ဇာတိချစ်သူအရှင်၏ မေတ္တာအတွေးများ

  • Home
  • Myanmar
  • Mandalay
  • ဇာတိချစ်သူအရှင်၏ မေတ္တာအတွေးများ

ဇာတိချစ်သူအရှင်၏ မေတ္တာအတွေးများ Writer

29/03/2020
27/03/2020

Photos from ဇာတိချစ်သူအရှင်၏ မေတ္တာအတွေးများ's post

23/03/2020

အားလုံး
စိတ်ချမ်းသာလို့
ကိုယ်ကျန်းမာကြပါစေ။

#ဇာတိချစ်သူအရှင် ( MBU )

18/03/2020

မဂ်လာပါ
နှလုံးစိတ်ဝမ်းအေးချမ်းပါစေ။

10/03/2020

ဘယ်လိုဘဝမျိုး ရောက်ရောက်
မင်း စိတ်ကောင်းရှိနေဖို့လိုတယ် ။

ဘယ်လိုဘဝမျိုး ရောက်ရောက်
မင်း အမြဲကြိုးစားနေရမယ် ။

ဘယ်လိုမျိုးလောကဓံနဲ့ကြုံကြုံ
မင် ခံနိုင်ရည်ရှိနေဖို့လိုတယ် ။

လှောင်ရယ်သံတွေကြားထဲမှာ
မင်း အပြုံးမပျက်နေနိုင်ရမယ် ။

လဲကျရင်ပြန်ထ ကိုယ့်ကြိုးစားမှုက
သဲထဲရေသွန် မဖြစ်စေနဲ့ ။

လဲကျလို့သာ ပြန်မထနိုင်ခဲ့ရင်
ပတ်ဝန်ကျင်က လှောင်ရယ်သံတွေပဲ
မင်း ကြားနေရတော့မှာ။

နာကျင်စရာတွေ ဘယ်လောက်ရှိရှိ
မင်း ပြုံးနိူင်ရမယ် အပြုံးဆိုတာ
အနာသက်သာဖို့အတွက် ဆေးတစ်ခွက်လိုပဲ ။

နေမင်းရှိတဲ့အရပ်မှာ မျက်နာမူတဲ့ကြာပန်းလို
အောင်မြင်မှုရရှိနိုင်တဲ့အရပ်သို့
လုံ့လဝီရိယနဲ့ချီတတ်ပါ။

ဒီနေ့ ... စိတ်ဓာတ်တွေ ဘယ်လောက်ကျကျ
မနက်ဖြန်ကစလို့ နေသစ်တိုင်းမှာ
မင်း နိုးကြားတတ်ကြွနေရမယ်နော်။

မေတ္တာဖြင့်...
#ဇာတိချစ်သူအရှင် ( MBU )

07/03/2020

အချိန်တန်ရင်
ကြွေဆင်းရမယ့်ဘဝတွေပါ

ဒါကြောင့်မို့...
လောကကြီးအတွက်
မဟုတ်တောင်မှ

ကိုယ့်ပတ်ဝန်းကျင်အတွက်
ဘဝသမိုင်းရိုင်းတဲ့
အကျည်းတန်တဲ့သူမဖြစ်ပါစေနဲ့။

လောကကြီးအတွက်
ပတ်ဝန်းကျင်အတွက်

သမိုင်းလှတဲ့ နှလုံးသားလှ
လူတစ်ယောက်ဖြစ်ဖို့လိုပါတယ်။

ဖြစ်အောင်လည်းကြိုးစားပါလို့
တိုက်တွန်းချင်ပါတယ်။

ဇာတိချစ်သူအရှင် ( MBU )

အချိန်တန်ရင်
ကြွေဆင်းရမယ့်ဘဝတွေပါ

ဒါကြောင့်မို့...
လောကကြီးအတွက်
မဟုတ်တောင်မှ

ကိုယ့်ပတ်ဝန်းကျင်အတွက်
ဘဝသမိုင်းရိုင်းတဲ့
အကျည်းတန်တဲ့သူမဖြစ်ပါစေနဲ့။

လောကကြီးအတွက်
ပတ်ဝန်းကျင်အတွက်

သမိုင်းလှတဲ့ နှလုံးသားလှ
လူတစ်ယောက်ဖြစ်ဖို့လိုပါတယ်။

ဖြစ်အောင်လည်းကြိုးစားပါလို့
တိုက်တွန်းချင်ပါတယ်။

ဇာတိချစ်သူအရှင် ( MBU )

03/03/2020

∆ ဘဝထဲက အက္ခရာများ ∆

စိတ်ကောင်းရှိသူက
ထောက်ပြပြီး ဝေဖန်ပေးတယ်။

စိတ်ကောင်းမရှိသူက
အပြစ်ပြပြီး အပုပ်ချတယ်။

စာနာမှုရှိတဲ့သူက
ထောက်ထားငဲ့ညှာတယ် ။

စာနာမှုမရှိတဲ့သူက
ဖိနှိပ်ချိုးနှိမ်တယ်။

နားလည်မှုရှိတဲ့သူက
ဖေးမကူညီလိမ့်မယ်။

နာလည်မှုမရှိတဲ့သူက
ရက်စက်ယုတ်မာလိမ့်မယ်။

လူတစ်ချို့က
မင်းရဲ့လုပ်ရပ်တွေကို
စောင့်ကြည့်နေပါလိမ့်မယ်။

မင်းသာအမှားလုပ်မိပြီဆို
ခေါင်းမဖော်ဝံ့အောင်
အပြစ်ဝိုင်းပြီးပြောပါလိမ့်မယ်။

ပတ်ဝန်းကျင်ဆိုတာ
ချီးမွှမ်းစကားပြောဖို့
စောင့်ကြည့်နေတဲ့သူထက်

ကဲ့ရဲ့အပြစ်တင်စကား
ဆိုဖို့အတွက်စောင့်ကြည့်နေတဲ့သူက
ပိုပြီးများပါတယ်။

သတိလေးနဲ့ပါ
ဒါ မင်းကြုံတွေ့ရမယ့်
လူတစ်ချို့အကြောင်း
တစ်စိတ်တစ်ပိုင်းပဲ။

ကိုယ့်ကို
ကောင်းတယ်ဆိုးတယ်ပြောမှာ
ပတ်ဝန်းကျင်ရဲ့အလုပ်ပါ
ကိုယ်က
ကောင်းအောင်နေဖို့က
ကိုယ့်အလုပ်ပါပဲ။

