Free Dam

Free Dam hello Welcome Like is Following Please give
(2)

သတ္တဝါအားလုံးကျန်းမာချမ်းသာကြပါစေ
12/04/2024

သတ္တဝါအားလုံးကျန်းမာချမ်းသာကြပါစေ

မျက်မမြင်နှင့် မီးအိမ်လေး ( ပုံပြင် )************************တခါတုန်းက လူတစ်ယောက်ဟာ မျက်မမြင် သူငယ်ချင်းတစ်ယောက်ကို ထမင်...
09/04/2024

မျက်မမြင်နှင့် မီးအိမ်လေး ( ပုံပြင် )
************************

တခါတုန်းက လူတစ်ယောက်ဟာ မျက်မမြင် သူငယ်ချင်းတစ်ယောက်ကို ထမင်းဖိတ်ကျွေးတယ်...ထမင်းစားရင်း အချိန်က တော်တော်လေးနောက်ကျသွားပြီး မိုးချုပ်သွားတယ်... မျက်မမြင်သူငယ်ချင်းက မိုးအရမ်းချုပ်နေပြီ ပြန်တော့မယ်လို့ပြောတယ်... ဒါနဲ့ အိမ်ရှင်မိန်းမက သူ့ကို မီးအိမ်တစ်ခုပေးလိုက်တယ်... မျက်မမြင် သူငယ်ချင်းက ဒေါသအရမ်းထွက်သွားပြီးပြောတယ်... "ကျနော်ဟာ မျက်မမြင်တစ်ယောက်လို့သိနေပါရဲ့ ကျနော့ကို မီးအိမ်တစ်ခုပေးတာ ကျနော့ကို လှောင်နေတာလား?"

အိမ်ရှင်က ပြန်ပြောတယ်... "ကျနော် သင့်ကို အလေးထားလို့ မီးအိမ်ပေးတာပါ... သင်ကမမြင်ရပေမဲ့ တခြားသူက မြင်ရတယ်လေ... ဒါကြောင့် ညအမှောင်ထဲမှာ တခြားလူက သင့်ကို မတိုက်မိနိုင်တော့ဘူးပေါ့..." မျက်မမြင်သူငယ်ချင်း သဘောပေါက်နားလည်သွားပါတယ်။

နားလည်သဘောပေါက်တာချင်းမတူရင် နောက်ဆုံးရလဒ်က မတူကြပါဘူး။ ကျနော်တို့ နေရာချင်းလဲပြီး စဉ်းစားပေးဖို့ လိုပါတယ်။ ဘယ်ကိစ္စမဆို မတူတဲ့ရှုထောင့်ကနေကြည့်ရင် မတူတဲ့အမြင်ရှိကြပါတယ်။

သင့်မှာ သမီးတစ်ယောက်ရှိရင် သားရှင်ဘက်က များများတင်တောင်းဖို့ သင်မျှော်လင့်လိမ့်မယ်။ သင့်မှာ သားတစ်ယောက်ရှိရင် သမီးရှင်ဘက်က များများမတောင်းဖို့ မျှော်လင့်လိမ့်မယ်။

သင့်မှာ ချွေးမတစ်ယောက်ရှိရင် သူအိမ်မှုကိစ္စတွေများတယ်၊ နားလည်မှုမရှိဘူးလို့ ပြစ်တင်မိလိမ့်မယ်။ သင့်မှာ သမီးတစ်ယောက်ရှိရင် သူ့ယောက္ခမအိမ်ကို လွှမ်းမိုးနိုင်သူ ဖြစ်စေချင်တယ်။

သင်လမ်းလျှောက်တဲ့အချိန်ကားမောင်းသူတွေကို အမြင်ကပ်တယ်။ သင်ကားမောင်းချိန် လမ်းလျှောက်သူတွေကို ကြည့်မရဘူး။

သင်အလုပ်သမားဖြစ်နေရင် သင်ရဲ့သူဌေးက ကပ်စေးနည်း အာဏာပြလွန်းတယ်လို့ယူဆတယ်။ သင်သူဌေးဖြစ်တဲ့အချိန် သင့်အလုပ်သမားတွေက ခိုကပ်တယ် တာဝန်ယူချင်စိတ်မရှိဘူးလို့ ယူဆတယ်။

သင်ဝယ်ယူသူဖြစ်တဲ့အချိန် စျေးရောင်းသူက အမြတ်ကြီးစားလွန်းတယ်လို့သတ်မှတ်တယ်။ သင်စျေးရောင်းသူဖြစ်တဲ့အချိန် ဝယ်ယူသူက စျေးဆစ်တတ်လွန်းတယ်လို့ သတ်မှတ်တယ်။

အမြဲတမ်းကိုယ့်နေရာကနေဘဲမကြည့်ဘဲ တခြားသူဘက်ကနေလဲ ကြည့်ပေးပါ။ နေရာလဲပြီး တစ်ပါးသူအတွက်လဲ စဉ်းစားပေးဖို့လိုပါတယ်။

တခြားသူရဲ့ ဒုက္ခကို နားလည်ပေးနိုင်တာ ဂရုစိုက်မှုတစ်မျိုးပါ။ တခြားသူရဲ့အခက်အခဲကိုနားလည်ပေးနိုင်တာ ကြင်နာခြင်းတစ်မျိုးပါ။ တခြားသူရဲ့ အမှားကို ခွင့်လွတ်ပေးတတ်တာဟာ သဘာထားကြီးခြင်း တစ်မျိုးပါ။

Credit.. to original writer

(၁) လောကမှာ အနိုင်ကျင့်သူဟာ အနိုင်ရသူမဟုတ်ပါ၊ အနိုင်ယူတတ်သူသာ ဖြစ်တယ်။(၂) အနိုင်ကျင့်သူမှာ စိတ်ကောင်းနှလုံးကောင်း အကြင်န...
09/04/2024

(၁) လောကမှာ အနိုင်ကျင့်သူဟာ အနိုင်ရသူမဟုတ်ပါ၊ အနိုင်ယူတတ်သူသာ ဖြစ်တယ်။

(၂) အနိုင်ကျင့်သူမှာ စိတ်ကောင်းနှလုံးကောင်း အကြင်နာမေတ္တာတွေ ဆုံးရှုံးနေလို့ သူဟာ သံသရာမှာ အရှုံးသမားသာ ဖြစ်ပါသည်။

(၃) အနိုင်ကျင့်သူဟာ စိတ်မိုက် စိတ်ရိုင်း စေခိုင်းသမျှ လုပ်နေသူသာဖြစ်၍ လှုပ်လေး မြုပ်လေး ကြမ္မာနွံမှ ရုန်းမထွက်နိုင်သူသာ ဖြစ်သည်။

