Freedom from Fear

Freedom from Fear tripleM

07/11/2023
07/11/2023
06/11/2023
2023.11.5. |||The Way|||လင်းလင်း ကိုယ်တိုင်ဖုန်းဖြင့်ရိုက်ထားသောနိုင်ငံတစ်ကာ ဆုရ The Way ရုပ်ရှင်တောင်ကိုရီးယားနိုင်တွင်...
05/11/2023

2023.11.5. |||The Way|||
လင်းလင်း ကိုယ်တိုင်ဖုန်းဖြင့်ရိုက်ထားသော
နိုင်ငံတစ်ကာ ဆုရ The Way ရုပ်ရှင်
တောင်ကိုရီးယားနိုင်တွင် ယနေ့ပြသ
ရုပ်ရှင်ရုံအပြည့် လာရောက်ကြည့်ရှူခဲ့ကြပီး
ရုံမဆံ့သောကြောင့် နှစ်ကြိမ် ခွဲပြသခဲ့ရသည်။
လင်းလင်းနှင့်ချစ်သုဝေ လက်မှတ်ပါ ဂစ်တာအား
လေလံဆွဲ ခဲ့ရာ ကိုရီးယားငွေ ဝမ် သိန်းငါးဆယ်
ယခုလက်ရှိငွေဈေးဖြင့်
မြန်မာကျပ်ငွေ သိန်းတစ်ရာတစ်ဆယ်ကျော်ခန့် ဖြင့်
လေလံအောင်မြင်သွား‌ပါသည်။
ယခုပြသသော ရုပ်ရှင်မှာ တောင်ကိုရီးယားနိုင်ငံ
အထက်ပိုင်း ဘူဖြောင်းတွင်ဖြစ်ပီး
နောက်ထက် ကိုရီးယားနိုင်ငံအောက်ပိုင်းတွင်လဲ
ဆက်လက်ပြသသွားမည်ဖြစ်ပါသည်။
#ကိုယ်တိုင်ရွေးခဲ့တဲ့လမ်း

31/10/2023

ငါတို့အလှည့်လာပြီ

ကြွေးကြော်သက်သက်မဟုတ်၊အသိပေးခြင်းဖြစ်သည်

ဇာတ်ရှိန်မြှင့်ပြီး ဇာတ်ထွတ်ရောက်၊
ရင်ပြင်ဩခက်စထရာ (Orchestra )ပီပီ
နှစ်ယောက်စ သုံးယောက်စ၊
စတီးခတ်တော့
အရပ်ရှစ်မျက်နှာကတူရိယာကိုယ်စီနဲ့
တဖွဲဖွဲရောက်ချလာတာ
ပရိသတ်ကိုယ်တိုင်ပါဝင်နိုင်ပါတယ်

Orchestra ကြီးကိုပြည်သူလူထုကသာအားပေးပါ
ဒါအရေးတကြီးအလုပ်ပါ
အဝေးရောက်တွေကအစ
ရောက်ရာအရပ်က ရရာနည်းနဲ့
သောင်းသောင်းဖြဖြကြိုဆိုအားပေးပါ

နွေဦးအတွက် ဒီလက်ခုပ်သံများက
ကမ္ဘာကြီးကိုငြင်းမရအောင် သက်သေထူ
အာရုံစိုက်အဆုံးအဖြတ်ပေးမှာပါ

ပါဝင်တီးခတ်သူတိုင်းကိုမခွဲမခြား
တခဲနက်အားပေးပါ
သံစုံတီးဝိုင်းတစုံလုံးကိုအားပေးပါ

ခြံစည်းရိုးအထုပ်ပိုက်ချောင်းနေသူတွေလည်း
အနာဂတ်ပြည်ဝင်ခွင့်လက်မှတ်ဝယ်ပါ
နိုင်ငံသစ်မှာ ဘာမှအလကားမရ
ထိုက်တန်ရာပေး ဝင်ပါ

ဒီရက်ထဲပဲနောက်ထပ်
အားဖြစ်တွေ့ကြဦးမှာပါ
မှန်စွာ အောင်စိတ် တက်ပါစေ

ညှပ်ပူးညှပ်ပိတ်အကွက်တွေထဲက
ခြေကားယားလက်ကားယားလုပ်လာရင်

အာရုံမလွဲ
အချိန်မဆွဲ
စိတ်ဝမ်းမကွဲတမ်းပဲ

ပြည်သူ့အလံက ရဲရင့်ညီ
တလှိုင်းပြီးတလှိုင်း လာမည်

"မပြီးသေးဘူး ငါတို့အလှည့်လာပြီ"

#မင်းကိုနိုင်
၃၁/၁၀/၂၃

21/07/2023
21/07/2023
21/07/2023

■ ပြည်တွင်း၊ ပြည်ပက ပရိသတ်များအားလုံး အခမဲ့ ကြည့်ရှုနိုင်ပါပြီ။

#မပြီးသေးဘူးငါတို့အလှည့်ကျန်သေးတယ် 🔥

01/05/2023

🙏

" အညာမြေမှ၉/များ '' Project ဟာ

လက်ရှိအညာဒေသမှာရောက်နေတဲ့ကျွန်တော်တို့မန်းခရိုင်တပ်ရင်း(၆)တပ်ခွဲ(၂)အတွက်Projectတစ်ခုဖြစ်ပါတယ်။

