SHINE HOPE Authorized Dealer & Service Provider MDY

SHINE HOPE Authorized Dealer & Service Provider MDY Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from SHINE HOPE Authorized Dealer & Service Provider MDY, Digital creator, 26Bလမ်း၊59×60ကြား၊သော်တာစန်းသွားဆေးခန်း, ချမ်းအေးသာစံမြို့နယ်၊မန္တလေးမြို့, Mandalay.

👍ယနေ့ခေတ်မှာ တိုင်းရင်းဆေးတွေအသုံးပြုတာ များလာတာနှင့်အမျှ🤩ဘေးကင်းပြီးကျန်းမာရေးအကျိုးကျေးဇူးတွေရရှိမယ့်အစားအစာများကိုမှီ...
06/06/2024

👍ယနေ့ခေတ်မှာ တိုင်းရင်းဆေးတွေအသုံးပြုတာ
များလာတာနှင့်အမျှ
🤩ဘေးကင်းပြီးကျန်းမာရေးအကျိုးကျေးဇူးတွေရရှိမယ့်အစားအစာများကိုမှီဝဲသုံးဆောင်လာကြပါတယ်။

ဒါဟာ လူနေမှုခေတ်အလိုက် ရွေးချယ်လာကြတာဖြစ်ပါတယ်။
*သန့်ရှင်းတဲ့ရေ
*သန့်ရှင်းတဲ့လေ
*သန့်ရှင်းတဲ့အစားအစာ
ရှားပါးလာတဲ့ခေတ်ဖြစ်မှာ
ကျန်းမာတဲ့ခန္ဓာကိုယ်ဖြစ်ဖို့

"ကံ စိတ် ဥတု အာဟာရ"
(၄)မျိုးမျှတဖို့ရာ

အာဟာရကောင်းတစ်ခုဖြစ်တဲ့
100%သဘာဝတိုင်းရင်းဆေးစစ်စစ်

💖Shine Hope Health care Products SHHPမှ
ထုတ်လုပ်တဲ့ လင်ဇီးနှင့် ပျားဝတ်မှုန်အကြောင်းကို
ကြိုတင်လေ့လာထားရင် အကျိုးများစွာရရှိပါလိမ့်မယ်ရှင့်။

"Prevention is better than cure."

🥰😍🤩😊😘💖💝💜❤️💓💞

မိတ်ဆွေများလည်းကာကွယ်ရေးကျန်းမာရေးများရရှိနိုင်ကြပြီး
အများအကျိုးဆောင်ရွက်နိုင်ကြပါစေရှင့်။

Love you all ❤️

မေတ္တာများဖြင့်‌
ဒေါက်တာခိုင်ခိုင်သက်ဆွေ
092400428

🤔ညီမလေးတစ်ယောက်ကLingzhi Professional သင်တန်းစာမေးပွဲအတွက်ဆွေးနွေးလေ့ကျင့်‌ပေးနေချိန်မှာ"Interferon"အကြောင်းသိချင်ပါတယ်တဲ...
13/06/2023

🤔ညီမလေးတစ်ယောက်က
Lingzhi Professional သင်တန်းစာမေးပွဲအတွက်ဆွေးနွေးလေ့ကျင့်‌ပေးနေချိန်မှာ"Interferon"အကြောင်းသိချင်ပါတယ်တဲ့။
အဲ့ဒါနဲ့ပဲ Interferon အကြောင်း အကျဉ်းချုပ်ရှင်းပြဖြစ်ပါတယ်ရှင့်။

🥰အင်တာဖရွန်(Interferon=INF)က

-cytokine လို့ခေါ်တဲ့ signiling proteinအမျိုးအစားဖြစ်ပြီး
-ရောဂါပိုးများကိုတိုက်ဖျက်ရာတွင်အထောက်အကူဖြစ်စေသော
ကိုယ်ခံအားစနစ်၏ခုခံကာကွယ်မှုကိုဖြစ်ပေါ်စေသည်။
-the first line of defense against viral infection
(ဗိုင်းရပ်စ်ပိုးကို ဆန့်ကျင်ပေးခြင်း)
=virusကိုတားဆီးပေးပြီးvirusပွားများခြင်းကိုထိန်းချုပ်ပေး
-important roles in immunosurveillance for
malignant cells (ခန္ဓာကိုယ်အတွင်း ရောဂါပိုးဝင်ရောက်မှုနှင့်
ကင်ဆာရောဂါဖြစ်ပေါ်မှုကိုဖော်ပြပေးခြင်း)
စသဖြင့် ဆောင်ရွက်ပေးပါတယ်။

ဒါ့အပြင် နို့တိုက်သတ္တဝါcellsများတွင်
Cytokines ထုတ်လုပ်မှုကိုမြှင့်တင်ပေးရုံသာမက
သဘာဝတိုက်ခိုက်ရေးcellsများ
macrophagesများ၏
လုပ်ငန်းတာဝန်များကိုမြှင့်တင်ပေးပါတယ်။

😊အင်တာဖရွန်အမျိးအစား၃မျိုးရှိပါတယ်။
-alpha
-beta
-gamma

** Interferon Alpha ကိုvirusကူးစက်ခံထားရသော Leukocytes များတွင်ထုတ်လုပ်သည်။
**Interferon beta ကိုvirusကူးစက်ခံထားရသော fibroblasts များမှထုတ်လုပ်သည်။
**Interferon gamma သည်mitogenများပါရှိသော
Antigen (သို့)အာရုံခံမဟုတ်သောLymphocytesများ၏လှုံ့‌ဆော်
မှုကြောင့် ဖြစ်ပေါ်လာသည်။

Interferon is used for
-to treat
infection (such as hepatitis C)
(non Hodgkin's lymphoma)
disease (multiple sclerosis)

Lingzhi မှိုမှာ
ဇီဝအစွမ်းထက်မြက်တဲ့moleculesတွေ
ကျယ်ကျယ်ပြန့်ပြန့်ပါဝင်ပါတယ်။
အဓိကပါဝင်ပစ္စည်းတွေကတော့
_polysaccharides
_peptidedoglycan
_triterpenesတို့ဖြစ်ကြပါတယ်။

Lingzhi polysaccharide က
ကိုယ်ခံစွမ်းအားကိုတိုးတက်စေပြီး

*Interferon ဓာတ်များကိုများများဖြစ်ပေါ်စေပါတယ်။*
အဲ့ဒီinterferonဓာတ်ကြောင့်လည်း

သဘာဝတိုက်ခိုက်ရေးcellsတွေကို
အများကြီးတိုးတက်ဖြစ်ထွန်းစေပါတယ်။

T cells အရည်အတွက်ကို
များအောင်လို့ဖြည့်တင်းပေးနိုင်ပါတယ်။

နောက်ထပ်အဓိကစွမ်းအားတစ်ခုကတော့
သာမာန်cellsတွေကိုပိုမိုသက်ဝင်လှုပ်ရှားစေခြင်းပဲဖြစ်ပါတယ်။