(၄) အနိုင်ကျင့်လို့ အနိုင်ရတယ်ထင်ရင် အမှားကြီး မှားလိမ့်မည်။


(ပါမောက္ခချုပ်ဆရာတော်ကြီး)
အဂ္ဂမဟာ ပဏ္ဍိတအရှင်နန္ဒမာလာဘိဝံသ

"လောကဓံ"~~~~~~~~~~~~မြတ်စွာဘုရားက လောကသဘာ၀ကို (၈) မျိုး ခွဲပြီး  “ လောကဓမ္မ သုတ် " မှာ ဟောထားတာ မြန်မာပရိသတ်တွေ လောကဓံ (...
08/04/2024

"လောကဓံ"
~~~~~~~~~~~~
မြတ်စွာဘုရားက လောကသဘာ၀ကို (၈) မျိုး ခွဲပြီး “ လောကဓမ္မ သုတ် " မှာ ဟောထားတာ မြန်မာပရိသတ်တွေ လောကဓံ (၈)မျိုး ဆိုတာကိုတော့
လူတိုင်း သိကြတယ် ။

မြတ်စွာဘုရားက
" လောကဓမ္မာ လောကံ အနုပရိ၀တ္တန္တိ "
" ဟောဒီ လောကရဲ့ သဘာ၀တရားတွေက
လောကနောက် အစဉ်မပြတ် လိုက်နေတယ် " တဲ့။
တစ်ခါ အပြန်အားဖြင့်
" လောကော စ လောကဓမ္မေ အနုပရိ၀တ္တတိ "
" လောက ကလည်း လောက သဘာဝနောက်
အမြဲ လိုက်နေတယ် " လို့
လောကသားနဲ့ ဟောဒီလောကရဲ့ သဘာဝတွေဟာ
အပြန်အလှန် ဆက်သွယ်နေတယ် ဆိုတဲ့
အဓိပ်ပါယျကို ပြောတာနော်
အပြန်အလှန် ဆက်စပ်နေတယ်..

" လောက " ကို ပါဠိစာပေမှာ
သတ္တလောက
သင်္ခါရလောက
သြကာသလောက လို့ (၃) မျိုး ခွဲတယ် ။

သတ္တလောက ဆိုတာ သတ္တဝါတွေ အားလုံးကိုရည်ညွှန်းပြီး ပြောတဲ့စကား၊သင်္ခါရလောက ဆိုတာ သက်ရှိ သက်မဲ့ အားလုံး ခြုံပြီးခေါ်တာ ။အကြောင်းတရားတွေက ဖန်တီး ပြုလုပ်ထားလို့ အကြောင်းတရား တွေပေါ်မှာ မှီတည်ပြီးဖြစ်နေတဲ့ အရာ မှန်သမျှ သင်္ခါရလောက ။သြကာသလောက ဆိုတာသက်ရှိသတ္တဝါတွေသက်မဲ့ အရာတွေတည်ရှိရာ ဘုံ ဖြစ်တယ် ။

သတ္တလောက
သင်္ခါရလောက
သြကာသလောက ဒီလောက (၃)မျိုးထဲမှာ
အခု လောကဓမ္မသုတ် မှာ သုံးထားတဲ့ "လောက" က သတ္တလောက - သက်ရှိ သတ္တဝါတွေကို ရည်ညွှန်းပြီး ပြောတယ်လို့ ဒီလို မှတ်ရမယ် ။

သက်ရှိ သတ္တဝါတွေကြုံတွေ့ နေရတဲ့အတွေ့အကြုံ (၈)မျိုး ရှိတယ် ။အဲဒီ (၈)မျိုးက ဘာတုန်းဆိုရင် ...

၁။ " လာဘော " ကိုယ် လိုချင်တာ ရတယ် ။
၂။ " အလာဘော " ကိုယ် လိုချင်တာ မရဘူး ။
၃။ "ယသော"အခြံအရံ ရှိတယ် (သို့) ကျော်စောထင်ရှားတယ် ။
၄။ " အယသော " အခြံအရံ ကင်းမဲ့တယ်၊ မကျော်စောဘူး ။
၅။ " နိန္ဒာ " ကဲ့ရဲ့ မှု ကို ခံရတယ် ။
၆။ " ပသံသာ " ချီးမွမ်း ခံရတယ် ။
၇။ " သုခ " ကိုယ် စိတ် နှစ်ပါး ချမ်းသာတယ်၊ အဆင်ပြေတယ်။
၈။ " ဒုက္ခ " ကိုယ် စိတ် နှစ်ပါး မချမ်းသာဘူးဆင်းရဲတယ်၊ အဆင် မပြေဘူး။ဟော အားလုံးပေါင်းလိုက်တဲ့ အခါကျတော့လောကဓံ (၈) မျိုး တဲ့ ။

လောကမှာ သတ္တဝါတွေ ကြုံ တွေ့ နေရတဲ့ လူသားတွေ ကြုံတွေ့ နေရတဲ့ သဘာ၀ (၈) မျိုး ရှိတယ် လို့ ဒီလို ပြောတာနော် အဲဒီ သဘာ၀ (၈) မျိုး သည်သတ္တလောကနဲ့ အမြဲတမ်း ဆက်သွယ်နေတယ် ။သတ္တလောက ကလည်း အဲဒီ (၈) မျိုးနဲ့ အမြဲတမ်း ဆက်သွယ်မှု ရှိနေတယ် တဲ့ ။

အဲဒီလို အမြဲတမ်း ဆက်သွယ်မှု ရှိနေတဲ့မတည်ငြိမ်တဲ့ အနေအထားနဲ့ ပတ်သက်ပြီးတော့
စိတ်ဓာတ် တည်ငြိမ်မှု ရှိအောင် ကြိုးစားဖို့က အလုပ်ပဲနော် ။

လောကထဲမှာ နေထိုင်တာဖြစ်တော့ လောကဓံ (၈) မျိုးထဲက တစ်မျိုးမျိုးနဲ့ လူတွေ ကြုံတွေ့မှာဘဲ၊ မကြုံ တွေ့တဲ့ လူ မရှိဘူး။မြတ်စွာဘုရားကိုယ်တော်မြတ်ကြီးလည်း လောကဓံ နဲ့ ကြုံရတာဘဲ အရှင်သာရိပုတ္တရာ အရှင်မဟာမောဂ္ဂလန် စတဲ့
ရဟန္တာ တွေလည်း လောကဓံနဲ့ ကြုံတွေ့ရတာဘဲ။

မည်သည့် ပုဂ္ဂိုလ်၊ မည်သည့် သတ္တဝါ ဖြစ်စေ လောကထဲမှာ နေရင် လောကရဲ့ သဘာ၀ နဲ့ ဆက်စပ်နေမှာဘဲ လို့ ပြောတာနော်။

အဲဒီလို ဆက်စပ်နေတဲ့ အခါမှာ မဆက်စပ်ရအောင် လုပ်လို့ မရဘူး လောကရဲ့ သဘာ၀ တွေကို ဖျောက်ဖျက်ပစ်လို့ မရဘူး။

