  • Home
Environmental Database for Myanmar Media EDMM is the website that will be provide the environmental database for Myanmar journalists who need
(1)
20/01/2021
27/12/2020
မြန်မာအစိမ်းရောင်ကွန်ရက်(၉)ကြိမ်မြောက်အွန်လိုင်းတွေ့ဆုံပွဲတွင်
ဆွေးနွေးခဲ့သည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်တစ်ဦးချင်းစီ၏ ဗီဒီယိုဖိုင်များကို မျှဝေပေးမည်
========================================
မြန်မာအစိမ်းရောင်ကွန်ရက်(၉)ကြိမ်မြောက်အွန်လိုင်းတွေ့ဆုံပွဲမှာ ဆွေးနွေးခဲ့တဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်တစ်ဦးချင်းစီရဲ့ ဗီဒီယိုင်ဖိုင်လေးတွေကို ကျွန်တော်တို့ Greenness သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စာမျက်နှာကနေ တင်ပေးပါမယ်။
တစ်ရက်ကို ဗီဒီယိုဖိုင်တစ်ခု တင်ပါမယ်။
အဲဒီ ဗီဒီယိုဖိုင်တွေကို လွတ်လပ်စွာ နားထောင်ပြီး အကြံပြုဆွေးနွေးနိုင်သလို လွတ်လပ်စွာ မျှဝေခြင်း၊ ဒေါင်းလော့ခ် ဆွဲခြင်းများ ပြုလုပ်နိုင်ပါတယ်။
နိုင်ငံတော် အစိုးရအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်ပြင်ဆင်နိုင်ပြီး ပြည်သူတွေလည်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာဗဟုသုတတွေ ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
မြန်မာအစိမ်းရောင်ကွန်ရက် (၉) မြောက်တွေ့ဆုံပွဲ သဘောထားထုတ်ပြန်
20/12/2020
မြန်မာအစိမ်းရောင်ကွန်ရက် (၉) မြောက်တွေ့ဆုံပွဲ သဘောထားထုတ်ပြန်
16/12/2020
မြန်မာအစိမ်းရောင်ကွန်ရက်(၉)ကြိမ်မြောက် တွေ့ဆုံပွဲ
ရာသီဥတုပြောင်းလဲမှုကိုကိုင်တွယ်ဖြေရှင်းရန် စုပေါင်းကြိုးပမ်းရေး ကမ္ဘာ့ခေါင်းဆောင်များတောင်းဆို
14/12/2020
ရာသီဥတုပြောင်းလဲမှုကိုကိုင်တွယ်ဖြေရှင်းရန် စုပေါင်းကြိုးပမ်းရေး ကမ္ဘာ့ခေါင်းဆောင်များတောင်းဆို
ရာသီဥတုပြောင်းလဲမှုကိုကိုင်တွယ်ဖြေရှင်းရန် စုပေါင်းကြိုးပမ်းရေး
ကမ္ဘာ့ခေါင်းဆောင်များတောင်းဆို
======================================
KK(IR)
ကမ္ဘာကြီးစိမ်းလန်းပြီးစဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသည့်အချိန်တွင် ကမ္ဘာ လုံးဆိုင်ရာအရေးပေါ်စိန်ခေါ်မှုများကို ဖြစ်ပေါ်စေသောရာသီဥတုပြောင်း လဲမှုကိုကိုင်တွယ်ဖြေရှင်းရန်အတွက် စုပေါင်းကြိုးပမ်းကြရန် ကမ္ဘာ့ ခေါင်းဆောင်များကတောင်းဆိုခဲ့ ကြသည်ဟု ဆင်ဟွာသတင်းဌာန က ဖော်ပြသည်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ဖြစ်ပွားနေစဉ်အတွင်း ရာသီဥတု ပြောင်းလဲမှုကို မိမိတို့ ကောင်း ကောင်းသတိထားမိပြီး ၄င်း၏ အကျိုးဆက်များကိုလျှော့ချနိုင်မည် ဖြစ်ကြောင်း ဘော့ဆွာနာသမ္မတ မော့ဂွီမက်စီစီက ပြောကြားခဲ့ သည်။ ရာသီဥတုပြောင်းလဲမှုကို လည်းအရေးတကြီးထည့်သွင်း စဉ်းစားရန် နိုင်ငံများကိုမော့ဂွီမက် စီစီကတောင်းဆိုခဲ့သည်။ ဒီဂျစ် တယ်နည်းပညာဖြင့် ဖြေရှင်းမှု များသည် ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရန်အတွက် အထောက် အပံ့ဖြစ်စေနိုင်ကြောင်း အက်စတိုနီး ယားသမ္မတကာစတီကယ်ဂျူလိပ် က ပြောကြားခဲ့သည်။
ကမ္ဘာကြီး အနေဖြင့် ပတ်ဝန်းကျင်ကိုကာ ကွယ်ရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေးရည်မှန်းချက်များကို ဆက်လက် ကတိကဝတ်ပြုနိုင်ရေး အတွက် ဆလိုဗက်ကီးယားသမ္မတ ဘိုရပ်ဖာဟောက တောင်းဆိုခဲ့ သည်။ ကပ်ရောဂါဖြစ်ပွားနေစဉ် အတွင်း ရာသီဥတုပြောင်းလဲမှုနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု သည်အဓိကကိစ္စရပ် တစ်ခုဖြစ်ကာ ကမ္ဘာ့ခေါင်းဆောင်များအနေဖြင့် အဓိကဆွေးနွေးခဲ့ကြသည်။ ရာသီ ဥတုပြောင်းလဲမှုသည် လူသားမျိုး နွယ်များအတွက် အခြားသော တည်ရှိနေသည့် ပြဿနာတစ်ရပ် ဖြစ်သည်ကိုမှတ်သားထားကာ ယင်းကဲ့သို့ကမ္ဘာလုံးဆိုင်ရာ အရေး ကိစ္စများကိုအဖွဲ့ဝင်များအကြား ယုံကြည်မှု ပြန်လည်တည်ဆောက် ပြီး အားလုံးပါဝင်သော အဖွဲ့ အစည်းများအားကောင်းအောင် ဆောင်ရွက်ခြင်းဖြင့် ဆောင်ရွက် သွားရမည်ဟုကာဇက်စတန်သမ္မတ ကပ်ဆန်ဂျိုမက်တိုကာရဲက ပြော ကြားခဲ့သည်။
