Don't Forget to Smile & Everything

Don't Forget to Smile & Everything Read Book

- လူတွေက မလိုအပ်တော့ရင်သိပ်ပြီး သိသာတာ .....- စကားပြောပုံကအစ အမူအရာ အဆုံး အကုန်လုံးက မကျေနပ်ရင် ကြိုက်သလို ဆုံးဖြတ် ဆိုတ...
11/10/2024

- လူတွေက မလိုအပ်တော့ရင်
သိပ်ပြီး သိသာတာ .....

- စကားပြောပုံကအစ
အမူအရာ အဆုံး
အကုန်လုံးက မကျေနပ်ရင်
ကြိုက်သလို ဆုံးဖြတ် ဆိုတဲ့
အနေအထားမျိုး .....

- မလိုချင်တော့
အပြစ်တွေရှာတယ်
ထွက်သွားစေချင်တော့
အပြစ်တွေ တင်တယ် .....

- အရင်က ဘယ်လိုကောင်းပေးခဲ့ ကောင်းပေးခဲ့
လက်ရှိမှာ သူ မလိုအပ်တော့ဘူး .....

- အဲဒီလို မလိုအပ်တော့တာကလည်း
ပိုကောင်းတဲ့သူတွေ့သွားလို့လဲဖြစ်နိုင်တယ် .....
ဒါမှမဟုတ်
ကိုယ့်ကို စိတ်ကုန် စိတ်ပျက်တာလည်း
ဖြစ်နိုင်တယ် .....

- ပြောင်းလဲမှုတွေလို့ ခံစားလာရရင်
သူ့ကို မေးခွန်းတွေ ထုတ်နေမဲ့ အစား
ကိုယ့်စိတ်ကို ဖြေနိုင်ဖို့ပဲ
ကြိုးစားပါ .....

- လောကမှာ ကိုယ့်ကိုယ် မလိုတော့ရင်
ကိုယ်က ဘယ်လောက် ကောင်းပြပြ
ဘယ်လောက်ဖက်တွယ်ထား ဖက်တွယ်ထား
သူ့အတွက် အသုံးမဝင်တော့ပါဘူး .....

- လိုတာထက် ပို မပေးမိဖို့
လိုတာထက်ပိုပြီး အလျှော့မပေးဖို့ .....

#𝘾𝙧𝙚𝙙𝙞𝙩

11/10/2024

" အမှီအခိုကင်းပါစေ "

▪️ကျွန်မတို့အမျိုးသမီးတွေအနေနဲ့ အိမ်ထောင်ပြုတဲ့အခါ မှီခိုအားကိုးချင်လို့မဟုတ်ဘဲ ချစ်တဲ့သူနဲ့ အတူတူဘဝကို ဖြတ်သန်းချင်လို့ ဆိုတာမျိုးပဲ ဖြစ်စေချင်တယ်။ ဘာလို့ ဒီလိုပြောရတာလဲဆိုရင်.. အမျိုးသမီးအများစုဟာ အိမ်ထောင်ပြုပြီဆိုရင် အိမ်ထောင်ဘက်အပေါ် မှီခိုလိုတဲ့စိတ် အနည်းနဲ့အများရှိတတ်ကြပါတယ်။ ဥပမာ.. ကိုယ့်အိမ်ထောင်ဘက်ရှိတာပဲ၊ သူငွေရှာပေးမှာပေါ့၊ သူလုပ်ကျွေးမှာပေါ့၊ တစ်ခုခုဖြစ်ရင် သူကာကွယ်ပေးမှာပေါ့.. ဆိုပြီး မှီခိုလွန်းကြတာ များကြတယ်လေ။

ကိုယ့်ရဲ့လိုအပ်ချက်တွေကို ကိုယ့်လက်တွဲဖော်က ဖြည့်ဆည်းပေးနေတဲ့အခါမှာ ကိုယ့်ရဲ့ကိုယ်ပိုင်စွမ်းအား၊ ကိုယ်ပိုင်အရည်အချင်းတွေ၊ အပြည့်အဝလုပ်နိုင်စွမ်းတွေကို မဖော်ထုတ်ချင်တော့တာမျိုး ဖြစ်တတ်ပါတယ်။ သူများအပေါ်မှာ မှီခိုလွန်းရင် ကိုယ့်ကိုယ်ကိုယ် အားကိုးလိုစိတ်တွေက လျော့နည်းလာတတ်ပါတယ်။

📌 မှီခိုခြင်းနဲ့ စိတ်အားငယ်မှု

▪️အမျိုးသမီးတွေဆိုတာကတော့ ကိုယ်ချစ်တဲ့သူရဲ့ ဂရုစိုက်တာကို လိုချင်တတ်တာကတော့ သဘာဝပါပဲ။ ဒါပေမယ့် ဘယ်အရာပေါ်မှာမဆို မှီခိုလွန်းနေတာမျိုးက ရေရှည်မှာ ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ဖြစ်လာစေတာပါ။ ဘဝမှာရော၊ ဆုံးဖြတ်ချက်ချရာမှာပါ ကိုယ့်အိမ်ထောင်ဘက်ကိုပဲ မှီခိုနေရပြီး အားငယ်နေတဲ့ခံစားချက်မျိုး ရလာနိုင်ပါတယ်။
ဒါကြောင့် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာမှာပါ ကိုယ့်ရဲ့ အိမ်ထောင်ဘက်ကို အရမ်းမှီခိုစရာမလိုအောင် သန်မာနေဖို့ လိုအပ်တာပါ။

ကိုယ့်အိမ်ထောင်ဘက်ဆီက အားကိုးရမှုကို သဘောကျကြပေမယ့် "သူမရှိရင် ဘာလုပ်ရမလဲ" ဆိုတဲ့စိတ်ကိုပါ ထည့်စဉ်းစားထားသင့်ပါတယ်။ ကျွန်မတို့ဘဝမှာ လက်မခံချင်ရင်တောင်မှ လက်ခံရမယ့်အရာတစ်ခုက ကျွန်မတို့အနားမှာ ဘယ်သူမှ အမြဲရှိနေဖို့ မသေချာဘူးဆိုတာပါပဲ။ ဒီအချိန်မှာ တစ်ယောက်နဲ့တစ်ယောက် သစ္စာရှိနေကြဦးတောင် မမြင်နိုင်တဲ့ကံကြမ္မာတွေဆိုတာ ပြောလို့မရဘူးလေ။ သေကွဲ၊ ရှင်ကွဲစတဲ့.. အမျိုးမျိုးသောအကြောင်းအရာတွေက ရှိတတ်ကြတာပဲ မဟုတ်ပါလား။

အဲဒီတော့ အတူရှိကြတဲ့အချိန်မှာ အလိုက်တသိ လုပ်ကိုင်ပေးတာတွေက ကြည်နူးစရာဆိုတာ ဆိုပေမယ့်.. တစ်ဖက်မှာလည်း သူမရှိတော့ရင်..ဆိုတဲ့ အခြေအနေက ရှိတာမို့ ကျွန်မတို့ကိုယ်တိုင်က သိသင့်သိထိုက်တာတွေ၊ လုပ်နိုင်တာတွေကို လုပ်တတ်နေရပါမယ်။ ဥပမာ.. ကားမောင်းတာမျိုး၊ စီးပွားရေးကိစ္စ၊ လုပ်ငန်းပိုင်းဆိုင်ရာတွေကို နားလည်အောင် သင်ယူထားတာမျိုး စသဖြင့်ပေါ့။

📌 ကိုယ့်ရဲ့စွမ်းရည်ကို ယုံကြည်ပါ

▪️ဘဝမှာ အိမ်ထောင်မပြုခင်တုန်းက မိသားစုနဲ့ဖြစ်ဖြစ်၊ တစ်ယောက်တည်းနေတာပဲဖြစ်ဖြစ်.. အဲဒီအချိန်တွေမှာ ဖြတ်သန်းခဲ့ရတာ၊ သင်ယူခဲ့ရတာတွေကလည်း အရေးကြီးတယ်။ တချို့ မိဘတွေက အမြှော်အမြင်ရှိကြတယ်။ ကိုယ်မွေးထားတာက မိန်းကလေးတစ်ယောက်ဆိုပေမယ့် အခြေခံတတ်ထားသင့်တာလေးတွေကစပြီး ငွေရှာနိုင်တဲ့ အရည်အချင်းအဆုံး အကုန်သင်ထားစေ၊ တတ်ထားစေတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာအောင် ကိုယ့်ကိုယ်ကိုယ် အားကိုးတတ်အောင် သင်ပြပေးထားကြတယ်။ အဲဒီလိုဆိုရင် အိမ်ထောင်ပြုသွားတဲ့အခါမှာလည်း ကိုယ့်အိမ်ထောင်ဘက်ကို အရမ်းကြီး မှီခိုအားကိုးနေရတယ်ဆိုတာမျိုး မရှိတော့ဘူး။

📌 အမှီအခိုကင်းတဲ့ အမျိုးသမီးတစ်ယောက်ဟာ အသန်မာဆုံးပဲ

▪️အဲဒီလိုအမှီအခိုကင်းအောင် ပြုစုပျိုးထောင်ခံခဲ့ရ၊ နေထိုင်လာရတဲ့အခါ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုက ရှိနေတဲ့အတွက် အားငယ်စိတ်ဆိုတာ နည်းတယ်။ " ငါ့ဘဝမှာ သူမရှိရင် မဖြစ်ဘူး"ဆိုတာမျိုးထက်၊ သူ ရှိတုန်းမှာ အကောင်းဆုံး ဖြတ်သန်းမယ်၊ သူ မရှိတော့ဘူးဆိုရင်လည်း ကိုယ်က "ဘယ်သူ့မှ အားကိုးစရာမလိုဘဲ အကောင်းဆုံး ရပ်တည်နိုင်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်တယ်" ဆိုတဲ့ ယုံကြည်ချက်နဲ့ သန်မာနေတာမျိုးဖြစ်တယ်။

တကယ်လို့သာ ကိုယ့်ဘက်က ဘာဆိုဘာမှ မသိနားမလည်တာမျိုး ဖြစ်နေမယ်ဆိုရင် ကိုယ့်ရဲ့ အိမ်ထောင်ဘက်အပေါ် လိုတာထက်ပိုပြီး မှီခိုလာရတာတွေရှိတတ်တယ်။ အဲ‌ဒီလို မှီခိုလာရတဲ့အခါမှာ သူမရှိရင် ကိုယ်တစ်ယောက်တည်းဘယ်လိုမှ ရပ်တည်လို့မဖြစ်နိုင်ဘူး၊ ဘာမှမလုပ်တတ်မကိုင်တတ်ဘူးဆိုတာမျိုး ဖြစ်လာတတ်တယ်။