ကိုယ်လုပ်နိုင်တာဘာတုန်းဆိုရင် ကြံ့ ခိုင်တဲ့ စိတ်ထား ရှိအောင် လုပ်ဖို့ဘဲ။ဒါ ကိုယ် လုပ်လို့ ရတာဘဲ ။အဲဒီတော့ ကိုယ်လုပ်လို့ ရတာကို လုပ်ရမယ် လို့ ဆိုလိုတယ် ။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီး
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏

ကောင်းကွက်ကိုရှာ၍ မေတ္တာပွားပါလူတစ်ယောက်အပေါ်မှာ မေတ္တာထားချင်ရင်ကောင်းကွက်လေးတွေကို ရှာကြည့်။ဆိုးကွက်တွေ သွားမကြည့်နဲ့။...
02/04/2024

ကောင်းကွက်ကိုရှာ၍ မေတ္တာပွားပါ

လူတစ်ယောက်အပေါ်မှာ မေတ္တာထားချင်ရင်
ကောင်းကွက်လေးတွေကို ရှာကြည့်။
ဆိုးကွက်တွေ သွားမကြည့်နဲ့။

လူဆိုတာ အကောင်းအဆိုး ရောနေတာပဲ။
ဘယ်သူမှ အကောင်းချည်း မရှိဘူး။
ဘယ်သူမှ အဆိုးချည်းလည်း မရှိဘူး။

ကောင်းကွက်ကိုရှာ မေတ္တာကိုပွားဆိုတာ
"ယောနိသော မနသီကာရ"ကို ပြောတာ။
ကောင်းကွက်ကို ရှာမတွေ့နိုင် ရင်
မေတ္တာ မပွားနိုင် ဘူး။

မေတ္တာမပွားနိုင်ရင် ချက်ချင်းဘယ်သူ ဒုက္ခ ဖြစ်လဲဆိုရင် ကိုယ့်ရဲ့ နှလုံးပူလောင် ခံရတယ်။

ငရဲ ကျမှာတွေ နောက်ထား ရုပ်ဆိုးမှာတွေ နောက်ထား ကိုယ်အရင် ဒုက္ခ ဖြစ်တာပဲ။

ပါမောက္ခချုပ် ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ

🙏🙏🙏🙏🙏🙏🙏

credit original uploader

လွတ်လပ်တဲ့သူဟာ မကြွားတော့ဘူး**********မျက်မှန်ကို ဒီနေ့မှ စတပ်တဲ့သူဟာ သူ့နှာခေါင်းပေါ်မှာမျက်မှန်ရှိနေတာကို အချိန်ပြည့် ...
29/03/2024

လွတ်လပ်တဲ့သူဟာ မကြွားတော့ဘူး
**********
မျက်မှန်ကို ဒီနေ့မှ စတပ်တဲ့သူဟာ သူ့နှာခေါင်းပေါ်မှာ
မျက်မှန်ရှိနေတာကို အချိန်ပြည့် သတိထားမိနေတယ်။

နေရတာ မလွတ်လပ်ဘူး။ ခဏခဏ မျက်မှန်ကို ချွတ်ကြည့်တယ်။
တပ်ကြည့်တယ်။ မျက်မှန်ကို မကြာမကြာ အဝတ်နဲ့သုတ်တယ်။

ဒါပေမယ့် မျက်မှန်တပ်တာ ကြာသွားတဲ့အခါ
မျက်မှန်တပ်ထားမှန်း မသိတော့ဘူး။

မျက်မှန်ဟာ ကိုယ့်မျက်နှာရဲ့အစိတ်အပိုင်း
တစ်ခုလို ဖြစ်သွားပြီ။ မျက်မှန်တပ်ထားတယ်
ဆိုတာကို မေ့ထားလို့ရသွားပြီ။

စိတ်ကောင်းရှိတဲ့သူ စေတနာကောင်းတဲ့သူဟာ သူ့ကိုယ့်သူ
"ငါ စိတ်ကောင်းရှိတယ် ငါ စေတနာ ကောင်းတယ်"လို့ မတွေးတော့ဘူး။

အဲဒီလို တွေးနေသေးတယ်ဆိုရင်
စိတ်ကောင်း တကယ်မရှိသေးဘူး။

စိတ်ကောင်းရှိဖို့ ကြိုးစားနေတဲ့ အဆင့်မှာပဲ ရှိသေးတယ်။
လုပ်ယူနေရတဲ့အဆင့်မှာပဲ ရှိသေးတယ်။

စိတ်ကောင်းရှိတာဟာ
သူ့ပင်ကိုယ်သဘာဝ မဖြစ်သေးဘူး။

တကယ် စိတ်ကောင်းရှိတဲ့သူ ဖြစ်သွားတဲ့အခါ
သူစိတ်ကောင်းရှိတာကို သူမေ့ထားလိုက်ပြီ။ မတွေးတော့ဘူး။

အဲဒီအခါမှာမှ သူဟာ တကယ် စိတ်ကောင်းရှိတဲ့သူ ဖြစ်သွားပြီ။

ခွင့်လွှတ်တတ်တဲ့သူဟာ ခွင့်လွှတ်ပြီးသား ဖြစ်နေတယ်။
"ငါ ခွင့်လွှတ်လိုက်တယ်"လို့ မတွေးဘူး။

"ငါ ခွင့်လွှတ်တယ် ငါခွင့်လွှတ်တယ်"လို့ ခဏခဏ တွေးနေရင်
ဘယ်လို အဓိပ္ပာယ် ပေါက်သလဲ။

ခွင့်မလွှတ်နိုင်သေးဘူးလို့ အဓိပ္ပာယ်ပေါက်တယ်။
ခွင့်လွှတ်ဖို့ ကြိုးစားနေတယ်။

ခွင့်လွှတ်လိုက်မယ်လို့တောင် မတွေးတော့တဲ့ အချိန်မှာ
တကယ်ခွင့်လွှတ်နိုင်ပြီ။

ရောင့်ရဲတဲ့သူဟာ ရောင့်ရဲတယ်။ ဒါပေမယ့်
"ငါက ရတာနဲ့ရောင့်ရဲတယ်"လို့ မတွေးဘူး။

ကိုယ် ရောင့်ရဲကြောင်းကို
သူများကို မပြောတော့ဘူး။

ငါက ရောင့်ရဲတယ်လို့ မကြာခဏပြောနေရင်
တကယ်ရောင့်ရဲတာ မဟုတ်သေးဘူး။

ရောင့်ရဲတယ်ဆိုတဲ့ ဂုဏ်ကို လိုချင်နေသေးတယ်
