ဆိုပေမယ့်ချိုချိုသာသာပြောပါ...ကို...
05/09/2023

စကားသည်_လူ့တန်ဖိုး?

ပိုက်ဆံပေးဝယ်တာပဲ ဆိုပေမယ့်
ခြေခြေငံငံပြောပါ...

ကိုယ်ကြိုက်မှရောင်းမယ်ဆိုပေမယ့်
ချိုချိုသာသာပြောပါ...

ကိုယ်ပြောမှ သိရမယ့်ကိစ္စဖြစ်နေလည်း
မှန်မှန်ကန်ကန်ပြောပါ...

ပြောမနာ ဆိုမနာတွေဖြစ်ပေမယ့်
ယဉ်ယဉ်ကျေးကျေးပြောပါ...

ကိုယ့်အပေါ်ကျေးဇူးရှိသူက
ကိုယ့်ထက်ငယ်နေလည်း
နှိမ့်နှိမ့်ချချပြောပါ...

ကိုယ့်ထက်ကြီးသူက
သွေးသားမတော်စပ်ပေမယ့်
ရိုရိုသေသေပြောပါ...

ကိုယ့်ကျေးဇူးခံ ကျေးဇူးစားဖြစ်ပေမယ့်
ကြင်ကြင်နာနာပြောပါ...

သူ့ဘက် ကိုယ့်ဘက် အမှန်အမှား
ငြင်းခုံနေပေမယ့်
ချင့်ချင့်ချိန်ချိန်ပြောပါ...

ကိုယ့်ဘက်က မှန်နေတယ်ဆိုပေမယ့်
တွေးတွေးဆဆပြောပါ...

ပြောစရာစကားတွေသိပ်များနေပေမယ့်
နည်းနည်းပါးပါးပဲပြောပါ...

လူပုံအလယ် အများနဲ့
တစ်ယောက်ဖြစ်နေလည်း
ရဲရဲဝံ့ဝံ့ပြောပါ....

ကိုယ့်စိတ်နဲ့မတိုက်ဆိုင်လို့
ဒေါသဖြစ်နေပေမယ့်
တည်တည်ငြိမ်ငြိမ်ပြောပါ...

လူတွေက သင်ပြောတဲ့စကားရဲ့
တန်ဖိုးကိုကြည့်ပြီး
သင့်တန်ဖိုးကို သတ်မှတ်သွားမှာပါ..

✅✅✅
03/09/2023

✅✅✅

အရေးကြီးတာက ရပ်ပြီး မနေဖို့ပဲ။
31/08/2023

အရေးကြီးတာက ရပ်ပြီး မနေဖို့ပဲ။

 #သင်လိုချင်တဲ့အရာတစ်ခုကိုသာ_ရဖို့_အာရုံစိုက်လိုက်ပါ။
25/08/2023

#သင်လိုချင်တဲ့အရာတစ်ခုကိုသာ_ရဖို့_အာရုံစိုက်လိုက်ပါ။

ကျော်မဖတ်ပါနဲ့ဆရာကြီးရဲ့စာတပုဒ်ပါ လမ်းပျောက်နေပါတယ် လမ်းပြပေးပါဆိုသူတွေစီးပွါးဖြစ်ချင်ပါတယ်။အောင်မြင်ချင်ပါတယ်ဆိုတဲ့လူကြ...
24/08/2023

ကျော်မဖတ်ပါနဲ့
ဆရာကြီးရဲ့စာတပုဒ်ပါ
လမ်းပျောက်နေပါတယ်
လမ်းပြပေးပါဆိုသူတွေ
စီးပွါးဖြစ်ချင်ပါတယ်။

အောင်မြင်ချင်ပါတယ်ဆိုတဲ့
လူကြီးလူငယ်တွေ စာကို တလုံးခြင်း
တစ်ပိုက်ခြင်း အစမှ အဆုံး
သေချာဖတ်စေချင်ပါတယ်။

အနည်းဆုံး ၄/၅ ခေါက်ဖတ်ပါ
မှတ်ပါ ကိုဘာမှားတာ ဘာလိုနေလည်း စဉ်းစားပြီး လည်းပြင်ပါ
ဒီစာတပုဒ်နဲ့ သင့်အတွက်ကိစ္စပြီးနိုင်ပါတယ်။

