Kyaiklatt Spring Diary ကျိုက်လတ်နွေဦးဒိုင်ယာရီ

  • Home
  • Myanmar
  • Kyaiklat
  • Kyaiklatt Spring Diary ကျိုက်လတ်နွေဦးဒိုင်ယာရီ

Kyaiklatt Spring Diary ကျိုက်လတ်နွေဦးဒိုင်ယာရီ ရတဲ့နည်းနဲ့ တော်လှန်မှ၊ပြည်သူ့အောင်ပွဲရ

“ကချင်ပြည်နယ်က မြေရှားသတ္တု ဘာကြောင့်အရေးပါသလဲ”~~~■ ကမ္ဘာလုံးဆိုင်ရာဈေးကွက်လိုအပ်ချက်ရဲ့ ငါးဆယ်ရာခိုင်နှုန်းကျော် မြန်မာ...
22/11/2024

“ကချင်ပြည်နယ်က မြေရှားသတ္တု ဘာကြောင့်အရေးပါသလဲ”
~~~
■ ကမ္ဘာလုံးဆိုင်ရာဈေးကွက်လိုအပ်ချက်ရဲ့ ငါးဆယ်ရာခိုင်နှုန်းကျော် မြန်မာနိုင်ငံကနေ ထုတ်လုပ်နေတဲ့ 'မြေရှားသတ္တု' ဆိုတာ ဘာကိုပြောတာလဲ၊ ဘယ်နေရာတွေမှာသုံးပြီး ဘယ်လိုတွေတူးနေကြသလဲ ဆိုတာတွေကို မသီရိမင်းဇင်က ပြောပြထားပါတယ်။

https://youtu.be/GzJDnkoQXbs?si=8WlIeKlg9kf_8z3P

#မြေရှားသတ္တု #တရုတ် #လွတ်လပ်တဲ့အာရှအသံ

“ကချင်ပြည်နယ်က မြေရှားသတ္တု ဘာကြောင့်အရေးပါသလဲ”~~~■ ကမ္ဘာလုံးဆိုင်ရာဈေးကွက်လိုအပ်ချက်ရဲ့ ငါးဆယ်ရာခိုင်နှ.....

22/11/2024

နွေဦးဖွံ့ဖြိုးရေးဘဏ်က အစုရှယ်ယာတွေ ရောင်းချပေးတဲ့ ICO round 2 စတင်ပြီး ၇ ရက်မြောက်နေ့မှာ ဘဏ်အစုရှယ်ယာ ရင်းနှီးမြှုပ်နှံမှု အသီးသီးရဲ့ စုပေါင်းပမာဏ အမေရိကန် ဒေါ်လာ ၄ သန်း ကျော်ရရှိခဲ့ပြီလို့ Spring Development Bank က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

https://youtu.be/O1RRfOw5PB8?si=zjekpTAi_DqZ47as

#နွေဦးဖွံ့ဖြိုးရေးဘဏ်

မတ္တရာတွင်  ဗိုလ်မှူး ကျော်ဇေယျ ဦးဆောင်သော ခမရ ၇၀၁  စစ်ကြောင်းကို  တိုက်ခိုက်မှု စစ်သား  ၁၂ ဦးသေဆုံးပြီး လက်နက် ၉ လက် သိ...
22/11/2024

မတ္တရာတွင် ဗိုလ်မှူး ကျော်ဇေယျ ဦးဆောင်သော ခမရ ၇၀၁ စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၂ ဦးသေဆုံးပြီး လက်နက် ၉ လက် သိမ်းဆည်းရရှိ

နိုဝင်ဘာလ ၂၁ ရက်၊ ၂၀၂၄ ခုနှစ်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ အကြမ်းဖက် စစ်တပ်၏ ခမရ ၇၀၁ တပ်ရင်းမှ ဗိုလ်မှူး ကျော်ဇေယျ ဦးဆောင်သော စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၂ ဦးသေဆုံးပြီး လက်နက် ၉ လက် သိမ်းဆည်းရရှိခဲ့ကြောင်း အမှတ် ၁ စစ်ဒေသ က သတင်းထုတ်ပြန်သည်။

နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် အမှတ် ၉၁၀ စစ်အင်ဂျင်နီယာတပ်ရင်းမှ ထွက်လာသော ခမရ ၇၀၁ တပ်ရင်းမှ ဗိုလ်မှူး ကျော်ဇေယျ ဦးစီး အင်အား ၇၀ ကျော်ပါ စစ်ကြောင်းကို ဆောက်ခြုံပေါက်ရွာအရောက်တွင် တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း ၊ယင်း တိုက်ပွဲ အတွင်း စစ်ကောင်စီ တပ်သား ၁၂ ဦးသေဆုံးကြောင်း သိရှိရည်။

ထို့ပြင် စစ်ကောင်စီတပ်ထံမှ MA-15 (ငါးကြင်းမြီး) ၊ MA-10 (RPG) အပါအဝင် လက်နက် ၉ လက်၊ RPG ဒုံးသီး ၈ လုံး၊ ၆၀ မမ ဗုံးသီး ၅ လုံး၊ အီနာဂါ ဗုံးသီး ၅ လုံး၊ 5.56 ကျည် ၃၅၁ တောင့်၊ G-3 ကျည် ၂၄၈ တောင့်၊ MA ကျည်အိမ် ၇ ခု၊ ကျည်အိမ်အဝိုင်း ၁ ခု၊ MA-15 ကျည်ခါးပတ် ၁ ခု၊ Equipment ၁ ခု၊ ယူနီဖောင်း ၂ စုံ သိမ်းဆည်းရရှိခဲ့ကြောင်း၊ အဆိုပါစစ်တပ် စစ် ကြောင်းမှာ အောင်မြေသာစံမြို့နယ်ရှိ အမှတ်-၉၁၀ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း တွင် အင်အားစုဖွဲ့ပြီး မတ္တရာမြို့နယ် သဖန်းဒေါင့်ရွာမှတစ်ဆင့် ဝင်ရောက်လာခြင်းဖြစ်ကြောင်းသိရှိရသည်။ သိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က ဂျက်တိုက်လေယာဉ်နှင့် Mi-35 တို့ဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကို ပြင်ဦးလွင်ခရိုင်ကွပ်ကဲရေးမှူး၏ ကွပ်ကဲမှုနှင့် အမှတ် (၅၁၀) တပ်ရင်း၊ မန္တလေးခရိုင် ပကဖ၊ မဟာအောင်မြေမြိုနယ်/ ချမ်းမြသာစည်မြိုနယ်/ မတ္တရာမြိုနယ် ပကဖ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

မှော်ဘီရှိ အကြမ်းဖက်စစ်ကောင်စီ၏ ဝါဒဖြန့် မြ၀တီရုပ်မြင်သံကြားအသံလွှင့်ဌာန အဆောက်အအုံကို ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်နိုဝင်ဘ...
22/11/2024

မှော်ဘီရှိ အကြမ်းဖက်စစ်ကောင်စီ၏ ဝါဒဖြန့် မြ၀တီရုပ်မြင်သံကြားအသံလွှင့်ဌာန အဆောက်အအုံကို ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်

နိုဝင်ဘာလ ၂၁ ရက်၊ ၂၀၂၄ ခုနှစ်။

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ဝါဒဖြန့် မြ၀တီရုပ်မြင်သံကြားအသံလွှင့်ဌာန အဆောက်အအုံကို ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Yangon Army က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ညနေ ၅ နာရီ ၁၀ မိနစ်အချိန် Yangon Army(YA)၏ ၁ နှစ်ပြည့်အထိမ်းအမှတ် အဖြစ် ရန်ကုန်တိုင်း ၊ မှော်ဘီမြို့နယ် ရှိအကြမ်းဖက်မင်းအောင်လှိုင် လက်အောက်ခံ မြဝတီအသံလွှင့်ဌာန ကို Yangon Army (YA)က ဗုံးပစ်လောင်ချာ M79 လက်နက်ကြီးဖြင့် ၄၀ မမ ဗုံး ၃လုံးကို ထိထိရောက်ရောက်ပစ်ခတ်နိုင်ခဲ့ကြောင်း သိရှိရသည်။

"မှော်ဘီမှာ ဒီညနေ ၅ နာရီဝန်းကျင်က ပေါက်ကွဲသံ ၃ ချက်ကြားရပါတယ်။ ဘယ်နားပေါက်မှန်းတော့မသိပါဘူး" ဟု မှော်ဘီမြို့နယ်တွင် နေထိုင်သူ ပြည်သူတစ်ဦးက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း အတည်ပြု ပြောဆိုသည်။

Yangon Army အနေဖြင့် နောက်ထပ် ပစ်မှတ်ကြီးများကိုလည်း အကြမ်းဖက်စစ်အာဏာရှင်မပြုတ်မချင်း ဆက်လက်တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် စစ်တပ်နှင့်ဝေးရာ ရှောင်ရှားနေထိုင်ကြရန် သတိပေးထားသည်။

ဓာတ်ပုံ- မြ၀တီရုပ်သံလွှင့်ဌာနကို သွားရောက် စစ်ဆေးနေသည့် အကြမ်း ဖက်မင်းအောင်လှိုင်။ (ပုံအဟောင်းဖြစ်ပါသည်။)

ကန်ပိုက်တီမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီး အပါအဝင် စစ်သုံ့ပန်းများ ဖမ်းဆီးရရှိပြီး လက်နက် ၁၀၀ ကျော်နှ...
