Daily News & Knowledge

Daily News & Knowledge Daily News and Knowledge

ယူကရိန်းစစ်ပွဲအတွင်း ရုရှားစစ်သား ၅၉၃၇ ဦးသေဆုံးဟု ရုရှား ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ယူကရိန်းကို စစ်ရေးအရ ဝင်ရောက် တိုက်...
22/09/2022

ယူကရိန်းစစ်ပွဲအတွင်း ရုရှားစစ်သား ၅၉၃၇ ဦးသေဆုံးဟု ရုရှား ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်

ယူကရိန်းကို စစ်ရေးအရ ဝင်ရောက် တိုက်ခိုက်ခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်က တည်းက ယူကရိန်းတွင် ရုရှားစစ်သား ၅၉၃၇ ဦးသေဆုံးခဲ့သည်ဟု ရုရှားကာကွယ်ရေးဝန် ကြီး ဆာဂေးရွှိုက်ဂူက စက်တင်ဘာ ၂၁ ရက် တွင် ပြောကြားခဲ့ပြီး ယင်းသည် ရုရှားစစ်တပ် ၏ ဆုံးရှုံးမှုများနှင့်ပတ်သက်ပြီး ကြုံတောင့် ကြုံခဲ ဝန်ခံမှုတစ်ခုဖြစ်ခဲ့သည်။

ကာတွန်းဖောင်းဖောင်း
22/09/2022

ကာတွန်းဖောင်းဖောင်း

ချစ်သူထားခဲ့မှ အသည်းကွဲရတာမျိုးမဟုတ်ပါဘူး ။အမြဲတမ်းရှိနိုင်မယ်လို့ ထင်မိတဲ့အရာလေးတစ်ခုကို ဆုံးရှုံးလိုက်ရတာဟာလည်း နာကျင်...
17/06/2021

ချစ်သူထားခဲ့မှ အသည်းကွဲရတာမျိုးမဟုတ်ပါဘူး ။
အမြဲတမ်းရှိနိုင်မယ်လို့ ထင်မိတဲ့အရာလေးတစ်ခုကို ဆုံးရှုံးလိုက်ရတာဟာလည်း နာကျင်စရာပဲ မဟုတ်လား...💔

⚪✔El Clasicoပွဲစဉ်နဲ့ ဂျူဗင် ဘာကာပွဲစဉ်မတိုင်မှီ ရော်နယ်ဒိုအပေါ်မက်ဆီရဲ့ပြောစကား-◾"ရော်နယ်ဒို မက်ဒရစ်မှာ ရှိတုန်းက El Cl...
25/10/2020

⚪✔El Clasicoပွဲစဉ်နဲ့ ဂျူဗင် ဘာကာပွဲစဉ်မတိုင်မှီ ရော်နယ်ဒိုအပေါ်မက်ဆီရဲ့ပြောစကား-

◾"ရော်နယ်ဒို မက်ဒရစ်မှာ ရှိတုန်းက El Clasicoပွဲစဉ်တွေဟာ အရမ်းကိုထူးခြားပီး သမိုင်းမှာ ကျန်ရစ်နေခဲ့မယ့် ပုံရိပ်တွေပါ၊ အခုရော်နယ်ဒိုမရှိတော့ပေမဲ့ El Clasicoပွဲစဉ်တွေက စိတ်လှုပ်ရှားဖို့ကောင်းတုန်းပါပဲ ဒါပေမဲ့ ရော်နယ်ဒို ရှိတဲ့ အချိန်တုန်းက အဲ့ဒီပြိုင်ပွဲတွေဟာ ပိုမိုအသက်ဝင်ပီး ယှဉ်ပြိုင်ရတဲ့ အသင်းနှစ်သင်းလုံးအတွက်အဓိပ္ပါယ်ရှိပါတယ်”။

◾"ကျွန်တော်တို့ရဲ့ အသင်းတွေဖြစ်တဲ့ ရီးရဲမက်ဒရစ်နဲ ဘာစီလိုနာဆိုတာ ကမ္ဘာပေါ်မှာ အကောင်းဆုံးအသင်းတွေပါ၊အဲ့လိုအကောင်းဆုံးအသင်းရဲ့ အကောင်းဆုံးယှဉ်ပြိုင်မှုတွေကို နှစ်ပေါင်းများစွာခင်များတို့မြင်တွေ့ခဲ့ရပါတယ်၊ ရော်နယ်ဒိုနဲ့ ကျွန်တော်တို့ 2ယောက်ကြားမှာ အောင်မြင်မှုတွေအမြဲယှဉ်ပြိုင်နေပေမဲ့ ပုဂ္ဂိုလ်ရေးမှာအဆင်ပြေကောင်းမွန်ပါတယ်၊အဲ့ဒီအရာကို ပရိတ်သတ်တွေလဲ သဘောကြမယ်ထင်ပါတယ်”။

◾"ယခုအချိန်မှာ အဲ့ဒီအရာတွေက အတိတ်အဖြစ်ကျန်ခဲ့ပါပီ၊ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက် မြင့်တင်ပေးဖို့အတွက် ရှေ့ဆက်လျှောက်ရမယ့်အချိန်ပါ၊အဲ့လိုမြင့်တင်ဖို့အတွက် လာမယ့်ဗုဒ္ဓဟူးနေ့မှာ ဂျူဗင်နဲ့ဘာကာ ချန်ပီယံလိဂ်ပွဲစဉ်ရှိပါတယ်၊ ရော်နယ်ဒိုCovid အခြေအနေကို ကျော်ဖြတ်နိုင်ပီး အဲ့ဒီပွဲမှာ ပါဝင်နိုင်ပါစေလို့ ကျွန်တော်ဆုတောင်းပါတယ်”။

ယူနိုက်တက်မှာ အကြွေးတွေဝိုင်း၊ ဝင်ငွေတွေက ကျက တကယ်လား ဘယ်လောက်လဲ။ ကျန်တာသာ မသုံးနေမယ့် ဂလေဇာတို့က ပိုက်ဆံတွေ အိတ်ထဲတည့်က...
23/10/2020

ယူနိုက်တက်မှာ အကြွေးတွေဝိုင်း၊ ဝင်ငွေတွေက ကျက တကယ်လား ဘယ်လောက်လဲ။ ကျန်တာသာ မသုံးနေမယ့် ဂလေဇာတို့က ပိုက်ဆံတွေ အိတ်ထဲတည့်ကောင်းတုန်းဆို တာ ဟုတ်လား။ အပြောင်းအရွေ့မှာ ပိုက်ဆံ မထွက်ခဲ့တာကိုကော ပရိသတ်အချစ်တော်ကြီး က ဘာပြောလဲ။

အားလုံးတူတူ ကြည့်ကြရအောင်ပါ။

(၁) ဝင်ငွေတွေကကျ၊ အကြွေးတွေကတိုး

ဇွန်လ (၃၀) ထိတစ်နှစ်တာမှာ ယူနိုက်တက်အနေနဲ့ စုစုပေါင်း ဝင်ငွေ ပေါင် (၅၀၉) သန်းရရှိခဲ့ပါတယ်။ ၂၀၁၉ က ဝင်ခဲ့တဲ့ ပေါင် (၆၂၇.၁) သန်းနဲ့ ယှဉ်ရင်ဒါဟာ အတော်လေး သိသိသာသာ ဝင်ငွေကျသွားတာပါ။ ပြီးခဲ့တဲ့ရာသီမှာ ချန်ပီယံလိဂ် မကစားခဲ့ရတာကြောင့် ဝင်ငွေကို ပေါင် (၅၆၀)သန်း - (၅၈၀) သန်း အတွင်း ခန့်မှန်းထားခဲ့ပေမယ့် ကိုရိုနာ ကြောင့် နောက်ထပ် ပေါင် သန်း (၇၀) လောက်မှန်းထားတာထပ် နည်းခဲ့ရပြန်ပါတယ်။

ဒီလိုဖြစ်လာစေတဲ့ အချက်ထဲမှာ ပရိသတ်မပါဘဲ ကစားခဲ့ရတာတွေက အဓိကအကြောင်းတရားတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီကာလတွေအတွင်းရတဲ့ ပမာဏကို ယှဉ်ကြည့်ရင် ၂၀၁၉ မှာ ကွင်းဝင်ကြေးတွေကနေ ပေါင် (၂၃.၈) သန်းဝင်ခဲ့ပေမယ့် ဒီနှစ်မှာ ပေါင် (၅.၅) သန်းသာ ရတဲ့အထိ ထိုးကျသွားခဲ့ပါတယ်။

ရုပ်သံထုတ်လွှင့်သူတွေကိုလည်း ပေါင် (၁၄) သန်း ပြန်အမ်းခဲ့ရတာကြောင့် ဒီအပိုင်းမှာ ဝင်ငွေ (၅၉.၄) % လောက်ကျဆင်းခဲ့ပါတယ်။
ဒါပေမယ့်လည်း ကြော်ငြာအသီးသီးကနေ ရတဲ့ ဝင်ငွေကတော့ ပေါင် (၃.၉) သန်းတက်ထားတာဖြစ်ပါတယ်။

