Kalimba For My Oria

Kalimba For My Oria Kalimba covers

10/09/2024

Find Friend 找朋友

#卡林巴 #卡林巴琴

06/06/2024

International Notes နဲ့ Kalimba တီးကြမယ်
Exercise 5

Dreaming

ဘေဘီ အခုတလော ကြိုက်နေတာ Rainbow(သက်တံ) ဆိုတော့ သူက ဒီသီချင်းလေးကို Rainbow သီချင်းဆိုပြီး အရမ်းကြိုက်နေတာပေါ့ 😅
ပါတဲ့အသံက ၄သံပါ. Do:1 Re:2 Me:3 So:5
Timing ကတော့ ရှေ့သီချင်းတွေအတိုင်း 2/4 နဲ့ ပါတဲ့ Notes တွေကလည်း ထုံးစံအတိုင်း quarter note နဲ့ eighth note တွေပဲဆိုတော့ ကျင့်ရ လွယ်ပါတယ်နော် 🤗
နောက်ခံဖွင့်ထားတဲ့ Metronome က 65 beats per minute (bpm)
Kalimba သံ နောက်ပိုင်းမှာ Singing နမူနာလေးပါ ထည့်ပေးထားပါတယ်. အသံမကောင်းတာရယ် အဆိုမကောင်းတာရယ်တော့ သည်းခံပေးကြနော် 😔🤗

04/06/2024

International Notes နဲ့ Kalimba တီးကြမယ်
Exercise 4
Squirrel

Kalimba လေးတွေကတော့ အသံသိပ်မကျယ်လို့ ဒီလိုပြဿနာမျိုး မရှိပါဘူးနော် 🤗😁😂🤣
02/06/2024

Kalimba လေးတွေကတော့ အသံသိပ်မကျယ်လို့ ဒီလိုပြဿနာမျိုး မရှိပါဘူးနော် 🤗😁😂🤣

ဂီတသမား အကြားစွမ်းရည် အတွက် …ဒီနေ့ခေတ် ဂီတသင်ယူသူတွေဟာ အလွန်ပဲ သက်တောင့်သက်သာ ရှိပါတယ်။ အင်တာနက်ပေါ်မှာ Free  လေ့လာနိုင်...
30/03/2024

ဂီတသမား အကြားစွမ်းရည် အတွက် …

ဒီနေ့ခေတ် ဂီတသင်ယူသူတွေဟာ အလွန်ပဲ သက်တောင့်သက်သာ ရှိပါတယ်။ အင်တာနက်ပေါ်မှာ Free လေ့လာနိုင်တဲ့ Educational Sharing Platfrom တွေ အများအပြားပါပဲ။ YouTube ကတော့ အသုံးများဆုံးပါ။ ဘာစတိုင်လဲ? ဘာစကေးလဲ? ဘာသီချင်းလဲ? အလွယ်တကူ ရှာဖွေနိုင်တယ်။ လေ့လာနိုင်တယ်။ အစောပိုင်း မျိုးဆက်တွေရဲ့ ဂီတခရီးကတော့ ဒီလိုမဟုတ်ပါဘူး။ အသံဖိုင်မပြောနဲ့, လေ့ကျင့်ခန်းစာအုပ် တစ်အုပ်ရဖို့ကို မလွယ်ပါဘူး။ Video Lesson Tape များရရင်တော့ ပါးနှင့်ပွတ် ကြည်နူးရတာဂလား …

သီချင်းတစ်ပုဒ်တီးချင်ရင် ကိုယ်တိုင် နုတ်ရေးရတယ်။ နုတ်မထုတ်တတ် မရေးတတ်ရင် ရေးတတ်တဲ့သူကို မှီခိုရတယ်။ အခကြေးငွေ ပူဇော်ရတယ်။ သူရေးပေးမှ တီးရတယ်။ ဒါကလည်း နုတ်ထုတ်နိုင်တဲ့သူ ရှိအုံးမှ။ အဲဒီတော့ ကိုယ်တိုင် နုတ်ထုတ်နိုင်အောင် ကြိုးစားကြရပါတယ်။

တိုးတက်မှုဖြစ်စဉ် Pros & Cons ကတော့ … ကိုယ်တိုင်နုတ်ရေးကြတဲ့ခေတ်က Aural skill (or) hearing ကောင်းကြပေမယ့်, အခု ကလစ်တစ်ချက်နှိပ်ရုံနဲ့ သီချင်းတစ်ပုဒ်ကို အဆင်သင့် demostruction ကြည့်တီးနိုင်တဲ့ ခေတ်ကျတော့ hearing မကောင်းကြတော့ပါဘူး။ နိုင်ငံတကာ Music School Course တွေကတော့ Grade-1 ကတည်းက, Grade-1 Aural skill Lessons တွေ ပါဝင်ပြီးသား။ Grade အလိုက် လေ့ကျင့်ပြီး Aural skill ကို ချဲ့ထွင်သွားရုံပါပဲ။ စနစ်တကျ မသင်ယူနိုင်တဲ့ တတိယနိုင်ငံ ဂီတသမားတွေကတော့ ဒီအပိုင်းမှာ အားနည်းပါတယ်။ Lesson စာအုပ်တွေသာ တစ်အုပ်ပြီး တစ်အုပ် တီးလာကြတယ်။ နုတ်တွေသာ ကြည့်တီးပြီး, နားကို မလေ့ကျင့်ဘဲ, Ear Training Lessons တွေကို skip လုပ်ကြတဲ့အတွက်, Solo တစ်ပုဒ်ဖွင့်ပြရင် ဘာကော့ဒ်, ဘာစကေးမှန်း မသိကြဘူး။ သီအိုရီ သိတောင် နားမကောင်းရင် structures, composition ကို မခွဲခြမ်းနိုင်တော့, နုတ်ကြည့်မှ “ဪ ဒါတီးနေတာပဲ” ဆိုတော့ … သီအိုရီ မတတ်သလိုပါပဲ။