Ref: Xinhua
07/12/2020
ရာသီဥတုပြောင်းလဲမှုများအပေါ် အလေးအနက်မထားခြင်းသည် လူသားများအနေဖြင့် ကိုယ့်ကိုယ်ကိုယ် သတ်သေရန် လုပ်ဆောင်သကဲ့သို့ဖြစ်နေဟုသတိပေး
=====================================
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရပ်စ်က ရာသီဥတုပြောင်းလဲမှုဖြစ်စဉ် များအပေါ် အလေးအနက်မထားခြင်းသည် လူသားများအနေဖြင့် ကိုယ့်ကိုယ်ကိုယ်သတ် သေရန် လုပ်ဆောင်သကဲ့သို့ဖြစ်နေသည်ဟု သတိပေးခဲ့ကြောင်း ဘီဘီစီသတင်းဌာနက ဖော်ပြသည်။
ကုလသမဂ္ဂအဖွဲ့သည် ရာသီဥတုပြောင်း လဲမှုဖြစ်စဉ်များကို တားဆီးရန်အတွက် ပဲရစ် သဘောတူညီချက်ဟုခေါ်ဆိုကြသောသဘော တူညီမှုစာချုပ်ကို အခြေခံကာ ဖော်ဆောင်ရန် ကြိုးပမ်းလျက်ရှိသော်လည်း အင်အားကြီး နိုင်ငံများ၏ ပါဝင်မှု နည်းပါးခြင်းကြောင့် အခက်အခဲများကြုံတွေ့လျက်ရှိသည်။ အထူး သဖြင့် အမေရိကန်ကဲ့သို့ စက်မှုအင်အားကြီး နိုင်ငံများက ကာဗွန်ထုတ်လွှတ်မှု မြင့်မားနေ သည့်ကြားမှ ပဲရစ်သဘောတူညီမှုစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးထားမှုမှ နုတ်ထွက် သွားခြင်းက ရာသီဥတုပြောင်းလဲမှုဖြစ်စဉ် များကို လျှော့ချရန် ကြိုးပမ်းရာတွင်အခက် အခဲများနှင့် ကြုံတွေ့စေသည့်အနေအထားသို့ ရောက်ရှိစေခဲ့သည်။ ဂူတာရက်စ်က 'ကျွန် တော်တို့ကမ္ဘာမြေဟာ ကျိုးပဲ့ပျက်စီးတဲ့အနေ အထားကို ရောက်ရှိနေပါပြီ။ ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်တွေကို အလေးအနက် မထားတာဟာ လူသားတွေအနေနဲ့ ကိုယ့်ကိုယ် ကိုယ်သတ်သေသလို ဖြစ်နေတယ်ဆိုတာ သတိပြုဖို့ လိုပါတယ်' ဟု ပြောသည်။
NG(Ref; BBC)
02/12/2020
ရာသီဥတုဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် နယူးဇီလန်ကြေညာ
၂ဝ၂၅ ခုနှစ်တွင် ကာဗွန်ထုတ်လွှတ်မှု လုံးဝမပြုလုပ်သည့်အစိုးရအဖြစ် ရပ်တည်မည်ဟုကတိပြု
===================================
KK(IR)
ဝယ်လ်လင်တန် ဒီဇင်ဘာ ၂
နယူးဇီလန်အစိုးရသည်ရာသီဥတု ဆိုင်ရာအရေးအပေါ်အခြေအနေ ဖြင့် ယနေ့တွင် ကြေငြာလိုက်သကဲ့ သို့ ၄င်း၏အများပြည်သူပိုင်ကဏ္ဍ ကို ကာဗွန်ထုတ်လွှတ်မှုလုံးဝမပြု လုပ်ရေးကို လာမည့် ၂ဝ၂၅ ခုနှစ် တွင် အကောင်အထည်ဖော်သွား မည်ဟုကတိပေးခဲ့ကြောင်း စီအင်န် အေသတင်းဌာနက ဖော်ပြသည်။
ဝေဖန် သုံးသပ်သူများက ကာ ဗွန်ထုတ် လွှတ်မှုလျှော့ချရန် ပိုမို ကောင်းမွန်သည့် ဆောင်ရွက်ခြင်း များကို ထောက်ခံအားပေရန် လိုအပ်နေသည်ဟု ပြောကြားချက် နှင့်ပတ်သက်၍ အထင်ကရဖြစ် သည့် ဆောင်ရွက်ချက်တစ်ရပ်ပင် ဖြစ်သည်။ ဝန်ကြီးချုပ် Jacinda Ardern က အဆိုပါ ရာသီဥတု ဆိုင်ရာ အရေးပေါ်အခြေအနေ ကြေငြာချက်သည် ကမ္ဘာကြီး ပူနွေးမှု အပူချိန် ၁ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယပ်စ် ပိုမိုမြင့်တက်လာ ခြင်းကိုရှောင်ရှားရန် အစိုးရများ အကြားရာသီဥတုဆိုင်ရာဆွေး နွေးပွဲမှရရှိသည့် ရှာဖွေတွေ့ရှိချက် များကို အခြေခံထားခြင်းဖြစ်သည် ဟုထုတ်ပြန် ကြေညာခဲ့သည်။ ကာ ဗွန်ထုတ်လွှတ်မှုများသည် ၂ဝ၁ဝ ပြည့်နှစ်တွင်ဖြစ်ပေါ်ခဲ့သည့် အဆင့် များထက် ၂ဝ၂၃ ခုနှစ်တွင် ၄၅ ရာခိုင်နှုန်းကျဆင်းရန် လိုအပ်ပြီး ၂ဝ၅ဝပြည့်နှစ် ဝန်းကျင်အရောက် တွင် ကာဗွန်ထုတ်လွှတ်မှု လုံးဝမရှိ တော့ရန် လိုအပ်မည်ဖြစ်သည်။ နယူးဇီလန်နှင့်အတူ ဂျပန်၊ကနေဒါ၊ ပြင်သစ်နှင့် ဗြိတိန်တို့အပါအဝင် နောက်ထပ် နိုင်ငံပေါင်း ၃၂ နိုင်ငံ တို့ကလည်း ရာသီဥတုအရေးပေါ် အခြေအနေအဖြစ် ကြေညာခဲ့သည်။
Ref: Channel News Asia
The Union Daily
(Zawgyi)Greeness သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စာအုပ်စင်-၅-----------------------------------------Greenness ရဲ့ သဘာဝပတ်ဝန်းကျင...