ကိုယ့်ကို ရောင့်ရဲတဲ့သူလို့ အများမြင်အောင် သိအောင် လုပ်နေတယ်။

အဲဒီလိုဂုဏ်ကို လိုချင်နေသေးတာကိုက မရောင့်ရဲသေးလို့ပဲ။

အဲဒီလိုပဲ ဥပုသ်စောင့်တယ်။ တရားအားထုတ်တယ်။

အဲဒါကို လူတွေသိအောင် ပြောနေတယ်ဆိုရင် မလုပ်ခင်ကတည်းက
လူသိစေချင်တဲ့ဆန္ဒ ရှိနေတယ်။

အဲဒီလို ဆန္ဒရှိနေရင် စေတနာမမှန်သေးဘူး။
အတ္တစိတ်က လွှမ်းမိုးထားတုန်းပဲ။
အတ္တစိတ်က လုပ်နေတယ်။

ငါက သူများထက် ပိုလုပ်နိုင်တယ်ဆိုတဲ့ မာနစိတ်က လွှမ်းမိုးနေသေးတယ်။

အတ္တစိတ်, မာနစိတ်တို့ မရှိတော့ရင် လုပ်ချင်တဲ့ဆန္ဒရှိလို့ လုပ်လိုက်တယ်။
အဲဒီအကြောင်းကို မပြောတော့ဘူး။

မေးရင်တောင် လိုတာထက် ပိုမပြောဘူး။ တိုတိုနဲ့လိုရင်းပဲ ပြောမယ်။

စားနိုင်တာ ဂုဏ်တစ်ခု မဟုတ်သလို မစားဘဲနေနိုင်တာလည်း
ဂုဏ်တစ်ခု မဟုတ်ပါဘူး။

တချို့က စားနိုင်တာကို ကြွားတယ်။
တချို့က မစားဘဲနေနိုင်တာကို ကြွားတယ်။
နှစ်ဦးစလုံးဟာ မလွတ်လပ်တဲ့သူတွေပဲ။

အပျော်အပါးတွေကို များများခံစားတဲ့သူက
သူ ခံစားနိုင်တာကို ကြွားတယ်။

အပျော်အပါးတွေကို မခံစားတဲ့သူက
သူ မခံစားတတ်တဲ့အကြောင်းကို ကြွားတယ်။

နှစ်ဦးစလုံးရဲ့စိတ်ဟာ သဘာဝချင်းတူတူပဲ။
ကြွားတာဟာ မလွတ်လပ်တာပဲ။

ကောင်းတာကိုလုပ်တဲ့အခါမှာ လူသိစေချင် တဲ့စိတ် အားကြီးနေရင်
လွတ်လပ်တဲ့စိတ်နဲ့ လုပ်တာ မဟုတ်ဘူး။

တကယ်ကောင်းတဲ့သူဟာ "ငါ ကောင်းတယ်" လို့တောင် မတွေးတော့ဘူး။

တရားဟာ ကိုယ့်ဘဝနဲ့ထပ်တူဖြစ်နေရင် လုပ်နေပေမယ့်
လုပ်နေတယ်လို့ မတွေး တော့ဘူး။

ကိုယ့်ရဲ့ပင်ကိုယ်သဘာဝ ဖြစ်သွားပြီ။ အသက်ရှူနေသလို ဖြစ်သွားပြီ။
နှလုံးခုန်နေသလို ဖြစ်သွားပြီ။

တမင်တကာ လုပ်ယူနေရရင် သိနေတယ်။ ပင်ကိုယ်ဖြစ်သွားရင် မသိတော့ဘူး။
လုပ်နေရတယ်လို့ မထင်တော့ဘူး။

စာနည်းနည်းတတ်တဲ့သူဟာ သူ့ကိုလူတွေက စာတော်တော်,
တတ်တယ်လို့ ထင်စေချင်တယ်။

ဒါကြောင့် အကိုးအကားတွေများများနဲ့ ပြောချင်တယ်။ ရေးချင်တယ်။

စာပေကို တကယ်ချစ်လို့ လေ့လာတဲ့သူဟာ နှစ်တွေကြာလေလေ
သူသိတာဟာ နည်းနည်း လေး မသိတာက အများကြီးဆိုတာကို
သိလာ လို့ သူတတ်ကြောင်းကို မပြချင်တော့ဘူး။

သူ့ကို လူတွေအထင်မကြီးမှာကို
မကြောက်တော့ဘူး။

သူဟာ အထင်ကြီးတာ အထင်သေးတာ
နှစ်မျိုးလုံးကို လွန်မြောက်သွားပြီ။

သူဟာ သူစာတတ်တာကို မေ့ထားလို့ရသွားပြီ။
ဒါကြောင့် စကားပြောတဲ့အခါ မလိုအပ်ဘဲနဲ့
အကိုးအကားတွေကို မထည့်တော့ဘူး။

ရိုးရိုးပဲပြောတယ်။ မေးလာမှဖြေတယ်။
မမေးဘဲ မဖြေဘူး။ သူ့စိတ်ကို စာက
လွှမ်းမိုးမှု မရှိတော့ဘူး။

ငွေများများ မရဖူးတဲ့သူဟာ ပထမအကြိမ် ငွေများများရလိုက်ရင်
အဲဒီငွေထုပ်ကို ဘယ်နေရာမှာထားရမှန်း မသိတော့ဘူး။

မကြာခဏ အဲဒီငွေထုပ်ကို ကိုင်ကြည့်နေ တတ်တယ်။
အဲဒီငွေထုပ်ကို စိတ်မချလို့ အိပ်တာတောင် စိတ်မဖြောင့်နိုင်ဘူး။

တစ်ရေးနိုးတောင် သတိရနေတယ်။
ဒါပေမယ့် ငွေကိုများများရှာနိုင်လာတဲ့အခါ
ငွေကို မေ့ထားလိုက်တော့တယ်။

ငွေရဖို့ အဓိကမထားတော့ဘဲ ကိုယ်တန်ဖိုး ထားတာကို
လုပ်ဖြစ်ဖို့ အဓိကထားပြီး အလုပ်လုပ်တယ်။

ငွေနဲ့ကြွားတဲ့သူ အိမ်နဲ့ကြွားတဲ့သူ ကားနဲ့ကြွားတဲ့သူ ပစ္စည်းနဲ့ကြွားတဲ့သူ

စိန်တွေ ရွှေတွေနဲ့ကြွားတဲ့သူဟာ
တကယ်လူချမ်းသာ မဟုတ်သေးဘူး။

တကယ်ချမ်းသာတဲ့သူဟာ
သူချမ်းသာတာကို မေ့ထားလို့ရသွားပြီ။

ပြည့်စုံနေတဲ့စိတ်ရှိတဲ့သူဟာ သူပိုင်ဆိုင်တာတွေကို မေ့ထားလိုက်ပြီ။