Aural skill ကောင်းမှသာ Analyzing, composition, improvisition တွေ ကောင်းလာမယ်။ ဂီတအရသာကို ပိုခံစားနိုင်မယ်။ ပိုဖန်တီးနိုင်မယ်။ Aural skill ကောင်းလာတာနှင့်အမျှ ကိုယ့်ရဲ့ဂီတစွမ်းရည် level တွေ တဆင့်ပြီးတဆင့် မြင့်တက်လာမယ်။ Aural skill ဟာ ဂီတသမားအတွက် မရှိမဖြစ် လိုအပ်ပါတယ်။ ဒါ့ကြောင့် တူရိယာတီးတတ်ပြီး အကြားစွမ်းရည် မရှိတဲ့သူကို “စကားပြောတတ်ပြီး စာမတတ်သူ”လို့ ပြောကြပါတယ်။

Aural skill (အကြားစွမ်းရည်) ဆိုတာ နားဖြင့် pitches, melodies, scales, chords, rhythms တွေကို အတိအကျ ကြားသိခြင်းပါ။ tone deaf တွေကလွဲရင် လူတိုင်း လေ့ကျင့်လို့ ရပါတယ်။ ( tone deaf ဆိုတာ ဂီတသံနိမ့်မြင့် ခြားနားချက်တွေကို မခွဲခြားနိုင်တဲ့သူပါ။) ခင်ဗျားက သီချင်းတွေ နားထောင်နေတယ်။ သံစဉ်တွေ လိုက်ညည်းနေတယ်။ မတီးတတ်ပေမယ့် တီးလုံး, အဆိုသံတွေရဲ့ သံစဉ်နိမ့်မြင့်တွေကို ကြားတယ်။ ခံစားနိုင်တယ်။ ဒါဆိုရင် ခင်ဗျား tone deaf မဟုတ်ဘူး။ သေချာပေါက် လေ့ကျင့် အောင်မြင်နိုင်ပါတယ်။ တချို့ဆိုရင် သီချင်းတွေ နားထောင်ရင်းနှင့်ပဲ Aural skill improve ဖြစ်သွားသူတွေလည်း အများအပြားပါပဲ။

ဘယ်သူတွေလေ့ကျင့်နိုင်လဲ?
အသက် = ၃နှစ် - ၉၀ကျော် (တောက်တီးတောက်တတ်အရွယ်ကနေ မသေသေးသရွေ့ ကျင့်လို့ ရပါတယ်။)
အရည်အချင်း = absolute beginner - professional musician (အဆို, အတီးပိုင်းမှာ pro ဖြစ်နေပေမယ့်, အကြားစွမ်းရည် မလေ့ကျင့်ခဲ့သူတွေ ပြန်လေ့ကျင့်ရတယ်။ ခင်ဗျားက အခုမှ ဂစ်တာစသင်မယ်။ Aural skill ကို တွဲလေ့ကျင့်မယ်ဆိုရင် အချိန်တိုတိုနဲ့ ခရီးရောက်ပါလိမ့်မယ်။)
တူရိယာ = It doesn’t matter. (ဘာမှ မတီးတတ်လည်း လေ့ကျင့်နိုင်တယ်။ နားလေ့ကျင့်ရင်း အဆိုစွမ်းရည်ပါ တိုးတက်စေတယ်။ တူရိယာသင်ယူမှု မြန်ဆန်စေပါတယ်။)

*(အကျိုးတရားများပေမယ့် Ear training လေ့ကျင့်ရတာ အတီးလေ့ကျင့်သလို မဟုတ်ပါဘူး။ ငြီးငွေ့လွယ်ပြီး စိတ်အားထက်သန်မှုတွေ လျော့လာတတ်ပါတယ်။ strong mindset ရှိဖို့ လိုတယ်။ တိကျတဲ့အချိန်ဇယား, ခိုင်မာတဲ့အဓိဌာန်ထားဖို့ လိုပါတယ်။)*

ဘာတွေလေ့ကျင့်ရမလဲ?
subjects အနေနှင့် pitches, intervals, scales, chords, chord progressions, melodies, rhythms တွေ လေ့ကျင့်ရပါမယ်။

subjects တွေ များနေပေမယ့် အုပ်စုဖွဲ့လိုက်ရင် အဓိက ၂မျိုးပဲ ရှိတယ်။
Intervals & Rhythms

Intervals မှာ melodic & harmonic ရှိမယ်။
melodic မှာ pitches, scales, melodies တွေ,
harmonic မှာ chords and chord progressions ပါမယ်။

ပထမဆုံး …
intervals ကို အရင် လေ့ကျင့်ရပါတယ်။
intervals လေ့ကျင့်တဲ့ method ၂မျိုး ရှိတယ်။
intervalic & melodic
intervalic training လေ့ကျင့်ရတာ ငြီးငွေ့စရာ ကောင်းတယ်။ တဖြည်းဖြည်း လေ့ကျင့်ရတာ ပျင်းရိလာပြီး ကျောပြတ်သွားတတ်တယ်။ ဒါကြောင့် melodic training နှင့် စလေ့ကျင့်ဖို့ အကြံပေးပါတယ်။ (စိတ်မပူပါနဲ့။ ခင်ဗျားတို့ ပျော်ပျော်ကြီး လေ့ကျင့်နိုင်တဲ့ Apps တွေကို နောက်မှာ စဉ်ပေးထားပါတယ်။)

