KO News-ကော့ကရိတ်ပွင့်လင်းသတင်းစဥ်

  • Home
  • Myanmar
  • Kawkareik
  • KO News-ကော့ကရိတ်ပွင့်လင်းသတင်းစဥ်

KO News-ကော့ကရိတ်ပွင့်လင်းသတင်းစဥ် Kawkareik Open News (Ko News) was established on March 24, 2021 and is an independent local news outlet.
(2)

Human rights abuses continue on a daily basis in the wake of Myanmar's unjust military coup.

ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွတိုက်ပွဲဖြစ်စဉ်တွင် ပူးပေါင်းအဖွဲ့များနှင့်အတူပါဝင်ခဲ့သော ကော့ကရိတ်PDF၊ Triple-Kတပ်ဖွဲ့...
15/11/2023

ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွတိုက်ပွဲဖြစ်စဉ်တွင် ပူးပေါင်းအဖွဲ့များနှင့်အတူပါဝင်ခဲ့သော ကော့ကရိတ်PDF၊ Triple-Kတပ်ဖွဲ့မှရဲဘော်များ .....

မွန်ပြည်နယ်၊ ကျိုက်မရောမြို့၊ ချောင်းနှစ်ခွတိုက်ပွဲအတွင်း ကော့ကရိတ် PDFတပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်ခဲ့***********(၁၄-၁၁...
14/11/2023

မွန်ပြည်နယ်၊ ကျိုက်မရောမြို့၊ ချောင်းနှစ်ခွတိုက်ပွဲအတွင်း ကော့ကရိတ် PDFတပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်ခဲ့
***********
(၁၄-၁၁-၂၀၂၃)ရက်နေ့
ကော့ကရိတ်ပွင့်လင်းသတင်းစဉ်

မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်ရှိစစ်ရေးအရအချက်အခြာကျသော ချောင်းနှစ်ခွတံတားကို မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှ အပြီးတိုင်သိမ်းပိုက်နိုင်ခဲ့သည့် တိုက်ပွဲအတွင်း ကော့ကရိတ် PDF၊ Triple-Kတပ်ဖွဲ့ ရဲဘော်များမှ အတူတကွပူးပေါင်းပါဝင်တိုက်ခိုက်နိုင်ခဲ့ခြင်းအပေါ် များစွာဂုဏ်ယူမိပါကြောင်း KO Newsမှ မှတ်တမ်းတင် ရေးသားဖော်ပြအပ်ပါသည်။



#တာလပေါ့

27/10/2023

ကော့ကရိတ် အခြေအနေလေးတွေကို Messenger မှာ အားမနာတမ်း ပို့ပေးလို့ရပါပြီးနော်...

လူထုများအမြင်ဝေဝါးစေရန်ရည်ရွယ်၍ စကစ Telegram Channelများမှ တော်လှန်ရေးအင်အားစုများကို ပုံဖျက်တိုက်ခိုက်‌နေ*************(...
17/10/2023

လူထုများအမြင်ဝေဝါးစေရန်ရည်ရွယ်၍ စကစ Telegram Channelများမှ တော်လှန်ရေးအင်အားစုများကို ပုံဖျက်တိုက်ခိုက်‌နေ
*************
(17-11-2023)ရက်နေ့
ကော့ကရိတ်ပွင့်လင်းသတင်းစဉ်

(၁၃-၁၁-၂၀၂၃)ရက်နေ့ နေ့လည် (၁၂:၀၀)အချိန် ကော့ကရိတ်မြို့၊ အမှတ် (၂)ရပ်ကွက်ရှိ အ.ထ.က(ခွဲ) ဝင်းကြီးကျောင်းမှ ကျောင်းသူ (၁)ဦးသေဆုံးပြီး (၃)ဦးဒဏ်ရာရခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက်၍ တော်လှန်ရေးအင်အားစုများမှ Droneဖြင့်တိုက်ခိုက်ခဲ့သည်ဟု အကြမ်းဖက်စစ်အုပ်စု Telegram Channelများတွင် သတင်းအမှားဖြန့်ဝေ ဝါဒဖြန့်နေခြင်းအား KO Newsမှ စုံစမ်းသိရှိရသမျှကို ပြည်သူလူထုများသိရှိစေရန် တင်ပြလိုက်သည်။

အဆိုပါဖြစ်စဉ်ဖြစ်ပွားသောနေ့ရက်တွင် စကစတပ်သည် ကော့ကရိတ်မြို့အတွင်း တော်လှန်ရေးတပ်ဖွဲ့များဝင်‌လာသည်ဟုဆိုကာ ကော့ကရိတ်မြို့အခြေစိုက် ခလရ(၉၇)တပ်နှင့် လှိုင်ဝအမြှောက်ကုန်းတို့မှ နှစ်ဖက်ညှပ်ကာ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့သဖြင့် ကျောင်းသူလေးများ ထိခိုက်သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု ဒေသခံများထံမှ သိရှိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အကြမ်းဖက်စစ်အုပ်စုတပ်မှ စွပ်စွဲ‌ရေးသားချက်များမှာ မြေပြင်စုံစမ်းသိရှိရမှုနှင့် လုံးဝကွာခြားနေပြီး KKOတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူထံ ဆက်သွယ်စုံစမ်းခဲ့ရာ "အဲ့ဒီ‌နေ့က ကျွန်‌တော်တို့အဖွဲ့ ဘာMissionမှမရှိဘူး။ သူတို့က လက်နက်ကြီးနဲ့ပစ်လို့သာ မြို့ထဲကျပြီးအခုလိုဖြစ်တာ။ အဲ့ဒီလိုဖြစ်ပြီးတော့‌‌ ဖြစ်တဲ့နေရာကို သူတို့တွေရောက်လာပြီး ပြည်သူတွေ‌‌ကိုတောင်းပန်ခဲ့တာ‌တောင် ကျွန်‌တော်တို့သတင်းပြန်ကြားခဲ့‌‌ရသေးတယ်။"ဟု KO Newsသို့ ဖြေကြားခဲ့သည်။