📌 ဒါတွေကြောင့်ပဲ အပေါ်ဆုံးမှာ ပြောခဲ့သလို ကျွန်မတို့အမျိုးသမီးတွေအနေနဲ့ " အိမ်ထောင်ပြုတာဟာ မှီခိုဖို့ " ဆိုတဲ့ အတွေးမျိုးကို လျှော့ပါ။ ကိုယ့်ကိုယ်ကိုယ်အပြည့်အဝအားကိုးပါ။ အမြဲတမ်းကိုယ့်အနားမှာရှိနေမယ့်သူက ကိုယ်ကိုယ်တိုင်ပါပဲ။

ကိုယ့်အိမ်ထောင်ဘက်ကို အရမ်းမှီခိုနေရတာမျိုးထက် ကိုယ့်ခြေထောက်ပေါ်ကို ရပ်တည်ပြီး ကိုယ့်ဝင်ငွေကိုယ်ရှာသုံးနိုင်တဲ့အခါ ကိုယ့်ဘဝကို ကိုယ်ပိုင်လာတယ်။ အမှီအခိုကင်းတဲ့အမျိုးသမီးတစ်ယောက်ဟာ အသန်မာဆုံးပါပဲ။ ဒါကြောင့် အမျိုးသမီးတစ်ယောက်အနေနဲ့ အမှီအခိုကင်းတဲ့ဘဝတစ်ခုကို တည်ဆောက်ပါလို့ အကြံပြုတိုက်တွန်းချင်ပါတယ်။

#ဉာဏ

October 2, 2024

1961 ခုနှစ်က ကြေးမုံသတင်းစာမှာပါတဲ့ကာတွန်းတဲ့ 😭နှစ်တွေသာကြာသွားတယ် အခုထိမမှားသေးဘူး 👍ဘာလုပ်လုပ် ငှက်ပျောဖီးမပါရင်မပြီးတဲ...
11/10/2024

1961 ခုနှစ်က ကြေးမုံသတင်းစာမှာပါတဲ့ကာတွန်းတဲ့ 😭

နှစ်တွေသာကြာသွားတယ် အခုထိမမှားသေးဘူး 👍

ဘာလုပ်လုပ် ငှက်ပျောဖီးမပါရင်မပြီးတဲ့နိုင်ငံမှာ ကိုယ်လည်းသေစာ ရှင်စာလောက်သင်ပြီး ငှက်ပျောစိုက်စားရင် အခုဆို ဘုန်း မင်း မြတ် လို ချမ်းသာလောက်ပြီ
credit orginal owner

ပြန်မငြင်းတာ အကောင်းဆုံး--------------------------------------- - ဖောက်သည်နဲ့ ငြင်း မင်းနိုင်သွားတော့ " ဝယ်သူပျောက်တယ် "...
08/10/2024

ပြန်မငြင်းတာ အကောင်းဆုံး
---------------------------------------

- ဖောက်သည်နဲ့ ငြင်း
မင်းနိုင်သွားတော့
" ဝယ်သူပျောက်တယ် " ။

- လုပ်ဖော်ကိုင်ဖက်နဲ့ ငြင်း
မင်းနိုင်သွားတော့
" အဖွဲ့ကွဲသွားတယ် " ။

- သူဌေးနဲ့ ငြင်း
မင်းနိုင်သွားတော့
" အခွင့်အရေးတွေ ဆုံးရှုံးသွားတယ် " ။

- မိသားစုနဲ့ ငြင်း
မင်းနိုင်သွားတော့
" မေတ္တာတွေ လျှော့သွားတယ် " ။

- သူငယ်ချင်းတွေနဲ့
ငြင်း မင်းနိုင်သွားတော့
" မိတ်ပျက်သွားတယ် " ။

- သင်ဆရာနဲ့
ငြင်း မင်းနိုင်သွားတော့
" ရိုင်းတယ်လို့ အထင်ခံရတယ် " ။

- ချစ်သူနဲ့ ` ငြင်း
မင်းနိုင်သွားတော့
" ခံစားချက်တွေ အေးစက်လာတယ် " ။

- ( ဘယ်သူနဲ့ ငြင်းငြင်း
မင်းနိုင်သွားတာနဲ့
တစ်ဖက်မှာ ဆုံးရှူံးသွားပြီးပြီ ~~~

ဒါ့ကြောင့် မှားမှားမှန်မှန် ပြိုင်မငြင်းနဲ့တော့ )

:

ဒီကပ်ကြီးပြီးရင်... "သစ်ပင်စိုက်ကြရအောင်"အသက်ပေါင်းများစွာကို ကယ်တင်ပေးခဲ့တဲ့ ဒီအပင်တွေကမ္ဘာကြီးကို ကာကွယ်ပေးနေတဲ့ ဒီအပင...
20/09/2024

ဒီကပ်ကြီးပြီးရင်... "သစ်ပင်စိုက်ကြရအောင်"

အသက်ပေါင်းများစွာကို ကယ်တင်ပေးခဲ့တဲ့ ဒီအပင်တွေ
ကမ္ဘာကြီးကို ကာကွယ်ပေးနေတဲ့ ဒီအပင်တွေကို
စိုက်ဖြစ်အောင် စိုက်ကြရအောင်... ကိုယ်ကိုယ်တိုင်လည်း စိုက်... ကိုယ့်ဘေးကလူတွေကိုလည်း စိုက်ဖို့တိုက်တွန်းရင်း ဒီကမ္ဘာမြေကို ကာကွယ်ကြရအောင် 🙏🏻🌱🪴🌳

ရေဘေးသင့်များအတွက်ဂျက်လေယာဥ်အစီး20သုံး၍ အစားအသောက်များ...See more
17/09/2024

ရေဘေးသင့်များအတွက်ဂျက်လေယာဥ်အစီး20သုံး၍ အစားအသောက်များ...See more

ကလေးနှစ်ယောက် ဆရာ၀န်ထံရောက်လာသည်။ဆရာ၀န်က “ဘာဖြစ်လို့လဲ သားတို့”ဟုမေးသောအခါကလေးငယ်တစ်ယောက်က..."ကျွန်တော် ဆယ်ပြားစေ့ကို မျ...
17/09/2024

ကလေးနှစ်ယောက် ဆရာ၀န်ထံရောက်လာသည်။
ဆရာ၀န်က “ဘာဖြစ်လို့လဲ သားတို့”ဟုမေးသောအခါ
ကလေးငယ်တစ်ယောက်က...

"ကျွန်တော် ဆယ်ပြားစေ့ကို မျိုချလိုက်မိတယ် ခင်ဗျ"

ထိုအခါ ဆရာ၀န်က ဘေးမှပါလာသော အခြားကလေးငယ်ကို ကြည့်လိုက်သည်။ ထိုကလေးက အော်ဟစ်ငိုရှိုက်နေသည်။

"နေစမ်းပါဦီး၊မင်းကရော ...ဘာဖြစ်လို့ငိုနေတာလဲ"

ကျန်ကလေးငယ်က ရှိုက်သံကြားမှ ဖြေသည်။

"သူမျိုချလိုက်တဲ့ ပိုက်ဆံက ကျွန်တော့်ပိုက်ဆံ ခင်ဗျ"
...................

ကျွန်တော်တို့ လူကြီးတွေရော ဘာထူးလို့လဲဟု
ကျွန်တော်တွေးမိသည်။

သူတပါး၏ဒုက္ခကို စာနာဖို့ထက်

"ကိုယ့်ပိုင်ဆိုင်မှု ဆုံးရှုံးနစ်နာခြင်း” ကိုသာ ပိုပြီး အဓိကကျသည်ဟု အောက်မေ့တတ်ကြသည် မဟုတ်လား။"

"တိုက်တန်းနစ် သင်္ဘောကြီးမြုပ်ပြီး
လူပေါင်းများစွာ သေဆုံးသွားရသည်ဟူသည့်
သတင်းကိုကြားရသည့်အခါ ကျွန်တော် ထွေထွေထူးထူး မခံစားရပါ။
၀မ်းမနည်းမိပါ။

အဘယ်ကြောင့်ဆိုသော် ထိုအချိန်တွင် ကျွန်တော်ခေါင်းကိုက်နေသောကြောင့်ဖြစ်သည်။”.....ဟူသော စားသားတစ်ပိုင်းတစ်စကို ကျွန်တော် ဖတ်ရဖူးပါသည်။

သည့် အတွက် ထူးခြားပြီး မအံ့သြမိတော့ပါ။

လူဆိုသည်မှာ “ကိုယ့်ဒုက္ခသာလျှင် အကြီးကျယ်ဆုံး”ဟု သဘောထားတတ်ကြသူများဖြစ်သည်။

အရေးကြီးသော လူနာတစ်ယောက်ကို

မြောက်ဥက္ကလာဆေးရုံ ကြီးသို့ပို့ရန်

တက္ကစီတစ်စီး လက်ပြပြီး တားခဲ့သည်။ တက္ကစီ ဒရိုင်ဘာက
ညဥ့်နက်နေပြီဟုပြောကာ
၂၅၀၀ိ/ -တောင်းသည်။

"လျှော့ပါဦးဗျာ၊ လူနာက......."

ကျွန်တော် စကားကို ဆုံးအောင်ပြောခွင့်မရလိုက်ပါ။
ကားဆရာက ဒေါသ တကြီးမောင်းထွက်သွားသည်။

"သူ့ဆယ်ပြားစေ့ကို ကျွန်တော် မျိုချခဲ့မိပါသလား"

သူ့အတွက်တော့ လူတစ်ယောက်၏အသက်ထက် ငွေ၂၅၀၀ိ/က ပိုအရေးကြီးနေပေလိမ့်မည်။

ကျွန်တော် သူ့ကိုစိတ်မဆိုးမိပါ။
ရယ်သာ ရယ်မောနေချင်ပါတော့သည်။

ကျွန်တော်တို့သည် (အကယ်စင်စစ်) ကလေးများသာ ဖြစ်ကြပါသည်။

crd မင်းခိုက်စိုးစံ

သိပ်ကောင်းလို့ ဖတ်ဖြစ်အောင် ဖတ်ကြည့်စေချင်ပါတယ်။မိသားစု ဆက်ဆံရေး~~~~~~~~~~~~~တစ်နေ့မှာ အရမ်းဒေါသကြီးတတ်တဲ့အမျိုသမီးတစ်ယေ...
16/09/2024