ကျမ်းကိုးစာရင်း-လင်ဇီးနှင့်ဆေးဝါးဗေဒ(professor လျိုကော့ကျု)
Interferon_StatPearls-NCBI Bookshelf
https://www.ncbi.nih.gov.NB

ကျန်းမာရေးဗဟုသုတများရရှိကြပါစေရှင့်🌟
မေတ္တာများဖြင့်

ဒေါက်တာခိုင်ခိုင်သက်ဆွေ
'သော်တာစန်း'သွားဆေးခန်း
092400428

မိတ်ဆွေများမင်္ဂလာပါရှင့်💜**G6PD ရောဂါနဲ့ပက်သက်လို့လင်ဇီးကဘယ်လိုအထောက်အပံ့ကောင်းတွေပေးသလဲဆိုတာ‌လေ့လာထားမျှပြန်လည်မျှဝေပေ...
07/06/2023

မိတ်ဆွေများမင်္ဂလာပါရှင့်💜
**G6PD ရောဂါနဲ့ပက်သက်လို့လင်ဇီးက
ဘယ်လိုအထောက်အပံ့ကောင်းတွေပေးသလဲဆိုတာ‌
လေ့လာထားမျှပြန်လည်မျှဝေပေးပါ့မယ်။

💥Lingzhi မှာပါတဲ့polysaccharide D6က
Bone marrow လို့ခေါ်တဲ့
ရိုးတွင်းချဉ်ဆီထဲမှာproteinဖွဲ့စည်းဖြစ်ပေါ်မှုကို
အားပေးကာ(28.5%)တိုးတက်စေနိုင်သလို
RNAကို-48.7(%)
DNA-43.3(%)တိုးစေနိုင်တာကြောင့်

**ရိုးတွင်းချဉ်ဆီရဲ့သွေးထုတ်လုပ်မှုစွမ်းအားကိုမြှင့်တင်ပေးနိုင်ပါတယ်။
-Haemoglobin
-Red blood Cells(သွေးနီဥ)
-Reticulocytes
-White blood Cells(သွေးဖြူဥ)
-Platelets(သွေးမွှား) စသည်တို့ကိုတိုးတက်များပြားစေပါတယ်။

💋အထူးသဖြင့်
Reticulocytes(ကွန်ယက်သဏ္ဍာန် သွေးနီဥ)တွေ
တိုးပွားလာပြီး RBC(Red blood Cells)
အသစ်တွေတိုးပွားလာပါတယ်။

💥လင်ဇီးကသွေးနီဥမှာရှိတဲ့2,3-Diphospho Glyceric Acid
ရဲ့ပါဝင်နှုန်းကိုမြှင့်တင်တိုးတက်စေခြင်းအားဖြင့် အောက်ဆီဂျင်သယ်ဆောင်နိုင်စွမ်းကိုမြှင့်တင်ပေးပါတယ်။

International Journal of Medical Research & Health Science (2018)
Ziauddin University,
Karachi, Pakistanရဲ့စမ်းသပ်တွေ့ရှိချက်အရ
လင်ဇီး150mg/kg တ်ုက်ကျွေးပြီးရက်40အကြာ
စမ်းသပ်ခံကြွက်ကလေးများရဲ့သွေးထဲရှိ, Haemoglobin Platelets, Leukocytes တို့အလွန်သိသာထင်ရှားစွာ
တိုးတက်လာတာကိုတွေ့ရှိတင်ပြထားပါတယ်။

🥰သွေးရောဂါနဲ့ပက်သက်လို့လင်ဇီးရဲ့
သိပ္ပံဆိုင်ရာစမ်းသပ်တွေ့ရှိချက်များဖြစ်ပါတယ်။

ကျန်းမားရေးဆိုင်ရာဗဟုသုတ
များရရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်။

မေတ္တာများဖြင့်💖
ဒေါက်တာခိုင်ခိုင်သက်ဆွေ
(092400428)

ကျမ်းကိုးစာရင်း-လင်ဇီးနှင့်ဆေးဝါးဗေဒ(Professor လျိုကော့ကျူ)
-International Journal of Medical Research & Health Science 2018. 7(3):
Ziauddin University, Pakistan
www.ijmrhs.com

မနေ့ကညီမလေးတစ်ယောက်ကမေးတယ်။G6PD ရောဂါရှိတဲ့ကလေးpollenတည့်လား?🤔အဲ့ဒါကြောင့်ကျန်းမာရေးဗဟုသုတရအောင်SHHP pageမှာပြောပြထားတဲ့...
31/05/2023

မနေ့ကညီမလေးတစ်ယောက်ကမေးတယ်။G6PD ရောဂါရှိတဲ့ကလေးpollenတည့်လား?🤔

အဲ့ဒါကြောင့်ကျန်းမာရေးဗဟုသုတရအောင်
SHHP pageမှာပြောပြထားတဲ့ရောဂါဖြစ်စဉ်အကျဉ်းနဲ့
ရှောင်ရန်ဆောင်ရန်များကိုပြန်လည်ဝေမျှပေးလိုက်ပါတယ်ရှင့်။🥰 ျို့တဲ့ခြင်းအကြောင်း
=================
🩸G6PD ဆိုတာက ??
G6PD ဆိုတာ Glucose 6 phosphate dehydrogenase လို့ခေါ်တဲ့ အင်ဇိုင်းဓာတ်တစ်မျိုးပါ။ ဒီဓာတ်က သွေးထဲကသွေးနီဥလေးတွေကြံ့ခိုင်အောင်ကာကွယ်ပေးပြီး သူတို့ရဲ့အောက်ဆီဂျင်သယ်တဲ့လုပ်ငန်းတွေကို ပုံမှန်ဖြစ်အောင်ကူညီပေးပါတယ်။ ဒီအင်ဇိုင်းချို့တဲ့နေရင် သွေးနီဥတွေကထိရှလွယ်ပြီး ခန္ဓာကိုယ်ရဲ့ဓာတ်တိုးဖြစ်စဉ်တွေကို ခံနိုင်ရည်မရှိတော့ဘဲ ပြိုကွဲပျက်စီးကာ ရုတ်တရက်သွေးအားနည်းရောဂါကိုဖြစ်စေပါတယ်။