တစ်ဖက်မှာတော့ အိုးထရက်ဖို့ဒ်က မီဂါစတိုး ပိတ်ထားခဲ့ရမှုကြောင့် ပေါင် (၅.၈) သန်းလောက် နစ်နာထားတာရှိပြန်တာပါ။

ဒီတော့ ယူနိုက်တက်ရဲ့ တစ်နှစ်တာ EBITDA (အတိုး၊အခွန်၊အရစ်ကျအကြွေး၊တန်ဖိုးလျော့ခြင်းစတာတွေမပါခင်ဝင်ငွေ) ဟာ ပေါင် (၁၃၂) သန်းအထိ ကျသွားခဲ့တာဖြစ်ပြီး မနှစ်က ကျခဲ့တဲ့ ပေါင် (၁၈၅.၈) သန်းထက်ပိုကျတာ ဖြစ်သလို ၂၀၁၅ နောက်ပိုင်း အနည်းဆုံး ဖြစ်သွားပါတယ်။ တကယ်လို့များ ဒီပမာဏဟာ ပေါင် (၆၅) သန်းအောက် ကျသွားခဲ့မယ်ဆိုရင် ယူနိုက်တက်ကို ပိုက်ဆံချေးထားတဲ့ အဖွဲ့အစည်းတွေဟာ တရားစွဲလို့ရမှာ ဖြစ်ပါတယ်။

နောက်ဆုံးမှာတော့ စုစုပေါင်း ပေါင် (၂၃.၂) သန်းရှုံးခဲ့တာနဲ့ စာရင်းချုပ်ခဲ့ပါတော့တယ်။

ဒါ့အပြင် တစ်ဘက်ကအကြွေးစာရင်းမှာတော့ တက်လာခဲ့တာဖြစ်ပြီး စုစုပေါင်း အကြွေးဟာ ပေါင် (၂၀၃.၆) သန်းကနေ ပေါင် (၄၇၄.၁) သန်းအထိ တက်လာခဲ့တာဖြစ်ပါတယ်။

ဒီလိုတက်လာရခြင်းအချက်တွေထဲမှာ တော့ စပွန်ဆာ ကြေးတွေ နောက်ရွေ့ထားရတာ၊ ၂၀၂၀-၂၁ ရာသီအတွက် ကြိုတင်လက်မှတ်ဖိုး ပေါင် သန်း (၅၀) လောက်ဆုံးရှုံးတာနဲ့ ကစားသမားတွေအတွက် သုံးရငွေ ပေါင် (၅၆.၄) သန်းလောက် တက်လာတာတွေကြောင့် ပါပါတယ်။

ဒါ့အပြင် ယူနိုက်တက်ရဲ့ ဘဏ္ဍာရေးအရာရှိချုပ် ကလစ်ဖ် ဘာတီကတော့ ရာသီကြိုပွဲတွေမကစားနိုင်ခဲ့တာနဲ့ တစ်ရာသီလုံး ကွင်းပိတ်ကစားနိုင်ချေတွေကြောင့် လာမယ့်နှစ်အတွက် ဝင်ငွေလျာထားမှု မရှိဘူးလို့ လည်း ဆိုခဲ့ပါတယ်။

(၂) ကစားသမားတွေကို လစာဖြတ်၊ ရှယ်ယာရှင်တွေ ဝင်ငွေရ

ချန်ပီယံလိဂ်ဝင်ခွင့်မရခြင်းဟာ ကစားသမားတွေအတွက် အိတ်ကပ်ပါးခြင်းပါပဲ။ အခြေခံမားဖြင့် ကစားသမားတိုင်းရဲ့ လစာကနေ လေးပုံတစ်ပုံ နှုတ်တာဖြစ်ပါတယ်။ ဒါပေမယ့် ချွင်းချက်အနေနဲ့တော့ တစ်ယောက်ချင်း ညှိတာတွေ ရှိပါသေးတယ်။

ဒီတော့ကာ ဒီပေါ်လစီအရ ပေါင် (၄၈.၃) သန်းလောက် လျော့သွားခဲ့ပြီး ယူနိုက်တက်ကတော့ ဒါကို “ချန်ပီယံလိဂ်မကစားခဲ့ရခြင်းကြောင့် စာချုပ်ပါ လစာလျော့ချမှု” လို့ ခေါ်ခဲ့တာ ဖြစ်ပါတယ်။

ကစားသမားတွေ လစာလျော့ခဲ့တယ်ဆိုပေမယ့် ရှယ်ယာရှင်တွေကတော့ ဝေစု (အစုပေါ်အမြတ်ငွေ) ရဆဲပါ။ ယူနိုက်တက်ဟာ ရှယ်ယာရှင်တွေအတွက် ဒုတိယအကြိမ်ပေးချေမှု ပေါင် (၁၁.၉) သန်းပေးခဲ့ရပြီး စုစုပေါင်းဆို ပေါင် (၂၃.၂) သန်းရှိမှာ ဖြစ်ပါတယ်။ မနှစ်ကနဲ့ ယှဉ်ရင် ပေါင် (၁) သိန်းပဲ နည်းပါတယ်။ ဒီပိုက်ဆံတွေဘယ်ကို အဓိကရောက်လဲဆိုရင်တော့ (၇၈)% ရှယ်ယာရှင် ဂလေဇာမိသားစု ဆီ ကို အဓိကရောက်သွားတာပါပဲ။

ဘာလို့ပေးနေရလဲဆိုတာကို ရှင်းပြရရင်တော့ ဖေဖော်ဝါရီကတည်းက ပေးချေဖို့ သဘောတူထားပြီးသာ ကိစ္စဖြစ်နေတာကြောင့်ရယ်၊ ရှယ်ယာစျေးနှုန်း မတည်ငြိမ်မှာ စိုးတာကြောင့် ထပ်မံညှိနှိုင်းမှု မလုပ်ဖို့ ဆုံးဖြတ်ခဲ့တာကြောင့်ရယ်လို့ သိရပါတယ်။

နောက်တခေါက်ပေးချရမယ့် အချိန်မှာ ကော ဆိုတဲ့ ကိစ္စကိုတော့ အခုထိ ညှိနှိုင်းထားတာမျိုး မရှိသေးပေမယ့် အစုပေါ်အမြတ်အတွက် ပေးနိုင်တဲ့ အနေအထားရှိနေသေးသမျှ ယူနိုက်တက်ဟာ ပေးမှာပါပဲ။ လုပ်ငန်းကြီးတို့လောကမှာ ဒါဟာ ကုမ္ပဏီကို တောင့်တင်းခိုင်မာမှုရှိကြောင်း ပြတဲ့ ကိစ္စဆိုတာကိုတော့ သတိချပ်ဖို့လိုပါတယ်။

(၃) ရှယ်ဗလေ ရယ်၊ တရုတ်ရယ်

ရှယ်ဗလေနဲ့ စပွန်ဆာက ၂၀၂၀-၂၁ ရာသီကုန်မှာ ပြည့်မှာဖြစ်ပါတယ်။ ဒီတော့ စပွန်ဆာအသစ်ရှာခဲ့ပြီး လောလောဆယ်မှာတော့ ရှယ်ဗလေနဲ့ စာချုပ်ကို သက်တမ်းတိုးခဲ့ပါတယ်။

ရှယ်ဗလေရဲ့ မိခင်ကုမ္ပဏီ ဂျင်နရယ်မော်တာဟာ ကိုဗစ်ကာလတွေအတွက် နစ်နာခဲ့ရတယ်လို့ မြင်ခဲ့တာကြောင့် ယူနိုက်တက်ဟာ သဘောတူညီမှု အသစ်တစ်ခုကို ထပ်လုပ်ပေးခဲ့ပါတယ်။ ဒီဟာအရ ယူနိုက်တက် အင်္ကျီရင်ဘတ်မှာ ဒီတံဆိပ်ကို နောက်နှစ် ဒီဇင်ဘာအထိ ထပ်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီ့အတွက်ကိုလည်း ရှယ်ဗလေက ပိုက်ဆံထပ်ပေးဦးမှာ ဖြစ်ပြီး ယူနိုက်တက်ဟာ ရှယ်ဗလေ ဆီက ရရမယ့် ပိုက်ဆံတွေကို ဒေါ်လာနဲ့ မဟုတ်ဘဲ ပေါင် နဲ့ ရမှာဖြစ်ပါတယ်။ ဒီအခြေအနေ ငွေလဲလှယ်မှုတွေအရ ပေါင်နဲ့ ရတာဟာ ယူနိုက်တက်အတွက် ပိုခိုင်မာတဲ့ အနေအထားဖြစ်ပြီး ပေါင် (၁၁) သန်းလောက်ရလာဖို့ ရှိနေပါတယ်။ နောက်ရာသီမှာတော့ တစ်နှစ်အတွင်း ရင်ဘတ်မှာ တံဆိပ်နှစ်မျိုးနဲ့ ယူနိုက်တက်ကို တွေ့ရဖို့ အလားအလာရှိပါတယ်။ (ပရိသတ်တွေတော့အကျီနှစ်ခါ ဝယ်ကြပေါ့)