ကျွန်တော်တို့ရွာစခန်းတစ်ခုကိုစစ်‌ကြောင်းထိုးမီးရှို့ခံရချိန်မှာတပ်ရင်းအနေနဲ့ဆုံးရှုံးမှူ့သိန်းရာချီရှိခဲ့ပါတယ်။ပြည်သူတွေကကျွန်တော်တို့ကိုယုံယုံကြည်ကြည်နဲ့လှူဒါန်းထားတဲ့ပစ္စည်းတွေကိုထပ်ပြီးအဆုံးရှုံးမခံနိုင်ပါဘူး။ဒါကြောင်းဈေးများတဲ့ပစ္စည်းတွေအရေးပေါ်ရွှေ့ပြောင်းရလွယ်ကူစေရန် တောစီး Withoutကားတစ်စီးလိုအပ်နေပါတယ်။ဒါ့အပြင်လက်နက်တွေလဲထုတ်လုပ်နေတာကြောင့်တွင်ခုံတစ်ခုံလဲလိုအပ်နေပါတယ်။

Project name ကို " အညာမြေမှ၉/များ " လို့ပေးရတဲ့ရည်ရွှယ်ချက်နှစ်ခုရှိပါတယ်။တစ်ခုကကျွန်တော်တို့၉/တွေနေရာအနှံအများမှာဆန္ဒပြတဲ့အချိန်ကနေစလို့အခုလိုလက်နက်ကိုင်တိုက်ပွဲ၀င်တဲ့အထိ၉/တွေပါ၀င်နေသေးတယ်ဆိုတဲ့အကြောင်းအမှတ်ရစေချင်လို့ပါ။နောက်တစ်ခုကမန်းလေးသူ/သားတွေလဲတစ်ခြားပြည်နယ်/တိုင်းတွေနည်းတူသွေးမအေးကြောင်းပြသပေးစေလိုလို့ဖြစ်ပါတယ်။

Project ကာလကို1.5.2023မှာစတင်မှာဖြစ်ပြီး
30.6.2023မှာပိတ်သိမ်းသွားမှာပါ။
Terget Amount ကိုတော့ကားတစ်စီးနဲ့တွင်ခုံတစ်ခုံစာ သိန်း250ဖိုးတိတိခန့်မှန်းထားပါတယ်။
မဲတစ်စောင်10000/ကျပ်(တစ်သောင်းကျပ်)နဲ့
အစောင်(2500)တိတိရောင်းချသွားမှာဖြစ်ပါတယ်။

ဆုမဲအနေနဲ့ကတော့
ပထမဆု 600000/ကျပ် x 1ဆု
ဒုတိယဆု 400000/ကျပ် x 1ဆု
တတိယဆု 300000/ကျပ် x 1ဆု နှင့်
နှစ်သိမ့်ဆု 20000/ကျပ် x10ဆု
15သိန်းကျပ်တိတ်ကိုဆုအဖြစ်ပြန်လည်
မဲဖောက်ပြီးပေးသွားမှာပါ။

Project အောင်မြင်စွာပြီးဆုံးဖို့အကုန်ဝိုင်းကူပေးကြပါအုန်းဗျ။

မဲလက်မှတ်များကိုAdm Yarzuu / Zo Yar နှင့်
Trayli Karli Attacking & Production Page Messenger မှာလာရောက်ဝယ်ယူနိုင်ပါတယ်။

မဲမ၀ယ်နိုင်သူများလဲLike&Shareလုပ် Comment လေးတွေရေးပြီး Reached တတ်အောင်ကူညီပေးကြပါဗျ။

#တပ်ရင်း၆တပ်ခွဲ၂

15/04/2023
12/04/2023
12/04/2023
26/02/2023

အခက်အခဲမျိုးစုံကြားကနေ ၂၀၂၁ နွေဦးတော်လှန်ရေးအတွက် NwayOo YinKwin app လေး မွေးဖွားလို့ လာပါပြီ...
ဒီ app အတွက် အချိန်တွေအများကြီး ပေးခဲ့ရသလို၊ ကုန်ကျစရိတ်များစွာနဲ့ ဂူ့ဂဲလ်ဆီမှလည်း reject ပေါင်းများစွာ ရင်ဆိုင်လာခဲ့ရပါတယ်။ အကြိမ်ကြိမ်လဲကျခဲ့ရပေမဲ့ တလရအတွက် မဆုတ်မနစ်သော ကြိုးစားအားထုတ်မှုကြောင့် ပေါက်ဖွားလာခဲ့ရခြင်း ဖြစ်ပါသည်။ ဒါ့ကြောင့် နွေဦးတော်လှန်ရေးအတွက် ကျရာတာဝန်အသီးသီးက ဆက်လက်တော်လှန်နေကြသော နွေဦး‌မောင်နှမ ရဲဘော်များအားလုံး ဝိုင်းဝန်းကူညီစောင့်ရှောက်ပေးကြမှသာလျင် တော်လှန်ရေးပန်းတိုင်ကို ဆက်လှမ်းနိုင်မှာဖြစ်ပါတယ်။