ထမင်းဝနေတဲ့သူဟာ ထမင်းစားဖို့
အကြောင်းကို မတွေးတော့ဘူး။

ထမင်းစားပြီးပေမယ့် ထမင်းအကြောင်းကိုပဲ တွေးနေသေးတယ်ဆိုရင်
ဘယ်လိုယူဆမလဲ။ သူ့စိတ်က ဆာနေသေးတယ်။

ဒါကြောင့် ငွေဘယ်လောက်ရှိရှိ ငွေအကြောင်း ကိုပဲ တွေးနေရင်
သူ့စိတ်ထဲက မွဲနေသေးလို့။ သူဟာ မလွတ်လပ်သေးဘူး။
ငွေရဲ့ကျွန် ဖြစ်နေသေးတယ်။

တကယ် ရာထူးကြီးကြီးနဲ့တန်တဲ့သူဟာ
ရာထူးအကြောင်းကို မတွေးတော့ဘူး။

သူနဲ့ မတန်တဲ့ရာထူးကို ရထားတဲ့သူဟာ
သူ့ရာထူးအကြောင်းကို သူမေ့လို့မရဘူး။

ဘယ်သူနဲ့တွေ့တွေ့ သူ့ရာထူးကို တလေးတစား အကြိမ်ကြိမ်ခေါ်ပြီး
သူ့ကိုစကားပြောနေမှ သူကျေနပ်တယ်။

သူ့ရာထူးကိုမခေါ်ဘဲ သူ့နာမည်ကို
ခေါ်တဲ့သူကို သူ,ရန်ငြိုးထားတော့မယ်။

သူ့စိတ်က သူ့ရာထူးထက် မြင့်သွားတဲ့အခါမှာ တော့
သူ,ရာထူးကိုမေ့သွားပြီ။

တာဝန်ကျေအောင်တော့ လုပ်မယ်။
ဒါပေမယ့် အဲဒီရာထူးကို အဓိက မထားတော့ဘူး။

အဲဒီလိုလူမှ ရာထူးနဲ့တန်တဲ့သူ ဖြစ်သွားပြီ။
သူ့အလုပ်ကိုသူ လွတ်လပ်တဲ့စိတ်နဲ့ လုပ်နိုင်ပြီ။
ဒါပေမယ့် အဲဒီလိုလူက သိပ်ရှားပါတယ်။

ရာထူးကြီးတဲ့သူတွေနဲ့ သိကြောင်း ရင်းနှီးကြောင်း ပြောနေတဲ့သူဟာ
ရာထူးကို သိပ်အထင်ကြီးနေတဲ့သူ ဖြစ်တယ်။

သူ့ကိုယ်ကိုသူ နည်းနည်း အထင်သေးတဲ့စိတ် ရှိတယ်။
ဒါကြောင့် သူ့ရဲ့ဆက်ဆံရေးတွေဟာ လွတ်လပ်တဲ့စိတ်နဲ့
ဆက်ဆံတဲ့ ဆက်ဆံရေး မဟုတ်ဘူး။

ကိုယ့်အဆင့်အတန်းဆိုတာကို မေ့ထားလို့ ရတဲ့သူ,
သူ့အဆင့်အတန်းဆိုတာကိုလည်း မေ့ထားလို့ရတဲ့သူမှသာ
လွတ်လပ်တဲ့စိတ်နဲ့ ဆက်ဆံနိုင်မယ်။

မရှိတာကိုလည်း မေ့ထားနိုင်မှ ရှိတာကိုလည်း မေ့ထားနိုင်မှ
လွတ်လပ်တဲ့စိတ်နဲ့ လုပ်သင့်တာကို ဆက်လုပ်နိုင်မယ်။

လွတ်လပ်တဲ့သူဟာ သူလုပ်နိုင်တာကို အကောင်းဆုံးဖြစ်အောင် လုပ်တယ်။

ဒါပေမယ့် အဲဒီကိစ္စနဲ့ပတ်သက်ပြီး
လူသိအောင် မကြွားဘူး။

လွတ်လပ်တဲ့သူ ရှားလိုက်တာ… နော်။
… … …

ဆရာတော်ဦးဇောတိက(မဟာမြိုင်တောရ)

"လွတ်လပ်သောစိတ်" စာအုပ်မှ
----
သဗျဗဒါနံ ဓမျမဒါနံ ဇိနာတိ
ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍ ကောင်းကျိုးကိုယ်၌တည်ပါစေ
တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်တော်လူ့လောကကြီးကနေထွက်ခွာသွားတဲ့အခါ ကျွန်တော်မှတ်သားထားတဲ့ တရားဓမ္မ တွေ အသိပညာတွေဆက်လက်ရှင်သန်ပြီးလူ့လောကအတွက် အကျိုးဖြစ်ထွန်းစေချင်ပါတယ် စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ

ဗုဒ္ဓမြတ်စွာ လက်ထက်တော် ကာလတုန်းက အရှင်ပုဏ္ဏ ဆိုတာရှိတယ်။ တစ်နေ့တော့မြတ်စွာဘုရားထံလာပြီး “အရှင်ဘုရား၊ တပည့်တော်ကို လိုက်...
18/02/2024

ဗုဒ္ဓမြတ်စွာ လက်ထက်တော် ကာလတုန်းက အရှင်ပုဏ္ဏ ဆိုတာရှိတယ်။ တစ်နေ့တော့မြတ်စွာဘုရားထံလာပြီး “အရှင်ဘုရား၊ တပည့်တော်ကို လိုက်နာကျင့်သုံးရမယ့် ဆုံးမဩဝါဒ ဟောပေးပါ” တဲ့။ “အရှင် ဘုရား ဟောထားတဲ့အတိုင်း တပည့်တော်ဟာ အားတက်သရော ကြိုးကြိုးစားစားနဲ့ လိုက်နာကျင့်သုံးပါ့မယ်” တဲ့။ ဘုရားကိုလျှောက်တယ်။

ဒါနဲ့ မြတ်စွာဘုရားက ကမ္မဋ္ဌာန်းတစ်ပုဒ်ပေးလိုက်တယ်။
“မျက်စိက နှစ်သက်စရာအာရုံကို မြင်တဲ့အခါ၊ နားက သာယာစရာ နှစ်သက်စရာအသံကို ကြားတဲ့အခါ၊ နှာခေါင်းက မွှေးကြိုင်ပြီးတော့ နှစ်သက်စရာ အနံ့ကို ရှူရှိုက်ရတဲ့အခါ၊ လျှာကလည်း အင်မတန်မှပဲ အရသာရှိတဲ့ အစာအာဟာရ ကို လျက်ရတဲ့အခါ၊ ခန္ဓာကိုယ်ကလည်း အင်မတန်မှ