သိပ်ကောင်းလို့ ဖတ်ဖြစ်အောင် ဖတ်ကြည့်စေချင်ပါတယ်။
မိသားစု ဆက်ဆံရေး
~~~~~~~~~~~~~

တစ်နေ့မှာ အရမ်းဒေါသကြီးတတ်တဲ့
အမျိုသမီးတစ်ယောက်ဟာ
စျေးကအပြန် သူတစ်ခါမှ မမြင်ဖူးတဲ့
သူစိမ်းတစ်ယောက်နဲ့
မတော်တဆ ဝင်တိုက်မိတယ်။

အမျိုးသမီးလည်း ပြာပြာသလဲနဲ့
အို . . ကျွန်မကိုခွင့်လွတ်ပါလို့
ပြောလိုက်တယ်။
အတိုက်ခံရတဲ့ သူစိမ်းကလည်း
ကျွန်တော်ကလည်း အခြားကိစ္စတစ်ခုမှာ
အာရုံရောက်လို့။
အမ လာတာကို မမြင်လိုက်မိလို့
အခုလို ဖြစ်သွားရတာပါ။
ကျွန်တော့်ကိုလည်း ခွင့်လွတ်ပါဗျာလို့
ပြန်ပြောတယ်။

အဲဒီသူစိမ်းနဲ့ အမျိုသမီးဟာ
အရမ်းကို ယဉ်ကျေးစွာနဲ့
တစ်ယောက်ကို တစ်ယောက်
အပြန်အလှန် တောင်းပန်ကြပြီး
လမ်းခွဲလိုက်ကြတယ်။

အဲဒီနေ့ ညနေမှာ အမျိုးသမီးဟာ
ညနေစာအတွက်
ကိုယ်တိုင် ချက်ပြုတ်ပြင်ဆင်နေစဉ်မှာ
သူမရဲ့ သားလေးက သူမဘေးမှာ
ငြိမ်ငြိမ်လေး လာရပ်နေတယ်။
သူမ အနောက်ကိုလှည့်လိုက်တဲ့အခါ
နောက်မှာရောက်နေတဲ့ သားလေးနဲ့
တိုက်မိပြီး လက်ထဲမှာကိုင်ထားတဲ့
ပန်းကန်တွေ ကျကွဲသွားတယ်။

အဲဒီအချိန်မှာ အမျိုးသမီးဟာ
သူ့ရဲ့ဒေါသကို မထိန်းနိုင်ပဲ
သားလေးကို မျက်မှောင်ကြုပ်ပြီး
ဒီကနေ ထွက်သွားစမ်းလို
အော်ငေါက်ပြီး ကြိမ်းမောင်းလိုက်တယ်။

မထင်မှတ်ပဲ အမေဖြစ်သူရဲ့
အော်ငေါက်ကြိမ်းမောင်းခြင်းကို
ခံလိုက်ရတဲ့ သားလေးဟာ
စိတ်မကောင်းစွာနဲ့ မီးဖိုခန်းထဲကနေ
ထွက်သွားခဲ့တယ်။
သားလေးထွက်သွားတော့
သူမကတော့ သားကို ပြင်းပြင်ထန်ထန်
ပြောမိသွားတယ်ဆိုတာကို
သတိမထားမိဘူး။

သူမရဲ့ သားလေးဟာ
ညနေစာမစားပဲ အစောကြီး
အိပ်ရာဝင်ပြီး အိပ်နေခဲ့တယ်။
ထမင်းစားချိန်ရောက်မှ
သားလေး ညနေစာမစားပဲ
အစောကြီး အိပ်ရာ ဝင်သွားတာကို
သူမ သတိထားမိတယ်။

အဲဒီအခါကျမှ
သူမဟာ သားလေးကို
အော်ငေါက်ကြိမ်းမောင်းလိုက်မိလို့
သားလေး စိတ်မကောင်းဖြစ်သွားတာကို
သိလိုက်ရတယ်။

သူမလည်း စိတ်မကောင်းစွာနဲ့ပဲ
စောစောအိပ်ရာဝင်ခဲ့တယ်။
ဒါပေမယ့် သူမ ဘယ်လိုမှ
အိပ်မပျော်နိုင်ပဲ ဖြစ်နေတယ်။

အဲဒီအချိန်မှာပဲ သူမစိတ်ထဲ
စျေးကအပြန် သူစိမ်းတယောက်နဲ့
ဝင်တိုက်မိပြီး အပြန်အလှန်
ယဉ်ကျေးသိမ်မွေ့စွာ
ပြောဆိုတောင်းပန်းခဲ့တာကို
သတိရမိပြီး အတွေးတစ်ခု ဝင်လာတယ်။

ငါဟာ သူစိမ်းနဲ့ ဆက်ဆံတဲ့အခါမှာ
ယဉ်ကျေးသိမ်မွေ့ပြီးတော့
ကိုယ်ချစ်တဲ့ ကိုယ်သွေးသားနဲ့
ဆက်ဆံတာကျတော့
ဘာလို့ ကြမ်းကြမ်းတမ်းတမ်း
ဆက်ဆံနေတာလဲလို့ တွေးမိတယ်။
သူမဟာ စိတ်မကောင်းစွာ
အတွေးနယ်ချဲ့ရင်း အိပ်ပျော်သွားတယ်။

အဲဒီအချိန်မှာ အိပ်မက် မက်နေသလိုလို
တစ်စုံတစ်ယောက်က
သူမကို လာပြောနေသလို
သူမ နားထဲမှာ အသံတစ်ခုကို
ကြာလိုက်ရတယ်။

မီးဖိုခန်း တံခါးနားကို
သွားကြည့်လိုက်ပါ။
တံခါးနားမှား ပန်းတွေကျနေတာကို
တွေ့ရလိမ့်မယ်။
အဲဒီပန်းလေးတွေဟာ
သမီးကို ပေးဖို့အတွက်
သမီးရဲ့ သားလေးကိုယ်တိုင်
ခူးလာတာပါ။

ပန်းလေးတွေက သမီးကြိုက်တဲ့
အပြာရောင် ပန်းလေးတွေပါ။
သမီးကို အံ့သြသွားစေချင်လို့
သူ တိတ်တိတ်လေး သမီးနောက်မှာ
ရပ်နေရှာတာပါ။
သူ့ ရင်ထဲက ခံစားချက်တွေကို
သမီးတခါမှ မမြင်ဘူးမို့လားလို့ပြောပြီး
အသံဟာ ပျောက်ကွယ်သွားပြီး
သူမလည်း
အိပ်မက်က လန်နိုးလာခဲ့တယ်။

အဲဒီအချိန်မှာ
သူမ အရမ်းကို စိတ်မကောင်းဖြစ်ပြီး
သူမရဲ့ပါးပြင်ပေါ်ကို မျက်ရည်တွေ
စီးကျလာတယ်။
ပြီးတော့
သူမ သားလေးအိပ်ရာနားဆီကို
တိတ်တိတ်လေးသွားပြီး
အိပ်ရာဘေးမှာ
သွားဒူးထောက်လိုက်တယ်။
ထပါဦးသားလေးရယ်။
ဒီပန်းလေးတွေက
မေမေ့အတွက်
သားလေး ခူးလာပေးတာလားလို့
သူမ သားလေးကို မေးလိုက်တယ်။

သားလေးက
ဒီပန်းတွေကို ဟိုးအပင်နားမှာ
တွေ့တာ မေမေ။
ပန်းလေးတွေက မေမေ့လိုပဲ
အရမ်းလှလို့ သား ခူးလာတာပါ မေမေ။
မေမေက အပြာရောင်ပန်းလေးတွေကို
ကြိုက်မယ်ဆိုတာကို
သား သိလို့လေလို့ ပြောတယ်။

သားလေးဆီက စကားကို
ကြားလိုက်ရတော့ . .
သားလေးရယ် . .
မေမေ ဒီနေ့ သားကို ပြူမူလိုက်တဲ့ အမူအရာအတွက်
မေမေ တောင်းပန်ပါတယ်ကွယ်။
သားကို မေမေ
အဲလို မအော်သင့်ပါဘူးလို့ပြောတော့
သားလေးက
ရပါတယ် မေမေရယ်။
မေမေ့ကို သားချစ်တယ်တဲ့။

သားရယ် မေမေကလည်း
သားကို ချစ်ပါတယ်။
နောက်ပြီး
သားလေး ခူးပေးတဲ့
ဒီအပြာရောင်ပန်းလေးကိုလည်း
မေမေ အရမ်းကြိုက်ပါတယ်ကွယ်လို့
သားကို ပြန်ပြောလိုက်တယ်။

ဒီစာစုလေးမှာ
ကျွန်ုပ်တို့အတွက်
သင်ခန်းစာ ရလိုက်တာကတော့ . .
ကျွန်ုပ်တို့ဟာ
ကျွန်ုပ်တို့နဲ့ မရင်းနီးတဲ့
သူစိမ်းတွေအပေါ်မှာဆိုရင်
ယဉ်ကျေးချိုသာစွာ
ဆက်ဆံတတ်ပေမယ့်
ကျွန်ုပ်တို့
ချစ်ခင်တဲ့လူတွေအပေါ်မှာတော့
ကြမ်းကြမ်းတမ်းတမ်း
ဆက်ဆံမိတယ်ဆိုတာကို
မီးမှောင်းထိုးပြနေခြင်းပဲ ဖြစ်ပါတယ်။

ဒါကြောင့်
ကျွန်ုပ်တို့ ချစ်ရတဲ့သူတွေနဲ့
ဆက်ဆံတဲ့အခါမှာလည်း
ယဉ်ကျေးချိုသာစွာ
ပြောဆိုဆက်ဆံခြင်းဖြင့်
ကျွန်ုပ်တို့ရဲ့
မိသားစု ဆက်ဆံရေးကို
ပိုမိုကောင်းမွန်လာအောင်
ပြုပြင်ကြရအောင်လို့ ပြောပါရစေ။

...ဓမ္မရင်ခွင်ဆရာတော်

မှီခိုလွန်းတဲ့သူလည်း မဖြစ်စေနဲ့အမှီခိုလည်း မခံပါနဲ့သားသမီးဖြစ်ဖြစ်အမျိုးသားဖြစ်ဖြစ် အမျိုးသမီးဘဲ ဖြစ်ဖြစ်မောင်နှမ မိတ်ဆွ...
10/09/2024

မှီခိုလွန်းတဲ့သူလည်း မဖြစ်စေနဲ့

အမှီခိုလည်း မခံပါနဲ့

သားသမီးဖြစ်ဖြစ်

အမျိုးသားဖြစ်ဖြစ် အမျိုးသမီးဘဲ ဖြစ်ဖြစ်

မောင်နှမ မိတ်ဆွေ ပါတနာ

လူအဖွဲ့အစည်း ရှိလူအားလုံးကို

မှီခိုလာအောင် သင်တာ သင်မဖြစ်ပါစေနဲ့

နောက်လိုက်မ‌မွေးပါနဲ့

ခေါင်းဆောင်ဖြစ်အောင် လေ့ကျင့်ပေးပါ

မှီခိုစရာရှိရင် တုံးအသွားတတ်တယ်