သင် ...
ကောင်းအောင်နေပါနော်။

မေတ္တာဖြင့် ~ ဇာတိချစ်သူ အရှင် { MBU }

14/02/2020

#ကိုယ့်ရင်ထဲကအမုန်းဖျောက်ပုံဖျောက်နည်း
▬▬▬▬▬▬▬▬▬▬▬▬▬▬▬
(မြင့်မြတ်သော စိတ်ထား တရားတော်မှ)🌿
🌳🌳🌳🌳အားလုံးပဲ့ မင်္ဂလာပါ 🌿

★ ရင်ထဲက အမုန်းစိတ်ကိုဖျောက်ဖို့ဆိုတာ အဆင့်ဆင့်ဖျောက်ဖို့ လိုတယ်ပေါ့။ အာဃာတပဋိဝိနယ သုတ္တံမှာ ကိုယ့်ရင်ထဲက အမုန်းဖျောက်ပုံဖျောက်နည်းကို မြတ်စွာဘုရား ဟောထားတာရှိတယ်။

★ ပထမ သူ့အကျိုးစီးပွားကို လိုလားတဲ့စိတ်ကို မွေးလိုက်ပါ။ အေး မွေးလို့ မရဘူး သူလုပ်ထားတာတွေ သတိရပြီး မွေးလို့မရဘူး သူ့ကို ကောင်းစားစေချင်တဲ့စိတ် ဘယ်လိုမှ လုပ်လို့ မရဘူးဆိုရင် ဘာလုပ်မတုန်း။ ကရုဏာထားလိုက်ပါ။

★ လူဆိုတာက ကရုဏာဆိုတာ အပေါ်စီးကကြည့်တာ မေတ္တာကျတော့ တန်းတူကြည့်တာဖြစ်တယ်။ အပေါ်စီးက ကြည့်ရင် လူကလွယ်တယ်လေ။ သနားစရာပဲဆိုရင်တော့ သူက အပေါ်စီးက ကြည့်လိုက်တဲ့ သဘောပဲ။

★ သူဟာ အဆင်မပြေဖြစ်နေတဲ့ သနားစရာ ပုဂ္ဂိုလ်တစ်ယောက်ပဲလို့ ကရုဏာထားလိုက်ပါ။ အကြင်တရားထားလိုက်ပါ။ အဲဒီ အကြင်နာတရားထားလို့အောင် မပျောက်ဘူးဆို့လို့ရှိရင် ဘာလုပ်ရမလဲ ဥပေက္ခာထားလိုက်ပါတဲ့။

★ သူရဲကလုပ်ရပ်တွေကိုထည့်ပြီးတော့ မစဉ်းစားနဲ့ သတ္တဝါတစ်ယောက်အနေနဲ့သာ ထားလိုက်။ ချစ်ခြင်းမုန်းခြင်း ကင်းအောင် နေလိုက်။ အဲဒါနဲ့ မပျောက်ဘူးဆိုရင် အေး သူ့လည်း သူ့ကံသူနဲ့ ငါလည် ငါ့ကံနဲ့ငါ သူ့ကိုချစ်မုန်းနေလို့ရော ဘာအကျိုးရှိမှာလဲဆိုတဲ့ ကမ္မဿကတာ ကို စဉ်းစားလိုက်ပါ။

★ အဲလိုလုပ်လို့ရှိရင် အမုန်းစိတ်ဟာ ပျောက်သွားတတ်တယ်။ အဲလိုတောင် မပျောက်ဘူးဆိုရင် သူ့ကို မေ့ထားလိုက်တော့တဲ့။ မစဉ်စားနဲ့တော့ ဒီလိုဆိုတယ် အာဃာတဖျောက်နည်း မေ့ထားလိုက်တဲ့ ခေါင်းထဲကို မထည့်နဲ့တော့တဲ့။ သတိရရင်တော့ မုန်းတဲ့စိတ် ပေါ်လာအုန်းမှာပဲ အဲဒါကြောင့် မေ့ထားလိုက်လို့ ဒီလို ဆိုလိုတယ်။

★ အဓိကက ကောင်းကွက်ကိုရှာ မေတ္တာကိုပွားဆိုပြီး လူတစ်ယောက်ရဲ့ ကောင်းတဲ့အနေအထားကိုကြည့်ပြီး မေတ္တာကိုပျိုးရမှာ ဖြစ်တယ်။ ပျိုးလာလို့ အရှိန်ရလာလို့ရှိရင် မေတ္တာ ခိုင်မာလာမှာဖြစ်တယ်။

★ ဟုတ်ပြီး ကိုယ့်မေတ္တာ တကယ့်ကို သန့်စင်တဲ့ မေတ္တာဟုတ်ရဲ့လား။ တခါတရံ မေတ္တာယောင်ယောင်ဆောင်ပြီးတော့ မဟုတ်တာက ၀င်လာတတ်သေးတယ်။ ဒါကြောင့်မို့ သန့်စင်တဲ့ မေတ္တာဖြစ်ဖို့ ဘာလုပ်ရမှာလဲ။ ကိုယ့်မေတ္တာဟာ သန့်စင်သလားဆိုရင် အမုန်းကင်းသွားပြီဆိုရင် ဒါ သန့်စင်တယ်ပေါ့နော်။ အမုန်းတရားလုံး၀ ပျောက်သွားပြီဆိုရင် သန့်စင်တဲ့မေတ္တာလို့။

★ အမုန်းကင်းစင်ယုံမျှမကဘူး ချစ်စိတ်၀င်လာပြီဆိုရင် အဲဒီမေတ္တာပျက်သွားပြန်ရော တဏှာရာဂ ဖက်ရောက်သွားတယ်။ မေတ္တာမှာ အနှောင့်အယှက် နှစ်ခုရှိတယ်။ အနီးကပ် အနှောင့်အယှက်နဲ့ အဝေးအနှောင့်အယှက်။ အနီးကပ်အနှောင့်အယှက် မေတ္တာနဲ့ သဘာ၀ချင်းတူတဲ့ ရာဂ၊ ချစ်ခင်မှု ရာဂ က မေတ္တာယောင်ယောင်နဲ့ သူက။