လူငယ်တစ်ဦး ဖြစ်နေလျက်နဲ့
အယူသီး လွန်းနေရင်
အတွေးအခေါ် နည်းရာ ရောက်တယ်။

လူငယ်တစ်ဦး ဖြစ်နေလျက်နဲ့
အတ္တတွေ ကြီး လွန်းနေရင်
အသိဉာဏ်နည်းရာ ရောက်တယ်။

လူငယ် တစ်ဦး ဖြစ်နေလျက်နဲ့
အာဃာတတွေ များလွန်းနေရင်
သဘောထား မပြည့်ရာ ရောက်တယ်။

လူငယ်တစ်ဦး ဖြစ်နေလျက်နဲ့
ငါ့ကျမှ ကံဆိုးလေခြင်း ဆိုပြီး
တညည်းညည်း တညူညူ အတွေးတွေနဲ့
လက်လျှော့ အရှုံးပေးနေရင်
စိတ်ဓါတ် ပျော့ညံ့ရာ ရောက်တယ်။

လူငယ်တစ်ဦး ဖြစ်နေလျက်နဲ့
ဖြစ်သမျှ အကြောင်း အကောင်းပေါ့လေ ဆိုပြီး
ကံကြမ္မာရဲ့ အမိန့်အောက်မှာ ဒူးထောက်ပေးနေခဲ့ရင်
ကိုယ့် ဇွဲ လုံ့လကို မယုံကြည်ရာ ရောက်တယ်။

ပုစွန်လုံးမှာ ဦးခေါင်း မပါဘူး။
သို့ပေမယ့်..ချမ်းချမ်းသာသာ နေဖို့အတွက်
ကိုယ့်တွင်းကိုယ် တူးတတ်တယ်။

ဦးခေါင်း ပါတဲ့ လူ က
နေရာတကာ ဟိုလူ့ မှီခို..ဒီလူ့ မှီခို လိုက်လုပ်နေရင်
ပုစွန်လုံးကို အားနာဖို့ ကောင်းတယ်။

ဘဝ ဆုတ်ယုတ်နေတဲ့
လူငယ်တွေကို အကဲခတ်ကြည့်။
ရှေ့မဆက်နိုင်ဘဲ စိတ်ပျက်နေသူတွေရှိတယ်။

အဆိုး လောကဓံ နှိပ်စက်ခံရလို့
လက်လျှော့ အရှုံးပေး နေသူတွေ ရှိတယ်။
တစ်ခါရှုံးရုံ နဲ့ လုံးဝ ရှုံးသွားပြီလို့ သတ်မှတ်လိုက်ရင်
တိုးတက်ဖို့ အခွင့်ဆိုတာ ပျောက်ကွယ် သွားမှာပေါ့။

အတောင်ပံ မခတ်တဲ့ ပိုးစုံးကြူးမှာ
အရောင် ထွက်ဖို့ ခက်တယ်။
ရည်မှန်းချက် နဲ့ ကြိုးစားမှု မရှိတဲ့ လူငယ်မှာလည်း
တိုးတက်လာဖို့ ခက်မှာပါပဲ။

လူငယ် တစ်ယောက် ရဲ့ အနှစ် အမြူတေဆိုတာ
မျှော်လင့်ချက်နဲ့ အိပ်မက်ပါ။
ဘဝမှာ မော့ကြည့်ရတဲ့ အိပ်မက်မျိုးတော့
လူငယ်မှန်သမျှ မက်သင့်ကြတာပေ့ါ။

ထူးချွန်ထက်မြတ်တဲ့ လူငယ်ဆိုတာ
ကိုယ့်ဘဝကိုလည်း မြှင့်တင်နိုင်သလို
သူတစ်ပါးတို့ရဲ့ ဘဝကိုလည်း
မြှင့်တင် ပေးနိုင်စွမ်း ရှိတယ်။

စာနာစိတ် ရှိတဲ့ လူငယ်ဆိုတာ
တစ်ကိုယ်ကောင်းဆန်စိတ် နည်းပါးသလို
တစ်ပါးသူတို့ရဲ့ စိတ်ပင်ပန်းမှုတွေကိုလည်း
မျှဝေခံစား ပေးနိုင်တတ်ကြတယ်။