👨‍👨‍👦‍👦ဘယ်လိုလူတွေမှာ G6PD ဓာတ်ချို့တဲ့တတ်ပါသလဲ ?? ဘာကြောင့်ပါလဲ ??
G6PD ဓာတ်ချို့တဲ့တာဟာ မျိုးရိုးဗီဇ (Genetic) နဲ့ပတ်သက်ပါတယ်။ အထူးအားဖြင့် ယောကျာ်းလေးတွေမှာတွေ့ရများတတ်သော်လည်း အချို့မိန်းကလေးတွေမှာလည်းဖြစ်နေတတ်ပါတယ်။
မိန်းကလေးတွေမှာဖြစ်ရင် ထူးခြားတဲ့လက္ခဏာတွေမပြဘဲ မျိုးဗီဇကိုသာသယ်ဆောင်နေပြီး ကိုယ်ဝန်ဆောင်မီးဖွားချိန်ရောက်ရင် မိခင်မှကလေးသို့မျိုးဗီဇဆက်ပြီးပေးတတ်ပါတယ်။

🔍🔍 G6PD Deficiency ဖြစ်နေရင် ကြုံတွေ့ရနိုင်တဲ့ရောဂါလက္ခဏာတွေက ??
ရောဂါလက္ခဏာပြသချိန်တွေက တစ်ဦးနဲ့တစ်ဦးမတူညီတတ်ကြပါဘူး။ မွေးကင်းစကလေးတွေမှာဆိုရင်တော့ သွေးနီဥတွေပြိုကွဲလို့ မွေးပြီး (၁)ရက်မှ (၂) ရက်အတွင်း ရုတ်တရက်ပြင်းထန်စွာအသားဝါပါတယ်။ အသားဝါဓာတ် (Bilirubin) ထွက်တာများလွန်းခဲ့ရင် ဒီဓာတ်တွေကဦးနှောက်ကိုသွားထိပြီး ကလေးရဲ့ဦးနှောက်နဲ့အာရုံကြော၊ ဉာဏ်ရည်ဉာဏ်သွေး၊ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုစတာတွေထိခိုက်နိုင်ပြီး ကလေးမှာရာသက်ပန် မသန်မစွမ်း (Cerebral Palsy) ဖြစ်တာမျိုးနဲ့ အသက်အန္တရာယ်အထိတောင်ရှိနိုင်ပါတယ်။ ဒီလိုကလေးတွေက ပုံမှန်ကလေးအသားဝါတာထက်ပိုဝါတတ်လို့ မီးချောင်းပြရုံနဲ့မရတတ်ဘဲ သွေးလဲကုသတဲ့အဆင့်ထိရောက်လေ့ရှိပါတယ်။ အချိန်မီထိထိရောက်ရောက်ကုနိုင်ရင်တော့ ကလေးမှာအန္တရာယ်မရှိစေပါဘူး။ တချို့တွေကမွေးကင်းစမှာ ရောဂါမပြင်းထန်ဘဲ အသက်ကြီးတဲ့အထိဒီရောဂါကို ဖြစ်လို့ဖြစ်နေမှန်းမသိတာမျိုးလည်းရှိတတ်ပါတယ်။ အရေးကြီးတာတစ်ချက်က G6PD ချို့တဲ့သူတွေဟာ ပုံမှန်အားဖြင့်အလိုလိုသွေးနီဥပျက်ခြင်းများမရှိတတ်ဘဲ သာမန်လူတွေလိုပဲရှိတတ်ပါတယ်။ သို့သော်လည်း သူတို့နဲ့ဓာတ်မတည့်တာတစ်ခုခုနဲ့ထိတွေ့မိတာ၊ စားသုံးမိတာမျိုးရှိတဲ့အချိန်မှာ ရုတ်တရက်သွေးနီဥတွေပြင်းထန်စွာပြိုကွဲပြီး သွေးအားနည်းရောဂါဖြစ်စေနိုင်ပါတယ်။
ဒီအခါမှာ သွေးအားနည်းခြင်းရဲ့ဆိုးကျိုးတွေဖြစ်တဲ့ မောပန်းခြင်း၊ ဖြူဖျော့ပြီးအားနည်းနေခြင်း၊ မျက်စိ၊ အသားဝါခြင်း၊ အာရုံမစူးစိုက်နိုင်ခြင်းမှအစပြုကာ ဆီးမည်းမည်းများသွားခြင်း၊ အမောဖောက်ပြီးသတိလစ်ခြင်းတွေအထိဖြစ်နိုင်ပါတယ်။ ဘယ်အသက်အရွယ်ပဲရောက်ရောက် မတည့်တာနဲ့တွေ့ချိန်တိုင်း ဒီလက္ခဏာတွေကအကြိမ်ကြိမ်ပြန်ဖြစ်တတ်ပါတယ်။ မတည့်တဲ့အချက်တွေနဲ့ထိတွေ့မှုကိုရပ်လိုက်ရင် လက္ခဏာတွေသက်သာသွားလေ့ရှိပါတယ်။ ဒါကြောင့်မို့ G6PD ချို့တဲ့တာကိုသိရှိတာနဲ့တပြိုင်နက် မတည့်တဲ့အရာတွေကိုမှတ်သားပြီး သတိပြုရှောင်ကြဉ်ပေးသွားကြဖို့က အထူးအရေးကြီးပါတယ်။

📛📛 G6PD ချို့တဲ့သူတွေနဲ့မတည့်တဲ့အရာတွေက ??
(၁) တောင်ကြီးပဲလှော်၊ ပဲကြားများ၊ ပဲကြီး၊ ပဲပိစပ်၊ ပဲပုပ်စတဲ့ပဲများ
(၂) ကြက်ဟင်းခါးသီး၊ ဒန်းရွက်၊ လက်ဖက်နှင့် လက်ဖက်စိမ်း (Green Tea)
(၃) Chemical ဆိုးဆေးများ၊ မဲနယ်ပါသော အသုံးအဆောင်၊ အစားအစာအမျိုးမျိုး
(၄) ပရုတ်လုံး၊ ပရုတ်ခဲနှင့် ပရုတ် (Menthol) ပါသောအစားအစာ၊ အသုံးအဆောင်များ ( သကြားလုံး၊
ပီကေ၊ သွားတိုက်ဆေး၊ ဒဏ်ကြေဆေး၊ ပရုတ်ဆီစသဖြင့်) လုံးဝမသုံးရပါ။ (*** မွေးကင်းစကလေး
အတွက် အနှီးပြင်ဆင်ချိန်မှာပရုတ်လုံးများမထည့်ဘဲ ပြင်ဆင်သင့်ပါတယ်။***)
(၅) ဆေးဝါးများတွင်လည်း G6PD ချို့တဲ့သူများနဲ့မတည့်တဲ့ဆေးတွေများစွာရှိပါတယ်။