★ ဒါကြောင့်မို့လို့ အရပ်ထဲမှာ တွဲသုံးတာ သူ့အပေါ်မှာ မေတ္တာရှိတယ်၊ ငါ့အပေါ်မှာ မေတ္တာရှိတယ် ပြောနေကြတယ်။ အဲဒါ ဒီမေတ္တာကို ပြောတာ မဟုတ်ဘူးနော်။ မေတ္တာရှိတယ်နဲ့ အရပ်ထဲမှာ ပြောနေကြတာ မေတ္တာမျှကြတယ်လို့ ပြောနေကြတာ ဒီမေတ္တာမဟုတ်ဘူး။ အဲဒါ အလွဲသုံးစား လုပ်နေတာဖြစ်တယ်။ တကယ်ကတော့ တဏှာရာဂစိတ်သာ ဖြစ်တယ်ပေါ့။

★ တဏှာရာဂ စိတ်သဘောထားဟာ ကိုယ့်အတွက်ကြည့်တာ။ ကိုယ့်အတွက်ကြည့်တယ်ဆိုတာ ဘယ်လိုတုန်းဆိုရင် လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် ချစ်ကြတယ် ခင်ကြတယ် ဆိုတာဟာ သူ့ကိုမြင်နေရရင် သူ့အသံကြားနေရရင် စိတ်ချမ်းသာတယ်။ အဲဒီ ချမ်းသာတာကို လိုချင်တာပဲ အမှန်ကတော့။

★ သူက ကိုယ့်ကို ချမ်းသာအောင် လုပ်မပေးနိုင်ဘူး တပူပူတိုက်လို့ စိတ်ညစ်အောင် လုပ်လို့ရှိရင် ကွဲကြပြန်ရော။ အဲဒီကျတော့။ ကိုယ့်ကိုစိတ်ညစ်အောင် လုပ်ရင် ကွဲကြပြန်ရော။ အဲတော့ မေတ္တာအစစ်ကျ အဲလိုမဟုတ်ဘူး။

🔺မေတ္တာအစစ်ဟာ အမုန်းကင်းစင်မှုသာ ဖြစ်တယ်ပေါ့။

★ အမုန်းကင်းစင်သွားရင် မေတ္တာဖြစ်သွားပြီ။ တဏှာ နဲ့ ချစ်စိတ် ၀င်လာပြီဆိုရင် မေတ္တာပျက်သွားပြန်ပြီ။ သို့သော် အဲဒါကို မေတ္တာပျက်တယ်လို့ မသိကြဘူး ဘယ်သူမှ။ မေတ္တာဟာ ပျက်စီးသွားခြင်းပဲဖြစ်တယ်။ ဒါကြောင့်မို့ မေတ္တာကို တိတိမှတ်မှတ် ထိမ်းသိမ်းစောင့်ရှောက်ပြီး ပွားများဖို့ဆိုတာ ခဲယဉ်းတယ်လို့ ဒီလိုဆိုတာ။ မေတ္တာစစ် မေတ္တာမှန် ကိုယ့်သန္တာန်မှာဖြစ်အောင် ကြိုစားရမယ်။🙏🙏🙏
🌳🌳🌳အားလုံးပဲ့ မင်္ဂလာပါ 🌿🌿🌿🌿🌿

ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး🙏🙏🙏

11/02/2020

ဘုရားရှိခိုးပြီးရင် ဆုတောင်းကြတယ်ဆိုတာ
ဒါတွေကြောင့်ပါ

တချို့က ဘုရားရှိခိုးပြီးရင်ဆုတောင်းကြတယ်
တချို့က ဆုမတောင်းကြပါဘူး

ဆုတောင်းတယ်…ဆိုတာ ရအောင်
တောင်းကြတာ. မဟုတ်ပါဘူး။
သွားလမ်းလေးပျောက်မှာစိုးလို့ တောင်းရတာပါ။

နိဗ္ဗာန်ဆုတောင်း …လေ။
ပြီးတော့ နိဗ္ဗာန်ကိုသွားနိုင်တဲ့ဗောဓိ (၅) မျိုး
မရှိဘူးလား…။

အဲဒါလေးက
ဒီဘဝလဲ ဒီဆုလေးပန်နောက်ဘဝလဲ
ဒီဆုလေးပန်ဖြစ်အောင်

ဝါသနာလေးပါသွားအောင်
လမ်းပျောက်မှာစိုးလို့ ဆုတောင်းတာ…။
ရအောင်တောင်းတာ မဟုတ်ဘူး…။

လုပ်ယူမှရတာ။
ဟုတ်ကလား။
တို့ဒီ မန္တလေးကနေပြီးတော့တို့နတ်တလူဆိုရင်ကော
“နတ်တလူသွားမယ် သွားမယ်” နဲ့
မန္တလေးကနေ ပြောတော့… ရောက်သလား??
{မရောက်ပါဘုရား}

တို့နတ်တလူကကော
ဒီလိုပဲ “မန္တလေး သွားမယ် သွားမယ်” နဲ့ပြော
ရောက်သလား??
{ မရောက်ပါဘုရား}
ဘာလုပ်ရတုန်း။

{သွားရမှာပါဘုရား}
သွားမှရောက်တာ။

သို့သော် …
သွားမယ်လို့ အာရုံပြုတာက လမ်းကြရင်
လမ်းခွဲများတွေ့ခဲ့ရင်…

မန္တလေးလမ်းတည့်တည့်ကို သွားနိုင်အောင်လို့
“မန္တလေး သွားမယ် သွားမယ် ” နဲ့
အာရုံပြုရတာဗျ။

အဲ့လိုမှ အာရုံမပြုလို့ရှိရင်တော့
တွေ့ရာလမ်းဝင်သွားမှာပေါ့။

“တွေ့တဲ့လမ်း ဝင်မယ်ကွာ” ဆို
ဘယ်ရောက်မယ် ထင်တုန်း???
မန္တလေးတည့်တည့်ရောက်ပါ့မလား???
{မရောက်ပါဘုရား}

တွေ့တဲ့လမ်း တန်းဝင်သွားမှာပေါ့။
အဲ့တော့ ဆုတောင်းဆိုတာလဲ အဲ့ဒီ အတိုင်းဗျ…။
ဟုတ်ကလား။

ကိုယ်သွားမယ့်လမ်းလေးကို
အမြဲတမ်း တန်းနေအောင်လို့
ဆုတောင်းရတာပါ……။
ရအောင်တောင်းတာ …မဟုတ်ဘူး……။