ဖြစ်စဉ်ဖြစ်ပွားရာ‌နေရာနှင့်နီးစပ်သူ မြို့ခံတစ်ဦးထံ စုံစမ်းခဲ့ရာ "အဲ့ဒီ‌နေ့ နေ့လည်မှာ ကျောင်းသူ‌တွေထိသွားလို့ အနီးအနားကလူ‌တွေက ကလေး‌တွေကို ကားနဲ့တင်ပြီး‌ဆေးရုံပို့ဖို့လုပ်တာ သူတို့(စကစ)တွေရောက်လာပြီးတော့ သေနတ်နဲ့ပစ်ပြီး ကားကိုတားတယ်။ ပြီးတော့ အဲ့ဒီလက်နက်ကြီးကျတဲ့နေရာတွေက ပေါက်ကွဲတဲ့အစ‌တွေကို လိုက်သိမ်းတယ်။ သဲလွန်စဖျောက်တဲ့သဘောထင်တယ်။"ဟု ပြောကြားခဲ့သည်။

ကော့ကရိတ်မြို့၏ စစ်ရေးအခြေအနေကို စောင့်ကြည့်လေ့လာ‌နေသူတစ်ဦးထံမှ "ဖြစ်တဲ့‌နေ့က (၁၃)ရက်နေ့မှာဖြစ်တယ်။ (၁၄)ရက်နေ့မှာ စကစအဖွဲ့တွေက ကော့ကရိတ်ဈေးကြီးမှာ ပါဆယ်ဗုံး‌တွေ့တယ်၊ KKOနဲ့ PDFအဖွဲ့တွေ ဗုံးလာချတယ်ဆိုပြီး သတင်းလွှင့်‌တယ်။ ဒါကိုကြည့်လိုက်ရင် စကစအဖွဲ့က‌နေပြီး ရည်ရွယ်ချက်ရှိရှိနဲ့ သတင်းပုံဖျက်နေတာလို့ ယူဆလို့ရတယ်။"ဟု ပြန်လည်ဖြေကြားခဲ့သည်။

ထို့ပြင် အကြမ်းဖက်စစ်အုပ်စုအနေဖြင့် လက်နက်ကြီးများပစ်ခတ်‌နေသော်လည်း တည်နေရာလွှဲချော်မှုများ မကြာခဏဖြစ်နေခြင်းအပေါ် ၎င်းတို့တပ်တွင်း၌ လက်နက်ကြီးကျွမ်းကျင်သူများမရှိတော့‌ဘဲ အရံတပ်ဖွဲ့များနှင့် ရဲမေများဖြင့်သာ အသုံးပြုပစ်ခတ်နေရတော့သည့်အခြေအနေဖြစ်နေသည်မှာ ရာခိုင်နှုန်းအားဖြင့် များစွာသေချာ‌နေပြီဖြစ်‌ကြောင်းနှင့် စကစတပ်မှ KKOတပ်ဖွဲ့နှင့် PDFတပ်ဖွဲ့အပေါ် စစ်ရေး၊ နိုင်ငံ‌ရေးအရ တစ်စုံတစ်ရာ အမြတ်ထုတ်ထိုးစစ်ဆင်လို၍ ယခုကဲ့သို့ ကြံစည်ဝါဒဖြန့်ခြင်းသာဖြစ်‌ကြောင်းအဆိုပါ ကော့ကရိတ်မြို့စစ်ရေးအ‌ခြေအနေ စောင့်ကြည့်သုံးသပ်‌နေသူထံမှ ထပ်မံသိရှိခဲ့ရသည်။


ကော့ကရိတ်PDF၊ Triple-Kတပ်ဖွဲ့အတွက် ရန်ပုံငွေ Online Showပွဲ ကျင်းပပြုလုပ်မည်************(3-10-2023)ရက်နေ့ ကော့ကရိတ်ပွင့်...
02/10/2023

ကော့ကရိတ်PDF၊ Triple-Kတပ်ဖွဲ့အတွက် ရန်ပုံငွေ Online Showပွဲ ကျင်းပပြုလုပ်မည်
************
(3-10-2023)ရက်နေ့
ကော့ကရိတ်ပွင့်လင်းသတင်းစဉ်

ကော့ကရိတ်မြို့နယ်ရှိ ကော့ကရိတ်PDF၊ Triple-Kတပ်ဖွဲ့ရန်ပုံ‌ငွေပွဲကို ယခုလ အောက်တာဘာ (၇)ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်‌သည်။