ရည်မှန်းချက်မဲ့ မျှော်လင့်လွန်းအားကြီးလာတတ်တယ်

ကိုယ့်အိမ်မက်တွေကိုယ်ဖြစ်ချင်တာတွေ တစ်ခြားသူက

တာဝန်ယူဖြည့်ဆည်းပေးရမယ့်လို့

အထင်မှားစွာ မျှော်လင့်နေတတ်တယ်

တာဝန်ယူချင်တဲ့ စိတ်လျော့သွားတယ် အလကားရပါများရင်

အလကားလိုချင်လာတယ်

ကိုယ့်ဘဝအတွက် ကိုယ့်မှာတာဝန်ရှိတယ်ဆိုတာ ‌မသိတော့ဘဲ

ကိုယ်က အမြဲနစ်နာသူအဖြစ် အတွေးမှားလာတတ်ကြတယ်

မိဘထူးချွန်တဲ့အိမ် သားသမီးတွေ ဆိုးသွမ်းမှီခိုလာတယ်

အမျိုးသားတွေ ထူးချွန်တဲ့အိမ် အမျိုးသမီးတွေ တုံးအလာတယ်

အမျိုးသမီးတွေ ထူးချွန်တဲ့အိမ် အမျိုးသားတွေ ကပ်တွက်မှီခိုလာတယ်

တစ်အိမ်လုံးထူးချွန်ထက်မြတ်ကိုယ့်တာဝန်

ကိုယ်ယူတဲ့ မိသားစုတွေ လက်ချိုးရေလို့ရတယ် ရှာမတွေ့ရဘူး

ကျွန်မတို့တက်ခဲ့ရတဲ့ ကျောင်းမှာ မိမိကိုယ်ကို အားကိုးတတ်ဖို့

ခေါင်းဆောင်စိတ်ထည့်ပေးတဲ့ ဘာသာရပ်မပါခဲ့ ဘူး

ကျွန်မတို့မှီခိုသူမဖြစ်အောင် ကြိုစားရမယ်

ကျွန်မတို့ကို အရမ်းမှီခိုလာတာလဲ လက်မခံမှ ရမယ်

"အချစ်ဟာ အရေးမပါဘူးလို့ မဆိုလိုပါဘူး။ဒါပေမယ့် ဘဝမှာ အချစ်ကို ပထမတန်းစားနေရာပေးနေသေးသ၍ ပြဿနာက ဆုံးနိုင်မှာ မဟုတ်ဘူး။တန်ဖိ...
02/09/2024

"အချစ်ဟာ အရေးမပါဘူးလို့
မဆိုလိုပါဘူး။

ဒါပေမယ့် ဘဝမှာ
အချစ်ကို ပထမတန်းစားနေရာ
ပေးနေသေးသ၍ ပြဿနာက
ဆုံးနိုင်မှာ မဟုတ်ဘူး။

တန်ဖိုးရှိတာတစ်ခုကို နေ့ရောညပါ
အားတက်သရော စိတ်ဝင်တစားလုပ်ပါ။
ပညာရှာပါ။
စာကောင်းဖတ်ပါ။
အချစ်ထက်ပိုတဲ့အရာက
ဘဝကို နေပျော်အောင်
လုပ်နိုင်မှ အချစ်စိတ်က
တန်ဖိုးရှိတယ်။

ကိုယ့်ဘဝကိုယ်
တန်ဖိုးတတ်အောင်မလုပ်နိုင်ပဲနဲ့
အချစ်ကို တညည်းညည်းတညူညူလုပ်နေတာဟာ
ပြဿနာကိုမဆုံးနိုင်အောင်ရှာနေတာပဲ။

လူတွေကို
ကိုယ်လိုသလိုဖြစ်လာအောင်
မလုပ်နိုင်ပါဘူး။
ကိုယ့်ဘဝကိုယ်
ကိုယ်လိုသလို ဖြစ်လာအောင်
လုပ်ချင်ရင် ဖြစ်နိုင်ပါတယ်။

ဒါကလည်း ကိုယ့်မှာ
ညဏ်ပညာနဲ့ မြင့်မားတဲ့
ဘဝမျှော်မှန်းချက်ရှိရင်ပေါ့။

ပညာနဲ့ မျှော်မှန်းချက် မရှိတဲ့
ဘဝဟာ အမြဲတမ်း
သိမ်ငယ်စရာတွေကိုပေးလိမ့်မယ် ဆိုတာမှတ်ထားပါ။"

#အဓိပ္ပါယ်ရှိသောဘဝ
#ဆရာမထက်ထက်ထွန်း(Waterfall)
#ထိခေါင်

စာရှည်ပါတယ်။ ပြီးတော့ သတင်း/ဝတ္ထု အက်ဆေးစတဲ့ ရသစာလည်း မဟုတ်ပါဘူး။ ကိုယ်မက်မိတဲ့ အိပ်မက်အကြောင်းလေး လာတို့ထားတာပါ။ တန်ဖို...
02/09/2024

စာရှည်ပါတယ်။ ပြီးတော့ သတင်း/ဝတ္ထု အက်ဆေးစတဲ့ ရသစာလည်း မဟုတ်ပါဘူး။ ကိုယ်မက်မိတဲ့ အိပ်မက်အကြောင်းလေး လာတို့ထားတာပါ။ တန်ဖိုးရှိတဲ့ အချိန်တွေရယ်၊ ပိုက်ဆံပေးရမယ့် ဖုန်းဘေလ်ရယ်ကို အားနာလို့ ကျော်သွားပေးဖို့ မေတ္တာရပ်ပါတယ်။ ဒါဖတ်ပြီး ဘာမှ ရမှာမဟုတ်လို့ပါ။

‘လူအထီး’ မက်တဲ့
အိပ်မက်ထဲက ‘စိတ်အမ’

အိပ်မက်ဆိုတာ စိတ်ရဲ့ ရေအောက်လွှာစီးကြောင်းတစ်ခုပဲ။
စိတ်ဟာလည်း ဆန်းကျယ်လွန်းလှတယ်။ ဒီနေ့ထိ စိတ်ရဲ့ ဖြစ်တည်ပုံ၊ အလုပ်လုပ်ပုံတွေကို လူတွေ လေ့လာနေကြရတုန်း။ ဒီပညာရပ်က အဆုံးသတ်သွားတယ်ရယ်လို့မှမရှိပဲ။

ကျွန်တော်ဟာ ရသစာပေတွေ ရေးဖွဲ့လေ့ရှိသူတစ်ယောက်ဖြစ်တော့ ဝတ္ထုရေးတဲ့အခါ ဇာတ်ကောင်မွေးရတယ်။ ကိုယ်မွေးတဲ့ ဇာတ်ကောင် ဟာ အစဉ်အမြဲ (ကိုယ့်လို) ဖိုသတ္တဝါဖြစ်နေလို့မှမရ။ ဒီတော့ (မ)ဇာတ်ကောင်(လူ/တိရစ္ဆာန်/အခြား) တွေလည်း ပါလာတော့တယ်။ မွေးရ/ ဖန်တီးရတော့တယ်။ ဒီအခါမှာ ကိုယ့်ဇာတ်ကောင် (မ)နေရာကနေ စဉ်းစားတဲ့အခါ ကိုယ့်အတွေးဟာ မ,တစ်ယောက်လို လိုက်တွေးရတယ်။ ဒီတော့ အပြင်မှာ အရှင်လတ်လတ်ကြီးရှိတဲ့၊ ကိုယ်(အထီး) တစ်ယောက်ရဲ့ အတွေးဟာ (ဝတ္ထုထဲမတော့) ဇာတ်ကောင်(မ) တစ်ယောက်ရဲ့ အတွေး ဖြစ်သွားတယ်။ မ,လိုတွေး/မ,လိုစဉ်းစား/မ,လို လုပ်ဆောင်ရတယ်။ မ,တစ်ယောက်/တစ်ခု/တစ်ကောင် အဖြစ် ကိုယ့်ဖန်တီး လိုက်မှုတွေ စရိုက်ပီမပီကတော့ ဘေးလူမှပဲသိတော့မယ်။ ကိုယ်ကတော့ ဒီအတိုင်းဖန်တီးလိုက်ရတော့တာပဲ။ ဇွတ် (မ) လိုက်ရတော့ တာပဲ။

သတ္တဝါတွေမှာ ခန္ဓာကိုယ်တစ်ခုတည်းမှာကို ဖိုဟော်မုန်း(Testosterone) နဲ့ မဟော်မုန်း(Estrogen) ရောနှောပါဝင်ဖြစ်တည်နေတာပဲ။ ဒီဟော်မုန်းတွေပါဝင်မှုအနည်းအများ။ ရာခိုင်နှုန်းအချိုးအစားတွေကပဲ ကိုယ့်ဖြစ်တည်မှုကို ပြဌာန်းလိုက်တာပဲ။ ကိုယ့် လိင်စိတ် တိမ်းညွတ် မှု ကို ဖေါ်ပြတော့တာပဲ။
အခြောက်၊ မိန်းမလျာ စသဖြင့် အရပ်အခေါ်သတ်မှတ်ချက်တွေဟာ ဒီကလာတာပဲ။ ( LGBTQ+ = le***an, gay, bisexual, transgender, q***r, questioning , intersex ) ဆိုတဲ့ အမျိုးကွဲအသုံးအနှုံးတွေကလည်း ဒီလို ဟော်မုန်းအချိုးမညီမှုက ဖြစ်လာတဲ့ လိင်တူ/လိင်ကွဲကိစ္စ တွေပဲလို့ ထင်တယ်။ တီကောင်တွေ ၊ သံကောင်တွေဆိုရင်တော့ ရှင်းတယ်။ ဘော်ဒီတစ်ခုတည်းမှာ လိင်နှစ်ခုနဲ့မဟုတ်လား။ သူတို့အတွက် ဒီအခေါ်အဝေါ် သတ်မှတ်ချက်တွေ မလိုဘူးဘဲ။ အခြားသတ္တဝါတွေလို ဖိုမ ဓာတ်၊ သံလိုက်ဆွဲအားတွေ ဘာတွေ မလိုဘူး။ ကိုယ့်ကိုယ်ကိုယ် သာ တပ်မက်နေလိုက်ရုံ၊ ချစ်ကြိုက်နေလိုက်ရုံပါ့။

မိန်းမဆန်တဲ့စိတ်/ မိန်းမလိုတွေးတဲ့စိတ် နဲ့ ယောက်ျားဆန်တဲ့စိတ်/ ယောက်ျားလိုတွေးတဲ့ စိတ်တွေကိုလည်း ဒီဟော်မုန်းတွေကပဲ ဖန်တီး လိုက်တာပဲ မဟုတ်လား။

ညက အိပ်မက်မက်တယ်။ အိပ်မက်တန်းလန်းနဲ့ လန့်နိုးလာတော့ အိပ်မရပဲ စိတ်အကြောင်းလှစ်ကနဲတွေးမိပြီး အိပ်ရကထ ဒီစာကို ချ ရေးမိတော့တာပဲ။ လူအထီးတစ်ယောက်မက်တဲ့ အိပ်မက်ထဲက လူအမ အကြောင်းလို့ ပြောရမလားပဲရယ်။

အိပ်မက်ထဲမှာ ကျွန်တော်က ဆယ်ကျော်သက်လွန်စ အိမ်ထောင်ပြု(ချင်ရင်) ပြုလို့ရတဲ့အရွယ်။