ယူနိုက်တက်ရဲ့ ကြော်ငြာဒါရိုက်တာ ရစ်ချတ် အာနိုးလ်ကတော့ ကမ္ဘာ့အရှေ့ခြမ်းမှာ နယ်ပယ်ချဲ့ လာနိုင်ခြင်းအပေါ် ကျေနပ်နေခဲ့ပြီး အလီဘာဘာ နဲ့ ပေါင်းပြီး တရုတ်စျေးကွက်ကို ချဲ့ထွင်နေတာဖြစ်ပါတယ်။ တရုတ် လူမှုကွန်ရက်တွေ ဖြစ်တဲ့ Weibo နဲ့ Wechat တို့မှာ လူစိတ်ဝင်စားမှု အများဆုံး ဖြစ်ခဲ့ပြီလို့ပဲ သူက ကြွေးကြော်ခဲ့ပါတယ်။ တကယ်လည်း Weibo မှာ followers (၁၀) သန်းပြည့်ခဲ့တဲ့ ပထမဆုံးဘောလုံးအသင်း ဖြစ်လာခဲ့ပါတယ်။

(၄) အားလုံးစိတ်ဝင်စားတဲ့ အပြောင်းအရွေ့

ဆန်ချိုကို အရမခေါ်နိုင်ခဲ့တဲ့ အတွက် ပရိသတ်တွေ မကျေမချမ်း ဖြစ်ခဲ့ရပေမယ့် အက်ဝုဒ်ကတော့ နောက်ဆုံး ငါးနှစ်အတွင်းမှာ ဒါပထမဆုံး ယူရို သန်း(၁၀၀) ကျော် မသုံးတာဖြစ်ကြောင်းဖြေရှင်းခဲ့ပါတယ်။

ပြီးဆော့ လက်ရှိခေါ်ယူခဲ့မှုတွေနဲ့ ပတ်သတ်ပြီး
“ဗန်ဒီဘိခ်နဲ့ တဲလက်စ်ကို ခေါ်နိုင်ခဲ့တာ ကျေနပ်စရာပါ။ သူတို့ကို ခေါ်ဖို့ ကျွန်တော်တို့ ကာလရှည် စောင့်ကြည့်ခဲ့တာလည်း ဖြစ်ပါတယ်။ ပြီးတော့ ကာဗာနီ လို ထိပ်တန်းတိုက်စစ်မှုးကို ကျွန်တော်တို့ရဲ့ တိုက်စစ်မှာ ရွေးစရာအသစ်အဖြစ် အားဖြည့်နိုင်ခဲ့ပါပြီ”

“ပယ်လီစထရီနဲ့ ဇန်နဝါရီမှာ ရောက်လာမယ့် အမတ် တို့လို အလားအလာရှိလူငယ်လေးတွေကိုလည်း အသင်းက ကြိုဆိုလျက်ပါ”

“ထပ်ဆောင်းပြောရရင် ဒီနှစ်အစောပိုင်းမှာ ခေါ်ခဲ့တဲ့ ဘရူနိုဟာ ကျွန်တော်တို့ လူစာရင်းကို တောင့်တင်းစေဖို့ ဘယ်လောက်ထိ အားစိုက်ကြိုးပမ်းလည်း ဆိုတာကို ပေါ်လွင်စေမှာပါ။ ၂၀၁၉ နွေရာသီတည်းက စတွက်ရင် ကစားသမားသစ်တွေအတွက် ကျွန်တော်တို့ ယူရို သန်း (၂၀၀) ကျော်လောက် ရင်းနှီးမြှပ်နှံခဲ့ပါတယ်။ ဒီကာလအပိုင်းအခြားမှာ ဘယ်ဥရောပ အသင်းကမှ ကျွန်တော်တို့ ထက်ပို မသုံးထားပါဘူး”

ဒါ့အပြင် လက်ရှိ အပြောင်းအရွေ့ စျေးကွက်ကိုလည်း အခုလို သုံးသပ်ခဲ့ပါတယ်။

“ထိပ်တန်းလိဂ် (၅) ခုလုံးမှာ စုစုပေါင်း အသုံးစရိတ်က (၄၀) % လောက်ကျသွားပါတယ်။ ထိပ်တန်းအပြောင်းအရွေ့ (၃၀)မှာတောင် တန်ကြေးတွေက (၃၀) % လောက်ကျပြီး ဖြစ်ခဲ့တာပါ”

“ ကျွန်တော်တို့လိုပဲ ကျန်အသင်းကြီးတွေလည်း သတိကြီးကြီး ထားခဲ့ကြတာကို တွေ့ပါလိမ့်မယ်။ ရီးရဲလ်၊ ဘာကာ၊ ဘိုင်ယန်၊ ဂျူဗီ၊ ပီအက်စ်ဂျီ အားလုံးရဲ့ စုစုပေါင်း အသားတင် အသုံးစရိတ်က ယူရို (၉) သန်းပဲ ရှိပါတယ်။ ပျှမ်းမျှ သုံးတာဆို ယူရို (၁၃) သန်း”

ပရိသတ်တွေအခုဆို တွေးနေလောက်ပြီဖြစ်တဲ့ ငွေသုံးခဲ့တဲ့ အသင်းတွေအတွက်တော့ အခုလို ဆိုထားပါတယ်။

“ချွင်းချက်အနေနဲ့ ဒီထဲမှာ မပါခဲ့တဲ့ တစ်သင်း နှစ်သင်းတော့ ရှိပါတယ်။ အထင်ရှားဆုံးကတော့ ချယ်ဆီးပေါ့။ သူတို့ကတော့ ၂၀၁၉ မှာ လှုပ်ရှားခွင့်မရခဲ့ဘူးလေ။ ဒီတော့ အတိုးချ ပြန်လုပ်ရတာပေါ့။ ဒါပေမယ့် အပြောင်းအရွေ့စျေးကွက်ကာလတိုင်းကို ခြုံပြီး ပရိသတ်တွေကို အမြင်ရှင်းစေချင်ပါတယ်။ ကျွန်တော်တို့ နောက်ဆုံး အပြောင်းအရွေ့ကာလသုံးခုမှာ အသားတင် သုံးခဲ့တာတွေက ဘယ်အသင်းကိုမဆို ယှဉ်နိုင်ပါတယ်”

ဒီလောက်ဆိုရင်တော့ တချို့နောက်ကွယ်က
အကြောင်းတွေကို တစ်စိတ်တစ်ပိုင်း ပိုသိရပြီလို့ မျှော်လင့်မိပါတယ်။

ကိုးကား

Explained: Man United’s rising debts, Glazer dividends and curious sponsor deal
By Laurie Whitwell

 စီရိုနယ်ဒိုဟာ နောက်တကြိမ်ကိုဗစ်ပိုးထပ်မံတွေ့ရှိခဲ့တာကြောင့် လာမယ့်ဗုဒ္ဓဟူးနေ့မှာကစားမယ့် ဘာစီလိုနာနဲ့ချန်ပီယံလိဂ်ပွဲစဥ်...
23/10/2020



စီရိုနယ်ဒိုဟာ နောက်တကြိမ်ကိုဗစ်ပိုးထပ်မံတွေ့ရှိခဲ့တာ

ကြောင့် လာမယ့်ဗုဒ္ဓဟူးနေ့မှာကစားမယ့် ဘာစီလိုနာနဲ့

ချန်ပီယံလိဂ်ပွဲစဥ်ကို လွဲချော်ရတော့မယ်လို့သိရပါတယ်

ဒါဟာ မက်စီနဲစီရိုနယ်ဒိုတို့ရဲ့ပြန်လည်အားပြိုင်မှုကို

မြင်တွေ့ချင်သူတွေအတွက်တော့ သတင်းဆိုးတရပ်ပါပဲ။

အိုဇေးလ်ရဲ့ အိတ်ဖွင့်ပေးစာ ...~Red Gunner~
22/10/2020

အိုဇေးလ်ရဲ့ အိတ်ဖွင့်ပေးစာ ...

