VRZ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from VRZ, Music production studio, Mandalay.

26/09/2020

အားလုံးပဲမင်္ဂလာပါ။ကျွန်တော်တို့ VRZ မှာလူကြီးမင်းတို့၏ဓာတ်ပုံများကို ကာတွန့်ပုံများအဖြစ် ပြောင်းလဲရေးဆွဲ အပ်နှံလို့ရနေပါပြီ။

ဆက်သွယ်ရန် - 09667640771/09894088246 (Facebook Link - https://www.facebook.com/VRZ-107061390859726/ )

ပုံတစ်ပုံကို ၅၀၀၀ ကျပ်ဖြစ်ပြီး
ပုံငါးပုံကို ၂၀၀၀၀ ကျပ်ကျသင့် မှာဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ ပုံတွေကိုလေ့လာလို့ရအောင်videoနှင့်တစ်ကွတင်ပေးလိုက်ပါသည်။
အားလုံးကိုကျေးဇူးတင်ပါတယ်။

09/09/2020

Title - Deception
Artist - Nyein Htet,Pro X,Nge Lay, Kyaw Kyaw
Starring - Ziam, Myit Myat Moe, Lin Lat Mon
ပါဝင်ကူညီပေးသူများကို အထူးကျေးဇူးတင်ပါတယ်...
VRZ will keep trying...

06/09/2020

Myat Nar (Music Video)
လေးကိုဝန်းရံ​ပေးလိုက်ကြပါအုံး😉
Feel လို့ကောင်းနေတာတော့အမှန်ပဲဗျာ
ကျွန်တော်တို့ VRZကရိုက်ကူးထားပေးပါတယ်
🎬🎬Music Video ရိုက်ချင်ရင်လဲဆက်သွယ်လို့ရပါတယ်
☎09449964424-09667640771🎬

Ye Yint ရဲ့ Music Vide ရိုက်ကူးရေး🎉အားလုံးလဲပင်းပန်းကြပါတယ် 😣ထွက်လာရင်အားပေးကြပါ😉ဒါပါပဲ 👌
27/08/2020

Ye Yint ရဲ့ Music Vide ရိုက်ကူးရေး🎉
အားလုံးလဲပင်းပန်းကြပါတယ် 😣
ထွက်လာရင်အားပေးကြပါ😉
ဒါပါပဲ 👌

ပုံလှလှလေးတွေရိုက်ချင်ရင် ဟယ်လိုလုပ်လိုက်ပါ မိတ်ဆွေတို့
09/08/2020

ပုံလှလှလေးတွေရိုက်ချင်ရင် ဟယ်လိုလုပ်လိုက်ပါ မိတ်ဆွေတို့

Mg Seconds ရဲ့ Music Videoရိုက်ပြီး
07/08/2020

Mg Seconds ရဲ့ Music Videoရိုက်ပြီး

Mvဖြစ်မြောက်ရေးအတွက်အဖက်ဖက်မှကူညီပေးကြသူများအားလုံးကိုအထူးကျေးဇူးတင်ရှိပါသည်...❤️(VRZ recordz)
02/08/2020

Mvဖြစ်မြောက်ရေးအတွက်အဖက်ဖက်မှကူညီပေးကြသူများအားလုံးကိုအထူးကျေးဇူးတင်ရှိပါသည်...❤️

(VRZ recordz)