#အဓိကအသုံးများတတ်သောဆေးများအနေနဲ့
- ဗီတာမင် C နှင့် ဗီတာမင် K ဆေးများ၊ သံဓာတ်များသောဆေးများ
- ဆာလ်ဖာ (Sulphur) ပါသောဆေးများ Septrin, Chloramphinicol, Streptomycin,
- အကိုက်အခဲပျောက်ဆေးအုပ်စုတွင် Asprin, Paracetamol ပါသောဆေးများ
- ပဋိဇီဝပိုးသတ်ဆေးများတွင် Quinolones (Ciprofloxaccin, Ofloxaccin, Norfloxaccin) ၊
Nalidixic acid၊ Nitrofurantoin
- ငှက်ဖျားဆေးများ Primaquine၊ Pentuquine ၊ Quine အမည်ပါဆေးဝါးများ
- အချို့သောကင်ဆာဆေးများ၊
- အချို့သော တိုင်းရင်းဆေးများ
(၆) အချို့သောဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်ပိုးများကူးစက်ခံရခြင်း စတဲ့အကြောင်းရင်းတွေက G6PD ချို့တဲ့သူတွေအတွက် ရောဂါပြင်းထန်စေတတ်လို့ သတိပြုရှောင်ကြဉ်ပေးရမှာဖြစ်ပါတယ်။ ဆရာဝန်ပြသချိန်တိုင်းမှာ မိမိမှာဒီအင်ဇိုင်းချို့တဲ့ကြောင်း မမေ့မလျော့ပြောပြရမှာဖြစ်ပါတယ်။

💊💉 G6PD ချို့တဲ့လို့သွေးအားနည်းရင်ဘယ်လိုကုသမှုခံယူရတတ်ပါသလဲ??
ပထမဦးဆုံးအနေနဲ့ ဖြစ်စေတဲ့အကြောင်းအရာကို ရှာဖွေပြီးချက်ချင်းရပ်တန့်ရမှာပါ။ ဒီလိုမတည့်တဲ့အရာကိုရပ်တန့်ရုံနဲ့ ရောဂါလက္ခဏာတွေက သက်သာလာတတ်ပါတယ်။ တချို့မှာတော့ရောဂါဆိုးရွားနေရင် ဆေးရုံတက်ပြီးအောက်ဆီဂျင်ရှူရတာ၊ သွေးအားတိုးဆေးများပေးတာ၊ သွေးသွင်းတာမျိုးတွေလုပ်ပြီး ကုသရတတ်ပါတယ်။

💢💢 G6PD ချို့တဲ့ခြင်းကိုစောစောသိရှိနိုင်ဖို့ ??
G6PD ချို့တဲ့မှုရှိမရှိကို သွေးဖောက်စစ်ဆေးခြင်းဖြင့်သိနိုင်ပါတယ်။ မိမိရဲ့မျိုးရိုးထဲမှာဒီရောဂါရှိဖူးရင် ကလေးမွေးဖွားတဲ့အခါမှာ အထူးသဖြင့်ယောကျ်ားလေးဖြစ်ပါက မွေးကင်းစကလေးအရွယ်တည်းက သွေးစစ်ကြည့်ထားသင့်ပါတယ်။ ဒါမှသာမတည့်တဲ့အရာတွေကို ကြိုတင်ရှောင်ထားလို့ရမှာပါ။ ဒီလိုရှောင်ကြဉ်နေထိုင်နိုင်ရင် တစ်သက်တာလုံးဒီရောဂါကြောင့်အန္တရာယ်မရှိနိုင်ဘဲ သာမန်လူများကဲ့သို့ကောင်းမွန်စွာနေထိုင်နိုင်ပါကြောင်း ကျန်းမာရေးဗဟုသုတ မျှဝေပေးလိုက်ပါတယ်👩‍🔬
-------------------------------



လင်ဇီးနဲ့ထိရောက်ပုံကိုတော့နောက်ရက်မှမျှဝေပေးမယ်နော်

မေတ္တာများဖြင့်💝
ဒေါက်တာခိုင်ခိုင်သက်ဆွေ
(092400428)

💋Hello'ဆရာမလား?ဆေးခန်းပြချင်လို့ကျွန်မ-ဘာဖြစ်လို့လဲ?မိတ်ဆွေ-ပါးစပ်ဟမရတာကြာနေပြီ၊တဖြည်းဖြည်းပိုဆိုးလာလို့။အခုလက်၂လုံးတောင...
28/05/2023

💋Hello'ဆရာမလား?ဆေးခန်းပြချင်လို့
ကျွန်မ-ဘာဖြစ်လို့လဲ?

မိတ်ဆွေ-ပါးစပ်ဟမရတာကြာနေပြီ၊တဖြည်းဖြည်းပိုဆိုးလာလို့။အခုလက်၂လုံးတောင်ဟ'မရဘူး

ကျွန်မ-ပူတာစပ်တာမစားနိုင်တာမျိုးရှိလား?ဆေးလိပ်သောက်လား?ကွမ်းစားသလား?

မိတ်ဆွေ-ဟုတ်တယ်၊မစားနိုင်ဘူး။ပါးစပ်မဟ'နိုင်တာ(တဖြည်းဖြည်းကျဉ်းလာတာ)လွန်ခဲ့တဲ့၁၀နှစ်ကစဖြစ်တာပါပဲ။ကွမ်းနည်းနည်းစားတယ်။ဆေးလိပ်သောက်တယ်။အခုကပါးစောင်မှာအနာဖြစ်တာ မပျောက်တာ၂လရှိပြီ။

အဲ့ဒါနဲ့ဆေးခန်းကိုခေါ်ပြီးခံတွင်းကိုစစ်ဆေးကြည့်လိုက်တော့
ဘယ်ဘက်ပါးအနည်းငယ်ရောင်နေပြီး
ဘယ်ဘက်ပါးစောင်အနောက်ဘက်နားမှာ-2.5cmအရှည်ရှိတဲ့ကင်ဆာအနာကိုတွေ့ရပါတယ်။စမ်းသပ်မှုအရမေးရိုးအောက် ပြန်ရည်ဂလင်းအထိတော့မပျံ့သေးဘူးလို့ယူဆရပါတယ်။(submandibular lymph nodes moveable)

မိတ်ဆွေကိုသေချာရှင်းပြပြီးကင်ဆာအနာဖြစ်‌နေပြီး
ကင်ဆာကုထုံးနဲ့ကုသရမယ့်၊ပထမဦးဆုံးခွဲစိတ်ဖယ်ရှားပြီးမှchemo/radiation therapy စသဖြင့်ကုသဖို့လိုအပ်ပါတယ်လို့ပြောပြဖြစ်ခဲ့ပါတယ်။
**ကင်ဆာအဆင့်ကိုထပ်မံစစ်ဆေးဖို့-x'ray,(or)CT scan,(or)PET,(or)MRIစသဖြင့်လိုအပ်ပါတယ်။
**ခံတွင်းကင်ဆာအဆင့်သတ်မှတ်ခြင်းကိုTNMစနစ်ကိုသုံး၍ပြုလုပ်ရပါတယ်။
**Tသည်အကျိတ်အရွယ်အစားဖြစ်ပြီးT1သည်အငယ်ဆုံးဖြစ်ပြီးT4သည်ပိုမိုပြင်းထန်သည်။

