Royal Heart

Royal Heart Never Give Up

Shout out to my newest followers! Excited to have you onboard! Angel Angel, Myat Soe Win
29/01/2025

Shout out to my newest followers! Excited to have you onboard! Angel Angel, Myat Soe Win

သားသမီးကိုငရဲပေးတဲ့ မိဘဆိုတာတကယ်ရှိပါသလားရှိပါတယ် . .1။`အပြစ်တင်လွန်းတဲ့မိဘ´ဘာလုပ်လုပ်အပြစ်တင်နေတတ်တာ . .တစ်နည်းဆိုရရင် ...
22/10/2024

သားသမီးကိုငရဲပေးတဲ့ မိဘဆိုတာတကယ်ရှိပါသလား
ရှိပါတယ် . .
1။`အပြစ်တင်လွန်းတဲ့မိဘ´
ဘာလုပ်လုပ်အပြစ်တင်နေတတ်တာ . .
တစ်နည်းဆိုရရင် လောဘကြီးမိကြတာပါ...
အသုံးမကျဘူးဆိုတဲ့ ဘောင်ထဲသွတ်သွင်းတာ
သားသမီးက တကယ်အသုံးမကျ တာ
ဖြစ်ချင်ဖြစ်မယ်
ဒါပေမဲ့အသုံးမကျတာ
ကိုပဲ ဖောက်မြင်နေတတ်တာ . . .
ဒါကိုကြားရဖန်များလာတဲ့အခါ ဒေါသကမိဘကိုပြန်ခံပြောတတ်ဖို့ စတင်လာတယ်...
2 ။`ဘက်လိုက်တာ´
သားသမီးချင်းတူတု
ငါ့သမီးလေး …ငါ့သားလေး
ဘက်လိုက်ဆက်ဆံတတ်တာ...
ဘက်လိုက်တတ်တဲ့
မိဘတွေရဲ့ သားသမီးတွေဟာ
မစည်းလုံးကြတာများတယ်
မိဘကသွေးခွဲထားလို့ပါ
"နင်ကညံ့တယ် နင်ကတော်တယ်"ဆိုပြီးကွာလတီခွဲလိုက်တဲ့ ကုန်ပစ္စည်းတွေဟာ
ဘယ်တော့မှစျေးနှုန်းညှိမရကြတော့ဘူး...
ဘက်လိုက်မှုက မလေးစားမှုကို အစပျိုးပါတယ်
အချင်းချင်း မနာလိုစိတ်ကနေ အမုန်းတရားပွားများလာတယ်
ကလေးဘဝကတည်းက အရိုးစွဲတဲ့ အမုန်းတရားက
ဘယ်တော့မှဖျောက်မရတော့ဘူး.
မိဘတွေသာမရှိကြတော့ရင် ဒီမောင်နှမတွေဟာပက်သက်စရာလုံးဝကိုမရှိတော့တဲ့လူတွေဖြစ်နေကြပါလိမ့်မယ်..
3 ။`ဆဲဆိုလွန်းတာ´
နေ့စဉ်အဆဲခံရတဲ့လူဟာ မခံချင်စိတ်ကြောင့်ဒေါသများမယ် ပြန်ပြောမိရင်တော့ မိဘကိုခံပြောသလိုဖြစ်တယ်
ငရဲကြီးမယ် ဒုက္ခရောက်မှအေးမယ်
ခွေးဖြစ်မှာဆိုတဲ့ကျိန်စာဆန်ဆန်
စကားတွေဟာအရမ်းဆိုးပါတယ်
ကောင်းကောင်းမွန်မွန်ပြောပြီးခိုင်းလို့ရနိူင်ပေမဲ့ဆဲရေးပြီးမှလုပ်မယ်
ထင်တဲ့အတွေးနဲ့ခိုင်းတာဟာ ဆိုးဝါးလွန်းပါတယ်
4 ။`သားသမီးအိမ်ထောင်ရေးကိုစွက်ဖက်တာ´
"နင့် ယောက်ကျားကဘယ်လို "
"နင်ယူထားတဲ့ မိန်းမကဘယ်လို "ဆိုတာမျိုးမပြောသင့်ပါဘူး …
သားသမီးရဲ့ ရွေးချယ်မှုကိုလဲလေးစားရပါမယ်
သူတောင် သူ့ဘဝကိုသူနေတတ်လို့နေနေတာပါ
သားသမီးက
သူ့အိမ်ထောင်နဲ့ပက်သက်ပြီးကူညီပါလို့မပြောမချင်း ဝင်ပါစရာမလိုတာပါ..
ငါ့သမီးမှန်တယ် ငါ့သားမှန်တယ် ဆိုတဲ့ အယူအဆဟာမှားပါတယ်.
ကိုယ့်သားသမီးအကြောင်းသိတယ်ဆိုတာကလေးဘဝမှာပဲဖြစ်ပါလိမ့်မယ်...
ကလေးဘဝမှာသာမိဘနဲ့တစ်နေကုန်ရှိနေလို့သူတို့
အကျင့်လေးတွေသိနေကြရတာ...
သူတို့်အရွယ်ရောက်တဲ့အခါ မိဘနဲ့နေချိန်နည်းလေ မိဘကသားသမီးစိတ်ကိုမသိရလေဆိုတာကို သတိထားသင့်ပါတယ်...
သားသမီးဆိုတာ မိဘကိုအစစအရာရာ ပြောပြချင်တဲ့အရွယ်ဆ်ိုတာ အသက်လေးငါးဆယ်နှစ်အရွယ်မှာပဲရှိတယ်...
ဒါကိုကလေးလိုပဲ အကုန်သိချင်
အကုန်ဖြေရှင်းပေးချင်တယ်ဆိုရင်တော့
တကယ်ဖြစ်လာရင်တောင် မိဘကိုမတိုင်ပင်
ကြတော့တာများပါတယ်...
" ငါပြောသားပဲ"
ဆိုတဲ့စကားနောက်ကအပြစ်တင်မှုတွေဟာ
ပြဿနာကိုဖြေရှင်းဖို့ဝေးကွာစေတာသားသမီးတွေကရိပ်စားမိကြပါတယ်...
သားသမီးအကြောင်းတကယ်သာသိရင်ဒါမျိုးမလုပ်သင့်တာကိုသိကိုသိထားရမယ်...
5 ။`သားသမီးကိုပြောဆိုဆက်ဆံပုံမှားတာ´
အချို့ မိဘတွေရှိပါတယ် ။ ပြင်ပမှာတော့လူငယ်လူကြီးမရွေးကို အရမ်းအလေးထား
ဆက်ဆံတတ်ပါတယ် ။
ပြောရရင် လူတွေအပေါ်လေးစားမှုရှိတာပေါ့ ။
သားသမီးကိုကျ အဲ့လိုမလုပ်နိုင်ကြပါဘူး ။
သားသမီးဆိုတာ ငယ်နိုင်လိုဖြစ်နေတော့
စိတ်အလိုမကျ တိုင်းသားသမီးကို နှိမ်နေတတ်တာမျိုးပါ...။
စေတနာစကားပေမဲ့ အပြောမတတ်ရင်နားခါးတာလူ့သဘာဝပါ...အပြင်ပန်းကမှတ်မထားချင်ရင်နေမယ်
စိတ်ခံစားချက်ကတော့ မိဘကငါပြောတိုင်း
မကောင်းမြင်တယ်ဆိုပြီး ဒေါသကြီးနေတတ်တဲ့
သားသမီးတွေရှိလာရတာပါ...
စိတ်ဆိုတာအမြဲကြည်သာမနေပါဘူး
အမြဲနားပူအောင်နေ့စဉ်ဆုံးမစကားဆိုမနေမိပါစေနဲ့...
သူနေ့စဉ်လုပ်တာတွေမှတ်ထားပြီး တစ်ပတ်တစ်ခါ တစ်လတစ်ခါလောက်သာ စားပွဲဝိုင်းမှာအေးအေးဆေးဆေးပဲ ဆုံးမစကားတစ်ခွန်းချင်းပြော သင့်ပါတယ်
တစ်ပတ်တစ်ခါမို့ ဆုံးမရတာ စိတ်လဲရှည်တယ် … သားသမီးအနေနဲ့လဲမိဘက ချက်ကျလက်ကျပြောတော့ ငြင်းရခက်တယ်. ။
သူ့အမှားကိုဆင်ခြင်နိုင်တယ် ။
"ဒေါသပါတဲ့ ဆုံးမစကားဟာ
ပြောင်းပြန်အကျိုးသက်ရောက်ပါတယ် . . ."
ဘာလို့လဲဆိုေတာ့ သားသမီးဆိုတာလူသားမို့
ဒေါသထွက်ရင်အရွဲ့တိုက်တတ်လို့ပါ...
အဆင်မပြေမှုတွေကိုသူတို့လဲမလိုလားကြပါဘူး
ဒါပေမဲ့ ငြင်းဆန်မရရင်တော့ မိဘနဲ့ထိပ်တိုက်ရင်ဆိုင်ခြင်းထက် အဝေးကို ပြေးသွားလိုက်တာ အကုသိုလ်အနည်းဆုံး အဆင်ပြေဆုံးလို့ထင်မြင်ယူဆလာကြပါတယ်...…
မိဘနဲ့အဆင်မပြေတဲ့ သားသမီးဟာ သူ့ဖာသာရပ်တည်နေရတဲ့အခါမှာလဲအဆင်ပြေဘ်ို့ဆိုတာမလွယ်ကူပါဘူး
အဆင်ပြေပြေ မပြေပြေ မိဘမသိပါစေနဲ့
အဆင်ပြေတယ်ပဲပြောလိုက်ပါ ။
တွေးပူနေတတ်တဲ့ မိဘကိုလည်းစိတ်မပင်ပန်းစေသလို အကုသိုလ်လဲနည်းစေပါတယ်
တတ်နိုင်ရင် အဝေးကနေထောက်ပံ့ခြင်းကိုလုပ်လို့ရပါတယ်...
အနီးမှာပဲနေမယ်ဆိုလဲမိဘနဲ့ အဆင်ပြေအောင်နည်းလမ်းရှာပြီး စိတ်လျော့ကြပါ
မိဘဆိုတာ အဖိုးတန်ပါတယ်
ဒါပေမဲ့ သားသမီးဆိုတာလဲ လူသားမို့သူလဲသူ့တန်ဖိုးနဲ့သူရှိတယ်ဆိုတာ မိဘများအထူးသတိချပ်မိကြရင်
မိဘနဲ့သားသမီးများ ဆက်ဆံရေးဟာလဲပိုအဆင်ပြေကြမှာပါ...။