သိသင့်တယ်ထင်လို့ပါ
14/07/2020

သိသင့်တယ်ထင်လို့ပါ

တီးbeat နဲ့ Download Beat Instumental ဘာနဲ့ဆို
သင့်လဲ

ပြောချင်တာ လိုရင်းနဲ့ တိုရှင်းပြောပါမယ်ခင်ဗျာ
ကျွန်တော်ကတော့ တီး Beat ကို ပိုပြီး ရွေးချယ်စေချင်
ပါတယ်ခင်ဗျာ..ဒါဆိုရင် Down beat နဲ့ဆိုရင်ဘာဖစ်
လို့လဲ ပြန်မေးကြမယ် ဒီလိုပါ ကျွန်တော်တို့ သုံးတဲ့
3rd Party Software တွေ Videmate တို့ Snaptube
Dark Browser အစသဖြင့် စိတ်ကြိုက် Youtube မှာ
မွှေနှောက်ပြီး ရွေးချယ်ပြီး Click နိုပ်တာနဲ့ အော်တို
ဆွဲပီးသားပါ လွယ်ပါတယ်တော်တော်လွယ်ပါတယ်
မလွယ်တာက သေချာမဖတ်ကြခြင်းပါ ကိုယ်သဘော
ကျလို့ Down တဲ့ Beat မှာ Sold Out တို့ ဘာတို့ပါနေပြီ
ဆိုရင် ပြသနာရှိပါတယ် Facebook ပေါ်တင်တာနဲ့
အဖျက်ခံရပါတယ်..သီချင်းကဘာလို့ပျက်သွားလဲ
မသိဘူးဗျာ ဆိုပြီး ဖြစ်ဖူးကြတယ်မလား..Beat တွေရဲ့
အစမှာ Produce လုပ်တဲ့သူရဲ့ နံမည်လေး ပါပါနေ
တတ်တယ် အဲ့တာ ကနေ စငြိစွန်းတာပါ
အခုနောက်ပိုင်း Facebook ကပိုပိုတင်းကြပ်လာပါပြီ
နောက်တစ်ခု က သီချင်းမှာ ဘာ Type Beats ဆိုပြီး
ပါပါတယ် Sad Emotional Beat ပေါ်မှာ ချစ်ပြနေလို့
မရပါဘူး သူမှာ Producer Mood ကိုသေချာရေးပြ
ထားပါတယ် ရွေးချယ်တတ်စေဖို့ပါ
တီး Beat နဲ့ ဘာလို့ဆိုသင့်လဲမေးရင် သက်သောင့်
သက်သာရှိအောင်ပါ လူတိုင်းမှာကိုယ်လုပ်နိုင်တဲ့
Limit ဆိုတာ ရှိသလို ပုံစံအချိုးအကွေ့တွေ လဲရှိပါတယ်
ဒါတွေက Local က ပညာရှင်တွေနဲ့ ညှိနိုင်းလို့ရပါတယ်
ကျွန်တော် ဒီနားလေးဒီလိုလေးလိုချင်ပါတယ်
ဟိုနားလေးဟိုလို ဆိုတဲ့ Arrangements လေးက
အားသာချက်ပါ ဒါတွေက Down beat မှာ ဖန်တီးလို့
မလွယ်ပါဘူး.. သူချပေးထါးတာကိုပဲ အသုံးချရမှာပါ
စိတ်ကြိုက် Creation လုပ်မယ်ဆုံးဖြတ်ထားရင်
Down Beat ကို လျော့ချသင့်ပါပြီ
တစ်ခုပါ အခု Platform တွေဖြစ်တဲ့ Joox တို့ ကနေ
Youtube ပေါ်တင်ရင်ပဲဖြစ်ဖြစ် Music Producer က
ဘယ်သူလဲမေးပါတယ် .. သတိပြုရမှာပါ
Beat တွေက Online Stream မှာနားထောင်လို့ပြေ
သလောက် Down လိုက် ရင် အူတာတို့ အသံကွာလတီ
ကမတူတော့တာတို့လဲဖစ်တတ်ပါတယ်
Local မှာ Beat တစ်ပုဒ်ကို ၂၅၀၀၀ ကနေ သိန်းဆယ်
ဂဏန်းထိရှိပါတယ်.. မတတ်နိုင်ဘူးဆိုတာလဲနားလည်
ပါတယ် သူငယ်ချင်းတို့ Studio ခတောင်မနည်းရှာနေရ
တာ ဘယ်လို Beat ဝယ်ရမလဲဆိုတာ တိုင်ပတ်နေတဲ့
ညီကိုတွေကို ကျွန်တော်ကိုယ်ချင်းစာပါတယ်
တတ်နိုင်သလောက်စုကြပါ... ကျွန်တော်လဲ တစ်ဖက်
ကနေ ကူညီနိုင်တာ ကူညီဖို့လုပ်ပေးနေပါတယ်