~Red Gunner~

တကယ်တော့ မနေ့ကညက ပွဲတွေမှာ ပြောမယ်ဆို ပြောစရာတွေ အများကြီးရှိတာ အမှန်ပါပဲ။ ရှက်တာဒိုးနက်က ရီးရဲလ်ကို သုံးဂိုးပြတ် ဦးဆောင...
22/10/2020

တကယ်တော့ မနေ့ကညက ပွဲတွေမှာ ပြောမယ်ဆို ပြောစရာတွေ အများကြီးရှိတာ အမှန်ပါပဲ။

ရှက်တာဒိုးနက်က ရီးရဲလ်ကို သုံးဂိုးပြတ် ဦးဆောင်ပစ်ခဲ့တဲ့ ကိစ္စမှာ ရီးရဲလ်နောက်တန်းမှာ အပြစ်တွေအများကြီးပဲ။ (၃) ဂိုးပေးလိုက်ရခြင်းထက် ဂိုးပေးလိုက်ရတဲ့ ပုံစံတွေက ပိုပြောချင်စရာဖြစ်တာ။

ဒီခေတ်မှာ တန်ပြန်တိုက်စစ်ကနေ(၃) ဂိုးသွင်းတယ် ဆိုတာ ပရိသတ်တွေအတွက် မြင်နေကျဖြစ်နေလေပြီ။ ရီးရဲလ်လည်း အခန့်မသင်ရင် ဖိကစားနေရင်း သုံးဂိုးတောင် ပေးလိုက်ရတယ်ဆိုတာ ဖြစ်သွားနိုင်သည်ပဲ။ ဒါကိုထွေထွေထူးထူး ပြောမနေချင်။

တကယ်ပြောရမှာက အဲ့ဒီ(၃) ဂိုး အသွင်းခံလိုက်ရတဲ့ ပုံစံတွေကို ပြောရမှာပါ။ ရှက်တာဒိုးနက် ပထမဂိုးမရခင် တစ်လုံးမှာထဲက ခံစစ် ဘယ်တစ်ခြမ်းမှာ ဖြစ်သွားတဲ့ ကွက်လပ်ကြီးကို အံ့ဩစရာတောင်ကောင်းသည်။ ဘယ်ခြမ်းဆိုလို့ တောင်ပံ လို့မထင်စေချင်။ ကိုယ်ကွင်းဘက်ခြမ်းရဲ့ ဒေါင်လိုက် (၅၀) % လောက်ကို ပြိုင်ဘက်ကို နေရာလွတ်ပေးလိုက်တာပါ။ ပေးလိုက်ရတဲ့ ဂိုးတွေမှာကျတော့လည်း ရှေ့ကို တက်ဖိ တန်ပြန်မိပြီး ဆွဲပြေး ထိချက်နည်းနည်း နဲ့ ကန်သွင်းခံလိုက်ရတာ မျိုးထက်ကိုပိုပြီး တန်ပြန်ချိန်မှာရီးရဲလ် နောက်တန်းတွေကို စိမ်ပြေနပြေ ကစားပြသွားပြီးမှ သွင်းပြသွားခဲ့တဲ့ ဂိုးတွေ ပါနေပါတယ်။ အတွင်းလူနှစ်ယောက်လုံးကို အရူးလုပ်ပြပြီး သွင်းခဲ့တဲ့ဂိုးအစပေါ့။

ဇီဒန်း ရှက်တာဒိုးနက်ကို လျော့တွက်ခဲ့လေသလား ဆိုတာကတော့ သူကိုယ်တိုင်အသိပဲ ဖြစ်မှာမလို့ သိပ်မပြောချင်။ သေချာတာက ဒီနှစ် မှာ ဇီဒန်း ကစားကွက်နဲ့ လူထုတ်ပုံကိုက အမျိုးမျိုး ဖြစ်နေတာပါ။ ဘက်တစ်နဲ့ ရှေ့တစ်ပွဲမှာတုန်းကလည်း တောင်ပံတစ်ယောက်မှ မပါတဲ့ ပုံနဲ့ ပွဲထွက်ခဲ့သေးတာ မှတ်မှတ်ရရပါပဲ။

အချို့ကတော့ ချန်ပီယံလိဂ်မှာ ရီးရဲလ် ရှုံးတာနဲ့ ရော်နယ်ဒို မပါခြင်းဘာညာ တန်းပြောချင်ကြတယ်။ ကိုယ်ပိုင်အမြင်အရဆို တစ်ဝက်သဘောတူတယ်ပဲ ဆိုရပါမယ်။ ရော်နယ်ဒိုကို လိုတယ်မလိုဘူးကို သဘောတူ/မတူထက် Fear Factor လိုပါတယ်။ ဒီFear Factor အကြောင်းကို မနှစ်ကလောက်က အကျယ်ရေးခဲ့ဖူးပါတယ်။ ရီးရဲလ်ဟာ အစဉ်အဆက် ဂရိတ်ကစားသမားတွေရဲ့ အရှိန်အဝါနဲ့ ပြိုင်ဘက်ကို ရှိန်စေခဲ့တာ အားလုံးအသိပါပဲ။ တစ်ဘက်အသင်း ရှိန်စေတဲ့ ကစားသမား ပါခြင်းမပါခြင်းဟာ ကွင်းထဲခြေစွမ်းထက် စိတ်ပိုင်းဆိုင်ရာကို ပို သက်ရောက်ပါတယ်။ လွယ်လွယ်ပြောရရင် ဒီကောင့်ကို ငါတို့ သတိထားမှဆိုတဲ့ အတွေးမျိုး ထည့်ပေးလိုက်နိုင်ချင်ဟာ မမြင်ရတဲ့ အကျိုးဆက်တွေ ပေးနိုင်ပါတယ်။

နောက်တစ်ခုက ကွင်းထဲမှာ ခြေထောက်တွေကစားကြတာ ဆိုပေမယ့် စိတ်ဓာတ်နဲ့လည်း အများကြီး ဆိုင်တယ်ဆိုတာ အသိပါပဲ။ ယုံကြည်ချက် ပြည့်နေတာ၊ လုပ်ရင်ဖြစ်တယ်ကွ ဆိုတဲ့ အတွေးဝင်သွားတာတွေဟာ ခြေစွမ်းကို သက်ရောက်ပါတယ်။ ဒါကို အဝေးကြီးမှာ ရှာနေစရာ မလိုပါဘူး။ အပျော်တမ်းလောက် ဘောလုံးကန်ဖူးရင် နောက်ဆုံး Dota လောက် ကစားဖူးရင်ကို ဒါကို နားလည်မိပါတယ်။ ဒီတော့ ဒီဘက်ခေတ်မှာ နည်းပြတွေဟာ ကိုယ့်အသင်းသားတွေကို ဒီလို ခံစားချက်ရလာဖို့၊ ပြိုင်ဘက်အသင်းကို ဒါမျိုး မဖြစ်သွားစေဖို့ ကြိုးစားရတာပါပဲ။ Fear factor ပျောက်နေတဲ့ ရီးရဲလ်ဟာ ရှက်တာကို ပထမပိုင်းမှာ ဒီခံစားချက်မျိုးကိုပါ ထည့်ပေးလိုက်ပါတော့တယ်။

နောက်တစ်ခုက ရီးရဲလ်ကို ပြောရင် ရော်နယ်ဒိုနေရာ ဆိုတာချည်းပဲ ပြောကြပေမယ့် ရာမို့စ်နေရာကို ပြောဖို့ မေ့နေကြတတ်ပါတယ်။ ဗာရန်းဟာ ရောက်နေတဲ့ နေရာကို တက်မလာတော့တာ အတော်ကြာနေပါပြီ။ ခံစစ် ဦးဆောင်ကစားသမား ဖြစ်ဖို့ အခုထိ ခက်နေဆဲဖြစ်ပြီး အရေးကြုံရင်လည်း မှားနေဆဲပါ။ ရာမို့စ်လို တစ်သင်းလုံးကို ဦးဆောင်နိုင်တယ်ဆိုတာကို ခဏထားရင်တောင် ခံစစ်တန်းကို ဦးဆောင်တာ၊ ညွန်ကြားတာ မျိုး မတွေ့ရသေးတာတော့အမှန်ပါပဲ။

ရီးရဲလ်ကို နောက်ပိုင်းတွေးမိတဲ့အထဲမှာ ကြယ်စင်စု တစ်ခုနဲ့ တစ်ခု ကာလအကြားက ဒဲ့ပြောရရင် တစ်ရာဖိုး သုံးယောက်ခေတ်တွေပါပါတယ်။ ပထမ ဇီဒန်းတို့ ကြယ်စင်စု ကနေ ဒုတိယ ရော်နယ်ဒို တို့ ကြယ်စင်စု မရောက်ခင်မှာ ကြားကာလကို လူငယ်တွေနဲ့လိုလို၊ အလားအလာရှိသူတွေနဲ့ လိုလို ဟိုလိုလိုဒီလိုလို နဲ့ ဖြတ်သန်းခဲ့ဖူးတာ မှတ်မိကြဦးမယ်ထင်ပါတယ်။ ပီရက်ဇ် မရှိတာ လည်း ဆိုင်ပါမယ်။ ဒါပေမယ့် အဆန်စီယို၊ ဂျိုဗစ်၊ ရိုဒရီဂိုတို့ အတွဲကို မြင်တော့ ဒါကို ပြေးသတိရစေတာအမှန်ပါပဲ။