ပင်စိမ်းသီး🥰🌲
21/10/2024

ပင်စိမ်းသီး🥰🌲

 #ဒေါနပန်း  pallens Wall. ex DC.Family:  Common names: dhavanam from theSanskrit name  (damanaka),Tamil: , , Marathi: )C...
17/04/2024

#ဒေါနပန်း

pallens Wall. ex DC.
Family:
Common names: dhavanam from the
Sanskrit name (damanaka),
Tamil: , , Marathi: )
Collected by Kothet Naing Oo
Location Mandalay

စျေးထဲမှာ ဒေါနပန်းလေးတွေတွေ့ရတယ် ၊ ၂ စည်း ၅၀၀ ကျပ်တဲ့ ၊ အမြစ်လေးတွေလည်းပါတယ်၊ ဘယ်ကလာရောင်းတာလည်းဆိုတော့ မုံရွာဖက်ကတဲ့၊ ၆ နှစ်လောက်နေခဲ့ရတဲ့မြို့က ပန်း၊ ပန်းသည်မလေးက မလွယ်ပါဘူး ဦးလေးရာ ခက်ခက်ခဲခဲလာရတာတဲ့၊ ဒီပန်းက ရှားတယ်၊ တကူးတက စိုက်ရောင်းတာတောင် သိပ်မရှိတော့၊ ထူးခြားလှတဲ့ရနံ့ ၊ တပင်လုံးကို မွှေးနေတာ၊ အစိုတင်မကဘူး ခြောက်သွားသည်အထိမွှေးတဲ့ပန်း၊ သိပ်ရင့်ရင် အပွင့်လေးတွေပါ ပါတတ်တယ်၊ ပန်းခြောက်လေးတွေကို အုန်းဆီပုလင်းထဲထည့် ပြီး လိမ်းတတ်ကြတယ်၊ သူ့ရနံ့က လူနာတွေတောင်သက်သာစေတယ်၊ နတ်ပန်းအဖြစ် လည်းဆက်သကြတယ်၊ အလှူ မင်္ဂလာဆောင်တွေဖိတ်ရင် ဒီပန်းလေးနဲ့ ဖိတ်ကြတယ်၊ ဇော်မွှား ဘိတ်သိတ်ပန်းလေးတွေနဲ့တွဲပြီး အပ်ချည်ကြိုးလေးနဲ့သီပြီးဖိတ်တယ်။

ဒေါနပန်းဆိုသည်နှင့် လှပသောပန်းတပွင့်လို့မထင်လိုက်ပါနှင့် အရွက်များသာဖြစ်ပါတယ်၊ ဒီလိုပါဘဲ သပြေပန်းဆိုတာကလည်း သပြေ အရွက်များသာဖြစ်ပါတယ် ၊ သာမန်အရွက်များတော့မဟုတ်ပါ သင်းပျံ့သောရနံ့ရှိသောအရွက်များဖြစ်သည်၊ အခြားအခြားသော အရွက်တွေလို့တော့ မဟုတ် ငွေ ဖြူရောင် အမွှေးလေးများဖုံးနေသော အရွက်များသာဖြစ်တယ်၊ ဒါ့ကြောင့် ဒေါနအရွက်လေးတွေက မီးခိုးရောင် သို့မဟုတ် အဖြူရောင် သန်းနေကြခြင်းဖြစ်တယ်၊ မျိုးရင်းက နေကြာမျိုးရင်း ထဲကဖြစ်တယ်၊

