Can you call me Lizzie

Can you call me Lizzie Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Can you call me Lizzie, Digital creator, Mandalay.

လုပ်နိုင်ရမယ်===========မျှော်လင့်ချက်တွေ အိပ်မက်တွေပြိုလဲသွားရင်တောင် ဘဝကိုအရှုံးမပေးလိုက်နဲ့ယာယီရှုံးနိမ့်မှုတွေအတွက်အ...
09/06/2024

လုပ်နိုင်ရမယ်
===========

မျှော်လင့်ချက်တွေ အိပ်မက်တွေ
ပြိုလဲသွားရင်တောင် ဘဝကိုအရှုံးမပေးလိုက်နဲ့

ယာယီရှုံးနိမ့်မှုတွေအတွက်
အသစ်တဖန်ကြိုးစားခွင့်ရှိတာ အားလုံးမှာရှိတယ်

ဘဝဇာတ်ခုံပေါ်မှာ ကံ ကြိုးဆွဲရာကနေရတယ်ဆိုပြီး
ကိုယ့်ကိုယ်ကို လျော့မတွက်နဲ့

ကံဆိုတာကိုယ်ကလုပ်တာ
မထင်မှတ်တဲ့ ရှု့ထောင်က
နာကျင်စရာတွေလာခဲ့ရင်တောင်
ကိုယ်လုပ်နိုင်တဲ့ဘက်ကအကောင်းဆုံးလုပ်ပါ

နူတ်ခမ်းဆိုတာ ကိုယ့်ရဲ့ထိန်းချုပ်မှုအောက်မှာရှိတာ
မဲ့လို့လည်းရတယ် ပြုံးလို့လည်းရတယ်

နှလုံးသားကိုအဖြူစင်ဆုံးထား
ဒဏ်ရာဆိုတာ ကိုယ်ကခံယူမှရတာ

အပေါ်ယံဒဏ်ရာကို အချိန်ကကုသပေးတယ်
ရင်ထဲက ဒဏ်ရာကို ကိုယ့်ရဲ့အသိဥာဏ်နဲ့
ကုစားနိုင်ရမယ်....

ဘာမထီဘွား....အတွေးစာစုလေးများ

အမှားနည်းချင်ရင် စကားနည်းနည်းပဲပြော...လူ့ပတ်ဝန်းကျင်မှာ လူတိုင်းရှောင်လွှဲလို့မရတဲ့အရာတစ်ခုကတော့  ပြောဆိုဆက်ဆံခြင်းပါပဲ။...
09/06/2024

အမှားနည်းချင်ရင်
စကားနည်းနည်းပဲပြော...

လူ့ပတ်ဝန်းကျင်မှာ လူတိုင်းရှောင်လွှဲလို့မရတဲ့အရာတစ်ခုကတော့ ပြောဆိုဆက်ဆံခြင်းပါပဲ။ လူမှုပေါင်းသင်းဆက်ဆံရေးမှာ ကိုယ့်နှုတ်ကထွက်ကျလာတဲ့ စကားလုံးတိုင်းက တန်ဖိုးရှိဖို့နဲ့ သူများကို မထိခိုက်စေဖို့က အရေးအကြီးဆုံးပါ။

လူတော်တော်များများက အနိုင်ရလိုဇောနဲ့ စကားတွေကို မထိန်းဘဲ ငါ့စကားနွားရ ပြောတတ်ကြတယ်။ လူတစ်ယောက်နဲ့ တစ်ယောက်ကြား ဆက်ဆံရေးတွေ ပြတ်တောက်သွားစေတဲ့ အဓိက တရားခံကလဲ စကားလုံးတွေကြောင့်ပဲဖြစ်နေတတ်ပါတယ်။

အဲဒီတော့ ကျွန်တော်တို့က စကားတစ်ခွန်းပြောတေ့ာမယ်ဆိုရင် ပြောသင့်လား၊ မပြောသင့်လား ပြန်စဉ်းစားဖို့ လိုပါတယ်။ ကိုယ်ပြောမဲ့ စကားရဲ့ အတိမ် အနက်ကို ကိုယ်တိုင်သိဖို့လဲ လိုပါတယ်။ စကားလုံးတွေက လူတစ်ယောက်ရဲ့ စိတ်နေသဘောထားနဲ့ အဆင့်အတန်းကို ဖော်ပြနိုင်တဲ့အတွက် ကောင်းတဲ့စကားတွေပဲ ကိုယ့်နှုတ်က ထွက်နိုင်ဖို့ စာတွေဖတ်ရမယ်။ စာမဖတ်ရင် အကန်းနဲ့တူတယ် မဟုတ်လား။ စာတွေဖတ်မှပဲ အကောင်း၊ အဆိုး၊ အကြောင်း၊ အကျိုး၊ အမှား၊ အမှန်တွေကို ဝေဖန်ပိုင်းခြားဆင်ခြင်နိုင်စွမ်းရှိပြီး အကျိုးရှိတဲ့ စကားလား။ အကျိုးမရှိတဲ့ စကားလားဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်နိုင်မှာပေါ့။

ဒီတော့စကားများများပြောရင် အမှားများများပါတတ်လို့ ပြောမဲ့စကားတိုင်းကို ပြောသင့်၊ မသင့် အရင်စဉ်းစားပါ။ စကားကောင်းတွေပြောနိုင်ဖို့ ဗဟုသုတရရှိတဲ့ စာအုပ်တွေကို နေ့စဉ်ဖတ်ပါ။

မြေးလုပ်သူက အဖိုးကိုမေးတယ် -အဖိုးတို့လက်ထက်တုန်းက…..- ကွန်ပျူတာလည်း မရှိ၊- Bitcoin လည်း မရှိ၊- အင်တာနက်/ဝိုင်ဖိုင်လည်း မ...
08/06/2024

မြေးလုပ်သူက အဖိုးကိုမေးတယ် -

အဖိုးတို့လက်ထက်တုန်းက…..

- ကွန်ပျူတာလည်း မရှိ၊

- Bitcoin လည်း မရှိ၊

- အင်တာနက်/ဝိုင်ဖိုင်လည်း မရှိ၊

- တီဗီလည်း မရှိ၊

- အဲကွန်းလည်း မရှိ၊

- ဟန်းဖုန်းလည် မရှိ၊

ဘယ်လိုများ အချိန်တွေကုန်အောင်နေခဲ့ကြလဲ။

ပျင်းစရာကြီး။

အဖိုးလုပ်သူကလည်း ပြန်ပြောတယ် -

မြေးတို့ ခုခေတ်အသက်ရှင်နေကြတာ……

- ဂရုဏာ မရှိ၊

- ကိုင်းရှိုင်းမှု မရှိ၊

- လေးစားမှု မရှိ၊

- အကျင့်စရိုက်ကောင်း မရှိ၊

- ပညာရေး အလေးမထား၊

- လူ့ကျင့်ဝတ် မရှိ၊

- ကြင်နာညှာတာမှု မရှိ၊

- အရှက်တရား မရှိ၊

- ကျိုးနွံမှု မရှိ၊

- ရိုးသားမှု မရှိ၊

- သစ္စာတရား မရှိ၊

ဘယ်လိုများ နေထိုင်နေကြသလဲ။

တကယ်တော့
၁၉၃၀ ကနေ ၁၉၈၀ ကြား မွေးဖွားသူတွေကမှ
အကောင်းဆုံးဘဝကို ပိုင်ဆိုင်ထားကြတာပါ။

*စက်ဘီးစီးဆော့ကစားကြတာ
ဘယ်သူမှ helmetဦးထုပ်မဆောင်းဘူး။

*ကျောင်းဆင်းလို့ အိမ်စာလုပ်ပြီးရင်
လမ်းပေါ်မှာကစားကြတာ နေဝင်တဲ့အထိပဲ။

*တကယ့်သူငယ်ချင်းတွေနဲ့ပဲ ကစားတာ
အွန်လိုင်းက မမြင်ရတဲ့သူငယ်ချင်းတွေ မဟုတ်ဘူး။

*ရေငတ်တဲ့အခါ ဘုံဘိုင်ရေ စမ်းရေ
အကုန်သောက်တယ်၊ ရေသန့်ဘူး မလိုဘူး။

*ဇွန်းအတူတူ ပန်းကန်အတူတူ ရေခွက်အတူတူ
သူငယ်ချင်းတွေ မျှသုံးခဲ့ကြတာ။

ဘယ်သူမှ ဖျားတယ် နာတယ် ရောဂါကူးတယ် မရှိဘူး။

*နေ့တိုင်း ထမင်းအဝစားတယ် ပေါင်မုန့်အဝစားတယ်၊
အဝလွန်တယ် ဆိုတာ မရှိခဲ့ပါဘူး။

*ဖိနပ်မပါ ခြေဗလာနဲ့ ပြေးလွှားကြတာပဲ၊
ဘာဖြစ်တယ် ညာဖြစ်တယ် မကြားဖူးပေါင်။

*ကျန်းမာဖို့ ဖြည့်စွက်စာ မစားခဲ့ဖူးဘူး။

*ကိုယ့်အရုပ် ကိုယ်လုပ် ကစားခဲ့ကြတယ်။

*မိဖတွေက ငွေကြေး မချမ်းသာကြဘူး၊
ဒါပေမဲ့ မေတ္တာချမ်းသာကြတယ်။

*ဆဲလ်ဖုန်း ဒီဗီဒီ Play station, Xbox, Video game,
အင်တာနက် ကွန်ပျူတာတွေ မရှိဘူး။

သူငယ်ချင်းအစစ်တွေပဲ ရှိတယ်။

*မဖိတ်လည်း သူငယ်ချင်းအိမ် သွားလည်လို့ ရတယ်၊
သူငယ်ချင်းအိမ်မှာ ဆော့လို့ရတယ်၊ စားလို့ရတယ်၊
ညအိပ်လို့ရတယ်။

*အဖြူအမည်းဓါတ်ပုံပဲ ရှိခဲ့ပေမဲ့
ဓါတ်ပုံထဲက အတိတ်တွေက အရောင်စုံလှတယ်။

*သူငယ်ချင်းတွေက တယောက်နဲ့တယောက်
စည်းလုံးကြတယ်၊ နားလည်မှုရှိကြတယ်။

ဘာလို့လဲ ဆိုတော့ ......