ကျွန်တော်/မတို့ နေ့စဉ်အသုံးပြုလျက်ရှိသော ဖေစ့်ဘုတ်၊မက်ဆင်ဂျာအစားထိုး၊ Yin Kwin app ကို အသုံးပြု၍ တလရအတွက် အထောက်အပံ့ဖြစ်စေရန် မျှော်လင့်ချက်ကြီးစွာနဲ့ ကြိုးစားဖန်တီးခဲ့ရခြင်း ဖြစ်ပါတယ်။ သို့ဖြစ်ပါသောကြောင့် အားလုံးရဲ့ support အားလည်း များစွာလိုအပ်လျက် ရှိပါသည်ခင်ဗျာ။ (အသုံးပြုနည်းအတွက် သီးသန့်ပိုစ့် တင်ပေး‌သွားပါမည်။)

နွေဦးရင်ခွင်ဆိုတဲ့အတိုင်း နွေဦးတော်လှန်ရေးမှာ ပါဝင်နေကြသော တဦးတယောက်ချင်းစီရဲ့ ခိုနားရာရင်ခွင်လေးတခု ဖြစ်လာပါစေလို့ မျှော်လင့်ရင်း...


#နွေဦးရင်ခွင်

မြန်မာလူငယ်တွေ မိမိအခွင့်အရေးကို သိပါ။ ချစ်သူများနေ့မှာ အချစ်၊ ကျန်းမာရေးနှင့်  လိင်မှုကိစ္စတွေမှာ ဘေးကင်းလုံခြုံပြီး မှ...
12/02/2023

မြန်မာလူငယ်တွေ မိမိအခွင့်အရေးကို သိပါ။
ချစ်သူများနေ့မှာ
အချစ်၊ ကျန်းမာရေးနှင့် လိင်မှုကိစ္စတွေမှာ
ဘေးကင်းလုံခြုံပြီး မှန်ကန်စိတ်ချရတဲ့
ရွေးချယ်မှုကို ပြုပါ။
ချစ်သူနှင့် အတူနေလိုသည့်
#ဆန္ဒမရှိပါကလည်းငြင်းဆိုလိုက်ပါ။

Young people in : Know your rights. On , make for , and *x. And if you don’t want to have s*x: Say No.

11/02/2023

မြစ်ခြေ မွေးမြူရေးတပ် ဝင်စီးခံရပြီး အရာရှိနှင့်စစ်သား ၁၀ ဦး သေဆုံးဖမ်းဆီးခံရသည့်အတွက် အင်အားအလုံးအရင်းဖြင့် စစ်ကူတပ်များ ရောက်ရှိ၊ သံချပ် ကာကားများဖြင့်ပါ ကင်းလှည့်နေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ရှိ မွေးမြူရေးတပ်ကို ဝင်စီးခံရပြီး အရာရှိနှင့်စစ်သား ၁၀ ဦး သေဆုံး ဖမ်းဆီးခံလိုက်ရသည့်အတွက် အင်အားအလုံးအရင်းဖြင့် စစ်ကူတပ်များ ရောက်ရှိလာနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက် ၆ နာရီခန့်အချိန် မြစ်ခြေအခြေစိုက် မွေးမြူရေး တပ်ကို ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရာ တိုက်ပွဲ ၂ နာရီခန့်ကြာမြင့်ခဲ့ကြောင်း၊ မွေးမြူရေးတပ် ဝင်ရောက်တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်တပ်က လေကြောင်းမှ မြစ်ခြေမြို့ကို ဗုံးကျဲ တိုက်ခိုက်နေသည့်အပြင် ပခုက္ကူ မြို့မှ စစ်အင်အားအများအပြားရောက်ရှိကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ အရာရှိ ၂ ဦး နှင့်စစ်သား ၅ ဦး စုစုပေါင်း ၇ ဦးသေဆုံးပြီး စစ်သား ၃ ဦးကို အရှင် ဖမ်းဆီးရမိကြောင်း၊ လက်နက် ၃ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိကြောင်း သိရှိရသည်။

"အခု မြစ်ခြေမြို့ပေါ်မှာ စစ်တပ် အင်အားထပ်မံဖြည့်တင်းနေပါတယ်။ စစ်ကားတွေ အများကြီးပဲ။ ရိက္ခာကားတွေလည်းပါတယ်။ မြစ်ခြေမြို့ပေါ်မှာလည်း ပတ်ကင်းတွေ သံချပ်ကာကားတွေရောပါတယ်။ တစ်မြို့လုံးမှာ စစ်သားတွေချည်းပဲ။ ဒေသမြို့နေပြည်သူများ ညပိုင်း ပစ်ခတ်မှုတွေ ဖြစ်လာမှာ စိုးရိမ်နေကြတယ်။ စစ်သားတွေကလည်း လူတွေကို ရန်သူတွေလို ကြည့်နေကြတာ" ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်တပ်က မြစ်ခြေမြို့ အဝင်အထွက်များကို တင်းကျပ်စွာ စစ်ဆေးနေပြီး မွေးမြူရေး တပ်ဝန်းကျင်တွင်လည်း လုံခြုံရေး အများအပြားချထားကြောင်း၊ မြစ်ခြေမြို့ ပတ်ဝန်းကျင်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးမည်ဆိုသော သတင်းများ ထွက်ပေါ်နေသဖြင့် ဒေသပြည်သူများ ပြောင်းရွှေ့ရန် ပြင်ဆင်နေကြကြောင်း သိရှိရသည်။