28/11/2020
(Zawgyi)
Greeness
-----------------------------------------
တန်ဖိုး- ၃၀၀၀ ကျပ်
စိမ်းရောင်စိုစာပေ
(Unicode)
Greeness
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စာအုပ်စင်-၅
-----------------------------------------
Greenness ရဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စာအုပ်စင်မှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာစာအုပ်တွေကို ဖော်ပြလာတာ ငါးအုပ်မြောက်ခဲ့ပါပြီ။
ဒီစာမျက်နှာကို အဓိက ဖော်ပြတဲ့ရည်ရွယ်ချက်ကတော့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာနဲ့ပတ်သက်ပြီး ထွက်ခဲ့တဲ့စာအုပ်တွေကို သိစေချင်တာရယ်၊ အဲဒီအထဲကမှ စိတ်ဝင်စားတဲ့ စာအုပ်တွေကို ရှာဖွေ၊ ဝယ်ယူ ဖတ်ရှုနိုင်အောင်ရယ် လက်လှမ်းသလောက် ဖော်ပြရခြင်း ဖြစ်ပါတယ်။
ဒီစာအုပ်တွေဟာ စျေးကွက်ထဲမှာ ရှိမရှိတော့ ကျွန်တော်တို့ မသိပါဘူး။ ဒါပေမယ့် စာအုပ်ကို ထုတ်ဝေတဲ့ တိုက်လိပ်စာ၊ ဖုန်းနံပါတ်တွေကို တတ်နိုင်သမျှ ထည့်ပေးထားတဲ့အတွက် ဆက်သွယ်ဝယ်ယူနိုင်မယ်လို့ မျှော်လင့်ရပါတယ်။
အခုဖော်ပြမယ့် စာအုပ်လေးကတော့
စိမ်းရောင်စို စာပေကနေ ၂၀၁၉ ခုနှစ် သြဂုတ်လက ထုတ်ဝေလိုက်တဲ့ စာအုပ်လေးပါ။
ကွယ်လွန်သွားပြီဖြစ်တဲ့ သစ်တောပညာရှင် ဦးအုန်းရဲ့အကြောင်း၊ ကမ္ဘာမြေချစ်သူအကြောင်းတွေ စုံစုံလင်လင်နဲ့ သစ်တောပညာရှင် ဦးအုန်း ရေးသားပြုစုခဲ့တဲ့ ဆောင်းပါးနဲ့ သုတေသန စာတမ်းတွေကို ထည့်သွင်း ဖော်ပြထားပါယ်။
ဝယ်ယူဖတ်ရှုလေ့လာသင့်တဲ့ စာအုပ်ကောင်းတစ်အုပ်လို့ ကျွန်တော်တို့ကတော့ မှတ်ချက်ပြုချင်ပါတယ်။
တန်ဖိုး- ၃၀၀၀ ကျပ်
စိမ်းရောင်စိုစာပေ
အမှတ် ၁၅၉(က)၊ ရွှေတိဂုံဘုရားလမ်း၊ ဘုရားကြီးရပ်ကွက်၊ ဒဂုံစာတိုက်၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း- ၀၁- ၃၇၄၇၁၄၊ ၀၉ ၂၄၅ ၀၂၁၁ ။
မြန်မာအစိုးရတွေလည်း အတုယူစေချင်ပါတယ်။
27/11/2020
မြန်မာအစိုးရတွေလည်း အတုယူစေချင်ပါတယ်။
အင်အားပြင်းမုန်တိုင်းနီဗာ ဝင်ရောက်တိုက်ခတ်ခဲ့သော်လည်း
ကြိုတင်ပြင်ဆင်မှု အားကောင်းခြင်းကြောင့် ထိခိုက်မှု ကြီးမားခြင်းမရှိဟုဆို
=========================
အိန္ဒိယနိုင်ငံတောင်ပိုင်းဒေသများတွင် အင်အားပြင်းမုန်တိုင်းနီဗာ ဝင်ရောက်တိုက်ခတ်ခဲ့သော်လည်း ကြိုတင်ပြင်ဆင်မှု အားကောင်းခြင်း ကြောင့် ထိခိုက်မှု ကြီးမားခြင်းမရှိဟု နိုဝင်ဘာ ၂၅ ရက်က ဘီဘီစီသတင်းဌာနတွင်ဖော်ပြသည်။
နီဗာသည် ကုန်တွင်းပိုင်းသို့ စတင်ဝင်ရောက်ချိန်တွင် တစ်နာရီ လေ တိုက်နှုန်း ကီလိုမီတာ ၁၂ဝ ခန့်ရှိခဲ့သော်လည်း ကုန်းတွင်းပိုင်းသို့ ဝင် ရောက်ပြီး မကြာမီ အားပျော့သွားခဲ့ခြင်းကြောင့် ထိခိုက်ဆုံးရှုံးမှု နည်းပါး ခဲ့ခြင်းဖြစ်သည်။
သေဆုံးသူ သုံးဦးသာ ရှိခဲ့ပြီး အနိမ့်ပိုင်းဒေသများတွင် နေထိုင်သူများကိုလည်း မုန်တိုင်းမဝင်ရောက်မီ ဘေးလွတ်ရာသို့ အချိန် မီ ရွှေ့ပြောင်းပေးနိုင်ခဲ့မှုကြောင့် သေဆုံးသူနှင့် ပျောက်ဆုံးသူဦးရေ နည်း ပါးခဲ့ခြင်းဖြစ်သည်။ နီဗာ စတင်ဝင်ရောက်ချိန်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် ရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့သည့်ဒေသများ ရှိခဲ့သော် လည်း ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ခြင်း မရှိဟု ကနဦး ပြုလုပ်ခဲ့သောကယ်ဆယ်ရေးနှင့် ရှင်းလင်းရေးအစီအစဉ်များအရ အတည် ပြုနိုင်ခဲ့သည်။
NG(Ref; BBC)
30/10/2020
Greenness
အမှတ်တရစာမျက်နှာ
=================
မေ+ဇွန်၊ ၂၀၂၀ ထုတ်တွင်ဖော်ပြခဲ့သည့်
မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်အတွက်
အမှတ်တရစာမျက်နှာ...။
ပွဲက မနက်ဖြန်ခါ ပြုလုပ်မှာပါ..။
20/10/2020
ပွဲက မနက်ဖြန်ခါ ပြုလုပ်မှာပါ..။
(Zawgyi ဖြင့်ဖတ်ရန်)
=======================================
---------------------------------------------------------------
- အမေးအဖြေ ကဏ္ဍအစီအစဉ်။
Zoom link
Passcode: 590212
(Unicode ဖြင့်ဖတ်ရန်)
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိတ်ဝင်စားသူ အားလုံးကို
လေးစားစွာဖြင့် ထပ်မံဖိတ်ကြားပါသည်။
=======================================
“အောင်ပင်လယ်လူမှုဝန်းကျင်မဂ္ဂဇင်း စိန်ရတုခရီးနှင့် မျက်မှောက်သဘာဝပတ်ဝန်းကျင်ဆိုင်ရာစိန်ခေါ်မှုများ” အတွက်ပြုလုပ်မည့် အွန်လိုင်းအခမ်းအနားနှင့် ပက်သက်၍ ဖိတ်ကြားခြင်း အစီအစဉ်
---------------------------------------------------------------