အသားဖြူခြင်း ..မဖြူခြင်း
ရုပ်ရည်လှခြင်း..မလှခြင်းတွေက
လူငယ်တစ်ယောက်ရဲ့ တန်ဖိုး မဟုတ်ဘူး။
ဘယ်လောက် အစွမ်းအစ ရှိ.. မရှိ
ဘာတွေ လုပ်နိုင်.. မလုပ်နိုင် ဆိုတာကမှ
လူငယ်တစ်ယောက်ရဲ့ တန်ဖိုးပါ။

#ဆရာအောင်သင်း

ဆင်းရဲခြင်း၏ အကြောင်းရင်းအမှန်  ( ပုံပြင် )တကယ်ကောင်းလို့ ဖတ်ကြည့်စေချင်ပါတယ်ဗျာ..."တစ်ချို့လူတွေကတော့ ဆင်းရဲမြဲဆင်းရဲ.....
21/08/2023

ဆင်းရဲခြင်း၏ အကြောင်းရင်းအမှန်
( ပုံပြင် )
တကယ်ကောင်းလို့ ဖတ်ကြည့်စေချင်ပါတယ်ဗျာ...

"တစ်ချို့လူတွေကတော့ ဆင်းရဲမြဲဆင်းရဲ..
အချို့သူတွေကချမ်းသာမြဲချမ်းသာ
ရခြင်းအကြောင်း ""

ဟိုး တစ်ချိန်က အရမ်းကို ဆင်းရဲတဲ့လူတစ်ယောက်ရှိတယ်
သူ့ကို အရမ်းချမ်းသာတဲ့လူတစ်ယောက်ကတွေ့တော့ သနားပြီး သူ့ကို ကြီးပွားလာအောင် ကူညီချင်စိတ်တွေပေါ်လာတယ်

သူဌေးက သူ့ကို နွားတစ်ကောင်လက်ဆောင်ပေးခဲ့တယ် သူ့ကို လယ်ယာထွန်ယက်ဖို့ သေချာမှာခဲ့တယ်
အခုချိန်မျိုးစေ့ ကြဲထားပြီး ကောင်းကောင်းထွန်ယက်ရင် ဒီနှစ်ကုန်ရင် ဆင်းရဲတယ် ဆိုတဲ့စကားလုံးနဲ့ ဝေးဝေးခွာနိုင်တော့မှာပါလို့ ပြောခဲ့တယ်

ဒီသူဆင်းရဲလေးကတော့ အစပိုင်းမှာ မျှော်လင့်ချက်အပြည့်နဲ့ တက်တက်ကြွကြွလုပ်ရှာတယ်
ဒါပေမဲ့ ဘယ်လောက်မှ မကြာလိုက်ဘူး နွားက မြက်စားတယ် လူက ထမင်းစားတယ်
ဖြတ်သန်းရတဲ့ဘ၀က အရင်ကထက်တောင်ခက်ခဲနေသေးတယ်

သူဆင်းရဲလေးက ပြန်စဉ်းစားတယ်နွားကို ရောင်းလိုက်ပြီး ဆိတ်တချို့၀ယ်လိုက်ရင်ကောင်းမယ်
တစ်ကောင်ကို အရင်သတ်စားလိုက်ပြီး ကျန်တာတွေကို ဆက်မွေးထားလိုက်မယ် ဆိတ်ကလေးတွေမွေးလာလို့ ကြီးလာရင် ပြန်ရောင်းစားလို့ရတယ် ဒါလဲ တော်တော်လေး အမြတ်ရနိုင်တယ်

သူဆင်းရဲလေးရဲ့ အစီအစဉ်ကလဲ အထမြောက်လိုက်ပါတယ် ဆိတ်တစ်ကောင်ဘဲ သတ်စားလိုက်တယ်
နောက်ပိုင်းမှာ ဆိတ်ကလဲ တော်တော်နဲ့ ကလေးမမွေးနိုင်တာနဲ့ မအောင့်နိုင်ဘဲ ဆိတ်နောက်တစ်ကောင်သတ်စားလိုက်တယ်

