Thusoeaung - စာပေနဲ့ဗဟုသုတ

Thusoeaung - စာပေနဲ့ဗဟုသုတ 💜No one can stop me💜

စာဖတ်ခြင်းကြောင့် ပျက်စီးခြင်းတေကင်းဝေးကြပါစေ🙏🙏

31/07/2024

စပါးခင်းပေါ်က ညဥ်းသံ

မြို့ပြရဲ့အလည်ခေါင်ကကြားရတယ်......

ဒီနေ့ရလာတဲ့ငွေသားနဲ့ရှင်းတာဘဲ.......

ဒါပေမယ့်...

အိမ်အပြန်ဘာမှပါမလာခဲ့......

ခေတ်ပျက်ကြီးထဲမှာ ဖျက်ပြစ်လိုက်ရတဲ့
အိပ်မက်တွေတစ်ပုံကြီးနဲ့.......

ကျွန်တော်လို့ လူသား
သန်းပေါင်းများစွာရှိနေမလား.......


💔🥀💀

01/07/2024

*စိတ်မပျော်လဲ အိပ်ပျော်အောင်....
အိပ်ရအုံးမယ် အမေရဲ့.......

*ဒီတစ်ခါထွက်မိတဲ့ ခရီးဒဏ်က......
လွမ်းတာ မဟုတ်ဘူးဗျ ပန်းတာ.......

*ငွေမရှိရင်ပူ နေမရှိရင်မမူတဲ့.....
နေကြာပင်တွေလို့ဘဲ.........
ငွေမရှိရင် ပူရမှာမို့.....
ငွေတောရှိအောင်ရှာရအုံးမယ် အမေရေ.....

❤🌻

30/06/2024

မေတ္တာပေးရင်...
မေတ္တာရမယ်လို့.....
ငါ့ဘုရားမဟောခဲ့ဘူး....
ချစ်သား.....

သူကောင်းကောင်း မကောင်းကောင်း....
ကိုယ်ကောင်းရမယ်လို့ဘဲ.....
ငါဘုရား မိန့်တော်မူခဲ့သည်.......။

❤🌻
30.6.2024..

15/06/2024

🌱ဘဝမြှင့်ရင်း.....
ဘဝင်မြင့်သွားရင်.....
ပြန်ကျတဲ့အခါ လက်ရှိဘဝလေးပါပျက်တတ်တယ်.......။

🌱ဆရာအောင်ချိမ့် ပြောခဲ့ဖူးသလိုဘဲ......
လူကြီးမင်း ခင်ဗျာ.....
ထမင်းစားတိိုင်း......
လူမဖြစ်နိုင်ပါ.......။

🤗🌱

31/05/2024

စာရေးဆရာကြီး ဦးဘုန်း(ဓာတု)

ပြောခဲ့သလိုဘဲ

ကိုယ်လာခဲ့တဲ့လမ်းဟာ

ကြမ်းလေလေ

ကိုယ့်ပုံပြင်က ပြန်ပြောလို့

ကောင်းလေလေဘဲ.....

31/05/2024

*မျက်ရည်သုတ်လိုက်တော့....

*လိုချင်တာမရလို့......

*ငိုရမယ့်အရွယ်မဟုတ်တော့ဘူး....

*လိုချင်တာကို ရအောင်.....

*ကြိုးစားယူရမယ့် အရွယ်ရောက်နေပြီ.....။

❤🌻

19/05/2024

ကျွန်တော် စာအုပ်တစ်အုပ်ထဲက စာတစ်ပိုဒ်ဖတ်ဖူးတယ်.......

ကျိန်စာလဲမတိုက်နဲ့....

ကလဲ့စားလဲမချေနဲ့တဲ့.....

မကြိုက်ရင် လှည့်ပြန်ပြီးရှောင်ထွက်ခဲ့လိုက်....

ပုတ်တဲ့အသီးဆိုတာ ကိုယ်ချွေစရာမလိုဘူး.....

အချိန်တန်ရင် သူအလိုလိုကြွေတယ်..........

26/04/2024

''ငွေ''သာ ရှာပါ ငါ့ကောင်ရာ

မချစ်လို့ ကြည့်တဲ့အကြည့်တွေထက်

မရှိလို့ ကြည့်တဲ့အကြည့်တွေက

ပိုနာကျင်ရပါတယ်ကွာ.....။

🖤✅

20/04/2024

ပင်လယ်ထဲမှာ ရေတွေအများကြီးရှိတယ်....

ဒါပေမယ့် သောက်လို့မရဘူးးး....

အဲလိုဘဲ......

လောကကြီးမှာ လူတွေ.....

အများကြီးရှိတယ်....

ဒါပေမယ့် ပေါင်းလို့မကောင်းတဲ့လူတွေ....