22/11/2024

ကန်ပိုက်တီမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီး အပါအဝင် စစ်သုံ့ပန်းများ ဖမ်းဆီးရရှိပြီး လက်နက် ၁၀၀ ကျော်နှင့် ဒရုန်းများပါ သိမ်းပိုက်ရရှိ၊ KIA က အလံတင်ပြီးနောက် တရုတ်က နယ်စပ်ဂိတ်ကို ပိတ်ထား

နိုဝင်ဘာလ ၂၂ ရက်၊ ၂၀၂၄ ခုနှစ်။

ကချင်ပြည်နယ်၊ တရုတ်-မြန်မာနယ်စပ်ရှိ ကန်ပိုက်တီမြို့ကို KIA က သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီး အပါအဝင် စစ်သုံ့ပန်းများ ဖမ်းဆီးရရှိပြီး လက်နက် ၁၀၀ကျော်နှင့် ဒရုန်းများပါ သိမ်းပိုက်ရရှိကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၀ ရက်နေ့ ကန်ပိုက်တီမြို့ကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် မြို့အတွင်းနှင့်ပတ်ဝန်းကျင်ကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ကြောင်း၊ ယင်းသို့လုပ်ဆောင်ရာတွင် စစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီး အပါအဝင် စစ်သုံ့ပန်းများ ဖမ်းဆီးရရှိကြောင်း၊ လက်နက် ၁၀၀ ကျော်နှင့် ခဲယမ်းများ၊ ဒရုန်းများစွာကိုလည်း သိမ်းဆည်းရရှိကြောင်း သိရှိရသည်။

"စစ်သုံ့ပန်းတွေလည်း ဖမ်းဆီးရရှိပါတယ်။ ဗိုလ်ကြီးအဆင့်ပါတယ်။ လက်နက် ၁၀၀ ကျော်နဲ့ ဒရုန်းတွေလည်းရတယ်။ တရုတ်ဘက်က နယ်စပ်ဂိတ်ကိုပိတ်ထားပါတယ်" ဟု KIA သတင်းရင်းမြစ်က ရှင်းပြသည်။

KIA က ကန်ပိုက်တီမြို့နှင့် တရုတ်-မြန်မာနယ်စပ် ချစ်ကြည်ရေး ဥမင်လှိုဏ်ခေါင်းတွင် KIA က ကချင်အမျိုးသားအလံတော်ကို လွှင့်ထူခဲ့ကြောင်း၊ဆက်လက်၍ နယ်မြေလုံခြုံရေးနှင့် ကန်ပိုက်တီမြို့၏ လုံခြုံရေးကို KIA က တာဝန်ယူထားကာ နယ်စပ်ဂိတ်တွင်လည်း KIA စစ်သားများ စောင့်ကြပ်နေကြောင်း သိရှိရသည်။

KIA က စစ်ကောင်စီ လက်အောက်ခံ ဇခုန်တန့်ယိန်း- NDAK ထိန်းချုပ်ထားသော ကချင်အထူးဒေသ ၁ တစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

တောင်ဥက္ကလာပမြို့နယ် ၁၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံး ၂ လုံး ပစ်သွင်း တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထ...
22/11/2024

တောင်ဥက္ကလာပမြို့နယ် ၁၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံး ၂ လုံး ပစ်သွင်း တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိနိုင်

နိုဝင်ဘာလ ၂၂ ရက်၊ ၂၀၂၄ ခုနှစ်။

ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ် အမှတ် ၁၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံး ၂ လုံး ပစ်သွင်း တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

နိုဝင်ဘာလ ၂၁ ရက်နေ့ ည ၉ နာရီခန့်အချိန် တောင်ဥက္ကလာပမြို့နယ် ၊ ငွေတောင်စား သောက်ဆိုင် ဘေးရှိ အမှတ် ၁၄ ရပ်ကွက်အုပ်ချူပ်ရေးမှူးရုံးကို လက်ပစ်ဗုံး ၂ လုံး ပစ်သွင်း တိုက်ခိုက်ခဲ့ရာ အုပ် ချုပ်ရေးမှူးများ၊ ဆယ်အိမ်မှူးများနှင့် ရဲများ ထိခိုက်မှုရှိနိုင်ကြောင်း သိရသည်။

“၂ လုံး စလုံး ပေါက်ကွဲတဲ့အတွက် ထိခိုက်မှုရှိနိုင်တယ်။ ၂ ကြိမ်ဆက်တိုက် ပေါက်ကွဲတဲ့ အသံအကျယ်ကြီးကိုလည်း ပြည်သူတွေက ကြားတယ်လို့ ပြောတယ်။ နောက်ဆက်တွဲတော့ မသိရသေးဘူး။ အဲဒီရုံးက ငွေတောင်စားသောက်ဆိုင်ဘေးမှာရှိတာပါ။ ရဲဘော်တွေ အားလုံး ဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ရန်ကုန် အရှေ့ပိုင်းခရိုင် မြောက်ဥကလာပမြို့နယ် (ပကဖ) ရဲဘော်များက ၂၀၂၃ ခုနှစ်တွင် မစ်ရှင်းလုပ်ဆောင်ရင်း ငွေတောင်စားသောက်ဆိုင်ဝန်ထမ်းများ၏ ဖမ်းဆီးသတ် ဖြတ်ခြင်း ခံလိုက်ရသော ရဲဘော် ချောကလက် (ခ) သာဒင်အတွက် လက်စားချေတုန့်ပြန်သည့် အနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြောက်ဥက္ကလာပကဖ မှ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။

နိုင်ငံရေးအကျဥ်းသား ကိုစိန်လင်း နှင့် ဗကသဟောင်း ကိုမင်းမင်းဇော်တို့ ကွယ်လွန်နိုဝင်ဘာလ ၂၁ ရက်၊ ၂၀၂၄ ခုနှစ်။မန္တလေးတိုင်း၊...