အထိအတွေ့ကောင်းတဲ့ အရာဝတ္ထုကို ထိတွေ့ရတဲ့အခါ၊ စိတ်ထဲကလည်း ကြည်နူးစရာကောင်းတဲ့ အရာ မျိုးကို ထိတွေ့ရတဲ့အခါမျိုးမှာတဲ့ မင်း လောဘ မဖြစ်အောင်ထိန်းတဲ့။

ဒါက ကျင့်ရမယ့် ကျင့်ဝတ်တစ်ခုပဲ၊ လောဘမဖြစ်စေနဲ့”။

လူတိုင်းလူတိုင်းဟာ အာရုံမုန်တိုင်းက ကိုယ့်စိတ်ကို အမြဲတမ်းလာတိုက် တယ်။ မုန်တိုင်းတိုက်ပြီဆိုရင် သာမန် အခုအခံမရှိဘူးဆို လူတွေရဲ့ စိတ်ဟာ ပြိုလဲ သွားတယ်။

လောဘဖြစ်စရာအာရုံနဲ့တွေ့ရင် လောဘဖြစ်တယ်။
ဒါ ပြိုလဲသွားတာပဲ။ စိတ်ကလှုပ်ရှားသွားတာပဲ။ ဒေါသဖြစ်စရာအာရုံနဲ့တွေ့ရင် ဒေါသဖြစ်တယ်။ မျက်စိ က မြင်တာ၊ နားကကြားတာ၊ နှာခေါင်းက အနံ့ရတာ၊ လျှာက အရသာသိတာ၊ ခန္ဓာကိုယ်ကထိတာ၊ စိတ်ကူးစိတ်သန်းထဲကရတာ၊ ဒါကိုအကြောင်းပြုပြီး နှစ်သက် စရာအာရုံနဲ့တွေ့ရင် လောဘဖြစ်တယ်။ နှစ်သက်စရာအာရုံမဟုတ်ဘူးဆိုရင် ဒေါသ ဖြစ်တယ်။

အဲဒါ စိတ်ရဲ့ လှုပ်ရှားမှု၊ အာရုံမုန်တိုင်းတွေရဲ့ အတိုက်ကို ခံရသည့်အတွက်ကြောင့် လူရဲ့ စိတ်ဟာယိမ်းထိုးနေတယ်။ မြတ်စွာဘုရားက အဲဒါမဖြစ်အောင်ထိန်း တဲ့။

ဘာဖြစ်လို့လဲဆိုတော့ နန္ဒီဒုက္ခဿ မူလံ-နှစ်သက်စွဲလမ်းတဲ့ တဏှာ ရာဂသည် ဒုက္ခဖြစ်စေတဲ့အကြောင်းရင်းတဲ့။

(ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီး)
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ

လူသေပြီးနောက် အိမ်မှာ (၇)ရက် ကပ်နေသည့် ဖြစ်ရပ်ဟာဘယ်က စခဲ့သလဲ*****************မြတ်စွာဘုရားရှင် လက်ထက်တော်က တိဿ ဆိုတဲ့ ရဟန...
15/02/2024

လူသေပြီးနောက် အိမ်မှာ (၇)ရက် ကပ်နေသည့် ဖြစ်ရပ်ဟာ
ဘယ်က စခဲ့သလဲ
*****************

မြတ်စွာဘုရားရှင် လက်ထက်တော်က တိဿ ဆိုတဲ့ ရဟန်းတစ်ပါး ရှိပါတယ်။

" အဲဒီ ရဟန်းဟာ…
နှမတော်ဖြစ်သူ လှူထားတဲ့ သင်္ကန်းကို စွဲလန်းပြီး ပျံလွန်တော် မူခဲ့ရပြီးတော့ အဲဒီ သင်္ကန်းမှာ သန်းကြီး ဖြစ်ရရှာတယ် "တဲ့။

တစ်နေ့မှာ…
မြတ်စွာဘုရားရှင်နဲ့ ကိုယ်တော်တွေဟာ သူ့ကျောင်းကို ရောက်ပြီး ပျံလွန်တော်မူသွားတဲ့ ကိုယ်တော်ရဲ့ ပစ္စည်းတွေကို သိမ်းဆည်းပေးဖို့ အလာမှာ -

အဲဒီ သန်းပြိတ္တာကြီးက…
သင်္ကန်းပေါ်မှာ ပတ်ပြေးနေပြီး " ငါ့သင်္ကန်းကြီး မထိနဲ့၊ ငါ့သင်္ကန်းကြီး မယူနဲ့ " ဆိုပြီး ပတ်ချာလည် ပြေးလွှားနေတယ် တဲ့။

မြတ်စွာဘုရားရှင်က အဲ့ဒီ ဖြစ်စဉ်ကို မြင်တော်မူပြီး...
" ရဟန်းတို့… ထိုသင်္ကန်းကို မထိနဲ့။ (၇)ရက်ပြည့်ပြီးမှ ကိုင်ကြပါ " လို့ မိန့်ကြား လိုက်ပါတယ်။

မြတ်စွာဘုရားရှင်က...
သန်းတွေရဲ့အသက်ဟာ (၇)ရက်ပဲ ခံတာကြောင့်ရယ်၊
(၇)ရက် မပြည့်ခင် အဲဒီ သင်္ကန်းကို အခြားကိုယ်တော်တွေက သွားထိမိရင် သန်းပြိတ္တာကြီးက သံဃာကို ပြစ်မှားမိတဲ့ ကံကြောင့် အဝီစိ ကျမယ့်အရေးနဲ့၊
သင်္ကန်းဝတ်မိတဲ့ ကိုယ်တော်ကြောင့် သန်းပြိတ္တာကြီး သေမယ့်အရေး၊
ဒါတွေကို ကြိုမြင်ခဲ့လို့ သင်္ကန်းကို (၇)ရက် ပြည့်ပြီးမှ ကိုင်ကြပါလို့ မှာကြားခဲ့တာပဲ ဖြစ်ပါတယ်။

" အဲဒီ ကိစ္စနဲ့ ပတ်သက်ပြီး လူတွေကလည်း နောက်ပိုင်းမှာ လူတွေ၊ သေပြီးရင် (၇)ရက်ပြည့်မှ အိမ်က ထွက်တယ်တို့၊ သေပြီးရင် ကြားခံဘဝ ဝိညာဉ် ကောင်၊ လိပ်ပြာ ကောင် ဘဝနဲ့ ရှိနေကြသေးတယ် " စသဖြင့် အယူမှားကို ဆောင်ရွက် လာကြပါတယ်။

ဒီ အယူမှားဟာ…
မြန်မာလူမျိုးတွေ ကြားထဲမှာ ပြန့်နှံ့ နေခဲ့တာ ကြာမြင့်ခဲ့ပြီပဲ ဖြစ်ပါတယ်။

ကြားခံ ဘဝ၊ ဝိညာဉ်ကောင် ဘဝ၊ လိပ်ပြာကောင် ဘဝ ရှိနေသေးတယ် လို့ ယူဆရင် သက္ကာယဒိဋ္ဌိ ဖြစ်ပါတယ်။