(ကဲ ကြည့်၊ လုပ်ပုံက။ အရှင်လတ်လတ်လူအို(ထီး)ကြီး တစ်ယောက်ရဲ့ ဦးနှောက်က ဖန်တီးလိုက်တဲ့ အိပ်မက်ထဲမှာ၊ သူဟာ နုနယ်ပျိုမြစ် (မ) တစ်ယောက်ဖြစ်သွားရှာတယ်။ မခန့်ပုံများ)
မြို့ငယ်က မြို့လည်ခေါင်အဝိုင်းတစ်ခုမှာ သူမ စက်ဘီးတစ်စင်းတွန်းလို့ သွားနေတယ်။
ပြီးတော့ သူတွေးတယ်။ (တကယ်က အိပ်မက်ထဲက ကောင်မလေးတွေးတယ်ဆိုတာ၊ အိပ်နေတဲ့အဖိုးကြီး ကျွန်တော်တွေးတာပဲ။ ကိုယ့်ဦးနှောက်ထဲကဖန်တီးလိုက်တဲ့ အိပ်မက်ဖြစ်နေတာကိုး)။
ပစ္စည်းဥစ္စာဆိုတာ စွဲလန်းမှုကိုဖြစ်စေတယ်။ ရှိနေရင် စွဲလန်းရတယ်၊ သူ့အတွက် ပူပင်သောက ရောက်ရတယ်၊ ဒါတွေကိုမရှိစေချင်ရင် အဲဒီ ကိုယ့်ပိုင်ဆိုင်မှုပစ္စည်းဆိုတာကြီး မရှိမှဖြစ်မယ်။
“ကဲ.. စက်ဘီးလေး၊ နင် ဒီမှာနေခဲ့တော့၊ ကားကြိတ်ကြိတ် လူယူယူ” ဆိုပြီး ကားလမ်းမလည်ခေါင်မှာ စက်ဘီးကို ဒီအတိုင်းချထားပြီး ထွက်သွားတယ်တဲ့။ ဝေသန္တရာတောင် သူ့လောက်စိတ်ပြတ်ပါ့မလား။
ဘယ်ကားကမှ လမ်းလည်ခေါင်မှာ ပိုးစိုးပက်စက်လှဲချထားခဲ့တဲ့ စက်ဘီးကိုတက်မကြိတ်ဘူး။ ကလေးတစ်သိုက်က ပျော်ပျော်ကြီး လာယူသွား ကြတယ်။ တဟေးဟေးတဟားဟားနဲ့ အုပ်စုလိုက်ကြီး ပျော်ပျော်စီးသွားကြတယ်။

လိုချင်တက်မက်မှုကို ကြောက်လို့ ခုလို စွန့်ပယ်ခဲ့တဲ့ (အိပ်မက်ထဲက) ကောင်မလေးဟာ လမ်းလျှောက်ရင်း (ဗိုလ်ချုပ်ဈေးလို စင်္ကြန်မှာ ဆိုင်တန်းရှိတဲ့) ဆိုင်ခန်းတွေ တခန်းဝင်တခန်းထွက်ကြည့်တယ်။ ရှော့ပင်ထွက်နေတဲ့ သဘောပဲ။ အထည်ဆိုင်ရဲ့ အရောင်းကောင်တာ တစ်ခုမှာ အညိုရောင်ပေါ် အဖြူစပေါ့တွေအနှံ့ရှိနေတဲ့ ခါးတို ဂျင်းဂျက်ကက်တစ်ထည်တွေ့တော့ ဝမ်းသာအားရ ဆွဲယူတယ်။ သူ့မျက်လုံးထဲမှာ အလိုရမ္မက်တွေ တဖျတ်ဖျတ်လက်လို့။
“ဟယ်.. တစ်ယောက်ယောက်က ယူမလို့ ဆွဲထုတ်ထားတာဖြစ်မယ်။ ကြည်းစမ်း ယူမသွားဘူးဘဲ၊ မိုက်မဲလိုက်တဲ့ကောင်မလေး၊ ဒါ .. ငါရဖို့ဖြစ်လာတာပဲ ၊ ငါယူမယ်” ဆိုပြီး သူ့ကိုယ်မှာ ကောက်ဝတ်တယ်၊ အင်္ကျီက သူနဲ့ တော်မနေဘူး။
‘ဟွန်း တော်လည်းမတော်ဘူး’ ဆိုပြီး ပြန်ထားခဲ့တယ်။ ဒီတခါထားခဲ့တာက စက်ဘီးထားခဲ့တုန်းကနဲ့ မတူဘူး။ လိုချင်ပါလျက်ကယ်နဲ့ မတော်လို့ မချိတင်ကဲစိတ်နဲ့ ထားခဲ့ရတာ။ သံယောဇဉ်အမျှင်က အင်္ကျီပေါ်မယ် တန်းလန်းကြီး။

သူသွားလေရာကို တကောက်ကောက် လိုက်ကြည့်နေတဲ့ အိပ်မက်ထဲက ကျွန်တော်(ကျွန်တော့စိတ်)က တစ်ခွန်းပြောတယ်။
“ဟိုကလည်း နင့်လိုပဲ သူနဲ့ ကိုယ်တိုင်းမတော်လို့ ထားခဲ့တာနေမှာပေါ့” တဲ့။
ကဲ ခုပဲ တပ်မက်မှု/ လိုချင်မှုကို စွန့်လွှတ်ခဲ့တဲ့စိတ်က စက္ကန့်မဆိုင်း လိုချင်တက်မက်မှုနဲ့ ဖျတ်ဖျတ်လူးနေပြန်ရော။ တစ်ယောက်တည်း/ အချိန်တစ်ခဏငယ်ထဲမှာ ကို ဖြစ်ပျက်နေလိုက်တာ။ လွန်ဆွဲနေတဲ့ ဒွန်တွဲစိတ်များ။

အိပ်မက်ထဲက ဖြူဖျော့ဖျော့ လှတပတ အဲဒီကောင်မလေးဟာ အိမ်ဆိုင်တစ်ဆိုင်မှာ စီမံနေပြန်တယ်။ သူ့အိမ်ဖြစ်မယ်။ သူက ဆီစက်ပိုင်ရှင်လိုလို၊ အိမ်ဆိုင် ပိုင်ရှင်လိုလို (ရွာ/သို့မဟုတ်/မြို့ငယ်လေးက) တစ်ယောက်ပဲ။
ရွာက တောင်ခြေမှာရှိတယ်။ တောင်ခြေမှာ ဘုန်းကြီးကျောင်းရှိတယ်။
အဲဒီဘုန်းကြီးကျောင်းက ကိုရင်လေးတစ်ယောက်ကို လူထွက်ခိုင်းပြီး သူက ကျွေးမွေးစောင့်ရှောက်ထားသတဲ့။
ကိုရင်လေးတစ်ဖြစ်လဲ ကောင်လေးက အတော့်ကို နုဖတ်ဖတ်ချောချောလှလှလေး။ မိန်းကလေးကြိုက် မင်းသားရုပ်ရည်မျိုး။
ကောင်မလေးက (အစွဲအလန်းဖြစ်မိ/ကြီးမိမှာစိုးလို့ စက်ဘီးကို လမ်းလည်ခေါင်မှာ စွန့်ပစ်ခဲ့တဲ့ ကောင်မလေးက) နှစ်သက်စွဲလန်းစိတ်နဲ့ အလုပ်ကူလုပ်နေတဲ့ ကောင်လေးကို ပြုံးတုံးတုံးမျက်နှာပေးလို့ စဉ်ဆက်မပြတ်လိုက်ကြည့်နေပြန်တယ်။ ကြည့်နေတဲ့ တစ်ချိန်တည်းမှာပဲ သူ့ကို အဝတ်အစားတွေ ဆင်ရဦးမယ်လို့လည်း တွေးနေတယ်။ ဘေးက မိန်းမတစ်ယောက်က ဝင်ပြောတယ်၊
“ကိုယ်ယူမယ့် ယောက်ကျားကို ကိုယ်လှအောင်ဆင်ရမှာပေါ့” တဲ့။
ကောင်မလေးက ကျေနပ်စွာ၊ နှစ်သက်စွာ ပြုံးပြန်တယ်။ မွေးပြီးစားမယ့် အထာပဲ။
စက်ဘီးကိုပဲ စွန့်ပစ်မယ်၊ နင့်တော့ မစွန့်ပစ်နိုင်ဘူးဆိုတဲ့သဘော။
အဲသမှာ အိပ်မက်က လန့်နိုးတယ်။

အဲတော့ ဘာဖြစ်တာတုန်း။
ဒါ အိပ်မက်ပဲ။ အိပ်မက် မက်တာပဲ ၊ အိပ်မက်ဆိုတာ မက်ချင်တာမက် မက်ချင်သလိုမက်ပေမပေါ့။ ပြီးပြီပေါ့။
နိုးရင်ထလိုက်ပေါ့၊ နေ့တိုင်းဖြစ်နေကျ ဖြစ်ရိုးဖြစ်စဉ် အိပ်ရာထသလို ဖြစ်ရမှာပေါ့။

အဲသလို မဖြစ်တာက အိပ်မက်ပိုင်ရှင် ကျွန်တော်။
လန့်နိုးလာကတည်းက တွေးလိုက်တာ ပြန်အိပ်မရတော့ဘူး။

ငါနဲ့ ဘာဆိုင်လို့ ဒီလို ကောင်မလေးတစ်ယောက်အကြောင်း မက်ရတာလဲ။
သူနဲ့ပတ်သက်ပြီး တွေးစရာ အတိတ်လည်းမရှိ၊ ဆင်စရာ ဇာတ်လမ်းလည်းမရှိ။ အိပ်မက်ဆိုတာ ကြုံခဲ့ဖူးတာရဲ့ ရောင်ပြန်ဟပ်မှု လို့ဆိုသကိုး။ ဒါက ဘယ်ဟာကြီးက လာဟပ်တဲ့ ရောင်ပြန်တုန်း။ တွေးတာ တွေးတာ၊ တွေးတာတွေ မဆုံးတော့ဘူး။

နေဦး.. စာရှည်သွားပြီ။
အိပ်မက်ကျမ်းတွေ၊ စိတ်ပညာစာအုပ်တွေ ရှာဖတ်ပြီး မွှေလိုက်ဦးမယ်။ ပြီးမှ တစ်ခါတွေးပြီး တစ်ခါပြန်ရေးမယ်။
အသေချာလုပ်ရင် ဝတ္ထုတစ်ပုဒ်ရနိုင်တယ်။ သိပ်တော့ အရှုံးမရှိဘူး

Credit original owner
Don't Forget to Smile & Everything

"" ရင့်ကျက်စွာ ချစ်ပါ ""အသက်ရွယ် ရလာတာနဲ့အမျှလူတွေဟာ ရင့်ကျက်လာသလို အချစ်ကိစ္စမှာလည်း ရင့်ကျက်လာသင့်တယ်။အသက်ရွယ်ငယ်တဲ့အခ...
02/09/2024

"" ရင့်ကျက်စွာ ချစ်ပါ ""

အသက်ရွယ် ရလာတာနဲ့အမျှ
လူတွေဟာ ရင့်ကျက်လာသလို
အချစ်ကိစ္စမှာလည်း ရင့်ကျက်လာသင့်တယ်။

အသက်ရွယ်ငယ်တဲ့အချိန်နဲ့
စတွဲတုန်းကလို ပေါ့ပေါ့တန်တန်နေလို့ရပေမဲ့