21/11/2024

နိုင်ငံရေးအကျဥ်းသား ကိုစိန်လင်း နှင့် ဗကသဟောင်း ကိုမင်းမင်းဇော်တို့ ကွယ်လွန်

နိုဝင်ဘာလ ၂၁ ရက်၊ ၂၀၂၄ ခုနှစ်။

မန္တလေးတိုင်း၊ အိုးဘိုထောင်တွင် နှစ်ရှည် ထောင်ဒဏ်ကျခံနေရသည့် နိုင်ငံရေးအကျဥ်းသား ကိုစိန်လင်း (ခ) ကိုအငယ်လေး သည် ကျန်းမာရေးစောင့်ရှာက်မှု ကောင်းစွာမရရှိ၍ ယမန်နေ့ ညနေပိုင်းတွင် ကွယ်လွန်သွားခဲ့ရသလို တော်လှန်ရေး တာဝန်များထမ်းဆောင်နေသော ဗကသ ကျောင်းသားဟောင်း ကိုမင်းမင်းဇော်သည်လည်း ကျန်းမာရေးအတွက် ဆေးဝါးကုသရန်ခက်ခဲသည့်အခြေအနေကြောင့် ယနေ့နံနက်ပိုင်း၌ ကွယ်လွန်သွားခဲ့ရသည်ဟု သိရသည်။

အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၂ (က)၊ ၅၁ (ဂ) တို့ဖြင့် ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခံထားရသော အသက်၅၉ နှစ်အရွယ် ကိုစိန်လင်းသည် ထောင်တွင်း၌ ဆေးဝါးကုသမှု လုံလောက်စွာမရဘဲ ရောဂါ ပြင်းထန်လာချိန်မှ မန္တလေး ဆေးရုံကြီးကို ပြောင်းရွှေ့ကုသခဲ့ရာ အချိန်တရက်သာခံပြီး နိုဝင်ဘာ ၂၀ ရက် ညနေ ငါးနာရီကျော်တွင် ကွယ်လွန်သွားခဲ့ရခြင်းဖြစ်သည်ဟု နိုင်ငံရေးအကျဥ်းသားများက ပြောသည်။

မန္တလေး နိုင်ငံရေးအကျဉ်းသား ကိုအငယ်လေး( ခ)ကိုစိန်လင်းသည် ၂၀၂၀ ပြည့်နှစ် ပြည်သူ့ပါတီ ချမ်းအေးသာဇံ လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်ခဲ့ကာ နိုင်ငံရေးလှုပ်ရှားမှု၊ ကျောင်းသားလှုပ်ရှားမှုများကြောင့် ၁၉၉၁နှင့် ၁၉၉၈ ခုနှစ်တွင် ဖမ်းဆီးခံခဲ့ရပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့်ထောင်နှစ် ၂၀ ချမှတ်ခံခဲ့ရသော နိုင်ငံရေးအကျဉ်းသား ဟောင်းတဦး ဖြစ်သည်။

ယနေ့ နံနက် ၁၀ နာရီကျော်အချိန်တွင် ကွယ်လွန်သွားခဲ့ရသော ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ( ဗကသ) မအူပင်ခရိုင်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်(ဟောင်း) ရဲဘော်မင်းမင်းဇော် (ခ) မြူမိုးဆောင်းသည် ရှမ်းပြည်နယ်မြောက်ပိုင်း ကျေးရွာတခု၌ တော်လှန်ရေးကိစ္စများဆောင်ရွက်နေရင်း ၎င်းခံစားနေရသော အသည်းအဆီဖုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်ဟု ဗကသများအဖွဲ့ချုပ် ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမင်းသွေးသစ်က ပြောသည် ။

၎င်းက '' သူက ရှမ်းမြောက်ဒေသမှာ ရောက်နေတာကြာပြီပေါ့နော် ။ ကွယ်လွန်တော့လည်း သူရောက်နေတဲ့ ရှမ်းမြောက် ဒေသက ရွာတရွာမှာပဲ ကွယ်လွန်သွားတာပါ ။ ကျန်းမာရေးမရတော့ ဆရာဝန်တွေမရှိဘူးပေါ့နော် ။ ဆေးမှူးနဲ့ပဲကုရတဲ့ အခြေအနေမျိုးဖြစ်သွားတာ '' ဟု ပြောသည် ။

ကိုမင်းမင်းဇာ်သည် ၂၀၁၂ ခုနှစ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီနှင့် ခရိုင်တို့ တရားဝင်ပေါ်ပေါက်လာရန်အတွက် ရုန်းကန်ကြိုးစားခဲ့ပြီး သမိုင်းပေးတာဝန်ကျေပွန်ခဲ့သူတဦးကြောင်း ၎င်းနှင့် ရင်းနှီးသူများက ဆိုသည်။

ပုံစာ- နိုင်ငံရေးအကျဥ်းသား ကိုစိန်လင်း (ခ) ကိုအငယ်လေး (ဘယ်)နှင့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ( ဗကသ)အဖွဲ့ဝင်ဟောင်း ရဲဘော်မင်းမင်းဇော် (ခ) မြူမိုးဆောင်း (ညာ)

#ဧရာဝတီ

လက်တုံ့ပြန်နိုင်ငံရေးအတွက် အာဆီယံကို အသုံးမချဖို့ မြန်မာကို စင်ကာပူကာကွယ်ရေးဝန်ကြီး သတိပေး  နိုဝင်ဘာလ ၂၁ ရက်၊ ၂၀၂၄ ခုနှစ...
21/11/2024

လက်တုံ့ပြန်နိုင်ငံရေးအတွက် အာဆီယံကို အသုံးမချဖို့ မြန်မာကို စင်ကာပူကာကွယ်ရေးဝန်ကြီး သတိပေး

နိုဝင်ဘာလ ၂၁ ရက်၊ ၂၀၂၄ ခုနှစ်။

မြန်မာအနေနဲ့ လက်တုံ့ပြန်နိုင်ငံရေးအတွက် အာဆီယံကို အသုံးမချပါနဲ့လို့ စင်ကာပူနိုင်ငံ ကာကွယ်ရေး ဝန်ကြီးက နိုဝင်ဘာ ၂၀ ရက်နေ့က လာအိုနိုင်ငံ ဗီယန်ကျန်းမြို့မှာ လုပ်ခဲ့တဲ့ ၁၈ ကြိမ်မြောက် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးမှာ ပြောဆိုကြောင်း စင်ကာပူအခြေစိုက် Asia One သတင်းမှာ ဒီနေ့ ဖော်ပြပါတယ်။

အာဆီယံအနေနဲ့ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် မိတ်ဖက်နိုင်ငံသစ်တွေလက်ခံဖို့ စဉ်းစား နေတာဖြစ်ပြီး အခုအစည်းအဝေးအတွင်း အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ ဆွေးနွေးအတည်ပြုဆုံးဖြတ်မှာကို မြန်မာ နိုင်ငံက ကန့်ကွက်နေတာဖြစ်ပါတယ်။

ဒီကိစ္စကို လာမဲ့ ၂၀၂၅ ခုနှစ်မှာ အာဆီယံဥက္ကဋ္ဌဖြစ်လာမဲ့ မလေးရှား နိုင်ငံက ဆုံးဖြတ်ဖို့ မြန်မာက ပြောဆို ကြောင်း၊ မြန်မာနိုင်ငံက အခုလို ကန့်ကွက်နေတာဟာ နှစ်နှစ်ဆယ်ကျော်ကြာ တည်ဆောက်ထားတဲ့ အာဆီယံရဲ့ ဗဟိုကျမှုကို အန္တရာယ်ရှိ ထိခိုက်စေနိုင်တယ်လို့လည်း စင်ကာပူ ကာကွယ်ရေးဝန်ကြီး Dr.Ng Eng Hen က ပြောပါတယ်။

လက်ရှိမှာတော့ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးဖက်နိုင်ငံတွေအဖြစ် သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ ရုရှား၊ ကိုရီးယားတောင်ပိုင်းနှင့် အမေရိကန်တို့ ပါဝင်နေတာ ဖြစ်ပါတယ်။ အနောက်နိုင်ငံတချို့က ဒီပူးပေါင်းဆောင်ရွက်မှု အစီအစဉ်မှာ ပါဝင်လိုကြောင်း ပြောဆိုထားပါတယ်။

ဒီကိစ္စကို မြန်မာနိုင်ငံကလွဲရင် ကျန်တဲ့နိုင်ငံတွေက သဘောတူထားပြီဖြစ်ကြောင်းနဲ့ မြန်မာအနေနဲ့ ရည်ရွယ်ချက် တစ်ခုနဲ့ ၁၀ နိုင်ငံပါ အဖွဲ့ကို အသုံးမချသင့်ကြောင်း၊ မြန်မာနိုင်ငံက အာဆီယံကို အခက်အခဲဖြစ်စေတာတွေကို လည်း အားလုံးသိထားမယ်လို့ထင်ကြောင်း၊ မြန်မာဟာ အာဆီယံခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်ကို မလိုက်နာ သလို အာဆီယံရဲ့ တိုးတက်မှုနဲ့ ရှေ့ကို ဆက်သွားလိုတဲ့ ဆန္ဒကို အဟန့်အတား မဖြစ်သင့်ကြောင်းလည်း Dr.Ng Eng Hen က ပြောကြားလိုက်ပါတယ်။

အဲဒီအစည်းအဝေးကို စစ်ကောင်စီကာကွယ်ရေးဝန်ကြီးဌာန နိုင်ငံတကာ ဆက်ဆံရေးဌာန ညွှန်ကြားရေးမှူး ဦးဇော်နိုင်ဝင်း တက်ရောက်တယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါတယ်။
_________

စင်ကာပူနိုင်ငံ ကာကွယ်ရေးဝန်ကြီး Dr.Ng Eng Hen ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၀ ရက်နေ့က လာအိုနိုင်ငံ ဗီယန်ကျန်းမြို့တွင် ကျင်းပခဲ့သည့် အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးတွင် တွေ့ရစဉ်။ (Photo: Mindef/asia one)

#စင်ကာပူကာကွယ်ရေးဝန်ကြီး #မြန်မာ #အာဆီယံ #လွတ်လပ်တဲ့အာရှအသံ

မြင်းခြံမြို့နယ်တွင် ၇ ကြာတိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်တပ်မှ ဗိုလ် ၁ ဦးအပါအဝင် စစ်သား ၃၀ ကျော်သေဆုံးဟုဆိုနိုဝင်ဘာလ ၂၁ ရက...