အများစုက ရနံ့ရှိသော ပင်ပြော့ aromatic herb သာဖြစ်တယ်၊ ဒီအပင်လေးတွေက ရေနဲခံပင် အမျိုးအစား xerophytic In nature ဖြစ်တယ်၊ ပန်းခိုင်တွေက ရေစီမိုစ် ပန်းခိုင်ပေါင်း racemose panicles ဖြစ်ပြီး အလွန်သေးငယ်သော small yellow flower အဝါရောင်ပန်းလေးပေါင်းများစွာဟာ heads or capitula ဦခေါင်းငယ် ပန်းခိုင်ထဲမှာ ရှိနေကြတယ်၊ ကျနော်တို့က Artemisia မျိုးစိတ် ဝင်သော အပင်များကို အလှအပနှင့် ဘုရားပန်းတင်တာလောက်ဘဲ အသုံးဝင်တာလောက် ထင်ရင်မှားပါလိမ့်မည်၊

Artemisia အနွယ် ဒေါနရွှေဝါအပင် Artemisia annua ဆိုသည့်အပင်ကို sweet wormwood ဟုခေါ်ပြီး အစွမ်းထက်လှသော ငှက်ဖျားဖြတ်ဆေးကို ထို အပင်ကနေထုတ်ယူပါတယ်၊ တရုတ်လို quing haosu ကျင်ဟောင်လို့ခေါ်ပြီး ယနေ့ ဆရာဝန်အများစုသုံးနေသော အာတီမီတာ အတီစနိတ် စသော ငှက်ဖျားဖြတ်ဆေးသည် ထို ဘယဆေးပင်မှ ထုတ်ယူထားခြင်းဖြစ်တယ်၊ ဘယဆေးပင်၏ အစွမ်းထက် ပုံ အသုံးဝင်ပုံကို ဒီအပင်မှာတွေ့နိုင်ပါတယ်။ ရှမ်းပြည်ဖက် နှင့် ချင်းတောင်တန်းက #မဲတီဒုတ် ခေါ်အပင်ကလည်း Artemisia spp တပင်သာဖြစ်သည်၊

ဒေါနပင်တို့၏ အရွက်တွေကိုကြည့်လျှင် ရွက်ပေါင်း compound leaves လို့ထင်စရာပါ၊ တကယ်တော့ ဒေါနအရွက်လေးတွေက ရွက်ထီး simple leaves လေးများသာဖြစ်တယ်၊ ရွက်ပြားဟိုက်ရာမှာ ရွက်လယ်ကြောအနားထိ ဟိုက်သွားလို့ ရွက်မွှာလေးတွေလိုဖြစ်နေတာဖြစ်တယ်၊ ဒီလို ရွက်ပြားဟိုက်ခြင်းကို pinnasect / palmatisect ခေါ်ပြီး ရွက်ပြားတဝက်ကြော်ဟိုက်ခြင်းလို့ခေါ်တယ်၊

ဒေါအရွက်တွေဘာ့ကြောင့်မွှေးရသလည်း ဆိုတော့ နံ့ထွက်ဆီတမျိုး ဖြစ်သည့် davana oil က အဓိက ပါဝင်ပစ္စည်း အဖြစ်ပါနေလို့ဖြစ်တယ်၊ davana oil ထဲမှာ Davanone, davan ether, davana furan and linalool တွေနဲ့ပါဝင်ဖွဲ့စည်းထားတယ်၊ ထို့ပြင် Methyl cinnamate, ethyl cinnamate, bicyclogermacrene, 2-hydroxyisodavanone, farnesol, geranyl acetate, sesquiterpene lactones, and germacranolides ကိုလည်း တွေ့နိုင်ပါတယ်၊

အရွက်တွေ အပွင့်တွေက ထုတ်ပေးသော နံ့ထွက်ဆီ essential oil ကို oil of Davana.လို့လည်းခေါ်ပါတယ်၊ ဒေါနအနွယ် Artemisia အများစုမှာ နံ့ထွက်ဆီပါကြတယ် ၊ ဒါပေမည့် မပါသော မျိုးစိတ်တွေလည်းရှိပါသေးတယ်၊ အများစုကို anthelmintic chemical santonin သံချဆေး၏ အရင်းအမြစ်အဖြစ် အသုံးပြုခဲ့ကြတယ်၊ ဒေါနပန်းများပွင့်ချိန်မှာ ကို အန္ဒိယ နတ်ဘုရားတပါးဖြစ်သည့် ရှိဘ နတ်ဘုရားကို သစ္စာ တရားဖြင့် ပေးအပ်ပူဇော်ကြသည်၊ ထိုပန်းများဖြင့် အလှဆင်ခဲ့သည်၊ ဒေါနပန်းဟာ lord of Shiba ရှိဘ နတ်ဘုရား၏ အနှစ်သက်ဆုံး ပန်းတမျိုးလည်းဖြစ်တယ်၊ ဒေါနပန်းကို ပန်းစည်းများ ပန်းကုံးမျာ ပြုလုပ်ရာမှာ ပန်းအခြောက်မျာ အစိုများဖြင့် ရောကာ အသုံးပြုကာ အလှဆင်ကြတယ်၊

ဒေါန အပင်က စစ်ထုတ်ယူထားသော #ဒေါနဆီ ဟာ တန်ဖိုးကြီးမားပြီး အလွန်အသုံးဝင်ပါတယ်၊ အဆီကို သင်းပျံ့ပြီး ချိုမြသည့် သစ်သီးရနံ့ရစေသော ရေမွှေးပြုလုပ်ရာမှာ အသုံးပြုတယ်၊ ဒေါအဆီကို အရေပြားမှာ လိမ်းရင် ရလာသော ရနံ့က မတူကွဲပြား ပြီး အများနှင့်ကွဲပြားသော လူတဦးအဖြစ်သိသာစေပါတယ်၊ ထူးခြားသော ဂုဏ်သတ္တိ သည် တန်ဖိုး မြင့်မားပြီး အဆင့်မြင့်သော ရေမွှေးတခု ၏ ရနံ့တခုကိုဖန်တီးနိုင်ပါသည်၊ ဒေါန ဆီ aniviral ဟာ ဂုဏ်သတ္တိထူးရှိသည်၊ အအေးမိခြင်းကို သက်သာစေတယ်၊ သွေးဖိအားကိုလည်းကျစေတယ်၊ သူ့ရနံ့က အိပ်မပျော်သော လူများကို နှစ်ခြိုက်စွာ အိပ်ပျော်စေတယ်၊ အင်းဆက် အကောင် ကိုက်သောနေရာမှာ ဒေါနဆီ တစက်သာ ချလိုက်ရင် အရေပြားယားယံခြင်း မဖြစ်တော့သလို အမြန်သက်သာလာစေတယ်၊

စျေးထဲမှာ ဒေါနပန်းလေးတွေ မတွေ့ရတာတောင် အတော်ကြာပါဘီ၊ lily ပန်းခိုင်တွေ ဂန္ဓာပန်းတွေ၊ သစ္စာပန်းတွေ ဝါဆိုပန်းတွေအကြားမှာ တသီးတသန့်နေရှာသော ဖြူပြာပြာ ဒေါနပန်းလေးတွေကိုဖြင့် အထင်သေးလို့မရပါဘူး၊ အခြားပန်းတွေမှာမရှိသော ဂုဏ်သတင်း ကို သူက ပိုင်လို့နေတယ်လေ...ကဲ မိတ်ဆွေများရော ဒေါနပန်းရနံ့ကို နှစ်သက်ပါရဲ့လား