ကျေးဇူးတော်ရှင်
မဟာဗောဓိမြိုင်ဆရာတော်ဘုရား

11/02/2020

မိုးကုတ်ဆရာတော်ဘုရားကြီးသြဝါဒများ

၁။ ငါသည် မုချသေရမည်၊ အချိန်ပိုင်းသာ
လိုတော့သည်။

၂။ ရခဲလှတဲ့ လူ.ဘဝကို အလွဲသုံးစား
ချိန်တွေ မဖြုန်းလိုက်ပါနဲ.။

၃။ ခန္ဓာကိုယ်ဟာ မွေးကတည်းက
အသေဘက်ကို ပြေးနေတယ်။

၄။ သက်တမ်းတိုတဲ့ ဘဝကလေးမှာတရားအား
မထုတ်ဘဲ အချောင်ခိုနေရင် အသေစောက
ကိုယ်ကျိုး နည်းလိမ့်မည်။

၅။ မနေ.ကထက် ယနေ သေဖို
တစ်ရက်နီးသွားပြီ။

၆။ မမျှော်လင့်ဘဲ ဖြုန်းခနဲ နာလည်နာနိုင်သည်။
သေလည်း သေနိုင်သည်။

၇။ ခန္ဓာ၏ ဝတ္တရားက အသေရှာတာ၊
ဉာဏ်၏ ဝတ္တရားက အသေရှောင်တာ။

၈။ အသေမဦးမီ ဉာဏ်ဦးစီးပြီး
ဝိပဿနာတရား အားထုတ်ပါ။

၉။ အပြေးမရပ်တဲ့ ခန္ဓာကိုယ် သုဿန်မရောက်ခင်
မဂ္ဂင်အလုပ် အမြန်လုပ်ပါ။

၁၀။ သာသနာနဲ.ကြုံမှ သစ္စာလေးပါး
ထွက်မြောက်ရေး တရားပေါ်မယ်။

၁၁။ ကိစ္စဟူသရွေ. မဂ်တား-ဖိုလ်တားလို့မှတ်ပါ။

၁၂။ တဏှာ- လောဘ ခိုင်းတာလုပ်နေလျှင်
သေတဲ့အခါ အပါယ်ရောက်မယ်။

၁၃။ အဝိဇ္ဇာ – တဏှာ ကိန်းလာရင်
အရှက်အကြောက် မရှိတော့ဘူး။

၁၄။ အလကားနေသရွေ.၊ အအားနေသရွေ.
အမှားနဲ.နေခြင်းလို. မှတ်ပါ။

၁၅။ တဏှာကို အဖော်မလုပ်ဘဲ
ဉာဏ်ကို အဖော်လုပ်ပါ။

၁၆။ ရက်ရာဇာ၊ ပြဿဒါး ရက်မရွေးနဲ.၊
သူတော်ကောင်း အလုပ်လုပ်နေတဲ့ အချိန်ဟာ
မင်္ဂလာအချိန်လိုမှတ်ပါ။

၁၇။ ကိုယ့်ကိုယ်ကို သနားရင် ဝိပဿနာလုပ်ကြ၊
ကိုယ့်ကိုယ်ကို မသနားရင်သားရေး၊ သမီးရေး၊
စီးပွားရေး လုပ်ကြ။

၁၈။ သစ္စာတရားကိုနာမှ သိမယ်၊ သိမှ ကျင့်မယ်။

၁၉။ နားက တရားကိုနာပါ၊ ဉာဏ်က ခန္ဓာကိုလှည့်ပါ။

၂၀။ နိဗ္ဗာန်သည် ကံ၏ အကျိုးမဟုတ်၊
ဉာဏ်၏ အကျိုးသာ ဖြစ်တယ်။

၂၁။ တရားနာနေသည့် အချိန်ဟာ
မတရားအလုပ် မလုပ်တဲ့ အချိန်ပဲ။

၂၂။ မိမိခန္ဓာရဲ. အရှိဖြစ်ပျက်ကို
အသိမဂ်နဲ. တကယ်သိအောင်လုပ်ပါ။

၂၃။ ရှေ.စိတ်ကို နောက်စိတ်က ကြည့်တာ
ဝိပဿနာ။

၂၄။ တစ်(၁) စိတ်ကို နှစ်(၂) စိတ်နဲ.ကြည့်တာ
ဝိပဿနာ။

၂၅။ ရှေ.အသေကို နောက်အသေနဲ.
ကြည့်တာ ဝိပဿနာ။

၂၆။ အရှိကို အသိလိုက်တာဝိပဿနာ။

၂၇။ ရှေ.က ဖြစ်ပျက်ပြီးတာ အနိစ္စ၊
နောက်က ပျက်မှန်းသိတာ မဂ္ဂ။

၂၈။ အရှိက ဖြစ်ပျက်ဓမ္မ၊ အသိကတော့ မဂ္ဂ။

၂၉။ ခန္ဓာက လောင်စာ၊ ဇရာ မရဏက မီး။

၃၀။ ဘယ်ခန္ဓာရရ၊ လောင်စာနဲ.မီး တွဲလျက်ကြီး။

၃၁။ လောင်စာသိမ်း၍ မီးငြိမ်းတာ နိဗ္ဗာန်။

၃၂။ ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းတာ နိဗ္ဗာန်။

၃၃။ ကိလေသာ အပူဓာတ်တွေ အေးငြိမ်းတာ နိဗ္ဗာန်။

၃၄။ ခန္ဓာက အနိစ္စ၊ တွေ.တာက မဂ္ဂ၊ သေတာက
သမုဒယ၊ ဆိုက်ရောက်တာက နိရောဓ။

၃၅။ ဖြစ်ပျက်သမျှ သင်္ခါရ ဒုက္ခသစ္စာမှတ်၊
သင်္ခါရကို ငါကောင်ထင် ခင်မင်သမုဒယမှတ်၊

ရုပ်နာမ် အားလုံး ဖြစ်ပျက်သုဉ်း ချုပ်ဆုံး နိဗ္ဗာန်မှတ်၊
ချုပ်ဆုံးမှုတွင် ဉာဏ်သက်ဝင်သိမြင်မဂ်ဟုမှတ်။

မိုးကုတ်ဆရာတော်ဘုရားကြီး

10/02/2020

ညီလေး/ညီမလေးများဖတ်ဖို့...