လေ့ကျင့်ချိန်
တရက် 10 – 15 minutes ပါပဲ။ စိတ်အားထက်သန်လွန်းရင် မနက်-ည ၂ကြိမ် လေ့ကျင့်နိုင်ပါတယ်။ (*အချိန်အနည်း အများထက် နေ့စဉ် မပျက်မကွက် လေ့ကျင့်ဖို့က အရေးကြီးပါတယ်။)

တိုးတက်မှု
အခုစကျင့်တာနဲ့ အခုတိုးတက်မှန်း ကိုယ်တိုင်သိနိုင်ပါတယ်။
၃ ရက်လောက် လေ့ကျင့်လိုက်ရင် Ear training အကျိုးတရားကို လက်တွေ့ယုံကြည်လာမယ်။
1 – 3 months အတွင်း - simple songs melodies တွေကို ကြားနိုင်မယ်။
3 – 6 months အတွင်း - diatonic triads (family chords), chord progressions တွေကို ကြားနိုင်မယ်။ (ဒီအဆင့် ရောက်လာရင် လေ့ကျင့်မှုကို မရပ်ချင်တော့ပါဘူး။ ပန်းတိုင်ဆီကို ပုံမှန်လှမ်းသွားရုံပါပဲ။)

theory လိုအပ်လား?
သီအိုရီမသိလည်း လေ့ကျင့်လို့ ရပါတယ်။ Technically အရ note frequency ကြားနိုင်တယ်။ ဒါပေမယ့် composition & emotion ကိုတော့ အပြည့်အဝ နားလည်မှာ မဟုတ်ပါဘူး။ သီအိုရီမသိလို့ မကျင့်ဘဲတော့ မနေပါနဲ့။ လေ့ကျင့်ပါ။ ဂီတစွမ်းရည် တိုးတက်မယ်။ သီအိုရီသင်တဲ့အခါ အထောက်အကူ ဖြစ်စေပါတယ်။

Theory & Ear ဆိုတာ ကိုင်းကျွန်းမီ ကျွန်းကိုင်းမီပါ။ Aural skill ကြောင့် Theory ပိုနားလည်လာမယ်။ Theory knowledge ကြောင့် Ear training ပို လွယ်ကူစေပါမယ်။ Ear training လေ့ကျင့်တဲ့အခါ frequency & feeling ရှိတယ်။
သီချင်းတစ်ပုဒ်ရဲ့ (tonic/root) ကို ကြားတဲ့အခါ “home” ဆိုတဲ့ pleasure, positive, bright, , safe, stable feeling ကို ခံစားရမယ်။
most dissonant interval (tritone) ကို ကြားတဲ့အခါ “nervous” ဖြစ်တဲ့ tense, negative, dark, unstable feeling တွေ ခံစားရမယ်။
အဲဒီလို နုတ်တွေရဲ့ resolve & unresolve nature ကို သိပြီး လေ့ကျင့်တဲ့အခါ ပိုထိရောက်သလို, တခြားသော musical skill တွေကိုပါ တိုးတက်စေပါတယ်။ ဒါကြောင့် - intervals, degrees, consonant and dissonant, cadences, resolutions တွေ သိဖို့ လိုပါတယ်။ (ကျနော့ပို့စ်တွေမှာ ရေးခဲ့ပါတယ်။ ပြန်ဖတ်ကြည့်ပါ။)

***ပထမခြေလှမ်း***
melodic ear training နှင့် စပါမယ်။
Do Re Me နုတ်၃လုံး ပေးထားမယ်။ တီးပြတာ ဘယ်နုတ်လဲ ရွေးရမယ်။ ဒါပါပဲ။
နောက်တစ်နည်းက - Do Re Me နုတ်၃လုံးကို short melody တွေ တီးပြမယ်။ ကြားတဲ့အတိုင်း အဖြေမှန် ပြန်တီး, ရွေးပေးရမယ်။ ဒီနည်းကို functional ear training ခေါ်တယ်။ ပျော်စရာကောင်းပါတယ်။

next lesson တွေမှာ နုတ်တစ်လုံးချင်း တိုးသွားမယ်။ diatonic ပြီးရင် chromatic လာမယ်။ step by step exercises တွေကို နေ့စဉ်အချိန်အနည်းငယ်ပေး လေ့ကျင့်ရုံပါပဲ။

*(အဖြေ 90 – 100 % မှန်ကန်မှ next lesson ကိုသွားပါ။)*

Ear Training Apps
ကျနော်သိတဲ့ Apps တွေ အများကြီး အုပ်စုခွဲ ညွှန်းပေးထားပါတယ်။ အကုန် အကောင်းတွေချည်းပါပဲ။ အုပ်စုတစ်ခုစီကို အကုန်ဒေါင်းပြီး ကိုယ်ကြိုက်တာ တစ်ခု ရွေးကျင့်ပါ။ ကျနော့ favourite apps တွေကို (***) ပြထားပါတယ်။

1) Functional Ear Training Apps
ဒါလေးနဲ့ စကျင့်ပါ …
1 - EarForge (***)
https://play.google.com/store/apps/details?id=com.EarForge.EarForge&hl=en&gl=US
UI ရိုးရှင်းတယ်။ ချစ်စရာကောင်းတယ်။ lesson customize လုပ်နိုင်တယ်။ ပျော်စရာကောင်းတဲ့ functional ear training app ဖြစ်ပါတယ်။

2 - Medudia
https://play.google.com/store/apps/details?id=com.Meludia.MicroMelody&hl=en&gl=US
website မှာတော့ သူတို့တက်ကနစ်က အကောင်းဆုံး, အချိန်တိုနှင့် အထိရောက်ဆုံး လို့ ပြောထားပါတယ်။ (မကြိုက်တာက In-app purchases ဖြစ်လို့ပါ။)