နောက်တစ်ပွဲ ဘိုင်ယန်ကတော့ (၃) အမှတ်အနိုင်၊ ဂိုးပြတ် အနိုင်ဆိုတာထက်ကိုပိုပြီး ငါတို့ ချန်ပီယံလိဂ် ကာကွယ်ဖို့ အသင့်ပဲဟေ့ ဆိုတဲ့ အကြောင်းကိုပါ ကြေညာ ပြသွားတာပါပဲ။

ခက်တာက ဘိုင်ယန်ကောင်းတယ်ဆိုတာ စာနဲ့ ရေးပြဖို့ထက် တစ်ပွဲလုံး ထိုင်ကြည့်မှ ပိုမြင်ရ အတိအကျပြောရင် ကြည့်နေရင်းကို ပီပီပြင်ပြင် ခံစားရစေတဲ့ အချက်ပါ။ မနေ့က ဘိုင်ယန် ပွဲကို ကြည့်မိတယ်သူတွေဆို ဒါကို ပိုနားလည် မယ်ထင်ပါတယ်။ ဘိုင်ယန်ရဲ့ ကောင်းပုံကောင်းနည်းက တခြားဘယ်အသင်းရဲ့ ကောင်းပုံကောင်းနည်းနဲ့ကိုမှ မတူဘဲ ကောင်းတာပါ။

ပုံနှိုင်းပြီး ပြောရရင် အရှိန်နဲ့ ကျနေတဲ့ ရေတံခွန်တွေ၊ သာသာယာယာ စီးနေတဲ့ စမ်းချောင်းတွေကို မြင်ရင်ရတဲ့ ခံစားချက်နဲ့ ပင်လယ်ကို ကြည့်နေရင် ခံစားချက် တစ်ခုနဲ့တစ်ခု ခံစားချက်မတူသလိုပါပဲ။

အနီးဆုံးပေါ်အောင် ရေးပြရရင် တည်ငြိမ်တယ်၊ စည်းကမ်းကျလွန်းတယ်၊ ကောင်းလိုက်တာ ဆိုတာကို မြင်သိသိတယ်ဆိုတာထက်ကို ခံစားပြီးကို သိသွားစေတယ်၊ ထူးထူးခြားခြားတွေ အရမ်းလုပ်ပြနေတယ်ဆိုတာထက် လုပ်စရာရှိတာ ပုံမှန်လုပ်ပြနေရင်းကို ကောင်းတာပါ။

အသင်းကြီး တစ်သင်းနဲ့ တစ်သင်း ဂိုးပြတ်နိုင်ပွဲတွေ မကြာမကြာတွေ့ဖူးပါလိမ့်မယ်။ ဒီပွဲတွေကို နောက်တစ်ခါ ဒီလူအတိုင်းကစား ဒီရလဒ်အတိုင်း နောက်တခါထွက်ဖို့ ဆိုတာ မသေချာပါဘူး။ ဒါပေမယ့် မနေ့ကပွဲကတော့ ချွင်းချက်ပါ။ အခုပြန်ကစားရအောင်ဆိုရင်လည်း ဒီလို ရလဒ်ပဲထွက်ဦးမှာပါ။ မနေ့က အက်သလက်တီကို ညံ့လွန်းလို့ ဂိုးပြတ်ရှုံးတယ်ဆိုတာထက် ဆီမြွန်နီ အသင်းလည်း သူ့အလုပ်သူလုပ် ဘိုင်ယန်လည်း သူ့အလုပ်သူလုပ်နေကြရင်း ဂိုးပြတ်သွားခဲ့တာပါ။ ဒီလိုဆို ဘိုင်ယန် ခေါင်းတစ်လုံး ပိုမြင့်နေတာကို ပေါ်မယ်ထင်ပါတယ်။

နောက်တစ်ခုက လီဝန်ဒေါစကီးပါ။ လီဝန်ဒေါစကီးကို underrated ကစားသမားလို့တောင် ခေါ်ချင်ပါတယ်။ အခုသူ့ကို ချီးကျူးကြတယ် ဆိုတာထက်ကို ပိုချီးကျူးခံသင့်တဲ့ ကစားသမားမလို့ပါ။ အားလုံးက လီဝန်ဒေါစကီးကို ချီးကျူးရင် ဂိုးသွင်းစွမ်းရည်တွေ နဲ့ပဲ ဖြစ်ပြီး သူ့ရဲ့ ဧရိယာပြင်ပက စွမ်းရည်တွေကို လျစ်လျူရှုထားသလို ဖြစ်တတ်ကြပါတယ်။ ဒီကစားသမားကြီးဟာ ဂိုးသွင်းကောင်းတာ တစ်ခုတည်းမဟုတ်ပါဘူး။

လောလောဆယ်မှာတော့ ဘိုင်ယန်ကို ကစားကွက်ချင်း ယှဉ်နိုင်မယ့်အသင်းမတွေ့ရသေးပါဘူး။ တစ်ဦးချင်းအရမ်းကောင်းတဲ့ အသင်းတွေနဲ့တော့ စောင့်ကြည့်ချင်စရာပါ။ (ဒီစကားဟာ ဘိုင်ယန် ကျိန်းသေ ချန်ပီယံပဲ တပ်အပ်ပြောတာ မဟုတ်ဘူး ဆိုတာလည်း သတိချပ်ပါ။ တချို့အူကြောင်ကြောင်တွေကို အာရုံနောက်လို့ပါ)

ဟန်ဆီဖလစ် ချန်ပီယံလိဂ် ကို ဒုတိယမြောက်ကာကွယ်နိုင်တဲ့ အသင်း၊ Treble နှစ်နှစ်ဆက်ရတဲ့ အသင်း ဖြစ်လာလေမလား ဆိုတာ တကယ်စောင့်ကြည့်ချင်စရာပါ။ လုပ်နိုင်တဲ့အား ရှိတယ်ဆိုတာကတော့ အသေအချာပါပဲ။

၂၀၂၀ ခုနှစ်ရဲ့ လူငယ်ရွှေဘောလုံးဆုရှင်က ဘယ်သူဖြစ်လာမလဲ။============================================
16/10/2020

၂၀၂၀ ခုနှစ်ရဲ့ လူငယ်ရွှေဘောလုံးဆုရှင်က ဘယ်သူဖြစ်လာမလဲ။

============================================

တစ်ချိန်က ဥရောပဘောလုံးလောကရဲ့ ကြောက်စရာအကောင်းဆုံး ၂ ယောက်အတွဲတွေဖြစ်ပါတယ်။ ဘယ်အတွဲက ရင်ထဲရောက်ခဲ့ကြပါသလဲ?==============...
16/10/2020

တစ်ချိန်က ဥရောပဘောလုံးလောကရဲ့ ကြောက်စရာအကောင်းဆုံး ၂ ယောက်အတွဲတွေဖြစ်ပါတယ်။ ဘယ်အတွဲက ရင်ထဲရောက်ခဲ့ကြပါသလဲ?
==============================================

ဇယားထိပ်က ချန်ပီယံဆုအတွက် ရွှေလက်ပိုင်ရှင်များ။မနှစ်က ဒီစီနီယာ ဂိုးသမားသုံးယောက်လုံး ကျွန်တော်တို့နဲ့အတူ ရှိခဲ့ကြတယ်။ မအ...
14/07/2020

ဇယားထိပ်က ချန်ပီယံဆုအတွက် ရွှေလက်ပိုင်ရှင်များ။

မနှစ်က ဒီစီနီယာ ဂိုးသမားသုံးယောက်လုံး ကျွန်တော်တို့နဲ့အတူ ရှိခဲ့ကြတယ်။ မအောင်မြင်တဲ့ရာသီတစ်ခုကို အတူ ဖြတ်သန်းရင်းနဲ့ပေါ့။ ၂၀၁၈-၁၉ရာသီဟာ ကစားသမား‌တွေ၊ နည်းပြတွေ အပြောင်းအလဲနဲ့ RM အတွက် မအောင်မြင်ခဲ့ပေမဲ့၊ မနှစ်က RM ဂိုးသမားသုံးယောက်ဟာ ဒီနှစ်မှာ‌တော့ သက်ဆိုင်ရာအသင်းတွေအတွက် အမှတ်ပေးဇယားထိပ်ရပ်တည်မှုနဲ့အတူ လက်စွမ်းပြကြပြီး ချန်ပီယံဆုတံဆိပ်များကို အသီးသီးကိုင်မြောက်ခွင့်ရကြတော့မှာဖြစ်ပါတယ်။ Courtois ဟာ ကျွန်တော်တို့နဲ့အတူ ရုန်းကန်ဖြတ်သန်းနေတာ ကျေနပ်စရာဖြစ်ပြီး၊ ရာသီစက အသင်းကို နှုတ်ဆက်ထွက်ခွာသွားတဲ့ Navas နဲ့ Casilla တို့ရဲ့ အသင်းသစ်တွေမှာ အခြေကျလက်စွမ်းပြမှုတွေက ဝမ်းသာစရာပါပဲ။ RM ဂိုးပေါက်တစ်ခုတည်းမှာ နေရာလုမဲ့အစား ပွဲထွက်တစ်နေရာသေချာတဲ့ အသင်းတွေကို ပြောင်းရွေ့သွားတဲ့ Navas နဲ့ Casilla တို့ကို Madridista Myanmar က အမြဲသတိရနေမှာပါ။