21/11/2024

မြင်းခြံမြို့နယ်တွင် ၇ ကြာတိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်တပ်မှ ဗိုလ် ၁ ဦးအပါအဝင် စစ်သား ၃၀ ကျော်သေဆုံးဟုဆို

နိုဝင်ဘာလ ၂၁ ရက်၊ ၂၀၂၄ ခုနှစ်။

မန္တလေးတိုင်း ၊ မြင်းခြံမြို့နယ်တောင်ဘက် ၅ မိုင်ခန့်အကွာနေရာ၌ ၇ ကြာတိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်တပ်မှ ဗိုလ် ၁ ဦးအပါအဝင် စစ်သား ၃၆ ဦးသေဆုံးခဲ့ကြောင်း Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

နိုဝင်ဘာလ ၁၁ ရက်နေ့မှစ၍ မြင်းခြံမြို့ တောင်ဘက် ၅ မိုင်ခန့်အကွာ၌ရှိသော Myingyan Black Tiger (MBT) တပ်ဖွဲ့၏ စစ်ကြောင်း ၃ စစ်ရေးလှုပ်ရှားရာ နယ်မြေအတွင်းသို့ အကြမ်းဖက်စစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲမှာ ၃ ရက်တာကြာမြင့်ခဲ့ပြီး ခဲယမ်းပြတ်တောက်မှုကြောင့် ပထမ ခံစစ် စည်းဖြစ်သည့် ကွမ်းစိုက်ကျေးရွာမှ ဆုတ်ခွာပေးခဲ့ရကြောင်း သိရသည်။

နိုဝင်ဘာလ ၁၅ ရက် ည ၈ နာရီခွဲအချိန်မှစ၍ အကြမ်းဖက်စစ်တပ်မှ Mi-35 ရဟတ်ယာဉ်ဖြင့် ၃ ကြိမ် နှင့် Jet Fighter ဖြင့် ၂ ကြိမ် ပြုလုပ်ခဲ့ပြီး မြင်းခြံမြိုရှိ ခမရ ၁၅ မှ လည်း ဟောင်ဝှစ်ဇာ ၅ လုံးဖြင့် ပစ်ကူ‌ပေးကာ ခြေလျင်စစ်ကြောင်းဖြင့် ထပ်မံ၍ ထိုးစစ်ဆင်တိုက် ခိုက်ခဲ့ရာ နိုဝင်ဘာလ ၁၈ ရက်နေ့ အထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲ အတွင်း MBT တပ်ဖွဲ့မှ ရဲဘော်များအနေဖြင့် အကြမ်း ဖက်စစ်တပ်၏ ကြည်းကြောင်း၊ လေကြောင်းတိုက်ခိုက်မှုကို ခုခံတိုက်ခိုက်နိုင်ခဲ့သော်လည်း ခဲယမ်း ပြတ်တောက်သွားမှုကြောင့် ဒုတိယခံစစ်စည်းဖြစ်သည့် ခြေ ဆေး ကျေးရွာမှ ဆုတ်ခွာပေးခဲ့ရကြောင်း သိရသည်။

“လက်ရှိအနေအထားကတော့ ခေါင်းတည်နေတုန်းပဲရှိသေးတယ်။ သူတို့ဘက်က စစ်ကြောင်းထိုးလာ တယ်၊ ကျနာ်တို့ဘက်က ပထမခံစစ်၊ ဒုတိယခံစစ်ကနေ ဆုတ်ခွာပေးထားတယ်ဆိုပေမယ့် ထပ်ပြီး တော့ ကာထားတယ်၊ ထပ်ပြီးတော့ ရင်ဆိုင်နေတယ်။ ပြောက်ကျားတိုက်ပွဲတော့ဖြစ်တာရှိတယ်။ ဒါ ပေမယ့်တိုက်ပွဲပြင်းထန်တာမျိုးတော့ မရှိသေးပါဘူး” ဟု Myingyan Black Tiger – MBT တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ယင်းတိုက်ပွဲ ကာလ ၇ ရက်အတွင်းအကြမ်းဖက်စစ်တပ်မှ ၂ ပွင့်ဗိုလ်အပါအဝင် အကြမ်းဖက်စစ်သား ၃၆ ဦးသေဆုံးခဲ့ပြီး ၄၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ MBT တပ်ဖွဲ့မှ ရဲဘော် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း၊ ယခုအချိန်ထိလည်း အကြမ်းဖက်စစ်တပ် စစ်ကြောင်းနှင့် မျက်နှာချင်းဆိုင်ထားပြီး တိုက်ပွဲ များဆက်လက်ဖြစ်ပွားနိုင်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို Myingyan Black Tiger (MBT)မြင်းခြံခရိုင်အမှတ် ၉ တပ်ရင်း Popa Guerilla Force (PGF) ၊ မြင်းခြံခရိုင် တပ်ရင်း (၁ ၊၂ ၊ ၃ ၊၄၊၇ ၊၈) ၊ မြင်းခြံခရိုင် ပကဖ၊ နွားထိုး ကြီး မြိုနယ် ပကဖ၊ အမှတ် ၈၁၅ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ မြင်းခြံခရိုင် ဒရုန်းတပ်ဖွဲ့၊စွန်ရဲပြောက်ကျားတပ်ဖွဲ့၊ SPY ပြောက်ကျားတပ်ဖွဲ့နှင့် နှလုံးလှ လူမိုက်တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ပြည်သူတွေအနေနဲ့ဖမ်းဆီးခံရတယ်၊ နှိပ်စက်ခံရတယ်၊ သတ်ဖြတ်ခံရတယ်။ အနှစ်နှစ်အလလက စုထားတဲ့ ပြည်သူ့အိုးအိမ်တွေကို စကစတပ်က မီးရှို့တယ်၊ ဒီလိုအခက်အခဲတွေ ဒုက္ခတွေခံနေရတယ် ဆိုတာ ကျနော်တို့လည်း နားလည်ပါတယ်။ ရောင်နီတစ်ခုရောက်ဖို့အတွက် မုန်တိုင်းတစ်ခုက ကျော် ဖြတ်ရစမြဲပါပဲ၊ အခုကြုံနေရတဲ့အခက်အခဲတွေကို မျိုသိပ်ပြီးတော်လှန်ရေးခရီးရှေ့ကိုရောက်ဖို့ အတွက်၊ ဘယ်လောက်ပဲအခက်အခဲရှိရှိ ဒီတော်လှန်ရေးမှာ နိုင်တဲ့ဘက်ကနေ ဝန်းရံပါဝင်ပေးကြဖို့ ၊ ကူညီပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု Myingyan Black Tiger – MBT တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောဆိုသည်။

ယမန်နေ့ နိုဝင်ဘာလ ၂၀ ရက် ည ၇ နာရီခန့်ကလည်း မြင်းခြံမြို့ပေါ်ရှိ အကြမ်းဖက်စစ်သားများ အဓိက အခြေချတပ်စွဲရာ ကျောက်ရုံးကြီး (ထွေအုပ်ရုံး)နှင့် အကြမ်းဖက်တပ်သားများ နားနေရာ Myingyan Hotel တို့ကို Myingyan Black Tiger (MBT)တပ်ဖွဲ့က အနီးကပ်မိုင်းထောင်၍ ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုသည် မြင်းခြံမြို့နယ်ရှိ အများပြည်သူတို့၏ အိုးအိမ်၊စည်းစိမ်တို့ကို အကြမ်းဖက် စစ် တပ်က ခိုးယူခြင်း၊ မီးရှို့ဖျက်ဆီးနေခြင်းတို့အား လက်တုံ့ပြန် သည့်အနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး MBTတပ်ဖွဲ့အနေဖြင့် မြို့တွင်းစစ်ရေးမစ်ရှင်များ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် စစ်တပ်တပ်စခန်းများနှင့် နီးကပ်စွာ သွားလာခြင်းမပြုကြရန် မေတ္တာ ရပ်ခံထားသည်။

21/11/2024