အဆိုပါပွဲတွင် "မူးလာ၊ တိုးကြီး၊ နွေလင်းဟန်၊ သစ်နောင်နောင်၊ ကိတ်၊ သင့်သူ၊ Dr.ကိုကိုဦး၊ ရဲလင်း၊ စိုင်းခမ်းလုံ" အစရှိသော အနုပညာရှင်များ၊ ဝါသနာရှင်များပါဝင်ကြမည်ဖြစ်ပြီး The Cruz Bandမှတီးခတ်၍ Onlineမှတစ်ဆင့် တိုက်ရိုက်တင်ဆက်‌ဖျော်ဖြေသွားမည်ဖြစ်ရာ လက်မှတ်တစ်‌စောင်လျှင် မြန်မာငွေ (၂၀၀၀၀)ကျပ်၊ ထိုင်းငွေ (၂၅၀)ဘတ်၊ စင်္ကာပူငွေ (၁၅)SDG၊ USD (၁၀)ဒေါ်လာဖြင့် တာလပေါ့ Pageတွင် ဝယ်ယူအား‌ပေးနိုင်ပါသည်။

ပွဲအမည်အား "NEXT SHOW"ဟု အမည်ပေးထားကာ မြန်မာစံတော်ချိန် ညနေ (၅:၃၀)နာရီတိတိတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ကော့ကရိတ်ဒေသခံများအပြင် တော်လှန်‌ရေးတွင်ပါဝင်ကြ‌သော ပြည်တွင်းပြည်ပမှ တော်လှန်ရေးအင်အားစုများမှလည်း တစ်တပ်တစ်အား အား‌ပေးကူညီ‌ကြပါရန် KO Nwesဝိုင်း‌ တော်သားများအ‌‌နေဖြင့် တိုက်တွန်းလိုက်ရပါသည်။

စာကြွင်း။ အသေးစိတ်သိရှိလိုသည်များရှိပါက တာလပေါ့Pageတွင် ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။


#တာလပေါ့

https://m.facebook.com/story.php?story_fbid=154604167722121&id=100095176154392&mibextid=Nif5oz
01/10/2023

https://m.facebook.com/story.php?story_fbid=154604167722121&id=100095176154392&mibextid=Nif5oz

ရှိုးပွဲတွေအတိုင်း ခံစားမှူအပြည့်ပေးမယ် NEXT SHOW

လုံးဝကို အမှန်ကန်ဖြုတ်ကြမှာ…

မူးလာ၊ တိုးကြီး၊ နွေလင်းဟန်၊ ကိတ်၊ သစ်နောင်နောင်၊ ဒေါက်တာကိုကိုဦး၊ ရဲလင်းနဲ့ စိုင်းခမ်းလုံတို့ သီဆိုဖျော်ဖြေပေးကြမယ်အပြင် ကဗျာဆရာ သင့်သူကလည်း ကဗျာတွေရွတ်ပြဦးမှာ…

Music ပိုင်းမှာဆိုလည်း The Cruz Band က တာဝန်ယူတီးခတ်ပေးမှာဖြစ်လို့ လုံးဝပြောစရာမလိုတဲ့ပွဲ…

(1.10.2023) ကနေ (7.10.2023)နေ့လည် ၁၂နာရီအထိ လက်မှတ်ရောင်းသွားပေးမှာဖြစ်ပြီး (7.10.22023 )ညနေမှာ group ကနေ တိုက်ရိုက်လွင့်မှာပါ…

အိမ်မှာအေးဆေးကွေးပြီး ဖုန်းထဲကနေ ထိုင်ကြည့်နေရုံပဲ…

ကွန်မန့်မှာအသေးစိတ် ထပ်ရှင်းပြမယ်နော်….


#တာလပေါ့

ကော့ကရိတ်-မြဝတီလမ်းဟောင်း လတ်တလောတွင် ကားလမ်းပိတ်ဆို့မှုဖြစ်ပွားနေ****************(၁၈-၈-၂၀၂၃)ရက်နေ့ကော့ကရိတ်ပွင့်လင်းသတင...
18/08/2023

ကော့ကရိတ်-မြဝတီလမ်းဟောင်း လတ်တလောတွင် ကားလမ်းပိတ်ဆို့မှုဖြစ်ပွားနေ
****************
(၁၈-၈-၂၀၂၃)ရက်နေ့
ကော့ကရိတ်ပွင့်လင်းသတင်းစဉ်

ကော့ကရိတ်-မြဝတီလမ်းဟောင်းပေါ်တွင် အံစာတုံးကာတစ်စီး လမ်းဘေးချောက်အတွင်းသို့ထိုးကျခဲ့ပြီး ကျန်တစ်စီးတိမ်းမှောက်မှုကြောင့် ယနေ့တွင် လမ်းပိတ်ဆို့နေကြောင်းသိရှိရသည်။

ယာဉ်တစ်စီးမှတစ်စီးကျော်တက်မှုကြောင့် ယခုကဲ့သို့ဖြစ်ပွားရခြင်းဖြစ်ကြောင်းနှင့် လမ်းဟောင်းတောင်ပေါ်လမ်းသည် လမ်းကျဉ်းမြောင်းကာ အကွေ့အကောက်များခြင်းကြောင့် ယာဉ်မောင်းများအနေဖြင့် ဆင်ခြင်မောင်းနှင်သွားလာကြရန်၊ အလျင်စလိုမောင်းနှင်မှုများမပြုကြရန် ဒေသတွင်းလူမှုကယ်ဆယ်ရေးအဖွဲ့တစ်ခုမှ Social Mediaပေါ်တွင် ဖော်ပြရေးသားနှိုးဆော်ထားသည်။