3 - Funtional Ear Trainer
https://play.google.com/store/apps/details?id=com.kaizen9.fet.android&hl=en&gl=US
ရှေ့က apps ၂ခုနှင့် မတူတဲ့ lesson idea လေ့ကျင့်နိုင်ပါတယ်။ အထက်ပါ apps ၃ခုက အစပျိုးလို့ကောင်း, ပျော်စရာကောင်းတဲ့ functional ear training apps တွေပါ။ ပျော်ပျော်ကြီးလေ့ကျင့်ပြီး အကျိုးတရား သိပြီဆိုရင်တော့ အောက်က apps တွေထဲက စိတ်ကြိုက်ရွေးပြီး ပန်းတိုင်ဂိုးပါတော့ …

2) Rhythm Ear Training Apps
Rhythm သီးသန့်လေ့ကျင့်ဖို့ apps တွေပါ။
1 - Rhythm Trainer
https://play.google.com/store/apps/details?id=ru.demax.rhythmerr&hl=en&gl=US

2 - Complete Rhythm Trainer
https://play.google.com/store/apps/details?id=com.binaryguilt.completerhythmtrainer&hl=en&gl=US

3 - Coryvo Rhythm Trainer (***)
https://play.google.com/store/apps/details?id=com.coryvo.learn&hl=en&gl=US

3) Complete Ear Training Apps
Intervals, chords, chords progressions, rhythm အစုံ လေ့ကျင့်နိုင်တဲ့ apps တွေပါ။
1 - Interval recognition ear train (***)
https://play.google.com/store/apps/details?id=uk.co.marchantpeter.intervalrecognition&hl=en&gl=US
UI ပုံမလာပေမယ့်, custom functions, instuments, exercises တွေ အများအပြားပါ။ ကျနော် သိသမျှ apps တွေထဲက အကောင်းဆုံး app ပါပဲ။ ပိုကောင်းတာက 100% free ပါ။

2 - Complete Ear Trainer
https://play.google.com/store/apps/details?id=com.binaryguilt.completeeartrainer&hl=en&gl=US

The Ear Gym (***)100% free
https://play.google.com/store/apps/details?id=com.franciscop.francisco.eargym&hl=en&gl=US

Perfect Ear (***)
https://play.google.com/store/apps/details?id=com.evilduck.musiciankit&hl=en&gl=US

Intervals: ear training tutor (100% free)
https://play.google.com/store/apps/details?id=com.mnemogenic.intervals&hl=en&gl=US

Relative Pitch Trainer (***)100% free
https://play.google.com/store/apps/details?id=com.musicntools.eartraining&hl=en&gl=US

ဒီနေ့ခေတ်က mobile သုံးသူများလို့ mobile apps တွေပဲ ညွှန်းခဲ့တာပါ။ computer နှင့် ကျင့်ချင်ရင်တော့ EarMaster software အကောင်းဆုံးပါပဲ။
https://www.earmaster.com/

Perfect Pitch
Aural skill ရဲ့ အမြင့်ဆုံးစွမ်းရည်က Perfect Pitch ကြားခြင်းပါပဲ။ Perfect intervals မဟုတ်ပါဘူး။ Perfect pitch ဆိုတာ intervals, scales, chords တွေကို note, position, string အတိအကျ ကြားခြင်းပါ။ Key သိနိုင်တဲ့ level ပါ။
သီချင်းတစ်ပုဒ်ရဲ့ melody, chord, scale တွေကို ကြားဖို့ မခက်ပါဘူး။ (အများစုက ဒီမှာ ရပ်နေတတ်တယ်။) Perfect Pitch ကြားဖို့ အတွက်ကတော့, ဒီအဆင့်ကနေ ထပ်သွားရပါမယ်။

3 – 6 months အတွင်း diatonic scale & chords တွေကို ကြားလာတဲ့အခါ သီချင်းတွေနှင့် လေ့ကျင့်ဖို့ လိုလာမယ်။ melody ရိုးရှင်းပြီး, rhythm ကျဲတဲ့ သီချင်းတွေနှင့် စရပါမယ်။ “ဦးခင်မောင်တိုး” သီချင်းတွေက အဆင်ပြေဆုံးပါပဲ။ chords & vocal melody တွေကို နားထောင်ပြီး ရေးချပါ။ music & solo တွေကတော့ အဆင်မပြေတာ ရှိကောင်းရှိမယ်။ တေးထားပေါ့။ နောက်တစ်ခါ တွေ့အုံးမှာပါ …

Marlin
25.Mar,2024

Origin Link: https://www.facebook.com/share/fSkJTzBHf5yvzLBP/?mibextid=WC7FNe
https://www.facebook.com/share/p/DZZTBjtfXJH8e8Ep/?mibextid=oFDknk

27/03/2024
Very basic for International 🎶
17/03/2024

Very basic for International 🎶

13/03/2024

Richard Marx: Right Here Waiting

1989 ခုနှစ်က ထွက်ခဲ့တဲ့ ဒီသီချင်းလေးကတော့ လူတိုင်းသိကြမယ်ထင်ပါတယ်. ကိုယ်ကိုယ်တိုင်လည်း ငယ်ကတည်းက ကြားနေကျ တီးလုံးပါ အလွတ်ရနေတာလေး! ဒီသီချင်းလေးကို Richard Marx က သူ့အမျိုးသမီး တောင်အာဖရိကမှာ ရုပ်ရှင်သွားရိုက်နေတုန်း ရေးခဲ့တာပါ.. ရေးပြီးတော့ သူ့ဆီ သီချင်းအပ်ထားတဲ့ အဆိုတော်တယောက်ကို ပေးဆိုဖို့ ပြကြည့်တော့ ငြင်းလိုက်တာနဲ့ သူကိုယ်တိုင်ပဲ ဆိုဖြစ်သွားတာပါတဲ့ ☺️