ဒေသပြည်သူတစ်ဦးကမူ စစ်တပ်က သူခိုးပြေးမှ ထိုးကွင်းထ ဆိုသကဲ့သို့ သူ၏ တပ်ရင်း တပ်ဖွဲ့များကို မကာကွယ်နိုင်ဘဲ တိုက်ခိုက်ခံရပြီးမှ အင်အားပြလေ့ရှိကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်များကို မနိုင်တော့သောအခါ ဒေသပြည်သူများကို ညှဉ်းပန်းနှိပ်စက်လေ့ရှိသဖြင့် မြို့နေပြည်သူများအတွက် စိုးရိမ်နေရကြောင်း ပြောသည်။

"မြို့ပေါ်မှာ ကိုယ့်ရှိတာလေးတွေ ထုပ်သိမ်းထားရတယ်။ စစ်တပ်က အတိုက်ခံလိုက်ရမှ အင်အားတွေပြနေတာ။ ဟိုက တိုက်တဲ့သူတွေတောင် နှစ်ရေးလောက် အိပ်နေမှ ရောက်လာကြ။ PDF တွေ မနိုင်တော့ ပြည်သူတွေကို လာဖြဲခြောက်နေတယ်။ သူခိုးပြေးမှ ထိုးကွင်းထနေကြတာ။ ပြီးရင် ပြည်သူကို နှိပ်စက်မယ်၊ အိမ်တွေဖျက်မယ်၊ မီးရှို့မယ်။ လုမယ် ယက်မယ် သတ်မယ် ဖြတ်မယ် ဒါတွေပဲ လုပ်မှာ စစ်ခွေးတွေက " ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။

ဓာတ်ပုံ- စစ်တပ် သံချပ်ကာ ကားတစ်စီးကိုတွေ့ရစဉ်။ (ပုံအဟောင်းဖြစ်သည်။)

Photo- Agnecy။

10/02/2023

မကွေးမြို့လယ်ခေါင် လူမြင်ကွင်းမှာ ရဲ ၁ ဦး နဲ့ ယာဥ်ထိန်းရဲ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

မကွေး၊ ဖေဖေါ်ဝါရီ ၁၀၊ ၂၀၂၃။

မကွေးမြို့၊ ပြည်တော်သာရပ်ကွက်၊ ကောင်းမွန်ကုန်တိုက်အနီးမှာ ဒီကနေ့ ညနေ ၄ နာရီခန့်က ယာဉ်ထိန်းရဲ ၁ ဦးနဲ့ ရဲ ၁ ဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြည်တော်သာလမ်းနဲ့ မေတ္တာလမ်းထောင့်မှာရှိ ကောင်းမွန်ကုန်တိုက်အနီးက Zan ကွမ်းယာဆိုင်မှာ ကွမ်းယာလာဝယ်တဲ့ စစ်အုပ်စုလက်အောက်ခံ ရဲ ၂ ဦးကို အမည်မသိသေနတ်သမားတွေက သေနတ်နဲ့ ပစ်ခတ်လို့ သေဆုံးသွားတာလို့ ဆိုပါတယ်။

"ကောင်းမွန်နားက Zan ကွမ်းယာဆိုင်မှာ ကွမ်းယာလာဝယ်တဲ့ ရဲ ၂ ယောက်ကိုပစ်သွားတာ ၂ ယောက်လုံး သေတယ်လို့ သိရတယ်။ အလောင်းတွေပါ ကားနဲ့ တင်သွားတာလို့လည်း ပြောကြတယ်။ ခုမကွေးတမြို့လုံးကို စစ်ကားတွေ ပတ်နေတာ၊ အပြင်သိပ်မထွက်ရဲကြဘူး၊ ရှုပ်ထွေးနေတာ" လို့ မကွေးမြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ပစ်ခတ်ခံရလို့ သေဆုံးသွားသူတွေဟာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေလို့ မြို့ခံတွေက ပြောဆိုပေမယ့် မြေလတ်အသံအနေနဲ့ သီးခြားအတည်ပြုနိုင်ဖို့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ပစ်ခတ်မှုနဲ့ပတ်သက်လို့ ဒေသတွင်း တော်လှန်ရေးအင်အားစုတွေဘက်က တစုံတရာ သတင်းထုတ်ပြန်လာတာမျိုး မရှိသေးပါဘူး။

လက်ရှိမှာ မကွေးမြို့ကို စစ်ကောင်စီတပ်က လုံခြုံရေးတင်းကြပ်ထားပြီး လူသူသွားလာမှုနည်းပါးနေကာ ဒီကနေ့ညပိုင်းကို ညမထွက်ရအမိန့်ကိုလည်း အချိန်တိုးမြှင့်ပြောင်းရွှေ့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
#မြေလတ်အသံ