**Nသည်လည်ပင်းရှိLymph nodeများ၏ကင်ဆာcellsများပျံ့ပွားမှာကိုတိုင်းတာသည်။
N 0'သည်ပျံ့နှံ့မှုမရှိ
N1,N2,N3သည်ပျံ့နှံ့မှုအတိုင်းအတာကိုပြသည်။

**Mသည်ကင်ဆာcellsများအခြားးအင်္ဂါများသို့ပျံ့နှံ့မှုရှိသည်ကိုပြသည်။

🤔နောက်တစ်မျိုးအားဖြင့်
-ကင်ဆာအဆင့်(၁)=ကင်ဆာအကျိတ်သည်2cmအောက်သေးပြီး
ပြန်ရည်ကြောအထိမပျံ့နှံ့သေးတဲ့အခြေအနေ
-ကင်ဆာအဆင့်(၂)=ကင်ဆာအကျိတ်သည်2-4cmအရွယ်အစားရှိပြီးပြန်ရည်ကြောအထိမပျံ့နှံ့သေးတဲ့အခြေအနေ
-ကင်ဆာအဆင့်(၃)=ကင်ဆာအကျိတ်သည်4cmထက်ကြီးပြီးပြန်ရည်ကြောအထိမပျံ့နှံ့သေးတဲ့အခြေအနေ
-ကင်ဆာအဆင့်(၄)=ကင်ဆာအကျိတ်သည်အရွယ်အစားအမျိုးမျိုးရှိနိုင်ပြီး၊နီးစပ်ရာtissue,ပြန်ရည်ကြော၊တခြားကိုယ်တွင်းအစိတ်အပိုင်းထိပျံ့နှံ့ပြီးတဲ့အခြေအနေ(အန္တရာယ်အများဆုံး)

💖လင်ဇီးဟာကိုယ်ခန္ဓာရဲ့ကျန်းမာရေးကိုထိန်းညှိပေးတဲ့ဓာတ်စာဖြစ်တဲ့အတွက်-လင်ဇီးကိုစားရင် ကင်ဆာရောဂါကိုကာကွယ်ပေးနိုင်ပါတယ်။
**-ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးနိုင်သလို ကိုယ်ခံစွမ်းအားကိုထိန်းညှိပေးနိုင်ပါတယ်။

**လင်ဇီးမှိုရဲ့အဓိကပစ္စည်းဖြစ်တဲ့polysaccharide နဲ့ Triterpine
ဒြပ်တွေဟာဓာတုကာကွယ်ခြင်းလို့ခေါ်တဲ့chemo preventive နဲ့
ကင်ဆာကိုသုတ်သင်နိုင်ခြင်းစတဲ့စွမ်းရည်များရှိတဲ့အပြင်
ကင်ဆာcellsများပျံ့နှံ့ခြင်းကိုတားဆီးကာကွယ်ပေးနိုင်ပါတယ်။

**Lingzhi8 protein ဟာခုခံအားစနစ်ကိုညှိယူထိန်းချုပ်နိုင်သည့်အတွက်ခုခံအားစနစ်ကိုပိုအားကောင်းစေပါတယ်။

**လင်ဇီးဖြည့်စွက်စာဟာ ခုခံအားစနစ်ရဲ့အဓိကcellတစ်ခုဖြစ်တဲ့Lymphocytes ကိုတိုးပွားအောင်မပြုလုပ်နိုင်သော်လည်း
သူ့ရဲ့မျိုးရိုးဗီဇပုံစံ gene expression IL1beta, IL6, IL10
နဲ့Tumour necrosis factor တို့ကိုလှုံ့ဆော်ပေးနိုင်တဲ့အစွမ်းသတ္တိရှိပါတယ်။

မိတ်ဆွေများအားလုံးလည်းကင်ဆာရောဂါဖြစ်ပွားခြင်းမှကာကွယ်နိုင်ကြပါစေ၊အစားအသောက်များကိုလည်းအသိဉာဏ်စောင့်၍ဆင်ခြင်စားသောက်နိုင်ကြပါစေရှင့်။🥰

မေတ္တာများဖြင့်
ဒေါက်တာခိုင်ခိုင်သက်ဆွေ(092400428)

လွန်ခဲ့တဲ့အနှစ်၂၀နီးပါး ဆရာဝန်ဖြစ်ခါစတာဝန်ကျရာမြို့မှာ မြို့ရဲ့အထင်ကရဘုန်းကြီးကျောင်းကကျောင်းထိုင်ဘုန်းဘုန်းကိုတစ်ပတ်တစ်...
25/05/2023

လွန်ခဲ့တဲ့အနှစ်၂၀နီးပါး ဆရာဝန်ဖြစ်ခါစ
တာဝန်ကျရာမြို့မှာ မြို့ရဲ့အထင်ကရ
ဘုန်းကြီးကျောင်းကကျောင်းထိုင်ဘုန်းဘုန်းကိုတစ်ပတ်တစ်ကြိမ်
သွေးချိုဖောက်စစ်ပေးရဖူးပါတယ်။
နံနက်စောစောလက်ထိပ်ဖောက်စစ်ပေးရတာ
ဘုန်းဘုန်း ဘယ်လိုခံစားရမလဲမသိပါ
သွေးဖောက်ပေးတဲ့၊ကျွန်မကတော့ ကိုယ်တိုင်အဖောက်ခံရသလို
စိတ်ထဲခံစားမိတယ်။(ကိုယ့်လက်ထိပ်နာသလို)
ဘုန်းဘုန်းခမျာ-လာကပ်သမျှဆွမ်း/ဟင်း/အချိုပွဲကို
စိတ်ကြိုက်ဘုန်းမပေးရဘဲ ရှောင်ရတာကများပါတယ်။
သောက်ရတဲ့ဆေးတွေကလည်း အများကြီးပါပဲ။😥

🤔အဲ့ဒီအချိန်ကတည်းက ဘုန်းဘုန်းကိုကြည့်ပြီး
ကျွန်မကတော့ဆီးချိုရောဂါမဖြစ်အောင်
နေထိုင်စားသောက်ရမယ်လို့ဆုံးဖြတ်ခဲ့ပါတယ်။
တကယ့်တကယ်ကျတော့ မြန်မာလူမျိုးကျွန်မတို့က
အဆီကြိုက်/အငံကြိုက်/အချိုကြိုက်(ဟင်းချိုမှုန့်အပြင်ကြက်သားမှုန့်ပါ
စားကြပါတယ်။)
ဘုန်းကြီးကျောင်းတွေကိုလည်း ကိုယ်ကြိုက်သလိုအရသာကောင်းအောင်
ချက်ပြုတ်ပြီးကပ်လှူကြတာဟာ ကုသိုလ်ရပေမယ့်
တစ်ဖက်မှာလည်း ဘုန်းဘုန်းတွေမှာ
သွေးတိုး ဆီးချို နှလုံး ရောဂါတွေအဖြစ်များလာပါတယ်။