၂၀၂ဝခုနှစ်၊ အောက်တိုဘာလ ၂၁ရက်နေ့၌ နံနက် ၁ဝနာရီမှ နေ့လည် ၁၂နာရီအထိ ကျင်းပပြုလုပ်မည့် အောင်ပင်လယ်လူမှုဝန်းကျင်မဂ္ဂဇင်း စိန်ရတုခရီးနှင့် မျက်မှောက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုအကြောင်းအရာများကို တင်ပြဆွေးနွေးမည့် Online အစီအစဉ်အား page များဖြစ်သော ခေတ်သစ်မီဒီယာ၊ မြေလတ်အသံ - Myaelatt Athan၊ Myitphyar Irra - မြစ်ဖျားဧရာ၊ ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက်၊ Greenness၊ အောင်ပင်လယ်လူမှုဝန်းကျင်မဂ္ဂဇင်း၊ POINT MYANMAR၊ Youth Circle(Myanmar)၊ Myanmar Green Network(မြန်မာအစိမ်းရောင်ကွန်ရက်)၊ MEN TV News တို့တွင် တိုက်ရိုက် LIVE ထုတ်လွှင့်သွားမည်ဖြစ်သဖြင့် တက်ရောက်ပါဝင် အားဖြည့်ပေးကြပါရန် လေးစားစွာကြေညာအပ်ပါသည်။
၎င်းအခမ်းအနားတွင် အခမ်းအနားမှူးအဖြစ် ဆရာစောထွန်းထွန်း(Youth Circle)က ဦးဆောင်သွားမည်ဖြစ်ပြီး
ပထမပိုင်း အစီအစဉ်အနေဖြင့်
- အောင်ပင်လယ်လူမှုဝန်းကျင်မဂ္ဂဇင်း အယ်ဒီတာချုပ် ဆရာမဒေါ်လေးဒေဝီသန့်စင်က အဖွင့်အမှာစကားအနေဖြင့် အောင်ပင်လယ်လူမှုဝန်းကျင်မဂ္ဂဇင်း၏ ဖြတ်သန်းလျှောက်လှမ်းခဲ့သည့် ခရီးတစ်လျှောက်တွင် တွေ့ကြုံရင်ဆိုင်ခဲ့ရသော စိန်ခေါ်မှုများအား ပြောကြားခြင်း။
- ပွိုင့်-ရိုးရာဝန်းကျင်မြှင့်တင်ရေးအဖွဲ့မှ ဒါရိုက်တာဖြစ်သူ နော်အိအိမင်းက အောင်ပင်လယ်လူမှုဝန်းကျင်မဂ္ဂဇင်းအား ကူညီပံ့ပိုးပေးခဲ့ရသည့် အကြောင်းအရင်းများနှင့် တွေ့ကြုံခဲ့ရသော အခက်အခဲများအား ပြောကြားခြင်း။
- ဒေါက်တာသန်းသန်းစိန်က အောင်ပင်လယ်လူမှုဝန်းကျင်မဂ္ဂဇင်းအား ကူညီခဲ့ရာတွင် တွေ့ကြုံခဲ့ရသည့် အခက်အခဲများကို ပြောကြားခြင်း။
- အောင်ပင်လယ်လူမှုဝန်းကျင်မဂ္ဂဇင်း တာဝန်ခံအယ်ဒီတာ မင်းချစ်နိုင်က အောင်ပင်လယ်လူမှုဝန်းကျင်မဂ္ဂဇင်းတွင် ပါဝင်ကူညီခဲ့ရာ၌ ကြုံတွေ့ရင်ဆိုင်ခဲ့ရသော အခက်အခဲ စိန်ခေါ်မှုများအား မည်ကဲ့သို့ဖြတ်သန်းကျော်လွှားခဲ့ပုံအား ပြောကြားခြင်းတို့ကို ပြုလုပ်သွားမည် ဖြစ်သည်။
ဆက်လက်ပြီး ဒုတိယပိုင်းအစီအစဉ်အနေဖြင့်
- ဒေါက်တာခင်မောင်ညိုက “သစ်တစ်ပင်၏ ချစ်ခြင်းမေတ္တာ” ခေါင်းဖြင့် ဟောပြောခြင်း။
- ဒေါက်တာမြင့်ဇော်က ရာသီဥတုပြောင်းလဲမှုဆိုင်ရာ “အရေးပေါ်အခြေအနေ” ခေါင်းစဉ်ဖြင့် ဟောပြောခြင်း။
- ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)က သဘာဝပတ်ဝန်းကျင်ဆိုင်ရာ “ခံစားမှုတန်းဖိုး” ခေါင်းစဉ်ဖြင့် ဟောပြောခြင်းတို့ကို ပြုလုပ်သွားမည်ဖြစ်သည်။
- အမေးအဖြေ ကဏ္ဍအစီအစဉ်။
- အောင်ပင်လယ်လူမှုဝန်းကျင်မဂ္ဂဇင်းအား မှာယူရရှိနိုင်သောနေရာများကို အသိပေးကြေညာခြင်း။
စသည့် အစီအစဉ်များပါဝင်သွားမည်ဖြစ်ပါသည်။
ပွဲအတွင်းတက်ရောက်သူများအား လက်ဆောင်ပို့ပေးမည်ဖြစ်ပါသဖြင့် မိမိ၏ နေရပ်လိပ်စာအား Chatbox အတွင်းသို့ လာရောက်ပြောကြားပေးစေချင်ပါသည်။
တက်ရောက်ပါဝင်လိုသူများအနေဖြင့် အောက်ဖော်ပြပါ လင့်ခ်ထဲသို့ သွားရောက် Register ပြုလုပ်ပေးကြပါရန် ပန်ကြားအပ်ပါသည်။
https://forms.office.com/Pages/ResponsePage.aspx?id=s0RThADCr0aX3dNkc0XmTts0wBFcPEFOiFrC-0Ss_cBURFRINURHMkg2WDRCWFBJWkVMUEZOUzE4WC4u&fbclid=IwAR0JmrP6tGyDbOzJtLPB9Ig9LLVV2D9fkIJZuOjJaD1yH2FnXKzk2KMAjZg
Zoom link
You are invited to a Zoom webinar.
When: Oct 21, 2020 10:00 AM Rangoon
Topic: အောင်ပင်လယ်လူမှုဝန်းကျင်မဂ္ဂဇင်း စိန်ရတုခရီးနှင့် မျက်မှောက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများ
Please click the link below to join the webinar:
အခမ်းအနားပြုလုပ်မည့် Zoom link
https://us02web.zoom.us/j/83927784505...
Webinar ID: 839 2778 4505
Passcode: 59021
18/10/2020
ကမ္ဘာကြီးအေးမြနေစေရန် အကောင်းဆုံးနည်းလမ်းမှာ သဘာဝပတ်ဝန်းကျင်မပျက်စီးအောင် ကာကွယ်စောင့်ရှောက်ခြင်းပင်ဖြစ်ဟုဆို
====================================
KK(IR)
ကမ္ဘာကြီးပူနွေးနေမှုကို ရပ် တန့်ရန် အကောင်းမွန်ဆုံးနည်း လမ်းမှာ တောတွင်းနေထိုင်သည့် ဒေသခံတိုင်းရင်းသားများကို လုပ် ပိုင်ခွင့်ပေးအပ်ရန်၊အစားအသောက် များ လေလွှင့်ဆုံးရှုံးမှုကို လျှော့ချ ရန်နှင့် အသားစားသုံးခြင်းကို သိသိသာသာ လျှော့ချရန်ပင်ဖြစ် ပြီး သဘာဝပတ်ဝန်းကျင်ကို ကာ ကွယ်စောင့်ရှောက်ခြင်းပင်ဖြစ် သည်ဟု 38 NGOs မဟာမိတ် အဖွဲ့က သတင်းထုတ်ပြန်သည်။