ကော့ကရိတ်-မြဝတီလမ်းဟောင်းကို ယာဉ်သွားလာမှုအဆင်ပြေချောမွေ့စေရေးအတွက် ကော့ကရိတ်မှ မြဝတီသို့ အတက်နေ့ (၁)ရက် မြဝတီမှ ကော့ကရိတ်သို့ အဆင်း နေ့ (၁)ရက်ဟု သတ်မှတ်ထားကြရာ ယနေ့ ဩဂုတ်လ (၁၈)ရက်နေ့သည် အတက်နေ့ဖြစ်ကြောင်း သိရှိရသည်။


Photo-CJ

"တာလပေါ့ကမ်ပိန်း" (၃၁)ရာခိုင်နှုန်း‌အောင်မြင်ထား*****************(15-8-2023)ရက်နေ့ကော့ကရိတ်ပွင့်လင်းသတင်းစဉ်ကော့ကရိတ်PDF...
15/08/2023

"တာလပေါ့ကမ်ပိန်း" (၃၁)ရာခိုင်နှုန်း‌အောင်မြင်ထား
*****************
(15-8-2023)ရက်နေ့
ကော့ကရိတ်ပွင့်လင်းသတင်းစဉ်

ကော့ကရိတ်PDF၊ Triple-Kတပ်ဖွဲ့ လက်နက်ခဲယမ်းများဝယ်ယူဖြည့်တင်းရန်အတွက် "တာလ‌ပေါ့ကမ်ပိန်း"ကို ဩဂုတ်လ (၁၀)ရက်နေ့မှ စတင်ရောင်းချပြီး ယနေ့ ဩဂုတ်လ (၁၅)ရက်နေ့အထိ (၃၁)ရာခိုင်နှုန်း အောင်မြင်ထားပြီးဖြစ်‌ကြောင်းနှင့် ကမ်ပိန်းTragetအဖြစ် မြန်မာ‌ငွေကျပ်သိန်းငါးရာဖြစ်ပြီး အားစိုက်ကူညီပေးကြရန် ကမ်ပိန်းတာဝန်ခံက ပြည်သူလူထုအား တောင်းဆိုသည်။

"ကမ်ပိန်းက (၃၁%)အောင်မြင်နေပါပြီ။ ဩဂုတ်လ (၁၀)ရက်နေ့ကစပြီး ကမ်ပိန်းကာလက (၃)ပတ်ဆိုတော့ ဩဂုတ်လကုန်ထိမဲလက်မှတ်များ ရောင်းချသွားမှာဖြစ်လို့ အမြန်ဆုံးပြည့်သွားအောင်လည်း ပြည်သူတွေက ဝိုင်းပြီးပံ့ပို့ပေးဖို့လိုအပ်နေတယ်"လို့ ကမ်ပိန်းတာဝန်ခံမှ KO Newsသို့ ပြောကြားခဲ့ပါသည်။

ယခု ကမ်ပိန်းမှရရှိသည့် ဘဏ္ဍာငွေဖြင့် ကော့ကရိတ်PDF(Triple-K)တပ်ဖွဲ့အတွက် လက်နက်ခဲယမ်းများ ဝယ်ယူဖြည့်တင်းသွားမှာဖြစ်လို့ နိုင်ငံတကာအသီးသီး‌‌မှာရောက်ရှိနေကြတဲ့ မြန်မာများအားလုံး အင်တိုက်အားတိုက် ပါဝင်ကူညီ‌ပေးကြဖို့ ကမ်ပိန်းတာဝန်ခံမှ ထပ်မံမေတ္တာရပ်ခံထားပြီး ငွေပေးချေမှုနည်းလမ်းအတွက် တာလ‌ပေါ့ page Messengerတွင် လာရောက် ဝယ်ယူအားပေးနိုင်‌ကြောင်း သိရှိရသည်။

#တာလပေါ့


စာကြွင်း။ တာလပေါ့ pageအား First Commentတွင် ဖော်ပြပေးထားပါသည်။

02/08/2023

ကြားဖြတ်အထူးသတင်း

တာလပေါ့ကမ်ပိန်းတောင်မစရသေးဘူး page ရဲ့Messenger မှာ လာဝယ်နေကြတာကိုတွေ့ရတော့ခွန်အားဖြစ်ရပါတယ်…။

ကျွန်တော်တို့ရဲ့ “တာလပေါ့” ကမ်ပိန်းလေးက (၁၀)ရက်နေ့မှ စမှာဖြစ်တဲ့အတွက် ကမ်ပိန်းမစခင် ကြားကာလတခုမှာ ကျွန်တော် challenge တစ်ခုခေါ်ချင်ပါတယ်…။

3 Day 3K Follower Challenge ပါ…။

အခုချိန်ကစပြီး သုံးရက် (72hr) အတွင်း page ရဲ့ Follower 3000 (အရင်ရှိပြီးသားမပါ) ပြည့်ခဲ့ရင် Triple -K ကော့ကရိတ်PDF ရဲ့ ရဲဘော်သုံးယောက် ကပြပါမယ်…။