ဒီလောက်ဆိုရင် ညီအကိုတွေ သိချင်နေတဲ့ အရာတွေ
သိလောက်ပြီလို့ ခံစားမိပါပြီ ခင်ဗျာကျေးဇူးတင်ပါ
တယ်

နောင်တော်Seniorတွေကို အရိုသေပေးလျက်

25/06/2020

ခေတ်ပေါ်သီချင်းတစ်ပုဒ်ရဲ့ ဖွဲ့စည်းမှု

သီချင်းတစ်ပုဒ်ကိုလေ့လာကြည့်ရအောင်..သူငယ်ချင်းတို့
သီချင်းတစ်ပုဒ်ကို အဓိကအစိတ်အပိုင်း ၃ ခုနဲ့ဖွဲ့စည်းထားကြတယ်
၁.စာသား(lyric) ၂. သံစဉ်(melody) ၃. နောက်ခံဂီတ (background music) ..အဲဒီ ၃မျိုးပါပဲ။
နဲနဲလေးထပ်ပြောကြည့်မယ်။

၁.စာသား(lyric)
စာသားကတော့သီချင်းထဲကစကားလုံးတွေ၊၀ါကျတွေပါပဲ။ အဲဒီစာသားတွေက
ဇာတ်လမ်းလေးတွေဖြစ်ချင်ဖြစ်မယ်၊ခံစားချက်စာစုလေးတွေဖြစ်ချင်ဖြစ်မယ်၊အဲဒီစာသားတွေဟာလည်း
အသံအတိုအရှည်metreရှိပြီးနဲ့ကာရန်လေးတွေနဲ့ဖြစ်တတ်တယ်။

၂.သံစဉ်(melody)
သံစဉ်ကတော့ သူငယ်ချင်းတို့ဆိုညည်းတဲ့တေးသွားလေးပါပဲ။သူက note တွေတန်ဖိုးအမျိုးမျိုးနဲ့ တွဲစပ်ထားကြတာပါ။သီချင်းတစ်ပုဒ်ရဲ့စာသားလေးကိုဆိုညည်းလိုက်တာဟာသံစဉ်ကိုစာသား နဲ့တွဲဆိုလိုက်တာပဲပေါ့။

၃.နောက်ခံဂီတ(Background music)
နောက်ခံဂီတကတော့ တီးဝိုင်းရဲ့ဂီတပညာရှင်တွေအတူတကွတီးထားကြတာပါ။
အဲဒီနောက်ခံဂီတကတော့သံစဉ်စာသားကိုထောက်ပံ့ပေးပြီး၎င်းတို့နဲ့တသားတည်းဖြစ်စေပါတယ်။

အဲဒီတော့သီချင်းရဲ့ အဆာပလာ ၃ မျိုးမှာ စာသားနဲ့သံစဉ်ကတေးရေးသူတစ်ယောက် အတွက်တော့ပိုအရေးကြီးပါတယ်။
သံစဉ်နဲ့စာသားတို့ရဲ့အားကောင်းမှုကြောင့် သီချင်းဟာပေါက်သွားတတ်ပါတယ်။
နောက်ခံဂီတအတွက်ကတော့ပူပန်မှုသိပ်ထားစရာမလိုပါဘူးဒါကတီးတဲ့ပညာရှင်တွေက
အဆင်ချောအောင်လုပ်သွားနိုင်ကြပါတယ်။အခုပြောခဲ့တာတွေဟာသီချင်းတစ်ပုဒ်ရဲ့ အဓိကခေါင်းစဉ်ကြီးတွေပါ။
ထပ်မံပြီးတော့သီချင်းမှာပါတဲ့အစိတ်အပိုင်းတွေကို ထပ်ပြီးအသေးစိတ်သိဖို့လိုပါသေးတယ်။
Song parts တွေလို့ခေါ်ရမှာပေါ့။
Song Parts ၇ မျိုးရှိပါတယ်။အဲဒါတွေကတော့..