#သေပြီးသူမှ_ကြားခံဘဝ_ဝိညာဉ်ဘဝ_ဆိုတာ_မရှိပါဘူး။

#နိဗ္ဗာန်ကို_မရခဲ့ပါက_မိမိနဲ့_ထိုက်တန်တဲ့_ဘဝအသစ်ကို_စက္ကန့်မခြားပဲ_ရောက်ကြရတာ_ကြီးပါပဲ။

" အိမ်အနီးအနားမှာ ရှိနေတယ်၊ တွေ့ရတယ် စသဖြင့်...
ဒီလို တွေ့မြင်မိရင်တော့…အဲဒါ ပြိတ္တာဘဝ ရောက်သွားခြင်းပါ။ ကြားခံဘဝ မဟုတ်ပါဘူး။ "

" နိဗ္ဗာန် မရခဲ့ရင် သေပြီးသူရဲ့ ဝိညာဉ်ဟာ တစ်ခါတည်း ချုပ်ပျောက်ပြီး မတူထူးခြားတဲ့ နောက်ဘဝ တစ်ခုမှာ အခြားဝိညာဉ်နဲ့ အခြားသတ္တဝါ ချက်ချင်း ဖြစ်ရပါတယ်။ "

" မူလဝိညာဉ်ဟာ သေဆုံးပြီးတာနဲ့ တစ်ခါတည်း ချုပ်၊ ပျောက် ပါတယ်။ "

ဝိဉာဏ် ဆိုသည်မှာ…
ဝိဉာဏ ဆိုတဲ့ ပါဠိစကားက လာတာပါ။

ဝိ = မတူထူးခြားသော အနေအားဖြင့်
ဉာဏ = သိမြင်တတ်သော တရား .. ဒီလို အဓိပ္ပါယ် ရှိပါတယ်။

" သေပြီး(၇)ရက် အိမ်မှာ ရှိနေတယ် ဆိုတဲ့ အယူကို လက်ခံထားရင် ဗုဒ္ဓဘာသာစစ်စစ် မဖြစ်သေး ပါဘူး။ "

သင်္ချိုင်းကနေ သစ်ကိုင်းလေးနဲ့ ခေါက်ပြီး လိပ်ပြာ ပြန်ခေါ်လာတာမျိုး ..

(၇)ရက် ပြည့်ရင် အိမ်လှေကားမှာ ပြာတို့၊ ဆန်တို့ ခံပြီး ခြေရာ ကျန်၊ မကျန် ကြည့်တာမျိုး ..

အပြင်မှာ သေတဲ့ မသာကို ရွာထဲ၊ ရပ်ကွက်ထဲ ရွာနာတယ် လို့ ယူဆမှားပြီး အဝင် မခံတာမျိုး ..

ဒါမျိုးတွေဟာ..
(၅)ပါးသီလ ပျက်တာထက် ပိုအပြစ်ကြီးတဲ့ မိစ္ဆာဒိဋ္ဌိ(အယူဆိုး) တွေပါ။

လူသေကို ရွာထဲ အဝင် မခံဘူး ဆိုရင် -
နေ့စဉ် ကြက်မသာ၊ ဝက်မသာ တွေကျတော့ ..
ပါးစပ်ထဲတောင် မြိန်ရည်ယှက်ရည် သွင်းနေ ကြသေးတာပဲ။

လူမသာ ကိုမှ ပိုကြောက်ကြတယ် ဆိုရင်ဖြင့် ..
အသိ မှားတော့ .. အမှတ် မှားတယ်။
အမှတ် မှားတော့ .. အယူ မှားတယ်။
အယူ မှားတော့ .. တရား မှားတယ်။
တရား မှားပြီ ဆိုရင်တော့ .. အပါယ်ဘုံကိုသာ သွားရမှာ ဖြစ်ပါတယ်။

ဂျပန်တွေက သေပြီးရင် (၄၉)ရက် အိမ်မှာ ကပ်နေတယ် လို့
ယူကြပါတယ်။ သူတို့က မဟာယာနတွေ ဖြစ်လို့ ရှိစေတော့။

" ကိုယ့် ထေရဝါဒဗုဒ္ဓဘာသာ တွေကတော့ တရားစစ်၊ တရားမှန်တွေ ရှိပါလျက်နှင့် တရား မမှား၊ အယူ မမှား သင့်ပါ။ "

🙏 ကျေးဇူးရှင် ပါချုပ် ဆရာတော်ဘုရားကြီး 🙏

🙏မနာလိုရင် ကိုယ်ပဲနာမယ်🙏         ******************** #မတောက်ပချင် နေပါစေ…သူများကို မနာလိုစိတ် မထားပါနဲ့။ #တကယ်တော့မနာလိ...
13/02/2024

🙏မနာလိုရင် ကိုယ်ပဲနာမယ်🙏
********************

#မတောက်ပချင် နေပါစေ…
သူများကို မနာလိုစိတ် မထားပါနဲ့။

#တကယ်တော့
မနာလိုစိတ် ဖြစ်တယ်ဆိုတာ…
မိုက်မဲတဲ့ လုပ်ရပ်တစ်ခုပါ။

#ကိုယ်မနာလိုဖြစ်မိနေတာကို
တစ်ဖက်လူက ဘာမှမသိဘဲ

ကိုယ်တစ်ယောက်တည်း
ပူလောင်နေရတယ် ဆိုရင်
ဒါဟာ
အရှင်လတ်လတ် ငရဲကျနေတာပါ။

#နောက်ပြီး
ကိုယ် မနာလိုဖြစ်တဲ့ အနံ့ဆိုးကိုများ
အများတကာက သိသွားရင်
ကိုယ့်ကိုပဲ
အမုန်းပွား ဆက်ဆံကြပါလိမ့်မယ်။

#ဒါကြောင့်…
ဖြစ်လေရာဘဝမှာ
အရောင်မထွက်
အဆင့်အတန်းလည်းမမီတဲ့ ဘ၀မျိုးကို
မရောက်ချင်ဘူးဆိုရင်

တစ်စုံတစ်ယောက်ကို
စီးပွားရေးကြောင့်
ပညာရေးကြောင့်
နေရာကြောင့်
မနာလိုစိတ် မ‌ဖြစ်အောင် ကြိုးစားပါ။

ာရ ဂ ဝေ သီ
🙏🙏🙏🙏🙏

မေတ္တာဖြင့်.....

🙏 အကြွေးတွေ ကျေကိုကျေသွားမှာပါ 🙏      °°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°🙏 ပဋ္ဌာန်းတရားတွေရွတ်တယ် ၊ အကျိုးမပေးဘူး၊...
09/02/2024

🙏 အကြွေးတွေ ကျေကိုကျေသွားမှာပါ 🙏
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