မိဖဆိုဆုံးမမှုကို နားထောင်ခဲ့တဲ့
နောက်ဆုံးမျိုးဆက်တွေမို့ပါ။

ထပ်ပြောရမယ်ဆိုရင် အဲဒီမျိုးဆက်တွေက
သားသမီးတွေရဲ့တုန့်ပြန်စကား/ရင်ဖွင့်သံကို
ပထမဆုံးနားထောင်ခဲ့တဲ့ မိဖတွေပဲ။

တကယ်တော့ ငါတို့ဟာ limited edition တွေပါ။

Take advantage of us. Learn from us.
We are a treasure destined to disappear soon.


#မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်။

ပိုက်ဆံရှိကြောင်း မကြွားပါနဲ့ …ဆေးရုံရောက်ရင် ပိုက်ဆံဟာ စက္ကူနဲ့ တူသွားတယ်။အလုပ်ကောင်းကြောင်း မကြွားပါနဲ့ …သင်ပြုတ် သွား...
06/06/2024

ပိုက်ဆံရှိကြောင်း မကြွားပါနဲ့ …
ဆေးရုံရောက်ရင် ပိုက်ဆံဟာ စက္ကူနဲ့ တူသွားတယ်။

အလုပ်ကောင်းကြောင်း မကြွားပါနဲ့ …
သင်ပြုတ် သွားတာနဲ့ နောက်တစ်ယောက်ချက်ချင်း အစားထိုးတယ်။

ရာထူးကြီးကြောင်း မကြွားပါနဲ့ …
အသ၊က်၆၀ပြည့်ရင် အော်တိုပြုတ်သွားတယ်။

အိမ်ကြီးအိမ်ကောင်းဆိုပြီး မကြွားပါနဲ့ …
သင်မရှိတော့တာနဲ့ တခြားလူဟာဖြစ်သွားတယ်။

ရွှေ ငွေ လက်ဝတ်ရတနာတွေ ပေါများပါတယ်လို့ မကြွားလိုက်ပါနဲ့ …
သေသွားရင် ချက်ချင်း ဖြုတ်ယူကြတယ်။

ကားကောင်းစီးနိုင်ကြောင်း မကြွားပါနဲ့ …
သင်ထွက်သွားတာနဲ့ ကားသော့က တခြားလူလက်ထဲရောက်သွားတယ်။

သင်ကြွားနိုင်တဲ့ တစ်ခုတည်းသောအရာက
သင့် ကျန်းမာရေး ပါ။

တခြားလူတွေ ထွက်သွားချိန်မှာ
သင် ရေနွေးကြမ်းသောက် နေပူစာလှုံရင်း ဘဝကိုခံစား ကုသိုလ်တရားတွေ လုပ်နေနိုင်ပါတယ်။

ကိုယ့်ကိုကိုယ် ကောင်းကောင်းဆက်ဆံပါ
သင့်ရဲ့ ကိုယ်အင်္ဂါပစ္စည်း အစိတ်အပိုင်းတွေက အဆမတန် စျေးကြီးလို့ပါ။

ပြီးတော့ အပိုပစ္စည်းလည်း မရှိလို့ပါ။

မနက်စာကို ဘုရင်လိုစားတဲ့ ကျန်းမာတဲ့ ခန္ဓာကိုယ်အတွက် အာဟာရရှိတဲ့ အစားအစာတွေကို စားပေးဖို့ကလည်း အဓိကျပါတယ်။

ကိုယ်ကာယ လေ့ကျင့်ခန်းတခုခုလုပ်ရင်း ဆီလျှော့ ဆားလျှော့ အချိုလျှော့ စားခြင်းဖြင့် ကျန်းမာရေးကို အထူးဂရုစိုက်ကြပါစို့...။


ပညာရွိအဖိုးအို ရဲ့ ဘဝလှဘို့ ဆုံးမစကား လက်ဆောင်စေားစေားအိပ်ပြီးစေားစေား ထပါစကား နည်းနည်းပြောပြီးများများ နားထောင်ပါစာ နည်...
05/06/2024

ပညာရွိအဖိုးအို ရဲ့ ဘဝလှဘို့
ဆုံးမစကား လက်ဆောင်

စေားစေားအိပ်ပြီး
စေားစေား ထပါ
စကား နည်းနည်းပြောပြီး
များများ နားထောင်ပါ

စာ နည်းနည်းဖတ်ပြီး
များများမှတ်ပါ
လူ နည်းနည်းပေါင်းပြီး
လူကောင်းနဲ့ပေါင်းပါ

နည်းနည်း ချစ်ပြီး
မေတ္တာ များများပေးပါ
ငွေ များများ ကြိုးစားရှာပြီး
ချွေတာသုံးပါ

ဖြေးဖြေးလျှောက်ပြီး
မှန်မှန်သွားပါ
နည်းနည်းဘဲ စိတ်ကူးယဉ်ပြီး
တကယ့် လက်တွေ့ လုပ်ဆောင်ပါ

အမှီအခို မပါဘဲရပ်တည်နိုင်တဲ့အထိ
ကိုယ့်အားကိုယ်ကိုးနိုင်အောင်
ကြိုးစားပါ

စိတ်ကောင်းမွေးပြီး
ဘဝကိုရှင်သန်ပါ
စိတ်ထားလှလှလေးနဲ့
နေ့ရက်တွေကိုရင်ဆိုင် ရင်း...
အခက်အခဲကြားမှာ အမြဲကြိုးစားနေရင်
မင်းဟာ လူတော်ဘဲ...တဲ့။

05/06/2024

"ရှိတ်စပီးယား ပြောခဲ့သောစကား".....

ကျွန်ုပ် အမြဲပျော်ရွှင်တယ်.....
️ဘာလို့လဲဆိုတော့.....
ကျွန်ုပ် ဘယ်သူ့ဆီကမှ ဘာမှမမျှော်လင့်ဘူး။

️မျှော်လင့်တာတွေက အမြဲနာကျင်စေပါတယ်။

️ဘဝက တိုတောင်းလှပါတယ်။
ဒါကြောင့်..... သင့်ဘဝကိုသင် ချစ်ပါ။

️ပျော်ရွှင်ပါ၊ ပြုံးလျှက်နေပါ။
သင့်အတွက်ပဲ သင်အသက်ရှင်ပါ။

စကားမပြောခင် နားထောင်ပါ။

မရေးသားခင် စဉ်းစားပါ။

မသုံးခင် ဝင်ငွေရှာပါ။

ဆုမတောင်းခင် ခွင့်လွှတ်ပါ။

ထိခိုက်အောင်မလုပ်ခင်.. ..ခံစားကြည့်ပါ။

️ မမုန်းခင်.... ချစ်ခြင်းမေတ္တာပြပါ။

အရှုံးမပေးခင် .....ကြိုးစားပါ။

မသေဆုံးခင် ဘယ်လိုအသက်ရှင်
နေထိုင်ရမယ်ဆိုတာကို နားလည်ပါ။

William Shakespeare .
Credit.

05/06/2024
ဘဝမှာတစ်ယောက်ထဲ ရုန်းကန်နေရလို့ စိတ်ဓာတ်မကျပါနဲ့ တစ်ယောက်ထဲဆိုလည်းတစ်ယောက်ထဲဖြစ်အောင်လုပ်၊အားမငယ်နဲ့ လူတိုင်းမှာ ပြီးပြည...
05/06/2024

ဘဝမှာတစ်ယောက်ထဲ
ရုန်းကန်နေရလို့ စိတ်ဓာတ်မကျပါနဲ့

တစ်ယောက်ထဲဆိုလည်း
တစ်ယောက်ထဲဖြစ်အောင်လုပ်၊

အားမငယ်နဲ့ လူတိုင်းမှာ ပြီးပြည့်စုံတဲ့
မွေးရာပါ ပါရမီဆိုတာ ဘယ်သူမှ
ပါမလာကြပါဘူး။

ဘဝဆိုတာ
ကိုယ့်တိုင်ဖန်ဆင်းရှင်ပဲ။

ဘဝဆိုတာ
လှေငယ်တစ်စင်းနဲ့တူတယ်။

ကိုယ်ဦးတည်ရာကိုရောက်ဖို့
ကိုယ်တိုင်ပဲ့ကိုင်နိုင်ရမယ်။

ဘယ်သူ့ကိုမှအားမကိုးပါနဲ့
ငွေမရှိရင် လောကကြီးမှာနေရတာ
မျက်နှာငယ်ရတယ် ။

အချစ်ဆိုတာလည်းငွေရှိမှ
အချစ်ရှိတာ

အမျိုးဆိုတာလဲ
ရွှေရှိမှ အမျိုးတော်ကြတာ

ဒါက လောကလူ့သဘာဝရဲ့နိယာမပဲ။

ကိုယ့်သမိုင်းကိုယ်ရေးပါ
ကိုယ်လျှောက်မဲ့လမ်း
ကိုယ်တိုင်ဖောက်ပါ ။

လူတိုင်းဟာ ကိုယ်အဆင်ပြေရင်
ကြိုဆိုမယ့်သူရှိပေမယ့် ကိုယ်အဆင်မပြေရင်
ဘယ်သူမှအရေးမလုပ်ဘူး။