သူပြန်စဉ်းစားတယ် ဒီတိုင်းဆို မဖြစ်တော့ဘူး ဆိတ်ကိုလဲ ရောင်းပစ်လိုက်ပြီး ကြက်၀ယ်လိုက်ရင်ကောင်းမယ် ကြက် က ဥဥတာပိုမြန်တယ် ကြက်ဥကနေ ၀ငျငှေ ချက်ချင်းရနိုင်တယ် ဒါဆိုရင် ငါလဲ နည်းနည်းချောင်သွားလိမ့်မယ်

သူစီစဉ်းထားတဲ့ အတိုင်း အထမြောက်သွားပြန်တယ် ဒါပေမဲ့ သူ့ရဲ့ ဘ၀ကပြောင်းလဲမှုမရှိဘူး ခက်ခဲလာပြန်ပြီ နောက်ဆုံးတော့လဲ မနေနိုင်ဘဲ တစ်ကောင် သတ်မိပြန်တယ် ဒီလိုနဲ့နောက်ဆုံး ကြက်တစ်ကောင်ဘဲ ကျန်တဲ့အချိန်မှာ သူတော်တော်လေး စိတ်ဓာတ်ကျသွားတယ်

သူ ပြန်စဉ်းစားတယ် ကြီးပွားဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး ကြက်ကို ရောင်းပြီး အရက်၀ယ်သောက်တာဘဲ ကောင်းပါတယ် ဗိုက်ထဲ အရက်၀င်သွားရင် အတွေးထဲကို အနောက်အယှက် မ၀င်တော့ပါဘူးလေ

နှစ်ကုန်လို့ သူ့ကိုကူညီခဲ့တဲ့ သူဌေး သူ့ဆီကို ပြန်ရောက်လာတယ်
ပြန်တွေ့လိုက်တာကတော့ အရက်လေးတမြည်းမြည်းနဲ့ မူးနေတဲ့ သူကိုတွေ့လိုက်တယ်
နွားကလဲ မရှိတာကြာရော်ပေါ့ အိမ်ကလဲ စုတ်ပြတ်မြဲ စုတ်ပြတ်နေတယ်

သူဌေးက သူ့ရှေ့မှာ ရှိတဲ့ မြင်ကွင်းကိုတွေ့တော့ သက်ပြင်းချလိုက်ပြီး ဘာမှပြန်မပြောဘဲ လှည့်ထွက်သွားလိုက်တယ်
သူဆင်းရဲလေးကတော့ ဆင်းရဲမြဲ ဆင်းရဲနေတယ်

ဆင်းရဲတဲ့လူ အများစုမှာလဲ အိပ်မက်ဆိုတာ ရှိခဲ့တယ် အခွင့်အရေးဆိုတာလဲ ကြုံခဲ့တယ် ကြိုးလဲ ကြိုးစားခဲ့တယ် ဒါပေမဲ့ တစိုက်မက်မက်လုပ်ဖို့ဆိုတာ ခက်ခဲလာတယ်

စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ယောက်သူအောင်မြင်တဲ့လျှို့ဝှက်ချက်ကို ပြောခဲ့ဖူးတယ်
ပိုက်ဆံ မရှိတဲ့အချိန် ဘယ်လောက်ထိဘဲ ခက်ခဲနေပါစေ ရင်းနှီးထားတဲ့ငွေနဲ့ စုထားတဲ့ငွေကို မထိမိပါစေနဲ့ ဖိအားက မင်းကို ငွေရှာဖို့ နည်းလမ်းသစ်တွေပေးနိုင်တယ် အကြွေးရှင်းဖို့ တွန်းအားပေးနိုင်တယ် ဒါဟာ ကောင်းတဲ့ အကျင့်လေးတစ်ခုပါတဲ့

စရိုက်က အကျင့်တစ်ခုဖြစ်စေတယ်
အဲဒီအကျင့်က အောင်မြင်မှုကို ဆုံးဖြတ်ပေးတယ်

အောင်မြင်တဲ့သူနဲ့ ကျရှုံးတဲ့သူရဲ့ အဓိက ကွားခြားတဲ့နေရာကတော့
အောင်မြင်တဲ့သူမှာ ပန်းတိုင်ကို သတ်မှတ်ထားပြီးရင် ရဲရဲချီတက်တယ် အခက်အခဲတွေ့ရင် နည်းလမ်းကို ပြောင်းပြီး ထပ်ကြိုးစားတယ်