သက်နိုင်ဦး
မုံရှာတက်ကသိုလျ

ကိုးကား
Wikipedia
All photos from Google.com

ကျနော့် page link ပါ

https://www.facebook.com/Flowers-From-Myanmar-360042720833435/

အလွယ်တကူ တို့ဟူးကျိုနည်းတို့ဟူးနွေး -တို့ဟူးကြော် နဲ့ တို့ဟူးသုပ်  ပြုလုပ်နည်းအချိန်တိုတိုအတွင်းမွှေးပဲစိမ်းမှုန့်နှင့် ...
22/03/2024

အလွယ်တကူ တို့ဟူးကျိုနည်း
တို့ဟူးနွေး -တို့ဟူးကြော် နဲ့ တို့ဟူးသုပ် ပြုလုပ်နည်း

အချိန်တိုတိုအတွင်းမွှေးပဲစိမ်းမှုန့်နှင့်
တို့ဟူးကျိုနည်း

၁။ မွှေးပဲစိမ်းမှုန့် ၁၅၀ ဂရမ် ၁ ထုပ်

၂။ ဟင်းခတ်မှုန့် (လက်ဖက်ရည်ဇွန်း)
၁ ဇွန်း

၃။ ဆား ( လက်ဖက်ရည်ဇွန်း ) ၁ ဇွန်း

၄။ နနွင်း အနည်းငယ်

တို့ဟူးကျိုရန်ပြုလုပ်ပုံအဆင့်အဆင့်

၁။ ပထမဦးစွာ မွှေးပဲစိမ်းမှုန့်
၁၅၀ ဂရမ် ကို ဟင်းခတ်မှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း ၊ ဆားလက်ဖက်ရည်ဇွန်း ၁ဇွန်း နှင့်
နနွင်းအနည်းငယ် ထည့်ပါ။
ရေ ၃၂၅ မီလီ ထည့်ပါ။

၂။ ထို့နောက် မွှေစက် ( mixer )ဖြင့်
မွှေပေးပါ။

၃။ တို့ဟူးကျိုမည့် ဒယ်အိုးထဲသို့
ရေ ၃၂၅ မီလီ ထည့်ပါ။

၄။ ရေပူပူ ( သို့ )ရေဆူခါနီးအချိန်
ဖျော်ထားသော ပဲစိမ်းမှုန့်ရည်ကို လောင်းထည့်ပါ။(လောင်းထည့်ချိန်
ဘယ်လက်က လောင်းထည့်ရင် ညာလက်က အဆက်မပြတ် အိုးကို
မွှေပေးနေရပါမယ်)

၅။ ထို့နောက်မီးပြင်းပြင်းဖြင့်
ကျိုပေးပါ။
ကျိုနေစဉ် အဆက်မပြတ်မွှေပေးပါ။

၆။ ပျစ်လာလျှင် မီးအနည်းငယ်လျှော့ပြီး (မီးအသင့်အတင့်) ဖြင့် ကျိုပါ။

၇။ ပျစ်လာချိန်တွင် အဆက်မပြတ်မွှေပေးပါ။ တို့ဟူးသားကောင်းအောင် နာနာမွှေပေးပါ။

ညောင်စေးကျမကျ ဆွဲမကြည့်ပါ။
၈ မိနစ် (သို့) ၁၀မိနစ်ခန့်ကြာ၍
ညောင်စေးကျလျှင် ရပါပြီ။

၈_ညောင်စေးမကျခင်အရည်မပျစ်မကြဲအချိန်မှာ မီးလျှော့၍
၎င်းတို့ဟူးနွေးအနှစ်ကို #တို့ဟူးနွေးအဖြစ်
ခေါက်ဆွဲဖက်(ဆန်စီးဖက်)အပျစ်ထဲ ၂မိနစ်လောက်ဖျော၍
-ကြက်သွန်အဖြူဆီကျက်
-ငရုတ်သီးအကျက်မှုန့်ဆီချက်
_မြေပဲအကျက်မှုန့်
-ပါကောရှောက်ကောမှုန့်ဆီပူသတ်(ဆီမွှေး
_ကြာညှို့(ပဲငံပြာရည်အကြည်)
-ကြံသကြာရည်အပျစ်(အချိုကြိုက်လျှင်)
_မုန်ညှင်းအချဉ်ဖက်(အချဉ်တွက်)
-နံနံပင်
-ပဲပင်ပေါက် သို့မဟုတ် ရွှေပဲရွက် သို့မဟုတ် ဂေါ်ဖီထုပ်ပါးပါးလှီး
(အရွက်ကြိုက်သူများကြိုက်ရာအရွက်ထည့်စားနိုင်ပါတယ်)
-၀က်ခေါက် သို့မဟုတ် အမဲခေါက် သို့မဟုတ် တို့ဟူးခေါက်တို့ဖြင့်
#တို့ဟူနွေး အဖြစ်စားနိုင်ပါတယ်ရှင့်

၉။ တို့ဟူးခဲ ပြုလုပ်မယ်ဆိုရင် တို့ဟူး အရည်ကို အဆက်မပျက်
ကျိုရင်းညောင်စေးကျပြီး အရမ်းပျစ်လာရင် တို့ဟူးနှစ်ကို ပုံစံခွက်ထဲသို့ ထည့်ပါ။ (လင်ဗင်းထဲ)
၂ နာရီ (သို့) (၃) နာရီခန့် အအေးခံပါ။

#တို့ဟူးကြော်ရန်အတွက်

တို့ဟူးအေးလျှင် အနေတော်အတုံးများတုံး၍ အလယ်ကဓားရာပေးပါ။
ဆီပူလျှင် ထည့်ကြော်ပါ။
အရောင်ရင့်ပြီး ကျွတ်လာလျှင်
ဆယ်ယူပြီး ဆီစစ်ထားလို့ရင်
တို့ဟူးကြော်ကြွပ်ကြွပ်လေးရပါပြီ။

တို့ဟူးကြော်နှင့်တွဲဖက်စားရင်
#အချဉ်ရည်ကိုတော့ မဲကျဉ်းမှည့်ရည်
ခက်ပျစ်ပျစ်ဖျော်(ရေကျက်အေးသုံးပါ ဗိုက်မနာရန်)
ထန်းလျှက်အနည်းငယ် ချေထည့်ပါ(အချဉ်မကဲအောင် အချိုနဲ့ထိန်းတာပါ)
ကြက်သွန်အဖြူ လေးငါးနွှာ-ငရုတ်သီးစိမ်း အစပ်ကြိုက်ရင်ကြိုက်သလို ဒယ်အိုးပူတိုက်၍ထောင်းပါ ဂျင်းအနည်းငယ် အနံ့မွှေးနေအောင်ထောင်းထည့်ပါ
ရေကျက်အေးဖြစ် အရသာမှုန့်
ငါးငံပြာရည်နည်းနည်း နံနံပါးပါးလှီးထည့်၍ မဲကျဉ်းရည်ကို ပျစ်ပျစ်လေးဖျော်ပြီးစားနိုင်ပါတယ်