ဘဝဆိုတာ လက်တွေ့ခံစားဖူးမှ
ကိုယ်ချင်းစာတတ်ကြတာပါ။

ဘဝဆိုတာ နိမ့်လိုက်မြင့်လိုက်ပဲ

ဗုံလုံတစ်လှည့်ငါးဖျံတစ်လှည့်ပဲ
အမြဲတမ်းနိမ့်ကျမနေဘူး
အပြောင်းအလဲဆိုတာအမြဲရှိပါတယ်။

အဲဒါတွေကို သင်္ခန်းစာအဖြစ်
ယူတက်ရင် ကျေနပ်စရာပါ။

ဘာပဲဖြစ်ဖြစ်
လောကဇာတ်ခုံပေါ်မှာ

ဇာတ်ဆရာအလိုက် ကရတဲ့အခါ
မင်းသားနေရာက
သရုပ်ဆောင်ရတာရှိသလို

တခါတလေလူကြမ်းနေရာကနေ
သရုပ်ဆောင်ရတာလဲရှိတာပဲ။

ဝမ်းနည်းမနေနဲ့ စိတ်ဓာတ်ကျမနေနဲ့
အခွင့်အရေးဆိုတာ
နှစ်ခါမလာတတ်ဘူးတဲ့

ငေးမှိုင် တွေးပူ
နောင်တ ရမနေပါနဲ့

တောင့်ခံထားပါ အားတင်ထားပါ
ကံဆိုးခြင်းတွေပီးရင်

ကံကောင်းခြင်းတွေ
ရောက်လာပါလိမ့်မယ်။

မုန်းတိုင်းပြီးရင်
လေပြေလာသလိုမျိုးပေါ့

အဓိက က
စိတ်ဓာတ်ခိုင်မာဖို့
စိတ်ဓာတ်မကျဖို့
ဘဝကို အရှုံးပေးမသွားဖို့

အောင်မြင်တာရှိသလို
ရှုံးနိမ့်တာလည်းရှိတတ်ပါတယ်.။

အောင်နိုင်သည်ဖြစ်စေ
ရှုံးနိမ့်ခဲ့သည်ဖြစ်စေ

အဓိကက
ဘဝအတွက် ခံနိုင်ရည်ရှိဖို့နဲ့
စိတ်ဓာတ်တွေ ကျိုးပျက်ယိမ်းယိုင်
မသွားဖို့ပဲအရေကြီးတာ မဟုတ်လား..

ကဆုန်လပြည့်နေ့အကြောင်း သိကောင်းစရာ********************************* #ဖွား ၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ္ခံ ကဆုန်လပြည့်နေ့ကဆုန...
22/05/2024

ကဆုန်လပြည့်နေ့အကြောင်း သိကောင်းစရာ
*********************************

#ဖွား ၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ္ခံ ကဆုန်လပြည့်နေ့

ကဆုန်လပြည့် (၅)နေ့။

(၁) ဗျာဒိတ်ခံယူသည့်နေ့ =
လေး အသင်္ချေကမ္ဘာတစ်သိန်း အစ
ကဆုန်လပြည့်နေ့။

(၂) ဘုရားမွေးသည့်နေ့ =
မဟာသက္ကရာဇ် (၆၈)ခု၊
ကဆုန်လပြည့် (သောကြာနေ့)။(ဘီစီ ၆၂၃)

(၃) ဘုရားဖြစ်သည့်နေ့ =
မဟာသက္ကရာဇ် (၁၀၃)ခု၊
ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)

(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ =
မဟာသက္ကရာဇ် (၁၀၄)ခု၊
ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)

(၅) ပရိနိဗ္ဗာန်စံသည့်နေ့ =
မဟာသက္ကရာဇ် (၁၄၈)ခု၊
ကဆုန်လပြည့် (အင်္ဂါနေ့)။ (ဘီစီ ၅၄၃)

****

#ကဆုန်လပြည့်
#ဗုဒ္ဓနေ့အကြောင်းသိကောင်းစရာများ

၁။ ကဆုန်လပြည့်နေ့သည်
ဗုဒ္ဓဘာသာဝင်တို့၏
နေ့ထူးနေ့မြတ်ကြီးဖြစ်ပါသည်။
ကဆုန်လပြည့်နေ့၏ ထူးခြားချက်မှာ
(ဗျာဒိတ်, ဖွားမြင်, ဗောဓိပင်,
စံဝင် နိဗ္ဗာန်နန်း) ဆိုသည်နှင့်အညီ
သုံးလောကထွတ်ထား
သဗ္ဗညုမြတ်စွာဘုရားနှင့်စပ်၍....

#ဗျာဒိတ်ခံယူသောနေ့
#ဖွားမြင်တော်မူသောနေ့
#ဘုရားဖြစ်တော်မူသောနေ့
#ပရိနိဗ္ဗာန်စံတော်မူသောနေ့
ဤထူးခြားချက်လေးမျိုးတို့နှင့်
တိုက်ဆိုက်နေပါသည်။
ဤကဲ့သို့ ထူးခြားချက်လေးမျိုးနှင့်
ပြည့်စုံသောကြောင့် ဤနေ့ကို
` #ကဆုန်လပြည့်ဗုဒ္ဓနေ့ ဟု
အမွှန်းတင် ခေါ်ဆိုကြပါသည်။

၂။ ဤကဆုန်လပြည့်နေ့ တွင်
မာရ်နတ်ရန်ကို အောင်မြင်တော်မူသောကြောင့်
ဤနေ့ဤရက်ကို
`ကဆုန်လပြည့် မာရ်အောင်နေ့အဖြစ်
ဗုဒ္ဓဘာသာဝင်တို့၏ စိတ်အစဉ်တွင်
စွဲမြဲ၍နေကြပါသည်။

၃။ ဝိသာခါနက္ခတ်နှင့်ယှဉ်၍
ဖွားမြင်တော်မူခြင်း၊
ပရိနိဗ္ဗာန်စံတော်မူခြင်းများကို အကြောင်းပြု၍
ကဆုန်လပြည့်နေ့ကို
`ဝိဆခ်ဒေးဟု ခေါ်ဆိုကြပါသည်။
ဝိသာခါဒေးဟု ဆိုလိုပါသည်။

၄။ ဗုဒ္ဓဘာသာဝင်တို့သည်
ဘုရားဖြစ်သော နေ့ထူးနေ့မြတ်ကို
အာရုံပြု၍ ကဆုန်လပြည့်နေ့၌
ပရိဘောဂစေတီထိုက်သော
ဗောဓိပင်ကို ရေသွန်းလောင်းလေ့ ရှိကြပါသည်။

၅။ ဗောဓိပင်သည်
သဗ္ဗုညုတဉာဏ်တော်ကိုရ၍
ဘုရားဖြစ်တော်မူရာဌာနဖြစ်ခြင်း၊
ဖွားဖက်တော် ၇ ပါးတွင်
စာရင်းဝင်ဖြစ်ခြင်းတို့ကြောင့်
ထူးခြားသော သစ်ပင်တစ်မျိုး ဖြစ်ပါသည်။
ဤကဲ့သို့ မြတ်စွာဘုရားနှင့်
တိုက်ရိုက်ဆက်စပ်၍
ဗောဓိပင်၌ ရေသွန်းလောင်းခြင်းအစဉ်အလာကို
ခေတ်အဆက်ဆက် ပြုလုပ်လာခဲ့ကြပါသည်။

၆။ မြန်မာ့ရိုးရာ ၁၂ ရာသီပွဲတော်များအနက်
ကဆုန္လ၌ ညောင်ရေသွန်းပွဲတော်ကို
ရိုးရာပွဲတော်အဖြစ် အစဉ်အလာ
သတ်မှတ်ခဲ့ကြပါသည်။

၇။ အသနဗောဓိယမထေရ်၏
အလောင်းသည် တိဿဘုရားရှင်၏
ဗောဓိပင်ကို စိုက်ပျိုးပူဇော်ရသော
ကုသိုလ်ကြောင့် နတ်ပြည်၌ဖြစ်ရခြင်း၊
စကြာမင်းဖြစ်ရခြင်း၊
အပါယ်ဘေးမှလွတ်ကင်းရခြင်းအကျိုးများကို
ခံစားရကြောင်း (ထေရာပဒါန်)
ကျမ်းဂန်၌ ဟောကြားထားပါသည်။

၈။ ဂန္ဓောဒကတိဿမထေရ်၏
အလောင်းသည် ပဒုမုတ္တရဘုရားရှင်၏
ဗောဓိပင်ကို နံ့သာရေဖြင့်
သွန်းလောင်းသောကုသိုလ်ကြောင့်
နတ်ပြည်၌ဖြစ်ရခြင်း၊ အနာရောဂါမရှိခြင်း၊
သောကကင်းဝေးခြင်း
စသောအကျိုးများကို ခံစားရပါသည်။

၉။ အထက်ပါအကြောင်းအရာများကို နှလုံးသွင်း၍
ဗုဒ္ဓဘာသာဝင်သူတော်စင်များအနေဖြင့်
နှစ်စဉ်နှစ်စဉ် ကဆုန်လပြည့်နေ့ရောက်တိုင်း
ဗုဒ္ဓရုပ်ပွား ဥဒ္ဒိဿစေတီတော်များကို
အနေကဇာတင် ဗုဒ္ဓအဘိသေက
မင်္ဂလာသဘင် ဆင်ယင်ကျင်းပ၍
ကုသိုလ်အထူးကို ဆည်းပူးလေ့ရှိကြပါသည်။
ကျောင်းကန်ဘုရားသို့သွား၍
ဒါန သီလ ဘာဝနာအမွုကို ပြုလုပ်၍
ကဆုန်လပြည့် ဗုဒ္ဓနေ့ကို အမွတ္တရ ဆင်နွှဲကြပါသည်။

#မာဂဓီ (သာစည်)၏
[အခါတော်နေ့များ စာအုပ်မှ] ပြန်လည်
ထုတ်နှုတ်မျှဝေ ပူဇော်ပါသည်။

21/05/2024

ဂျူး လူမျိုးတို့ရဲ့ စာသား

( 1 ) ရေညစ်တစ်စက်ကြောင့် ~
ရေကြည်တစ်ခွက် ညစ်ပတ်သွားတယ် ။ ရေကြည်တစ်စက်ကြောင့် ရေညစ်တစ်ခွက် -
ဘယ်တော့မှ ကြည်လင်လာမှာ မဟုတ်ပါဘူး !!