Kalimba စတီးခါစက kalimba စာအုပ်ရှေ့ဆုံးမှာ ဒီသီချင်းလေးကို တွေ့တယ်.. အောက်မှာမှတ်ချက်လေးနဲ့ piano/ guitar နဲ့ တွဲတီးပါ melody ချည်းမို့လို့ပါတဲ့.. melodies ချည်းလည်း ဘာဖြစ်လဲ တီးမဟဲ့ဆိုပြီး notes ကိုကြည့်လိုက်တာ.. ခုံးခုံးလေးတွေက ဘာလေးတွေလဲမသိတော့ kalimba ဆိုင်က ရောင်းတဲ့ ညီမလေးကို လှမ်းမေးတယ် (သူက သင်ပေးမယ် ပြောထားတာကိုး) ပုံလေးရိုက်ပြီး အဲ့ခုံးခုံးလေးတွေကို ဘယ်လိုတီးရမှာလဲ ညီမ ဆိုတော့ ‘အစ်မ အဲ့ဒါတွေ ဘာမှမကြည့်နဲ့ နံပါတ်ပဲ ကြည့်တီး’ တဲ့ 😅. တီးကြည့်လည်း မရ. (ဘယ်ရမလဲ အဲ့ဒါတွေက မတီးဘဲ ထားရမယ့်ဟာတွေ ဥစ္စာ 😒).. အခုမှပဲ ဒီသီချင်းလေး တီးဖြစ်တော့တယ် ☺️. အခုတီးထားတဲ့ notes ကတော့ Silvita ရဲ့ notes ပါ 😇

‘ဆောင်းနှင်းဖွေးဖွေးလေး…’ တို့ ‘မောင်ပေးတဲ့အချစ် ပြန်ဆပ်ခဲ့ပါ’ တို့ရဲ့ မူရင်းအဆိုရှင်ပါ ☺️https://www.facebook.com/share...
07/03/2024

‘ဆောင်းနှင်းဖွေးဖွေးလေး…’ တို့ ‘မောင်ပေးတဲ့အချစ် ပြန်ဆပ်ခဲ့ပါ’ တို့ရဲ့ မူရင်းအဆိုရှင်ပါ ☺️

https://www.facebook.com/share/a5NMxLYxHZK1U243/?mibextid=WC7FNe

ကျွန်မ ကြိုက်နှစ်သက်ပြီး တီးခဲ့ဖူးတဲ့ သီချင်းလေးပါ. Comment မှာ ကျွန်မရဲ့ Kalimba cover link လေး ထည့်ပေးထားပါမယ်နော် 😇.h...
27/02/2024

ကျွန်မ ကြိုက်နှစ်သက်ပြီး တီးခဲ့ဖူးတဲ့ သီချင်းလေးပါ. Comment မှာ ကျွန်မရဲ့ Kalimba cover link လေး ထည့်ပေးထားပါမယ်နော် 😇.

https://www.facebook.com/share/hebu9ZJdfrR8dW8E/?mibextid=WC7FNe

(အသံ) နဲ့ (တိတ်ဆိတ်ခြင်း) ဆိုတဲ့၊ ဆန့်ကျင်ဘက်အနက်သဘောနှစ်ခုကို တွဲကပ်ထားလိုက်တာကိုက ဒီသီချင်းရဲ့ ပထမဆုံးသော ဆွဲဆောင်မှုပဲ။ Juxtaposition လို့ပြောရမယ်။

1965/66 လောက်ကတည်းက ထွက်ခဲ့တဲ့ သီချင်းကို ကျွန်တော်တို့ လူပျိုဖေါ်ဝင်စ၊ ဂစ်တာ တီးသင်စမှာလည်း တီးကျင့်ခဲ့ကြ ဆိုခဲ့ကြဖူးတာပဲ။ ဗားရှင်း အမျိုးမျိုးလည်း ကြားခဲ့ဖူးတာပဲ။ အဲ့ဒါတွေထဲမှာမှ ဟဲဗီးမက်တယ် အဆိုရှင် David Michael Draiman ရဲ့ အားပါလွန်းလှတဲ့အသံနဲ့ ဆိုဟန်ကို နားထောင်ရတာ အခိုက်ဆုံးပဲ။