(၁) Keylor Navas

Keylor ကတော့ PSG နဲ့အတူ ပြင်သစ်အမှတ်ပေးဖလား လီဂူးဝမ်း ကို ဆွတ်ခူးခဲ့ပြီးဖြစ်ပါတယ်။ PSGဟာ ပေးဂိုး၂၄ဂိုးနဲ့ ၂၀၁၉-၂၀ လီဂူးဝမ်းအသင်းတွေထဲက ဒုတိယပေးဂိုးအနည်းဆုံး အသင်းအနေနဲ့ ချန်ပီယံဆုဆွတ်ခူး ရရှိခဲ့ပါတယ်။ Keylor ဟာ လီဂူးဝမ်းမှာ Clean Sheets ၁၁ပွဲရထားပြီး၊ သူ့အထက်မှာ ၁၂ပွဲစီ ရထားတဲ့ Rajkovic-ရိန်းစ်၊ Mandanda-မာဆေး၊ Miagnan-လိုင်လီ ၃ယောက်ရှိပါတယ်။ ရာခိုင်နှုန်းအရတွက်မယ်ဆိုရင်တော့ ၂၁ပွဲကစားပြီး၊ ၁၁ပွဲ ပေးဂိုးမရှိတဲ့ Keylorက ၅၀%ကျော်နဲ့ ထိပ်ဆုံးမှာရှိပါတယ်။ သူ့အထက် ၃ယောက်က ပေး
ဂိုးမရှိ ၁၂ပွဲအတွက် ၂၇/၂၈ ပွဲလောက်ကစားခဲ့ရတော့ ၄၅%အောက်သာရှိပါတယ်။ ကိုရိုနာဗိုင်းရပ်ကြောင့် ပြင်သစ်အစိုးရက လီဂူးဝမ်းကို ဧပြီလထဲက ရပ်နားခဲ့တာဖြစ်ပြီး တစ်ပွဲချင်းအမှတ်ခွဲ‌ဝေတွက်ချက်ပုံနဲ့ ရာသီသိမ်းခဲ့တာဖြစ်ပါတယ်။ ပွဲစဉ်အားလုံးပြီးဆုံးချိန်အထိ ကစားမယ်ဆိုရင် Keylor ဟာ ၁၁ပွဲအထိကစားဖို့ အခွင့်အရေးရှိတာကြောင့် ထိပ်ဆုံးနေရာရနိုင်ပါတယ်။ ဒါပေမဲ့လဲ ခေတ်သစ် ဘောလုံးမျက်နှာစာမှာ ချန်ပီယံလိဂ် ၃ကြိမ်ဆက်အသင်း၊ ကလပ်ကမ္ဘာ့ဖလား ၃ကြိမ်ဆက်အသင်းရဲ့ ဂိုးပေါက်ကို ကာကွယ်စောင့်ရှောက်ခဲ့တဲ့ Keylor အတွက်တော့ အောင်မြင်မှု အထွေအထူး လိုအပ်တော့မယ် မထင်တော့ပါဘူး။ ဦးကျော်ဟိန်းစကားနဲ့ ပြောရင်တော့ သူရေးခဲ့ သမိုင်းစာရွက်တွေက တစ်ရွက်ပြီး တရွက်။

(၂) Thibaut Courtois

မနှစ်က RM ရာသီစမှာ Navas, Casilla, Courtois အပြင် လူငယ်ခြေတက်လေးတွေဖြစ်တဲ့ Luninနဲ့ Luca Zidane တို့ကြောင့် ဂိုးသမားဖောင်းပွပြီး၊ ရာသီဝက်တကြိမ် နည်းပြပြောင်းလဲမှုကြောင့် အထိုင်မကျဖြစ်ခဲ့တဲ့ RM ဂိုးသမားနေရာဟာ ယခုနှစ်‌တော့ အက်သလက်တီကိုရဲ့ Oblak လက်ထဲက ဇာမိုရာဆုကိုပါ မျက်စောင်းထိုးနေပြီဖြစ်ပါတယ်။ RM ခံစစ်ကပေးဂိုးအနည်းဆုံး ၂၂ဂိုးနဲ့ လာလီဂါထိပ်ဆုံးနေရာယူထားပြီး၊ Courtois က Clean sheets ၁၈ပွဲနဲ့ အကောင်းဆုံး ဂိုးသမားနေရာ ယူထားပါတယ်။ Courtois ဟာ RM နဲ့အခုမှစပြီး မှတ်တမ်းအသစ်တွေရေးထိုးမဲ့ ကစားသမားပါ။ တိုက်စစ်အားပြုတဲ့ ဆွဲဆောင်တဲ့ကစားဟန်ကိုသာ အသင်းရဲ့အမှတ်အသားထားလေ့ရှိတဲ့ RM ဟာ တိုက်စစ်ကစားသမားတွေရဲ့ ဒဏ်ရာနဲ့ ခြေစွမ်းကျမှုကြောင့် ဒီရာသီမှာ ခံစစ်စွမ်းဆောင်ရည်ကို အဓိကမှီခိုနေရပါတယ်။ Zidane ရဲ့ခံစစ်တည်ဆောက်မှုမှာ Courtois ဟာ စီးဝင်နိုင်နေပြီး အကောင်းဆုံးကာကွယ်မှုတွေ လုပ်နိုင်ပါတယ်။ ဒါတောင် လိုအပ်ချက်အနည်းငယ်နဲ့ နောက်ခံကစားသမားများကို နားလည်ချိတ်ဆက်မှု အကောင်းဆုံးအဆင့်ရောက်ဖို့အချိန်ကာလ တစ်ခုတော့ စောင့်ရမှာပါ။ Courtois ဘယ်လောက်အထိ သွားနိုင်မလဲ။ သူရှေ့က Casillas နဲ့ Navas ကတော့ လုံးဝမေ့မရအောင်ကို စွမ်းဆောင်ပြီး Courtois အတွက်တာဝန်အကြီးကြီးထားခဲ့ပြီ။

(၃) Kiko Casilla

လာဖာဘရီကာ အကယ်ဒမီထွက် စပိန်ကစားသမားပါ။ သူ့ရဲ့ RM အပေါ်ထားတဲ့ သစ္စာတရားနဲ့ ပေးဆပ်မှုက မုဒိတာပွားစရာပါပဲ။ Kiko ဟာ အခု ပရီးမီးယားလိဂ်ကို တက်လာမဲ့ လိဒ်ယူနိုက်တက်အတွက် ချန်ပီယံရှစ်အမှတ်ပေးဖလားကို ကိုင်မြောက်ခွင့်ရဖို့ စွမ်းဆောင်နေသူပါ။ တစ်ချိန်က ပရီးမီးယားလိဒ်ရဲ့ အသင်းကြီးတစ်သင်းဖြစ်တဲ့ လိဒ်ယူနိုက်တက်ဟာ တန်းဆင်းကစားနေရတာ ၁၆နှစ်လောက်ရှိနေပြီး၊ အခု Kiko တို့ကစားတဲ့အချိန်မှာ ချန်ပီယံဆုဖလား‌မျော်လင့်ချက်နဲ့အတူ တန်းတက်ပြီး နောက်နှစ်ပရီးမီးယားလိဒ်ကိုခြေချလာမှာပါ။ ဇယားထိပ်ကနေ ၄မှတ်ဖြတ်ထားတဲ့ လိဒ်ယူနိုက်တက်ဟာ ၃ပွဲကစားဖို့ကျန်ပါသေးတယ်။ ကျွန်တော်တို့ RM ရဲ့ချန်ပီယံမျော်လင့်ချက်နဲ့အတူ Kiko ဖလားမြောက်ခွင့်ကိုလဲ စောင့်မျော်နေပါတယ်။ Navas ရဲ့ အရံလူဖြစ်ခဲ့တဲ့ Kiko ဟာ RM အရံခုံတန်းမှာ အေးဆေးထိုင်ပြီး၊ ပွဲထွက်ကစားသမားတွေရဲ့ အောင်မြင်မှုကို ကျေနပ်စွာ မုဒိတာပွားခဲ့သူပါ။ စပိန်ဂိုးသမားတွေဖြစ်တဲ့ Casillas, Reina, Valdes တို့နဲ့ တစ်ခေတ်ထဲကျခဲ့တဲ့ Kiko ဟာ လက်ရွေးစင်အတွက် ကံဆိုးခဲ့တယ်လို့ပြောလို့ရပါတယ်။ ဒါပေမဲ့ Kikoဟာ ဘဝကိုကျေနပ် ရောင့်ရဲစွာရှင်သန်နိုင်စွမ်းရှိပြီး၊ RM အတွက် ပွဲထွက်ကစားသမားတစ်ယောက်ရဲ့ စိတ်ဓာတ်ထက် မလျော့ပဲ ရှုံးနိမ့်ခြင်း၊ အောင်မြင်ခြင်းတွေအတူတကွ မျှဝေခံစားပေးခဲ့သူပါ။ ဘာပဲဖြစ်ဖြစ် RM ရဲ့ ဒုတိယကြယ်စင်စုခေတ်က အကောင်းဆုံးလင်းလက်ပေးခဲ့တဲ့ ကြယ်တစ်ပွင့်လို့ပဲ Kiko ကိုအမြဲတမ်း အမှတ်တရသတိရနေမှာပါ။