ကန်ပိုက်တီမြို့နှင့် တရုတ်-မြန်မာ နယ်စပ် ချစ်ကြည်ရေး ဥမင်လှိုဏ်ခေါင်းတွင် ကချင်အမျိုးသားအလံတော်ကို KIA က လွှင့်တင်လိုက်ပြီး ထွက်ပြေးနေသော စစ်ကောင်စီဘက်တော်သားများကို ဖမ်းဆီးရှင်းလင်းနေ (ရုပ်/သံ)

နိုဝင်ဘာလ ၂၁ ရက်၊ ၂၀၂၄ ခုနှစ်။

ကချင်ပြည်နယ်၊ တရုတ်-မြန်မာနယ်စပ်ရှိ ကန်ပိုက်တီမြို့နှင့် တရုတ်-မြန်မာချစ်ကြည်ရေး ဥမင်လှိုဏ်ခေါင်းတွင် ကချင်အမျိုးသားအလံတော်ကို KIA က လွှင့်တင်လိုက်ကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ နိုဝင်ဘာလ ၂၀ ရက်နေ့ ကန်ပိုက်တီမြို့ကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် မြို့အတွင်းနှင့်ပတ်ဝန်းကျင်ကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ကြောင်း၊ ယင်းနောက် ကန်ပိုက်တီမြို့နှင့် တရုတ်-မြန်မာနယ်စပ် ချစ်ကြည်ရေး ဥမင်လှိုဏ်ခေါင်းတွင် KIA က ကချင်အမျိုးသားအလံတော်ကို လွှင့်ထူထားကြောင်း၊ သို့ရာတွင် နယ်စပ်ဂိတ်ကို တရုတ်ကလည်း ပိတ်ထားသကဲ့သို့ KIA ဘက်ကလည်း ပိတ်ထားကြောင်း သိရှိရသည်။

"အလံကတော့ မြို့ထဲမှာ ရှိတဲ့ ဌာနဆိုင်ရာရုံးတွေမှာ လွှင့်ထူထားပါတယ်။ ချစ်ကြည်ရေး ဥမင်လှိုဏ်ခေါင်းမှာလည်း လွှင့်ထားတယ်။ နယ်စပ်ဂိတ်ကတော့ တရုတ်ဘက်က ပိတ်ထားတယ်။ ဒီဘက်ကလည်း ပိတ်ထားပါတယ်" ဟု KIA သတင်းရင်းမြစ်က ဆိုသည်။

ထို့ပြင် ကန်ပိုက်တီမြို့ ပတ်ဝန်းကျင်တွင် ထွက်ပြေး တိမ်းရှောင်းနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံရှာဖွေ ရှင်းလင်းလျက်ရှိကြောင်း၊ လက်ရှိ ဖမ်းဆီးရရှိထားသော စစ်သုံ့ပန်းတချို့ကိုလည်း နိုင်ငံတကာ ဥပဒေများနှင့်အညီ ထိန်းသိမ်းထားကြောင်း၊ တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ Non-CDM ဝန်ထမ်းများလည်းရှိကြောင်း၊ လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှုများလည်းရှိကြောင်း သိရှိရသည်။

KIA က စစ်ကောင်စီ လက်အောက်ခံ ဇခုန်တန့်ယိန်း- NDAK ထိန်းချုပ်ထားသော ကချင်အထူးဒေသ ၁ တစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

21/11/2024

နေပြည်တော်၊ ပျဉ်းမနား၊ ခြောက်အိမ်စုရွာတွင် တပ်စွဲထားသော စစ်တပ်ကို KNDOနှင့် PDF ပူးပေါင်း တပ်ဖွဲ့က တိုက်ခိုက်မှု ခလရ ၈၄ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး သေဆုံး (ရုပ်/သံ)

နိုဝင်ဘာလ ၂၁ ရက်၊ ၂၀၂၄ ခုနှစ်။

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ခြောက်အိမ်စုရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို KNDO၊ PDF ပူးပေါင်း တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ရာ ခလရ ၈၄ တပ်ရင်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး သေဆုံးခဲ့ကြောင်း KNDO တပ်ခွဲ ၄မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၁ မိနစ်ခန့်အချိန် ပျဉ်းမနားမြို့နယ်အတွင်းရှိ ခြောက်အိမ်စု ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို KNDO၊ PDF ပူးပေါင်း တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း ထိတွေ့ တိုက်ပွဲသည် ၄၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်၏ ခလရ ၈၄ တပ်ရင်းမှ ဒုဗိုလ်မူးကြီး အဆင့်ရှိသူ ၁ ဦး အပါအဝင် ၈ ဦး သေဆုံးခဲ့ပြီး အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် တိုက်ပွဲအတွင်း NPT-PDF တပ်ရင်း ၈၀၆ မှ ရဲဘော် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှု အထူးတပ်ရင်း KNDO တပ်ခွဲ ၄ (KNU ၊ KNLAတပ်မဟာ ၂) နှင့် NPT-PDF တပ်ရင်းများဖြစ်သော ၈၀၁ ၊ ၈၀၂ ၊ ၈၀၄ ၊ ၈၀၆ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် စစ်ကောင်စီတပ်က နိုဝင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်အချိန် ခြောက်အိမ်စု ကျေးရွာတွင် တောင်ယာခင်းမှပြန်လာသော ရွာသူ ၁ ဦးကို အကြောင်းမဲ့ ပစ်သတ်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - KNLA တပ်ဖွဲ့ဝင်များ။

တရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှုတွေကို ကာကွယ်ဖို့ ၂ နိုင်ငံအကျိုးတူ ဖက်စပ်လုံခြုံရေး ကုမ္မဏီတည်ထောင်ဖို့ စစ်တပ်က လုပ်ငန်းကော...
20/11/2024

တရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှုတွေကို ကာကွယ်ဖို့ ၂ နိုင်ငံအကျိုးတူ ဖက်စပ်လုံခြုံရေး ကုမ္မဏီတည်ထောင်ဖို့ စစ်တပ်က လုပ်ငန်းကော်မတီတစ်ခုဖွဲ့စည်းပြီး လုပ်ငန်းတွေ စတင်နေပါတယ်။ ဒီ လုံခြုံရေးကုမ္မဏီတွေက ဘယ်လို သက်ရောက်မှုတွေ အထိ ရှိလာမှာလဲ။

https://youtu.be/Eavdaa8wxCA?si=9dhu_AzQwQ2aVJp7

​ #တရုတ်​ #ရင်းနှီးမြှုပ်နှံမှု​

တရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှုတွေကို ကာကွယ်ဖို့ ၂ နိုင်ငံအကျိုးတူ ဖက်စပ်လုံခြုံရေး ကုမ္မဏီတည်ထောင်ဖို့ စစ်...

ညောင်လေပင်ရှိ ကျေးရွာ ၁၀ ရွာကျော်ကို စစ်တပ်က ၅ ရက်ဆက် ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံးပြီး ကလ...