( 2 ) ဘယ်သူ့မှ ခိုးယူမသွားနိုင်တဲ့ အရာသုံးမျိုး ရှိတယ်။ ဗိုက်ထဲကို ၀င်ပြီးတဲ့ အစာ ၊
စိတ်အတွင်းထဲက အိပ်မက်နဲ့ ဦးနောက်ထဲအထိ ၊ ဖတ်မှတ်ထားတဲ့ စာကောင်းပေမွန်များ ဖြစ်ပါတယ် !!

( 3 ) မြင်းတွေဟာ ပျော့ပြောင်းတဲ့ လမ်းပေါ်မှာ ခွာလိပ်သွားတတ်တယ် !
လူတွေဟာလည်း ချိုမြသောစကားသံများကြားမှာ - နစ်မွန်းသွားတတ်တယ် !!

( 4 ) လူ့ ဘ၀ခရီးမှာ ကံဆိုးခြင်းနဲ့ ကံကောင်းခြင်းဆိုတာ သဲသဲကွဲကွဲ မခွဲထားပါဘူး ။
ကံဆိုးခြင်းကနေ ရုန်းထွက်နိုင်ရင် ကံကောင်းခြင်းဖြစ်ပြီး၊ ကံကောင်းခြင်းအပေါ် ဇိမ်ခံနေရင် -
ကံဆိုးခြင်း ဖြစ်လာမှာပါ !!

( 5 ) တကယ်လို့ သင်စာမဖတ်ခဲ့ဘူး ဆိုရင် ~
မိုင်ပေါင်း တစ်သောင်း ခရီးထွက်ရင်လည်း စာပို့လုလင်အဆင့်သာဖြစ်တယ် !!

( 6 ) သင့်ရဲ့ အိမ်နီးနားချင်းက -
မနက် ( ၂ )နာရီအထိ စန္ဒာယားတီးနေရင်လည်း စိတ်မဆိုးပါနဲ့ !
သူ့ကို မနက် ( ၄ )နာရီမှာနှိုးပြီး နားထောင်လို့ အရမ်းကောင်းကြောင်း ပြောပြလိုက်ပါ !!
( ပညာသားပါပါ နဲ့ 😃😃 )

( 7 ) သင်ရဲ့ တစ်ဘဝလုံးမှာ —---
တောက်လျှောက်သာ စောင့်မျှော်နေမယ်ဆိုရင် ၊ ပြောင်းလဲမူ တစ်ခုသာ ဖြစ်ပေါ်လာလိမ့်မယ် ၊ အဲဒါကတော့ သင်အိုသွားခြင်းပါပဲ !!

( 8 ) သူငယ်ချင်းအစစ်ဆိုတာ —--
ပြောမကုန်တဲ့ စကားတွေ ရှိနေတာမဟုတ်ပါဘူး ။ ပြောစရာမရှိတဲ့ အချိန်လည်း ~
အောင့်သက်သက် မခံစားရခြင်းပါ !!

( 9 ) အချိန်ဟာ စိတ်အနာကို
ကုစားနိူင်တဲ့ သမားတော်ကြီးပါ !
ဒါပေမဲ့ —----
ပြဿနာကို ဖြေရှင်းပေးနိုင်တဲ့ —ဆရာကြီးတော့မဟုတ်ပါဘူး ။

( 10 ) ကြိုးစားပြီးမှ နောင်တရရင် ရပါစေ !!
မကြိုးစားပဲနဲ့ လွဲသွားတဲ့ နောင်တမျိုးတော့ မလိုချင်ဘူး !

ီ_ဘာ_ဘာ

 #ဘဝမှာ ဘယ်လောက်တန် အင်္ကျီဝတ်ထားလဲ..အရေးမကြီးဘူးဘဝမှာ ဘယ်လောက်ထိ ပျော်ပျော်နေခဲ့ရလဲက.ပိုအရေးကြီးပါတယ်.ဘဝမှာ ဘယ်နေရာတွေ ...
05/05/2024

#ဘဝမှာ ဘယ်လောက်တန် အင်္ကျီဝတ်ထားလဲ..
အရေးမကြီးဘူး
ဘဝမှာ ဘယ်လောက်ထိ ပျော်ပျော်နေခဲ့ရလဲက.
ပိုအရေးကြီးပါတယ်.
ဘဝမှာ ဘယ်နေရာတွေ ရောက်ခဲ့ဖူးလဲ
အရေးမကြီးဘူး.
ဘဝမှာ ရောက်နေတဲ့နေရာမှာပဲ ပျော်ရဲ့လားက..
ပိုအရေးကြီးပါတယ်.
ဘဝမှာ မိတ်ဆွေအများကြီးရှိဖို့က.
အရေးမကြီးဘူး
ဘဝမှာ စိတ်ထားမှန်တဲ့ မိတ်ဆွေရှိနေဖို့က..
ပိုအရေးကြီးပါတယ်.

ဘဝမှာ ဘဝမှာ. ဘဝမှာ

တကယ်တော့ သင့်ကိုယ်သင် ကျေနပ်ပီး စိတ်ချမ်းသာနေဖို့က

ပိုအရေးကြီးပါတယ်


အမေတို့အမေက ပြောဖူးတယ်။“ငါ့သမီးရယ် လူ့ဘဝဆိုတာ လက်ဝှေ့သမားလိုပါပဲ။ လက်ဝှေ့သမားက ကြိုးဝိုင်းထဲ ဝင်လာလိုက်တော့ တစ်ဖက်လူကို ...
05/05/2024

အမေတို့အမေက ပြောဖူးတယ်။
“ငါ့သမီးရယ် လူ့ဘဝဆိုတာ လက်ဝှေ့သမားလိုပါပဲ။

လက်ဝှေ့သမားက ကြိုးဝိုင်းထဲ ဝင်လာလိုက်တော့
တစ်ဖက်လူကို ငါဘယ်လိုထိုးလိုက်မယ်ဆိုတဲ့
ထိုးပေါက်တွေ အများကြီးနဲ့ပေါ့။

ဒါပေမယ့် တကယ်ထိုးကြတဲ့အခါမှာတော့ ကိုယ်ကထိုးရဖို့နေနေသာသာ သူ့လက်သီးတွေကိုပဲ မနည်းရှောင်နေရတာ” တဲ့။

#လူထုဒေါ်အမာ

ယနေ့ခေတ် အမှန်တရား**********************အိမ်အကြီးကြီးတွေ ဆောက်ကြတယ်!ဒါပေမယ့် မိသားစုဝင်အရေအတွက်ကတော့နည်းသထက် နည်းလာကြတယ်...
04/05/2024

ယနေ့ခေတ် အမှန်တရား
**********************

အိမ်အကြီးကြီးတွေ ဆောက်ကြတယ်!
ဒါပေမယ့် မိသားစုဝင်အရေအတွက်ကတော့
နည်းသထက် နည်းလာကြတယ်!

ဘွဲ့တွေပိုပြီး ယူလာကြတယ်! ဒါပေမယ့် ဘဝပေးအသိတွေက ပိုပြီး နည်းလာကြတယ်!

ဆေးပညာက ပိုပို တိုးတက်လာပေမယ့်
လူတွေရဲ့ကျန်းမာရေးတွေက
ပိုပြီး မကောင်းတာတွေ ဖြစ်လာကြတယ်!

ဝင်ငွေတွေ မြင့်မားလာအောင်
အလုပ်တွေ ကြိုးစားပိုလုပ်လာကြပေမယ့်
စိတ်ရဲ့ငြိမ်းချမ်းခြင်းတွေကတော့
ပိုပိုနည်းပါးလာကြတယ်!

ဉာဏ်ရည်ဉာဏ်သွေးတွေ ပိုမိုမြင့်မားလာပေမယ့်
ခံစားမှုနဲ့ ကိုယ်ချင်းစာတရားတွေကတော့
ပိုပို နည်းပါးလာကြတယ်!

ဗဟုသုတတွေ တိုးလာကြပေမယ့်
ဆင်ခြင်တုံတရား နဲ့ ဉာဏ်ပညာတွေကတော့
ပိုပို နည်းပါးလာကြတယ်!

အချစ်ဇာတ်လမ်းတွေ အများကြီးရှိနေကြပေမယ့်
တကယ့် အချစ်စစ်စစ်တွေကတော့
ရှားပါးကုန်ကြတယ်!

Facebook မှာတော့
သူငယ်ချင်းတွေ အများကြီးပေမယ့်
တကယ့် အပြင်ဘဝမှာ ကိုယ့်အတွက်
သူငယ်ချင်း စစ်စစ်တွေမရှိကြတော့ဘူး!

ငွေတွေ ပေါလျှံနေကြပေမယ့်လည်း
မေတ္တာတရားတွေခေါင်းပါးလာကြတယ်!

အရက်တွေ များများသောက်လာကြပြီး
ရေကိုတော့ နည်းနည်းပဲသောက်ကြတော့တယ်!

လူဦးရေတွေအများကြီးတိုးလာပြီး
ကမ္ဘာကြီးမှာ လူတွေများလာပေမယ့်
လူသားဆန်မှုတွေကတော့ ပျောက်ကွယ်နေပြီ!

ဈေးကြီးတဲ့နာရီတွေပတ်ထားကြတယ်!
ဒါပေမယ့် အချိန်တွေမရှိကြဘူး!