ဒီ "The Sound of Silence" ကို အသက် ၂၁နှစ်သားလေး Paul Simon ကရေးခဲ့တာ။ သူ့အသက်အရွယ်နဲ့ ကမ္ဘာကျော်ခဲ့တဲ့ တေးတစ်ပုဒ်ကို ရေးဖွဲ့ပြနိုင်ခဲ့တာကတော့ အံ့ဩခမန်းပါပဲ။
အို .. အသင်၊ လူလွန်မသားလို့ပဲ ချီးကျူးရမယ်ထင်ပါရဲ့။ ဒီသီချင်းကို ဈာန်ဝင်စားဖို့ ရေချိုးခန်းထဲမှာ မီးလုံးဝပိတ်ပြီး တွေးခဲ့၊ ရေးခဲ့ တယ်လို့လည်း ပြောထားတာတွေ့ရတယ်။
သီချင်းနောက်ခံကလည်း စိတ်ဝင်စားဖို့ ကောင်းလှတယ်။
Greenberg နဲ့ Art Garfunkel ဆိုတဲ့ တက္ကသိုလ် အတန်းဖေါ်သူငယ်ချင်းနှစ်ယောက်ရှိသတဲ့။ အဲ့ဒီမှာ ကျောင်းတက်နေရင်း တိမ်ကြောင့် Art Garfunkel ဟာ မျက်လုံးကွယ်သွားခဲ့တယ်။ စိတ်ပျက်ပြီး ကျောင်းက ထွက်သွားပေမယ့် Greenberg က အတင်းတိုက်တွန်းပြီး ကျောင်းပြန်တက်ခိုင်းခဲ့တယ်။ သူ့သူငယ်ချင်းအားမငယ်အောင် အနီးကပ် အချိန်ပြည့်နီးပါး ကူညီစောင့်ရှောက်ပေးခဲ့တယ်။ မျက်မမြင်သူငယ်ချင်း ကို စာနာစွာနဲ့ Greenberg ဟာ သူ့ကိုသူ (အမှောင်) ဆိုတဲ့ နာမည်နာမ်စားကို အသုံးပြုခဲ့တယ်။
ကျောင်းပြီးသွားတော့ Art Garfunkel က၊ Paul Simon နဲ့တွဲပြီး အသံသွင်းဖို့ Greenberg ဟာ သူလိုအပ်တဲ့ငွေ ဒေါ်လာ ၄၀၀ လှမ်းချေးတယ်။ ဟိုဘဲ ( Greenberg ) ကလည်း သူ့ဘဏ်စာရင်းထဲမှာ လက်ကျန် ၄၀၄ ဒေါ်လာပဲရှိတာကို အကုန်ထုတ်ပြီး ပေးလိုက်တယ်။ သူ့သူငယ်ချင်းကို အားလုံးပုံပြီး အားပေးတာလေ။ သူငယ်ချင်း အချစ်ကြီးမားလှကြပုံများ။
အဲ့ဒါနဲ့ ၁၉၆၄ မှာ “Wednesday Morning, 3 AM” ဆိုတဲ့အခွေကို ထုတ်ဖြစ်တယ်။ ဒီစာသားဆန်ဆန်နဲ့ မျိုးကြီး သီချင်းတစ်ပုဒ်တောင် ရှိသေးတယ်ထင်တယ်။ နာမည်မေ့နေလို့။ ကံဆိုးချင်တော့ အခွေက မပေါက်ဘူး။ ဒါပေမယ့် အဲ့ဒီခွေထဲပါတဲ့ "The Sound of Silence" က ပေါက်သွားတယ်။ နောင်မှာ ကမ္ဘာတစ်ဝှမ်းကျော်ကြားလှတဲ့ သမိုင်းသက်ရှည်စွာ တင်ကျန်ရစ်တဲ့ သီချင်းတစ်ပုဒ်ဖြစ်လာခဲ့တယ်။
သီချင်းကိုတော့ မူလ Art Garfunkel နဲ့ Paul Simon အတွဲ ဗားရှင်းထည့်ပေးလိုက်ပါတယ်။ ဒီမှာ ဆိုနေကြတာကတော့ Art Garfunkel နဲ့ Paul Simon ပါပဲ။ comment မှာ ကျွန်တော်ကြိုက်တဲ့၊ David Michael Draiman ဗားရှင်းကို ထည့်ပေးထားပါ့မယ်။

…….
The sound of silence
တိတ်ဆိတ်သံစဉ်

Hello darkness, my old friend
ဟယ်လို အမှောင် ငါ့ကောင်ရေ၊ ငါ့ဘော်ဒါဟောင်းရေ ..
I've come to talk with you again
ပြောစရာ ရှိလို့ ငါ လာခဲ့ပြန်ပြီလေ
Because a vision softly creeping
တီးတိုးညင်သာ တွားတက်လာတဲ့ အာရုံနမိတ် ပုံအရိပ်တခု
Left its seeds while I was sleeping
ငါ မှေးစက်နေခိုက် အတွေးမျိုးစေ့ချသွားခဲ့လို့
And the vision that was planted in my brain
ဦးနှောက်ထဲ အမြစ်တွယ်
Still remains
နေရစ်တာ
Within the sound of silence
သက်ငြိမ်သံစဉ် ထဲမှာ
In restless dreams, I walked alone
ခြောက်အိပ်မက်တွေထဲ တကိုယ်တော် လျှောက်နေတာ
Narrow streets of cobblestone
ကျောက်စရစ် လမ်းကျဉ်းလေးတွေပေါ်မှာ
'Neath the halo of a street lamp
လမ်းမီးတိုင် အလင်းအောက်မှာ
I turned my collar to the cold and damp
အေးစက် စိုစွတ်လို့ ကော်လာထောင်ကာ
When my eyes were stabbed by the flash of a neon light
That split the night
အမှောင်ညကို ခွဲခြားတဲ့ နီယွန် အလင်း
စက္ခုနှစ်ကွင်းကို ထိုးခွဲလိုက်ချိန်မတော့
And touched the sound of silence
သက်ငြိမ်သံစဉ်နဲ့ ထိတွေ့ခွင့် ရခဲ့ပြီ
And in the naked light, I saw
ဝတ်လစ်စလစ် အလင်းအောက်မှာ ငါ မြင်နေ
Ten thousand people, maybe more
သောင်းသိန်းချီတဲ့ လူတွေ-လူတွေ
People talking without speaking
အသံမပါတဲ့ စကားများ
People hearing without listening
နားမထောင်တဲ့ သောတအကြားများ
People writing songs that voices never shared
ဘယ်တုန်းကမှ မဝေမျှခဲ့တဲ့ သံစဉ်နဲ့ သီချင်းများ၊ လူတွေရေးသား
And no one dared
သို့သော်ငြား
ဘယ်သူကမှ
Disturb the sound of silence
သက်ငြိမ်သံစဉ်ကို နှောက်ယှက်ခြင်းငှာ မစွမ်းသာခဲ့လေ