#တို့ဟူးသုပ်စားချင်ရင်တော့
တို့ဟူးတုံးကို ပါးပါးလှီး
ငရုတ်သီးအကျက်မှုန့်
ကြက်သွန်အဖြူဆီကျက်
ကြက်သွန်နီကြော်ဆီချက်
နံနံပင်နဲ့ကောက်ဖီပါးပါးလှီး
မဲကျဉ်းရည်လေးနဲ့
ငါးငံပြာရည်လေးအနည်းငယ်ထည့်
အရသာမှုန့်ထည့်နယ်၍စားနိုင်ပါပြီ

လေးစားစွာဖြင့် Ya Tu Khin

 #သင်္ကြန်မှာလှူလို့ရပီ🥰🥰မြင်ယုံလေးနဲ့ ရင်ထဲကိုအေးလို့ ♥️♥️♥️♥️♥️♥️♥️ရာသီစာလေးမို့ စိတ်ကိုထိန်းမရဘူးနော်ဖာလူဒါကျောက်ကျော...
22/03/2024

#သင်္ကြန်မှာလှူလို့ရပီ🥰🥰
မြင်ယုံလေးနဲ့ ရင်ထဲကိုအေးလို့
♥️♥️♥️♥️♥️♥️♥️
ရာသီစာလေးမို့ စိတ်ကိုထိန်းမရဘူးနော်
ဖာလူဒါကျောက်ကျော -ဖာလူဒါလုပ်နည်း🍨🍧
***********************
ဖာလူဒါကြိုက်သူများအတွက်ရော ကျောက်ကျော
ကြိုက်သူများအတွက် အရသာအရမ်းကောင်းတဲ့
Home made လေးမို့
အိမ်မှာလုပ်စားကြည့်ပါနော်

အကင်စက် အမျိုးမျိုး လက်လီ လက်ကားရောင်းဝယ်ရေး🏡🍓🍓🍥🍥🍉🍒🍎🍏🍮
ပါဝင်ပစ္စည်းများ................

ကျောက်ကျော (တယ်လီဖုန်း တံဆိပ်)အသေး..... ၁ ထုပ်
နွားနို့ (1 Litre).. ၅၀ ကျပ်သား
နို့စိမ်း ................. ၁ ဗူး
သကြား ............. ၂၅ ကျပ်သား
သာကူ ..............အနည်းငယ်
ပင်ပွား ...........
မျှော့ချောင်း ..........
ဆား ..................
အနည်းငယ် ..........
အရောင် (အနီ) ....
ဖာလူဒါ (အနံ့) ....

ပါဝင်ပစွည်းပုံ comments တွင်ပြထားပေးပါတယ်ရှင့်

ပြင်ဆင်ပုံ
------

၁။ ဦးစွာ ပင်ပွားနဲ့ မျှော့ချောင်းကို ပွလာအောင် (၁)နာရီခန့် ရေကြိုစိမ်ထားပါ။

၂။ သာကူကို ရေနွေးဆူဆူတွင် ပြုတ်ပါ။ ပြုတ်ပြီးလျှင် ရေအေးတွင် စိမ်ထားပြီး (၄-၅)ကြိမ် ဆေးပါ။ ပြီးလျှင် သာကူကို နှစ်သက်ရာ အရောင်ဆိုးပါ။ အရောင်ဆိုးပြီးလျှင် (၅)မီနစ်ခန့်ထားပြီး ရေ(၁)ကြိမ် ပြန်ဆေးပြီး ရေစစ်ထားပါ။(ရေမဆေးလျှင် အရောင်များ ရောသွားမည်။)

၃။ မျှော့ချောင်းကိုလဲ ရေနွေးဆူဆူတွင် ၁၀မီနစ်ခန့်ထည့်ပြုတ်ပါ။ ပြုတ်ပြီး ရေအေးတွင်စိမ်ပါ။ ပြီးလျှင် ရေစစ်ထားပါ။

၄။ စိမ်ထားသော ပင်ပွားကိုလဲ ရေစစ်ထားပါ။

၅။ ဂျယ်လီများကို ထူထူလှီးထားပါ။

၆။ ***(နွားနို့ +နို့စိမ်း+ ရေ)=စုစုပေါင်း နို့ဆီခွက် (၆)ခွက်ခွဲ ဖြစ်ရမည်။.....နွားနို့ နို့စိမ်းကို အရင်ချိန်ထည့်ပြီးမှ ၆ခွက်ခွဲ ဖြစ်အောင် ရေထပ်ပေါင်း ထည့်ရမည်။

ပြုလုပ်ပုံ
------

၁။ အိုးထဲသို့ (ကျောက်ကျောမူန့် / (နွားနို့+နို့စိမ်း+ရေ) /သကြား /ဆား)ရောထည့်၍ ကျိုပေးပါ။

၂။ ကျောက်ကျော ဆူပွက်လာလျှင် အနီရောင်နှင့် ဖာလူဒါ အနံ့ (အနည်းငယ်)ဆီ ထည့်ပါ။

၃။ ဗန်းထဲသို့ ပင်ပွားနှင့် သာကူကို ဖြန့်ခင်းထည့်ထားပါ။

၄။ ၂၅ မီနစ်ခန့် ကျိုပြီးလျှင် ဗန်းထဲသို့ ကျောက်ကျောရည်များကို ဖြေးဖြေးချင်း ဖြန့်ထည့်ပါ။ သာကူနှင့် ပင်ပွားများ အပေါ်တက်လာပါမည်။ (***ဇွန်းဖြင့် မမွှေပါနှင့် မွှေလျှင် သာကူစေ့များ အောက်ဘက် ပြန်ရောက်သွား လိမ့်မည်။)

၅။ ဂျယ်လီနှင့် မျှော့ချောင်းကို (၅)မီနစ်ခန့်ကြာမှ အပေါ်မှ အသာယာ ဖြန့်ထည့်ပါ။

၆။ အေးခဲသွားလျှင် အရသာရှိသော ဖာလူဒါ ကျောက်ကျောကို လှီးဖြတ်စားသုံး နျိုငျပါပွီ။......🙂LLW
ရေးသားသူ Credit ပေးပါတယ်ရှင့်
🍧🍧🍧🍧🍧🍧🍧🍧🍧🍧🍧🍧
🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓
ဖာလူဒါ_ပြုလုပ်နည်း

ကြိုတင်ပြုလုပ်ထားရမည့် ပစ္စည်းများမှာ
၁။ ပူတင်းပေါင်းထားရမည်။
၂။ သာကူစေ့ ပြုတ်ထားရမည်။
၃။ မျှော့ချောင်း ပြုတ်ထားရမည်။
၁။ ရေခဲမုန့် ၁လုံး
၂။ ပူတင်း ၁ဇွန်း(ထမင်းစားဇွန်း)
၃။ နို့ဆီ ၁ဇွန်း(ထမင်းစားဇွန်း)
၄။ သကြားရည် ၃ဇွန်း(ထမင်းစားဇွန်း)
၅။ နွားနို့ ၃ဇွန်း(ထမင်းစားဇွန်း)
၆။ သာကူစေ့ပြုတ် ၂ဇွန်း(ထမင်းစားဇွန်း)
၇။ မျှော့ချောင်းပြုတ် ၂ဇွန်း(ထမင်းစားဇွန်း)
၈။ ကျောက်ဖရုံယိုအတုံးလေးများ ၁/၂ဇွန်း(ထမင်းစားဇွန်းတစ်၀က်)
၉။ သင်္ဘောယို ၁/၂ဇွန်း(ထမင်းစားဇွန်းတစ်၀က်)
၁၀။ စပျစ်ခြောက် ၁/၂ဇွန်း(ထမင်းစားဇွန်းတစ်၀က်)
၁၁။ ဇီးဖျော်ရည်အဆီ ၁/၂ဇွန်း(ထမင်းစားဇွန်းတစ်၀က်)
၁၂။ ရေသန့်ရေခဲ ၃တုံး
၁၃။ ကျောက်ကျော အနည်းငယ်
ပြုလုပ်ပုံ
- ပါ၀င်ပစ္စည်းများကို ဖန်ခွက်အတွင်းသို့ အဆင်ပြေသလိုထည့်ပါရှင်။ ပုံမှာပါတဲ့အတိုင်းလေး ပေါ့နော်။