02/02/2023
02/02/2023
02/02/2023
01/02/2023

ရန်ကုန်မြို့ရဲ့ အကျယ်လောင်ဆုံး တိတ်ဆိတ်သံကို ကျနော်တို့ တော်လှန်ရေးရဲဘော်တွေ ကြားရပါတယ်။
မျှော်လင့်ထားတာထက် ပြည်သူလူထုရဲ့ ပါဝင်မှုကိုမြင်ရတဲ့အခါ ကျနော်တို့အတွက် ပြောမပြနိုင်အောင် အား ဖြစ်စေပါတယ်။

စစ်အာဏာရှင်တွေရဲ့ အနိုင်ကျင့် ဗိုလ်ကျဖိနှိပ်မှုကြားက​နေ ပြည်သူလူထုရဲ့ ပေးဆပ်ပါဝင်မှုတွေဟာ ကျ​နော်တို့ နှလုံးသားထဲ အမြဲတမ်း ထင်ကျန်​နေမှာဖြစ်ပြီး ဆက်လက်ပြီး အသက်နဲ့ရင်းလို့ တိုက်ပွဲဝင်ရမယ့် ဆုံးဖြတ်ချက်တွေအတွက် ပိုမိုခိုင်မာမှန်ကန်လာ​စေခဲ့ပါတယ်။

အရာရာကို ဆုံးရှုံးမှာကြောက်နေသူတွေက အရာရာ စွန့်ထားပြီးသားသူတွေကို ဘယ်တော့မှ မနိုင်ပါဘူး။

ပြည်သူ့အရေးတော်ပုံ မုချ အောင်ရမည်။ 🔥


31/01/2023

သွားစရာရှိတာသွားမယ်
လုပ်စရာရှိတာလုပ်မယ်
ဆိုင်ဖွင့်စရာရှိတာဖွင့်မယ်
မနက် ၁၀ နာရီကနေ ညနေ ၃ နာရီအထိ
လမ်းပေါ်မထွက်ဘူး
တိတ်မယ် အိပ်မယ်
ဘယ်နေ့လဲ
မနက်ဖြန်ပေါ့

လွတ်လပ်ခါမှ အမျှဝေမယ်နွေဦးတော်လှန်ရေးအတွင်း    ဖြစ်ရပ်မှန် ဇာတ်လမ်း ချန်းဝမ်မှာ ပြမယ် အားပေးကြပါဦးကရင်နီ ဒေသတစ်ခုမှာ အမှ...
25/01/2023

လွတ်လပ်ခါမှ အမျှဝေမယ်
နွေဦးတော်လှန်ရေးအတွင်း ဖြစ်ရပ်မှန် ဇာတ်လမ်း ချန်းဝမ်မှာ ပြမယ် အားပေးကြပါဦး

ကရင်နီ ဒေသတစ်ခုမှာ အမှန်တကယ် ဖြစ်ပွားခဲ့တဲ့ ဇာတ်လမ်း

လွတ်လပ်ခါမှ အမျှဝေမယ်

ဒါရိုက်တာနဲ့ ထုတ်လုပ်သူ စိန်သီး၊ အောင်သော်

မြန်မာဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ်က ထောက်ပံ့ ကူညီပေးထားပြီး

တော်လှန်ရေး ရဲဘော်များ ပါဝင် သရုပ်ဆောင်ထားတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်း

လွတ်လပ်ခါမှ အမျှဝေမယ်

ဖြစ်ရပ်မှန် ဇာတ်လမ်းကို လာမယ့် ဖေဖော်ဝါရီ ၅ ရက် နံနက် ၁၁ နာရီ ဂယောင်နမ်ပြည်နယ် ချန်းဝမ်မြို့ အနုပညာ ရုံကြီးမှာ စတင် ပြသမှာ ဖြစ်ပါတယ်။

လက်မှတ် တစ်စောင် ဝမ် ၃ သောင်းပါ။

ရရှိလာတဲ့ အမြတ်ငွေများအား MODနဲ့ CDM အနုပညာရှင်များကို ထောက်ပံ့ပေးသွားမှာပါ။

ငွေလက်ခံမည်ဘဏ်အကောင့်
MAUNG ZAW MOE AUNG
JB BANK 전복은행
1013014234369

ဆက်သွယ်ရန်။
ချန်းဝမ်
01064684128
010-2839-3848
010-2359-3611

ဂင်မဲနွေဦးတော်လှန်ရေးအဖွဲ့
01031783345
01096747148
01036979679
01089022476

ရဲဘော်ရဲဘက် ညီအကိုများ (ဘူဆန်)

လိပ်စာ
경남 창원시 성산구 용지로239번길 19-22

မြန်မာဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ်
၂၀၂၃ ခု ဇန်နဝါရီ ၂၁ ရက်

"စစ်ခွေးနိဂုံး ၂၃"ကြွေးကြော်သံများနဲ့အတူ စစ်ခွေးမောင်းမည့်ပွဲ~~-----------------------------------------လေးစားရပါသော တော...
25/01/2023

"စစ်ခွေးနိဂုံး ၂၃"

ကြွေးကြော်သံများနဲ့အတူ စစ်ခွေးမောင်းမည့်ပွဲ~~
-----------------------------------------