သဘာဝ သစ်တောများ၏ ဂေဟစနစ်များအား ပြန်လည် ထိန်းသိမ်းခြင်း၊ ဒေသခံလူ့အဖွဲ့ အစည်းများ၏မြေယာဆိုင်ရာအခွင့် အရေးများကို ခိုင်မာစိတ်ချရစေ ခြင်းနှင့် ကမ္ဘာ့စားနပ်ရိက္ခာစနစ်ကို ပြန်လည်ပြင်ဆင်ခြင်းတို့က ယခု ရာစုနှစ်အလယ်တွင် ဖန်လုံအိမ် အာနိသင်ဓာတ်ငွေ့ ထုတ်လွှတ်မှု ၄ဝ ရာခိုင်နှုန်းကိုလျှော့ချနိုင်လိမ့် မည်ဖြစ်ပြီး ရာသီဥတုဆိုင်ရာကပ် ဘေးမှ လူသားများရင်ဆိုင်ရခြင်း ကို ရှောင်ရှားနိုင်မည်ဟု ဖော်ပြ ထားသည်။ ကာဗွန်ဒိုင်အောက် ဆိုက်ဓာတ်ငွေ့ CO2 စုပ်ယူမည့် သစ်တောများနှင့် စိမ့်မြေများ၏ အရည်အသွေးကို တိုးမြှင့်ခြင်းဖြင့် ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့ထုတ် လွှတ်မှုထက်ဝက်ခန့်ကို လျှော့ချနိုင် မည်ဟုသိရသည်။ ကျန်တစ်ဝက် ကို ကာဗွန်လွန်ကဲ့သည့် ပုံစံများဖြင့် စိုက်ပျိုးခြင်းများကို လျှော့ချခြင်း ဖြင့်ဆောင်ရွက်နိုင်မည်ဟုဆိုသည်။
လက်ရှိတွင် ကမ္ဘာကြီးသည် ဆက်လက်ပူနွေးနေပြီး သစ်ပင် များလည်း ရှင်သန်နိုင်ခြင်းမရှိ တော့ကာ စက်မှုအကြိုကာလက ထက် ၄ ဒီဂရီဆဲလ်စီးယပ်စ် ပိုမိုပူ နွေးနေလျက်ရှိသည်။ ထို့ကြောင့် ပြီးခဲ့သည့်သီတင်းပတ်အတွင်း၌ ကုလသမဂ္ဂ၏ ရာသီဥတုပြောင်း လဲမှုဆိုင်ရာ သုံးသပ်ချက်တွင် အပူ ချိန် ၁ ဒသမ ၅ ဒီဂရီဆဲလ်စီး ယပ်စ်လျှော့ချရန် စံတစ်ခုသတ် မှတ်ခဲ့သည်။ ထို့ပြင် ဘူမိအင်ဂျင်နီ ယာလုပ်ငန်းများနှင့် နည်းပညာ များအလွန်အကျွံအသုံးပြုနေသည့် လုပ်ငန်းများအား လေထုထဲမှ ပိုလျှံ များပြားနေသည့် CO2 ပမာဏကို အထူးသဖြင့် ဇီဝလောင်စာများ သုံးစွဲခြင်းနှင့် CO2 ထုတ်လွှတ် မှုကို တားဆည်းခြင်းတို့ဖြင့် တွက် ချက်နှိုင်းယှဉ်သုံးသပ်ကြရန်တောင်း ဆိုထားသည်ဟုလည်း အတည်ပြု ထားသည်။
Ref: AFP
The Union Daily
17/10/2020
ဆာဟယ်နှင့်ဆာဟာရသဲကန္တာရများအတွင်း၌ သစ်ပင်များစွာ ပေါက်ရောက်ရှင်သန်နေဟု တွေ့ရှိ
====================================
ကမ္ဘာပေါ်ရှိသဲကန္တာရများထဲတွင် အခြောက်သွေ့ဆုံးကန္တာရအဖြစ် သတ်မှတ်ခံထားရသည့်ဆာဟယ်နှင့်ဆာဟာရသဲကန္တာရများအတွင်း၌ သစ်ပင်များစွာ ပေါက်ရောက်ရှင်သန်နေသည်ဟု တွေ့ရှိခဲ့ကြောင်း အေ အက်ဖ်ပီသတင်းဌာနက ဖော်ပြသည်။
အမေရိကန်၊ ဥရောပနှင့် အာဖရိကတိုက်များမှ သိပ္ပံပညာရှင်များ စုပေါင်းပြုလုပ်ခဲ့သည့်လေ့လာမှုတစ်ရပ်အရ ထိုကဲ့သို့ တွေ့ရှိခဲ့ခြင်းဖြစ် သည်။ သိပ္ပံပညာရှင်များသည် အရည်အသွေးမြင့် မှန်ဘီလူးများကို အသုံးပြုကာ ဂြိုဟ်တုဓါတ်ပုံများ ရယူပြီးနောက် အသေးစိတ်လေ့လာ ခဲ့ခြင်းဖြစ်သည်။ စတုရန်းကီလိုမီတာ ၁ ဒသမ ၃ သန်းခန့်အကျယ်အဝန်း ရှိသော သဲကန္တာရအတွင်းရှိ နေရာများကို ဂြိုဟ်တုဓါတ်ပုံများ ရိုက်ကူး ကာ လေ့လာမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ လေ့လာမှုအရ အဆိုပါနေရာ၌ သစ်ပင် ၉ဝဝဝဝ ခန့် ပေါက်ရောက်ရှင်သန်နေသည်ဟု တွေ့ရှိခဲ့သည်။ လေ့လာမှု ပြုလုပ်ရာတွင် ပါဝင်ခဲ့သောသိပ္ပံပညာရှင်တစ်ဦးက အံ့အား သင့်ဖွယ်ကောင်းသည့် တွေ့ရှိမှု တစ်ရပ်ဖြစ်ကာ သဲကန္တာရများသည် မူလယူဆထားသည်ထက် ပိုမိုလေးနက်သည့်ထူးခြားချက်များ ရှိနေနိုင် သည်ဟု ပြောသည်။
NG(Ref; AFP)
16/10/2020
ဖွံ့ဖြိုးတိုးတက်မှုရဲ့ နောက်ဆက်တွဲဝေဒနာ
========================
အများကြီး မပြောတော့ပါဘူး။ ဖော်ပြထားတဲ့ ပုံကို ကြည့်ပါ။ သေသေချာချာကြည့်ပါ။
အထပ်မြင့် အဆောက်အဦးတွေကြားမှာ သစ်ပင်လေးတစ်ပင်ရှိတယ်။ အဲဒီသစ်ပင်ရိပ်မှာ ခိုဝင်ဖို့ရဖို့ လူတွေအများကြီး စောင့်ဆိုင်းနေတာတွေ့ရ တယ်။ သစ်ပင်အရိပ်ကို လူတစ်ဦးချင်း အလှည့်ကျခိုဝင်ကြရတယ်။ လူတစ်ဦးက လင့်စင်ပေါ်ကနေ နာရီကို ကြည့်ပြီး အလှည့်ကျ တစ်ယောက်ပြီး တစ်ယောက်ခေါ်နေတယ်။
အဲဒီပုံလေးကိုကြည့်ပါ။ သေသေချာချာကြည့်ပါ။ နိုင်ငံတော် အစိုးရအဖွဲ့၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေ၊ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း လုပ်တဲ့သူတွေ ဒီပုံရဲ့အဓိပ္ပါယ်ကို မြင်အောင်ကြည့်ကြပါ။
ဖွံ့ဖြိုးတိုးတက်မှုတွေကို အသိပညာမဲ့၊ နည်းပညာမဲ့ လုပ်နေကြရင် ဒီအဖြစ်မျိုး မကြုံဘူးလို့ ဘယ်သူမှ မပြောနိုင်ပါဘူး။ သတိထားသင့်ပါတယ်။ လမ်းနဲ့ မလွတ်တိုင်း၊ ဓာတ်ကြိုးနဲ့ မလွတ်တိုင်း၊ အဆောက်အဦးနဲ့ မလွတ်တိုင်း၊ စီမံကိန်းနဲ့ မလွတ်တိုင်း သစ်ပင်တွေ ခုတ်နေမယ့်အစား သစ်ပင်တွေနဲ့ လွတ်အောင် ဘယ်လိုလုပ်မလဲ နည်းနည်းလေးတွေးကြည့်ပေးကြပါလား...။
လမ်းနဲ့ မလွတ်တိုင်း သစ်ပင်တွေ ခုတ်လှဲမယ်ဆိုတဲ့ မှိုတက်နေတဲ့ အတွေးအခေါ်တွေကို နေထုတ်လှန်းသင့်ပါပြီ။နိုင်ငံတကာမှာ ဘယ်လိုတွေ ...