😲လွန်ခဲ့တဲ့၃ရက်ကဘုန်းဘုန်းပျံလွန်တာ်မူတဲ့အကြောင်းကြားမိတော့
သက်တော်အလွန်မကြီးသေးတဲ့ဘုန်းဘုန်းမို့ ပျံလွန်တော်မူတာစောတယ်
သာသနာအတွက်နစ်နာတယ်လို့ခံစားမိပြီးစိတ်မကောင်းဖြစ်ရပါတယ်။

💁ဆီးချိုရောဂါဆိုတာ-သက်ငယ်ဆီးချိုနဲ့သက်ကြီးဆီးချိုဆိုပြီး၂မျိုးရှိရာမှာ သက်ငယ်ဆီးချို=insulin dependent
သက်ကြီးဆီးချို=non insulin dependent
ဆိုပြီးအကြမ်းအားဖြင့်ခွဲခြားနိုင်ပါတယ်။

Insulin dependent ကတော့ pancreas ကinsulin hormone မထုတ်နိုင်/မထွက်လို့ insulinကိုထိုးနေရပြီး
သွေးတွင်းသကြားဓာတ်ကို ထိန်းပေးရတာဖြစ်ပါတယ်။

Non insulin dependent ကတော့‌ pancreas ကinsulin ထုတ်ပေးပေမယ့် နည်းလာတာ(သို့)insulinစစ်ထုတ်မှုပုံမှန်ဖြစ်နေသော်
‌လည်းinsulin hormone ကိုလက်ခံသောအဂ်ါ၏တုံ့ပြန်မှုနှေးကွေးသွားသောကြောင့်insulin ၏စွမ်းရည်ကိုမပြသနိုင်ဘဲသွေးတွင်းသကြားဓာတ်မြင့်မားခြင်းကိုသောက်ဆေး
Metformin/Diamicron စသဖြင့် ဆေးအကူနဲ့သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးရတာဖြစ်ပါတယ်။

🥰လင်ဇီးမှာ insulin ထုတ်ပေးတဲ့ pancreas အဂ်ါကcellsတွေကိုပြန်လည်သက်ဝင်လှုပ်ရှားစေတဲ့အစွမ်းသတ္တိရှိပါတယ်။
လင်ဇီးမှာပါတဲ့Polysaccharideအမျိုးပေါင်း၁၀၀ကျော်ထဲမှ
Polysaccharide A B C I (၄)မျိုးက
သွေးထဲကသကြားဓာတ်ကိုလျှော့ချရာမှာအလွန်အသုံးဝင်ပါတယ်။
Insulin ပိုထွက်အောင်လည်းပြုလုပ်ပေးနိုင်ပါတယ်။
Tissue တွေရဲ့သွေးသကြားဓာတ်အသုံးပြုမှုကိုလည်း
မြှင့်တင်ပေးနိုင်တဲ့အစွမ်းသတ္တိရှိပါတယ်။
-အနာတွေရဲ့ဘေးပတ်ပတ်လည်ရှိသွေးကြောများအသစ်ဖြစ်ပေါ်မှုကို
အားပေးတဲ့အတွက်အနာအကျက်မြန်စေပါတယ်။

ကြွက်များနှင့်စမ်းသပ်ရာတွင်-1g/kgနှုန်းနှင့်တိုက်ကျွေးရာ(၆)နာရီအကြာတွင်ယင်းတို့၏သွေးသကြားဓာတ်သည်
425mg/dl မှ350mg/dl သို့ကျဆင်းသွားသည်။(17.65%)
ဆီးချိုရောဂါအပေါ်လင်ဇီး၏အကျိုးသက်ရောက်မှု(60-70%)
ကျမ်းကိုးစာရင်း-မျက်မှေက်ခေတ်သိပ္ပံပညာနှင့်လင်ဇီးကိုလေ့လာခြင်း
( Professor လျိုကော့ကျု)
-လင်ဇီးပိုလန်နှင့်ဆေးဝါးဗေဒ(ဒေါက်တာကျန်းကော်ပင်း)

💝မိတ်ဆွေများလည်းဤစာကိုဖတ်ရှုပြီးအကျိုးတစ်စုံတစ်ရာ
ရရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်။

အစားအသောက်ကိုအသိ သတိဖြင့်ဆင်ခြင်စားသောက်ပြီး
ကာကွယ်ရေးကျန်းမာရေးကို ရရှိကြပါစေရှင့်။
မေတ္တာများဖြင့်
ဒေါက်တာခိုင်ခိုင်သက်ဆွေ(092400428)
26လမ်း၊59×60ကြား("သော်တာစန်း"သွားဆေးခန်း)

Greessence ဆိုတာ ...=============တစ်ကိုယ်ရေ သုံးထုတ်ကုန်တွေအားလုံးကို Greessence သဘောတရားကိုအသုံးပြုပြီး ထုတ်လုပ်ခဲ့ပါတယ...
21/05/2023

Greessence ဆိုတာ ...
=============
တစ်ကိုယ်ရေ သုံးထုတ်ကုန်တွေအားလုံးကို Greessence သဘောတရားကို
အသုံးပြုပြီး ထုတ်လုပ်ခဲ့ပါတယ်....
Green ဆိုတာကတော့ သဘာဝ လို့ ဆိုလိုတာဖြစ်ပြီး Essence ဆိုတာကတော့ အဆီအနှစ်ပါ။
Green +Essence = Greessence ဖြစ်လာတာပါ ..
Greessence လို့ ရေးထားတဲ့ ထုတ်ကုန်တိုင်းမှာအချက်(၃) ချက်နဲ့ ပြည့်စုံရပါမယ်..
(1) ထုတ်ကုန်ထဲမှာပါတဲ့ ပါဝင်ပစ္စည်းတိုင်းသဘာဝပစ္စည်းဘဲ ဖြစ်ပါတယ်။
(2) ထုတ်လုပ်တဲ့ကုန်ချော ကျန်းမာရေးပစ္စည်းတိုင်းဟာလူ့အရေပြားကို
မထိခိုက်စေပါဘူး။
(3) ဆေးကြောလိုက်တဲ့အရည် (ဥပမာ..ခေါင်းလျှော်ပြီး စီးကျလာတဲ့အရည်)
ဟာ ပတ်ဝန်းကျင်မြေဆီလွှာကို ထိခိုက်ခြင်း၊ ပျက်စီးခြင်း မရှိစေရဘူး ..
တစ်နည်းအားဖြင့် ဘေးအန္တရာယ်ကင်းတဲ့ရေ ရာနှုန်းပြည့် ဖြစ်ရမယ်..
ခေတ်စကားနဲ့ပြောရရင် Eco Friendship ဖြစ်တာမျိုးပါ..
Greessence ပါတဲ့ ထုတ်ကုန်တွေဟာ ပတ်ဝန်းကျင်ထိန်းသိမ်းတဲ့ထုတ်ကုန်တွေပါ....
23.2.2005 နေ့ Dusit Inyalake ဦးဆောင်ဆွေးနွေးမှုသင်တန်းမှတ်စုထဲမှ ပြန်လည်တင်ဆက်ခြင်းပါ...