လေးစားရပါသော တောင်ကိုရီးယားနိုင်ငံရောက် တော်လှန်ရေးရဲဘော် ညီအစ်ကို၊မောင်နှမအပေါင်းတို့ခင်ဗျား.....လာမယ့် (၂၀၂၃-၁-၂၉)(တနင်္ဂနွေနေ့)ရက်မှာ #စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ - ကိုရီးယား အဖွဲ့မှ (NUG Support Teams Korea) နှင့်တကွ အခြားသောတော်လှန်ရေးမိတ်ဖက်အဖွဲ့များနှင့်ပူးပေါင်း၍ စစ်ခွေးမောင်းပွဲအစီအစဉ်ကို အင်တိုက်အားတိုက် ပြုလုပ်ကျင်းပသွားမှာ ဖြစ်ပါတယ်။

#ပြုလုပ်ရခြင်းရည်ရွယ်ချက်~~
--------------------------------
၂၀၂၁ခုနှစ်၊ဖေဖော်ဝါရီလ (၁)ရက်နေ့က မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာရူးများဟာ ကျနော်တို့ပြည်သူလူထုက တခဲနက်ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့အစိုးရထံမှ အာဏာကို အရှက်မရှိ အတင်းအဓမ္မ လုယူသိမ်းပိုက်ခဲ့တာကို အားလုံးအသိဖြစ်ပါတယ်။ကျနော်တို့ပြည်သူတွေကရွေးချယ်တင်မြှောက်ထားတဲ့အစိုးရထံမှ အာဏာကိုသိမ်းယူတာဟာ ကျနော်တို့ပြည်သူတွေထံမှ အာဏာကိုသိမ်းယူရာ မြောက်ပါတယ်။တစ်နည်းအားဖြင့် ကျနော်တို့ သန်း(၅၀)ကျော်သော ပြည်သူတွေရဲ့ ဆန္ဒကိုမလေးစားရာရောက်ပါတယ်။
သို့အတွက်ကြောင့် ကျနော်တို့မြန်မာပြည်သူ/သားတွေဟာ အာဏာသိမ်းပြီးသည့်အချိန်မှစ၍ ယနေ့အချိန်အထိ ‌တစ်ရက်ကလေးမှ မပျက်မကွက် စစ်တပ်ကအာဏာသိမ်းမှုကို ပုံစံအမျိုးမျိုးနဲ့ဆန့်ကျင်ခဲ့ပါတာဟာ အခုလာမယ့် ဖေဖော်ဝါရီလ(၁)ရက်နေ့ဆိုလျှင် (၂)နှစ်တိတိရှိပြီဖြစ်ပါတယ်။

(၂)နှစ်ပြည့်အချိန်အထိ ကျနော်တို့တော်လှန်ပြည်သူတွေဟာ သွေးမအေးကြောင်း၊မတရားအာဏာသိမ်းမှုကို လုံးဝဆန့်ကျင်ကြောင်း စစ်ခွေးတွေသိအောင် ၊ကမ္ဘာကသိအောင် ဆန္ဒထုတ်ဖော်ကြမှာဖြစ်ပါတယ်။

#ဘယ်လူတွေလာရောက်ဝန်းရံသင့်လဲ..?
-------------------------------------------
စစ်အာဏာသိမ်းမှုကိုဆန့်ကျင်သူ၊အမိနိုင်ငံတော်ကြီး လွတ်လပ်ပြီးတရားမျှတတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကြီးဖြစ်စေချင်သူ၊စစ်ခွေးအာဏာရူးတွေကိုဆန့်ကျင်ရှုပ်ချတဲ့သူ စတဲ့ အမှန်တရားကိုလိုလားသူ မြန်မာနိုင်ငံသူ၊နိုင်ငံသားမည်သူမဆိုလာရောက်ဆန္ဒပြဝန်းရံသင့်ပါတယ်။အချုပ်ပြောရရင် ကျွန်စိတ်ကင်းတဲ့သူတွေလာရောက်ဝန်းရံသင့်ပါတယ်။

#အစီအစဉ်၊နေ့ရက်၊အချိန်၊နေရာ~~
------------------------------------
၂၀၂၃-၁-၂၉ ရက်(တနင်္ဂနွေ)နေ့
(၁၂:၀၀-၁:၃၀) စစ်သံရုံးရှေ့ ဆန္ဒပြပြီး၊
၁:၃၀-၂:၀၀မြန်မာသံရုံးရှေ့ချီတက်ပြီး ညနေ(၃:၀၀)မှာအစီစဉ်ကိုရုပ်သိမ်းမှာဖြစ်ပါတယ်။မွန်းတည့်ချိန်(၁၂)နာရီမှာ စစ်သံရုံးရှေ့အရောက်လာရောက်ပူးပေါင်းပေးကြရမှာ ဖြစ်ပါတယ် ။
ကဲ အထက်ပါပြောခဲ့တဲ့အတိုင်း အာဏာရူးမင်းအောင်လှိုင်နှင့်စစ်ခွေးတစ်သိုက်ကိုဆန့်ကျင်ရှုံ့ချချင်သူ မည်သူမဆို လာရောက်ဝန်းရံကြဖို့ လေးစားစွာဖိတ်ကြားလိုက်ပါတယ်ခင်ဗျာ။