ရဲဘော်လေးတွေကတာ မြင်ချင်ရင် သူငယ်ချင်းတွေကို (လင့်) လေးတွေပို့ပေးပြီး (ပေ့ချ်) ကို ထပ်ဆင့် (ဖော်လို) လုပ်ပေးခိုင်းကြပါ…။

ငွေမကုန်တဲ့အပြင် ကျွန်တော်တို့ တာလပေါ့ပွဲအရေအတွက်များများရဖို့လည်း တဖက်တလှမ်းကအထောက်အကူဖြစ်ပါတယ်….။

#တာလပေါ့

#ကော့ကရိတ်pdf
#ကျွန်တော်တို့တိုက်မယ်_ခင်ဗျားတို့ဝယ်သောက်
ျားဖြူစစ်ကြောင်းတပ်ခွဲ၃

ကော့ကရိတ် PDF၊ Triple-Kတပ်ဖွဲ့အတွက် တာလပေါ့ Campaignပြုလုပ်************************(၂-၈-၂၀၂၃)ရက်နေ့ကော့ကရိတ်ပွင့်လင်းသတင...
02/08/2023

ကော့ကရိတ် PDF၊ Triple-Kတပ်ဖွဲ့အတွက် တာလပေါ့ Campaignပြုလုပ်
************************
(၂-၈-၂၀၂၃)ရက်နေ့
ကော့ကရိတ်ပွင့်လင်းသတင်းစဉ်

Talapot Campaignကို ကျားဖြူစစ်ကြာင်း၊ တပ်ခွဲ (၃) Triple-Kတပ်ဖွဲ့၏ လက်နက်ခဲယမ်းများဖြည့်တင်းရန်အတွက် ငွေကျပ်သိန်း (၅၀၀)Targetထား၍ ယခုလ ဩဂုတ်လ (၁၀)ရက်နေ့တွင် စတင်ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါ Campaignတွင် ကရင်ရိုးရာတာလ‌‌ပေါ့ဟင်းခွက်တစ်ခွက်လျှင် မြန်မာငွေ (၃၀၀၀၀)ကျပ်နှုန်းအပြင် အခြားနိုင်ငံတကာငွေကြေးတို့ဖြင့်လည်း ရောင်းချမည်ဖြစ်ကာ Campaign၏ အထူးအစီအစဉ်အနေဖြင့် "လျှို့ဝှက်လက်ဆောင် (၃)ဦး"နှင့် "ရတနာဆိုတာထက်ပို‌သောရတနာ"အစီအစဉ် (၂)ခုတို့ပါဝင်ကြာင်း သိရှိရသည်။

"တာလေ‌ပေါ့ကမ်ပိန်း"ကို ဦးဆောင်ပြုလုပ်‌နေ‌သူမှ " ကျွန်‌တော်တို့က နိုင်ငံတကာက အဖွဲ့တွေနဲ့ ချိတ်ဆက်ပြီးတော့ တာလ‌ပေါ့ဟင်းရောင်းချသွားမှာပါ။ စုစုပေါင်း သိန်း (၅၀၀) Targetထားထားပါတယ်။ ဝယ်သောက်တဲ့သူ‌တွေအတွက် အထူးအစီစဉ် (၂)ခုထည့်ပြီး‌တော့ အရသာတစ်ခု ပြန်ပေးထားပါတယ်။ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌နဂိုကတည်းကိုက ဒီအတိုင်းလည်း ပြည်သူတွေက လှူနေကြတာပါပဲ။ အခုတော့ လှူတဲ့သူ‌တွေအတွက် ရသလေးတစ်ခု ပြန်ပြီးမတ္တာတုံ့ပြန်ထားတာပါ။"ဟု KO Newsသို့ ဖြေကြားခဲ့သည်။

ဆက်လက်ပြီး Triple-Kတပ်ဖွဲ့မှတာဝန်ရှိသူကို မေးမြန်းခဲ့ရာ "ဒီပစ္စည်းတွက ဒေသခံရွာသူရွာသားတွက လိုလိုလားလားနဲ့ ကိုယ်တိုင်ချွတ်‌‌‌ပေးထားကြတာတွေပါ။ ခေတ်ပျက်ကြီးမှာ ခက်ခဲကြပ်တည်တဲ့ကြားကနေ ပေးကမ်းရဲတဲ့ သတ္တိနဲ့ စေတနာတွေပေါင်းလိုက်ရင် ဒီရတနာတွေဟာ တန်ဖိုးဖျက်လို့မရအောင်ကို အဖိုးတန်တဲ့ "ရတနာထက်ပိုတဲ့ ရတနာ"တွေပါ။ ဒါကြောင့် "တာလပေါ့ကမ်ပိန်း"မှာ ပါဝင်အားဖြည့်ပေးကြမယ့် မိဘပြည်သူ‌တွေအတွက် ဒီရတနာတွေကို မေတ္တာလက်ဆောင်အနေနဲ့ ပြန်လည်မဲဖောက်ပေးသွားမှာပါ။ နောက်ပြီး ကျွန်တော်တို့ကလည်း ပြည်သူ့‌တွေအကြိုက်တွေ့စေမယ့် အရသာရှိတဲ့ ကရင်ရိုးရာတာလပေါ့ဟင်းပွဲတွေ ပွဲသေး၊ ပွဲကြီး ရှယ်ကျုံးရအောင် ကျွန်တော်တို့ကနေ ဘယ်လိုချက်ကျွေးမလဲဆ်ိုတာကို "လျှို့ဝှက်လက်ဆောင်"အစီအစဉ်မှာ အရသာမြည်းစမ်းကြည့်‌ကြ‌စေလိုပါတယ်"ဟု ဖြေကြားခဲ့သည်။