ကျေးဇူးတင်စွာဖြင့်.....Dr Tin

မိတ်ဆွေတို့ရေမိတ်ဆွေတို့ဘက်ကpageကိုfollow&likeလုပ်ရမှာဝန်လေးသလိုတခြားသူတော့မသိဘူးရှင့်**ကျွန်မအနေနဲ့pageထောင်ရမှာအလွန်ဝန...
20/05/2023

မိတ်ဆွေတို့ရေ
မိတ်ဆွေတို့ဘက်ကpageကိုfollow&likeလုပ်ရမှာဝန်လေးသလိုတခြားသူတော့မသိဘူးရှင့်
**ကျွန်မအနေနဲ့pageထောင်ရမှာအလွန်ဝန်လေးလှပါတယ်။**
ကိုယ့်ကိုယ်ကိုယ် ကြော်ငြာတာမကောင်းဘူး၊‌ကိုယ်သာတကယ်""အရည်အချင်းနဲ့စေတနာကောင်းရင်""
ကိုယ့်ဝန်ဆောင်မှုကိုလိုအပ်သူ
ပဌာန်းဆက်ရှိတဲ့သူတွေကိုကူညီခွင့်ရလိမ့်မယ် လို့ခံယူထားခဲ့လို့ပါရှင့်။
ကျွန်မတို့ဆရာကပြောတယ်ရှင့်၊
ကိုယ်ဘာကျွမ်းကျင်တယ်ဆိုတာမသိဘဲနဲ့ဘယ်သူကလာအကူအညီတောင်းမှာလဲ၊ဘယ်သူကလာတိုင်ပင်မှာလဲတဲ့။
ဒါကြောင့်ကိုယ်ကျွမ်းကျင်တဲ့ပညာရပ်နဲ့ကာကွယ်ရေးကျန်းမာရေးကိုရရှိဖို့
ပညာဒါနမျှဝေသွားပါ့မယ်ရှင့်။

ပါချုပ်ဆရာတော်ဘုရားဟောသလို လူတွေကျန်းမာဖို့
ကံ စိတ် ဥတု အာဟာရ (၄)မျိုးနဲ့ထောက်ပံ့ပေးနေရပါတယ်။
ကံကိုလည်းပြုပြင်၊စိတ်ကိုလည်းအေးချမ်းအောင်နေ၊ဥတုနဲ့ကိုက်အောင်နေပြီးအာဟာရကိုမျှတစွာမှီဝဲရင် သက်တမ်းစေ့နေနိုင်ပါတယ်လို့မိန့်ဖူးတာကြားဖူးပါတယ်ရှင့်။
အာဟာရက်ိုမျှတစွာမမှီဝဲလို့သက်တမ်းစေ့မနေသွားကြတဲ့သူတွေအများကြီးကို‌ေတွ့ဖူးပါတယ်
။ဥပမာ-ဆီးချိုရှိသူကသရက်သီးမှည့်ပေါ်ချိန်အများကြီးစားမိလို့ဆီးချိုတက်ကာလေဖြတ်သွားသူ
-သွေးတိုးရောဂါရှိသူ-ဝက်သားနဲ့ဒညှင်းချက်၊ငပိရည်တို့စရာစားပြီးလမ်းမမှာလဲကျသွားသူ။ ..........စသဖြင့်ပေါ့ရှင်

ကျွန်မတို့တွေကာကွယ်ရေးကျန်းမာရေးကို
💖-နေ့စဉ်လေ့ကျင့်ခန်းမှန်မှန်လုပ်ခြင်း
-ရေကိုလုံလောက်စွာသောက်ခြင်း
-အိပ်ချိန်ကိုပြည့်ဝစွာအိပ်ခြင်း
-စိတ်ငြိမ်းအေး‌စွာကြံစည်နေထိုင်ပြောဆိုခြင်း
-အာဟာရပြည့်ဝစွာစားသောက်ခြင်းတို့ဖြင့်ရရှိနိုင်ပါတယ်။
ခေတ်အခြေအနေအရ ခန္ဓာကိုယ်အတွက်အကျိုးပြုတဲ့သန့်ရှင့်တဲ့အစားအစာရဖို့တော့မလွယ်ဘူးပေါ့နော်။
😵‍💫စားလိုက်တဲ့အစားအစာ၊ရှူလိုက်တဲ့လေတွေကနေတဆင့်
Infection ဝင်နိုင်၊immuneကျနိုင်တာမို့ပါ။
ကျွန်မလေ့လာထားတဲ့လင်ဇီးကဖြည့်စွက်အဟာရဖြစ်ပြီး
ခန္ဓာကိုယ်မှာရှိတဲ့အဆိပ်အတောက်
အညစ်‌အကြေးများကိုစွန့်ထုတ်မှုပိုအားကောင်းစေပါတယ်။
ခန္ဓာကိုယ်အတွင်းမှာစုပုံကျန်တာမျိုးမရှိ
No side effect
No over dose
လင်ဇီးနဲ့ပက်သက်ရင်နှစ်ပေါင်း၂၀၀၀ကျော်ကတည်းကတရုတ်ပြည်သမိုင်းမှာ‌ဆေးကျမ်းများစွာအထင်အရှားရှိခဲ့ပါတယ်။
လင်ဇီးကိုစားရင်အသက်ရှည်တယ်၊နုပျိုတယ်ပဲသိခဲ့ကြပြီးနတ်ဆေးမြစ်လို့သိခဲ့ကြကာဘုရင် မိဖုရားတွေသာစားရတဲ့တော်ဝင်နန်းသုံးဆေးအဖြစ်ကျော်ကြားခဲ့ပါတယ်။
လွန်ခဲ့တဲ့1978-79ခုနှစ်မှမျိုးပွားစနစ်နဲ့‌စိုက်ပျိုးအောင်မြင်ခဲ့ပြီး
လူအများစားသုံးခွင့်ရခဲ့တာဖြစ်ပါတယ်။

စာလည်းရှည်သွားပြီမို့ဒီနေ့တော့ဒီလောက်နဲ့ပဲအဆုံးသတ်ပါ့မယ်ရှင့်။
ဗဟုသုတ တစ်စုံတစ်ရာရရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင့်။🙏🙏🙏