လေးစားလျှက်..crd
Credit

ကောက်ညှင်းဘိန်းမုန့်လုပ်နည်း နှင့် ဘိန်းမုန့်လုပ်နည်း🥘🥘🥘🥘🥘🥘🥘🥘🥘🥘🥘🥘🥘🥘လုပ်ရတာလွယ်ပီး ပါဝင်းပစွည်းတွေကလည်း ဝယ်ရတာ လွယ်လို့အာ...
22/03/2024

ကောက်ညှင်းဘိန်းမုန့်လုပ်နည်း နှင့် ဘိန်းမုန့်လုပ်နည်း
🥘🥘🥘🥘🥘🥘🥘🥘🥘🥘🥘🥘🥘🥘
လုပ်ရတာလွယ်ပီး ပါဝင်းပစွည်းတွေကလည်း ဝယ်ရတာ လွယ်လို့
အာလပ်ရက် အိမ်မှာHome made လေးလုပ်စားကြည့်နော်

🏡🏡🏡
လုပ်နည်းအဆင့်ဆင့် ပုံလေးတွေနဲ့တွဲပြပေးထားပါတယ်ရှင့်
👇👇👇👇👇👇👇👇👇

ဘိန်းမုန့် (၆ခုစာ)❤️❤️❤️❤️❤️❤️
------------------------------------
နေ့လည်စာ အစာပြေ ဘိန်းမုန့်လေးပါ။ ကောက်ညှင်းဘိန်းမုန့်၊ ဆန်ဘိန်းမုန့်၊ ဂျုံဘိန်းမုန့် အစုံရှိတဲ့ အထဲမှာ ၀တ်ရည် လုပ်စားဖြစ်တာကတော့ ဆန်ဘိန်းမုန့်ပါ။ ဒီတခါ ပိုမိုထူးခြားသွားအောင် မြေပဲအစား သီဟိုဌ်စေ့သုံးပေးထားတော့ ဘိန်းမုန့်က အရသာပိုစိမ့်ပြီ စားလို့ အရမ်းကောင်းပါတယ်ရှင့်။ ကဲဒါဆိုရင် အိမ်လုပ် ဘိန်းမုန့်ကို ခုပဲ လုပ်ကြည့်ရအောင်…
------------------------------------
ပါ၀င်ပစ္စည်းများ
* ဆန်မှုန့် – ၃ခွက်(ကောက်ညှင်းမှုန့်)
* ရေ – ၁ခွက်ခွဲ
* ဆိုဒါ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
* yeast – လက်ဖက်ရည်ဇွန်း ၁ဇွန်း
* ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်
* ထောပတ် – စားပွဲတင်ဇွန်း ၃ဇွန်း
* သီဟိုဌ်စေ့– စားပွဲတင်ဇွန်း ၂ဇွန်း (ထပ်ခြမ်းခြမ်းပေးပါ)
* ဘိန်းစေ့ – စားပွဲတင်ဇွန်း ၁ဇွန်း
* အုန်းနို့ – တခြမ်း (အုန်းသီးများကို ၁လက်မအရှည် အရွယ် ပါးပါး လှီးထားပါ)
* ထန်းလျက် – ၂၀၀ ဂရမ်
------------------------------------
ပြုလုပ်နည်း
၁။ အရင်ဆုံး ဇောက်ခွက်တစ်ခုထဲတွင် ဆန်မှုန့်၊ ဆိုဒါ၊ yeast၊ ဆား တို့ကို သမအောင် ရောနုယ်လိုက်ပါ။

၂။ ပြီမှ ရေ(၁ခွက်ခွဲ) ထည့်ကာ သမအောင် ရောမွှေပေးပြီ ဆန်နှစ်ရည်ကို အနည်းဆုံး ၄နာရီ (သို့) တညသိပ် ထားပါ။

၃။ ဆန်နှစ်ရည် ၄နာရ်ီခန့် သိပ်ပြီလျှင် ထန်းလျက်ကြိုပါမည်။ ထန်းလျက်(၂၀၀ ဂရမ်) ကို ရေ(၃၀၀ မီလီလီတာ)ဖြင့် ညော်စေးသည်အထိ ကြိုပေးပါ။

၄။ ထန်းလျက်များ ညော်စေးလာပြီဆိုလျှင် မီးပိတ်ပြီ ဇကာဖြင့် ပြန်စစ်ပေးပါ။ (ထန်းလျက်တွင် အမှုန့်များပါတတ်၍ ဖြစ်သည်)

၅။ ပြီနောက် ထန်းလျက်များကို ဆန်နှစ်ရည်ဖြင့် သမအောင် ရောမွှေလိုက်ပါ။

၆။ ဘိန်းမုန့် စလုပ်ပါမည်။ ဒယ်ပူလာလျှင် ထောပတ် ထည့်ပြီ မုန့်နှစ်(ယောက်ချို) တဇွန်းကို လောင်းထည့်လိုက်ပါ။

ရ။ မုန့်နှစ်အပေါ်မှ အမြုပ်လေးများ ထလာလျှင် အုန်းသီး၊ ဘိန်းစေ့၊ သီဟိုဌ်စေ့ အပေါ်မှ ဖြူးပေးပါ။

၈။ဘိန်းမုန့် အောက်ဖက်အညှိရောင်သန်းလာလျှင် နောက်တဖက်သို့ လှန်ပေးပါ။ ထောပတ် ထပ်ထည့်ပေးပါ။

၉။ ဆန် ဘိန်းမုန့်ပူပူလေးကို အုန်းသီးများဖြူး၍ သုံးဆောင်လို့ရပါပြီ…


❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️
နောက်တစ်နည်း
ဘိန်းမုန့်လုပ်နည်း။ ၂ပါ

ထောပတ်ကြက်ဥ ဘိန်းမုန့်ပူပူမွှေးမွှေးလေး
(အချပ် အကြီး ၃ ချပ်စာ)

