တန်ဖိုးရှိတဲ့ အခိိုက်အတန့်လေးများ
ကျွန်တော် ရိုက်ဖြစ်တဲ့ နောက်ထပ် Video လေး
" တန်ဖိုးရှိတဲ့ အခိုက်တန့်လေးများ "
ဘ၀ဆိုတာဟာ တကယ် ဖြတ်သန်းရတဲ့ အခါမှာ ခဏတာလေးပါ။
အဲ့လို ခဏတာဘ၀တွေထဲမှာ ကိုယ်ချစ်ခင်ရတဲ့ သူတွေနဲ့ အတူတူရှိပြီး ပျော်ရွှင်ရတဲ့ အချိန်တွေဆိုတာလည်း တကယ့် အခိုက်အတန့်လေးပါပဲ။
အမှုမဲ့ အမှတ်မဲ့ ဖြတ်သန်းတတ်တဲ့ အဲ့လို အခိုက်အတန့်လေးတွေဆိုတာ
အတူမရှိကြတော့တဲ့ အချိန်မှ ပိုတန်ဖိုးထားတတ်တာမျိုးပါ။
ဒါကြောင့် အခုကစပြီး ကိုယ်ချစ်ခင်ရသူတွေနဲ့ အတူရှိတဲ့ အခိုက်တန့်တိုင်းကို တန်ဖိုးထားတတ်စေဖို့ရာ ရည်ရွယ်ပြီး U Hla Soe Floating Restaurant အတွက် ဒီ Video လေးကို ဖန်တီး ဖြစ်တာပါ။
အားလုံးပဲ သီတင်းကျွတ်လေးမှာ တောင်းတဲ့ ဆုတောင်းများလည်း ပြည့်ကြပါစေလို့
ဆန္ဒပြုရင်း…..
Naung Naung
နယ်မြို့လေးဆီသို့
ချမ်းမြေ့ကြည်လင် ၊ စိတ်ဝယ်ရွှင်တည့်
မြေပြင်ကျယ်ဝင်း ၊ လယ်ယာခင်းနှင့်
အင်းအိုင်မြစ်ချောင်း ၊ ရှု့မညောင်းတည့်
တောင်စောင်းတောင်ထိပ် ၊ စေတီရိပ်ဝယ်
ဆွေမိတ်တူစုံ ၊ ဖူးရတုံသော်
အာရုံသန့်စင် ၊ ကြည်ဘဝင်နှင့်
မိခင်မြေမြ ၊ သာလေစွဟု
( ငွေတာရီ)
ဒီ “ နယ်မြို့လေးဆီသို့ “ ဆိုတဲ့ Documentary Video လေးက ကျနော် နေထိုင်ကြီးပြင်းရာ နယ်မြို့ငယ်လေးအတွက် ချစ်ခြင်းအားဖြင့် နောက်ထပ် ဖန်တီးဖြစ်တဲ့ Passion Project လေးပဲ ဖြစ်ပါတယ် ။
ကျနော် ရိုက်ကူးထားသမျှ Video တွေထဲမှာ
ဘယ်အချိန်ပြန်ကြည့်ကြည့်
ဂုဏ်ယူနေရမယ့် Video လေးတစ်ခုပဲ ဖြစ်ပါတယ် ။
စုစုပေါင်း အချိန် ၂လ လောက် ယူပြီး
Script အပိုင်းကော ၊ ရိုက်ကူးရေးအပိုင်းကော ၊ Editing အပိုင်းမှာပါ အချိန်ယူအားစိုက်ပြီး ဖန်တီးဖြစ်တဲ့ Video လေးပဲ ဖြစ်ပါတယ်။
( Editing မှာဆို Sound Design ပိုင်းကိုလည်း သေချာလေး အချိန်ပေး လုပ်ထားတာမို့ နားကျပ်ကလေ
သဘာ၀ဆန်တဲ့ ရေပေါ်စားသောက်ဆိုင်လေး
အားလုံးပဲ ဒီ Video လေးနဲ့ ပြန်လည် နှုတ်ဆက်လိုက်ပါတယ်
တကယ်က ကျနော် Video တွေ မရိုက်တာ တော်တော်ကို ကြာနေပါပီ
ဒီဆိုင်ကလေးကိုတော့ ရိုက်ဖြစ်သွားတာပါ
ရိုက်ဖြစ်ဆို ကျနော် ဖွင့်ထားတဲ့ ဆိုင်ကလေးမို့ပါ
ကျောက်ဆည်မြို့မှာပဲ ဖွင့်ထားတာပါ
အားလုံးပဲ လာလည်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်
ဒါကတော့ ဆိုင်ရဲ့ Page Link လေးပါ
https://www.facebook.com/profile.php?id=100088572374728&mibextid=LQQJ4d