ပေါင်းမရတဲ့လူတွေ မိတ်ကောင်းဆွေကောင်း

မဟုတ်တဲ့သူတွေအများကြီးရှိတယ်.......။

❤🌻

14/04/2024

နှစ်ဟောင်းက နှစ်သစ်ကိုကူးရင်

နှစ်ဟောင်းက မကောင်းတာတွေကို

စွန့်ပြစ်ခဲ့ရတယ်တဲ့....

​ဗုဒ္ဓဘုရားရှင်က ဟောကြားခဲ့တော့.....

အဲထဲမှာ မင်းရောပါသွားခဲ့ပါလား.....။

❤🌻

10/04/2024

ငပိဆား မရှိတာက ဝယ်လိုရတယ်

အသိတရား မရှိတာက ဝယ်လို့မရဘူး

ငပိဆား ပါမှ ဟင်းအရသာရှိသလို

အသိတရား ရှိမှ လူ.ဘဝဟာ တန်ဖိုးရှိတယ်...။

#လူထုဒေါ်အမာ
❤✅🌻🌻

29/03/2024

သူဋ္ဌေးဖြစ် ခွေးဖြစ်
ကံစမ်းမဲ ဖောက်နေရတဲ့ ခေတ်မှာ

ဘယ်ဘဝမှ မနင်းရတဲ့ တက်လမ်းလို့ထင်
နာနာ သာနင်းတက်

အမှားတွေ ရှိခဲ့တောင်
တရားကို မထိစေနဲ့

ဒါမှ လူငယ် ပီသလိမ့်မယ် ။


29.3 .2024🌻

28/03/2024

ပျော်ရွှင်မှုတွေ ခန်းခြောက်လာတဲ့
ပတ်ဝန်းကျင်ပါ ။
လူစိမ်းမြင်ရင် သံသယတွေ ဝင်တတ်လာတယ် ။
နောက်ပြီး

ကိုယ့်ကိုယ်ကိုယ်
လုံခြုံတယ်လို့ထင်တဲ့ ခံစားချက်တွေလည်း
နည်းပါးလာတယ် !!

25/03/2024

လောကမှာ
မရှိမဖြစ်ဆိုတာ မရှိဘူး .. ကိုယ့်လူ
ဒါကြောင့်လဲ
ဗုဒ္ဓက (၂၄) ပစ္စည်းထဲမှာ
"နတ္ထိ ပစ္စယော"ဆိုပြီး ထည့်ဟောခဲ့တာပေါ့ ..

ဘယ်သူ့ ဘဝထဲမှာ မှ
ငါတို့ဟာ
ဖြတ်လျှောက်"အဆင့်ထက်မပိုခဲ့ဘူးဆိုတာ ယုံ..။

- မြူကင်း -

25.3.2024🌻

19/03/2024

အသားညိုတဲ့ အမျိုးသား'' လေးပါဗျာ.....

ဒီအမျိုးသားလေး'' ဟာ....

ချစ်ရတဲ့သူနဲ့ဆို.....

စကားလဲချိုသလို...

အချစ်လဲပိုပါတယ်​ဗျာ....။


19.3.2024🌻

16/02/2024

ငါ့လျောက်မယ့် ခရီးအတွက် အဖော်မလိုဘူး။

သီချင်းကောင်းတစ်ပုဒ်ပဲလိုတယ်။

ငါ့အတွက်ငါရှိပြီးသားရယ်......။


16.2.2024🌻

14/02/2024

ငါဆယ်ကျော်သက် အရွယ်ရောက်နေကတည်းက.......

ကမ္ဘာကြီးက အဆိ၊ပ်သင့်နေပြီ ။

07/02/2024

_ဒီနိုင်ငံဟာ
ဘုရားမမြင်နိုင်အောင်
မာရ်နတ်ဖွက်ထားတဲ့ အရပ်ပါကွာ....