1.Introduction( I )
2.Verse (V)
3.Pre-Chorus (PC)
4.Chorus (C)
5.Bridge (B)
6.Solo (S)
7.Outro (O) တို့ဖြစ်ကြပါတယ်။ခေတ်ပေါ်တေးဂီတတွေဟာအဲဒီအစိတ်အပိုင်းတွေနဲ့ဖွဲ့စည်းကြပါတယ်။
သီချင်းတိုင်းကိုတော့ဒါတွေအားလုံးပါရမယ်လို့မဆိုလိုပါဘူး။ သီချင်းတော်တော်များများဟာverse နဲ့ chorus ပဲပါတဲ့
ရိုးရိုးရှင်းရှင်းသီချင်းတွေလည်းရှိကြတာအများကြီးပါ။ ဒါပေမယ့် ဒီကနေ့ခေတ်သစ်ရဲ့ချဲ့ထွင်မှုကိုရှင်းပြလိုရင်းဖြစ်ပါတယ်။

အဲဒီတော့ song parts ၇ မျိုးကိုတစ်ချက်ချင်းကြည့်ရအောင်..
1.Introduction : သူ့ကို intro လို့လည်းခေါ်ကြပါတယ်။ music သက်သက်ပဲတီးတာပါ vocal မပါဘူး။သီချင်းရဲ့
အစပိုင်းမှာမိတ်ဆက်အနေနဲ့ဝင်တာပါ။ ( intro မပါတဲ့ချွင်းချက်ရှိတဲ့သီချင်းတွေလည်းရှိပါတယ်)။

2.Verse : verse ကတော့ သီချင်းစဆိုတဲ့အပိုဒ်ပါ။ ဒါပေမယ့်ရှားရှားပါးပါး chorus နဲ့စတင်ပြီးဆိုတဲ့သီချင်းတွေ လည်းရှိပါတယ်။ဒါပေမယ့် 95% သော
hit song တွေကတော့ ပထမဆုံး verse အပိုဒ်နဲ့စတင်သီဆိုကြတာချည်းပါပဲ။ သီချင်း တစ်ပုဒ်မှာ verse အပိုဒ် ၂ ပိုဒ်ကနေ ၄ ပိုဒ်အထိ ပါတတ်ပါတယ်။
verse အပိုဒ်ဟာ အဖြစ်အပျက်တစ်ခုရဲ့ဇာတ်လမ်းလေးဖြစ်ချင်ဖြစ်နေမယ် ဒါမှမဟုတ် စကားလုံးအလှလေးတွေနဲ့ချယ်မှုန်းထားတာလည်းဖြစ်နိုင်ပါတယ်။
verse ရဲ့ သံစဉ်တွေဟာအတူတူပဲဖြစ်ပြီး စာသားလေးတွေသာပြောင်းလဲသွားတာပါ။

3.Pre-Chorus : pre-chorus ကတော့ ချွင်းချက်တစ်ခုပါ။ သူ့ကို သုံးလည်းရသလိုမလိုအပ်ရင်တော့မသုံးပဲ နေနိုင်ပါတယ်။ အများအားဖြင့် verse ပြီးရင်
chorus ကိုတက်သွားကြတာများပါတယ်။ ဒါပေမယ့်ကို pre-chorus ကိုဘယ်လိုနေရာမှာသုံးသလဲဆိုတော့
verse အပိုဒ်မှာ low note တွေသုံးထားတယ်။ ဒါပေမယ့် chorus မှာတော့ high note တွေသုံးထားတဲ့အခါ melody ကူးပြောင်းတာ
ချောမွေ့စေဖို့ medium note လေးတွေနဲ့ pre-chorus ကို ခံပြီးမှ chorus ကိုတက်ကြပါတယ်။အဲဒီတော့ စာသားအကူးအပြောင်းလည်းချောမွေ့သွားတာပေါ့။