20/11/2024

ညောင်လေပင်ရှိ ကျေးရွာ ၁၀ ရွာကျော်ကို စစ်တပ်က ၅ ရက်ဆက် ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံးပြီး ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၄ ဦးဒဏ်ရာရ၊ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးနေရ

နိုဝင်ဘာလ ၂၀ ရက်၊ ၂၀၂၄ ခုနှစ်။

ပဲခူးတိုင်း၊ ညောင်လေပင်ခရိုင်ရှိ ကျေးရွာ ၁၀ ရွာကျော်ကို အကြမ်းဖက် စစ်တပ်က ၅ ရက်ဆက် ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံးပြီး ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၄ ဦးဒဏ်ရာရကာ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးနေရကြောင်း KNU ဗဟိုက ပြောဆိုသည်။

လယ်ဒိုမြို့နယ်တွင် နိုဝင်ဘာလ ၁၆ ရက်နှင့် ၁၇ ရက်နှင့် ၁၉ ရက်နေ့တို့၌ အကြမ်းဖက် စစ်တပ်၏ ခလရ-၂၆၄ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီးများဖြင့် ကျောင်းကုန်းကျေးရွာ၊ ခရုကုန်းရွာနှင့် နိုဂေါ်ကျေးရွာတို့ကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် နတ်သံကွင်း၌ နေရာယူထားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများက ၁၂၀ မမ လက်နက်ကြီးများဖြင့် ပဲသောင်ကျေးရွာနှင့် သောင်ပုကျေးရွာကို ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ဒရုန်းဖြင့် ဝါးပင်စုကျေးရွာ၊ ခြောက်တဲစုကျေးရွာ၊ အလယ်စုကျေးရွာနှင့် တောကြောင်ပေါက်ကျေးရွာတို့ကို ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း အလယ်စုရွာမှ နေအိမ် ၁ လုံးနှင့် ကျေးရွာဆေးပေးခန်းတို့ ပျက်စီးခဲ့ပြီး တောကြောင်ပေါက်ကျေးရွာတွင် ကျောင်းတက်ချိန်၌ စာသင်ကျောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၁၀ နှစ်အရွယ် နော်ရွှင်စင်ဦးနှင့် နော်သူမူးအင် တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မူကြိုကျောင်း ၁ လုံးနှင့် ခရစ်ယာန်ဘုရားကျောင်းတို့ ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အလားတူ ကုန်းချောင်းဝမှ နေရာယူထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကလည်း နိုဝင်ဘာလ ၁၇ ရက်နေ့တွင် လက်နက်ကြီး ၁၂၀ မမ လက်နက်ကြီးဖြင့် ဝါးပင်စုကျေးရွာကို ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး နေအိမ် ၁ လုံးပျက်စီးခဲ့ကြောင်းသိရသည်။

မူးမြို့နယ်တွင် နိုဝင်ဘာလ ၁၇ ရက်နေ့၌ အကြမ်းဖက် စစ်တပ်၏ ခမရ-၃၀၇ ရွှေဝါတပ်ရင်းက ဟောင်ဝစ်ဇာလက်နက်ကြီးဖြင့် ရွာကြီးအင်း ကျေးရွာကို ၆ လုံးပစ်ခတ်ခဲ့ကြောင်း၊ ယင်းပစ်ခတ်မှုအတွင်း ရွာကြီးအင်းကျေးရွာမှ ဦးပြူးကျော် အသက် ၅၅ နှစ်နှင့် ဦးဝဲကြည် အသက် ၇၅ နှစ်တို့ သေဆုံးခဲ့ပြီး ဦးစိုးကြည် အသက် ၅၀ နှစ်နှင့် ကိုခိုကြီး အသက် ၄၅ နှစ် တို့ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ရင်းတိုက်ကုန်းကျေးရွာ၌ နေရာယူထားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများသည် ရေလဲကျေးရွာကို လက်နက်ကြီး ၄ လုံး၊ နောင်ကုန်းကျေးရွာ လက်နက်ကြီး ၈ လုံး ပစ်ခတ်ခဲ့ကြောင်း၊ ယင်းနေ့တွင် နတ်သံကွင်းမှ နေရာယူထားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများက ရွာကြီးအင်းကျေးရွာကို ၁၂၀ မမ လက်နက်ကြီး ၆ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက် ၅ နာရီခန့်မှ မွန်းလွဲ ၁ နာရီခွဲ အထိ ရင်းတိုက်ကုန်းကျေးရွာ၊ အုန်းပင်စုကျေးရွာ၊ နတ်သံကွင်းကျေးရွာ၊ နရွဲပင်ကျေးရွာတို့တွင် နေရာယူထားသော ခမရ-၃၀၇ တပ်ရင်းနှင့် ကျောက်ကြီးမြို့ရှိ ခမရ-၃၅၁ နှင့် ခလရ-၆၀ တပ်ရင်းတို့က နောင်ကုန်းကျေးရွာ၊ လေးပေါမူကျေးရွာ၊ တမာခေါကျေးရွာ၊ တောင်စုအရှေ့ကျေးရွာ၊ တောင်စုအနောက်အနောက်၊ မယမ်းစိန်လေး ကျေးရွာ၊ ရွာကြီးအင်းကျေးရွာ၊ ကျွန်းကုန်းကျေးရွာ၊ ငနွားဆိပ်ကျေးရွာ၊ အညာစုကျေးရွာ၊ ရေလဲကရင်ကျေးရွာ၊ ရေလဲဗမာကျေးရွာနှင့် ရန်မျိုးအောင်ကျေးရွာ တို့ကို လက်နက်ကြီး ၅၁ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းပစ်ခတ်မှုအတွင်း ရေလဲဗမာကျေးရွာမှ နေအိမ် ၂ လုံး ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်က ကျေးရွာများ လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီးနောက် နောင်ကုန်းကျေးရွာနှင့် ရွာကြီးအင်းကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာ၍ ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူ ၆၀၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး စာနပ်ရိက္ခာနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်လျက်ရှိကြောင်း သိရသည်။

ကျိုက်လတ်မြို့အနီးကို ဗဟိုပြု၍  ပြင်အား ၄ ဒသမ ၅ အဆင့်ရှိ ငလျှင် လှုပ်ခတ်ပြီး ရန်ကုန် တစ်မြို့လုံး သိသာစွာ ခံစားရကာ အထပ်မ...
20/11/2024

ကျိုက်လတ်မြို့အနီးကို ဗဟိုပြု၍ ပြင်အား ၄ ဒသမ ၅ အဆင့်ရှိ ငလျှင် လှုပ်ခတ်ပြီး ရန်ကုန် တစ်မြို့လုံး သိသာစွာ ခံစားရကာ အထပ်မြင့်တိုက်တာများ ယိမ်းထိုးလှုပ်ရမ်းသွားခဲ့

နိုဝင်ဘာလ ၂၀ ရက်၊ ၂၀၂၄ ခုနှစ်။

ဧရာ၀တီတိုင်း ကျိုက်လတ်မြို့ကို ဗဟိုပြု၍ ပြင်အား ၄ ဒသမ ၅ အဆင့်ရှိ ငလျှင် လှုပ်ခတ်သွားပြီး ရန်ကုန်တစ်မြို့လုံး သိသာစွာ ခံစားရကြောင်း ရန်ကုန်မြို့ခံများ၏ ပြောဆိုချက်နှင့် မိုးလေဝသ၊ဇလဗေဒဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ယနေ့ နိုဝင်ဘာလ ၂၀ ရက်နေ့ ညနေ ၅ နာရီ ၄၈ မိနစ်အချိန်တွင် ဧရာ၀တီတိုင်း၊ ကျိုက်လတ်မြို့၏ အနောက်ဘက် ၃ မိုင်ခန့်အကွာ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ ပြင်အား ရစ်(ခ်)တာစကေး ၄ ဒသမ ၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။

"ငလျင်ကနှစ်ကြိမ်တောင်လှုပ်တာ.. အတော်ပြင်းတယ်"
လို့ ဒေသခံ‌တွင်းသတင်းရင်းမြစ်‌တစ်ဦးကပြောပါတယ်။

အဆိုပါ ငလျှင်ကြောင့် ရန်ကုန်တစ်မြို့လုံးတွင် သိသိသာသာ ခံစားရပြီး အထပ်မြင့်တိုက်တာများ ယိမ်းထိုးသွားခဲ့ကြောင်း ရန်ကုန်မြို့ခံများက ဆိုသည်။

"ငလျှင်က နှစ်ကြိမ်လှုပ်တာ။ ညနေ ၅ နာရီ ၃၈ မိနစ်လောက်မှာ တစ်ကြိမ်။ သိပ်မပြင်းဘူး။ ညနေ ၅ နာရီ ၅၀ မှာ နောက်တစ်ကြိမ်က တော်တော်လေးပြင်းတယ်။ အချိန်လည်း ကြာတယ်။ တိုက်တွေဆို လှုပ်နေတာ" ဟု စမ်းချောင်းမြို့နယ်၊ မင်းလမ်းတွင် နေထိုင်သူ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။



Edit Text..

Breaking News- တရုတ်နိုင်ငံ၏ ဖိအားရှိနေသည့်ကြားမှ နှစ်နိုင်ငံနယ်စပ်မြို့ ကန်ပိုက်တီကို KIA က အပြီးသတ် တိုက်ခိုက် သိမ်းပိ...