09/02/2020

လျှော့နိုင်ရင် ချမ်းသာတယ်
==================

© အစား လျှော့နိုင်ရင်
ရုပ်ခန္ဓာ ကျန်းမာတယ်။

© အသွားတွေ လျှော့နိုင်ရင်
ခလုတ်တိုက်တာ နည်းသွားတယ်။

© အပြောတွေ လျှော့နိုင်ရင်
အမှားနည်းသွားတယ်။

© အပျော်တွေ လျှော့နိုင်ရင်
အပျက်တွေ နည်းသွားတယ်။

© လိုချင်တာတွေ လျှော့နိုင်ရင်
ရှိတာလေးနဲ့ တင်းတိမ်ရောင့်ရဲ တတ်လာတယ်။

© သံသယတွေ လျှော့နိုင်ရင်
နေရတာ ကိုယ့်ကိုယ်ကိုယ်
ယုံကြည်မှု ရှိလာတယ်။

© မခံချင်စိတ်တွေ လျှော့န်ိုင်ရင်
မကျေနပ်လို့ ရန်ဖြစ်တာတွေ
နည်းသွားတယ်။

© အားလုံးလျှော့န်ိုင်ရင် ချမ်းသာတယ်။ဘဝဆိုတာ တို တောင်းပါတယ်။

ပိုနေတာတွေလျှော့ချပြီးလိုအပ်တာတွေ ဖြည်းဆည်းနေဖို့လိုတယ်။

© သံသရာ အဆုံးမသတ်နိုင် သေးပေမယ့်ကိုယ့်ကံကြမ္မာကို ကိုယ်သာဆုံးဖြတ်ရတာမို့ ...

လျှော့ချနိုင်ရင် လေးနေတာတွေ ပေါ့သွားပြီးလမ်းလျှောက်ရတာ ခရီးပေါက်တာပေါ့နော် ...
-
Credit to Original.

# Crd

09/02/2020

#တိုတောင်းလှတဲ့ဘဝလေးမှာ
💫💫💫💫💫💫💫💫

စိတ်ကောင်းထားပါ။
စိတ်ကောင်းရှိသူတိုင်းဟာ လှနေပါတယ်။
ဘာမှမပိုင်ရင်တောင် ဒီတစ်ခုကိုတော့
ပိုင်အောင် လုပ်သင့်ပါတယ်။

ဒေါသနဲ့ ဝေးဝေးနေပါ..။
ဒေါသက နာကျင် မှုတွေပေးလို့ပါ။
သင့် ကိုယ် တိုင် ကိုရော
ပတ်ဝန်းကျင် ကိုရောပေါ့။
၁ မိနစ် ဒေါသထွက် ရတိုင်း
စက္ကန့် ၆ဝ စာ ပျှော်ရွှင်မှုတွေ
ဆုံးရှုံးသွားရတာကို မမေ့ပါနဲ့။

ကိုယ်က မှန်နေတယ်ဆိုရင်
စိတ်ဆိုးနေစရာမလိုပါ။
တကယ်လို့ ကိုယ့်ဘက်က
မှားနေတယ်ဆိုရင်လည်း ကိုယ်က
ဘာမှစိတ်ဆိုးပိုင်ခွင့်မရှိတာကို
နားလည်လိုက်ပါ……။

မိသားစုဝင်တွေအပေါ်
သည်းခံခြင်းဟာ
ချစ်ခြင်းမေတ္တာကို ဖော်ညွှန်းတယ်...။

တခြားသူတွေအပေါ်
သည်းခံခြင်းဟာ
လေးစားမှုကို ဖော်ညွှန်းတယ်...။

ကိုယ့်ကိုယ်ကို
သည်းခံနိုင် ခြင်းဟာ
မိမိကိုယ်ကို ယုံကြည်မှု
ရှိတာကိုဖော်ညွှန်းတယ်...။

အခြေအနေတွေကို
အလိုက်သင့် သည်းခံခြင်းဟာ
ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေး
အရည်အချင်းကို ဖော်ညွှန်းတယ်...။

အတိတ်အကြောင်းကို
သိပ်မတွေးပါနဲ့... ။
မျက်ရည်တွေပဲ ကျလာရင်
ကိုယ်ပဲ ဝမ်းနည်းရမယ်လေ…။
အနာဂတ်အကြောင်းကို
သိပ်မတွေးပါနဲ့..။
စိုးရိမ်ကြောက်ရွံ့မှုတွေ
အားငယ်မှုတွေ ကသင့်ကို
နှိပ်စက်လာလိမ့်မယ်။

ပစ္စုပ္ပန် လက်ရှိအချိန်မှာ
အကောင်းဆုံးစိတ်ထား
အကောင်းဆုံးအလုပ်တွေနဲ့
နေထိုင်ပါ... ။

ကောင်းချီးသြဘာတွေ
ဆိုက်ရောက်လာပါလိမ့်မယ်...။
ဒါက လက်ဆောင်မွန်
ဖြစ်လာပါလိမ့်မယ်...။

ဘဝရဲ့ စမ်းသပ်ချက်တိုင်းက
ပိုမိုကောင်းမွန်လာစေသလို
ပိုပြီးခါးသီးသွားစေနိုင်တာလည်း
ရှိတတ်တာကို မေ့မထားပါနဲ့ ။

ကြုံတွေ့ရတဲ့ ပြဿ နာတိုင်းဟာ
အတွေ့အကြုံကောင်းကို
တည်ဆောက်ပေးနိုင် သလို
အမှားအဖြစ်လည်း သင့် ကို
ချိုးဖျက်နိုင် ပါတယ်...။

ဒူးထောက်မလား
ဆက်လျှောက်မလား
ဆိုတာကတော့
သင့်ရွေးချယ်မှုအပေါ်မှာပဲ
မူတည်နေပါတယ်...။

လှသောတဲ့အရာတိုင်းဟာ
အမြဲတမ်းမကောင်းနိုင်ပေမယ့်
ကောင်းတဲ့အရာတိုင်းကတော့
အမြဲတမ်းလှနေပါတယ်...။
ပြောရရင် လှတာထက်
ကောင်းတာကို ဦးစားပေးဖို့ပါ။

ပျော်ရွှင်မှုဟာ
သင့်ကိုချစ်ဖွယ်သော
အရာတွေကို
ယူဆောင်ပေးတယ်။

ဒါကြောင့် ..
အမြဲပျော်ရွှင်နေရအောင်
တတ်နိုင်သမျှ
ကြိုးစားသင့်တယ်...။
အနည်းဆုံးတော့……
ပြုံးလိုက်ပါ။

#အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)
Via>>🙏 Nibbana >> thanks

08/02/2020

မဂ်လာပါ
ချမ်းသာကိုယ်စိတ်မြဲပါစေ။

...