4.Chorus : chorus ကတော့သီချင်းတစ်ပုဒ်ရဲ့ melody အရ ရော lyric အရရော စိတ်လှုပ်ရှားဖို့အကောင်းဆုံးအပိုဒ်ပါ။ အများအားဖြင့် သီချင်းရဲ့ title စာသားတွေ၊
နားဆင်သူကိုဖမ်းစားမယ့်စာသားတွေ ပါဝင်ကြပြီးတော့ ၂ ကြိမ် ထက်မက ကျော့ပြီးသီကုံးကြတယ်။ သီချင်းရဲ့ title တို့ဘာတို့ဆိုတာကစိတ်ထဲမှာနားစွဲစေတဲ့
အပိုဒ်တွေပေါ့။ chorus ကိုသီချင်းတစ်ပုဒ်မှာ အနည်းဆုံး ၃ ကြိမ်လောက်တော့ကျော့ပြီးဆိုကြတယ်။ chorus ရဲ့ စာသား(lyric)၊ သံစဉ် (melody)၊ နောက်ခံဂီတ ( background music)
တွေဟာ ထပ်ကျော့တိုင်းတူညီတတ်ကြတယ်။ အဲ..ချွင်းချက်ကတော့ပိုပြီး ဆွဲဆောင်မှုဖြစ်အောင် chorus တစ်ခုလုံးကိုပြောင်းလဲရေးစပ်ထားတဲ့ outro chorus ကတော့ chorus ကနေ
ကွဲပြားချက်တစ်ခုပေါ့။

5. Bridge : Bridge ကို ပုံစံ ၂ မျိုး ရည်ရွယ်ချက် ၂မျိုး နဲ့ရေးကြပါတယ်။ အဲဒီတော့ Bridge ၂ မျိုးလို့သတ်မှတ်လိုက်ရအောင်။
Bridge ကိုအထူးအသုံးများတာကတော့ Verse/Chorus သီချင်းမျိုးမှာရေးသားလေ့ရှိကြပါတယ်။နောက်ပုံစံတစ်မျိုးအသုံးပြုပုံကတော့
Verse/Bridge ပုံစံပဲဖြစ်ပါတယ်။ အဲဒီမှာသီချင်းရဲ့ဆွဲဆောင်တဲ့စာသားတွေ၊ခေါင်းစီးစာသားတွေကို Verse/Chorus အမျိုးအစားမှာကြတော့
Chorus မှာရေးသားလေ့ရှိကြတယ်။ Verse/Bridgeဆိုတဲ့ အမျိုးအစားမှာကြတော့ Verse မှာပဲ အဲဒီစာသားတွေကိုတွေ့ရတယ်။
ပထမအမျှိုးအစား Bridge ကိုတော့ နားထောင်သူပရိတ်သတ်အတွက်အသစ်အဆန်း ဖြစ်စေဖို့ရာ သီချင်းရဲ့တစ်ဝက်လောက်မှာ
ရေးသားလေ့ရှိပါတယ်။ Verse/Chorus song တစ်ပုဒ်မှာ သီချင်းတစ်ဝက်လောက်ရောက်ရင် အရင်
Verse အပိုဒ်ရဲ့သံစဉ်ကိုထပ်ပြီးနားမထောင်ချင်တော့ဘူး။ငြီးငွေ့စရာဖြစ်လာတယ်။ဒါကြောင့် Bridge ကိုရေးကြတာ။သူ့သံစဉ်က
Verse နဲ့လည်းမတူဘူး၊Chorus နဲ့လည်း ကွဲပြားတယ်။သံစဉ်စာသားအသစ်လေးတွေပေါ့။ Verse နဲ့ Chorus ကြားမှာချောမွေ့စေတဲ့ပေါင်းကူးလေး
ဒါမှမဟုတ် solo နဲ့ချောမွေ့စေတဲ့ဆက်စပ်မှုလေးပေါ့။ဒုတိယအမျိုးအစား Bridge ကိုသုံးတာကတော့
Chorus လုံးဝမပါတဲ့ Verse/Bridge အမျိုးအစားပဲဖြစ်တယ်။Bridge က Verse နဲ့ကွဲပြားပြီးသံစဉ်စာသားရေးထားပေမယ့်
ခေါင်းစီးစာသားတွေဘာတွေကိုတော့ Bridge မှာမထည့်ပဲ Verse မှာပဲပါရတယ်။ဒါက Chorus မဟုတ်ဘူး Bridge ဆိုတာကို
ငြင်းခုံချင်စရာမေးခွန်းတွေနဲ့ပဲထားလိုက်ရအောင်။ဂီတဆိုတာ အသစ်အသစ်ဖန်တီးမှုတွေပဲမဟုတ်လား...။