ဂိုးပြတ်နိုင်တဲ့ ဘာကာ ၊ ခြေစွမ်းပြတဲ့ မက်ဆီ ၊ ဖိုင်နယ်တက်သွားတဲ့ နာပိုလီ တို့နဲ့ . . . . . နံနက်ခင်းအားကစား သတင်းများ
14/06/2020

ဂိုးပြတ်နိုင်တဲ့ ဘာကာ ၊ ခြေစွမ်းပြတဲ့ မက်ဆီ ၊ ဖိုင်နယ်တက်သွားတဲ့ နာပိုလီ တို့နဲ့ . . . . . နံနက်ခင်းအားကစား သတင်းများ

ယမန်နေ့ ညက ယှဉ်ပြိုင် ကစား ခဲ့တဲ့ လာလီဂါ ပွဲစဉ် မှာတော့ ဘာစီလိုနာ ဟာ မာယော့ကာ အသင်း ကို အဝေးကွင်း မှာ ၄ ဂိုးပြ.....

ဇွန်လ ၁၇ ရက်နေ့မှာ ချန်ပီယံပြိုင်ပွဲနဲ့ပတ်သက်ပြီး အတည်ပြုဆုံးဖြတ်ချက်တွေ ချမှတ်သွားမှာဖြစ်ပြီး ဘယ်လိုပုံစံနဲ့ကစားသွားမလဲ...
14/06/2020

ဇွန်လ ၁၇ ရက်နေ့မှာ ချန်ပီယံပြိုင်ပွဲနဲ့ပတ်သက်ပြီး အတည်ပြုဆုံးဖြတ်ချက်တွေ ချမှတ်သွားမှာဖြစ်ပြီး ဘယ်လိုပုံစံနဲ့ကစားသွားမလဲဆိုတာကိုပါ သိရှိရမယ်လို့ Marca က ဖော်ပြခဲ့ပါတယ်။

ဇူလိုင် ၁၇ ရက်မှာ အတည်ပြုဆုံးဖြတ်သွားမှာပါ။

⚽  မန်ယူကို ကျော်ပြီး ဆန်ချိုကို ခေါ်ယူနိူင်ဖွယ်ရှိတဲ့ လီဗာပူး⚽ အာဆင်နယ် နဲ့ သတင်းတွေ အပေါ်တုန့်ပြန်လိုက်တဲ့ အီဒိုရတ်⚽ စ...
14/06/2020

⚽ မန်ယူကို ကျော်ပြီး ဆန်ချိုကို ခေါ်ယူနိူင်ဖွယ်ရှိတဲ့ လီဗာပူး
⚽ အာဆင်နယ် နဲ့ သတင်းတွေ အပေါ်တုန့်ပြန်လိုက်တဲ့ အီဒိုရတ်
⚽ စတာလင် နဲ့ ဒီဘရိုင်းကို ချိန်နေတဲ့ ရီးရဲလ်
အပါအဝင် နောက်ဆုံးရ သတင်းများကို ဓာတ်ပုံနှိပ်ဖတ်ပါ။

⚽ လီဗာပူးအသင်းက မန်ယူအသင်းကို ကျော်ပြီး ဂျေဒန်ဆန်ချိုကို ဒီလာမယ့်နွေမှာ အရခေါ်ယူသွားနိူင်ဖွယ် ရှိကြောင်း L...

⚽ ပေါ့ဘာ အနာဂတ်ကိုပြောလိုက်တဲ့ ယာနူဇက် ⚽ ဝါနာကို မခေါ်လို့ လီဗာပူးနောင်တရမယ်⚽ ကာဗာနီ နဲ့ သီယာကို PSG က ထွက်မယ်⚽ မူလာကို ...
14/06/2020

⚽ ပေါ့ဘာ အနာဂတ်ကိုပြောလိုက်တဲ့ ယာနူဇက်
⚽ ဝါနာကို မခေါ်လို့ လီဗာပူးနောင်တရမယ်
⚽ ကာဗာနီ နဲ့ သီယာကို PSG က ထွက်မယ်
⚽ မူလာကို ဝေဖန်ခဲ့တဲ့ ဘေယန် အားကစားဒါရိုက်တာ
အပါအဝင် နောက်ဆုံးရ သတင်းများကို ဓာတ်ပုံနှိပ်ဖတ်ပါ။

[UNICODE] ⚽ မန်ယူကစားသမားဟောင်းဖြစ်တဲ့ ယာနူဇက် ကတော့ သူနဲ့ ပေါ့ဘာက အင်မတန် ခင်တဲ့ သူငယ်ချင်းတွေ ဖြစ်ကြောင်း၊ ငယ်င....

အသင်းအမှတ်တံဆိပ်နဲ့ Mask လုပ်မယ့် ယူနိုက်တက် ၊ ကားပါကင် မှာ အောင်ပွဲခံရမယ့် လီဗာပူး
13/06/2020

အသင်းအမှတ်တံဆိပ်နဲ့ Mask လုပ်မယ့် ယူနိုက်တက် ၊ ကားပါကင် မှာ အောင်ပွဲခံရမယ့် လီဗာပူး

မန်ချက် စတာ ယူနိုက်တက် အသင်း ဟာ ဗြိတိန် အတွင်း က ကျန်းမာရေး လုပ်ငန်းတွေ မှာ ပါဝင် ကူညီ လှူဒါန်း ဖို့ အတွက် အသင.....

" ဟာဇတ် ဟာ ရီးရဲလ်မက်ဒရစ် အတွက် လေယာဉ် တစီးလို ပြန်လာပါမယ် " - အာဘီလိုအာ
13/06/2020

" ဟာဇတ် ဟာ ရီးရဲလ်မက်ဒရစ် အတွက် လေယာဉ် တစီးလို ပြန်လာပါမယ် " - အာဘီလိုအာ

လာလီဂါ အင်အားကြီး ကလပ် ရီးရဲလ်မက်ဒရစ် အသင်း ဟာ ဒီနှစ် ဘောလုံး ရာသီ ရဲ့ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် မှာ ဘယ်....

⚽  ရော်နယ်ဒို ပင်နယ်တီ လွှဲချော်ပေမယ့် ကိုပါအီတလီယား ဖိုင်နယ်ရောက်ခဲ့တဲ့ ဂျူဗီ ⚽ အသင်းပြောင်းဖို့ စိတ်မဝင်စားဘူးဆိုတဲ့ မ...
13/06/2020

⚽ ရော်နယ်ဒို ပင်နယ်တီ လွှဲချော်ပေမယ့် ကိုပါအီတလီယား ဖိုင်နယ်ရောက်ခဲ့တဲ့ ဂျူဗီ
⚽ အသင်းပြောင်းဖို့ စိတ်မဝင်စားဘူးဆိုတဲ့ မန်ယူပစ်မှတ် နီဂွက်ဇ်
⚽ ကော်တင်ညိုကို အာဆင်နယ်ထံ အငှားချဖို့ လစာ တစ်ချို့ပေးမယ့် ဘာကာ
အပါအဝင် နောက်ဆုံးရ သတင်းများကို ဓာတ်ပုံနှိပ်ဖတ်ပါ။

[UNICODE] ⚽ ဂျူဗီ အသင်းနည်းပြ ဆာရီ ကတော့ ရော်နယ်ဒို ပင်နယ်တီ လွှဲချော်ခဲ့ပေမယ့် သူ့ ခြေစွမ်းကို နှစ်သက်သလို သူ ကံမ.....