_ဆီတန်းစီ
ဆန်တန်းစီ
ဓာတ်ဆီတန်းစီရတဲ့ဘဝက ရုန်းထွက်ဖို့
passport ရုံးမှာတန်းစီရတယ်။
လက်ဖဝါးအရွယ် စာအုပ်အနီလေးမှာ
လယ်ယာ၊ကျွဲနွား၊အိမ်ဝိုင်းစာချုပ်ထည့်ထားတယ်
နေ့ပြန်တိုး လပြန်တိုး နှစ်ပြန်တိုးတွေထည့်ထားတယ်။
_လက်ဖဝါးအရွယ်စာအုပ်လေးထဲမှာ
အဖေ့မျော်လင့်ချက်တွေရှိတယ်
အမေ့ မျက်ရည်တွေရှိတယ်
နောက်ပြီး....
အချစ်လက်ဖဝါးလေးလွှတ်ခဲ့ရတာရှိမယ်...
_PV နဲ့သွားသွား
PJ နဲ့သွားသွား
ရောက်ဖို့ကအရေးကြီးတယ်။
_သွား....ငါ့ကောင်
​နောက်ပြန်မကြည့်နဲ့
ခပ်ပြတ်ပြတ်လှမ်းငါ့ကောင်။
_ငါ့သူငယ်ချင်းနိုင်ငံခြားသွားမဲ့နေ့က
သူ့အမေဟာ
အိမ်အောက်ကမြေကြီးခဲလေးကောက်
ထမိန်အထက်ဆင်နဲ့ထုပ်လို့
ဘယ်ဒေသရောက်ရောက်
ကိုယ့်မြေမှာနေသလို သဘောထား
မင်းအမေရဲ့ ဇာတိမာန်ကို
နားလည်ပါရဲ့ သို့ပေမဲ့...
ဒီမြေမှာတမ်းတစရာဘာများရှိလို့လဲ...
_ဘုရင်ဖြစ်ချင်သူတွေအပေါဆုံးကဒီနိုင်ငံ
မင်းမဲ့စရိုက်အများဆုံးကလည်း ဒီနိုင်ငံ
ဓာတ်ကြိုးတွေအရှုပ်ဆုံးကဒီနိုင်ငံ
မီးမလင်းဆုံးကလည်း ဒီနိုင်ငံ
ညောင်စေ့လောက် လျှပ်စစ်မီးရပီး
ညောင်ပင်ကြီးလောက် မီတာခဆောင်ရတဲ့နိုင်ငံ
ဆိုင်ကယ်စီးရင် ဦးထုပ်မဆောင်းကြသလို
Night Out ထွက်ရင်လည်း ဦးထုပ်မဆောင်းတဲ့ဒီနိုင်ငံ
_ကိုယ့်အသက်ကို ဖက်နဲ့ထုပ်ရင်း
ငါအသေအချာမှာလိုက်မယ်
ပြန်မလာနဲ့ ငါ့ကောင်ရေ...
_တခါတလေ
ရွှေတိဂုံ၊ပုဂံ၊အင်းလေး၊မုံရွာ
ထိုးမုန့်နဲ့ ဟာလဝါ ကိုလွမ်းချင်လွမ်းပေါ့။
ပြန်တော့မလာနဲ့ငါ့ကောင်....။
ပိုင်ရှင်မဲ့ အလောင်းတွေ
မိဘမဲ့ ကလေးတွေ
လက်သည်မပေါ်တဲ့ ရာဇဝတ်မှုတွေ
နတ် နဂါး ပူးကပ်သူနဲ့
မီးပွိုင့်မှာ တောင်းစားသူတွေ
အလွန်ပေါတဲ့နိုင်ငံ
_ဓာတ်ငွေ့နဲ့လျှပ်စစ်ကို
တရုတ်ပြည်ကိုရောင်းပီး
တရုတ်ထုတ် Battery နဲ့ အင်ဗာတာ ကို
ပြန်ဝယ်ရတဲ့ နိုင်ငံမာ
နောက်ဆို....
ထိုင်းသနပ်ခါးကို ငါတို့ဝယ်ရတော့မယ်
ထိုင်းသကြင်္န်ဟာ အမွေအနှစ်စရင်းဝင်သွားပီ။
_ဖြစ်နိုင်ရင်....
သံလွင်မြစ်နဲ့ ဧရာဝတီမြစ်ကိုတောင်
နောက်ပြန်စီးခိုင်းချင်တဲ့ အိမ်နီးချင်းနိုင်ငံတွေကြား
ငါတို့ဟာ တူနာငါးလို တစ်လွာခြင်းဖဲ့စားခံနေရ။
_ပြန်မလာနဲ့ငါ့ကောင်
ဒုက္ခတွင်းထဲ ပြန်လာမဲ့အစား
ပြည်ပမှာ ပျားလိုရှာ ခြလိုစုပြီး
မိသားစုကိုထောက်ပံ့
ပြန်မလာနဲ့ငါ့ကောင်...။
_ဒီဖုန်းဆိုးမြေဟာ
ဘယ်မီးလှုံလှုံ မနွေးတဲ့အရပ်
ဘယ်ပန်းစိုက်စိုက် မမွှေးတဲ့အရပ်..။

_ဒီနိုင်ငံဟာ ဘုရားမမြင်အောင်
မာရ်နတ်ဖွတ်ထားတဲ့ အရပ်ပါကွာ ....။

_ဆန်းကျော်စွာဝင်း_

Address

Magway

Website

Alerts

Be the first to know and let us send you an email when Thusoeaung - စာပေနဲ့ဗဟုသုတ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share