ချစ်ခြင်းများစွာဖြင့်
Dr.ခိုင်ခိုင်သက်ဆွေ
ကျမ်းကိုးစာရင်း-မျက်မှောက်ခေတ်သိပ္ပံပညာနှင့်လင်ဇီးကိုလေ့လာခြင်း
Professor လျိုကော့ကျူ

**Pageတင်တိုင်း ဈေးရောင်းခံဖို့လား?ထင်ပြီးLike & follow လုပ်ရမှာဝန်လေးတတ်ကြပါတယ်။**(ကျွန်မကိုယ်တိုင်ပါပဲ။)ဟုတ်တော့လည်းဟု...
19/05/2023

**Pageတင်တိုင်း ဈေးရောင်းခံဖို့လား?ထင်ပြီး
Like & follow လုပ်ရမှာဝန်လေးတတ်ကြပါတယ်။**
(ကျွန်မကိုယ်တိုင်ပါပဲ။)
ဟုတ်တော့လည်းဟုတ်နေတာကိုး ။pageတစ်ခုကိုfollowလုပ်ထားပြီးတစ်နေ့တစ်နေ့ဝင်လာမယ့်contentတွေဖတ်ရတာ
အချိန်ကုန်တယ်လေ။😵‍💫
ကုန်သွားတဲ့အချိန်နဲ့အတူ ရလိုက်တဲ့ဗဟုသုတ၊/ခံယူချက်၊/အတွေးအခေါ်
တွေကတန်ဖိုးရှိရင်ကောင်းတာပေါ့နော်။💝
ကိုယ့်အချိန်ကိုတန်ဖိုးထားဖို့လိုသလိုသူများရဲ့အချိန်ကိုလည်းတန်ဖိုးထားဖို့လိုပါတယ်။
ကျွန်မတို့ လူ့ဘဝကို ခဏတာလာကြတဲ့အခါ ဘာတွေယူသွားကြမလဲ?
ဘာတွေထားခဲ့ကြမလဲ? အဲ့ဒါကိုကျွန်မကပိုတန်ဖိုးထားပါတယ်ရှင့်။

တရားနာရင်းဘုန်းဘုန်းမိန့်တာကြားဖူးတယ်ရှင့်။
ဘုန်းဘုန်းက-ဘုန်းဘုန်းမယ်တော်ကို "တစ်ခါမှစိတ်မဆိုးဖူးဘူးတဲ့"အဲ့ဒီစကားကြားလိုက်တော့ ကျွန်မကိုယ်ကျွန်မ ရှက်သွားမိတယ်။
ဘုန်းဘုန်းကဆက်မိန့်တယ်-ဘဝဆိုတာ တခဏ တခဏ လေးတွေစုပြီးတစ်ဘဝဖြစ်တာပါ၊တခဏလေးမှာ ဘယ်သူ့ကိုမှစိတ်မဆိုးမိအောင်နေနိုင်ရမယ်တဲ့။အဲ့လိုဖြစ်အောင်**အသိနဲ့သတိ**ကပ်နေမှရမှာမို့ပါ။

ကျွန်မနလုံးသားမှာ စွဲမြဲသွားတဲ့စကားလေးမို့မိတ်ဆွေတို့ကိုပြန်မျှဝေပါတယ်ရှင့်။နောက်ရက်တွေမှာတော့
**ကာကွယ်ရေးကျန်းမာရေးကို ဘယ်လိုနေထိုင်စားသောက်ကြခြင်းဖြင့်
နာတာရှည်ရောဂါတွေကိုကာကွယ်နိုင်ပါတယ်**ဆိုတာမျှဝေပေးမယ်နော်။
ကျန်းမာရေးနဲ့ပတ်သက်တာ-သိချင်တာရှိရင်မေးလို့ရပါတယ်ရှင့်။

ချစ်ခြင်းများစွာဖြင့်
ဒေါက်တာခိုင်ခိုင်သက်ဆွေ

17/05/2023

မိတ်ဆွေများအားလုံးမဂ်လာပါရှင့်
"ကျန်းမာခြင်းသည်လဘ်ကြီးတစ်ပါး"👍လို့ပြောနေကြသော်လည်း အချိုမှုန့်လေးပါမှစားကောင်းတာ😁
ဆီရွှဲရွှဲလေးနဲ့မှငါးရံ့ခြောက်ဖုတ်ကအရသာရှိတာ😋
လ္ဘက်ရည်ဆို-တိုင်ကီမှ😛.................ပြောနေကြ၊စားနေကြ၊သောက်နေကြတဲ့
ကျွန်မတို့နိုင်ငံက ကင်ဆာအဖြစ်ဆုံး(၁၀)နိုင်ငံမှာ
ဒုတိယ နေရာရောက်နေပြီးသွေးတိုး၊ဆီးချို၊နှလုံးရောဂါတွေအဖြစ်များ
တယ်လို့ ပညာရှင်များကဆိုပါတယ်။
ဟုတ်ပါသလား?မိတ်ဆွေတို့ရေ။

🥵ဘာကြောင့်များလဲအဖြေရှာကြည့်တော့
-စာဖတ်အားနည်း
-ကျန်ူမာရေးဗဟုသုတရှာမှီးတာအားနည်း
-ရသာတဏှာကိုဖြတ်ရခက်သမို့
-ဖြစ်လာမယ့်ဆိုးကျိုးကိုမသိလို့ မဆင်ခြင်နိုင်
-ကာကွယ်ရေးကျန်းမာရေးကိုအလေးမထားဘဲ
-ဖြစ်မှကု တဲ့သူတွေများလို့ဆိုတာ တွေ့ရပါတယ်။

💋Prevention is better than cure.👍
ကိုသာလက်တွေ့လိုက်နာကျင့်သုံးကြမယ်ဆိုရင်
မြန်မာလူမျိုးများ ကျန်းမာသက်ရှည်၍စီးပွားဥစ္စာများတိုးလို့
လောကီ၊လောကုတ္တရာ နှစ်ဖြာသောအကျိုးများရရှိနိုင်ပါလိမ့်မယ်ရှင့်။

🌺ကာကွယ်ရေးကျန်းမာရေးကောင်းဖို့
🎁Shine hopeလင်ဇီးကိုကြိုသောက်ထားကြစို့😂
(ကြော်ငြာတစ်လိုင်း)😜🤪😋

ချစ်ခြင်းများဖြင့်🥰
ဒေါက်တာခိုင်ခိုင်သက်ဆွေ
Tel:092400428

Address

26Bလမ်း၊59×60ကြား၊သော်တာစန်းသွားဆေးခန်း, ချမ်းအေးသာစံမြို့နယ်၊မန္တလေးမြို့
Mandalay

Website

Alerts

Be the first to know and let us send you an email when SHINE HOPE Authorized Dealer & Service Provider MDY posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share