အရွယ်တစ်ခုရလာရင် တည်ငြိမ်သင့်ပြီမဟုတ်လား...။

နှစ်တွေအကြာကြီး တွဲလာခဲ့ကြတဲ့လူတွေ ၊
စချစ်ကြတုန်းကတော့ အမြဲတပူးပူး တတွဲတွဲနေချင်ကြမယ်။
ဖုန်းအမြဲပြောမယ် ၊
ပိတ်ရက်တိုင်း Date ကြမယ် ၊
စိတ်ဆိုးမယ် ၊ စကားများမယ် ပြီးရင် ပြန်ချစ်မယ်။
ဒါက ပုံမှန်ပါပဲ။

အရွယ်တစ်ခုရောက်လာရင်တော့
ကလေးဆန်နေလို့ မရတော့ပါဘူး။
တကယ်ချစ်ရင် နီးစပ်ဖို့လည်း ကြိုးစားရဦးမယ်။
အမြဲတမ်း ချစ်သူရည်းစားဘဝနဲ့နေဖို့ အဆင်မပြေဘူး။

အစပိုင်းတုန်းက အချစ်ကြောင်းတွေ ပြောခဲ့ပေမဲ့
နောက်ပိုင်းမှာ အလုပ်ကိစ္စတွေ တိုင်ပင်သင့် တိုင်ပင်ရမယ်။
ရှေ့ရေးအတွက် Plan တွေ ချရမယ်။
နှစ်ယောက်ခွဲရတာတွေလဲ ကြုံလာရမယ်။
ဒါတွေဟာ ပိုနီးစပ်ဖို့ဆိုတာ နားလည်ရမယ်။
မပြည့်စုံဘဲ လက်ထပ်တဲ့အခါ
ရေရှည်အဆင်ပြေနိုင်မှာ မဟုတ်ဘူး။

လူတချို့က ချစ်တယ်တစ်ခုပဲ ပြောတတ်တာ...
ဘယ်တော့မှ နီးစပ်အောင် မကြိုးစားဘူး။
အနာဂတ်မှာအတူရှိနိုင်ဖို့
ဘယ်တော့မှ အားမထုတ်ဘူး။
ဒီလိုလူဆီမှာ ဘယ်သူကယုံကြည်ပြီး
တစ်ဘဝလုံးစာ နေထိုင်ရဲပါ့မလဲ...။

အသိတစ်ယောက်ရဲ့ Relationship တစ်ခု ၊
၇ နှစ် တွဲကြတယ် ။ ဒါပေမဲ့ ကောင်မလေးဘက်က ရုတ်တရက် အဆက်အသွယ် ဖြတ်ချလိုက်တယ်။
ကောင်လေးဘက်က ချစ်ပေးနေရက်နဲ့ သူမက
သိပ်ရက်စက်တာပဲလို့ လူတိုင်း ထင်ကြမယ် ။

ဒါပေမဲ့ သူ မမှားဘူး။
ကောင်လေးက အရင်တည်းက အလုပ်အတည်တကျ မရှိဘူး။
သူမဟာ ဆယ်ကျော်သက်ဘဝတည်းက
သူ တစ်ယောက်တည်းကို ချစ်လာတာ ၊
သူ့ရဲ့ နုပျိုမှုတွေအားလုံးကို
ဒီတစ်ယောက်တည်းနဲ့ ကုန်ဆုံးလာတာ။
နေ့တိုင်း သူပြောင်းလဲလာနိုးနဲ့ ၇ နှစ်အထိ ချစ်ခဲ့တယ်။
အနာဂတ်မှာ အာမခံချက်မရှိတဲ့ လူတစ်ယောက်ကို
တစ်သက်လုံးစာ သူ မမှီခိုရဲခဲ့ဘူး။
လူ့ဘဝက ချစ်တာတစ်ခုတည်းပြောတတ်ရုံနဲ့
အဆင်မပြေနိုင်ပါဘူး ။

ယောက်ျားတစ်ယောက်အတွက်
အသက်(၃၀)ဆိုတဲ့အသက်ဟာ မပြောပါးလောက်ပေမဲ့
အမျိုးသမီးတစ်ယောက် အတွက်အရွယ်တစ်ခုရောက်နေပြီ။ တစ်ခါတလေမှာ
အမျိုးသမီးတို့ရဲ့ အသဲနှလုံးဟာ မာသင့်သလောက်မာရမယ်။
ချစ်တဲ့စိတ်တစ်ခုတည်းနဲ့
ဆူးပုံထဲ ခုန်ဆင်းခဲ့တဲ့ အမျိုးသမီးတွေဟာ
အများသား မဟုတ်လား။

အချစ်စစ်မှာ ပိုက်ဆံလိုလို့လားလို့ မေးကြလိမ့်မယ်။
သူ့နေရာနဲ့ သူကတော့ မဖြစ်မနေ လိုအပ်တာပါပဲ။
သိပ်ချစ်ပါတယ်ဆိုတဲ့ လူနှစ်ယောက် ၊
income အလုံအလောက်မရှိဘဲ
တစ်အိုး တစ်အိမ် ထူထောင်လိုက်တဲ့အခါ
သိပ်မကြာခင် ပြိုကွဲသွားကြတာပဲ မဟုတ်လား...။

💌 ဒါကြောင့် အသက်ရလာတာနဲ့အမျှ
လူတွေဟာ ရင့်ကျက်လာသလို ၊
အချစ်တွေကလည်း
ရင့်ကျက်သင့်သလောက် ရင့်ကျက်ရပါလိမ့်မယ်။ ။

Credit
Don't Forget to Smile & Everything
စာအုပ်မှာယူလိုပါက
လိုချင်တဲ့စာအုပ်
နာမည်
လိပ်စာ
ဖုန်းနံပါတ် cb မှာပို့ပေးပြီး မှာယူလို့ရပါတယ်ရှင့်

လူတချို့က ...တွဲလို့ရတယ် ပေါင်းသင်းလို့မရဘူး။လူတချို့ကျတော့ ...စကားပြောလို့ပဲရတယ်ဆွေးနွေးလို့မရဘူး။လူတချို့ကျပြန်တော့ .....
02/09/2024

လူတချို့က ...
တွဲလို့ရတယ်
ပေါင်းသင်းလို့မရဘူး။

လူတချို့ကျတော့ ...
စကားပြောလို့ပဲရတယ်
ဆွေးနွေးလို့မရဘူး။

လူတချို့ကျပြန်တော့ ...
မိတ်ဆွေတစ်ယောက်အနေနဲ့ပဲ ခင်လို့ရတယ်
သူငယ်ချင်းစစ်စစ်တော့ ဖြစ်ပေးလို့မရဘူး။

လူတချို့ကိုကျတော့ ...
အရာဝတ္ထု ပစ္စည်းတွေပဲ ပေးလို့ရတယ်
စိတ်အရင်းတော့ ပေးလို့မရဘူး။

လူတချို့ကျတော့..
လူလည်ကျချင်တဲ့ စိတ် ပဲ ရှိကြတယ်
မိတ်ဆွေစစ်မလိုချင်ကြဘူး


Don't Forget to Smile & Everything
Don't Forget To Smile & Everything

***"  အရွယ်  "***1️⃣ ..အသက် ၃၀ မှာ ..  နေ့တာနဲ့ ညတာ  သိပ် မကွာလှပါ။  ဘယ်နှစ်ညပဲ  အိပ်ရေးပျက်ပျက်    ဘာမှ မဖြစ်သလိုပါဘဲ ။...
02/09/2024

***" အရွယ် "***

1️⃣ ..အသက် ၃၀ မှာ ..
နေ့တာနဲ့ ညတာ သိပ် မကွာလှပါ။
ဘယ်နှစ်ညပဲ အိပ်ရေးပျက်ပျက်
ဘာမှ မဖြစ်သလိုပါဘဲ ။

2️⃣ ..အသက် ၄၀ ရောက်တော့ ..
ဘွဲ့ရတာနဲ့ ဘွဲ့မရတာ သိပ် မကွာလှပါ။
ကျောင်းမပြီးလိုက်တဲ့ သူငယ်ချင်းတွေ
၀င်ငွေ ပိုကောင်းနေသလိုပါဘဲ ။

3️⃣ ..အသက် ၅၀ ရောက်တော့ ..
လှတာနဲ့ ရုပ်ဆိုးတာ သိပ် မကွာလှပါ။
ငယ်သူငယ်ချင်းတွေ ဘယ်လောက်ချောခဲ့ လှခဲ့
အခု ပါးရည်တွေ စတွန့်နေပါပြီ။

4️⃣..အသက် ၆၀ ရောက်တော့ ..
ရာထူးကြီးတာနဲ့ ရာထူးငယ်တာ သိပ် မကွာလှပါ။
ပင်စင်စားပြီးရင် အားလုံးဟာ အရပ်သားပြန်ဖြစ်သွားတာပါဘဲ ။

5️⃣..အသက် ၇၀ ရောက်တော့ ..
အိမ်ကြီးတာနဲ့ အိမ်သေးတာ သိပ် မကွာလှတော့ပါ။
အရိုးအဆစ်ကိုက်တော့ ဘယ်နှစ်ထပ်အိမ်ပဲ ဖြစ်ဖြစ်
သိပ် မတက်ဆင်းချင်တော့ပါ။

6️⃣..အသက် ၈၀ရောက်တော့..
ချမ်းသာတာနဲ့ ဆင်းရဲတာ သိပ်မကွာတော့ပါ။
ဘယ်လောက်ပဲသုံးသုံး ပိုက်ဆံသိပ်မသုံးတတ်တော့ဘူးလေ။

7️⃣..အသက် ၉၀ ရောက်တော့ ..
ယောကျ်ားနဲ့ မိန်းမ သိပ် မကွာလှတော့ပါ။
ဘယ်သူမှ အဲဒီအရွယ်မှာ ဆန့်ကျင်ဘက်ကို စိတ်မ၀င်စားတော့ပါဘူး။

8️⃣..အသက် ၁၀၀ ရောက်တော့ ..
လှဲနေတာနဲ့ ရပ်နေတာ သိပ်မကွာလှတော့ပါ။
ထရပ်နေရင်လည်း သိပ်မသွားတော့ဘူးလေ။

"ဘ၀ဆိုတာ ဒါပါပဲ.."
မြင်အောင်ကြည့်ပါ။ သိအောင်ရှု့ပါ ။
မမြဲခြင်း သဘောတရားကို နားလည်သွားရင်
ဘ၀ကို ပျော်ရွှင်အောင် နေတတ်သွားပါပြီ။

😍😍

“အသွားနှစ်ဖက်နဲ့ ဓါးများ”🔳 လူတော်တော်များများ လိုချင်တပ်မက်ပြီး လူတော်တော်များများကိုလည်း ပြောင်းလဲသွားစေနိုင်တဲ့ အရာ ၃ ...
02/09/2024

“အသွားနှစ်ဖက်နဲ့ ဓါးများ”