6. Solo : ဒီနေရာမှာသီချင်းဆိုတာနားပါတယ်။ ဂစ်တာသမား(သို့မဟုတ်) အခြားတူရိယာပညာရှင်တို့
တစ်ကိုယ်တော်လက်စွမ်းပြကြပါတယ်။တီးလုံးချည်းပဲပေါ့ဗျာ။

7 . Outro : ဒါကတော့သီချင်းရဲ့နောက်ဆုံးဆိုတဲ့ chorus ကို ပိုပြီးဆွဲဆောင်မှုရှိအောင် melody ကိုပြောင်းလဲ
သီဆိုတဲ့ chorus အပိုဒ္ပါ။

(ကဲ..သီချင်းရေးရင်..အဲဒီလို 7 မျိုးပါချင်ပါမယ်။မပါရင်လဲမပါဘူး။ verse အပိုဒ်ချည်းပဲ
ပါတဲ့သီချင်းတောင်ရှိသေးတော့...ဖန်တီးမှုတိုင်းဆန်းသစ်လို့ ရပါတယ်လို့ပြောရင်း.....
မူရင်းရေးသားသူပိုင်ရှင် Shwe Oo Sa

ဒီနေ့ မနက် ကျတော် ဖက်မိသည့် ဆောင်းပါးများထဲက
ညီကိုယ်တို့ သိရှိရအောင် ထပ်ဆင့်ပြန်လည်မျှဝေပါသည်
KZET Studio Record

(Recording Tips)🎙အသံသွင်းခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာများ ........▪သင်ဟာဖျော်ဖြေပွဲတွေ၊ Show တွေမှာ သီချင်းတွေကို ကောင်းကော...
29/04/2020

(Recording Tips)

🎙အသံသွင်းခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာများ ........

▪သင်ဟာဖျော်ဖြေပွဲတွေ၊ Show တွေမှာ သီချင်းတွေကို ကောင်းကောင်းသီဆိုနိုင်ကောင်း ဆိုနိုင်ပါလိမ့်မယ်။ ဒါပေမယ့် အသံသွင်းတဲ့ Vocal Recording ကတော့မတူပါဘူး။ သီချင်းကောင်းကောင်းဆိုတတ်တယ်ဆိုတာနဲ့ အသံသွင်းဖို့အဆင်ပြေတာမျိုးမဟုတ်ပါဘူး။ Recording အဆိုကောင်းဖို့ ကြိုတင်ပြီး ပြင်ဆင်မှု လေ့ကျင့်မှုတွေ အများကြီးလုပ်ရနိုင်ပါတယ်။ အနုပညာရှင်တစ်ဦး (အသံသွင်းအဆိုတော်) တစ်ဦးဖြစ်လာဖို့ အရေးကြီးတာတွေကို ကြိုတင်လေ့လာသင်ယူထားသင့်ပါတယ်။ အခုဖော်ပြပေးသွားမှာကတော့ အဆိုဝါသနာရှင်များအတွက် အသံသွင်းခြင်းနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့အချက်တစ်ချို့ပဲဖြစ်ပါတယ်။