ကျားဖြူစစ်‌ကြောင်း၊ တပ်ခွဲ (၃) Tripal-Kတပ်ဖွဲ့သည် ကော့ကရိတ်မြို့နယ်၊ နယ်မြေခံတပ်ဖွဲ့တစ်ခုဖြစ်ပြီး ယခု Tripal-Kတပ်ဖွဲ့အပြင် အခြားနယ်‌မြေခံတပ်ဖွဲ့များ လိုအပ်လာပါကလည်း ယခု Talapot(တာလ‌ပေါ့) Campaignဖြင့် ရန်ပုံငွေရှာဖွေသွားမည်ဖြစ်ကြာင်း Campaignဦးဆောင်ကျင်းပသူထံမှ ထပ်မံသိရှိရသည်။

စာကြွင်း။ Triple-Kတပ်ဖွဲ့ pageအား first commentတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။





https://m.facebook.com/story.php?story_fbid=112172751965263&id=100095176154392&mibextid=Nif5oz

ရတနာဆိုတာထက် ပိုပါတယ်
**************************

Triple K (ကော့ကရိတ်PDF) ကညီကိုတွေ ရှေ့တန်းကပြန်လာတဲ့အချိန်တွေမှာ နှစ်ရှည်လများ စစ်အုပ်စုရဲ့ ဖိနှိပ်မှုတွေကိုခံစားလာရတဲ့ ဒေသခံတိုင်းရင်းသားပြည်သူတွေက ကြပ်တည်းနေကြတဲ့ဒုက္ခတွေကြားကသူတို့ပိုင်ဆိုင်တဲ့ပစ္စည်းလေးတွေကို လိုရာအသုံးပြုဖို့ ကျွန်တော်တို့ တပ်ဖွဲ့ကို ယုံကြည်စွာ အပ်နှံခဲ့ကြပါတယ်….။

ပထမ ထုခွဲရောင်းချဖို့စီစဉ်ခဲ့ကြပေမဲ့ သေချာလေးတွေးကြည့်တော့ ကျွန်တော်တို့ကို ယုံကြည်စွာအပ်နှံခဲ့တဲ့ ပစ္စည်းတစ်ခုဆီတိုင်းမှာ နှစ်ပေါင်း(၇၀)ကျော်ကိန်းအောင်းလာတဲ့ခံပြင်းမှုတွေ၊ ကျွန်တော်တို့အပေါ်ထားတဲ့ယုံကြည်မှုတွေ၊ ခေတ်ပျက်ကြီးရဲ့ အခက်အခဲ အကြပ်အတည်း ဒုက္ခတွေကြားထဲကနေ ပေးကမ်းရဲတဲ့ သတ္တိနဲ့ စေတနာတွေပေါင်းလိုက်ရင် ဒီရတနာတွေဟာ တန်ဖိုးဖျက်လို့မရအောင်ကို အဖိုးတန်တဲ့ ရတနာထက်ပိုတဲ့ ရတနာတွေပါ….။

ဒါကြောင့်ကျွန်တော်တို့အနေနဲ့ အဖိုးမဖျက်နိုင်တဲ့ရတနာတွေကို ယခု ကျွန်တော်တို့ပြုလုပ်နေတဲ့ “တာလပေါ့” ကမ်ပိန်းမှာ ပါဝင်အားဖြည့်ပေးကြမယ့် မိဘပြည်သူများကို မေတ္တာလက်ဆောင်အနေနဲ့ ပြန်လည်မဲဖောက်ပေးဖို့ စီစဉ်ဆုံးဖြတ်ခဲ့ကြပါတယ်….။

ကျွန်တော်တို့ကမ်ပိန်းလေးမှာပါဝင်ပေးကြပါ….။

ကျွန်တော်တို့ကလဲပြည်သူ့အကြိုက် အရသာရှိတဲ့ ကရင်ရိုးရာ တာလပေါ့ဟင်းပွဲတွေ ပွဲသေး၊ ပွဲကြီး ရှယ်ကျုံး ရအောင် ကျွန်တော်တို့က ချက်ပေးပါ့မယ်….။

ကျွန်တော်တို့ “တာလပေါ့”ကမ်ပိန်းကို ၁၀ ရက်နေမှာစပါမယ်…။

ကမ်ပိန်းမှာ ပါဝင်ပေးကြမယ့် မိဘပြည်သူများအတွက်လဲ ပြည်သူတွေက ကျွန်တော်တို့တပ်ဖွဲ့ကို ပေးကမ်းထားတဲ့ လက်ဝတ်ရတနာပစ္စည်းတွေကို မေတ္တာလက်ဆောင်အနေနဲ့ ပြန်လည်မဲဖောက်ပေးသွားမှာဖြစ်ပြီး ကမ်ပိန်းမစခင်မှာလည်း ရဲဘော်တွေကနေ တာလပေါ့ချက်နည်းတွေ ရိုက်ကူးတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ဒီ page လေးကိုလဲ like နဲ့ follow လေးတွေလုပ်ထားပေးကြပါလို့ မေတ္တာရပ်ခံပါတယ်….။