08/02/2020

မျက်ရည်ကျအောင်ကောင်းတဲ့တရား
➖➖➖➖➖➖➖➖➖

အနာထပိဏ်သူဌေးကြီးဟာ တစ်နေ့ကို
ဘုရားကျောင်းတစ်ခေါက်အနည်းဆုံး သွားတယ်။

သွားတဲ့ချိန်တိုင်းလည်း ယာဂု ဖယောင်းတိုင် ပန်း
စတုမဓု သကာရည် ပျားရည် သုံးဆောင် ကောင်းတာ
များယူဆောင် သွားလေ့ရှိတယ်။

နေ့တိုင်း သံဃာ ၅၀၀ အိမ်မှာဆွမ်းကျွေးတယ်
နည်းတဲ့အလှူမဟုတ်ဘူး။ ဘုရားကလည်း
တွေ့တိုင်း တရားဟောတဲ့အခါ ခုလုပ်နေတဲ့ဒါန
တွေဟာ ငါဘုရားလုပ်ခဲ့ရတယ်။

ဒကာကြီးက ဘုရားလမ်းစဉ် အတိုင်းလုပ်နေတာပဲ
ရှင်သာရိပုတ္တရာ ရှင်မောဂ္ဂလန်တို့ကလည်း
ဒါနလုပ်နေတာ ကျေးဇူးများကြောင်း ဟောကြတယ်။

နှစ်ပေါင်း၃၈နှစ်ကြာလာတော့သူဌေးကြီးနာမကျန်း
ဖြစ်လာတယ် သူ့စိတ်မှာလည်း ဒီဝေဒနာက
မကျော်နိုင်တော့ဘူးဆိုပြီး အခိုင်းစေ တစ်ယောက်
ခေါ်ပြီး ဘုရားထံ စေလွှတ်ပါတယ်။

ဘုရားကိုလျှောက်ပြီး ရှင်သာရိပုတ္တရာထံ၀င်ပြီး
အိမ်လည်းကြွပေးဖို့ ပင့်လျှောက်ခိုင်း၏။

ရှင်သာရိပုတ္တရာလည်း ရှင်အာနန္ဒာကိုခေါ်ပြီး
သူဌေးကြီးအိမ်ကြွလေသည်။ "ဒကာကြီး ဘယ့်နှယ်
နေသတုန်း" "ဝေဒနာဟာ ရှေ့သာ တိုးပါတယ်

နောက်ဆုတ်တယ်မရှိပါဘူး ခေါင်းကိုက်တာလည်း
လွန်လို့ ၀မ်းထဲပူလိုက်တာရော"အကဲခတ်ကြည့်
တော့ ဒီဝေဒနာဟာ သေမဲ့ဝေဒနာသိလိုက်တာနဲ့
အားပေး စကားမပြောတော့ပါ။

ကျုပ်တရားဟောမယ် နားထောင်ပါ။ ဒကာကြီး
မြင်စိတ်ကို မစွဲလို့ရှိရင် မြင်စိတ်ကြောင့် နောက်ခန္ဓာ
မလာဘူး။

မြင်စိတ်နဲ့ တွဲမည့်ခန္ဓာ မလာဘူး။ ကြားစိတ်ကို
မစွဲလို့ရှိရင်ကြားစိတ်နဲ့တကွဖြစ်မည့် ခန္ခာမလာဘူး။

နံစိတ်ကိုမစွဲရင် နံစိတ်နဲ့တွဲဖြစ်မဲ့ ခန္ဓာမလာဘူး။
လျှာပေါ်ကပေါ်တဲ့ စိတ်ကလေး စားစိတ်ကို
မစွဲရင် စားစိတ်နဲ့ ပတ်သက်တဲ့ နောက်ခန္ဓာ
မလာတော့ဘူး။

ယားစိတ်ကောင်းစိတ် မကောင်းစိတ်တွေကို
မစွဲရင် သူနဲ့ပတ်သက်တာတွေ မလာတော့ဘူး။

မနောစိတ်တွေကို ဘယ်စိတ်မဆို မစွဲရင်
မနောစိတ်ဆိုတာ လောဘ ဒေါသ မောဟ
အလောဘ အဒေါသ အမောဟ ဒါတွေကိုမစွဲရင်

မနောဝိညာဏ်တွေနဲ့ ပတ်သက်တဲ့ခန္ဓာ မလာတော့
ဘူး မစွဲနဲ့ဆိုတာကဒကာဒကာမတွေနားမလည်မှာ
ဆိုးလို့ ဒီတိုင်းနေဖို့မဟုတ်ဘူး ဖြစ်ပျက် ရှုပြစ်ရမှာ။

ဘယ်လိုရှုမလဲ အနိစ္စလို့ရှု မြင်စိတ်ကို အနိစ္စရှု
တော့ တဏှာ ဥပါဒါန် စွဲလန်းတာ မလာတော့
ဘူး။ မြင်လိုက်တာနဲ့ စွဲစွဲလန်းလန်း ကြည့်တော့တာပဲ။

မမြင်ရင် မြင်တဲ့နေရာ ရှာကြည့်တယ်။ ဒါတဏှာ
ဥပါဒါန် ကံလိုက်နေတာ။ တဏှာ ဥပါဒါန်
ကံလိုက်နေတော့ ဇာတိ ဇရာ မရဏ လွတ်ပါ့မလား။
မြင်ရင် လိုချင်မယ် စွဲလန်းမယ်။

မြင်လျက်မတ္တနဲ့ မြင်မြင်ချင်း အပါယ်ရောက်မဲ့
ကံတွေ ကြိုးစားမိပါလိမ့်မယ်။ ဒါစွဲလန်းလို့ပဲ
ကာယကံနဲ့ ၀စီကံနဲ့ အားထုတ်နေတယ် ကမ္မဘ၀။