▪ပထမဆုံးအနေနဲ့ မိမိအသံကို Recording Studio မှာ စတင်အသံသွင်းလိုက်တဲ့အခါ အပြင်ကအသံနဲ့မတူပဲ အတော်ကြီးကို ကွဲပြားခြားနားသွားလိမ့်မယ်ဆိုတာကို ကြိုတင်သိထားဖို့ လိုပါမယ်။

▪Recording လုပ်တော့မယ်ဆိုရင် အရေးကြီးတာတစ်ခုကတော့လေသံတွေပါ။ အများဆုံးကြုံတွေ့ရတဲ့အရာကတော့ အချို့အသံလေးတွေထွက်တဲ့အခါ (ဥပမာ အင်္ဂလိပ်အက္ခရာ P နဲ့ B / မြန်မာ အက္ခရာဆိုရင် ပ နဲ့ ဖ လိုအသံမျိုးကို ဆိုလိုတာပါ။) အပြင်မှာစကားပြောတဲ့အခါ ဘာမှမဖြစ်ပေမယ့် Recording မှာတော့ Microphone ကိုရိုက်ခတ်ပြီး လေသံပြင်းပြင်းတွေ ထွက်လာတတ်တာပဲဖြစ်ပါတယ်။ ဒီပြဿနာကိုရှောင်ရှားဖို့ အသုံးပြုတဲ့ Filter အချို့တော့ ရှိပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီလိုအသံတွေဟာ ကြားနေနိုင်ပါသေးတယ်။ ဒါကြောင့် သီချင်းဆိုနေစဉ်အခါမှာ မိမိရဲ့လေသံလေးတွေကို သတိထားပြီး ကြိုတင်လေ့ကျင့်ထားသင့်ပါတယ်။

▪နောက်ထပ် အဓိကကျတဲ့ အချက်တစ်ခုကတော့ အဆိုရှင်တိုင်းဟာ မိမိရဲ့အသံကို Recording ထဲမှာ သေသပ်လှပစွာနဲ့ ဘယ်လိုအသံမျိုးဖြစ်အောင် သီဆိုရမလဲဆိုတာကို မသိထားရင် Recording ထဲကမိမိရဲ့ အသံတွေဟာ တစ်ခုနဲ့တစ်ခုမညီပဲ၊ အသံတွေဟာ မငြိမ်ပဲထွက်လာပါလိမ့်မယ်။ ဒါကြောင့် ဒီလိုအခက်အခဲဖြစ်သူများဟာ အများကြီးကြိုတင်လေ့ကျင့်ဖို့လိုအပ်တာ အသေအချာပဲဖြစ်ပါတယ်။ အသက်ရှူပုံနည်းစနစ်၊ အသံအနိမ့်အမြင့်၊ Tone, Color, High Notes နဲ့ အခြားသီဆိုပုံတွေအားလုံးဟာ အလိုအလျောက်အဆင်ပြေနေရမှာဖြစ်ပါတယ်။ ဒါကြောင့် စတူဒီယိုမှာ တကယ်အသံမသွင်းခင် အိမ်မှာ အသံကို ကြိုတင်လေ့ကျင့်ထားရမှာဖြစ်ပါတယ်။