20/11/2024

Breaking News- တရုတ်နိုင်ငံ၏ ဖိအားရှိနေသည့်ကြားမှ နှစ်နိုင်ငံနယ်စပ်မြို့ ကန်ပိုက်တီကို KIA က အပြီးသတ် တိုက်ခိုက် သိမ်းပိုက်၊ ကချင်အထူးဒေသ ၁ တစ်ခုလုံးကို KIA က လုံး၀ ထိန်းချုပ်လိုက်ပြီ

နိုဝင်ဘာလ ၂၀ ရက်၊ ၂၀၂၄ ခုနှစ်။

ကချင်ပြည်နယ်၊ စစ်ကောင်စီလက်အောက်ခံ ဇခုန်တိန့်ယိန်း ထိန်းချုပ်ထားသော တရုတ်-မြန်မာနယ်စပ်မြို့ ဖြစ်သည့် ကန်ပိုက်တီမြို့ကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ယနေ့ ညနေ ၅ နာရီအချိန်တွင် အပြီး သတ်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်မှစတင်၍ KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ကန်ပိုက်တီမြို့ကို စတင်တိုက်ခိုက်ခြင်းဖြစ်ပြီး ညနေ ၅ နာရီအချိန်တွင် မြို့ကို အပြီးသတ်သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်များနှင့် စစ်ကောင်စီလက် အောက်ခံ ဝန်ထမ်းများအားလုံး တရုတ်နိုင်ငံထဲသို့ ထွက်ပြေး သွားကြောင်း သိရှိရသည်။

"ကန်ပိုက်တီမြို့ကို ညနေ ၅ နာရီမှာ ကျနော်တို့ သိမ်းပိုက်လိုက်ပါပြီ။ ပြည်သူ့ စစ်တွေ စစ်သားတွေ ဝန်ထမ်းတွေ တရုတ်ထဲကို အကုန် ထွက်ပြေးကြပါတယ်" ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

တရုတ်နိုင်ငံက ကန်ပိုက်တီမြို့ကို တိုက်ခိုက် သိမ်းပိုက်ခြင်းမပြုရန် ဖိအားပေးနေသည့်ကြားမှာ KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်း ပိုက်လိုက်ခြင်းဖြစ်သည်။

ကန်ပိုက်တီသည် စစ်တပ်လက်အောက်ခံ ကချင်အထူးဒေသ ၁ တွင် နောက်ဆုံး ကျန်ရှိနေသော မြို့ဖြစ်ပြီး KIA ဦးဆောင်သော တော် လှန်ရေးတပ်များက ကန်ပိုက်တီမြို့ကို သိမ်းပိုက်လိုက်သဖြင့် ကချင်အထူးဒေသ ၁ တစ်ခုလုံးရှိ တပ်စခန်းများ၊ နယ်ခြားစောင့်စခန်းများနှင့် မြို့များကို KIA က အပြီးသတ် ထိန်းချုပ် သိမ်းပိုက်ရရှိလိုက်ခြင်းဖြစ်သည်။

KIA က စစ်ကောင်စီ လက်အောက်ခံ ဇခုန်တန့်ယိန်း- NDAK ထိန်းချုပ်ထားသော ကချင်အထူးဒေသ ၁ တစ်ခုလုံးကို သိမ်းပိုက်ခဲ့ရာတွင် ချီဖွေမြို့ကို စက်တင် ဘာလ ၂၉ ရက်နေ့တွင်လည်း ကောင်း၊ ဆော့လော်မြို့ကို စက်တင်ဘာလ ၃၀ ရက်နေ့တွင်လည်း ကောင်း KIA နှင့် PDF ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့ကြောင်း ၊ အောက်တိုဘာလ ၁၄ ရက်နေ့ အမှတ် ၁၀၀၂ နယ်ခြားစောင့်တပ်ဌာနချုပ်စခန်းကိုလည်း ကောင်း၊ အောက်တိုဘာလ ၁၈ ရက်နေ့တွင် ပန်ဝါမြို့ကိုလည်းကောင်း၊ အောက်တိုဘာလ ၂၁ ရက်နေ့ ညနေ ၅ နာရီအချိန် ကန်ပိုင်တီးမြို့နှင့် ၇-မိုင်အကွာ ရှိန်ကြိုင် ရွာရှိ အမှတ်-၁၀၀၃ BGF ဌာနချုပ်စခန်းကုန်းကိုလည်းကောင်း သိမ်းပိုက်ရရှိခဲ့ကြောင်း၊ တရုတ်-မြန်မာနယ်စပ်မြို့ ဖီမော်မြို့ကိုလည်း နိုဝင်ဘာလ ၁ ရက်နေ့တွင် လည်းကောင်း သိမ်းပိုက်ခဲ့ကြောင်း၊ ယခုနောက်ဆုံး နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ကန်ပိုက်တီမြို့ကို အပြီးသတ်သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဟုမ္မလင်းနယ်မှ စစ်‌ကောင်စီတပ် နှင့် ရှမ်းနီ ပူးပေါင်းစခန်းကို KIA၊PDF ထပ်သိမ်းနိုဝင်ဘာလ ၁၉ ရက်၊ ၂၀၂၄ ခုနှစ်။ဖားကန့်မြို့...
19/11/2024

ဟုမ္မလင်းနယ်မှ စစ်‌ကောင်စီတပ် နှင့် ရှမ်းနီ ပူးပေါင်းစခန်းကို KIA၊PDF ထပ်သိမ်း

နိုဝင်ဘာလ ၁၉ ရက်၊ ၂၀၂၄ ခုနှစ်။

ဖားကန့်မြို့နယ်၊ ဆယ်ဇင်းရွာ နှင့် ဆက်စပ်နေသော စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်မှစစ်‌ကောင်
စီတပ် နှင့် ရှမ်းနီတပ်(SNA)တပ်စွဲထားသောစခန်း
တစ်ခုကို KIA၊PDF ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းယူလိုက်သည်။

ဟုမ္မလင်းမြို့နယ် ရွှေတွင်းရွာနှင့် စိုင်းပန်ရွာအနီးမှ SNA စခန်းကို နိုဝင်ဘာလ ၁၄ရက်တွင် စတင်တိုက်ခိုက်ပြီး ယနေ့( နိုဝင်ဘာလ ၁၉ရက်) နံနက်တွင် သိမ်းယူလိုက်ခြင်းဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

"နိုဝင်ဘာလ ၁၄ရက်ကစပြီး တိုက်ပွဲပြင်းထန်နေခဲ့တာပါ။ ‌ဒေသခံတွေကတော့ ရှောင်ရတယ်။ စခန်းကို အပြီး သိမ်းယူထားနိုင်တာပါ" ဟု ဟုမ္မလင်းမြို့နယ်မှ ဒေသခံတစ်ဦးကပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် PDF ပူးပေါင်းတပ်သည် နိုဝင်ဘာလဆန်းပိုင်းကလည်း စစ်‌ကောင်စီနှင့် ရှမ်းနီတပ် အင်အား ၂၀၀ ခန့်တပ်စွဲထားသော ရှစ်မျက်နှာဘုရားကုန်းနှင့် ပန်ချယ်စခန်းကို သိမ်းယူခဲ့သည် ။အောက်တိုဘာလကုန်ရက်ကလည်း ဟုမ္မလင်း တဘက်ကမ်း ဆယ်ဇင်းရွာမှ စစ်‌ကောင်စီနှင့် ရှမ်းနီတပ်ပူးပေါင်းစခန်းတစ်ခုကို သိမ်းယူခဲ့သည်။

ဟုမ္မလင်းမြို့နယ်တွင် ပြီးခဲ့သည့် ဩဂုတ်လ ၂၀
ရက်မှ ၂၄ရက်အတွင်း တိုက်ပွဲ အပြင်းအထန်ဖြစ်ခဲ့ပြီးစစ်‌ကောင်စီဘက်မှ ၁၅ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရပြီး ငါးဦးကို အရှင်ဖမ်းမိခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊အမှတ်(၁)စစ်ဒေသက ဩဂုတ်လ ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဟုမ္မလင်းမြို့နယ်အတွင်းရှိ ရွှေ ပြည်အေးမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များက ၂၀၂၃ ခုနှစ်မှ နိုဝင်ဘာလတွင် တိုက်ခိုက် သိမ်းယူထားသည်။
ဟုမ္မလင်းမြို့နယ်နှင့် ဆက်စပ်နေသော တမူးခရိုင်မှ မြို့သစ်မြို့နှင့် ခါမ်းပါတ်မြို့ကိုလည်းပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထိန်းချုပ်ထားသည်။

စစ်​​ရေး​လေ့ကျင့်​နေ​သော KIA တပ်ဖွဲ့ဝင်အချို့ ။
ဓါတ်ပုံ-File Photo

'sSpring

ရေဖြူအခြေစိုက် ခလရ(၂၇၃)မှတပ်သားသစ် များအပါအဝင် စစ်ကောင်စီတပ်သား ၆ဦး ဒေါနစစ်ကြောင်းထံ အလင်းဝင်▪️လက်နက်တစ်လက်နှင့် ကျည်မျာ...