"Fools" said I, "You do not know
ဟေ့ အရူးများ မသိကြလေရော့သလား
Silence like a cancer grows
သက်ငြိမ်ဟာ ကင်ဆာတခုလို ကြီးထွား
Hear my words that I might teach you
မသိသားဆိုးရွားသင်တို့အား ငါ သင်ကြားမည့် စကားများကို ကြားကြလော့
Take my arms that I might reach you"
မသိသားဆိုးရွားသင်တို့အား ငါ ထွေးပွေ့မည့် လက်အစုံကို ငံ့လင့်ကြလော့
But my words, like silent raindrops fell
သို့သော်ငြား ငါ၏ စကားလုံးတို့ကား
And echoed in the wells of silence
တိတ်ဆိတ် မိုးစက်တို့ သက်ငြိမ်ရေတွင်းနံရံကို ရိုက်ခတ်သည့် ပဲ့တင်သံသဖွယ်သာ။

And the people bowed and prayed
လူတွေ ညွှတ်တွား ခယ ဆုတောင်းနေ
To the neon god they made
သူတို့ဖန်တီးတဲ့ နီယွန်ဘုရားသခင်ဆီမှာလေ
And the sign flashed out its warning
သင်္ကေတ နမိတ်တော်တခု ဖျတ်ကနဲ လင်းလက်
In the words that it was forming
စာလုံးတွေအဖြစ် ခင်းကျင်း
Then the sign said, "The words on the prophets are written on the subway walls
တမန်တော်တို့ရဲ့ နှုတ်ကပ္ပတ်တော် စကားလုံးတွေ
An tenement halls
နံရံ (မြေအောက်ဘူတာ၊ အိပ်ခန်း) တွေအနှံ့ ကိုယ်ထင်ပြ

And whispered in the sound of silence
သက်ငြိမ်သံစဉ်ကို တီးတိုးဆိုငြီးနေကြ။

Kalimba တီးတာလည်း ဒီလိုပါပဲ.. ဘာမှသိမနေလည်း တီးပါ. တခမ်းတနား notes တွေ ဖတ်တတ်မနေလည်း တီးပါ. 1,2,3,4 notes လေးပဲသိလည်း တီ...
24/02/2024

Kalimba တီးတာလည်း ဒီလိုပါပဲ.. ဘာမှသိမနေလည်း တီးပါ. တခမ်းတနား notes တွေ ဖတ်တတ်မနေလည်း တီးပါ. 1,2,3,4 notes လေးပဲသိလည်း တီးပါ. Music theory သိမနေလည်း တီးပါ. Notes မထုတ်တတ်လည်း တီးပါ.. တီးရင်း တီးရင်း တဖြည်းဖြည်း အဆင်ပြေလာ သိလာမှာပါ. ဘာမှမသိလို့ ဘာမှမတီးရင် ဘယ်တော့မှလည်း သိလာမှာ မဟုတ်ဘူးရယ် 😔

https://www.facebook.com/share/p/zrdkFYNxLM99MvER/?mibextid=WC7FNe

"ပြီးပြည့်စုံတဲ့အထိ မစောင့်ပါနဲ့"
******************************

တခါက ဓါတ်ပုံဆရာတစ်ဦးဟာ သူ့တပည့်တွေကို
အုပ်စုနှစ်ခုခွဲပြီး စမ်းသပ်မှုတစ်ခုပြုလုပ်တယ်။
တစ်အုပ်စုက အရေအတွက်ကို အဓိကထားပြီး
နောက်တစ်အုပ်စုက အရည်အသွေးကို အဓိကထားဖို့ ညွှန်ကြားခဲ့တယ်။ ပထမအုပ်စုကို တစ်ဦးခြင်းဆီက ဓါတ်ပုံ၁၀၀ထိရိုက်ခိုင်းပြီး ၁၀၀ကို က အဆင့်၊
၉၀ကို ခ အဆင့်၊ ၈၀ကို ဂ အဆင့် စသဖြင့် သတ်မှတ်ပေးမှာပါ။ နောက်တစ်အုပ်စုကိုတော့ အကောင်းဆုံးဓါတ်ပုံတစ်ပုံ ရအောင်လုပ်ရမှာဖြစ်ပြီး အရည်အသွေးပေါ်မှာမူတည်ပြီး အဆင့်သတ်မှတ်ပေးမှာဖြစ်ပါတယ်။

အံ့အားသင့်စရာ ကောင်းတာကတော့ နောက်ဆုံးရလဒ်မှာ အရေအတွက်ကို ဦးတည်တဲ့အုပ်စုရဲ့ ဓါတ်ပုံတော်တော်များများဟာ အရမ်းကောင်းနေတာ
တွေ့ရတယ်။ သူတို့ဟာ ဓါတ်ပုံတွေ စမ်းရိုက်ကြည့်တယ် အလင်းအမှောင် နောက်ခံ အယူအဆတွေကို
ပေါင်းစပ်တယ်၊ မကြိုက်ရင် ထပ်တလဲလဲ ရိုက်တယ်၊ အမှားတွေကနေ သင်ခန်းစာယူတယ်၊ နောက်ဆုံး သူတို့ရဲ့ အကောင်းဆုံး ပုံ၁၀၀ရခဲ့တယ်။ တဖက်မှာတော့ အရည်အသွေးကို အဓိကထားတဲ့ အုပ်စုမှာတော့ အရည်အသွေးမြင့် အကောင်းဆုံး ပုံတစ်ပုံရဖို့ အတွေးအခေါ်ပိုင်း၊ အယူအဆပိုင်း၊ သီအိုရီတွေကို ဆွေးနွေးတိုင်ပင်ရင် နောက်ဆုံးမှာ သူတို့ရဲ့အားစိုက်မှု
မပေါ်လွင်တဲ့ ပုံတစ်ပုံပဲ ရခဲ့ပါတယ်။