ရှုံးနိမ့်တဲ့သူကတော့ ပန်းတိုင်ကို သတ်မှတ်ပြီးရင် အခက်အခဲတွေ့တာနဲ့ ပန်းတိုင်ကို ပြောင်းပစ်တယ် လမ်းကြောင်းကိုပြောင်းပစ်တယ် အစီအစဉ်က ပြောင်းလဲမှုတွေကို ဘယ်လိုမှ လိုက်မမှီဘူးပေါ့ ဒါဟာ ဆင်းရဲခြင်း၏အကြောင်းရင်း အမှန်တွေပဲ ဖြစ်တယ်။



''မိတ်ဆွေ''

သင့်အတွက် စိတ်ခွန်အား၊
အားဆေးတစ်ခွက် ဖြစ်ခဲလျှင်
ပြန်လည်၊ ဝေမျှပေးပါ။

"ငွေဝင် လာဘ်ဖွင့်ဂါထာတော်"မြင်ရင် တစ်ခေါက်လောက်ရွတ်ဖတ်ကြည့်ပြီး ရှယ်သွားပါ။အကျိုးထူးလာပါလိမ့်မည်။
27/07/2023

"ငွေဝင် လာဘ်ဖွင့်ဂါထာတော်"

မြင်ရင် တစ်ခေါက်လောက်ရွတ်ဖတ်ကြည့်ပြီး ရှယ်သွားပါ။
အကျိုးထူးလာပါလိမ့်မည်။

 #မိဘမိဘကိုလုပ်ကျွေးတဲ့သူက ရှာဖွေရ ပိုလွယ်တယ်။မိဘကိုဖြည့်ဆည်းပေးတတ်တဲ့သူကပိုပြည့်စုံလာတယ်။မိဘကိုပြန်ကြည့်တတ်တဲ့သူက ပိုအဆ...
25/07/2023

#မိဘ

မိဘကိုလုပ်ကျွေးတဲ့သူက
ရှာဖွေရ ပိုလွယ်တယ်။

မိဘကိုဖြည့်ဆည်းပေးတတ်တဲ့သူက
ပိုပြည့်စုံလာတယ်။

မိဘကိုပြန်ကြည့်တတ်တဲ့သူက
ပိုအဆင်ပြေလာတယ်။

မိဘစကားနားထောင်တဲ့သူက
ပိုစိတ်ချမ်းသာရတယ်။

ဒါကြောင့်ရှိနေတုန်းမှာ သိတတ်ပါ အသက်ကြီးမှ ပြန်ကြည့်မယ်လို့မတွေးပါနဲ့
ကိုယ်ပြန်ကြည့်နိုင်တဲ့အချိန်
သူတို့ရှိချင်မှရှိတော့လိမ့်မယ်။

မချမ်းသာလို့ မပြည့်စုံသေးလို့ဆိုတဲ့
ဆင်ခြေတွေအစားကိုယ်တတ်နိုင်သလောက် အဖေအမေကြိုက်တတ်တဲ့ မုန့်ကလေးတထုတ် နွေးထည်လေးတထည် ဖိနပ်လေးတရံနဲ့တင် သူ့တို့ကို စိတ်ချမ်းသာစေတယ် ပြည့်စုံစေတယ်။

စကားတခွန်းရှိတယ်။
မိဘအတွက်ကုန်သွားတဲ့ငွေက
အမြဲဆယ်ဆပြန်လာတယ်
ကိုယ့်ဆီက နဲနဲရပီး များများ
ပြန်ပေးချင်သူကမိဘတွေအပြင်မရှိပါဘူး

လက်ရှိ အောင်မြင်နေတဲ့သူတွေကို
ကြည့်ရင် မိဘကို သိတတ်သူတွေ
ချမ်းသာနေတဲ့သူတွေကိုကြည့်လိုက်ရင်
မိဘကိုဘယ်တုန်းကမှမငြိုငြင်တတ်သူတွေ

မယုံမရှိနဲ့ ... သူတို့ကြောင့်
မိဘအဆင်ပြေတာမဟုတ်ပဲ
မိဘကြောင့် သူတို့အဆင်ပြေနေတာကို သူတို့ယုံကြည်တာ။

Address

69st 41*42Between
Mandalay

Telephone

+959781064201

Website

Alerts

Be the first to know and let us send you an email when Iaura May posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Iaura May:

Share

Nearby media companies