🔳 လူတော်တော်များများ လိုချင်တပ်မက်ပြီး လူတော်တော်များများကိုလည်း ပြောင်းလဲသွားစေနိုင်တဲ့ အရာ ၃ ခု ရှိတယ်။ ပျော်ရွှင်မှုကို ပေးနိုင်တဲ့ အရာတွေလို့လည်း ထင်မှတ်မှားနေကြတဲ့ ၃ ခုပေါ့။

ဘာတွေလဲဆိုတော့ “Money, Power and Fame”

ငွေကြေး၊ အာဏာပါဝါနဲ့ နာမည်ကျော်ကြားမှုတွေပဲ။

🔳 ၃ ခုလုံးဟာ အမှတ်တမဲ့ ကြည့်ရင် ကောင်းတဲ့အရာတွေ ဖြစ်တယ်။ လူတွေကို ပျော်ရွှင်စေတယ်။ ကျေနပ်စေတယ်။ ဒါဖြင့် ဘာလို့ အသွားနှစ်ဖက်နဲ့ ဓါးတွေ လို့ တင်စားရလဲဆိုတော့ ဒါတွေကို မရခင်၊ ရနေတုန်းနဲ့ မရတော့တဲ့အချိန်၊ အခါ ၃ ပါးစလုံးမှာ လူကို ဒုက္ခပေးနိုင်လို့ပဲ။ ကာယကံရှင်ကိုပဲလား ဆိုတော့ မဟုတ်ဘူး။ သူနဲ့ ဆက်စပ်နေတဲ့ ပတ်ဝန်းကျင်ကိုပါ ဆွဲချသွားနိုင်တဲ့အထိ ပြဿနာ ပေးပါတယ်။

🔳 ပျော်ရွှင်မှုကို ငွေနဲ့ ဝယ်လို့မရတာ မှန်ပေမဲ့ ငွေမရှိဘဲလည်း ပျော်ရွှင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ထိုက်သင့်သလောက်တော့ ရှိရတယ်။ ဒါမှ လူတန်းစေ့ နေနိုင်မယ်။ ချစ်တဲ့ခင်တဲ့သူတွေကို စောင့်ရှောက်ပေးနိုင်မယ်။ လိုအပ်နေတဲ့သူတွေကို ကူညီနိုင်မယ်။

သို့သော် ပိုက်ဆံမှပိုက်ဆံ ငမ်းငမ်းတက် လိုချင်လာတဲ့အခါကျ ပြဿနာ ဖြစ်လာရော။ ဘာမဆို လုပ်ဖို့ ဝန်မလေးတော့တာ၊ ဘယ်သူ့ကိုမဆို ချနင်းဖို့ အဆင်သင့်ဖြစ်နေတာ၊ တစ်ဖက်မှာလည်း ဘယ်သူ့ကိုမဆို အောက်ကြို့ဖို့၊ ဖားဖို့၊ ခပ်ရိုင်းရိုင်းပြောရရင် ကျွန်ခံဖို့ မရှက်တော့တာ စသဖြင့် ဖြစ်လာတယ်။ ပိုက်ဆံတော့ ရှိချင်ရှိလာမယ်။ လူ့ဂုဏ်သိက္ခာက ကျဆင်းသွားရော။

🔳 ဒါ ပိုင်ဆိုင်ဖို့ ကြိုးစားနေဆဲ ကာလမှာကတည်းက ထိခိုက်နေစေတာပေါ့။ ငွေကိုပဲ မျက်စိထဲ မြင်နေလေတော့ သိပ်သတိမထားမိသေးဘူး။ အမှန်က အတော်ရှက်စရာ ကောင်းတယ်။

သူတို့ကိုယ်သူတို့လည်း Self-esteem က ကျလာတယ်။ အဲဒီလိုနဲ့ ကိုယ့်လောက် ပိုက်ဆံမရှိတဲ့သူတွေအပေါ် ပြန်နှိမ်တာ၊ တင်စီးတာ၊ ချမ်းသာမှန်းသိအောင် သုံးပြတာ၊ ကြွားပြတာတွေ ဖြစ်လာပြန်ရော။

🔳 ဒီမှာတင် သူ့ကြောင့် အနှိမ်ခံရသူတွေ ပေါ်လာပြီ။ လောကမှာ ဘယ်သူမဆို လေးစားမှုက လိုချင်တာပဲ။ အနှိမ်ခံရတယ်၊ တစ်ဖက်မှာလည်း လွန်ဆန်မရတော့ တနုံ့နုံ့နဲ့ ခံစားနေရတယ်။ သူ့ကြွားဝါမှုကြောင့် သိမ်ငယ်ရသူတွေ ထပ်ရှိလာမယ်။ အဆိုးဆုံးကတော့ သူ့လို ချမ်းသာချင်ရင် ဒီလမ်းကို လိုက်ရမယ် ဆိုတဲ့ အတွေးမှား ဝင်ကုန်ကြတာပဲ။

ဒီလိုနဲ့ လူမှုပတ်ဝန်းကျင်မှာ ငွေရှိရင်ပြီးရော၊ ဘာပဲလုပ်ရလုပ်ရ ဆိုပြီး ဟိရိသြတပ္ပတရားတွေ ပျောက်ဆုံးလာကြတော့တာ ဖြစ်ပါတယ်။

🔳 တစ်နိုင်ငံလုံးအနေနဲ့ စဉ်းစားကြည့်မယ်ဆိုလည်း အဲဒီလို ငွေမှငွေ ဆိုတဲ့ ခရိုနီတွေ၊ အကျင့်ပျက် ခြစားနေတဲ့ အစိုးရတွေကြောင့် ဘယ်လောက်ဒုက္ခရောက်ခဲ့၊ ဒုက္ခရောက်နေကြရသလဲ။ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ အသိဆုံး ဖြစ်ပါလိမ့်မယ်။

ဒီလောက်တပ်မက်စွာနဲ့ ကိုယ့်ဂုဏ်သိက္ခာတွေ အပျောက်ဆုံးခံပြီး ရှာခဲ့လေတော့ ဆုံးရှုံးရပြီလည်း ဆိုရော၊ သူများထက် နှစ်ဆ သုံးဆ ပိုပြီး သောကပင်လယ် ဝေရပါလေရော။ ဒါကြောင့်လည်း အသွားနှစ်ဖက်နဲ့ ဓါးတွေ လို့ ပြောတာ။

🔳 အာဏာပါဝါကတော့ ၃ ခုထဲမှာ အဆိုးဆုံးလို့တောင် ပြောလို့ရတယ်။ ပါဝါကြောင့် အတိုင်းအဆ၊ အကန့်အသတ်မရှိတဲ့ ငွေတွေလည်း ရလာနိုင်တယ်။ လူတွေကို ထိန်းချုပ်လို့ရတယ်။ လိုသလို စေစားလို့ရတယ်။

ကမ္ဘာမှာလည်း ကြည့်လိုက်။ မဟုတ်တဲ့နည်းနဲ့ ချမ်းသာလာတဲ့သူတွေဟာ ချမ်းသာရတာ ဝလာရင် နိုင်ငံရေးဘက် ကူးလာတတ်ကြတယ်။ လွှတ်တော်အမတ် ဖြစ်ချင်တယ်။ သမ္မတ ဖြစ်ချင်လာတယ်။ အားကစားဘက်မှာဆို Sportswashing ဆိုတာ ခေတ်စားလာတယ်။ ညစ်မည်းနေတဲ့ ဂုဏ်သိက္ခာတွေကို အားကစားကို အသုံးပြုပြီး လျှော်ဖွပ်တယ်ပဲ ဆိုပါတော့။ Reputation laundering လို့လည်း ပြောကြတယ်။

စပွန်ဆာတွေ ပေးတယ်။ နာမည်ကျော် ကစားသမားတွေနဲ့ လက်တွဲတယ်။ ပြိုင်ပွဲတွေ ကျင်းပတယ်။ အဲဒီကနေတစ်ဆင့် လူတွေရဲ့အမြင်ကို ပြောင်းပစ်တာပေါ့။ စီးပွားရေးသမားတွေအပြင် နိုင်ငံ့ခေါင်းဆောင်တွေပါ ဒီနည်းကို အသုံးပြုကြတယ်။

🔳 ပါဝါကရော မကောင်းဘူးလားဆို ကောင်းတာပဲ။ လူတိုင်းလည်း သူ့အတိုင်းအတာနဲ့သူ လိုချင်ကြတာပဲ။ မိသားစုထဲမှာ၊ အလုပ်ခွင်ထဲမှာ ကိုယ်ပါဝါရှိနေတယ်၊ ကိုယ့်စကားဆို နားထောင်ကြတယ်၊ လိုက်နာကြတယ် ဆိုတာမျိုး ဘယ်သူပဲဖြစ်ဖြစ် လိုချင်တယ်။ တစ်ဖက်မှာလည်း အဲဒီလို ပါဝါရှိနေမှ ကိုယ်အလိုရှိရှာကို စွမ်းဆောင်လို့ရတယ်။

အလွန်အကျွံ ဖြစ်လာတဲ့အခါကျရင်သာ သူတင်မက လူ့အဖွဲ့အစည်းတစ်ခုလုံးကိုပါ ပြဿနာ ပေးတော့တာ။ ဒါလည်း ဝေးဝေးမကြည့်နဲ့။ ကိုယ့်နိုင်ငံရဲ့ လက်ရှိဒုက္ခတွေကိုသာ ကြည့်တော့။

🔳 နောက်ဆုံးတစ်ခု၊ နာမည်ကျော်ကြားမှု။

အနုပညာရှင်တွေ၊ Social influencer တွေရဲ့ ဝင်ငွေဟာ ကြောက်စရာ ကောင်းလောက်အောင်ကို များတယ်။ ကမ္ဘာမှာလည်း ဒီလိုပဲ။ ဒီလောက် ချွတ်ခြုံကျ စုတ်ပြတ်နေတဲ့ မြန်မာနိုင်ငံမှာလည်း လက်ရှိထိ ဒီလိုပဲ။

အာဏာရှင်တွေ၊ ခရိုနီတွေရဲ့ Reputation laundering မှာ တက်တက်ကြွကြွ ပါဝင်နေကြသူတွေဆို ပိုဆိုးတယ်။ ဟိုက ဒီရုပ်ရှင်ကား၊ ဒီပွဲကနေ ပြန်လိုချင်တာ ပိုက်ဆံအမြတ် မဟုတ်ဘူး။ Reputation လို့ ခေါ်တဲ့ အထင်ကြီးလေးစားမှု။ ဒီတော့ ကြိုက်သလောက် ပိုက်ဆံတောင်း၊ ပေးမယ်။ မတောင်းရင်လည်း ငြင်းဆန်လို့ မရအောင် ပေးပစ်မယ်။ သူတို့ကလည်း သူတို့ရဲ့ နာမည်ကျော်ကြားမှုကို အသုံးပြုပြီး ဒီဖြစ်စဉ်ကြီးမှာ တတပ်တအား ပါဝင်ပေးတယ်။