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ-ကိုရီးယား

20/01/2023
16/01/2023
14/01/2023

AungLaNsang ပွဲ အစအဆုံး
14.1.2023

14/01/2023

စက္ကန့် 90 နဲ့ အလဲထိုးပီး အနိုင်ရခဲ့တဲ့
အောင်လအန်ဆိုင်း
ထိုင်းက မြန်မာပရိတ်သက်တွေကို
အားတင်းထားဖို့
ငြိမ်းချမ်းရေးအရေးကြီးကြောင်း
မြန်မာလို ပြောခဲ့

ပခုက္ကူမှာ စစ်ကောင်စီက ကျူးနဲ့ အလုပ်လက်မဲ့တွေကို ငွေပေးပြီး ပျူစောထီးအင်အား စုစောင်းနေဇန်နဝါရီ ၁၂၊ The Nation Voiceစစ်ကေ...
12/01/2023

ပခုက္ကူမှာ စစ်ကောင်စီက ကျူးနဲ့ အလုပ်လက်မဲ့တွေကို ငွေပေးပြီး ပျူစောထီးအင်အား စုစောင်းနေ

ဇန်နဝါရီ ၁၂၊ The Nation Voice

စစ်ကောင်စီက ပခုက္ကူမြို့ပေါ်မှာရှိတဲ့ ကျူးကျော်တွေနဲ့ လက်လုပ်လက်စားအလုပ်လက်မဲ့တွေကို ငွေပေးစည်းရုံးပြီး ပျူစောထီးအင်အားတိုးချဲ့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေရဲ့အဆိုအရ ပျူစောထီးအဖြစ်ပါဝင်ရင် တစ်ယောက်ကို ငွေကျပ်တစ်သိန်းကနေ တစ်သိန်းခွဲအထိ ထောက်ပံ့ကြေးပေးပြီး စည်းရုံးနေတာလို့ ပြောဆိုကြပေမယ့် The Nation Voice အနေနဲ့ ပျူတစ်ဦးကိုငွေဘယ်လောက်ပေးတာဆိုတာ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

"အဓိကက မြို့ပေါ်ကို လုံခြုံရေး တိုးချင်လို့။ တစ်သိန်း၊ တစ်သိန်းခွဲနဲ့ တစ်လ ဆန်အိတ်တစ်အိတ် ရတယ်လည်းပြောတယ်" လို့ ပခုက္ကူမြို့ခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် အဲဒီပျူစောထီးအဖွဲ့တွေကို မြို့အဝင်အထွက်က စစ်ဆေးရေးဂိတ်တွေမှာ လုံခြုံရေးအဖြစ် အသုံးပြုတာရှိသလို၊ အခုလက်ရှိ လူဦးရေစာရင်းကောက်တဲ့လုပ်ငန်းစဥ်မှာလည်း လုံခြုံရေးတာဝန်ပေးတာတွေရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လက်ရှိမှာ ပခုက္ကူမြို့ပေါ်မှာချထားတဲ့ စစ်ကောင်စီတပ်နဲ့ ရဲအင်အားမလုံလောက်တော့တာကြောင့် ပျူစောထီးအဖွဲ့ဝင်သစ်တွေစုဆောင်းပြီး မြို့လုံခြုံရေးကို တိုးချဲ့နေတာလို့ ပခုက္ကူမြို့ခံတွေက ဆိုကြပါတယ်။


#ပခုက္ကူ #ပျူစောထီး #ကျူး #အလုပ်လက်မဲ့ #ငွေပေးစည်းရုံး

စောက်ပုမိသားစုရဲ့ ခိုးစာဝှက်စာထဲက ထိုင်းမှာ ထားထားတဲ့ ဇိမ်ခံကွန်ဒိုတွေ ဘဏ်အကောင့်တွေ ပိုင်ဆိုင်မှုတွေ အသိမ်းခံလိုက်ရသတဲ့...
12/01/2023

စောက်ပုမိသားစုရဲ့ ခိုးစာဝှက်စာထဲက ထိုင်းမှာ ထားထားတဲ့ ဇိမ်ခံကွန်ဒိုတွေ ဘဏ်အကောင့်တွေ ပိုင်ဆိုင်မှုတွေ အသိမ်းခံလိုက်ရသတဲ့။

တော်လှန်သူတွေရဲ့ အိမ်တွေ ပိုင်ဆိုင်မှုတွေ ချိတ်ပိတ်တဲ့ဝဋ်က ဘယ်လောက်မှ မကြာဘူး လည်တာပဲ။

သူခိုးက ပိုနှမျောတတ်သတဲ့။
စောက်ခေါမတော့ ဒီလ LV အိတ် မဝယ်ဖြစ်လောက်တော့ဘူး

11/01/2023

စစ်ကောင်စီမှ ကျင်းပပြုလုပ်မည့် တရားမဝင်ရွေးကောက်ပွဲအား ဆန့်ကျင်သပိတ်မှောက်ကြရန်နှင့် ပြည်သူများအား တော်လှန်ရေးနှင့်သက်ဆိုင်သည့် သတင်းစကားများပြောကြားကာ လှုံ့ဆော်မှုပြုလုပ်ခြင်း