လကမ္ဘာပေါ် ကိုသာ သွားနေ
ရောက်နေကြပေမယ့်
ကိုယ့်ဘေးက အိမ်နီးနားချင်းတွေကိုတော့
မသိကြတော့ပါဘူး...။ ။

🌹အရမ်းကောင်းတဲ့ စာသားလေးပါ ဖတ်ရင်းနဲ့ တွေးပါအရသာက တမူထူးခြားနေပါလိမ့်မယ်(၁) စိတ်ဓာတ်ကို မာမာထားပါ။အပြင်ပန်းသဏ္ဍာန်ကို ပျ...
28/04/2024

🌹အရမ်းကောင်းတဲ့ စာသားလေးပါ
ဖတ်ရင်းနဲ့ တွေးပါ

အရသာက တမူထူးခြားနေပါလိမ့်မယ်

(၁) စိတ်ဓာတ်ကို မာမာထားပါ။
အပြင်ပန်းသဏ္ဍာန်ကို ပျော့ပျော့ပျောင်းပျောင်းထားပါ။

(၂) ကိုယ့်ပစ္စည်း မဟုတ်ရင် မယူပါနဲ့။
ဘယ်လောက်ပဲ နှစ်သက် နှစ်သက် လက်လွှတ်တတ်ဖို့ နားလည်ပါ။

(၃) ကိုယ့်ကိုယ်ကို လေးစားပါ။
သူတစ်ပါးကို လေးစားပါ။ လေးစားမှုကို ထိန်းပါ။
အဲဒီလေးစားမှု သုံးခုကို မှတ်ထားပါ။

(၄) ငွေဆိုတာ ရေလိုပဲ။
ငွေခမ်းရင် ငတ်သေတတ်တယ်။
ငွေမက်လွန်းရင် နစ်သေတတ်တယ်။

(၅) အရာဝတ္ထုတစ်ခုတိုင်းကို
ရှုထောင့်ပေါင်းစုံ ဘက်ပေါင်းစုံကနေ ခံစားပါ။

(၆) သူတစ်ပါးကို ထိခိုက်နာကျင်မှုမျိုးနဲ့
ကိုယ့်အပြစ် ကိုယ့်ဆိုးကျိုးကို ဖုံးကွယ်တတ်တဲ့
လူလောက် ရှက်ဖို့ကောင်းတာ မရှိဘူး။

(၇) လောဘမကြီးနဲ့။
မကောင်းတဲ့အရာတွေက ဘယ်တော့မှ တာရှည်မခံဘူး။

(၈) သူငယ်ချင်းအတွက် အနစ်နာခံတဲ့ အလုပ်က ခက်ခဲတဲ့အလုပ်တော့ မဟုတ်ဘူး။ ခက်တာက အနစ်နာခံရလောက်တဲ့ သူငယ်ချင်းမျိုး ရှိဖို့ပဲလိုတယ်။

(၉) ကိုယ့်အတွက်လို့ စဉ်းစားမိတာနဲ့ တစ်ပြိုက်နက် တစ်ဖက်လူရဲ့ ခံစားချက်ကိုလည်း ထည့်တွက်သင့်တယ်။ သူ့အတွက် ပိုစဉ်းစားသင့်တယ်။ ဒါတွေက အကြင်နာ ယဉ်ကျေးတဲ့အပြင် တစ်ဖက်လူကို လေးစားရာလည်း ရောက်တယ်။

(၁၀) လူတွေ သိနိုင်တဲ့အမှားမျိုးက တကယ့်အမှား မဟုတ်သေးဘူး။ တခြားလူ လုသွားနိုင်တဲ့ ချစ်သူမျိုးက တကယ့်ချစ်သူ မဟုတ်သေးဘူး။

(၁၁) ကိုယ့်ဆုံးဖြတ်ချက် ကိုယ်ချပါ။ ဖြစ်လာသမျှ ခံယူဖို့ပြင်ဆင်ပါ။
စမလုပ်ခင် လောကကြီးမှာ နောင်တကုဆေးဆိုတာ မရှိကြောင်း
ကိုယ့်ကိုယ်ကိုယ် သတိပေးပါ

(၁၂) သင်ယူခြင်းက တခဏအတွက် မဟုတ်ဘူး။
တစ်ဘဝအတွက် ဖြစ်တယ်။ ဒါကြောင့် သင်ယူခြင်းမှာ မငြီးငွေ့ပါနဲ့။

(၁၃) ဘယ်အချိန်မှာ စတင်ခဲ့တာဖြစ်ဖြစ် အရေးကြီးတာက စတင်ပြီးနောက် မရပ်နားဖို့ပါပဲ။ ဘယ်အချိန်မှာ အဆုံးသတ်တာပဲဖြစ်ဖြစ် အရေးကြီးတာက အဆုံးသတ်ပြီးနောက် နောင်တမရဖို့ပါပဲ။

(၁၄) ကံမကောင်းခြင်းဆိုတာ စာရင်းသွင်းစရာ မလိုဘဲ
လူတိုင်းတက်ရတဲ့ ကျောင်းဖြစ်တယ်။ ဒီကျောင်းကို အောင်နိုင်သူက သန်မာထက်မြက်သူဖြစ်တယ်။

(၁၅) အချစ်ခံချင်ရင် အချစ်ခံထိုက်တဲ့ လူတစ်ယောက်ဖြစ်အောင် အရင်လုပ်ပါ။ လူတွေကို ချစ်ချင်ရင် ချစ်တတ်တဲ့ အရည်အချင်းရှိအောင် အရင်လုပ်ပါ။ ကောင်းကွက်ကိုလည်း လက်မခံ ဆိုးကွက်ကိုလည်း နားလည်မှုမပေးရင် ဒီသံယောဇဉ် ဘယ်လောက်တာရှည်နိုင်မလဲ။

(၁၆) အပြစ်ရှာ ညည်းတွားတတ်တဲ့ လူတွေဟာ စိတ်သဘောထား မကောင်းသူတွေ မဟုတ်ပေမယ့် လူတွေ အမြဲနှစ်သက်သူတော့ မဟုတ်ခဲ့ဘူး။

(၁၇) ဦးနှောက်ခြောက် စိတ်ရှုပ်တာတွေက မနက်ဖြန်ရဲ့ဝန်ကို ပေါ့သွားစေမှာ မဟုတ်ဘူး။ ဒါပေမယ့် ဒီကနေ့ရဲ့ ပျော်ရွှင်ခြင်းကိုတော့
ဆုံးရှုံးသွားစေမှာ။
နည်းနည်းသည်းခံလိုက်
နည်းနည်းတောင့်ခံလိုက် …
တစ်နေ့နေ့မှာ သင်သည်းခံခဲ့တဲ့ နာကျင်မှုက
သင့်ကို ပြန်အထောက်အကူ ပြုလိမ့်မယ်။

(၁၈) ဘဝမှာ ပျော်ရွှင်စရာတွေက အများကြီး သင့်ရဲ့အာရုံနဲ့အကြည့်ကို အဲဒီမပျော်ရွှင်တဲ့ အရာတွေပေါ်မှာပဲ စူးစိုက်မထားပါနဲ့။

(၁၉) တစ်ယောက်ထဲ နေတဲ့အခါ တစ်ယောက်ထဲ နေတတ်အောင် သင်ယူတယ်။ နှစ်ယောက်ဖြစ်သွားတဲ့အခါ ချစ်ခင်ပေါင်းသင်းတတ်အောင် သင်ယူတယ်။ သုံးယောက်ဖြစ်သွားတဲ့အခါ နောက်ဆုတ်
နှုတ်ထွက်တတ်အောင် သင်ယူပါတယ်။

(၂၀) တစ်ကိုယ်တည်းသမားလို့ ဆိုတိုင်း အချစ်ကို နားမလည်သူလို့ မထင်လိုက်ပါနဲ့။ တကယ်တော့ တစ်ကိုယ်တည်းသမားဆိုတာ
ချစ်သူရည်းစားရှိလျက်နဲ့ နာကျင်ဝမ်းနည်း နေရသူတွေထက် စာရင် ပိုအမြော်အမြင်ရှိတယ်လို့ ဆိုရမယ်။

#𝘾𝙧𝙚𝙙𝙞𝙩

ကိုယ်ကတော့ ခွင့်လွှတ်တယ်***********************ဖတ်ကြည့်နော်…သူတစ်ပါး မျက်ရည်ကျမှပျော်တယ်ထင်ရင်မင်း ဆက်လုပ်ပါ။ဘာပဲ လုပ်လု...
28/04/2024

ကိုယ်ကတော့ ခွင့်လွှတ်တယ်
***********************
ဖတ်ကြည့်နော်…

သူတစ်ပါး မျက်ရည်ကျမှ
ပျော်တယ်ထင်ရင်
မင်း ဆက်လုပ်ပါ။

ဘာပဲ လုပ်လုပ်
မင်းလိပ်ပြာ မင်းလုံပါစေပေါ့…

ဝဋ်လည်တာ မလည်တာက
မင်းအပိုင်း

ကိုယ်ကတော့...
အရာရာကို ခွင့်လွှတ်ပါတယ်။

ဒါပေမဲ့…
ဝဋ် ဆိုတာက
ကိုယ်လုပ်ခဲ့တဲ့အတိုင်း
တန်ပြန် သက်ရောက်တတ်တဲ့
အရာမျိုးဆိုတော့

မင်းလုပ်သမျှတွေက
မင်းနောက်ကို
ထပ်ချပ်မကွာ
လိုက်နေတယ် ဆိုတာ
မင်းသိဖို့တော့ လိုတယ်။

လှည့်စားလို့ ကောင်းတိုင်း
အရူး ထမလုပ်ပါနဲ့။

ဝဋ် ဆိုတာ…
ပိတ်ရက် မရှိပါဘူး။

ရေစက်ပါလို့ တွေ့ဆုံလို့လဲဝမ်းမသာပါနဲ့ဝဋ်ကြွေးဆပ်ဖို့လဲ ဖြစ်နိုင်တယ်။ရေစက်ကုန်လို့ လမ်းခွဲရလဲဝမ်းမနည်းပါနဲ့ဝဋ်ကြွေးကုန်တာ...
21/04/2024