[UNICODE] မန်ယူကို မပြောင်းနဲ့ ချယ်လ်ဆီးကို ပြောင်းလို့ တိုက်တွန်းခံရတဲ့ ဟာဗက်ဇ်၊ ရီးရဲလ် ဆန်ချို အမ်ဘာပေတိုနဲ့ ပတ်သက်နေ...
13/06/2020

[UNICODE] မန်ယူကို မပြောင်းနဲ့ ချယ်လ်ဆီးကို ပြောင်းလို့ တိုက်တွန်းခံရတဲ့ ဟာဗက်ဇ်၊ ရီးရဲလ် ဆန်ချို အမ်ဘာပေတိုနဲ့ ပတ်သက်နေတဲ့ အမှန်တရား၊ ဘောလုံးလောကထဲ ပြန်လာဦးမယ့် ဥရောပ ဂန္တဝင်ဟောင်း၊ စတဲ့ သတင်းတွေအပါအဝင် ဒီကနေ့ နေ့လယ်ခင်း ဘောလုံးသတင်းတိုတွေကို ဖတ်ရှုနိုင်ပါပြီ။

[ZAWGYI] မန်ယူကို မပြောင်းနဲ့ ချယ်လ်ဆီးကို ပြောင်းလို့ တိုက်တွန်းခံရတဲ့ ဟာဗက်ဇ်၊ ရီးရဲလ် ဆန်ချို အမ်ဘာပေတိုနဲ့ ပတ်သက်နေတဲ့ အမှန်တရား၊ ဘောလုံးလောကထဲ ပြန်လာဦးမယ့် ဥရောပ ဂန္တဝင်ဟောင်း၊ စတဲ့ သတင်းတွေအပါအဝင် ဒီကနေ့ နေ့လယ်ခင်း ဘောလုံးသတင်းတိုတွေကို ဖတ်ရှုနိုင်ပါပြီ။

https://wp.me/pbv8Sb-3Ib

[UNICODE] ၁။ ဂန္တဝင် နည်းပြဟောင်း အာဆင်းဝင်းဂါးက သူ့အနေနဲ့ အသင်းထံ ဥက္ကဌရာထူးနဲ့ ပြန်လာဖို့ မရှိဘူးလို့ အတိတလင်း ....

⚽  ဝုဖ်တိုက်စစ်အတွဲကို ပေါင်သန်း (၁၁၀) နဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ လီဗာပးူ⚽  ပင်နယ်တီလွဲချော်ခဲ့တဲ့ စီရော်နယ်ဒိုဘက်မှ...
13/06/2020

⚽ ဝုဖ်တိုက်စစ်အတွဲကို ပေါင်သန်း (၁၁၀) နဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ လီဗာပးူ
⚽ ပင်နယ်တီလွဲချော်ခဲ့တဲ့ စီရော်နယ်ဒိုဘက်မှ ဘိုနုချီ ကာကွယ်
⚽ မက်ဆီကို ဒေါသထွက်ခဲ့တဲ့အကြောင်း ဖွင့်ဟခဲ့တဲ့ မာယော့ကာနည်းပြ
⚽ ဆာနေးကို အားစိုက်ကြိုးပမ်းနေတဲ့ ဘိုင်ယန်မြူးနစ်
အပါအဝင် နောက်ဆုံးရ သတင်းများကို ဓာတ်ပုံနှိပ်ဖတ်ပါ။

[UNICODE] ⚽ေ ဈးကွက်လေ့လာမှု စစ်တမ်းတစ်ခုအရ ဒေါ့မွန်ကြယ်ပွင့်တိုက်စစ်မှူး ဆန်ချိုမှာ ပရီးမီးယားလိဂ်ကလပ် လီဗာပူး.....

နံနက်ခင်း အားကစားသတင်းများ
12/06/2020

နံနက်ခင်း အားကစားသတင်းများ

တော့တင်ဟမ် ဟော့စပါး အသင်း ကွင်းလယ်လူ ဒယ်လီ အလီ ဟာ ပြီး ခဲ့တဲ့ ဖေဖော်ဝါရီ လ အတွင်း က ဆိုရှယ် မီဒီယာ ဗီဒီယို ပေါ.....

ကလေး ၃ သန်း အတွက် အလှူခံ တဲ့ ရက်ဖိုဒ့် ၊ ပရိသတ်တွေ နဲ့ ဖလား ယူခွင့် ရမယ့် လာလီဂါ ချန်ပီယံ တို့နဲ့ . . . . . နံနက်ခင်း အာ...
12/06/2020

ကလေး ၃ သန်း အတွက် အလှူခံ တဲ့ ရက်ဖိုဒ့် ၊ ပရိသတ်တွေ နဲ့ ဖလား ယူခွင့် ရမယ့် လာလီဂါ ချန်ပီယံ တို့နဲ့ . . . . . နံနက်ခင်း အားကစား သတင်းများ

ယမန်နေ့ ညက ပြန်လည် စတင် ခဲ့တဲ့ စပိန် လာလီဂါ ရဲ့ ပထမဆုံး ပွဲစဉ် မှာတော့ ဆီဗီးလား အသင်း က ရီးရဲ ဘက်တစ် အသင်း ကို ၂...

⚽ ဆန်ချိုအစား ဖာတီပဲ ခေါ်ယူချင်တဲ့ ဆိုးရှား⚽ လိုင်ယွန်က ဒမ်ဘီလီ နဲ့အော်အာ ထွက်မည်⚽ ဟာကာမီ ကို ပရီးမီးယားလိဂ် ကလပ်တွေမေး⚽...
12/06/2020

⚽ ဆန်ချိုအစား ဖာတီပဲ ခေါ်ယူချင်တဲ့ ဆိုးရှား
⚽ လိုင်ယွန်က ဒမ်ဘီလီ နဲ့အော်အာ ထွက်မည်
⚽ ဟာကာမီ ကို ပရီးမီးယားလိဂ် ကလပ်တွေမေး
⚽ ဆန်ချိုကို စိတ်ကုန်လာပြီ ဖြစ်တဲ့ ဒေါ့မွန်
အပါအဝင် နောက်ဆုံးရ သတင်းများကို ဓာတ်ပုံနှိပ်ဖတ်ပါ။

[UNICODE] ⚽ မန်ယူအသင်းက ဂျေဒန်ဆန်ချို ထက်စာရင် ဘာစီလိုနာ အသင်းက အန်ဆူဖာတီကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ.....

⚽ ဗင်နီဆီးယက်စ် ကို ပေါင် သန်း ၁၀၀ နဲ့ကမ်းလှမ်းတဲ့ PSG⚽ ဂျူဗီက ထွက်မယ်ဆိုတဲ့ သတင်းတွေ ထပ်ပေါ်လာတဲ့ ရော်နယ်ဒို⚽  ကိုင်ဟား...
12/06/2020

⚽ ဗင်နီဆီးယက်စ် ကို ပေါင် သန်း ၁၀၀ နဲ့ကမ်းလှမ်းတဲ့ PSG
⚽ ဂျူဗီက ထွက်မယ်ဆိုတဲ့ သတင်းတွေ ထပ်ပေါ်လာတဲ့ ရော်နယ်ဒို
⚽ ကိုင်ဟားဗတ်စ် ကို စိတ်ဝင်စားတဲ့အသင်းမှာ ရီးရဲလ်ပါလာ
အပါအဝင် နောက်ဆုံးရ သတင်းများကို ဓာတ်ပုံနှိပ်ဖတ်ပါ။

[UNICODE] ⚽ PSG အသင်းက ဗင်နီဆီးယက်စ် အတွက် ပေါင် သန်း ၁၀၀ ပေးပြီး ကမ်းလှမ်းခဲ့ပေမယ့် ရီးရဲလ် အသင်းက ပယ်ချလိုက်တယ်လို.....

⚽ ဆန်ချိုကို ဈေးမပေးနိုင်လို့ မခေါ်တော့ဘူးဆိုတဲ့ ရီးရဲ⚽ မာတီနက်ဇ်အကြောင်း ပြောဆိုနေကြတာတွေနဲ့ ပတ်သက်ပြီး ဆွာရက်ဇ်ကို လေး...
12/06/2020

⚽ ဆန်ချိုကို ဈေးမပေးနိုင်လို့ မခေါ်တော့ဘူးဆိုတဲ့ ရီးရဲ
⚽ မာတီနက်ဇ်အကြောင်း ပြောဆိုနေကြတာတွေနဲ့ ပတ်သက်ပြီး ဆွာရက်ဇ်ကို လေးစားဖို့ အီတူး သတိပေး
⚽ မိုမစ်ချ်၊ ကာကာ၊ ဘာလိုတယ်လီတို့ကို ခေါ်ချင်နေတဲ့ စီးရီးဘီကလပ်ပိုင်ရှင်
⚽ ပီယာလိုလက်သစ်ကို ဖုန်းဆက်ပြီး စည်းရုံးခဲ့တဲ့ ကွန်တီ
အပါအဝင် နောက်ဆုံးရသတင်းများကို ဓာတ်ပုံနှိပ်ဖတ်ပါ။

[UNICODE] ⚽ေ အစီမီလန်အသင်းပိုင်ရှင်ဟောင်း ဘာလူစကိုနီက သူလက်ရှိပိုင်ဆိုင်လျက်ရှိနေတဲ့ စီးရီးဘီကလပ်မွန်ဇာအသင်းဆ....

Address


Website

Alerts

Be the first to know and let us send you an email when Daily News & Knowledge posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share