၁၁ ဇန်နဝါရီလ၊ ၂၀၂၃ ခုနှစ်

ရန်ကုန်မြို့ရှိ နေရာအနှံ့အပြားတွင် ပြည်သူများအား စစ်ကောင်စီမှ ကျင်းပပြုလုပ်မည့် တရားမဝင်ရွေးကောက်ပွဲအား ဆန့်ကျင်သပိတ်မှောက်ကြရန်နှင့် တော်လှန်ရေးနှင့်သက်ဆိုင်သည့် သတင်းစကားများပြောဆိုကာ လှုံ့ဆော်လှုပ်ရှားမှုတစ်ခုအား Yangon Revolution Force - YRF ၏ Soft Strike Community မှ ရဲဘော်များမှ ပြုလုပ်ခဲ့ကြသည်။

စစ်ကောင်စီသည် မတရားလုယူအာဏာသိမ်းထားပြီး ပြည်သူလူထုအား နည်းလမ်းမျိုးစုံဖြင့် ရက်ရက်စက်စက်ဖိနှိပ်နေသည့်ကြားမှ ၎င်းတို့၏ သက်ဆိုးရှည်အောင် တရားမဝင် အတုအယောင်ရွေးကောက်ပွဲတစ်ခုအား ကျင်းပပြုလုပ်ရန် ကြိုးပမ်းနေသည်မှာ အားလုံးအသိဖြစ်ပါသည်။ နိုင်ငံတကာမှလည်း ထိုတရားမဝင်ရွေးကောက်ပွဲအား အသိအမှတ်ပြုခြင်းမရှိသလို ပြည်သူလူထုအနေဖြင့်လည်း အယုံအကြည်မရှိပါ။ ထိုတရားမဝင်ရွေးကောက်ပွဲအား ပြည်သူလူထုအနေဖြင့် ဆက်လက်ဆန့်ကျင်သပိတ်မှောက်ကျရန်နှင့် တော်လှန်ရေးတွင် ရရာနည်းလမ်းဖြင့် ပါဝင်ကြပြီး တော်လှန်ရေးပန်းတိုင်အား အတူတူသွားရောက်နိုင်ကြရန် အသိဖြန့်ဝေလိုသောကြောင့် ယခုလှုပ်ရှားမှုအား ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ လှုပ်ရှားမှုပြုလုပ်ခြင်းသည် ကျွန်ုပ်တို့ ရဲဘော်များအတွက်လည်း အလွန်အန္တရာယ်ရှိသလို အနားရှိပြည်သူများအတွက်လဲည်း စိုးရိမ်မှုဖြစ်ပေါ်မည်ကို နားလည်ပါသည်။ သို့သော် ယခုနွေဦးတော်လှန်ရေးအတွက် တော်လှန်ရေးနှင့်ပတ်သတ်သည့် သတင်းစီးဆင်းမှုသည် အလွန်ပင်အရေးကြီးသည်။ ထို့အတွက် ပြည်သူလူထုထံသို့ ရရာနည်းလမ်းဖြင့် သတင်းဖြန့်ဝေခြင်း၊ လှုပ်ရှားမှုများပြုလုပ်ရခြင်းဖြစ်သည်။ လူမှုကွန်ယက်ပေါ်တွင်လည်း သင်တို့အနေဖြင့် မိမိနာမည်မဟုတ်သော အကောင့်များဖြင့် တော်လှန်ရေးသတင်းများကိုဝေမျှခြင်း၊ တော်လှန်ရေးနှင့်သက်ဆိုင်သော သတင်းများအောင်တွင် comment ပေးခြင်းဖြင့်လည်း သတင်းစီးဆင်းမှု ပိုမိုအားကောင်းအောင် ပံ့ပိုးနိုင်ပါသည်။

ပြည်သူ့အရေးတော်ပုံ အောင်ရမည်။

•••••••••••••••••••••••••••••••••

Encouraging the people of Myanmar to boycott an anti-sham election held by the military council and inciting revolutionary messages to general public

11 January, 2023

Comrades from the Yangon Revolution Force - YRF's Soft Strike Community organized a campaign in various parts of Yangon encouraging revolutionary messages to people to boycott the illegal election which will be held by the military council.
It has been clearly aware that the military council is trying to hold an illegal fake election to prolong their power and brutal oppression of the people in various ways. The international community does not recognize the illegal election, and the general public do not trust it at all.

This movement was made to encourage the people of Myanmar to continuously boycott against the illegal election and participate in the revolution whatever they can, and spread awareness so that we can reach the goal of the revolution together.

We understand that doing this kind of activity is very dangerous for our comrades and will cause concern for the people around us.However, In this spring revolution, the information flow of the revolution is essential. Therefore,these kinds of movements have to be done to disseminate information to the public through the available methods.

On social networks, you can share revolutionary news with your secondary social media accounts that are not titled your official name. You can also support the information flow by commenting on news related to the revolution.

The Uprising Must Succeed

Soft Strike Community
Yangon Revolution Force - YRF
(ရန်ကုန်တော်လှန်ရေးအင်အားစု)


Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Freedom from Fear posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share