🙏 ပဋ္ဌာန်းတရားတွေရွတ်တယ် ၊ အကျိုးမပေးဘူး၊
လူလိမ်ခံရတယ်တဲ့။
အကြွေးတွေဆပ်နေတာကို မသိကြဘူး။

🙏 မဟာသမယသုတ်တွေရွတ်တယ် ၊
အပြစ်တင် အပြစ်ပြောခံရတာတွေ
ရပ်မသွားဘူးတဲ့။
အကြွေးတွေဆပ်နေတာကို မသိကြဘူး။

🙏 ဂုဏ်တော်ပုတီးတွေစိပ်တယ်၊
စီးပွားရေးတွေတစ်လွဲတစ်ချော်တွေ
ဖြစ်နေတုန်းပဲတဲ့။
အကြွေးတွေဆပ်နေတာကို မသိကြဘူး။

🙏 ရဟန်းတွေခံ၊ရှင်တွေပြု၊
ကျောင်းဆောက်၊စေတီတွေတည်၊
ဆွမ်းတွေကပ်၊သီလတွေစောင့်တယ်၊
စီးပွားရေး၊လူမှုရေးတွေ အဆင်မပြေဘူး၊
ပိုဆိုးလာသတဲ့။
အကြွေးတွေဆပ်နေတာကို မသိကြဘူး။

🙏 မြတ်စွာဘုရားက
ကုသိုလ်ဆိုတာ အပြစ်ကင်းပြီး ကောင်းကျိုးကို
ပေးမယ်လို့ တထစ်ချ ဟောထားတယ်။

🙏 ဘုရားစကား ဘုရားတရားဟာ လွဲရိုးထုံးစံ မရှိဘူး။

🙏 ကုသိုလ်လုပ်ပြီး အဆင်မပြေဖြစ်တယ် ဆိုတာ
အကြွေးဟောင်းတွေကို ဆပ်နေရတယ်လို့ မှတ်ပါ။

🙏 ဘဝတွေမှာ
နှုတ်နဲ့တင်ခဲ့တဲ့အကြွေးတွေ အများကြီး။
ကိုယ်နဲ့ပြုခဲ့တဲ့အကြွေးတွေ အများကြီး။
စိတ်နဲ့ပြစ်မှားမိခဲ့တဲ့အကြွေးတွေ အများကြီး။

🙏 ဒီအကြွေးတွေကို ဝိပဿနာဉာဏ်နဲ့မှ
မဆပ်နိုင်သေးရင် ဘယ်တော့မှအကုန် မကျေနိုင်ပါဘူး။

🙏 ကုသိုလ်ပြုတယ်ဆိုတာ အကြွေးတွေကို
ဖဲ့ ဖဲဆပ်နေကြတာပါ။အကြွေးမှန်မှန်ဆပ်ရင် တစ်နေ့ အကြွေးကျေကိုကျေမှာပါ။

🙏 အကြွေးကျေတဲ့နေ့
လုပ်သမျှကုသိုလ်တွေ အဖတ်တင်တဲ့နေ့၊
လုပ်သမျှ ကုသိုလ်တွေ တန်ပြန် အကျိုးပေးမယ့်နေ့ လို့ မှတ်ပါ။

🙏 မြတ်စွာဘုရားက
ကုသိုလ်ဆိုတာ အပြစ်ကင်းပြီး ကောင်းကျိုးကို
ပေးမယ်လို့ တစ်ထစ်ချ ဟောထားတယ်။

🙏 ဘုရားစကား ဘုရားတရားဟာ လွဲရိုးထုံးစံမရှိဘူး။ယုံယုံကြည်ကြည်နဲ့သာ ဆက်လျှောက်ပါ။

🙏 ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး🙏


#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် ။

09/02/2024
🙏🙏🙏မင်္ဂလာရှိသော နံနက်ခင်းလေးပါ🙏🙏🙏ကျန်းကျန်းမာမာ ချမ်းချမ်းသာသာနဲ့နေထိုင်လုပ်ကိုင် စားသောက်နိုင်ကြပါစေ🙏🙏🙏🦋👩‍🦰🦋
25/01/2024

🙏🙏🙏မင်္ဂလာရှိသော နံနက်ခင်းလေးပါ🙏🙏🙏

ကျန်းကျန်းမာမာ

ချမ်းချမ်းသာသာနဲ့

နေထိုင်

လုပ်ကိုင်

စားသောက်နိုင်ကြပါစေ🙏🙏🙏

🦋👩‍🦰🦋

ကိုယ်ချင်းစာတရား မေတ္တာတရားများ လက်ကိုင်ထား၍ မိမိကောင်းကျိုး၊ မိသားစုကောင်းကျိုး၊ အများကောင်းကျိုး၊ နိုင်ငံတော်၏ကောင်းကျ...
19/01/2024

ကိုယ်ချင်းစာတရား

မေတ္တာတရားများ လက်ကိုင်ထား၍

မိမိကောင်းကျိုး၊ မိသားစုကောင်းကျိုး၊

အများကောင်းကျိုး၊ နိုင်ငံတော်၏ကောင်းကျိုး၊

ဘာသာသာသနာ၏ ကောင်းကျိုးများကို သယ်ပိုးရွက်

ဆောင်နိုင်ကြပါစေ။
#မူရင်းဆရာကိုCreditပေးပါသည်။
ဆင်းရဲဒုက္ခ အပေါင်းမှ လွတ်မြောက်ကြပါစေ။

ချမ်းသာသုခဟူသမျှ ကိုယ်စီကိုယ်ငှ ရရှိခံစားနိုင်ကြပါစေ။

Photo အတွက် ကျေးဇူးပါ...........................

15/01/2024

ကိုယ့်ကိုယ်ကိုဆုံးမခြင်း

14/01/2024

အစွမ်းထက်မြတ်သောဂါထာတော်
#ရန်အောင်မြင်ဂါထာ
အရှင်ကဥ္စနောဘာလ #မူရင်းဆရာကိုCreditပေးပါသည်။

10/01/2024

3မီနစ်လောက်အချိန်ပေးပြီးနားထောင်သင့်ပါတယ်
သင့်အတွက် အကျိုးရှိစေဖို့ #မူရင်းဆရာကိုCreditပေးပါသည်။

Address

Yangon. Belin Village Next To Mandalay Road
Kyaukse
5143

Alerts

Be the first to know and let us send you an email when Free Dam posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Category