ရေစက်ပါလို့ တွေ့ဆုံလို့လဲ
ဝမ်းမသာပါနဲ့
ဝဋ်ကြွေးဆပ်ဖို့လဲ ဖြစ်နိုင်တယ်။

ရေစက်ကုန်လို့ လမ်းခွဲရလဲ
ဝမ်းမနည်းပါနဲ့
ဝဋ်ကြွေးကုန်တာလဲ ဖြစ်နိုင်တယ်။

တစ်ယောက်တည်း နေတက်အောင်
ကြိုးစားပါ အဖော်ဆိုတာ အလကားပဲ။

ကိုယ်သေရင် သူလိုက်မသေပေးသလို
သူသေလဲ ကိုယ်လိုက်မသေပေးနိုင်ဘူးလေ။

နှစ်ယောက်ရှိမှ တဘဝမဟုတ်ဘူး
တစ်ယောက်တည်းလဲ လျှောက်ရဲရမယ်
တစ်ပွင့်ထဲလဲ ဖွင့်ရဲရမယ်။

ခက်ခဲ့လိုမလုပ်ခြင်တာ မဟုတ်ပါဘူး
မလုပ်ခြင်လို့သာ ခက်ခဲ့တာပါ။

အခက်ခဲ့တွေက မင်းဘဝသန်မာအောင်
လေ့ကျင့်ပေးတဲ့ ဆရာတဆူမှန်းသိနေရင်
ရဲရဲသာ သင်ယူလိုက်ပါ။

အရာအားလုံးက နောက်ဆုံးမှာ
အဆင်ပြေသွားလိမ့်မယ်။

အဆင်မပြေသေးရင် အဲ့တာ
နောက်ဆုံး မဟုတ်သေးလို့ပါ။

"မိဘကျေးဇူး ဆပ်နည်း ( ၆ ) ချက်''1. အစားအစာကျွေး၍ ကျေးဇူးဆပ်နည်း2. ဥစ္စာပေး၍ ကျေးဇူးဆပ်နည်း3. ဝေယျာ၀စ္စပြု၍ ကျေးဇူးဆပ်နည်...
20/04/2024

"မိဘကျေးဇူး ဆပ်နည်း ( ၆ ) ချက်''

1. အစားအစာကျွေး၍ ကျေးဇူးဆပ်နည်း

2. ဥစ္စာပေး၍ ကျေးဇူးဆပ်နည်း

3. ဝေယျာ၀စ္စပြု၍ ကျေးဇူးဆပ်နည်း

4. ကုသိုလ်ပြု၍ ကျေးဇူးဆပ်နည်း

5. တရားနာ ရိပ်သာဝင်ခိုင်း၍ကျေးဇူးဆပ်နည်း

6. အမျှပေးဝေ၍ ကျေးဇူးဆပ်နည်း

တို့ပဲဖြစ်ပါတယ်.......

1. အစားအစာကျွေး၍ ကျေးဇူးဆပ်နည်း.......

မိဘအတွက်
စားဦးစားဖျား ဖယ်ထားတာ
မိဘစားချင်တာ ချက်ကျွေးတာ
မိဘစားချင်တဲ့မုန့် ဝယ်ပေးတာ စတာတွေကို
လုပ်ပေးတာတွေက
မိဘတွေ အလွန်ပဲ ၀မ်းသာပါတယ် တဲ့.....

ဒါကြောင့်
အစားအစာ ကျွေး၍
မိဘကို ကျေးဇူးဆပ်နိုင်ပါတယ်.........။

2. ဥစ္စာပေး၍ ကျေးဇူးဆပ်နည်း........

မိဘများ
စာချင်တာတွေ စားနိုင်အောင်
မရောက်ဖူးသေးတဲ့ ဘုရားတွေ ဖူးနိုင်အောင်
လှူချင်တာတွေ လှူနိုင်အောင် စတာတွေကို
လုပ်ပေးရင်
မိဘတွေက အလွန်ပဲ ဝမ်းသာပါတယ် တဲ့.......

ဒါကြောင့်
မိဘအတွက် ဥစ္စာ(ပိုက်ဆံ)ပေး၍လည်း
ကျေးဇူးဆပ်နိုင်ပါတယ်.......

ပိုက်ဆံဆိုတာ မဆပ်လည်း ကုန်မှာ
ဆပ်လည်း ကုန်မှာပါနော်.....။

3. ဝေယျာ၀စ္စပြု၍ ကျေးဇူးဆပ်နည်း........

အိမ်မှုကိစ္စများနှင့်
မိဘတွေပင်ပန်းမယ့် အခြားကိစ္စတွေမှာ
ကိုယ်တိုင်၀င်ရောက်ပြီး
မိဘတွေမပင်ပန်းအောင် ပြုလုပ်ပေးခြင်း
မိဘကို နင်း နှိပ် ပေးခြင်း
ပြုစုပေးခြင်း စတဲ့
ဝေယျာဝစ္စတွေကို ပြုလုပ်ပေးခြင်းနဲ့လည်း
ကျေးဇူးဆပ်နိုင်ပါတယ်.........

4. ကုသိုလ်ပြု၍ ကျေးဇူးဆပ်နည်း........

မိဘတွေ ကုသိုလ်ရအောင်
တရားနာနိုင်အောင် တိုက်တွန်းခြင်း
သင်္ကန်းတွေ လှူခိုင်းခြင်း
အလှူတွေ လုပ်ခိုင်းခြင်းဖြင့်
သား သမီးများက
မိဘတွေ ကုသိုလ်ရအောင်
ဘေးနားကနေ ပြုလုပ်ပေးခြင်းနဲ့လည်း
ကျေးဇူးဆပ်နိုင်ပါတယ်.........

5. တရားနာ,ရိပ်သာ၀င်ခိုင်း၍ ကျေးဇူးဆပ်နည်း......

မိဘတွေ
တရားနာနိုင်အောင် တိုက်တွန်းပေးခြင်း
ကူညီဖြည့်ဆည်းပေးခြင်း......

မိဘတွေ
ဘုရားအရိပ် တရားအရိပ်မှာ ပျော်မွေ့နိုင်အောင်
ပံ့ပိုးကူညီ ဆောင်ရွက်ပေးခြင်းနဲ့လည်း
ကျေးဇူးဆပ်နိုင်ပါတယ်........

မြတ်ဗုဒ္ဓ၏
အမြတ်ဆုံးကျေးဇူးအကျေဆပ်နည်းပါ.....

ဖခင်အား ရဟန္တာဖြစ်အောင်
ကျေးဇူး အကျေဆပ်....

မိခင်အား မဟာသောတာပန်ဖြစ်အောင်
ကျေးဇူး အကျေဆပ် တဲ့......

6. အမျှပေးဝေ၍ ကျေးဇူးဆပ်နည်း.........

နောက်ဆုံးကတော့......

မိဘများသက်ရှိ ထင်ရှားမရှိတဲ့အချိန်မှာ
မိဘအတွက် ရည်မှန်းပြီး
ကောင်းမှုကုသိုလ်များ ပြုလုပ်ကာ
အမျှတမ်း ပေးဝေခြင်းကလည်း
မိဘအတွက် ကျေးဇူးဆပ်ရာ ရောက်ပါတယ်။


09/04/2024

လိုချင်တာကို ရဖို့ကြိုးစားရမှာပါ


ီ_ဘာ_ဘာ

09/04/2024

ပိုက်ဆံပေးလိုက်တဲ့ သတိပေးစကားများ
++++++++++++++++++++++++

လုပ်အားနဲ့ ရှာဖွေရရှိတဲ့ ပိုက်ဆံဟာ
အောင်မြင်ပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်စေသလို
စုဆောင်းလို့ တိုးလာတဲ့ပိုက်ဆံဟာ
ချွေတာတဲ့ တန်ဖိုးကို ပိုမိုသိတတ်စေပါတယ်။

ဆုလဘ်အဖြစ် ရရှိတဲ့ ပိုက်ဆံဟာ
ပိုမိုကြိုးစားဖို့ တွန်းအားဖြစ်ပေါ် စေသလို
အကူအညီနဲ့ ရတဲ့ ပိုက်ဆံဟာ
ရင်ထဲ အသဲထဲကို ပိုမို နွေးထွေးစေပါတယ်။

အလကားနေရင်း ရတဲ့ ပိုက်ဆံဟာ
အချောင်ရလိုစိတ်ကို အားပေးအားမြောက်ပြုသလို
ထီထိုးလို့ ရလိုက်တဲ့ ပိုက်ဆံဟာလည်း
ထီထိုးရင်းနဲ့ ပြန်လည် ကုန် ဆုံးစေတတ်ပါတယ်။

လက်ဖွဲ့လို့ ရလိုက်တဲ့ ပိုက်ဆံဟာ
အဆတိုးပြန်လည် ပေးဆပ်ရသလို
လောင်းကစားမှာ နိုင်လိုက်တဲ့ ပိုက်ဆံဟာ
တစ်အိမ်လုံး ပြောင်သွားစေဖို့ နိမိတ်ပျိုးလိုက်ခြင်းဖြစ်ပါတယ်။

ကောက်လို့ ရလိုက်တဲ့ ပိုက်ဆံဟာ
သုံးရတာ စိတ်မဖြောင့်စေသလို
လက်ဖြန့်တောင်းလို့ ရလိုက်တဲ့ ပိုက်ဆံဟာ
အရှက်တကွဲ အကျိုးနည်းစေတတ်ပါတယ်။

