Aung Khant Zaw

Aung Khant Zaw Business successful

04/11/2021

မဖြစ်နိုင်တဲ့ အလုပ်
🏹🏹🏹🏹🏹🏹🏹🏹🏹
လွန်ခဲ့တဲ့ သုံးရာစုနှစ်လောက်က
တရုတ်နိုင်ငံက စစ်တိုက်တာ
အင်မတန်တော်တဲ့ စစ်သူကြီးချူဟာ
ဘုရင် မကြိုက်တာတစ်ခုကို
လုပ်မိလိုက်တယ်။
ဘုရင်က အမျက်တော်ရှပြီး
သူ့ကို ခုလို အမိန့်ချလိုက်ပါတယ်။

"၃ ရက်အတွင်း
မြားအစင်း တစ်သိန်းလုပ်ပေးရမယ်။
မလုပ်ပေးနိင်ရင်
ခေါင်းဖြတ်သတ်ခံရမယ်"တဲ့။

အဲဒီအချိန်မှာ
အင်အားကြီးမားတဲ့ ရန်သူဟာ
သူတို့မြို့ကို သိမ်းဖို့
ရေကြောင်းကနေ ချီတက်လာရင်း
မြို့နားရောက်ခါနီး
မြစ်ကမ်းစပ်တစ်နေရာမှာ
စခန်းချနေပါတယ်။
ဘုရင့်မှာ အဲဒီရန်သူကို ပြန်တိုက်ဖို့
မြားတွေ အများကြီး လိုအပ်နေပါတယ်။

စစ်သူကြီးချူက ၃ ရက်အတွင်း
မြားအစင်း တစ်သိန်းလုပ်ပေးပါမယ်လို့
ဘုရင်ကို ပြန်လျှောက်လိုက်တယ်။
တကယ်တော့
မြားအစင်း တစ်သိန်းလုပ်ပေးဖို့
သူ့မှာ ဝါး၊ အလုပ်သမား
အလုံအလောက် မရှိသလို
၃ ရက်ဆိုတဲ့ အချိန်တိုလေးမှာ
ပြီးဖို့ဆိုတာ ပိုပြီး မဖြစ်နိုင်သေးတယ်။

ဒါပေမဲ့
သူ အသက်အသေမခံနိုင်လို့
အဲဒါကို ရွေးချယ်လိုက်တယ်။
စစ်သူကြီးဟာ
တညလုံး မအိပ်ဘဲ
ဘာလုပ်ရမလဲလို့ အကြံထုတ်တယ်။

မိုးလင်းခါနီးမှာ
အကြံတစ်ခုရလိုက်တယ်။

စစ်သူကြီးချူဟာ
သူ့စစ်သားတွေကို
ရွက်သင်္ဘောတွေ၊
လှေတွေရဲ့ ဘေးတွေမှာ
ကောက်ရိုးထုံးတွေကို ချည်ခိုင်းလိုက်တယ်။

ကုန်းပတ်အပေါ်တွေမှာလည်း
ကောက်ရိုးထုံးတွေနဲ့
ဖုံးအုပ်ခိုင်းလိုက်တယ်။
ရွက်တွေကိုလည်း
ကောက်ရိုးမျှင်တွေနဲ့ ကာခိုင်းလိုက်တယ်။

နောက်တစ်နေ့ ညနေ နေဝင်ခါနီး
နှင်းတွေ ထူထူထဲထဲ ကျနေချိန်ုမှာ
စစ်သူကြီးက ရွက်သင်္ဘောတွေ၊
လှေတွေကို မြစ်ကြောင်းအတိုင်း
ရန်သူ့စခန်းနားကို ချီတက်ခိုင်းလိုက်တယ်။

ရန်သူဟာ
နှင်းထုတွေကြားက
မသဲမကွဲ မြင်ရတဲ့
မည်းမည်းအကြီးကြီးတွေဟာ
စစ်သူကြီးချူရဲ့ ရွက်သင်္ဘောတွေ
လှေတွေလို့ ရိပ်မိပေမယ့်
ရေပြင်ကို ထွက်မတိုက်ရဲဘူး။

ဘာကြောင့်လဲဆိုတော့
စစ်သူကြီးချူဟာ
စစ်ရေးပရိယာယ်
အင်မတန် ကြွယ်ဝတယ်ဆိုတာကို
သူတို့ သိထားကြလို့ပါ။

ဒီတော့
ရန်သူဟာ စစ်သူကြီးရဲ့ သင်းဘောတွေ
သူတို့စခန်းနား ကပ်မလာနိုင်အောင်
မြားတွေနဲ့ ပစ်ကြတယ်။

သင်္ဘောတွေကလည်း
စခန်းနား ကပ်နိုင်သလောက်
ကပ်ကြတယ်။ ရန်သူလည်း
ကြောက်လန့်ပြီး ရှိသမျှ မြားတွေနဲ့
ပစ်လွှတ်ကြတယ်။

မိုးချုပ်တော့
စစ်သူကြီးချူက သင်္ဘော လှေတွေကို
မြို့ကို လှည့်ပြန်ခိုင်းလိုက်တယ်။

မနက်ရောက်တော့
စစ်သားတွေဟာ သင်္ဘော လှေတွေပေါ်က ကောက်ရိုးထုံးတွေမှာ စိုက်နေတဲ့
ရန်သူ့မြားတွေကို နူတ်ယူပြီး
စစ်သူကြီးချူဆီမှာ အပ်နှံကြတယ်။

စစ်သူကြီးက
ဘုရင့်ထံ မြားအစင်း တစ်သိန်းကို
၃ ရက်အတွင်း ပေးအပ်လိုက်နိုင်လို့
ဘုရင်က သူ့ကို အသက်ဘေးက
ကင်းလွှတ်ခွင့်ပေးလိုက်ပါတယ်။

အလုပ်တစ်ခုဟာ
ကြီးမားခက်ခဲလွန်းလို့
စစချင်းမှာ မဖြစ်နိုင်ဘူးလို့
ထင်စရာပါ။
ဒါပေမဲ့ သင့်ဦးနှောက်ကို
အပြည့်အဝ အသုံးချပြီး
ဖြစ်နိုင်တဲ့ နည်းလမ်းကို
စဉ်းစားရင် လုပ်လို့ရမယ့်
နည်းလမ်းကို
ရှာတွေ့ပါလိမ့်မယ်။

(အထိရောက်ဆုံးနည်းက
သင် အဲဒီနည်းလမ်းကို
မရရင် အသက်သေတော့မယ်လို့
သဘောထားစဉ်းစားပါ။
သေချာပေါက် အဖြေကို ရှာရပါလိမ့်မယ်)။

17/04/2020

Address

Thant Zin Kone
Mandalay
PYINOOLWINUPSTREET

Telephone

+959255477995

Website

Alerts

Be the first to know and let us send you an email when Aung Khant Zaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Aung Khant Zaw:

Share