ဘိန်းမုန့်လုပ်နည်း မေးထားတဲ့သူတွေအတွက် အရသာရှိရှိနဲ့ ချက်ချင်းလုပ်စားလို့ရတဲ့နည်းပါ။
ဘိန်းမုန့်ကို ဆန်နဲ့ ဂျုံနဲ့၂ မျိုး ၇ှိတဲ့အထဲက အိစံက ဆန်နဲ့လုပ်တဲ့ဘိန်းမုန့်ကိုပြုလုပ်ထားတာပါ။ ဘိန်းမုန့်ကို yeast နဲ့လုပ်တာ အချိန်ကြာတာမို့ yeast နဲ့မဟုတ်ပဲ စားဆော်ဒါနဲ့ ရှာလကာရည်ကို အသုံးပြုပြီး ဆန်ကိုအချဉ်ဖောက်ထားတာပါ။ ရှာလကာရည်နဲ့အချဉ်ဖောက်တဲ့နည်းကို တော့ နိုင်ငံခြားမုန့်တွေလုပ်တဲ့နည်းကရခဲ့တာပါ။ ချက်ချင်းလဲ လုပ်စားလို့ရပြီး ထောပတ်အနံ့လေးမွှေးမွှေးလေးနဲ့မို့အချိန်ကုန်သက်သာပြီး အ၇မ်းစားလို့ကောင်းတဲ့နည်းပါ။ လုပ်နည်းကလဲ လွယ်ကူလို့လုပ်စားကြည့်နော်။

ပါ၀င်သောပစ္စည်းများ
၁။ ဆန်မှုန့်- ၁ ခွက်
၂။ ကွကျဥ - ၁ လုံး
၃။ ထောပတ် - ထမင်းစားဇွန်း ၃ ဇွန်း
၄။ ညောင်စေးကျအောင်ကျိုထားသော ထန်းလျက်ရည် - ထမင်းစားဇွန်း ၄ ဇွန်း
၅။ ခပ်နွေးနွေးရေ - ထမင်းစားဇွန်း ၈ ဇွန်း (သို့) ခွက် တ ၀က် (အိစံကရေနွေးဓါတ်ဗူးထဲက ရေကို အပြင်မှာ ၃ မိနစ်လောက်ထားပြီး လက်နဲ့စမ်းကြည့်လို့လက်ကအပူခံနိုင်တဲ့အနေအထားရေနွေးကိုထည့်ပါတယ်။)
၆။ ရှာလကာရည် - ထမင်းစားဇွန်း ၂ ဇွန်း
၇။ ဆော်ဒါ (baking soda) - လက်ဖက်ရည်ဇွန်း တ ၀က်
၈။ ပါးပါးလှီးထားသော အုံးသီးဖတ် - အနည်းငယ်
၉။ အခွံချွတ်ထားသော မြေပဲလှော် - အနည်းငယ်
၁၀။ ဘိန်းစေ့ - အနည်းငယ်
၁၁။ ဆား - အနည်းငယ်
( ၁ ခွက် = 240ml = ၇ိုး၇ိုးကော်ဖီခွက် ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း)
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း
၁။ ကြက်ဥကို ခလောက်ထားပါ။ ဆန်မှုန့်၊ဆား နှင့် ဆော်ဒါ မှုန့်တို့ကို ဇလုံတခုထဲထည့်ရ်ျ သမအောင်လုပ်ပါ။
၂။ ဆန်မှုန့်ထဲကို ရှာလကာရည်ထည့်ရ်ျ သမအောင်နယ်ပါ။ (ရှာလကာရည်ကို အနှံ့ဆမ်းရ်ျ ထည့်ပါ။ မုန့်အချဉ်ပေါက်ရာမှာ အလွန်အသုံး၀င်ပါတယ်။)
၃။ ပြီးလျှင် ခပ်နွေးနွေးရေကို ထည့်ရ်ျ သမအောင်လုပ်ပါ။ ခလောက်စရာမလိုပါ။(မုန့်သားများ အချဉ်ပေါက်လာတဲ့ အမြှုပ်ကလေးများဖြစ်လာပါလိမ့်မည်။)
၄။ နောက်ဆုံးမှ ခလောက်ထားသော ကြက်ဥနှင့် ထန်းလျက်ရည်တို့ကိုထည့်ရ်ျ သမအောင်လုပ်ပါ။ မုန့်အနှစ်ရပါပြီ။
၅။ မကပ်တဲ့ ဒယ်အိုး အသေးဆုံးကို အသုံးပြုပါ။ ဒယ်အိုးထဲကို ထောပတ် ထမင်းစားဇွန်း ၁ ဇွန်း ထည့်ရ်ျ ထောပတ်ပူလာလျှင် မုန့်အနှစ်ကို ယောက်ချိုဇွန်း ဖြင့် ၁ ဇွန်း ခပ်ရ်ျ ထည့်ပါ။ မီးကို အေးအေးထားရ်ျ မုန့်ပြုလုပ်ပါ။ မုန့်အနှစ်အပေါ်ကို ဘိန်းစေ့ အ၇င်ဖြူး ၊ ပြီးလျှင် မြေပဲနှင့် အုံးသီးဖတ်ကို ဖြူးရ်ျ မုန့်အလည်မှာအပေါက်ကလေးတွေတော်တော်များများဖြစ်လာမှ အဖုံးကို ခန အုပ်ပါ။
၆။ ဘေးသားများ ကြွပ်လာပြီး အောက်ဖက် မုန့်သား ကျက်လျှင် နောက်တဖက်ကိုလှန်ရ်ျ ၁ မိနစ်ခန့်ထားပါ။
၇။ ထောပတ်အနံ့မွှေးမွှေးနဲ့အလွန်စားလို့ကောင်းတဲ့ဘိန်းမုန့်ပူပူလေးကို သုံးဆောင်နိုင်ပါပြီ။
Crd
မူရင်းရေးသားသူအားလေးစားစွာcrdပေးပါတယ်

Crd to owner

အလွယ်ကူဆုံး  #ရခိုင်မုန့်တီ(ခ)အာပူလျှာပူ ချက်နည်း**************************************ငါးရွှေခြောက်အလွယ်တကူ ဝယ်လို့မရတဲ...
21/03/2024

အလွယ်ကူဆုံး #ရခိုင်မုန့်တီ(ခ)အာပူလျှာပူ ချက်နည်း
**************************************

ငါးရွှေခြောက်အလွယ်တကူ ဝယ်လို့မရတဲ့ နေရာများအတွက် လွယ်လွယ်ကူကူ ငါးကြင်းနဲ့ချက်လို့ရမယ့် နည်းကို ရေးပေးလိုက်တယ်နော်။ ငါးကြင်းတုံးကို ဆနွင်း ဆား အရသာမှုန့်နယ်ပြီး မီးအေးအေးဖြင့် ငါးကိုကင်ပေးပါ။ အသားကျက်ရုံ ၁၀မိနစ်ခန့် ကင်ပြီးနောက် အအေးခံကာ အသားများနွှင်ပေးထားပါ။ ကြက်သွန်ဖြူ ငရုတ်ကောင်း ထောင်းထားပေးပါ။ စားနိုင်မယ့်ရေပမာဏအား အိုးထဲသို့ထည့်ပါ။ ငပိစိမ်းစား ထောင်းထားသောအရာများနှင့် ငါးအသားများ ဆား အချိုမှုန့် ထည့်ပြီး ပွက်ပွက်ဆူလာသည်အထိ တည်ပေးပါ။ #ရခိုင်မုန့်တီဟင်းရည်ရပါပြီ။
မန်ကျည်းသီးအနှစ်အားရေဖျော်ထားပေးပါ။
ကြက်သွန်ဖြူဆီချက်ချက်ထားပေးပါ။
ငရုတ်သီးအားပြုတ်ပြီး ထောင်းထားပေးပါ။ ပြီးမှ မုန့်တီဟင်းရည်အနည်းငယ်ထည့်ပြီး ငရုတ်အရည်ဖျော်ပေးထားပါ။ နံနံပင်ပါးပါးလှီးထားပါ။ ပြီးနောက် မုန့်ဖတ် ငါးဖယ်ကြော် ပဲကြော် ပဲသွေးတို့ဖြင့်တွဲဖက်စားလို့ရပါတယ်။