ချေးယူလို့ ရလိုက်တဲ့ ပိုက်ဆံဟာ
တစ်နေ့နေ့ ပြန်ဆပ်ရမှာ ဖြစ်သလို
လိမ်လည်လို့ ရလာတဲ့ ပိုက်ဆံဟာ
စိတ်ဒုက္ခမျိုးစုံ အမြဲ ဖြစ်ပေါ်စေပါတယ်။

ခိုးယူလာတဲ့ ပိုက်ဆံဟာ
ရင်တထိပ်ထိပ် အမြဲဖြစ်စေသလို
လဘ်စားလို့ ရလိုက်တဲ့ ပိုက်ဆံဟာ..
နှောင်ဘဝမှာ နွားအဖြစ်နဲ့ အကြွေးဆပ်စေပါတယ်။

ဘာပဲပြောပြော ပိုက်ဆံဟာ လဘ်တစ်ပါးပါ။
ကိုယ့်ခြေကိုယ့်လက်နဲ့ ရှာဖွေရလိုက်တဲ့ ပိုက်ဆံဟာ တန်ဖိုးအရှိဆုံးပါ။
ယော့ကျ်ား ကောင်း ဖြစ်ခဲ့ရင် အမွေကို မမျော်သင့်သလို
မိန်းမကောင်းဖြစ်တယ်ဆိုရင်လည်း ခန်းဝင်ပစ္စည်း မမက်မောသင့်ပါ။

လူတိုင်းလူတိုင်း ကိုယ်ပိုင်ရှာတဲ့ ပိုက်ဆံကိုသာ ဂုဏ်ယူတန်ဖိုးထားတတ်တဲ့ တစ်နေ့...
သူဠေးသားပါ၊ လူကြီးသားသမီးပါလို့ ဂုဏ်ဖေါ်ရတာကို ရှက်ကြောက်တတ်တဲ့ တစ်နေ့....
အမွေဆိုင်၊ အမွေခွဲ၊ ခြံရောင်းမြေရောင်းပြဿနာ
အားလုံးပျောက်ကွယ်သွားမှာပါ။
ချမ်းသာသူများလည်း မျိုးဆက်အဆက်ဆက် ပိုမိုချမ်းသာသွားကြပြီး၊
ဆင်းရဲသူများလည်း မျိုးဆက်တစ်ဆက်ထက်တစ်ဆက်
ပိုပြီး အဆင်ပြေလာကြမှာပါ။
လူရှိတယ်၊ လုပ်အားရှိတယ်၊ တိုးတက်လိုစိတ်ရှိတယ်၊
တစ်ချိန်မဟုတ်တစ်ချိန် တိုးတက်အောင်မြင်ဖို့ မုချ မလွှဲပါ။

ီ_ဘာ_ဘာ

♦အဓိက အကျဆုံးက respect ပါပဲလူဝင်ဆံ့ချင်ပါသလား ?ပျော်ရွှင်ချင်ပါသလား ?🔺ဒီတြိဂံလေး မမေ့ပါနဲ့ 🔺အမြဲပြောလေ့ရှိတဲ့ ပေါင်းသင်း...
09/04/2024

♦အဓိက အကျဆုံးက respect ပါပဲ

လူဝင်ဆံ့ချင်ပါသလား ?
ပျော်ရွှင်ချင်ပါသလား ?
🔺ဒီတြိဂံလေး မမေ့ပါနဲ့ 🔺

အမြဲပြောလေ့ရှိတဲ့
ပေါင်းသင်းဆက်ဆံရေး တြိဂံလေးက ...

၁ ။ Respect လေးစားမှု
၂ ။ Trust ယုံကြည်မှု
၃ ။ Love ချစ်ခြင်းမေတ္တာ

လေးစားမှုဆိုတာ သိပ်ခင်တဲ့ သူငယ်ချင်းတွေ ၊ ရင်းနှီးတဲ့ မိတ်ဆွေတွေ ၊ လုပ်ငန်းခွင် လုပ်ဖော်ကိုင်ဖက်တွေ၊ လင်မယားတွေကြားမှာ
အပြန်အလှန် respect ထား ဆက်ဆံစရာ လိုသေးလို့လားလို့မေးကြတယ် ။

" လိုတယ် ။ လိုတာမှ အကြီးကြီးကို လိုတာ "

လူလူခြင်း လူ့ဂုဏ်သိက္ခာကို လေးစားပေးရတယ် ။

ခင်လို့မင်လို့ စနောက်ရင်တောင် သူ့သိက္ခာကျစေတဲ့ စကားမသုံးရပါဘူး ။
သုံးရင် ဘာဖြစ်လဲဆိုတော့ မိတ်ပျက်ပါတယ် ။

ဒါလေးတောင် သည်းမခံနိုင်ဘူး မတွေးပါနဲ့ ။ တချို့လူတွေမှာ နဲနဲမှအထိမခံနိုင်တဲ့ တန်းဖိုးထားခြင်းတွေ ရှိနေတတ်ပါတယ် ။

ခင်ခင်မင်မင်ဆက်ဆံပါ ။ ရင်းရင်းနှီးနှီးစနောက်ပါ။ ဒါပေမယ့် လူ့ဂုဏ်သိက္ခာကိုတော့ လေးစားပါ။

ယုံကြည်မှု

ရှင်းပါတယ် ။
ယုံကြည်နိုင်လောက်အောင် ရိုးသားပါ ။
ပွင့်လင်းမြင်သာရှိပါစေ ။
ယုံကြည်မှုဆိုတာ တစ်ခါပျက်သွားရင် ထိုသူအပေါ် တစ်သက်လုံး ယုံကြည်မှု ရှိတော့မှာ မဟုတ်တော့ပါ ။

ချစ်ခြင်းမေတ္တာ

ဒီနေရာမှာပြောတဲ့ ချစ်ခြင်းမေတ္တာဆိုတာ ကိုယ် ချင်းစာမှုပေါ် အခြေတည်ပါတယ် ။ သူ့နေရာမှာ ငါသာဆိုရင်လို့ တွေးပြီး နားလည်ပေး ချစ်ပေးကြပါ ။

လူဆိုတာ ပေါင်းသင်းဆက်ဆံရေး သတ္တဝါပါ ။

လူတွေရဲ့ ပျော်ရွှင်ခြင်း မပျော်ရွှင်ခြင်း အများစုက ပေါင်းသင်းဆက်ဆံရေးတွေအပေါ် မူတည်ပါတယ် ။

ကိုယ့်ပတ်ဝန်းကျင်ကို ပိုပြီး အကျိုးပြုနိုင်သူတွေဖြစ်ပြီး ပျော်ရွှင်စွာနဲ့ လူဝင်ဆံ့တဲ့ မျိုးဆက်သစ်တွေ ... လူ့ဂုဏ်သိက္ခာကို တန်ဖိုးထားတတ်တဲ့ လူကြီး လူကောင်းတွေ ဖြစ်ပေါ်လာဖို့ မျှော်လင့်လျက် ...



- ကျန်းမာ​ပျော်ရွှင်ချမ်း​မြေ့ကြပါ​စေ။

- အလုပ်အကိုင် လုပ်ငန်းများ ​အောင်မြင်တိုးတက်ကြပါ​စေ။

မိဘထက် ဘယ်သူမှ ပိုမချစ်ဘူး▪▪▪▪▪▪▪▪▪မိဘတွေကိုနာကျင်အောင် မပြောပါနဲ့။မိဘတွေကို အလုပ်မအားဘူးဆ်ိုပြီး ပစ်မထားပါနဲ့။မိဘတွေကို...
30/03/2024

မိဘထက် ဘယ်သူမှ ပိုမချစ်ဘူး
▪▪▪▪▪▪▪▪▪
မိဘတွေကို
နာကျင်အောင် မပြောပါနဲ့။

မိဘတွေကို
အလုပ်မအားဘူးဆ်ိုပြီး ပစ်မထားပါနဲ့။

မိဘတွေကို
ခေတ်အကြောင်း နားမလည်ဘူးဆိုပြီး
မချိုးနှိမ်လိုက်ပါနဲ့။

မိဘတွေကို
ငြင်းခုန်တုပြောပြီး အနိုင်မလိုချင်ပါနဲ့။

မိဘတွေကို
ဘာကြောင့်နဲ့မျှ
မျက်ရည်ကျအောင် မလုပ်ပါနဲ့။

မိဘတွေကို
အချိန်အကြာကြီး အဆက်အသွယ်
ဖြတ်မထားပါနဲ့။

သင့်ရဲ့ ဖြစ်တည်မှု
အကောင်း အဆိုး သတင်းတွေကို
နားစွင့်ပြီး
မျှော်နေတဲ့နေရာမှာ
မိဘထက် ဘယ်သူမှ မပိုပါဘူး။

သင့်ကို အမြင့်ဆုံးရောက်စေချင်ပြီး
အဆိုးဆုံးဘဝမှာ ရှိမနေစေချင်တာ

သင့်ကို ကောင်းစားစေချင်ပြီး
ဒုက္ခတွေ မရောက်စေချင်တာ

ဒီလို စေတနာ မေတ္တာတွေဆိုတာ
သင့်မိဘထက်တော့
သင့်အပေါ်ကို ဘယ်သူမှ ပိုမထားနိုင်ပါဘူး။

မိဘဟာ…
ခေတ်အကြောင်း မသိရင်နေမယ်။
ဘဝအကြောင်းတော့…
ကောင်းကောင်းသိတယ်။

မိဘဟာ…
ဂုဏ်ပကာသနနဲ့ ဘွဲ့ထူးဂုဏ်ထူးတွေ
မရှိရင်သာ နေမယ်။
အတွေ့အကြုံနဲ့
ဆင်ခြင်တုံတရား ရှိတယ်။