ပိုက်ဆံရရင် ပြီးရော၊ Live sale တွေ လုပ်ကြတယ်။ သူတို့ကြော်ငြာပေးလိုက်တဲ့ ပစ္စည်းက ဘာလဲ သေချာမစစ်ဆေးဘူး။ လူတွေကလည်း သူတို့ကို ချစ်တော့၊ ယုံတော့ ဝယ်ကြ။ ပြီးမှ ပြဿနာတွေ တက်ကြတာလည်း မကြာခဏ ကြားနေရတယ်။

Fame ကို လွဲမှားစွာ အသုံးချခြင်းရဲ့ ဆိုးကျိုးတွေပေါ့။

🔳 ဒီလိုနာမည်ကြီးလာအောင်လည်း ပေါက်ကရ နည်းလမ်းတွေနဲ့ ကြိုးစားလာကြတာ မမြင်ချင်မှအဆုံး။ အရည်အသွေးကို အခြေတည်ထားတာ မဟုတ်တော့ ပြိုလဲလွယ်တယ်။ အဲဒီအခါ နာမည်ရနေတုန်းလေး ရသလောက် ရေခပ်သွားမယ် ဆိုတဲ့အတွေးနဲ့ အပေါ်ကလို အလုပ်တွေ လုပ်ကြတော့တာပဲ။ ဘာစည်း၊ ဘာဘောင်မှလည်း မထားတော့ဘူး။ ကိုယ့်ရဲ့တန်းက ဘယ်နားရှိနေလဲ၊ ဘယ်နားရောက်သွားလဲလည်း မသိတော့ဘူး။ ဘာမာနမှလည်း မရှိတော့ဘူး။

အားမနာတမ်း ပြောရရင် အာဏာရှင်တွေ၊ ခရိုနီတွေရဲ့ Reputation laundering မှာ ဘာသာရေးလည်း ပါနေတာပဲ။ အလှူတွေလုပ်ပြ၊ သီရိသုဓမ္မ ဘာညာဘွဲ့ထူးဂုဏ်ထူးတွေရ၊ လူတွေကလည်း သူတော်ကောင်းလို၊ သာသနာကို စည်ပင်ပျံ့ပွားစေမဲ့လူလို ထင်မြင်နဲ့ ဖြစ်ကုန်ကြတာ။

🔳 ဒါကြောင့် ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိပြဿနာတွေကို ကြည့်လိုက်ရင် Money, Power and Fame ဒီ ၃ ခုက တြိဂံလို ပေါင်းစပ်ပြီး လှလှပပ ဒုက္ခပေးနေတာကို တွေ့ရပါလိမ့်မယ်။

သူတို့ချည်းသက်သက်ကတော့ ဘာမှမဖြစ်ပါဘူး။ အသုံးချတဲ့လူပေါ် မူတည်သွားတာပါပဲ။

ဘယ်ပုံဘယ်နည်းနဲ့ ဒါတွေကို ရယူမလဲ၊ ရလာတဲ့အခါ ဘယ်လိုအသုံးချမလဲ ဆိုတာ သိပ်အရေးကြီးပါတယ်။ ကာယကံရှင်ရဲ့ လူ့ဂုဏ်သိက္ခာအတွက်ရော၊ လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ ကောင်းကျိုးအတွက်ရောပေါ့။

🔳 တရားဥပဒေ စိုးမိုးတဲ့ နိုင်ငံတွေမှာတော့ အလွဲသုံးစားလုပ်တာ နည်းအောင် အတိုင်းအတာတစ်ခုထိ ထိန်းချုပ်နိုင်ပါတယ်။ အဲဒီထက် ပိုအရေးကြီးတာကတော့ မဟုတ်တာလုပ်ရမှာကို ရှက်တဲ့စိတ် - ဟိရိလို့ မြင်တယ်။

သြတပ္ပ က ဆဲဆိုပြစ်တင်ခံရမှာကို ကြောက်တာ။ တစ်နည်းအားဖြင့် အပြင်ကို ကြောက်တဲ့စိတ်။ အဲဒီမှာလည်း လူအများကပါ ပြစ်တင်ဖို့ဝေးလို့ အားကျနေကြရင်၊ ကိုးကွယ်နေကြရင် သြတပ္ပက ပျောက်ဆုံးသွားရော။

🔳 တကယ်အဓိကကျတာက အတွင်းထဲက လာတဲ့ရှက်စိတ်။ ဘယ်သူသိသိ မသိသိ ကိုယ့်စိတ်ထဲကကို မလုပ်ချင်ဘူး ဆိုတာမျိုး ဖြစ်နေရမှာ။ အဲဒါကမှ ရေရှည်တည်မြဲမယ်၊ အတွန်းအနှဲ့ အဆွဲအဆောင် အသိမ်းအသွင်း ဒဏ်တွေကို ပိုခံနိုင်လိမ့်မယ် ထင်ပါတယ်။

ဒါကြောင့် တန်ဖိုးရှိတဲ့ လူ့ဘဝကို ရဖို့ အရေးကြီးဆုံး လိုအပ်ချက်က ဘာလဲ မေးရင် “မဟုတ်တာလုပ်ရမှာ ရှက်တဲ့စိတ်” လို့ပဲ တိုတိုတုတ်တုတ် ဖြေချင်ပါတယ်။

ဒေါက်တာ ဖြိုးသီဟ
၁.၉.၂၀၂၄

 #စာဖတ်ဝါသနာရှင် လူကြီးမင်းများရှင့်စာအုပ်မှာယူမယ်ဆို♦️နာမည်♦️လိပ်စာ☎️ဖုန်းနံပါတ်လေးချန်ထားပေးပါရှင့်✅လိုချင်တဲ့စာအုပ်လေ...
30/08/2024

#စာဖတ်ဝါသနာရှင် လူကြီးမင်းများရှင့်
စာအုပ်မှာယူမယ်ဆို
♦️နာမည်
♦️လိပ်စာ
☎️ဖုန်းနံပါတ်လေးချန်ထားပေးပါရှင့်

✅လိုချင်တဲ့စာအုပ်လေးတွေကိုလည်းစာအုပ်တိုက်မှာ ရှာဖွေဝယ်ယူပေးပါတယ်ရှင့်။

🍀မြို့ပေါင်း 100ကျော် အိမ်ရောက်ငွေချေရပါတယ်ရှင့်။
09783393239
117-48-49ကြား
ချမ်းမြသာစည်မြို့နယ်
မန္တလေး
Online Books Shop

Don't Forget to Smile & Everything
(အရာရာတိုင်းအတွက် ပျော်ရွှင်ဖို့မမေ့ဖို့ စာဖတ်ကြပါစို့)

🔎လူချမ်းသာက "ငါ့ဘဝကို ငါဖန်တီးမယ်” လို့ ယုံကြည်ထားတယ်။ ဆင်းရဲသားက "ဘဝက ငါ့အပေါ်ကျရောက်ချင်သလို ကျရောက် လာတယ်” လို့ ယုံကြ...
30/08/2024

🔎လူချမ်းသာက "ငါ့ဘဝကို ငါဖန်တီးမယ်” လို့ ယုံကြည်ထားတယ်။ ဆင်းရဲသားက "ဘဝက ငါ့အပေါ်ကျရောက်ချင်သလို ကျရောက် လာတယ်” လို့ ယုံကြည်တယ်။

🔎သင်ဓနကို ဖန်တီးချင်တယ်ဆိုရင်တော့ သင့်ဘဝရဲ့ အထူးသဖြင့် ငွေကြေးဘဝရဲ့ လက်ကိုင်ဘီးကို သင်ကိုင်နေရပြီလို့ ယုံကြည်နိုင်ပြီ။ ဒါကို သင်မယုံရင်တော့ သင့်ဘဝကို ထိန်းချုပ်မှုနည်းနည်းလေးသာ လုံးဝမထိန်းချုပ်နိုင်တော့ဘူးလို့ ယုံရလိမ့်မယ်။ ဒါဆို သင့်ရဲ့ ငွေကြေး အောင်မြင်မှုကိုလည်း သင်ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး။ ဒါဟာ ချမ်းသာ တဲ့ သဘောထားမဟုတ်ဘူး။

🔎ဆင်းရဲသားတွေက ထီတို့ ဗေဒင်ဆရာတို့ကို အားကိုးတတ်ကြ တာ တွေ့ရမယ်။ သူတို့ရဲ့ ဘဝတစ်ခုလုံးပုံပြီး အားကိုးတတ်ကြတာပါ။ လူတိုင်းတော့ ထီပေါက်ချင်ကြတာပဲ။ လူချမ်းသာတွေတောင် တစ်ခါ တစ်ရံ အပျော်သဘော ထီထိုးတတ်ကြဦးမယ်။ ဒါပေမဲ့ သူတို့ရှိတဲ့ ပိုက်ဆံရဲ့ တစ်ဝက်တောင် ဒီကိစ္စမှာ သုံးမှာ မဟုတ်ဘူး။ နောက်တစ်ခု ကလည်း ထီပေါက်ခြင်းက လူချမ်းသာတွေရဲ့ မူလမဟာဗျူဟာထဲမှာ မပါတာပဲ။

🔎သူတို့ဘဝမှာ ဖြစ်ပျက်သမျှတွေအပေါ် တာဝန်ယူရမယ့်အစား ဆင်းရဲသားတွေက ဖြစ်ပျက်လာသမျှမှာ သူတို့က သားကောင်ဘဝ ကျရတယ်လို့ပဲ ရွေးချယ်ကြတယ်။ သားကောင်ဖြစ်ရလေခြင်းလို့ လွှမ်းမိုး ကြီးစိုးနေတဲ့ အတွေးမှာ မကြာခဏ “သနားစရာငါပါလား” ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် ကရုဏာသက်နေမှုက ဦးဆောင်တယ်။

#ကောင်းသာ-မြန်မာပြန်
#မီလျံနာဦးနှောက်၏လျှို့ဝှက်ချက်များ မှ ကောက်နုတ်ဖော်ပြသည်။

Address

117လမ်း 48 X 49
Mandalay

Website

Alerts

Be the first to know and let us send you an email when Don't Forget to Smile & Everything posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share


Other Book & Magazine Distributors in Mandalay

Show All