#တာလပေါ့

#ကော့ကရိတ်pdf
#ကျွန်တော်တို့တိုက်မယ်_ခင်ဗျားတို့ဝယ်သောက်
ျားဖြူစစ်ကြောင်းတပ်ခွဲ၃

26/07/2023

SDB ဘဏ်မှာ ယုံကြည်စွာ အပ်နှံလိုက်ပါ။

Bank Account ဖွင့်ဖို့ ဘာတွေလိုအပ်တာလဲ ?

1. Email
2. User Name
3. Full Name (Nick Name)
4. DOB (DD/MM)
5. Last four digits of NRIC

🛑အကောင့်ဖွင့်ခဲ့သော email & user name ကိုတော့
လုံးဝ မေ့လို့မရပါဘူး။

📥 ဘာ currency တွေနဲ့သုံးလို့ရလဲ ?

အခုလက်ရှိ currency လေးမျိုးရပါတယ်။
နောက်ပိုင်းမှာထပ်တိုးပါမယ်။

1. MMK - Myanmar Kyat 🇲🇲
2. THB - Thai Baht 🇹🇭
3. SGD - Singapore Dollar 🇸🇬
4. USD - US Dollar 🇺🇸

Bank Account ဖွင့်ဖို့ Agent လိုအပ်လား ?

Agent မလိုအပ်ပါဘူး။ ကိုယ့်ဘာသာ SDB register link ကတဆင့် ဖွင့်လို့ရပါတယ်။

📥 မိမိ account ထဲ ငွေဘယ်လိုထည့်ရမလဲ ?

1. Crypto နဲ့ Network ကို Polygon (MATIC) ရွေးပြီး။
သွင်းလို့ရပါမယ်။

2. Relationship Manager RM ကနေ သွင်းရပါမယ်။

📥 မိမိ account ကနေ ငွေဘယ်လိုထုတ်ရမလဲ ?

Relationship Manager RM ကို ဆက်သွယ်စုံစမ်းပါ။
ကိုယ်ဖွင့်လိုက်တဲ့ SDB account မှာ currency အလိုက် RM list တွေရှိပါတယ်။

📥 Currency ပြောင်းလို့ရလား ?

Currency ပြောင်းလို့ ရပါတယ်။ Rate ကလည်း live market rate နဲ့အတော်နီးစပ်ပါတယ်၊။
ပြောင်းခအနေနဲ့ 2% ကျသင့်မှာလည်းဖြစ်ပါတယ်။

📥 Bank ဆိုတော့ အတိုးရမှာလား ?

အတိုးရပါတယ်။ Fixed Deposit အနေနဲ့
အပ်နှံထားတဲ့ လအလိုက်ရပါမယ်။ မပြည့်ခင်ပြန်ထုတ်ရင်တော့ အတိုးတော့မရပါဘူး။

📥 ရွှေဝယ်လို့ရလား ?

Digital Gold အနေနဲ့ဝယ်လို့ရပါတယ်။

👉 စကစ ဘဏ်တွေမှာ ငွေမထားချင်ဘူး ဆိုတဲ့ ပြည်သူတိုင်းအတွက် ဝမ်းမြောက်စရာပါ။

SDB မှာ ယုံကြည်စွာ အပ်နှံလိုက်ပါ။
𝗢𝗽𝗲𝗻 𝗦𝗗𝗕 ၊Bank 𝗔𝗰𝗰𝗼𝘂𝗻𝘁 𝗡𝗢𝗪‼️

အကောက်ဖွင့်ရန် လင့်
https://beta.springdevelopmentbank.com/register

Account ဝင်သုံးရန် လင့်။
https://beta.springdevelopmentbank.com/login

The Spring Development Bank is the official banking partner of the National Unity Government (NUG) of Myanmar.

ကရင်မြေအတွက် Triple-K*************************(12-8-2023)ရက်နေ့ကော့ကရိတ်ပွင့်လင်းသတင်းစဉ်အာဏာရှင်အကြမ်းဖက်စစ်တပ်မှ တိုင်...
12/07/2023

ကရင်မြေအတွက် Triple-K
*************************
(12-8-2023)ရက်နေ့
ကော့ကရိတ်ပွင့်လင်းသတင်းစဉ်

အာဏာရှင်အကြမ်းဖက်စစ်တပ်မှ တိုင်းပြည်အာဏာကို မတရားသိမ်းယူပြီး‌ (၂)နှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)များကို အသီးသီးဖွဲ့စည်းပြီး တွန်းလှန်ခဲ့ကြရာ ကော့ကရိတ်မြို့မှ Triple-K (KawKaReiK- PDF)အဖွဲ့လည်း တစ်ဖွဲ့အပါအဝင်ဖြစ်သည်။