▪အသံသွင်းတဲ့အခါမှာ အသံရဲ့ အသေးစိတ်တွေဟာ သိပ်ကိုအရေးကြီးပါတယ်။ ဒါကြောင့် Recording လုပ်တဲ့အခါမှာ အကောင်းဆုံးအသံပိုင်းဆိုင်ရာ ကျန်းမာရေးတော့ သေချာပေါက်ရှိထားဖို့လိုပါတယ်။ Show တွေမှာသီဆိုတဲ့အခါ မိမိဆီက အချို့သော မကောင်းတဲ့အသံတွေက ကြားရမှာမဟုတ်ပေမယ့် Recording သွင်းတဲ့အခါ အသေးစိတ်ကအစ ပေါ်ထွက်လာလေ့ရှိပါတယ်။ ပြင်ပမှာသီဆိုစဉ်က ကောင်းမွန်တယ်လို့ထင်ထားတဲ့အချို့အသံတွေကလည်း Recording မှာ မလှပတော့တာကိုတွေ့ရနိုင်ပါတယ်။ အချို့အဆိုရှင်တွေ Live Show တွေမှာအရမ်းကောင်းပေမယ့် Recording မှာ ထင်သလောက်မကောင်းတာတွေ အဆင်မပြေတာတွေ မြင်ဖူးကြမှာပါ။ ဒါကြောင့် Recording မလုပ်ခင်မှာ မိမိအသံကို အဆင်ပြေသည်အထိ ကြိုတင်ပြီး နေ့စဉ်လေ့ကျင့်ပါ။ မကြာခင်အသံသွင်းရတော့မယ်ဆိုရင် မိမိအသံကို ဖြစ်နိုင်သမျှ နည်းလမ်းမျိုးစုံနဲ့ကာကွယ်ပါ။ ရေများများသောက်ပါ။ ကျန်းမာရေးနဲ့ ညီညွတ်စွာစားပါ။ ကောင်းမွန်စွာအိပ်စက်ပါ။ ဒါမှသာ အဆင်ပြေစွာနဲ့ အသံသွင်းနိုင်ပါလိမ့်မယ်။

▪နောက်ဆုံးအနေနဲ့ ထည့်သွင်းစဉ်းစားထားရမယ့်အချက်က ကိုယ်နေဟန်ထားပါ။ မိမိဟာ Show တွေသီဆိုတဲ့ Live Performer တစ်ဦးဆိုရင်တော့ စည်းချက်ကိုလိုက်ပြီး လှုပ်လှုပ်ရှားရှား သီဆိုရမှာဖြစ်ပေမယ့် အသံသွင်းတဲ့အခါမှာတော့ အဲ့ဒီလိုလုပ်လို့မရပါဘူး။ လှုပ်ရှားမှုတွေက နည်းရင်ပြသနာမရှိပေမယ့် သိပ်များတဲ့အခါ မိမိအသံနဲ့ စိတ်အာရုံကို အနှောင့်အယှက်ဖြစ်စေပြီး Recording ကို ပျက်စီးစေနိုင်တဲ့အတွက် ရှောင်ကြဉ်သင့်ပါတယ် ဆိုတဲ့အကြောင်း ဗဟုသုတအနေဖြင့် ရေးသားတင်ပြပေးလိုက်ရပါတယ်။

Crd MK MUSIC SCHOOL

30/03/2020

Challenge



အမှားပါရင်ခွင့်လွတ်ကြပါဗျ။
Peace✌️✌️

ဒီနေ့ record လာလုပ်တဲ့ညီငယ်လေးများ..  လမ်း၇၀×ကျန်စစ်သားလမ်း ☎09449964424
12/02/2020

ဒီနေ့ record လာလုပ်တဲ့ညီငယ်လေးများ..



လမ်း၇၀×ကျန်စစ်သားလမ်း ☎09449964424

Address

Mandalay

Telephone

+959449964424

Website

Alerts

Be the first to know and let us send you an email when VRZ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Nearby media companies


Other Music production in Mandalay

Show All