ဒါလေးက ဘာကို ပြောနေတာလဲဆိုတော့ .....
ကျွန်တော်တို့တွေဟာ အလုပ်တစ်ခု(သို့) ရည်မှန်းချက်ပန်းတိုင်တစ်ခုအတွက် ပြီးပြည့်စုံမှလုပ်မယ်လို့ မခံယူဘဲနဲ့ လုပ်စရာရှိတာလေးကို သေးသေးလေးကနေ စပြီးလုပ်ရင်း အမှားကိုပြင်၊ အတွေ့အကြုံကို ယူပြီးတော့ ဆက်လက် လုပ်ဆောင်ဖို့ပါဘဲ။ အဲလိုမှ မဟုတ်ရင် ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တွေဟာလဲ
စိတ်ကူးယဉ် အဆင့်ထက် ပိုသော(သို့)ပိုသော(သို့)အကောင်အထည်ဖော်ရန်
မဖြစ်နိုင်သော အတွေးစ သပ်သပ်မျှသာ ဖြစ်နေမှာပါ။

YNH(📚စာပေချစ်မြတ်နိုးသူများ📚)

24/02/2024

❤️ သူသိသွားပြီ ❤️
Original Song: Chang Hung Liang 张洪量- Do You Know I’m Waiting For You 你知道我在等你吗

ကျွန်မတို့ငယ်စဉ်က ဒီသီချင်းလေးကို အေးချမ်းမေဆိုတော့ စသိခဲ့တာပေါ့.. ကဗျာဘွဲ့မှူးဆိုတာလည်း ကြားဖူးတယ်.. တလောကတော့ မေရီ ပြန်ဆိုတယ်ပေါ့နော်..
ကမ္ဘာတလွှား နာမည်ကျော်ကြားလှတဲ့ ဒီသီချင်းလေးကို ထိုင်ဝမ်အဆိုတော် Chang Hung Liang က ၁၉၈၉ မှာ သီဆိုခဲ့တာပါ. စာသားရော သံစဉ်ပါ သူကိုယ်တိုင်ရေးစပ်ခဲ့တဲ့ Masterpiece လက်ရာဖြစ်ပြီး ၁၉၉၀ မှာ ဆု ၅ဆု ရခဲ့ပါတယ်. Original Mandarin Version အပြင် Cantonese Version နဲ့ English Version ပါ ရှိပါသေးတယ်တဲ့.

တောင်းဆိုမှုများလို့ Kalimba notes လေးကို comment မှာ တင်ပေးထားပါတယ်နော် ❤️

#张洪量

22/02/2024
https://www.facebook.com/share/p/4mBczdsNiStVJvyU/?mibextid=WC7FNe
22/02/2024

https://www.facebook.com/share/p/4mBczdsNiStVJvyU/?mibextid=WC7FNe

Double Dotted Notes/Rests

Hello Guys! ဒီနေ့မှာဆိုရင်တော့ဖြင့် မင်မင်ကDouble Dotted Notes/Rests အကြောင်းပြောပြသွားမှာဖြစ်ပါတယ် ရှေ့မှာလဲDotted Notes/Rests အကြောင်းကိုလဲပြောပြထားတာရှိပါတယ် ဗျ Like and followလေးအားဖြင့်ကူညီပေးကြပါအုံးနော် ဆိုတော့စလိုက်ရအောင်

(. .) ဒီအမည်းစက်နှစ်ခုတွဲ ဟာဆိုရင် ရှေ့ကအမည်းစက်ရဲ့ တန်ဖိုးတစ်၀က်ကို ထပ်ပြီးပေါင်းထားတာပဲဖြစ်ပါတယ်။ ဒုတိယအမည်းစက် တန်ဖိုးဟာ ‌သူ့ရှေ့က Notes/Rests တန်ဖိုး ¾ (three-fourth) လေးပိုင်းသုံးပိုင်းရှိပါတယ်။ ဥပမာဆိုရင် Whole note တစ်လုံးရဲ့နောက်မှာ အမည်းစက်နှစ်ခုတွဲပြီးပါလာမယ်ဆိုရင် ဒုတိယအမည်းစက်က မူလအမဲစက်ရဲ့ တန်ဖိုးကိုပိုင်ဆိုင်ထားမှာဖြစ်ပါတယ်။ မင်မင် ရှေ့မှာရှင်းပြခဲ့တဲ့ Dotted Notes/Rests အတိုင်း အမည်းစက်တစ်ခုရဲ့တန်ဖိုးကို နားလည်မယ်ဆိုရင် Double Dotted Notes/Rests ကိုနားလည်ဖို့လွယ်ကူမှာဖြစ်ပါတယ်။ သို့သော်လဲ (Double Dotted Notes/Rests) နဲ့ (Triple Dotted Notes/Rests) တွေကို Music တေးဂီတတွေမှာ အသုံးနည်းပါတယ်။ ပိုမိုပြီးရှင်းလင်းဖို့အတွက်အောက်ပါ Notes/Rests ရှင်းလင်းချက်လေးကိုကြည့်လိုက်ရအောင်။

နောက်ပိုင်းလဲ ထက်ပြီးတင်ပေးမှာမို့ Like and share, Followလေးများဖြင့်ကူညီပေးကြပါအုံးနော် God bless you all🥰 Music For Ministry


Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Kalimba For My Oria posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share