တော်လှန်ရေးသက်တမ်း (၂)နှစ်ကျော်ကာလအတွင်းရောက်မှသာ Traple-Kအဖွဲ့ဖြစ်ပေါ်လာရခြင်းအကြောင်းရင်းကို တာဝန်ရှိသူတစ်ဦးထံ KO Newsမှ ဆက်သွယ်မေးမြန်းကြည့်ရာ "ကျွန်တော်တို့အဖွဲ့က အခုမှစဖွဲ့တာမဟုတ်ပါဘူး ခင်ဗျ။ အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာဆန္ဒပြကြတာကို အင်အားသုံးဖြိုခွဲခဲ့မှုအပေါ် မခံမရပ်နိုင်ကြလို့ လက်နက်ကိုင်တော်လှန်မှရမယ်ဆိုတဲ့အသိနဲ့ ဒီအဖွဲ့ကို (၁၈-၄-၂၀၂၁)ရက်နေ့ကတည်းက စုဖွဲ့သင်တန်းပေးပြီး ဖွဲ့စည်းထားခဲ့တာပါ။ ဒါပေမယ့် အချိန်မတန်သေးတဲ့အတွက် ကျွန်တော်တို့ Triple-Kအဖွဲ့က "ကြောင်လက်သည်းဝှက်"ဆိုတဲ့စကားအတိုင်း စိတ်ရှည်သည်းခံပြီး အဖက်ဖက်ကနေ လိုအပ်တာတွေကို ပြင်ဆင်နေခဲ့တာပဲဖြစ်ပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့ ကော့ကရိတ်မြို့အတွက်ရော၊ ကရင်မြေအတွက်ရော တိုက်ပွဲဝင်ဖို့အတွက် Triple-Kအဖွဲ့ရှိနေပြီးဆိုတာကို ပြည်သူလူထုသိအောင်ချပြသင့်ပြီးထင်လို့ ချပြလိုက်တာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲဘော်တွေက ယခင့်ယခင်တိုက်ပွဲတွေမှာလည်း အခြားအဖွဲ့တွေနဲ့ ပူးပေါင်းပါဝင်တာရော၊ ကိုယ့်တစ်ဖွဲ့တည်းလှုပ်ရှားတာတွေရောရှိခဲ့ပါတယ်။ အဖွဲ့နာမည်ကို မဖော်သေးတာပဲရှိတာပါ။"ဟု ပြောကြားခဲ့ပါသည်။

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ ပထမဆုံးအခြေခံစစ်သင်တန်းကို ကော့ကရိတ်မြို့နယ်အတွင်းမှ လူထုလူတန်းစားအလွှာပေါင်းစုံမှလူများဖြင့် (၁၈.၄.၂၀၂၁)မှရက်‌နေ့မှစတင်ခဲ့ကာ သင်တန်းပို့ချခဲ့ပြီး သင်တန်းပြီးစီးသွားသည့်အချိန်တွင် ကော့ကရိတ်မြို့ထဲ Mission‌များကိုလည်း လှုပ်ရှားခဲ့ကြကာ ယနေ့အချိန်ထိ သိုသိုသိပ်သိပ်နေနိုင်ခဲ့ခြင်းသည် Triple-K ၏ထူးခြားချက်တစ်ခုဖြစ်သည်ဟုလည်း ၎င်း Kawkareik Pdf(Triple-K)အဖွဲ့၏ တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့ပါသည်။

စာကြွင်း။ Triple-K Page Linkအား First Commentတွင် ဖော်ပြပေးထားပါသည်။

-K

09/07/2023

ဉာဏ်ပညာကြီးမားခြင်းဆိုတဲ့
ကျယ်ပြန့်တင့်တယ်တဲ့နဖူးရှိတယ်

လေးနက်တည်ကြည်ခြင်းဆိုတဲ့
ထူထဲ‌ဖြောင့်တန်းတဲ့မျက်ခုံးရှိတယ်

ရိုးသားဖြူစင်ခြင်းဆိုတဲ့
ဝိုင်းစက်ကြည်လင်တဲ့မျက်လုံးရှိတယ်

ဖြောင့်မတ်မှန်ကန်ခြင်းဆိုတဲ့
သွယ်တန်းဖြောင့်စင်းတဲ့နှာတံရှိတယ်

တိကျသေချာခြင်းဆိုတဲ့
သေသပ်တိပတဲ့နှုတ်ခမ်းရှိတယ်

ခိုင်မာပြတ်သားခြင်းဆိုတဲ့
ထင်ပေါ်အားကောင်းတဲ့မေးရိုးရှိတယ်

ကရုဏာတရားပြည့်ဝခြင်းဆိုတဲ့
အေးချမ်းနှစ်လိုဖွယ်အပြုံးရှိတယ်

ဒီလိုဝိသေသလက္ခဏာတွေနဲ့ပြီးပြည့်စုံတဲ့မျက်နှာသွင်ပြင်ပိုင်ရှင်ဟာ
မြန်မာနိုင်ငံမှာတစ်‌ယောက်ပဲရှိတယ်
ခပ်သိမ်း

Address

Kawkareik
13061

Website

Alerts

Be the first to know and let us send you an email when KO News-ကော့ကရိတ်ပွင့်လင်းသတင်းစဥ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to KO News-ကော့ကရိတ်ပွင့်လင်းသတင်းစဥ်:

Share


Other Kawkareik media companies

Show All