မြင်တာနဲ့ ဖြစ်ပျက်ရှုလိုက်နိုင်ရင် မြင်တဲ့နောက်
မှာ တဏှာမလိုက်တော့ဘူး။ ဥပါဒါန်မလိုက်တော့
ဘူး။ ဉာဏ်လိုက်လာတာ။ ဒီဉာဏ်က
၀ိပဿနာဉာဏ်။

၀ိပဿဿနာဉာဏ်က ကံဖြတ်ချလိုက်တာပဲ။
တဏှာ ဥပါဒါန်တွေ ပေါ်ခွင့်မရတော့ အကျိုးပေးလည်း
ရပ်သွားတယ်။

ကမ္မ ဝိပါကဆိုတဲ့ ဝိဘက်အကျိုးတွေ လာခွင့်
မရတော့ဘူး။ ကံမပြတ်ရင် ဘုရားတောင်မဖြစ်ဘူး။

ဝေသန္တရာမင်း လှူဒါန်းမှုတွေအများကြီးပဲ
ကံမပြတ်တော့ အရိယာ မဖြစ်နိုင်ဘူး။

ဒီကံက နတ်ပြည်အကျိုးပေးလည်း ဇာတိ ဇရာ မရဏ ဗြဟ္မာပြည် အကျိုးပေးလည်း
ဇာတိ ဇရာ မရဏ ဒုက္ခသစ္စာချည်ပဲ။

ဒုက္ခကနေ နောက်ဒုက္ခရတာ ရှုံးလား မြတ်လား။
စက္ခုဝိညာဏ်ကို မစွဲရင် မှီနေတဲ့ ပဋိသန္ဓေစိတ်
မလာတော့ဘူး။

ငါ့ကိုယ် ငါ့ဟာထင်နေရင် ဒိဌိကလာမှာပဲ။
သတ္တဝါတစ်ယောက်မှာ အပြစ်အကြီးဆုံးသင့်တာဟာ
ဒီဘ၀စုတေပြီး နောက်ဘ၀ရတာ အပြစ်ကြီးဆုံးပဲ။

သူဌေးကြီး မျက်ရည်ကျနေပြီဆိုတာ ရှင်အာနန္ဒာမြင်
တော့ အကဲခတ်ပြီး ဒကာကြီးမှာ ချမ်းသာတဲ့ပစ္စည်း
တွေ သားသမီးတွေကိုစွန့်ရမှာ ကြောက်လို့
မျက်ရည်ကျတာလား မေးတော့ "အရှင်ဘုရား
ဒီလိုမပြောပါနဲ့ ဒါတွေမစွဲပါဘူး အကဲခတ်မလွဲပါနဲ့

ခုမျက်ရည်ကျတာက ဘုရားနဲ့ရော အရှင်ဘုရားတို့
ရော နှစ်ပေါင်းများစွာ နေခဲ့ရတယ် ဘယ်ဟာမှ
မစွဲနဲ့ဆိုတဲ့တရား မနာဖူးခဲ့ဘူး။

ခုမှနာရတော့ ရဟန္တာဖြစ်မဲ့တရားဆိုတာ သိလိုက်ရလို့
မွန်မြတ်တဲ့ တရား မနာခဲ့ရတာ ၀မ်းနည်း
လွန်းလို့ ငိုတာပါဘုရား"

ဒီတရားဟာ မဟောချင်လို့မဟုတ်ဘူး ဒကာကြီး
လူတွေမှာက သားစွဲ သမီးစွဲ ပစ္စည်းစွဲတွေက

ရှိတော့ တရားကနက်နဲပေနဲ့ သူတို့ကအမိုက်ထူ
နေရင် မထောင်နိုင်တဲ့နားရှိနေလိမ့်မယ်။
ဒါကြောင့် အချိန်ခါသင့်မှ ဟောကြားရပါတယ်
ဒကာကြီး။

မိုးကုတ်ဆရာတော်ဘုရားကြီး

07/02/2020

“သဒ္ဓါဖြစ်ပြီလား?”

🙏🏻🌷🌷🙏🏻
(ပါချုပ်ဆရာတော်ကြီး)

မိမိစိတ်ထဲမှာ သဒ္ဓါတရားဖြစ်လာတာနဲ့တစ်ပြိုင်နက်
ကုသိုလ်ကောင်းမှုအလုပ်တွေမှာ စိတ်ဝင်စားလာတယ်..

ဘာလှူရင်ကောင်းမလဲဆိုပြီး
စိတ်က လှူဖို့တန်းဖို့ကြံစည်လာတယ်..
သီလဆောက်တည်ဖို့ ဥပုသ်စောင့်ဖို့ ကမ္မဌာန်းအားထုတ်ဖို့ စိတ်ကူးလာတယ်..

အဲ့ဒီစိတ်ကူးလေး ကိုယ့်သန္တာန်မှာဖြစ်လာရင်”သဒ္ဓါဖြစ်ပြီ”လို့ မှတ်ပေတော့..

အေး..အဲ့စိတ်ကူးလေးမဖြစ်သေးရင်တော့ သဒ္ဓါတရားမဖြစ်သေးဘူးနော်..

🌷ပါချုပ်ဆရာတော်ကြီး🌷

စေတနာမေတ္တာအရင်းခံဖြင့်💜
🙏🏻ohmarshin 🙏🏻

07/02/2020

ယုံကြည်မူရှိရင် ချမ်းသာတယ်

▬▬▬▬▬▬▬▬▬▬▬▬▬▬

ယုံကြည်မူရှိမှ ကောင်းမူဆိုတာကို
ပြုနိုင်တာ။
မယုံရင် ဘာကောင်းမူမှ မပြုနိုင်ဘူး။
ဒါနရဲ့အကျိုးကို မယုံရင် ဒါနပြုနိုင်မလား။
မပြုနိုင်ဘူး။
သီလရဲ့အကျိုးကို မယုံရင် သီလကို
ကျင့်နိုင်မလား။မကျင့်နိုင်ဘူး။
သမာဓိ ပညာ ဘာဝနာရဲ့ ကောင်းကျိုးကို
မယုံရင် ဘာဝနာကို ပွားများပါ့မလား။
မပွားနိုင်ဘူး။

ကောင်းမူလုပ်တယ်ဆိုတာ ကိုယ် ယုံကြည်သလောက် ကိုယ် လုပ်နေကြတာ။
အများကြီး ယုံရင် အများကြီး လုပ်တယ်။
ဘာမှ မယုံရင် ဘာမှ မလုပ်ဘူး။