မိဘဟာ…
အောင်မြင်သူ ဖြစ်ချင်မှဖြစ်လိမ့်မယ်။
သေချာတာတော့…
ဖြူစင်ရိုးသားမှုတွေနဲ့
သင့်ဘဝကို
ရှေ့ဆောင် လမ်းပြပေးလိမ့်မယ်။

ဘယ်သူမှ မလိုအပ်တော့တဲ့အခါ
အိမ်ပြန်ပါ။
ဟိုမှာ အမေမျှော်နေတယ်။

ဘယ်သူမှ မကြည်ဖြူတော့တဲ့အခါ
အိမ်ပြန်ပါ။
ဟိုမှာ အမေစောင့်ကြိုနေတယ်။

ဘယ်သူမှ အနားမရှိတော့တဲ့အခါ
အိမ်ပြန်ပါ။
ဟိုမှာ အမေအချစ်တွေပေးဖို့
အိမ်ပြန်လမ်းမှာ မျှော်နေတယ်။

ကိုယ်က သား သမီးကောင်း ဖြစ်ပါမှ
မိဘကောင်းနေရာ ပြန်ရောက်ပြီး
သား သမီးကောင်း ရပါလိမ့်မယ်။

ကိုယ့်ရဲ့ သိတတ် ယဉ်ကျေးလိမ္မာမှု
အတွက်
လောကကြီးက တစ်နည်းနည်းနဲ့တော့
ကိုယ့်ကိုယ် ပြန်ကျေးဇူးပြုမှာပါ။

အ မေ က…
အသက်နဲ့ရင်းပြီး မွေးထားပေးတယ်။
အ ဖေ က…
ဘဝနဲ့ရင်းပြီး ကျွေးထားခဲ့တယ်။

ကိုယ်က နှလုံးသားနဲ့ရော
ဘဝနဲ့ပါ ပေါင်းပြီး
ကျေးဇူးပြန်ဆပ်ဖို့ လိုပါတယ်။

မင်းကို တစ်ယောက်ယောက်ကနေ
သေလောက်အောင်
ရူးမတတ် ချစ်ပါတယ်ဆိုတဲ့
အချစ်ဦးပုံပြင်တွေကို မယုံလိုက်ပါနဲ့။

တကယ်ပြောတာပါ
ဒီကမ္ဘာမှာ သင့်ကို
မိဘထက်တော့ ဘယ်သူမှ ပိုမချစ်ပါဘူး။

#မူရင်း‌‌စာရေးသူအားလေးစားလျှက်

မိဘကျေးဇူး မြင်းမိုရ်ဦး

ဘာကို ပေးလှူရမလဲ-?******************၁။မေး-ခွန်အားဗလတွေ ကောင်းချင်တယ်။ ဘာကို ပေးလှူရမလဲ-?ဖြေ-စားစရာ၊ သောက်စရာလှူပါ။ဆွမ်းခ...
24/03/2024

ဘာကို ပေးလှူရမလဲ-?
******************

၁။မေး-
ခွန်အားဗလတွေ
ကောင်းချင်တယ်။
ဘာကို ပေးလှူရမလဲ-?

ဖြေ-
စားစရာ၊ သောက်စရာ
လှူပါ။
ဆွမ်းခဲဖွယ် ဘောဇဉ်တွေ
လှူပါ တဲ့။

၂။မေး-
ဘဝသံသရာမှာ…
ရွှေရုပ်မက ချောချင် လှချင်တယ်၊
ဘာကို ပေးလှူရမလဲ-?

ဖြေ-
အဝတ်သင်္ကန်းကို လှူပါ။
အင်္ကျီလုံချည်လှူ၊
သီလရှင်ဝတ်စုံ လှူ၊
ကိုရင်တွေ၊ ရဟန်းတွေကို
သင်္ကန်းလှူပါ တဲ့။

၃။မေး-
ဘဝသံသရာမှာ…
ကိုယ်ချမ်းသာ စိတ်ချမ်းသာ
နှစ်မျိုး ချမ်းသာချင်တယ်။
ဘာကို ပေးလှူရမလဲ-?

ဖြေ-
ယာဉ်ကို လှူပါ။
လှည်းယာဉ်၊
လှေယာဉ်၊
မော်တော်ကားယာဉ် လှူပါ။
ဈေးချိုတဲ့
ထီး၊ ဖိနပ်၊ တောင်ဝှေး
တစ်ခုခု လှူပါ တဲ့။

၄။မေး-
ဘဝသံသရာမှာ…
မျက်စိ မမှုန်ချင်ဘူး။
မျက်လုံးကောင်းအောင်
ဘာကို ပေးလှူရမလဲ-?

ဖြေ-
ဆီမီး၊ ဖယောင်းတိုင်၊ မီးသီး၊
မီးချောင်း လှူပါ တဲ့။

၅။မေး-
အားဗလလည်း ကောင်းခြင်း၊
ရွှေရုပ်မက လှခြင်း၊
ကိုယ်ချမ်းသာ စိတ်ချမ်းသာလည်း
ရရှိခြင်း၊
မျက်စိလည်း မမှုန်ခြင်း၊
အဲဒီအကျိုး လေးမျိုးစလုံး ရအောင်
လှူစရာ တစ်ခု၊ ဘာလှူရမလဲ-?

ဖြေ-
ကျောင်း၊ အိပ်ရာ နေရာ
အဆောက်အအုံကို လှူပါ တဲ့။

ဒါက လောကီအကျိုးတွေပဲ။

၆။မေး-
မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်
နိဗ္ဗာန် မြန်မြန်ရအောင်
ဘာလှူရမလဲ? လို့
မြတ်စွာဘုရားက မေးစေချင်တာ။

မေးတာက ( ၅ )ချက်ပေမယ်လို့
ဖြေတာက ( ၆ )ချက်၊

နိဗ္ဗာန် မြန်မြန်လိုချင်ရင်တော့
ဝိပဿနာတရား ဟောပါတဲ့။

ဝိပဿနာဟောတတ်တဲ့
ဓမ္မကထိက ပင့်ပြီး
တရားပွဲ ကျင်းပပါ။
တရားစာ ရွတ်၊
တရားစာအုပ်ကလေးတွေ
ရိုက်ပြီးတော့ လှူပါတဲ့။
ဓမ္မဒါန ဝေပါတဲ့။

ကျေးဇူးရှင် ဗန်းမော်ဆရာတော်ဘုရားကြီး
/...✍️

 #အတွေးအခေါ်ပညာရှင်   #ကွန်ဖြူးရှပ် ၏ ဘ၀ဒဿနများ- - - - - - - - - - - - - - - - - - - - - - - -၁။ မင်းခြေလှမ်းတွေ ဘယ်လောက...
23/02/2024

#အတွေးအခေါ်ပညာရှင်
#ကွန်ဖြူးရှပ် ၏ ဘ၀ဒဿနများ
- - - - - - - - - - - - - - - - - - - - - - - -

၁။ မင်းခြေလှမ်းတွေ ဘယ်လောက်
နှေးကွေးနေတယ်-ဆိုတာ အရေးမကြီးဘူး။
အရေးကြီးတာ မင်းဆက်လျှောက်နေဖို့ပဲ။

၂။ မင်းလောက်တောင်မတော်တဲ့
လူတယောက်ထက်
မင်းထက်သာနေတဲ့ လူတွေနဲ့
ပေါင်းသင်းနိုင်အောင်ကြိုးစား။

၃။ မင်းဒေါသထွက်လာတိုင်း
ဖြစ်လာမယ့်အကျိုးဆက်တွေကို
အရင်တွေးကြည့်ထား။

၄။ မင်းမျှော်မှန်းထားတဲ့ပန်းတိုင်ဆီ
မရောက်နိုင်တော့ဘူး ထင်နေရင်
နောက်ထပ်ပန်းတိုင်အသစ်တစ်ခု
ပြောင်းပစ်ဖို့ မတွေးနဲ့
မင်းရဲ့ လုပ်ကိုင်ပုံခြေလှမ်းတွေကို
ပြောင်းပစ်ဖို့ပဲတွေး။

၅။ မင်းလူတယောက်ကို မုန်းမိပြီဆို
မင်းသူ့ကို ရှုံးနိမ့်သွားတာပဲ။

၆။ တကယ်တော်တဲ့လူတယောက်က
သူ့အပြစ်တွေပဲ သူရှာကြံပြီး ပြုပြင်နေတယ်။
သေးသိမ်တဲ့ လူတယောက်ကတော့
သူများအပြစ်တွေပဲ ရှာဖွေနေတတ်တယ်။

၇။ ဘာအလုပ်ပဲလုပ်လုပ်
အဲ့ဒီအလုပ်ကို ချစ်တဲ့စိတ်မွေးမြူပါ။

၈။ သူတို့တကယ် မသိပါဘူး၊ မတတ်ပါဘူး
လို့ လက်ခံသွားပြီဆိုမှ
အဲ့ဒီလူကို လမ်းညွှန်သင်ပြပါ။

၉။ မင်းမကောင်းကြောင်းကို
မင်းနောက်ကွယ်မှာ ပြောနေပြီဆို
မင်းဟာ သူတို့ထက်ရှေ့ရောက်နေလို့ပဲ။

"ချစ်ခြင်းအားဖြင့်လေးစားလျက်"

22/02/2024

ပန်းလေးတစ်ပင်ရယ်
ဖူးတံဝင့်ရုံပဲရှိသေးတယ်။

အတ္တကြီးတဲ့မုန်းတိုင်းကြောင့်
ရွက်လွှာတွေ ပျက်စီးလို့
ရိုးတံတွေ ကြိုးကျေကုန်သတဲ့။

ဒီနိုင်ငံကပန်း‌ပင်လေးတို့ရေ
လူဖြစ်ရှုံးတဲ့ လူငယ်တွေ
ဘယ်အချိန်ထိ ဘဝသေရအုံးမှာလဲ။

#ရွက်လွှာ

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Can you call me Lizzie posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Nearby media companies