19/11/2024

ရေဖြူအခြေစိုက် ခလရ(၂၇၃)မှတပ်သားသစ် များအပါအဝင် စစ်ကောင်စီတပ်သား ၆ဦး ဒေါနစစ်ကြောင်းထံ အလင်းဝင်

▪️လက်နက်တစ်လက်နှင့် ကျည်များပါဟု အသိပေး

နိုဝင်ဘာလ ၁၉ ရက်၊ ၂၀၂၄ ခုနှစ်။

တနင်္သာရီတိုင်း ရေဖြူမြို့နယ်အခြေစိုက် ခလရ(၂၇၃)မှ တပ်သားသစ်များအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ဦး ပြည်သူကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်းထံ အလင်းဝင်လာကြောင်း အဆိုပါစစ်ကြောင်းက အသိပေးထုတ်ပြန်သည်။

တောင်ပိုင်းတိုင်း စစ်ဒေသခွဲအမှတ်(၃)၊ဗျူဟာ(၃၃)၊ဒေါနတပ်ရင်းနယ်မြေအတွင်းသို့ စစ်ကောင်စီဘက်မှ တပ်သား(၆)ဦးအလင်းဝင်ရောက်ခဲ့ရာ တပ်သားတစ်ဦးသည် MA1 (၁)လက် နှင့် ကျည်များယူလာခဲ့သည်ဟု ဖော်ပြသည်။

"အခု လက်ရှိ ဝင်လာတာက တနင်္သာရီတိုင်း ရေဖြူမြို့နယ် ခလရ(၂၇၃)က အများဆုံးပါ။ သူတို့တွေက အဓိကတော့ စစ်မှုထမ်း အပတ်စဉ်(၁)က ပါတယ်။ အပတ်စဉ် (၂)ကပါတယ်။ ပြီးတော့ နောက်ထပ်လည်း ဝင်လာဖို့အတွက် ကျနော်တို့ဆီ ဆက်သွယ်ထားတာလည်းရှိတယ်။ နောက်တစ်ဦးက မောရ၀တီရေတပ်ကဝင်လာတဲ့ဟာပေါ့။သူ့မှာတော့လက်နက်တွေပါပါတယ်။ အဲဒီမှာလည်းပဲ နောက်ထပ် ဝင်လာဖို့ဆက်သွယ်ထားတာလည်းရှိတာပေါ့"ဟု ဒေါနစစ်ကြောင်း စစ်ကြောင်းမှူး စောဒါးကိုက ပြောသည်။

စစ်ကောင်စီက အတင်းအဓမ္မ စစ်သားစုဆောင်း ထားသူများကို ရှေ့တန်းနယ်မြေများ၌ အသုံးပြုလာသည်ကိုတွေ့ရကြောင်း၊ ပြည်သူများအနေဖြင့် စစ်ကောင်စီ၏အသုံးချမှုကို လက်မခံဘဲ တော်လှန်ရေးတပ်ဖွဲ့များနှင့် ဆက်သွယ်ပူးပေါင်းကြရန် လိုအပ်ကြောင်း ဒေါန စစ်ကြောင်းမှူးက တိုက်တွန်းသည်။

"အကြမ်းဖက်မင်းအောင်လှိုင်ကတော့ မဟုတ်တဲ့နည်းနဲ့ စည်းရုံးပြီးတော့ လုပ်ဆောင်နေတာ အများကြီးရှိသလို ပြည်သူကို ပြည်သူချင်း ပြန်ပြီး အိုးမဲသုတ်ပြီး လက်နက်ကိုင်ပြီး တိုက်ခိုင်းတဲ့သဘော သက်ရောက်မှုရှိတယ်။ အဲဒါကြောင့် ပြည်သူ့တော်လှန်ရေးအဖွဲ့အစည်းမှာ လာရောက်ပြီး ကျနော်တို့နဲ့ ပူးပေါင်းပေးဖို့ အဲဒါ တိုက်တွန်းချင်ပါတယ်။ နိုင်ငံတဝန်းလုံးမှာ အကြမ်းဖက်စစ်ကောင်စီက ပြည်သူတွေကို ပြန်ပေးဆွဲအတင်း အဓမ္မ စစ်သားစုဆောင်းပြီး အခုလိုမျိုး လုပ်နေတာတွေကိုလည်း ပြည်သူတွေအနေနဲ့ လက်မခံဖို့ပေါ့"ဟု စစ်ကြောင်းမှူး စောဒါးကိုက ပြောသည်။

စစ်ကောင်စီတပ်၏စစ်မှုထမ်းအမိန့်ကြေညာချက် များကြောင့် အတင်းအဓမ္မတပ်သားစုဆောင်းခံရသူများအပါအဝင် ပြည်သူဘက်ရပ်တည်လိုသော တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် ပြည်သူကာကွယ်ရေးတပ်မတော်ဒေါနတပ်ရင်းနှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့များသို့ ချိတ်ဆက်ကာ အလင်းဝင်ရောက်နိုင်ကြောင်းလည်း ဒေါနစစ်ကြောင်းက ထုတ်ပြန်ထားသည်။

(ဒေါနစစ်ကြောင်းထံ အလင်းဝင်လာသူအချို့အား တွေ့ရစဉ်။ ဓာတ်ပုံ - ဒေါနစစ်ကြောင်း)

'sSpring

DAILY HIGHLIGHTS (18 Nov 2024)•••••••••••••••®•••••••••••••••⚠️ စစ်ရေးထူးခြားသတင်းများအမ်းရှိ နပခနှင့် တပ်ရင်းများ၏ အသက်...
19/11/2024

DAILY HIGHLIGHTS (18 Nov 2024)
•••••••••••••••®•••••••••••••••
⚠️ စစ်ရေးထူးခြားသတင်းများ

အမ်းရှိ နပခနှင့် တပ်ရင်းများ၏ အသက်သွေးကြော ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ကို AAသိမ်းပိုက် – AT

ဗန်းမော်မြို့နှင့် မိုးမောက်မြို့အကြား ၇ မိုင်ပတ်လည်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေယာဉ်များဖြင့် ဗုံးကျဲပြန်၊ KIA သိမ်းပိုက်ထားသော မိုးမောက်မြို့နယ်ကို စစ်ကောင်စီက ပြန်သိမ်းရန် ထိုးစစ်ဆင်နေ – KT

သပိတ်ကျင်းက တပ်မတော်တန်းမြင့်သင်တန်းကျောင်းကို TNLA နဲ့ ပူးပေါင်းအဖွဲ့တွေ ပိတ်ဆို့ထား – BBC

အကြမ်းဖက် မင်းအောင်လှိုင် တရုတ်နိုင်ငံမှ ပြန်လာပြီးနောက် ဘက်စုံသုံး ဒရုန်းများ ထပ်မံဝယ်ယူဦးမည် – KT

🌐 နိုင်ငံခြားရေးထူးခြားသတင်းများ

MNDAA ခေါင်းဆောင် နှင့် ဝ ဒုစစ်ဦးစီးချုပ်ကို တရုတ်ဖမ်းပြီး တော်လှန်ရေးအင်အားစုများကို အကြပ်ကိုင် – PS

MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို တရုတ်က အကျယ်ချုပ် ဖမ်းဆီးထားသည် ဆိုသော သတင်းကို MNDAA က ငြင်းပယ်လိုက်ပြီး လားရှိုးတွင် ကိုးကန့်တပ်များက မြို့ပုံမှန်အတိုင်း ပြန်လည်ပတ်ရေး အားသွန်ခွန်စိုက် ဆောင်ရွက်နေဟုဆို – KT

📊 စီးပွားရေးထူးခြားသတင်းများ

အကြမ်းဖက်စစ်ကောင်စီက စက်သုံးဆီခွဲတမ်း လုံး၀ ချမပေးသည့်ပြည်နယ်နှင့်မြို့နယ်များ စာရင်း ထုတ်ပြန် – KT

ရှမ်းမြောက်ကို စစ်ကောင်စီက ကုန်စည်တင်ပို့မှု ကန့်သတ်ပြီးနောက် စက်သုံးဆီ သယ်ယူပို့ဆောင်မှုကို ထပ်မံကန့်သတ် – MKN

စားအုန်းဆီရည်ညွှန်းဈေး တပတ်အတွင်း ကျပ် ၄၀၀ ဝန်းကျင် ထပ်မံမြင့်တက် – DVB

🗑 ကျားဖြန့်

မြန်မာ-တရုတ် နယ်စပ်တွင် ကျားဖြန့်လုပ်ငန်းများ တကျော့ပြန် အားကောင်းလာ – DVB

Address

Kyaiklat

Website

Alerts

Be the first to know and let us send you an email when Kyaiklatt Spring Diary ကျိုက်လတ်နွေဦးဒိုင်ယာရီ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kyaiklatt Spring Diary ကျိုက်လတ်နွေဦးဒိုင်ယာရီ:

Videos

Share


Other Kyaiklat media companies

Show All