15/10/2020
လမ်းနဲ့ မလွတ်တိုင်း သစ်ပင်တွေ ခုတ်လှဲမယ်ဆိုတဲ့ မှိုတက်နေတဲ့ အတွေးအခေါ်တွေကို နေထုတ်လှန်းသင့်ပါပြီ။
နိုင်ငံတကာမှာ ဘယ်လိုတွေ လုပ်နေလဲဆိုတာလည်း ပြတင်းပေါက်ဖွင့်ပြီး ကြည့်ကြပါဦး။
လမ်းဖောက်တာ၊ လမ်းချဲ့တာ ကောင်းတာပေါ့။ ဒါပေမယ့် သစ်ပင်တွေ မခုတ်ရအောင် လုပ်နိုင်ရင် ပိုကောင်းတာပေါ့။ လုံးဝလုံးဝ ရှောင်လို့မရရင်တော့ ဘယ်တတ်နိုင်မလဲ။ အတတ်နိုင်ဆုံးတော့ ခေတ်မီအတွေးအခေါ်၊ ခေတ်မီပညာရပ် တွေနဲ့ သစ်ပင်တွေ မခုတ်ရအောင်၊ မဆုံးရှုံးရအောင် လုပ်ကြရမယ်။
အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ်(၁၃/၂၀၂၀)============================(၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ  ၁၂  ရက်)======...
12/10/2020
အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ်(၁၃/၂၀၂၀)
============================
(၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၂ ရက်)
================================
(မြန်မာစံတော်ချိန်(၁၆:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
===================================
(က) အားကောင်းသောမုန်တိုင်းငယ်အခြေအနေ
(၁) ယနေ့မြန်မာစံတော်ချိန် (၁၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression)သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ပိုမိုအားကောင်း လာကာ၊ အားကောင်းသော မုန်တိုင်းငယ်(Deep Depression) အဖြစ်သို့ ရောက်ရှိခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ဗီဆာကာ ပတ္တနမ်မြို့(Vishakhapatnam)၏ တောင်-အရှေ့တောင်ဘက် ရေမိုင်(၁၄၀)မိုင်ခန့်နှင့် ကာကီနာဒါမြို့(Kakinada)၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင်(၁၆၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။
(၂) အားကောင်းသောမုန်တိုင်းငယ်(Deep Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံ ဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါ သည်။
(ခ) အားကောင်းသောမုန်တိုင်းငယ်၏ တည်နေရာ၊ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
အားကောင်းသောမုန်တိုင်းငယ်(Deep Depression)သည် မြန်မာစံတော်ချိန် (၁၅:၃၀)နာရီ အချိန်တွင် မြောက်လတ္တီကျု (၁၅.၉)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၄.၈)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၁၀၀၀)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၄၀)နှုန်း ဖြစ်ပါသည်။
(ဂ) နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်
အဆိုပါ အားကောင်းသောမုန်တိုင်းငယ်(Deep Depression)သည် နောက်(၂၄) နာရီအတွင်း အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားကာ အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်ပြည်နယ် မြောက်ပိုင်းကမ်းခြေကို ဖြတ်ကျော် ဝင်ရောက်မည် ဟု ခန့်မှန်းရပါသည်။
(ဃ) သတိပေးနှိုးဆော်ချက်
အဆိုပါ အားကောင်းသောမုန်တိုင်းငယ်(Deep Depression)၏ အရှိန်ကြောင့် မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး၊ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၁)ပေခန့် ရှိနိုင်ပါ သည်။
(င) အကြံပြုချက်
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်း ရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါ သည်။
06/10/2020
မြန်မာအစိမ်းရောင်ကွန်ရက် တာဝန်ခံ၊ အောင်ပင်လယ်လူမှုဝန်းကျင်မဂ္ဂဇင်း အယ်ဒီတာချုပ် ဒေါ်ဒေ၀ီသန့်စင်နှင့် မြန်မာနောင်းသတင်းဌာနတို့ ၂၀၁၆ ခုနှစ်က တွေ့ဆုံခဲ့သည့် အင်တာဗျူးဖြစ်သည်။
"စီမံကိန်းတိုင်းကို ကန့်ကွက်ပြီး တားဆီးနေတာ မဟုတ်ဘူး"
==================================
နိုင်ငံတကာမှာ ကျောက်မီးသွေးနဲ့ လျှပ်စစ်ထုတ်တဲ့နေရာမှာ ဖြစ်ဖြစ်၊ ကျောက်မီးသွေးတူးပြီး စီးပွားရှာတာဖြစ်ဖြစ် ပိတ်သိမ်းနေကြတာတွေများတယ်။ အရင်တုန်းကတော့ မရှိသုံး သုံးရတာပေါ့။ ဒါပေမဲ့နောက်ပိုင်းမှာ လျှပ်စစ်စွမ်းအင်နဲ့ ပတ်သက်ပြီး အစားထိုးစရာတွေ အများကြီးပဲ၊ အထူးသဖြင့် သဘာဝက ထုတ်ယူနိုင်တဲ့ ရေအား၊ နေစွမ်းအင်၊ လေစွမ်းအင်တွေနဲ့ အစားထိုးပြီးတော့ လူ့ရဲ့အသက်အန္တရာယ်၊ ကျန်းမာရေး၊ ပတ်ဝန်းကျင် မထိခိုက်အောင်
နည်းပညာအသစ်တွေ အသုံးပြုနေတာ တွေ့ရတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုတာ အစိုးရတွေက အဓိကထားပြီး စဉ်းစားသင့်တဲ့ ဘာသာရပ်တစ်ခုဖြစ်တယ်။ မြန်မာပြည်တစ်ခုတည်း လုပ်လို့ မရဘူး။ ဘယ်တိုင်းပြည်မှာ ဖြစ်ဖြစ် Green Policy (ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာမူဝါဒ) ထည့်ပြီးတော့လုပ်မှ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ လူသားမျိုးနွယ်တွေအတွက် သက်တမ်းလည်း ရှည်ကြမယ်၊ ကမ္ဘာကြီးလည်း ကျန်းမာမယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုတာ သဘာဝကပေးတဲ့ လေထု၊ ရေထု၊ မြေထုပေါ်မှာ အခြေခံထားတာ။ လေကို ရှူနေရတယ်၊ ရေကို သန့်ရှင်းမှုအတွက်၊ စိုက်ပျိုးရေးနဲ့ ကိုယ့်ရဲ့ကျန်းမာရေးအတွက်ကို သုံးနေရတယ်။ မြေဆိုရင်လည်း အိမ်ရာဆောက်နေရတယ်၊ စိုက်ပျိုးနေရတယ်။ ဒါကြောင့် ဒီရေထု၊ လေထု၊ မြေထုတွေ ညစ်ညမ်းကုန်ရင် လူတွေရဲ့ စားဝတ်နေရေးပါ ဒုက္ခရောက်နိုင်တယ်။ ဒါကြောင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနကို သီးသန့်ဝန်ကြီးဌာနအဖြစ် ထားသင့်တယ်။ သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အနေနဲ့ အရင်တုန်းက နှစ်ငါးဆယ်လုံးလုံး အဲဒီဝန်ကြီးဌာန မရှိခဲ့ဘူး။ အခုရှိပြန်တော့လည်း သစ်တောဝန်ကြီးဌာနနဲ့ တွဲထားတယ်၊ လူသားတွေအတွက် အခြေခံအကျဆုံး၊ အကျယ်ပြန့်ဆုံး ကိစ္စရပ်ကြီး တစ်ခုအတွက် ဝန်ကြီးဌာန သီးသန့် ရှိသင့်တယ်။ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ နိုင်ငံရေး အကုန်လုံးဟာ သဘာဝပတ်ဝန်းကျင်နဲ့ မလွတ်ကြဘူး။ အိန္ဒိယမှာ ၁၉၈ဝ တုန်းက ကြက်သွန် ၁ဝ ရူပီးကနေ ၈၈ ရူပီး ဖြစ်သွားတဲ့အချိန်မှာ အင်ဒီရာဂန္ဒီအစိုးရ ပြုတ်ကျသွားတယ်၊ အီဂျစ်မှာ ဆိုလည်း ဒီအတိုင်းပဲ၊ ကောက်ပဲသီးနှံဈေးတွေ တက်လာတဲ့အခါမှာ သမ္မတမူဘာရက် ဒုက္ခရောက်တာပဲ၊ ပြည်သူတွေက ကုန်ဈေးနှုန်းတက်တဲ့ဒဏ်ကို မလိုချင်ကြဘူး။ ဒါပေမဲ့ ကမ္ဘာမှာလည်း ရာသီဥတု ဖောက်ပြန်မှုတွေကြောင့် စိုက်ပျိုးရေးနိုင်ငံတွေ အရမ်းနစ်နာတယ်။ သဘာဝပတ်ဝန်းကျင်ရဲ့ပြောင်းလဲမှုတွေ၊ ဆုတ်ယုတ်မှုတွေက နိုင်ငံချင်း ဆက်စပ်နေတယ်၊ ဥပမာ အင်ဒိုနီးရှားမှာ တောမီးလောင်တယ်၊ သူ့ဟာသူ မီးလောင်တာ (အိမ်နီးချင်း) မလေးရှားနဲ့ စင်ကာပူကကျောင်းတွေပိတ်၊ လေယာဉ်ခရီးစဉ်တွေ ဖျက်ရတယ်၊ သဘာဝကိုက တောတောင်ရေမြေ၊ ပင်လယ်သမုဒ္ဒရာတွေကို ကာဆီးထားလို့မရဘူး။ အဲ့ဒီအတွက်ကြောင့် နိုင်ငံတိုင်း Green Policy ရှိသင့်တယ်။ မဟုတ်ရင် ကမ္ဘာဟာ ဒီထက် အပူချိန်တွေ တက်လာမယ်၊ ရေခဲတောင်တွေ ပြိုမယ်၊ ပင်လယ်ရေတွေ မြင့်တက်လာမယ်။
အင်တာဗျူး အပြည့်အစုံကို မြန်မာနောင်း သတင်းဌာန ၀က်ဘ်ဆိုက် https://myanmar-now.org/mm/news/1017 တွင် ၀င်ရောက် ဖတ်ရှုနိုင်ပါသည်။
နေ့စဉ်မိုးလေဝသသတင်း==============(၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၂)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)=============...
02/10/2020
နေ့စဉ်မိုးလေဝသသတင်း
==============
(၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၂)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
===========================================
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်း(အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်‌ပြည်နယ်မြောက်ပိုင်းကမ်းလွန်နှင့် ဩရိဿပြည်နယ် တောင်ပိုင်းကမ်းခြေ)တို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပါသည်။ ဘင်္ဂလား ပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေပါသည်။
ယနေ့ညနေအထိခန့်မှန်းချက်။ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် နေရာကွက်ကျား၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၃၀)မှ (၃၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၆)ပေမှ (၉)ပေခန့်ရှိနိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မြစ်ဝကျွန်းပေါ်ဒေသများတွင် ထစ်ချုန်းမည့်အခြေအနေများ ဆက်လက် ဖြစ်ပေါ်နေမည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ်ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ်ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်
01/10/2020
ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
===========================
(၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၁)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန် ထုတ်ပြန်ချက်)
===========================================
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပါသည်။
ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်‌​လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်
---------------------------------------------------------------------
မိုးလေ၀သအ‌ခြေအနေ။ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်။
အမြင်တာ ။ (၄)မိုင်၊ မိုးရွာစဉ် (၁)မိုင်ခန့်။
ရေပြင်လေ။ အနောက် (သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် (၁၀-၁၅)မိုင်၊ တစ်ခါတစ်ရံ မိုင်(၃၀)မှ (၃၅)မိုင်။
လှိုင်းအ‌ခြေအနေ။ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။
လှိုင်းအမြင့်။ (၆)ပေမှ (၉)ပေခန့်။
ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်
--------------------------------------------------------------------------
မိုးလေ၀သအ‌ခြေအနေ။ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်။
အမြင်တာ ။ (၄)မိုင်၊ မိုးရွာစဉ် (၁)မိုင်ခန့်။
ရေပြင်လေ။ တောင်(သို့) အရှေ့တောင်၊ တစ်နာရီပင်လယ်မိုင် (၁၀-၁၅)မိုင်၊ တစ်ခါတစ်ရံ မိုင်(၃၀)မှ (၃၅)မိုင်။
လှိုင်းအ‌ခြေအနေ။ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။
လှိုင်းအမြင့်။ (၆)ပေမှ (၉)ပေခန့်။
၃၀.၉.၂၀၂၀ ရက်နေ့၊ (၀၇ ၀၀)အချိန်၊ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်တွင် နန့်ရင်း/နန့်ကောင်းချောင်းရေမြင့်...