ဘယ်လောက် ချမ်းသာမှာလဲဆိုတာက
ကောင်းမူကို ဘယ်လောက် လုပ်လဲဆိုတာပေါ်မှာ
မူတည်တယ်။
ကောင်းမူကို ဘယ်လောက် လုပ်လဲဆိုတာက
ဘယ်လောက် ယုံကြည်မူ ရှိလဲဆိုတာပေါ်မှာ
မူတည်တယ်။
ယုံသလောက် လုပ်မယ်။ လုပ်သလောက် ရမယ်။
ဒါပဲ။

ဒါကြောင့် ချမ်းသာဖို့အတွက် မိမိသန္တာန်မှာ
သဒ္ဓါတရားတွေ တည်နေအောင် ကြိုးစားရမယ်။

သစ္စာရွှေစည်ဆရာတော်

သုခ(၁၂)ပါး တရားတော်မှ ကောက်နူတ်ချက်
ဖြစ်ပါသည်။
credit

07/02/2020

မတ်ေတာတရားဆိုတာ ဘာလဲ?
----------------------------

အားလုံးကတော့ အကြမ်းဖျဉ်း
နားလည်ထားကြပြီးသားပါ။
ဒါပေမယ့် မေတ္တာဆိုတဲ့ စကားလုံးလေးရဲ့
စကားလုံးလေးရဲ့ အဓိပ္ပာယ်ကို
လိုရင်းကျကျ ထိထိမိမိ သိဖို့ နားလည်ဖို့
လိုတယ်။

မေတ္တာဆိုတာ ဘာလဲလို့ မေးရင်…
"မေတ္တာဆိုတာ သတ္တဝါတွေရဲ့အပေါ်မှာ ချမ်းသာစေချင်တဲ့စိတ်ကို မေတ္တာ"လို့ ပြောတာ။
လိုရင်းက ဒါပဲနော်။
သတ္တဝါတွေရဲ့အပေါ်မှာ ချမ်းသာစေချင်တာ…
ဒါ မေတ္တာပဲ။
အဖွဲ့တွေ အနွဲ့တွေနဲ့ နားထောင်ကောင်းအောင်
ရွတ်ဆိုနေတာမျိုးကို အဓိက ထားလို့ မရဘူးနော်။

ကိုယ့်ရဲ့စိတ်ထဲက တကယ် လှိုက်လှိုက်လှဲလှဲ
သတ္တဝါအားလုံးရဲ့အပေါ်မှာ ချမ်းသာစေချင်တဲ့
စိတ် ထားတာ။
အဲဒီစိတ်ထားကို ထပ်ခါထပ်ခါဖြစ်အောင်
ကြိုးစား အဲဒါကို မေတ္တာဘာဝနာပေါ့။

မေတ္တာတရား ထားတဲ့နေရာမှာ မြတ်စွာဘုရားက
"ကိုယ်နဲ့ နှိုင်းစာပြီးတော့ မေတ္တာတရား ထားရမယ်"လို့ အဲသလို အခြေခံကျကျ ဟောတယ်။

ကိုယ်နဲ့ ဘယ်လို နှိုင်းစာရမှာတုန်း…
ကိုယ် ဘယ်လို သဘောထားရှိတုန်း။
ကိုယ့်ဆန္ဒတွေ ဘယ်လို ရှိတုန်းဆိုတာကို
အရင် စဉ်းစားပေါ့။
ဒါယကာ ဒါယိကာမတို့ ဦးဇင်းတို့တစ်တွေဟာ
ဘေးရန်ကင်းချင်ကြတယ်,ကျန်းမာရေး ကောင်း
ချင်ကြတယ်, နှလုံးစိတ်ဝမ်း ငြိမ်းချမ်းချင်ကြ တယ်, အစစအရာရာ ကျန်းကျန်းမာမာ ချမ်းချမ်း
သာသာ အဆင်ပြေပြေ ဘေးကင်းရန်ကင်း
နေလို ထိုင်လိုကြတယ်။
ဒါ သတ္တဝါတိုင်းရဲ့ ပင်မဆန္ဒကြီးပေါ့နော်။

အဲသလိုပဲ ကိုယ့်မှာလည်းပဲ အဲသလို လိုအင်ဆန္ဒ
တွေ ရှိတယ်ဆိုရင် တစ်ခြား သတ္တဝါတွေဟာ လည်း အဲသလို လိုအင်ဆန္ဒရှိကြတယ်ဆိုတာကို
နားလည်ရမယ်။ အဲသလို နားလည်ပြီးတော့ ကိုယ်နဲ့ နှိုင်းစာပြီးတော့ သတ္တဝါတွေ လိုလားတောင့်တကြတဲ့ အဲဒီ ကောင်းကျိုးနှင့် ချမ်းသာ ရကြပါစေလို့ စိတ်ထဲက သတ္တဝါတွေရဲ့
အပေါ်မှာ ကောင်းစားစေ ချင်တဲ့စိတ်
ဘေးရန်ကင်းစေချင်တဲ့စိတ်
ကျန်းမာရေး ကောင်းစေချင်တဲ့စိတ်
နှလုံးစိတ်ဝမ်း ငြိမ်းချမ်းစေချင်စိတ်
ဘာစိတ်ဆင်းရဲမူ ကိုယ်ဆင်းရဲမူမှ မတွေ့စေလိုဘူး,
မကြုံစေလိုဘူးဆိုတဲ့ ဒီမွန်မြတ်တဲ့စိတ်ထားလေး
ကို မေတ္တာစိတ်ထား။

အဲဒါကို ကိုယ်က ထပ်ခါထပ်ခါ ဖြစ်အောင်
ကြိုးစားရမှာ။ ကြိုးစားလို့ရှိရင် သူက ကျွမ်းကျင်လာတယ်။ အစုအပုံ ဖြစ်လာတယ်။
မေတ္တာတရားက ကိုယ့်သန္တာန်မှာ။

သစ္စာရွှေစည်ဆရာတော်

မေတ္တာဘာဝနာ(2017-4-30)တရားတော်မှ
ကောက်နူတ်ချက် ဖြစ်ပါသည်။

Address

26
Mandalay

Website

Alerts

Be the first to know and let us send you an email when ဇာတိချစ်သူအရှင်၏ မေတ္တာအတွေးများ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Nearby media companies


Other Book & Magazine Distributors in Mandalay

Show All