Credit

 #ကြာဇံချက် ချက်နည်းပါဝင်ပစ္စည်းများပဲကြာဇံ - ၂၀ သား(ရေစိမ်ထားပါ)ကြက်သား - ၂၅ ကျပ်သား(သေးသေးရှည်ရှည်လှီးပါ)ငုံးဥ - ၁၀လုံ...
21/03/2024

#ကြာဇံချက် ချက်နည်း

ပါဝင်ပစ္စည်းများ

ပဲကြာဇံ - ၂၀ သား(ရေစိမ်ထားပါ)
ကြက်သား - ၂၅ ကျပ်သား(သေးသေးရှည်ရှည်လှီးပါ)
ငုံးဥ - ၁၀လုံး(ပြုတ်ပြီး အခွံခွါ)
မှိုခြောက် - ၂ကျပ်ခွဲသား
ပန်းခြောက် - ၅ကျပ်သား
ပဲလိပ် - ၁ပြား
ငံပြာရည် - စားပွဲတင်ဇွန်း ၁ စွန်း
ငရုတ်ကောင်း - အနည်းငယ်
အရသာမှုန့် - စားပွဲတင်ဇွန်း ၁ စွန်း ကြက်သွန်ဖြူ - ၃ လုံး (အခွံနွှာ)
ကြက်သွန်နီ - ၆ လုံး(၄ စိပ်စိပ်
ဂျင်း - လက်၂ဆစ်(ပါးပါးလှီး)
နနွင်းမှုန်. - အနည်းငယ်
အရောင်တင်မှုန်. - အနည်းငယ်
နံနံပင် - အနည်းငယ်
သံပုရာသီး - အနည်းငယ်

အရင်ဆုံး ကြက်ရိုးများကို ကြက်သွန်ဖြူ ၅မွှာ၊ဂျင်းလက်၁ဆစ် ဆားအနည်းငယ်ထည့်ပြီး ပြုတ်ထားပါ။
မှိုခြောက်ပန်းခြောက်များကို ရေစိမ်ထားပါ။ ပွလာလျှင်ရေစင်အောင်ဆေး၍
အနေတော်ညှပ်ထားပါ။

ဒယ်ထဲ ဆီထည့်ပြီး ဆီပူလာရ ကြက်သွန်နီ ဖြူ ဂျင်း ဆီသတ်ပါ။နနွင်း အရောင်တင်မှုန်.ထည့်ပါ။ ကြက်သားထည့်ပြီး ခဏမွှေပေးပါ။
ကြက်ပြုတ်ရည်ထည့်ပါ။
အရသာအတွက် ငံပြာရည် အရသာမှုန့် ထည့်ပါ။
မှိုခြောက် ပဲလိပ် ထည့်ပါ။ ၅မိနစ်ခန့်
ကြာလျှင် ကြာဇံ နှင့် ပန်းခြောက်ထည့်ပါ။
ဆူပြီး ၁၅မိနစ်ခန့်ကြာရင် ငုံးဥထည့်ပါ။
အရသာမြည်းပါ။ အရသာစိတ်ကြိုက်ပြင်ပါ။
အရသာ အနေတော်ဖြစ်လျှင် ငရုတ်ကောင်းမှုန်.ပြီး ရပါပြီ ။

ကြာဇံချက် စားတော့မယ်ဆိုရင် ပန်းကန်ထဲထည့်ပြီး ကြက်သွန်စိမ်း နံနံပင် သံပုရာသီးညှစ် အစပ်ကြိုက်ရင် ငရုတ်သီးအကျက်မှုန်.ထည့်ပြီး အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ
မူရင်းရေးသားသူအားလေးစားစွာဖြင့် Creditပေးပါတယ်

သင်္ကြန်နီးလာပြီဆိုတော့သင်္ကြန်မုန့်လေးတွေလုပ်စားရအောင်
21/03/2024

သင်္ကြန်နီးလာပြီဆိုတော့
သင်္ကြန်မုန့်လေးတွေလုပ်စားရအောင်

"ကိုက်လိုက်တဲ့သွား အခေါင်းတောင်ပေါက်နေပြီ ဆိုတဲ့ လူနာရှိလား"ဒီအပင်လေးကို လူတိုင်းမြင်ဘူးမယ်ထင်ပါတယ် အလေ့ကျနေရာတိုင်းမှာပ...
17/03/2024

"ကိုက်လိုက်တဲ့သွား အခေါင်းတောင်ပေါက်နေပြီ ဆိုတဲ့ လူနာရှိလား"

ဒီအပင်လေးကို လူတိုင်းမြင်ဘူးမယ်ထင်ပါတယ် အလေ့ကျနေရာတိုင်းမှာပေါက်ပါတယ် ဗိစပ်ပင်လို့ခေါ်ပါတယ် ။

သွားကိုက်နေတဲ့မိတ်ဆွေ အခေါင်းပေါက်ရှိနေရင် အဲ့ဒီအပင်က အဖူးဝါ၀ါလေးအခေါင်းပေါက်ထဲ ထည့်ပေးလိုက်ခနနေ သွားကိုက် တာ ဘယ်ရောက်မှန်းမသိအောင်ပျောက်သွားလိမ့်မယ် ။

သွားကိုက်လာတိုင်ပြု လုပ်ပေးပါက အရှင်းပျောက်ပါတယ်ဗျာ။

သွားကိုက်လွန်းလိုမျက်ရည်ကျနေသူတွေ ခနချင်းမှာပဲပျောက်ပါတယ် စမ်းကြည့်ပါ။

ငွေလည်းမကုန်

ဆေးလည်းမရှား

ရောဂါဝေဒနာများပျောက်ကင်းသက်သာကြပါစေ။

ဒေသအလိုက် အပင်အခေါ်ဝေါ်ကွဲပြားနိုင်ပါတယ်။

စိုးမြတ်ဦး
(မှတ်ချက်)
လက်ဆင့်ကမ်း ကူးယူဖော်ပြပါက
မူရင်းဖြစ်တဲ့ စိုက်ပျိုးရေး နှင့် အထွေထွေဗဟုသုတအား
Credit ပေး၍ ဖော်ပြခွင့်ရှိပါသည်
စိုက်ပျိုးရေးနှင့် အထွေထွေဗဟုသုတ

Wax Flowerမြန်မာအခေါ်ကတော့ ထင်းရှူးချယ်ရီပါတဲ့🥰ချစ်စရာလေးတွေ
13/03/2024

Wax Flower
မြန်မာအခေါ်ကတော့
ထင်းရှူးချယ်ရီပါတဲ့🥰ချစ်စရာလေးတွေ

23/01/2024
18/01/2024
12/01/2024

Address

Kengtung

Website

Alerts

Be the first to know and let us send you an email when Royal Heart posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Royal Heart:

Videos

Share