01/10/2020
၃၀.၉.၂၀၂၀ ရက်နေ့၊ (၀၇ ၀၀)အချိန်၊ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်တွင် နန့်ရင်း/နန့်ကောင်းချောင်းရေမြင့်တက်မှုကြောင့် နန့်ရင်းရပ်ကွက်၊ အရှေ့ရပ် ရပ်ကွက်၊ အလယ်ရပ် ရပ်ကွက်၊ အထက်ရှမ်းစုကျေးရွာများအတွင်း ရေဝင်ရောက်လျက်ရှိသည့် ရွှေ့ပြောင်းမည့်နေအိမ်များအား မိုးကောင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ ဖိုက်ဘာလှေ (၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးစခန်းနေရာသို့ ရွှေ့ပြောင်းကူညီဆောင်ရွက်ခဲ့ပါသည်။
01/10/2020
________________________________________________
သတင်း- သူရိယထက်
_______________________________________________
မုံရွာ၊
၂၀၂၀၊ စက်တင်ဘာ - ၃၀
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မိုးရွာသွန်းမှုနည်းပါးသဖြင့် ကြံစိုက်ဧက တစ်သောင်းကျော်လျော့ နည်း
________________________________________________
သတင်း- သူရိယထက်
_______________________________________________
မုံရွာ၊
၂၀၂၀၊ စက်တင်ဘာ - ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၌ မိုးရွာသွန်းနည်းပါးသဖြင့် ကြံစိုက်ဧက တစ်သောင်းကျော် လျော့နည်းခဲ့ကြောင်းစစ်ကိုင်းတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာ န၊ ကြံတာဝန်ခံထံမှ သိရသည်။
ပြီးခဲ့သည့်နှစ် မိုးနှောင်းကာလတွင် စစ်ကိုင်းတိုင်းဒေ သကြီးအတွင်း၌ မိုးရွာသွန်းမှုနည်းပါးခဲ့သဖြင့် မြေအစိုဓါတ်ရရှိမှုနည်းပြီး စိုက်ပျိုးချိန်နောက်ကျခဲ့ သ ဖြင့် စိုက်ဧက တစ်သောင်းကျော် လျော့နည်းခဲ့ခြင်း ဖြစ်သည်။
"ကြံစိုက်ဧကလျော့နည်းတာက ပြီးခဲ့တဲ့ မိုးနှောင်း မြေ ပြင်တဲ့ အချိန်မှာ မိုးခေါင်တဲ့အတွက် အောက်မြေအစိုဓါတ်မရတော့ တောင်သူကလည်း စိုက်ချိန်နောက်ကျတယ်၊ အဲဒါကြောင့်မို့ စိုက်ဧကလျော့နည်းသွားတာ ဖြစ်ပါတယ်၊ ကြံက မြေအစိုဓါတ်မရှိရင် စိုက်ပျိုးလို့မရပါဘူး၊လျော့နည်းတာကတော့ တစ်တိုင်းလုံးအတိုင်း အတာ အနေနဲ့ ဧက(၁)သောင်းကျော်လျော့နည်းခဲ့တာ ဖြစ်ပါတယ်"ဟု စစ်ကိုင်းတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ ကြံတာဝန်ခံ ဒေါ်မိုးမှီတင်က ပြောသည်။
ယခုနှစ်စိုက်ရာသီတွင် ကြံစိုက်ဧက ၁၇၀၀၀၀ စိုက် ပျိုးရန် လျာထားခဲ့ရာ ယခုအချိန်ထိ ချက်ကြံ ၁၅၄၂ ၉၄ ဧက၊ စားကြံရင့် ၂၀၃ ဧက၊စုစုပေါင်း ၁၅၄၄၉၇ ဧက စိုက်ပျိုးခဲ့သဖြင့် တစ်တိုင်းလုံးအတိုင်းအတာ အနေဖြင့် ၁၅၅၀၃ ဧက လျော့နည်းခဲ့ခြင်း ဖြစ်သည်။
ကြံစိုက်ပျိုးရာတွင် ကုန်ကျစရိတ်အနေဖြင့် ပထမ ခင်းသစ်စိုက်ပျိုးရာတွင်သာ ခြောက်သိန်းနှင့် ခုနှစ်သိန်းကြား ကုန်ကျပြီး နောက်နှစ်လမိုင်းတွင် ကုန်ကျစရိတ်မရှိကြောင်း၊ ဈေးကွက်အနေဖြင့် ထီးချိုင်‌မြို့နယ်၊ မောင်းကုန်းသကြားစက်နှင့် ကန့်ဘလူမြို့နယ်၊ ဇီးကုန်းသ ကြားစက်များမှ ဝယ်ယူနေသလို တောင်သူများအနေ ဖြင့်လည်း ကိုယ်တိုင်ကြံကြိတ်ကာ သကာအဖြစ် မန္တ‌
လေးတိုင်းဒေသကြီးနှင့် တရုတ်ပနိုင်ငံသို့ တင်ပို့ရောင်းချမှုများလည်း ရှိသည်။
"ကြံစိုက်ပျိုးမယ်ဆိုရင် ပထမနှစ်အခင်းသစ်အတွက်အရင်းရဲ့တစ်ဝက်လောက်ဘဲ အမြတ်ရမယ်၊ နောက်နှစ်လမိုင်းဆိုရင်တစ်ခင်းလုံးအမြတ်ရမှာဖြစ်ပါတယ်၊ အခင်းသစ်စိုက်ပျိုးရင်တစ်ဧကကို ခြောက်သိန်း‌နဲ့ ခုနှစ်သိန်းကြားကုန်ကျမှာဈေးကွက်အနေဖြင့် ကန့်ဘလူဇီးကုန်း သကြားစက်နှင့် ထီးချိုင့် မောင်းကုန်း သကြားစက်‌ အဲဒီသကြားစက် နှစ်ခုက ဝယ်ယူနေပါတယ်၊ နောက် တစ်ခုက တောင်သူတွေက ကြံကို ကိုယ်တိုင်ကြိတ်ပြီး တော့ သကာရည်လုပ်ပြီး ရောင်းကျတယ်၊ မုံရွာခရိုင်၊ အရာတော်က ကြံစိုက်တောင်သူတွေကတော့ ကြံရည် အတွက်ဘဲ ဦးစားပေး စိုက်ပျိုးကျတာ တွေ့ရပါတယ်" ဟု စစ်ကိုင်းတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ ကြံတာဝန်ခံ ဒေါ်မိုးမှီတင်က ပြောသည်။
ထို့အပြင် ယခုနှစ်ဩဂုတ်လပိုင်းက မကွေးတိုင်းဒေသကြီးအပါအဝင် အခြားကြံစိုက်ပျိုးသည့် ဒေသများ၌ ကြံရွက်ဖြူရော ဂါကျရောက်ခဲ့သော်လည်း စစ်ကိုင်း တိုင်းဒေသကြီးတွင် ယခုအချိန်ထိ အဆိုပါရောဂါကျရောက်ခြင်း မရှိသေးကြောင်း သိရသည်။
"စစ်ကိုင်းတိုင်းမှာကြံရွက်ဖြုရောဂါကျရောက်တာ မ‌ တွေ့သေးပါဘူး၊ ကျွန်မတို့စစ်ကိုင်းတိုင်းက မိုးလည်း နောက်ကျတယ်၊ မိုးလည်းနည်းတဲ့အတွက် ရေငတ်သလိုမျိုး ကြံရွက်ဖြူရောဂါမဟုတ်တဲ့ အဖြူ အပြော က်ပြောက်တွေဖြစ်တဲ့ ကြံပင်တွေရှိတယ်၊ ဒါပေမဲ့ ဒါတွေက စစ်ကိုင်းတိုင်းအတွက် ပြဿနာမရှိပါဘူး၊ မိုးဖြိုင်ဖြိုင်ကျတာနဲ့ အဲဒါကသူ့ဘာသာသူ ပျောက်သွား မှာပါ၊ ကြံဆိုတဲ့သီးနှံက အကြမ်းလည်းခံပါတယ် ကြံရွက်ဖြူရောဂါကျရောက်မှုလည်း မရှိသေးပါဘူး၊ တ ကယ်လို့ တွေ့ခဲ့မယ်ဆိုရင်လည်း ကြံသုသေသနကို ရောဂါ‌ကျရောက်နေတဲ့ ကြံတွေပေးပို့ပြီးတော့ ရောဂါစစ်မစစ် စစ်ဆေးသွားမှာ ဖြစ်ပါတယ်"ဟု စစ်ကိုင်း တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ ကြံတာဝန်ခံ ဒေါ်မိုးမှီတင်က ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး၌ ကြံစိုက်ကျိုးရာတွင် ဒေသမျိုးCo-775၊F-8371မျိုးများကို အဓိကထားစိုက်ပျိုး ကျသော်လည်း အထွက်ကောင်းမျိုးဖြစ်သည့် နေပြည်တော-၁၊ နဝဒေး-၄၊ Dar-4၊ ဆင်းရွှေလီမျိုးများ ကိုလည်း စိုက်ပျိုးကျကာ မိုးစိုက်နှင့် ရေတင်စိုက်များကို ဦးစားပေးစိုက်ပျိုးကြောင်း သိရသည်။
Address
Alerts
Be the first to know and let us send you an email when Environmental Database for Myanmar Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Shortcuts
  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?
Share